သခင်ယေရှု၌ ချစ်ခြင်းမေတ္တာအမွေအနှစ်
ဆွီဒင်နိုင်ငံတွင် döstädning ဟုခေါ်သည့် ခံယူချက်အမြင်တစ်ခုရှိသည်။ ၎င်း၏ တိုက်ရိုက်အဓိပ္ပာယ်မှာ “တမလွန်အတွက် သန့်စင်ရှင်းလင်းခြင်း” ဖြစ်သည်။ သဘော တရားမှာ ကျွန်ုပ်တို့ အသက်ကြီးရင့်လာသည်နှင့်အမျှ ဥစ္စာပစ္စည်းစုဆောင်းခြင်းကို ရပ်တန့်သင့်ကာ တစ်ဘဝလုံး၌ စုဆောင်းခဲ့သော ဗြုတ်စဗျင်းတောင်းများကို စတင်ဖြတ်တောက် လျှော့ချခြင်းဖြစ်သည်။ ဆွီဒင်လူမျိုးတို့၏ထိုခံယူချက်သည် သားသမီးနှင့် မိတ်ဆွေများအတွက် စင်စစ် မေတ္တာလက်ဆောင်မွန်ပင်ဖြစ်သည်။ အကြောင်းမှာ ကျွန်ုပ်တို့ချန်ရစ်ခဲ့သည့်အရာကို သူတို့တာဝန်ယူဆောင်ရွက်ရသည့်အခါ သူတို့လုပ်ရမည့်အရာများကို ရှင်းလင်းလွယ်ကူစေခြင်းကြောင့် ဖြစ်သည်။
သခင်ယေရှု၌ယုံကြည်သူတို့အနေဖြင့် အသက်အရွယ်တစ်ခုရောက်လာချိန်၌ ကျွန်ုပ်တို့အား ရှင်သန်အသက်ဆက်စေသည့် အမွေအနှစ်ကြောင်းကို စဥ်းစားမိကြသည်။ အမွေအနှစ်ဟု ဆိုရာ၌ ငွေကြေး၊ အမွေဥစ္စာ (သို့) ပရဟိတလှူဒါန်းမှု စသည်ဖြင့် မကြာခဏ ဘောင်ခတ်ရှုမြင်တတ်ကြသော်လည်း ထိုထက်မက ပြောစရာများစွာရှိနေသည်။ သို့ရာတွင် တပည့်တော်နှင့် နောက်ဆုံးအချိန်များ၌ အတူရှိခဲ့သည့် သခင်ယေရှုအား မျက်မှောက်ပြုခြင်းက အထောက်အကူဖြစ်နိုင်ပါသည်။ “ငါသွားရာအရပ်သို့ သင်သည် ယခုမလိုက်နိုင်။ နောက်မှလိုက်ရလိမ့်မည် ဟု…
လဲကျရာမှ ပြန်ထခြင်း
ဆယ်ကျော်သက်တစ်ဦးအနေဖြင့် ရေခဲပြင်အလှပြစကိတ်အားကစားကို ကျွန်မ အလွန်နှစ်သက်ခဲ့သည်။ ရေခဲပြင်ပေါ်၌ ကိုယ်ခန္ဓာကို လျင်မြန်စွာ လှည့်ပတ်ခြင်း၊ အမြင့်ခုန်ခြင်း၊ ပြည့်စုံလှပသည့် ကိုယ်ဟန်အနေအထားများနှင့်အတူ အနုပညာ နှင့် အားကစားလိုက်ဖက်စွာ ပေါင်းစပ်မှုကို ကျွန်မနှစ်သက်မြတ်နိုးခဲ့သည်။
