အမျိုးအစား  |  odb

ကျွန်ုပ်တို့ နှလုံးသားထဲမှ ကျေးဇူးတော်

လွန်ခဲ့သောနှစ်အနည်းငယ်က ကြယ်လေးပွင့် ဗိုလ်ချုပ် ပီတာ ချိုင်းရီလီ (ထိုအချိန်က
အမေရိကန် တပ်မတော်၏ ဒုတိယဗိုလ်ချုပ်) အား ၀ါရှင်တန် ညစာစားပွဲ အခမ်းအနား
တစ်ခုတွင် သမ္မတ၏ စီနီယာအကြံပေး အမျိုးသမီးက စားပွဲထိုးဟု အထင်မှားခဲ့သည်။
ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် ဗိုလ်ချုပ်က သူမ၏ နောက်တွင်
ရပ်နေသဖြင့် စီနီယာအကြံပေးက ဖျော်ရည်ဖြည့်ပေးရန်
ခိုင်းလိုက်သည်။ ထို့နောက်မှ သူမ မှားမှန်းသိခဲ့သည်။
ဗိုလ်ချုပ်က ရွှင်လန်းဝမ်းသာစွာဖြင့် သူ့ဖန်ခွက်ထဲ ဖျော်ရည်
ဖြည့်ပေးခြင်းဖြင့် သူမ၏ ရှက်ကိုးရှက်ကန်းနှင့် ထူပူသွားမှုကို
ကြင်နာစွာ သက်သာစေခဲ့ပြီး တစ်ခါတစ်ရံ မိသားစုညစာ
စားပွဲ၌ ပါဝင်ရန်ပင် ဖိတ်ခေါ်ခဲ့သည်။
‘‘Gracious’’ (သနားကြင်နာသည်) ဟူသော စကားလုံးသည် ‘‘Grace’’
(ကျေးဇူးတော်) ဟူသော စကားလုံးမှ လာသည်။ အဓိပ္ပာယ်မှာ (ဗိုလ်ချုပ်၏အပြုအမူ
ကဲ့သို့) သဘောထားကြီးသော အပြုအမူတစ်ခု (သို့)…

သာမန်လူများ

ဂိဒေါင်သည် သာမန်လူ တစ်ဦးပါ။ တရားသူကြီးမှတ်စာ ၆ တွင် မှတ်တမ်းတင်ထားသော
သူ၏အကြောင်းကို ကျွန်ုပ် ခွန်အားရသည်။ သူသည် လယ်သမားတစ်ဦးသာဖြစ်ပြီး
ရှက်ကြောက်တတ်သောသူ ဖြစ်သည်။ မိဒျန်လူမျိုးတို့၏ရန်မှ ဣသရေလလူမျိုးတို့
လွတ်မြောက်စေရန် သူ့ကို ဘုရားသခင် ခေါ်သောအခါ
ဂိဒေါင်၏မူလတုံ့ပြန်မှုမှာ ‘‘အိုသခင်၊ အကျွန်ုပ်သည်
ဣသရေလ အမျိုးကို အဘယ်သို့ ကယ်နှုတ်နိုင်ပါမည်နည်း။
အကျွန်ုပ်အဆွေအမျိုးသည် မနာရှေအမျိုး၌ သာ၍ဆင်းရဲ
ပါ၏။ အကျွန်ုပ်သည်လည်း ကိုယ်အဆွေအမျိုး၌
အယုတ်ဆုံးသောသူဖြစ်ပါ၏’’ (သူကြီး ၆း၁၅)။ ဘုရားသခင်
က ဂိဒေါင်နှင့်အတူ ရှိမည်ဖြစ်ပြီး စေခိုင်းသောအရာကို
အောင်မြင်ပြီးမြောက်လိမ့်မည်ဟု ကတိပေးခဲ့သည် (း ၁၆)။
ဂိဒေါင်၏နာခံမှုကြောင့် ဣသရေလလူတို့ အောင်ပွဲရခဲ့ပြီး
ကြီးမြတ်သော ယုံကြည်ခြင်းသူရဲကောင်းတစ်ဦးအဖြစ်
စာရင်းဝင်ခဲ့သည် (ဟေဗြဲ ၁၁း၃၂)။
အင်အားတောင့်တင်းသော ရန်သူများလက်မှ ဣသရေလလူမျိုးတို့အား
ကယ်တင်ခဲ့သော အကြံအစည်၌ အခြား လူတစ်ဦးချင်းစီသည်လည်း အရေးပါသော
နေရာမှ ပါဝင်ခဲ့ကြသည်။ တိုက်ပွဲအောင်မြင်ရန် ဘုရားသခင်သည် ဂိဒေါင်အား လူ ၃၀၀
ထောက်ပံ့ပေးခဲ့ပြီး သူတို့အားလုံးမှာ ရဲရင့်သောသူရဲကောင်းများ ဖြစ်ကြသည်။ သူတို့၏
နာမည်များကို မဖော်ပြသော်လည်း သူတို့၏ရဲစွမ်းသတ္တိနှင့်နာခံမှုကို ကျမ်းစာက
မှတ်တမ်းတင်ထားသည် (တရား…

