နာမတော်ကို ဖော်ပြပါ
အသင်းတော်တစ်ပါးသည် သူတို့၏အစည်းအဝေး၌ မိန့်ခွန်းပြောပေးမည့်သူတစ်ဦးကို ဖိတ်ခေါ်ခဲ့သည်။ ထိုမိန့်ခွန်းပြောမည်သူကို အသင်းတော်ခေါင်းဆောင်မှ ‘‘ဘုရားသခင် အကြောင်းပဲ ပြောပါ။ ယေရှုအကြောင်းကိုတော့ မပြောပါနဲ့’’ ဟု ဆိုသည်။
မိန့်ခွန်းပြောမည့်သူက စိတ်ပျက် အံ့အားသင့်လျက် ‘‘ဘာဖြစ်လို့လဲ’’ ဟု မေးရာ အသင်းတော်ခေါင်းဆောင်က ‘‘ ကျွန်တော်တို့ရဲ့ အရေးပါတဲ့ အဖွဲ့ဝင်အချို့က ယေရှုခရစ်နဲ့ပတ်သက်ရင် သိပ်အဆင် မပြေဘူး။ ဒါကြောင့် ဘုရားသခင်လို့ပဲ သုံးပါ။ ဒါ ကျွန်တော်တို့
အတွက် အဆင်ပြေလိမ့်မယ်’’ ဟုရှင်းပြသည်။
မိန့်ခွန်းပြောမည့်သူသည် ထိုသို့ညွှန်ကြားခံရခြင်း ကြောင့် သူ့အတွက်ပြဿနာမှာ ‘‘ယေရှုခရစ်တော်အကြောင်း မပါရင် ကျုပ်မှာ ပြောစရာဟောစရာ သတင်းစကားမရှိပါ’’ ဟု နောက်ပိုင်းတွင်မှ သူပြောခဲ့သည်။
ကနဦး အသင်းတော်ခေတ်က ယေရှု၏ နောက်တော်လိုက်များသည်လည်း ထိုကဲ့သို့ပင် တောင်းဆိုခံရသည်။ တပည့်တော်
များအား ယေရှုနာမကို အမှီပြု၍ အဘယ်သူကိုမျှ မဟောမပြောစေခြင်းငှာ ကျပ်တည်းစွာ…
ကျွန်ုပ်လက်များကို လေ့ကျင့်ပေးသူ
ယခင် NBA အားကစားသမား ဒေးဗစ် ၀ုဒ် သည် Taugres de Baskonia အသင်းအတွက် ကစားသည့် စပိန်ဘတ်စကတ်ဘော နောက်ဆုံးဗိုလ်လုပွဲတွင် ကျွန်တော်သူနှင့်အတူ ရှိခဲ့သည်။ ပွဲတစ်ပွဲမစမီတွင် သူက ‘‘ငါ၏ကျောက်တည်းဟူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ငါ့လက်သည် စစ်တိုက်၍၊ လက်ချောင်းတို့လည်း စစ်မှုကို လေ့ကျက်မည်အကြောင်း သွန်သင်တော်မူ၏’’ ဟူသည့် ဆာ ၁၄၄း၁ ကို ဖတ်ပြီး ကျွန်ုပ်ဘက်သို့လှည့်ကာ ‘‘တွေ့လား၊ ဒီကျမ်းပိုဒ်ကို ဘုရားက ကျုပ်အတွက် ရေးထားသလိုပဲ။ ကျုပ်လက်တွေကို ဘောလုံးဖမ်းဖို့ ဘောလုံးပစ်ဖို့ လေ့ကျင့် ပေးတယ်’’ ဟု ပြောသည်။ ဘတ်စကတ်ဘောကစားရန် ဘုရားသခင် သူ့အား စေစားသည်ဟု ဒေးဗစ် ခံစားရပြီး ဘုရားသခင်သည် ကျွန်ုပ်တို့ကို အရှိအတိုင်း လက်ခံလျက် ခေါ်ယူစေစားခြင်းအတွက် လုပ်ဆောင်ရမည့်အရာများကို လုပ်ဆောင်နိုင်အောင် မစမူကြောင်း သင်ခန်းစာရသည်။
ကျွန်ုပ်တို့သည်…
ဒေါသပါသော ဆုတောင်းခြင်း