ပရော်ဖက်ရှင်နယ် စကိတ်စီးသမားများ၏ တင်ဆက်မှုများစွာကို ကြည့်ရှုရပြီးနောက် ရေခဲပြင် စကိတ်စီးရန်အခွင့်အရေးကို ကျွန်မရရှိခဲ့ပြီး အဖွဲ့လိုက် သင်ကြားမှု၌ ပါဝင်ခဲ့သည်။ မည်သို့လျှောစီးရွေ့လျားပြီး မည်ကဲ့သို့ရပ်ရမည်ကို သင်ယူရပြီး၊ ကျွမ်းကျင်မှုအဆင့် မည်မျှရှိနေပါစေ စကိတ်စီးသူတစ်ဦးအတွက် အရေးပါဆုံးစွမ်းရည်ဖြစ်သော မည်ကဲ့သို့လဲကျကာ မည်ကဲ့သို့လျင်မြန်စွာ ပြန်ထရမည်ကိုလည်း သင်ယူခဲ့ရသည်။ နောက်ပိုင်းတွင် ခန္ဓာကိုယ် လှည့်ပတ်မှု ပုံစံများစွာနှင့် အမြင့်ခုန်မှုများစွာကို ကျွန်မသင်ယူခဲ့ရသော်လည်း လဲကျသည့်အခါ မည်သို့ပြန်ထရမည်ဟူသည့် အခြေခံသင်ခန်းစာများအပေါ်၌ ကျွန်မအမြဲတမ်း မှီခိုအားထားခဲ့ရသည်။
“လဲကျခြင်း”သည် ဘဝ၏အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း သိရှိရန် အားကစားသမားဖြစ်ရန် မလိုပါ။ အပြစ်ကျူးလွန်မိခြင်းကြောင့် လဲကျခြင်း၊ အမှားကြောင့် ခြေချော်ခလုတ်တိုက်မိခြင်း (သို့) လွှမ်းမိုးဖိစီးလွန်းသည့်အခြေအနေကြောင့် ကျွန်မတို့…
ရိုးရှင်းသောအမှန်တရား
ကျွန်တော်၏ဇနီးသည်နှင့် စက်ဘီးစီးသောအခါ အကွာအဝေးမိုင် မည်မျှ နင်းခဲ့ သည်ကို ကျွန်တော်တို့ သိလိုကြသည်။ သို့နှင့် ကျွန်တော်သည် ခရီးမိုင်တိုင်းကိရိယာ (odometer) ကို ဝယ်ရန် စက်ဘီးဆိုင်သို့သွားခဲ့ပြီး၊ ကိုယ်တိုင်သုံးအသေးစားကွန်ပြူတာ(minicomputer)တစ်လုံးကို ဝယ်လာခဲ့သည်။ သို့သော် ညွှန်ကြားချက် ပေးရန် အနည်းငယ်ရှုပ်ထွေးသဖြင့် ကျွန်တော်သည် စက်ဘီးအရောင်းဆိုင်သို့ ပြန်သွားရာ၊ ပစ္စည်းရောင်းသူက အချိန်တိုအတွင်း ထိုအရာကို အလုပ်ဖြစ်အောင် လုပ်ပြခဲ့သည်။ ကျွန်တော်ထင်သလို မခက်ခဲသည်ကို သဘောပေါက်ခဲ့သည်။
ဘဝတွင် အသစ်သောအရာများနှင့် အသစ်သောစိတ်ကူးစိတ်သန်းများက ရှုပ်ထွေးသည်ဟုထင်ရသည်။ ဥပမာအားဖြင့်၊ ကယ်တင်ခြင်းအကြောင်းကို စဉ်းစား ကြည့်လိုက်ပါ။ အချို့သူများက ဘုရား၏သားသမီး ဖြစ်လာခြင်းသည် ခက်ခဲရှုပ်ထွေးသည်ဟု ထင်ကောင်းထင်နိုင်သည်။ သို့သော်လည်း သမ္မာကျမ်းစာက ရိုးရှင်းသောအသုံးအနှုန်းဖြင့် ရှင်းလင်းဖော်ပြထားသည် - “သခင်ယေရှု ခရစ်တော်ကို ယုံကြည်လော့။ ...သင်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်” (တ ၁၆ :၃၁)။ လိုက်နာရမည့်…
ဘုရားသခင်၌ ချစ်ခြင်းမေတ္တာကို ရှာဖွေခြင်း
