အောင်ပွဲခံကြပါစို့
၂၀၁၄ ကမ္ဘာ့ဖလားတွင် ဂါနာ အသင်းမှ အာဆာမိုဂျန် က ဂျာမနီအသင်းကို ဂိုးသွင်းယူ ပြီးနောက် သူနှင်သူ့၏အသင်းဖော်များက ပုံစံတူ အကကပြီး အောင်ပွဲခံကြသည်။ ဂျာမနီအသင်းမှ မီရိုစလပ် ကလိုဆေးက မိနစ်အနည်းငယ်အတွင်း ချေပဂိုးပြန်သွင်းယူပြီး ဂျွမ်းထိုးအောင်ပွဲခဲ့သည်။ ၂၀၀၂ ကမ္ဘာဖလားပြိုင်ပွဲတွင် အမေရိကန်အသင်းအတွက် ဂိုးသွင်းယူခဲ့ပေးသော Clint Mathis က ‘‘ဂိုးသွင်းပြီး အောင်ပွဲခံခြင်းက အင်မတန် ဆွဲဆောင်မှုရှိတယ်။ ကစားသမား
တစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေး၊ တန်ဖိုးနှင့် စိတ်ဆန္ဒ ပြင်းပြမှုကို ဖော်ပြနေလို့ပေါ့’’ ဟု ပြောခဲ့သည်။
ဆာလံ ၁၅၀ တွင် ဆာလံဆရာက ‘‘အသက်ရှိသောသူ အပေါင်းတို့’’ အား ထာဝရဘုရားကို ချီးမွမ်းကြရန် ဖိတ်ခေါ် သည်။ တံပိုးမှုတ်လျက်၊ စောင်း၊ ကြိုးတပ်တူရိယာ၊ နှဲခရာ၊ ကခုန်ခြင်းဖြင့် ချီးမွမ်းရန် အကြံပြုသည်။ ချစ်မြတ်နိုးမှုနှင့် ဖန်တီးတီထွင်လျက် ချီးမြှောက်ရန်၊ ကိုးကွယ်ရန်…
အကောင်းဆုံး ဖြစ်နိုင်သောနည်း
တစ်နှစ်တာအတွင်း လိုလေသေးမရှိ ပြည့်စုံအောင်လုပ်ရန် ဟူသည့် စိတ်ဖိစီးမှုကို အခံစားရဆုံးအချိန်မှာ ခရစ်စမတ်ကာလဖြစ်သည်။ ခရစ်စမတ်ပွဲတော် ဆင်နွှဲရန် အကောင်းဆုံး စီစဉ်ပြင်ဆင်ကြသည်။ လက်ဆောင်ပစ္စည်းများဝယ်သည်။ အကောင်းဆုံး
ခရစ်စမတ် ဟင်းလျာများကို ပြင်ဆင်ကြသည်။ အကောင်းဆုံး ပို့စကတ်နှင့် စာများကို မိသားစုထံ ပို့ပေးကြသည်။ သို့သော် ကြိုးစားလေသမျှ အကောင်းဆုံးဖြစ် ခြင်းထက် စိတ်ပျက် အားလျှော့စရာများစွာ ကြုံရသည်။ အသေအချာ ရွေးချယ်ပို့လိုက်သောကတ် အတွက် အပေါ်ယံကျေးဇူးတင်တုံ့ပြန်ကြသည်။ ဟင်းအချို့ က အကျက်လွန်သွားသည်။ ကတ်များပို့လိုက်ပြီးမှ သတ်ပုံ အမှားကိုတွေ့သည်။ ကလေးများကလည်း အရုပ်လုရင်း ရန်ဖြစ်သည်။ လူငယ်နှင့် လူကြီး ငြင်းခုံကြသည်။
စိတ်အားလျော့မည့်အစား စိတ်ပျက်စရာများက ကျွန်ုပ်တို့ကို ခရစ်စမတ်၏အရေးကြီးပုံကို သတိပေး အမှတ်ရ စေသင့်သည်။ ကျွန်ုပ်တို့ ခရစ်စမတ်ကို လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် မိမိဖြစ်ချင်သည့် ပုံစံအတိုင်း ကျွန်ုပ်တို့ တစ်ယောက်မှမဖြစ်နိုင်၊ တစ်လ…