ဆောင်းတစ်နေ့၌ ကျွန်မကို အိမ်ပြတင်းပေါက်မှလှမ်းကြည့်နေသည့် အိမ်နီးချင်းများ နားမလည်နိုင်ဖြစ်နေလိမ့်မည်။ ကားလမ်းပေါ်ရပ်ကာ ဂေါ်ပြားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် လမ်းထောင့်ရေမြောင်းအောက်ခြေ၌ ခဲနေသော ရေခဲများကို ကျွန်မ ဒေါသတကြီး ခွပ်ကနဲ ရိုက်ခွဲလျက်ရှိသည်။ ရိုက်ချက်တိုင်း၌ ‘ဒီအလုပ်ကို မလုပ်နိုင် ပါဘူး’’၊ ‘‘ ကျွန်မကို ဒါတွေ လုပ်ဖို့ ကိုယ်တော် မမျှော်လင့်နဲ့’’၊ ‘‘ကျွန်မ ဒါကို လုပ်ဖို့ အားမရှိဘူး’’ စသည်ဖြင့် ကျွန်မမြည်တွန်ရေရွတ် ခဲ့သည်။ သူတစ်ပါးအား ကရုဏာပြ အားပေးနှစ်သိမ့်သူ အနေဖြင့် လုပ်ဆောင်စရာ ကိစ္စရပ်များပြားလှသည့် ကြားထဲ ဤရေခဲရှင်းရသည့်ကိစ္စကလည်း တော်လောက်ပါပြီ။
‘‘ငါက ဒီထက်ပိုကောင်းတဲ့ အလုပ်နဲ့တန်တာလေ’၊ ကိုယ်တော်က မတော်နိုင်ဘူးနော်၊ ကျွန်မကိုချည်း ခိုင်းနေ
တာ’’ ‘‘ဘယ်သူကမှဖြင့် ဒါကို ဂရုမစိုက်ကြဘူး’’ စသည့် မုသာစကားများ တွေးလျက် ကျွန်မ ဒေါသထွက်နေခြင်းပါ။ သို့ရာတွင် ဒေါသစိတ်၌တွယ်နေရန်…
သ၀န်တိုတတ်သော ဘုရား
၂၀၁၄ ခုနှစ်၌ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီတစ်ဦးက ခွေးအရုပ်ကို အသုံးပြုပြီး တိရိစ္ဆာန်များ၌ သ၀န်တိုတတ်သောစိတ်ရှိကြောင်း ပြသခဲ့သည်။ ပါမောက္ခ ခရစ္စတင်း ဟားရစ်သည် ခွေးပိုင်ရှင်များအား မိမိတို့၏အိမ်မွေးခွေးများရှေ့တွင် အရုပ် ခွေးကို ချစ်ပြရန် တောင်းဆိုခဲ့သည်။ ခွေး လေးပုံသုံးပုံမှာ သိသိသာသာ သ၀န်တိုကြောင်း
တွေ့ရှိခဲ့သည်။ ခွေးအချို့မှာ ၎င်းတို့ကို ဂရုစိုက်ရန် သခင်အား ဖြည်းညှင်းစွာ ထိတို့တွန်းခဲ့သည်။ အချို့မှာ သခင်နှင့်အရုပ်အကြား အတင်းတိုးဝင်သည်။ အချို့မှာ ပြိုင်ဘက် အရုပ်ခွေးကိုပင် ကိုက်ဟပ်ကြသည်။
ခွေးက ပိုင်ရှင်အား ချစ်ခင်သ၀န်တိုခြင်းသည် ကြည်နူး
စရာဖြစ်သည်။ လူတို့တွင်ကား မနာလိုစိတ်သည် နှစ်လိုဖွယ်၊ အလေးထားဖွယ် ရလဒ်များကို လျော့ကျစေသည်။ သို့ရာတွင် မောရှေနှင့်ရှင်ပေါလုက သတိပေးထားသည့်အတိုင်း ဘုရား သခင်၏စိတ်တော်ကို လှပစွာ ထင်ဟပ်ဖော်ကျူးသည့် အခြားသော သ၀န်တိုမှုတစ်ခုလည်း ရှိသည်။