ကလေးဘဝက “မင်းကြီးလာရင် ဘာဖြစ်ချင်သလဲ” ဟုအမေးခံရလျှင် ဘန်(Ben)က “ကျွန်တော် ဒေ့ဗ် (Dave) လို ဖြစ်ချင်တယ်” ဟုပြောသည်။ ဘန်၏အစ်ကိုသည် အားကစားသမား၊ မိတ်ဆွေများခြင်းနှင့် ဂုဏ်သတင်းမွှေးသော ကျောင်းသားဖြစ် သည်။ တစ်ဘက်တွင် ဘန်က “ငါက အားကစားမှာ ကိုးယို့ကားယားနိုင်ပြီး၊ ရှက်တတ်တယ်။ သင်ယူခြင်းမှာ အားနည်းတယ်။ ငါက ဒေ့ဗ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး အမြဲလိုချင်ခဲ့တယ်။ ဒါပေမယ့် သူက မလိုချင်ဘူး။ သူက ငါ့ကို ‘ငြီးငွေ့စရာ’ လို့ခေါ်တယ်”ဟု သူက ပြောသည်။
ဘန်သည် အစ်ကိုကြီး၏မေတ္တာရရှိရန် ကြိုးစားရင်း သူ့ဘဝအချိန်များစွာ အချည်းနှီးကုန်ဆုံးခဲ့သည်။ ဘန် သည် သခင်ယေရှု၏နောက်တော်လိုက်တစ်ဦးဖြစ်လာသောအခါမှသာ ကယ်တင်ရှင်၏ချစ်ခြင်း၌ခိုလှုံရန် သိရှိခဲ့သည်။
ယာကုပ်၏ပထမဇနီးလေအာသည် ခင်ပွန်း၏ချစ်ခြင်းရရှိရန် သူမဘဝအချိန်များစွာ ကြိုးစားခဲ့သော်လည်း (က ၂၉:၃၂-၃၅)၊ ယာကုပ်က ရာခေလကိုသာ အစဉ်ချစ်ခင်ခဲ့သည်။ သို့သော် လေအာ၏အတိဒုက္ခကို ဘုရားသခင်…
အမှန်အတိုင်း သုံးသပ်ပါ
အခြားသူများနှင့် ကားစပ်တူငှားစီးသူ ခရီးသည်တစ်ဦးက ယာဉ်မောင်းတစ်ဦး သည် ကမ္ဘာ့အနံ့အဆိုးဆုံး အသီးစားသည်ကို သည်းခံခဲ့ရသည်၊ နောက်တစ်ဦးမှာ ကားမောင်းရင်း သူ၏ချစ်သူနှင့် ကတောက်ကဆက် စကားများသည်၊ တစ်ယောက်က သူ့အား ပွန်ဇီ (Ponzi) ငွေတိုးချ ငွေကြေးရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်သည် စသည်ဖြင့် ယာဉ်မောင်းများအကြောင်းကို ပြောပြသည်။ ဖြစ်စဥ်တစ်ခုစီ၏ အရည်အသွေး ညံ့ဖျင်းမှုထက် သူသည် ယာဉ်မောင်းများကို ကြယ်ငါးပွင့်အဆင့် အမှတ်ပေးခဲ့သည်။ သူက “သူတို့အားလုံးက လူကောင်းဖြစ်ပုံရပါတယ်။ ကျွန်တော်ရဲ့ ဆိုးဝါးတဲ့သတ်မှတ်ချက်ကြောင့် သူတို့အထုတ်ခံရတာမျိုး မဖြစ်စေချင်ဘူး” ဟုရှင်းပြခဲ့သည်။ ယာဉ်မောင်းနှင့်အခြားသူများအား အမှန်အတိုင်း မပြောဘဲ ထိမ်ချန်ခြင်းက သုံးသပ်ချက်အမှားကိုပေးခြင်းဖြစ်သည်။