ဘုရားသခင်အား ဆာငတ်တောင့်တခြင်း
A-poe-la-pi ဆိုသူ Akha တောင်ပေါ် လူမျိုးနွယ်စု၏ အကြီးအကဲသည် တရုတ်ပြည် ယူနန် ပြည်နယ် တောင်တန်းဒေသတွင် နေထိုင်သည်။ မကြာသေးမီက ဧ၀ံဂေလိ ခရီးစဉ်တွင် သူ့ထံသို့ ကျွန်ုပ်တို့သွားရောက်ခဲ့ရာ သူက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အပတ်စဉ် ပြုလုပ်သော ကျမ်းစာလေ့လာခြင်းအစီအစဉ်ကို မသွားရောက်နိုင်ခဲ့ကြောင်း ပြောပြသည်။ ထိုကြောင့် ကျွန်ုပ်အား ‘‘ဘုရားနှုတ်ကပတ်တော်ကို ပြောပြ ဝေငှပေးပါလား’’ ဟု တောင်းပန်သည်။
A-poe-la-piသည် စာမတတ်ခြင်းကြောင့် အပတ်စဉ် ကျမ်းစာလေ့လာခြင်းသည် သူအတွက် အလွန်အရေးပါသည်။ သူ့ကို ကျမ်းစာဖတ်ပြသောအခါ အာရုံစူးစိုက်ပြီး နားထောင်
သည်။ သူ၏စိတ်အားထက်သန်မှုက ဘုရားသခင် မှုတ်သွင်း ထားသော နှုတ်ကပတ်တော်ကို သေချာစွာ နားထောင်သော အခါ ဘုရားကို ချီးမြှောက်ခြင်းဖြစ် ကြောင်း သတိရစေပါသည်။
တရားဟောရာကျမ်း ၄း၁ တွင် မောရှေက ဣသရေလ
လူမျိုးများအား သူတို့ကျင့်စရာဖို့…
လေထီးခုန်သောခွေးများ
ဒုတိယကမ္ဘာစစ်က လေထီးခုန်သော ခွေးများအကြောင်းသည် ကျွန်တော့်အတွက် အံ့အားသင့်စရာပါ။ တိုက်ပွဲစမည့် D-Day (၁၉၄၄ ခုနှစ် ဇွန် ၆ ရက်) အတွက် ပြင်ဆင်စဉ် မဟာမိတ်စစ်တပ်များသည် မိုင်းများကို အနံ့ခံရှာဖွေပေးရန်၊ အန္တရာယ်နှင့် လွတ်အောင် သတိပေးမည့် အာရုံခံကောင်းသော ခွေးများလိုအပ်သည်။ ထိုခွေးများကို
အခြေစိုက်တပ်သို့ ခေါ်ဆောင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ လေထီးဖြင့် ဆောင်ယူရန်ဖြစ်သည်။ သို့သော် ခွေးများကို လေထီးဖြင့် ခုန်ချခိုင်းရမည့်ကိစ္စတွင် ခွေးများ၏ပင်ကိုယ်သိစိတ်၌ အလိုလို ကြောက်ရွံ့နေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ခွေးများသာ ကြောက်နေသည် မဟုတ်ပါ။ တာဝန်ရှိသူများကလည်း စိုးရိမ်နေကြသည်။ ရက်သတ္တပတ် အတော်အတန်ကြာ လေ့ကျင့်ပေးပြီးနောက် ခွေးများသည် သူတို့သခင် အမိန့်ပေးလိုက်သည်နှင့် ခုန်ချရဲလောက်အောင် သူတို့၏ သခင်အပေါ် ယုံကြည်ခဲ့ကြသည်။
မိမိဘာသာ အလိုလို မလုပ်နိုင်သော၊ မိမိအားကြောက်လန့်စေသော စိန်ခေါ်မှု များကို လုပ်ဆောင်နိုင်သည်အထိ…