ကောရိနသုအသင်းတော်သို့ ရှင်ပေါလု…
နေ့စဉ် ငြီးငွေ့ဖွယ်အလုပ်
ကျွန်တော်တက်ခဲ့သော အထက်တန်းကျောင်းတွင် လက်တင်ဘာသာကို ၄ နှစ် သင်ယူ ခဲ့ရသည်။ ယခုအချိန်တွင် ထိုဘာသာရပ်၏တန်ဖိုးကို သဘောပေါက်နားလည်ခဲ့ပြီ ဖြစ်သော်လည်း ထိုစဉ်ကမူ အလွန်ငြီးငွေ့ခဲ့သည်။
ဆရာမက လေ့ကျင့်ခန်းနှင့် ထပ်တလဲလဲ ပြုလုပ်ခြင်းသည် ကောင်းသည်ဟု ယုံကြည်သည်။ ‘‘ထပ်ခါတလဲလဲပြုခြင်းသည် တတ်မြောက် သင်ယူခြင်း၏မိခင် ဖြစ်သည်’’ ဟူသော လက်တင်ဝါကျကို တစ်နေ့လျှင် အကြိမ်များစွာ တည်ငြိမ်ဖြည်းလေးစွာ ပြောလေ့ ရှိသည်။ ကျွန်တော်တို့ကလည်း ‘‘ထပ်တလဲလဲပြုခြင်းသည် အဓိပ္ပာယ်မရှိသောအရာ’’ ဟု တီးတိုးရေရွတ်ကြသည်။
ယခုတွင် ဘ၀အစိတ်အပိုင်း အများစုသည် ကျွန်ုပ်တို့
ကြိမ်ဖန်များစွာ ပြုလုပ်သော၊ ပျင်းရိဖွယ်၊ ထိုင်းမှိုင်း စိတ်ဓာတ်
ကျဖွယ်ကောင်းသော ထပ်တလဲလဲပြုသည့် အရာများ ဖြစ်ကြောင်း ကျွန်ုပ် နားလည်သဘောပေါက်ခဲ့ပြီ။ ဒိန်းမတ်
အတွေးအခေါ်ပညာရှင် Soren Kier kegaard က ‘‘ထပ်
တလဲလဲပြုခြင်းသည် ပေါင်မုန့်ကဲ့သို့ပင် သာမန်အရာဖြစ်သကဲ့သို့…
ပညာရှိတို့၏စကား
မကြာမီက ကျွန်ုပ်တူမ၏ခင်ပွန်းသည်က လူမှုမီဒီယာမှတစ်ဆင့် အောက်ပါ စာသား များကို ရေးသားခဲ့သည်။ ‘‘ကျွန်ုပ်ကို တားမြစ်သော အသံငယ်လေးကြောင့်သာ မဟုတ်ခဲ့လျှင် အွန်လိုင်းပေါ်၌ ကျွန်ုပ် စကားများစွာကို ပြောမိခဲ့လိမ့်မည်။ ယေရှု၏ နောက်တော်လိုက်တစ်ဦးအနေဖြင့် ဤအသံလေးကို သန့်ရှင်းသော ၀ိညာဉ်တော်၏ အသံဟု သင် ထင်ကောင်း ထင်မည်။ ထိုသို့ မဟုတ်ပါ။ ကျွန်ုပ်၏ ဇနီးသည် ဟဲဒီ (Heidi)၏အသံပင် ဖြစ်ပါသည်’’။
အပြုံးနှင့်အတူ လေးနက်သော အတွေးကို ကျွန်မ တွေးဖြစ်သည်။ ကျွန်ုပ်တို့၏ ကောင်းကျိုးအတွက် ကောင်းမွန်စွာ စီရင်ဝေဖန်တတ်သော မိတ်ဆွေကောင်းတို့၏ သတိပေးချက်သည် ဘုရားသခင်၏ ဉာဏ်ပညာတော်ကို ထင်ဟပ်စေပါသည်။ ဒေသနာကျမ်း ၉ ၌ ဆိုထားသည်မှာ ‘‘... ငြိမ်ဝပ်ရာ၌ ပညာရှိပြောသောစကားကို သာ၍ နားထောင်တတ်ကြ၏’’ (း၁၇)။
ကျမ်းစာတော်မြတ်က ကျွန်ုပ်တို့အား ကိုယ်ဉာဏ်ကို အမှီပြု၍ ၀ါကြွားခြင်း…
ရေနှင့်အသက်