အကြောင်းအမျိုးမျိုးကြောင့် ကျွန်ုပ်တို့လည်း အခြားသူများအပေါ် အမှန်တရားကို ထိမ်ချန်မှုမျိုးဖြစ်နိုင်သည်။ သို့သော် တမန်တော်ရှင်ပေါလုက ဧဖက်မြို့ရှိယုံကြည်သူများအား ခရစ်တော်၌အသစ်သောသတ္တဝါများအဖြစ် အချင်းချင်း မေတ္တာဖြင့် မှန်သောစကားကို ပြောဆိုရန် အားပေးခဲ့သည်။ ဤသို့ပြောနိုင်ရေး ခရစ်တော်၌ ဘဝကို ဆက်ကပ်ရှင်သန်ကာ…
ဘုရားသခင်၌ အမြော်အမြင်ရှိသော ချုပ်တည်းမှု
၁၈၆၃ခုနှစ် အမေရိကန်ပြည်တွင်းစစ်အတွင်း ဂတ်ထီစ်ဘာ့ဂ် (Gettysburg) တိုက်ပွဲတွင် တောင်ပိုင်းတပ်မှ အကြီးအကျယ်ဆုံးရှုံးမှုဖြစ်ပြီးနောက်၊ ဗိုလ်ချုပ်ရောဘတ် အီးလီ (Robert E. Lee) သည် ချုံးချုံးကျနေသောတပ်ကို တောင်ပိုင်းနယ်မြေသို့ ခေါ်ဆောင်ခဲ့သည်။ မိုးသည်းထန်မှုကြောင့် ဖိုထောမက်ခ် (Potomac) မြစ်ရေကြီးပြီး၊ သူတို့၏ဆုတ်ခွာမှုအတွက် အတားအဆီးဖြစ်နေသည်။ သမ္မတအေဘရာဟင် လင်ကွန်း (Abraham Lincoln) က ဗိုလ်ချုပ်ဂျော့ဂျ်မိဒ် (George Meade) ကို တိုက်ခိုက်ရန် တိုက်တွန်းခဲ့သည်။ သို့သော် မိဒ်(Meade)၏ တပ်သားများလည်း လီ၏ လူများကဲ့သို့ပင် လက်ပန်းကျနေ၍ သူ၏အဖွဲ့သားများကို အနားယူစေခဲ့သည်။
လင်ကွန်းသည် ကလောင်တံကိုယူကာ စာရေးလိုက်သည်။ ထိုစာ၌ လီ ကို လိုက်ရန် မိဒ်၏တွန့်ဆုတ်မှုကြောင့် သူ“အတိုင်းမသိ စိတ်ပင်ပန်း”ခဲ့ရသည်ဟု ဝန်ခံခဲ့သည်။ စာအိတ်ပေါ်တွင် သမ္မတ၏လက်ရေးနှင့် “သို့ ဗိုလ်ချုပ်မိဒ်၊ ဘယ်သောအခါမှ မပို့ခဲ့သော၊ လက်မှတ်မထိုးခဲ့သောစာ” ဟုရေးထားသည်။…
ဘုရားသခင်၏သနားကရုဏာကို ထင်ဟပ်ပြခြင်း
ရုရှားနှင့်သုံးလကြာ ဆောင်းရာသီစစ်ပွဲ (၁၉၃၉-၁၉၄၀)တွင် ဖင်လန်စစ်သည်တစ်ဦးသည် စစ်မြေပြင်၌ ဒဏ်ရာနှင့် လဲနေသည်။ ရုရှားစစ်သည်တစ်ဦးက ရိုင်ဖယ် သေနတ်ကို ချိန်ကာ လျှောက်လာသည်။ ဖင်လန်စစ်သည်မှာ သူ့ဘဝအဆုံးသတ်ရန် သေချာနေသည်။ သို့သော် ရုရှားစစ်သည်က သူ့အား ဆေးသေတ္တာကို ကမ်းပေးပြီး ဆက်လျှောက်သွားသည်။ အံ့ဩဖွယ်ရာမှာ နောက်ပိုင်းတွင် ဇာတ်ကောင် ပြောင်းပြန် ဖြစ်သွားပြီး၊ ဖင်လန်စစ်သည်သည် သူကြုံခဲ့သည့် အခြေအနေအတိုင်း စစ်မြေပြင်တွင် ဒဏ်ရာနှင့်လဲနေသော ရုရှားစစ်သည်ကို တွေ့ရှိခဲ့ရသည်။ ဖင်လန်စစ်သည်သည် ထိုသူအား ဆေးထောက်ပံ့ပစ္စည်းများကို ပေးပြီး ဆက်လျှောက်သွားသည်။