ယင်ကောင်ပစ်သကဲ့သို့
၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် သတ္တုတွင်းပေါက်ကွဲမှုဖြစ်ပြီး ချီလီလူမျိုး မိုင်းတွင်း လုပ်သား ၃၃ ဦး မြေအောက်၌ ပိတ်မိနေခဲ့သည်။ ၎င်းတို့ကို ကယ်ဆယ်ရန် ၎င်းတို့ ပိတ်မိ နေသောနေရာကို ရှာဖွေဖော်ထုတ်ရာ၌ တစ်မူထူးသော မကာရီနာ ဗယ်ဒီ၏ စွမ်းရည်က
များစွာထိရောက်သည်။ လုပ်သားများပိတ်မိသော နေရာ အတိအကျသို့ မြေတူးနိုင်ရန်မှာ
‘‘မီတာ ၇၀၀ အကွာမှာရှိတဲ့ ယင်ကောင်ကို ပစ်ဖို့ ကြိုးစား နေသလိုပါပဲ’’ ဟု သူက ဆိုသည်။ သူ၏သတ္တုတွင်းဆိုင်ရာ ပညာအတွေ့အကြုံများဖြင့် လုပ်သားများ ပိတ်မိနေသော နေရာသို့ ကယ်ဆယ်ရေးယာဉ်ကို လမ်းညွှန်နိုင်ခဲ့ပြီး မိုင်းလုပ်သားများကို ရုပ်ရှင်ဆန်ဆန် ကယ်တင်နိုင်ခဲ့သည်။
ဝိညာဉ်ရေးရာ ကယ်တင်ရေးအတွက် ကြိုးစား ထမ်းဆောင်ရာ၌လည်း စိတ်ပျက်အားလျော့သွားရန် အလွန် လွယ်ကူသည်။ တမန်တော်ရှင်ပေါလုက ပို၍ ကြီးမားသော အခက်ခဲတားဆီးမှုများ ကြုံရသောအခါ ‘‘ငါတို့သည် ……
အပြစ်ဒဏ်လက်မှတ်
အမျိုးသမီးတစ်ဦးတည်း သူ့သမီးလေးကို ကားအတွင်း၌ ကလေးထိုင်ခုံမရှိဘဲ ရိုးရိုး
စီးနင်းလိုက်ပါစေခြင်းကြောင့် ရဲအရာရှိမှ သူ့ကို တားဆီးစစ်ဆေးခဲ့သည်။ သူမကို ယာဉ်စည်းကမ်းချိုးဖောက်မှုဖြင့် အပြစ်ဒဏ်လက်မှတ် ဖြတ်နိုင်သော်လည်း ထိုသို့ မလုပ်ဘဲ၊ အနီးရှိ စတိုးဆိုင်၌ သူ့ကိုလာတွေ့ရန် ပြောလိုက်သည်။ စင်စစ် ထိုမိခင်မှာ ငွေကြေး အခက်အခဲရှိသောကြောင့် ထိုင်ခုံ မ၀ယ်နိုင်ခဲ့ပါ။ ထို့ကြောင့် ရဲအရာရှိက ငွေစိုက်ထုတ်ပြီး လိုအပ်သော ကလေးထိုင်ခုံကို ၀ယ်ပေးရန်ဖြစ်သည်။
ယာဉ်စည်းကမ်းချိုးဖောက်မှုအတွက် ဒဏ်ငွေတပ်ခံ သင့်သော်လည်း ဒဏ်ငွေအစား လက်ဆောင်ရသွားသည်။ ခရစ်တော်ကို သိကျွမ်းသူတို့လည်း အလားတူ အတွေ့အကြုံ မျိုးကို ခံစားကြရသည်။ ဘုရားသခင်၏ ဥပဒေသ ပညတ် များကို ချိုးဖောက်လွန်ကျူးခြင်းအတွက် ကျွန်ုပ်တို့အားလုံး အပြစ်ဒဏ်ခံရရန်ရှိသည် (ဒေ ၇း၂၀)။ သို့သော် သခင် ယေရှုကြောင့် ဘုရားသခင်၏မထိုက်တန်သည့် မျက်နှာသာ ပေးမှုကို ခံစားရသည်။ ဤမျက်နှာသာပေးမှုကြောင့် သေခြင်း၊…
အကောင်းဆုံး လက်ဆောင်