ဒေ့ဗ် မူးလာ ရေပိုက်ခေါင်းကို ဖွင့်လိုက်သောအခါ အပြာရောင် ရေပုံးထဲသို့ ရေများ ဒလဟော စီးကျလာခဲ့သည်။ သူ့ဘေးပတ်လည်ရှိ လူများက ၀ိုင်း၍ လက်ခုပ်ဩဘာပေး
ကြသည်။ သူတို့၏ရပ်ကွက်ဝန်းကျင်၌ သန့်ရှင်းကြည်လင်သောရေကို ပထမဆုံး အကြိမ်
ရရှိခြင်းကြောင့် သူတို့ဂုဏ်ယူဝမ်းမြောက်ခဲ့ကြသည်။ သန့်ရှင်းသောရေ အရင်းအမြစ်ကို ရရှိခြင်းသည် ကင်ညာနိုင်ငံရှိ ဤလူထုကြီး၏ဘ၀များကို ပြောင်းလဲစေတော့မည်ဖြစ်သည်။
ဒေ့ဗ် နှင့် သူ၏ဇနီး ဂျွိုင်းတို့သည် လူတို့ လိုအပ်သော ရေရရှိရန် ကြိုးပမ်းအားထုတ်ကြသည်။ သို့သော် ရေရရှိရုံဖြင့် မပြီး၊ ရေသန့်ရရှိရန် ကူညီသည်သာမက ယေရှုခရစ်တော်၏ အကြောင်းကိုလည်း သူတို့ ဝေငှခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က ယေရှု အမည်ရှိသူတစ်ဦးသည် ရှမာရိရေတွင်း၌ ခန္ဓာအတွက် သောက်သုံးရေသန့် လာရောက်ခပ်ယူသော အမျိုးသမီး တစ်ဦးနှင့် စကားပြောခဲ့သည်။ သို့သော် ဤရေကို လိုအပ်သည်ထက် သူမ၏၀ိညာဉ်ကျန်းမာခြင်းအတွက်…
ပြုပြင်မလား၊ အစားထိုးမလား
ကျွန်ုပ်၏အိမ်ပြတင်းပေါက် တံစက်မြိတ်ကို ပြင်ရန် အချိန်တန်ပြီ။ ထို့ကြောင့် သစ်သားကို ခြစ်ထုတ်၊ ကော်ပတ်စားပြီး သစ်အစားထိုးပစ္စည်းဖြင့် ဖြည့်လိုက်ပြီးနောက် ဆေးသုတ်ရန် အသင့်ဖြစ်ပြီ။ ဈေးကြီးသည့် အိမ်သုတ်ဆေးအကောင်းစားဖြင့် ဆေးသုတ်ပြီးနောက် ကျွန်ုပ်ကြိုးစားပမ်းစားလုပ်ဆောင်လေသမျှ တံစက်မြိတ်က အတော်ကြည့်ကောင်းပြီး လှပသော်လည်း အသစ်ပုံ မပေါ်ပါ။ အသစ်ပုံပေါ်အောင် တစ်ခုတည်းသော နည်းလမ်းမှာ ၎င်းကို လဲပစ်ပြီး အသစ်နှင့် အစားထိုးရန်ပင် ဖြစ်သည်။
ရာသီဥတုဒဏ်ကြောင့် ပျက်စီးနေသည့် တံစက်မြိတ်
က ကျွန်ုပ်အမြင်၌ ကြည့်ကောင်းသည်။ အဆင်ပြေသည်။ သို့သော် အပြစ်ကြောင့် ပျက်စီးနေသော စိတ်နှလုံးနှင့် စပ်လျဉ်း၍ ပြုပြင်လိုက်ရုံနှင့် မလုံလောက်ပါ။ ဘုရားသခင်၏ အမြင်ဖြင့် ကြည့်လျှင် အားလုံးအသစ် ဖြစ်စေရမည်(၂ ကော ၅း၁၇)။
၎င်းသည် သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ရရှိသည့် ကယ်တင်ခြင်း အလှပင် ဖြစ်သည်။ ကျွန်ုပ်တို့အပြစ်အတွက် ကိုယ်တော်သည် ယဇ်ကောင်အဖြစ်…
ဘ၀မုန်တိုင်းများ