ကျွန်ုပ်တို့၏အသက်တာအတွက် “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့” (မ ၇:၁၂) ဟူသည့် အဓိကလမ်းပြဥပဒေတစ်ရပ်ကို သခင်ယေရှုပေးခဲ့သည်။ ယုံကြည်သူများသည် ဤ ရိုးရှင်းသောဥပဒေသကို ထိန်းသိမ်းလိုက်နာမည်ဆိုလျှင် ကျွန်ုပ်တို့၏ကမ္ဘာသည် မည်မျှထူးခြားသွားမည်ကို သင်တွေးမိပါသလား။ ရှင်ယေရှု၏ဉာဏ်ပညာကို ကျွန်ုပ်တို့ စုပေါင်းနာခံကြမည်ဆိုလျှင် ဖိနှိပ်မှုများ…
အတိုင်းထက်အလွန် ပြည့်စုံသောကယ်တင်ရှင်
အိမ်မွမ်းမံမှု ရုပ်သံအစီအစဉ်မှ အိမ်တစ်အိမ်၏ရေချိုးခန်းနေရာအသစ်အတွက် ရွေးချယ်ထားသည့် လက်လုပ်ကြွေပြားများကိုကြည့်ရင်း အိမ်တွင်းဒီဇိုင်နာမှာ ချီးကျူးမဆုံး ဖြစ်ခဲ့သည်။ ဒီဇိုင်းတူညီသည့် စက်ရုံထုတ် ကြွေပြားများနှင့် ကွဲပြားစွာ ထိုလက်လုပ်ကြွေပြားများမှာ “အပြစ်အနာအဆာရှိလည်း ပြီးပြည့်စုံ နေသည်။” ထိုမပြည့်စုံမှုများသည် ကြွေပြားတစ်ခုစီတိုင်းကို ရှိရင်းစွဲ ဆွဲဆောင်မှုနှင့် စတိုင်ထပ်ပေါင်းပြီး ထူးခြားသောအလှကို ပေးစွမ်းသည်။
စတိုင်နှင့်ဆွဲဆောင်မှုများအကြောင်း မဆိုစလောက်သာ ကျွန်ုပ်သိပါသည်။ ကြွေပြားများက ၎င်းတို့ကို ပံ့ပိုးပေးမည်လား၊ ပိုဆိုးစေမည်လားဆိုတာ ပိုတောင်မသိချေ။ ၎င်းကြွေပြားများသည် အပြစ်အနာအဆာရှိစွာ ပြီးပြည့်စုံနေသော်လည်း လောကသို့ လူသားအဖြစ် ဆင်းသက် ကြွလာသည့် သခင်ယေရှုသည် အပြစ်ကင်းလျက် ပြီးပြည့်စုံနေခဲ့သည်။ ဟေဗြဲဩဝါဒစာရေးသူက “ငါတို့ယဇ်ပုရောဟိတ် မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူ မဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဖူးသောသူ ဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏”ဟူ၍ အခိုင်အမာ ပြောဆိုသည်(ဟေဗြဲ ၄:၁၅)။ လောက၌…
မေတ္တာတရားနှင့် ထိမ်းမြားခြင်း