ကမ္ဘာတစ်ဝန်း၌ လူမျိုးအသီးသီးတို့ ခရစ်စမတ်ပွဲတော် ဆင်ယင်ကျင်းပပုံကို ကျွန်မတို့ ဒေသရှိ ရုက္ခဗေဒဥယျာဉ်တွင် နှစ်စဉ်ခင်းကျင်းပြသခဲ့သည်။ ကျွန်မအနှစ်သက်ဆုံးမှာ
ပြင်သစ်လူမျိုးတို့၏ နိပါတ်တော်ပြခန်းဖြစ်သည်။ ဖွားမြင်တော်မူခန်းတွင် သိုးထိန်းများ၊ မာဂုပညာရှိများက ရွှေ၊ လော်ဗန်၊ မုရန် ပူဇော်သက္ကာများနှင့် နွားစားခွက်အနီး ၀ိုင်းရံ နေသည့်ပုံမဟုတ်ဘဲ ပြင်သစ် ကျေးလက်ရွာသူရွာသားများက ပေါင်မုန့်၊ ၀ိုင်၊ ဒိန်ခဲ၊ ပန်းများနှင့်၊ ၎င်းတို့အား ဘုရား ကျေးဇူးပြု သည့်အတိုင်း ၎င်းတို့လက်နှင့် လုပ်ဆောင်၍ရသည့်သီးနှံ ထွက်ကုန်များကို ယူဆောင်လာကြသည်။ ဓမ္မဟောင်း၌ ထာဝရဘုရား၏အိမ်တော်သို့ အဦးသီးသော အကောင်းဆုံး အသီးအနှံကို ဆောင်သွင်းရန် မိန့်ကြားကြောင်း (ထွက် ၂၃း၁၆-၁၉) ကျွန်မသတိရမိသည်။ ၎င်းပြကွက်လေးက ကျွန်မတို့
ရှိသမျှ ပိုင်ဆိုင်သမျှသည် ဘုရားသခင်ထံမှ လာခြင်းဖြစ်ပြီး၊ ဘုရားကို ကျွန်မတို့ပေးရမည့်အရာသည် ဘုရားက ကျွန်မ တို့ကို ပေးထားသောအရာပင် ဖြစ်ကြောင်း ဖော်ပြနေသည်။…
သစ္စာ ရှိသော အစေခံ
မဲန်ဒဲလ်နိုသည် အုတ်စီလုပ်သားတစ်ဦးဖြစ်သည်။ တနင်္လာနေ့မှ ကြာသပတေးနေ့ အထိ နံရံဆောက်၊ အမိုးပြင်စသည်ဖြင့် အလုပ်လုပ်သည်။ သူက အေးအေးဆေးဆေး သမားဖြစ်ပြီး စိတ်ချရသည်။ အလုပ်ကြိုးစားသည်။ ထို့နောက် သောကြာနေ့မှ တနင်္ဂနွေနေ့
သုံးရက်တွင် တောင်ပေါ်သွားပြီး နှုတ်ကပတ်တော် သင်ပေးသည်။ သူကမက္ကစီကို လူမျိုးစု Nahuatt ဘာသာစကား ပြောတတ်သဖြင့် ထိုဒေသတွင် သခင်ယေရှု၏ သတင်းကောင်းကို အလွယ်တကူ ဆက်သွယ်
ပြောကြားနိုင်သည်။ အသက် ၇၀ ရှိသည့်တိုင် လက်သမား အလုပ်ကို လုပ်နေဆဲ၊ အိမ်ဆောက်လုပ်ဆဲ၊ ထိုမျှမက ဘုရား သခင်၏မိသားစုကို တည်ဆောက်ရန် လုပ်ဆောင်နေဆဲပင်။
မဲန်ဒဲလ်နိုသည် အသက်ဘေး အန္တရာယ်နှင့်လည်း အကြိမ်ကြိမ် ကြုံဖူးသည်။ လမ်းဘေး၌လည်း အိပ်စက်ခဲ့ဖူး သည်။ ကားမတော်မဆမှုလည်း ကြုံဖူးသည်။ တောင်ပေါ်မှ လည်း ပြုတ်ကျဖူးသည်။ မြို့ထဲမှလည်း မောင်းထုတ်ခံရ သည်။ သို့သော်…
ခရစ်စမတ် မွေးဖွားလာခြင်း
ကောင်းကင်တမန်မင်း ဂါဗြေလသည် လောကအတွက် သတင်းကောင်းဆောင်ယူလျက် မာရိ၊ ထို့နောက် သိုးထိန်းများအား ကိုယ်ထင်ရှားပြသောအခါ (လု ၁း၂၆-၂၇၊ ၂း၁၀)၊