ရှင်မာကု ခရစ်ဝင်ကျမ်း၌ ပြင်းထန်သော မုန်တိုင်းအကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရသည်။ တပည့်တော်များသည် သခင်ယေရှုနှင့်အတူ ဂါလိလဲအိုင်ကို ဖြတ်ကူးနေကြသည်။ ‘‘ပြင်းထန်သော မိုးသက်မုန်တိုင်း’’ ကျသောအခါ ၀ါရင့်တံငါသည်များလည်း ပါဝင်သည့် တပည့်တော်များမှာ ၎င်းတို့ အသက်ဘေးကို စိုးရိမ်လျက် ကြောက်လန့်ကြသည် (မာ ၄း၃၇-၃၈)။ ဘုရားသခင် ဂရုမစိုက်ဘူးလား။ သခင်ယေရှုက ၎င်းတို့ကို လက်တော်နှင့် သူ့အနီးအပါးသို့ ဆွဲမခေါ်ဘူးလား။ “ကမ်းတစ်ဖက်သို့ ကူးကြကုန်အံ့’’ဟု မိန့်ကြားသည့် သခင့်စကားကို ၎င်းတို့နာခံခဲ့သည် မဟုတ်ပါလား။ သို့ဆိုလျှင်
အဘယ်ကြောင့် ဤသို့ပြင်းထန်ကြမ်းတမ်းသောအချိန်ကို ရင်ဆိုင် ဖြတ်သန်းနေရပါသနည်း။
ဘ၀မုန်တိုင်းဒဏ်မှ မည်သူမျှ မလွတ်မြောက်နိုင်ပါ။ သို့သော် အစပိုင်း၌ တပည့်တော်တို့သည် မုန်တိုင်းကို ကြောက်ရွံ့သော်လည်း နောက်ပိုင်းတွင် ခရစ်တော်ကို တိုး၍ ကြည်ညိုလာသကဲ့သို့ ကျွန်ုပ်တို့ကြုံရသော ဘ၀မုန်တိုင်း များက ဘုရားသခင်ကို တိုး၍ နက်နဲစွာ သိကျွမ်းစေနိုင် ပါသည်။…
ခြံစည်းရိုးကို မထိနဲ့
ကျွန်မငယ်စဉ်က လယ်တောအနီးအနားတွင် နေထိုင်သည့် ဘွားဘွားကြီးအိမ်သို့ မိဘ များနှင့် သွားလည်ခဲ့သည်။ အဘွား၏ခြံစည်းရိုးကို လျှပ်စစ်စည်းရိုးဖြင့် ကာရံထားသည်။ သူ့ခြံထဲ နွားများ မ၀င်အောင် ကာကွယ်ထားခြင်းဖြစ်သည်။ မိဘများအား အပြင်ထွက် ကစား၍ ရမလားဟု ခွင့်တောင်းရာ မိဘက ခွင့်ပြုပါသည်။ သို့သော် ‘‘ခြံစည်းရိုးကိုတော့ သွားမထိနဲ့၊ ဓာတ်လိုက်မယ်’’ ဟု မှာလိုက်သည်။
သို့သော် မိဘ၏ သတိပေးမှုကို လျစ်လျူရှုပြီး လျှပ်စစ်သံဆူးကြိုးခက်ကို ကိုင်မိသဖြင့် နွားတစ်ကောင် လန့်သွားရုံ ဗို့အားရှိသည့် ဓာတ်လိုက်သည့်ဒဏ်ကို ခံလိုက် ရသည်။ မိဘများက ကျွန်မကို ချစ်သောကြောင့် မထိခိုက်စေ ချင်သောကြောင့် သတိပေးခြင်းဖြစ်ကြောင်း ကျွန်မသိလိုက် သည်။
ယေရုရှလင်မြို့ရှိ ဣသရေလလူမျိုးတို့သည် ရုပ်တုများ သွန်းလုပ်ကိုးကွယ်နေခြင်းကို ဘုရားသခင် တွေ့ သောအခါ ‘‘ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် မိမိလူမျိုးနှင့် မိမိနေတော်မူရာအရပ်ကို သနားသောကြောင့်…