မဲရဒသ်(Meredith)၏ မင်္ဂလာဆောင်တွင် သူမ၏အမေက ကောရိန္သုသြဝါဒစာ ပထမစောင်မှ လှပသော ကျမ်းချက်ကို ရွတ်ဖတ်ခဲ့သည်။ သမ္မာကျမ်းစာ၏ “ချစ်ခြင်းမေတ္တာအခန်း”ဟု မကြာခဏ အခေါ်ခံရသော အခန်းကြီး ၁၃ သည် ထိုမင်္ဂလာအချိန်နှင့် လိုက်ဖက်ညီခဲ့သည်။ “မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ” (:၄)။ တမန်တော်ထံမှ ထိုစကားလုံးများထွက်လာအောင် မည်သည့်အရာက သူ့အား လှုံ့ဆော်ခဲ့သည်ကို ခေတ်သစ်သတို့သမီးများနှင့် သတို့သားတို့ သိကြပါ့ မလားဟု ကျွန်ုပ်တွေးမိသည်။ ရှင်ပေါလုသည် အချစ်ကဗျာ စပ်ဆိုခဲ့ခြင်း မဟုတ်ပါ။ ပြင်းထန်သော ကွဲပြားမှုများကို ကုစားသင့်မြတ်စေရေး ကွဲပြားနေသည့်အသင်းတော်သို့ စာရေးတောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဓမ္မပညာရှင် ဒေါက်ကလပ်စ် အေ ခဲန့်ဘဲလ် (Douglas A. Campbell)က “ရှင်းရှင်းပြောရရင် ကောရိန္သုအသင်းတော်က အရှုပ်ထုပ်ကြီးပေါ့” ဟူ၍ ပြောခဲ့သည်။ အသင်းတော်၌ သွေးရင်းကာမစပ်ယှက်မှု၊ ပြည့်တန်ဆာမှုနှင့်…
ဘုရားသခင်သည် မည်သည့်အခါမျှ လျစ်လျူမရှုခဲ့ပါ
“တစ်ခါတစ်လေကျရင် လျစ်လျူရှုခံနေရသလိုပဲ ငါခံစားရတယ်”။ သူမသူငယ်ချင်း ကို ပြောပြနေသည့် ဂျိုနီ(Joanie)၏စကားလုံးများက လေထဲတွင် ပျံ့လွှင့်နေသည်။ သူ့ခင်ပွန်းက အခြားအမျိုးသမီးတစ်ဦးနှင့်ဖောက်ပြန်ကာ သူနှင့်ကလေးများကို ထားသွားခဲ့သည်။ “ငါ့ရဲ့အကောင်းဆုံးနှစ်တွေ သူ့ကိုပေးခဲ့တာ၊ အခု ငါမသိတော့ ဘူး။ ငါ့ကို လူတွေ တကယ်မြင်ကြသေးရဲ့လား။ ဒါမှမဟုတ် ငါ့ကို တကယ်သိဖို့ အချိန်ယူကြရဲ့လားဆိုတာ ငါမသိတော့ဘူး”ဟု သူမရင်ဖွင့်ခဲ့သည်။
သူငယ်ချင်းဖြစ်သူက “ငါစိတ်မကောင်းပါဘူး။ ငါ့အသက် ၆ နှစ် အရွယ်တုန်းက ငါ့အဖေက ငါတို့ကို ထားသွားတာ။ ငါတို့အားလုံးအတွက် ခက်ခဲခဲ့တယ်။ အထူး သဖြင့် ငါ့ အမေအတွက်ပေါ့။ ဒါမဲ့ ညဘက် ငါ့ကို ချော့သိပ်ချိန်မှာ ငါဘယ်တော့မှ မမေ့မယ့် အရာတစ်ခုကို သူပြောခဲ့တယ်။ ဘုရားသခင်က ဘယ်တော့မှ မျက်လုံးမမှိတ်ထားဘူးတဲ့။ ငါအရွယ်ရောက်တော့ သူရှင်းပြခဲ့တယ်။ ဘုရားသခင်က ငါ့ကိုချစ်ပြီး ငါအိပ်နေရင်တောင်မှ အမြဲတမ်း ကြည့်ရှုစောင်မနေတယ်ဆိုတာ…