ဆယ်ကျော်သက် မိန်းမပျိုလေးအတွက် ၎င်းသည် သတင်းကောင်းဖြစ်ပါမည်လား။ ‘‘ငါ့ကိုယ်ဝန်အကြောင်း မိသားစုတွေကို ဘယ်လိုပြောပြရမလဲ၊ ငါ့ခင်ပွန်းလောင်း ယောသပ်ရော စေ့စပ်ထားတာကို ဖျက်ပစ်မှာလား၊ မြို့ထဲမှာ လူတွေဘာပြောမလဲ၊ ကျောက်ခဲနဲ့ပစ်သတ်မခံရရင်တောင် ရပ်တည်ရမယ့် မိခင်ဘ၀ကို ဘယ်လိုရှင်သန်ရမလဲ’’ စသည့်ဖြင့် သူတွေးကောင်းတွေးလိမ့်မည်။
ယောသပ်သည် မာရိ၏ကိုယ်ဝန်သတင်းကို ကြားသောအခါ အခက်တွေ့ပြီ။ သူ၌ ရွေးစရာလမ်း ၃ ခု ရှိသည်။ စီစဉ်ထားသည့်အတိုင်း လက်ထပ်မလား၊ တရားဝင် ကွာရှင်းကာ လူရှေ့ကဲ့ရဲ့စရာဖြစ်အောင် လုပ်နိုင်မလား၊ စေ့စပ်ကြောင်လမ်းထားမှုကို တိတ်တဆိတ်ဖျက်သိမ်းမလား။ ယောသပ်က တတိယအချက်ကို ရွေးချယ်လိုက်သည်။ သို့သော် ဘုရားသခင် ၀င်ရောက်ကာ အိမ်မက်၌ သူ့အား ‘‘ဒါဝိဒ်အမျိုး ယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်း ရမည့်အခွင့်ကို…
ခရစ်စမတ်ဆိုသည်မှာ
လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်က အမေရိကန်နိုင်ငံ ရုပ်သံဌာနမှ ‘‘ချာလီဘရောင်း၏ ခရစ်စမတ်’’ ဇာတ်လမ်းကို ထုတ်လွှင့်ခဲ့သည်။ ပူးပေါင်းတင်ဆက်သည့်ချိတ်ဆက်ဌာနများမှ တာဝန်ရှိသူအချို့က ၎င်းကို လူတို့လျစ်လျူရှုမည်၊ ဂရုစိုက်မည်မဟုတ်ဟုထင်သည်။ အချို့ကလည်း ကျမ်းချက်များပါဝင်ခြင်းကြောင့် ကြည့်ရှုသူများ စိတ်အနှောင့်အယှက်ဖြစ်မည်ဟု ပူပန်သည်။ အချို့ကမူ ထိုဇာတ်လမ်းကို ဖန်တီးသူ ချားစ်စခရုဇ်အား ခရစ်စမတ် အကြောင်းအရာကို ချန်လှပ်စေလိုသည်။ သို့သော် စခရုဇ်က ခရစ်စမတ် အကြောင်းကို မချန်လှပ်ပါ။ ထိုအစီအစဉ် အောင်မြင်ကာ ၁၉၆၅ ခုနှစ်မှစ၍ နှစ်စဉ် ပြန်လည် ထုတ်လွှင့်ပြသခဲ့ရသည်။
ကလေးခရစ်စမတ်ပြဇာတ် အစီအစဉ်တွင် ဒါရိုက်တာဖြစ်သူ ချာလီဘရောင်းသည် စိတ်ရှုတ်ထွေးလျက် အားလပ်ရက် ကာလအတွင်း စီးပွားရေးဆန်သည့် စိတ်ထားများကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ရသည်။ ထို့ကြောင့် ခရစ်စမတ်၏အဓိပ္ပာယ် အစစ်အမှန်ကို မည်သူပြောပြနိုင်မည်နည်းဟုမေးရာ လင်းနပ်စ်က ‘‘ယနေ့တွင် ဒါဝိဒ်၏မြို့ ၌ခရစ်တော်တည်းဟူသော ကယ်တင်သော အရှင်သည် သင်တို့အဖို့ အလို့ငှာ…