နှေးကွေးသော လမ်းလျှောက်ခြင်း

ကာလက်လေး နေမကောင်းပါ။ အပြင်းအထန် နေမကောင်း ဖြစ်နေသည်။ အာရုံကြော
ဆိုင်ရာ ရောဂါကြောင့် ၅ နှစ်သားလေး ကာလက်မှာ ယာယီ လေဖြတ်ခြင်းကို ခံစားနေ
ရသည်။ စိုးရိမ်ပူပန်နေသော မိဘများက ဆုတောင်းခဲ့ကြသည်။ စောင့်စားခဲ့ကြသည်။
တဖြည်းဖြည်းနှင့် ကာလက် ပြန်လည်ကျန်းမာလာသည်။ လအနည်းငယ်ကြာပြီးနောက်
ကျောင်းပြန်တက်နိုင်ပြီဟု ဆရာဝန်များပြောသောအခါ ကာလက် မှာ နှေးကွေးစွာ၊
ပုံမမှန်သော အနေအထားဖြင့် လမ်းလျှောက်နိုင်ရုံသာရှိသည်။
တစေ် နတ့ ငွ် သူ့ဖခငက် ကျောင်းသေို့ ရာကလ်ာရာ
အားကစားကွင်းသို့ ဆိုင်းလျက် ဆိုင်းလျက် ဆင်းလာသည့်
ကာလက် ကို တွေ့၍ အသာလေး စောင့်ကြည့်လိုက်သည်။
ထိုအချိန်၌ ကာလက်၏သူငယ်ချင်းလေး တိုင်လာ ရောက်လာ
ပြီး သူ့ကိုတွဲကူသည်ကို တွေ့ရှိခဲ့သည်။ တစ်ခန်းလုံးမှ
ကလေးများ မြူးတူးဆော့ကစားနေသော်လည်း တိုင်လာက
ချည့်နဲ့နေသော…

အမှောင်နှင့်အလင်း

ကျွန်တော်ငယ်စဉ်က သင်္ချိုင်းကုန်းနှင့် ကပ်လျက်ရှိသော လမ်းနှစ်လမ်းရှိ အိမ်ခြေ ၁၄၀
ကို သတင်းစာပို့ပေးရသည်။ နံနက်ပိုင်းထွက်သော သတင်းစာဖြစ်သဖြင့် နံနက် ၃ နာရီ
အိမ်မှထွက်ပြီး အမှောင်ထဲတွင် ထိုသင်္ချိုင်းကို ဖြတ်လျှောက်ရသည်။ တစ်ခါတစ်ရံတွင်
ကြောက်လွန်းသဖြင့် ကျွန်တော် ပြေးသွားသည်။ ဘေးကင်းလုံခြုံစွာဖြင့် လမ်းမီးတိုင်
အောက် မရောက်မချင်း ကျွန်တော်ကြောက်လှသည်။ ခြောက်ခြားစရာ အမှောင်ကို
အလင်းရောင်က ဖယ်ရှားလိုက်ပြီဖြစ်သည်။
ကြောက်ရွံ့ခြင်းနှင့် အမှောင်၏ ဆက်စပ်မှုကို ဆာလံ
ဆရာ နားလည်ပြီး ထိုကြောက်ရွံ့ခြင်းများထက် ဘုရားသခင်
ပို၍ ကြီးမြတ်ကြောင်းကိုလည်း သိသည်။ ဆာလံဆရာက
‘‘ညဥ့်အခါ ဖြစ်တတ်သောဘေးကိုလည်းကောင်း၊ နေ့အချိန်
၌ ပစ်တတ်သော မြှားကိုလည်းကောင်း၊ မှောင်မိုက်ထဲမှာ
လည်တတ်သော ကာလနာကို လည်းကောင်း၊ မွန်းတည့်
ချိန်၌ ဖျက်ဆီးတတ်သော ဥပါဒ်ကို လည်းကောင်း၊ သင်သည်
မကြောက်ရ’’ (ဆာ ၉၁း၅-၆)ဟု ရေးသားခဲ့သည်။ ည၏
ခြောက်လန့်မှုနှင့် အမှောင်၏ဆိုးသွမ်းမှုကို ကျွန်တော်တို့
မကြောက်သင့်ပါ။ ကျွန်တော်တို့၌ လောက၏အလင်း
ဖြစ်သည့် သားတော်ကို စေလွှတ်ပေးခဲ့သူ ဘုရားသခင် ရှိပေ
သည် (ယော ၈း၁၂)။
ဘုရားသခင်၏…

ငါ့ထံသို့လာပါ

သခင်ယေရှု ကမ္ဘာမြေတွင် ကျင်လည်ခဲ့စဉ်က လူအပေါင်းတို့အား သူ့ထံလာရန်
ဖိတ်ခေါ်ခဲ့ပြီး ယနေ့လည်း ဖိတ်ခေါ်နေဆဲဖြစ်သည် (ယော ၆း၃၅)။ ကိုယ်တော်နှင့်
ကောင်းကင်ဘုံရှင်အဘထံတော်တွင် ကျွန်ုပ်တို့လိုအပ်သော မည်သည့်အရာများ ရှိပါ
သနည်း။
ကယ်တင်ခြင်း - အပြစ်ခွင့်လွှတ်ခြင်းရရန်နှင့်
ကောင်းကင် နိုင်ငံတော် ၀င်ခွင့်ရရန် ကတိတော်အတွက်
သခင်ယေရှုသည် တစ်ခုတည်းသော လမ်းဖြစ်သည် (ယော
၃း၁၅)
ရည်ရွယ်ချက် - သခင်ယေရှုနောက်တော် လိုက်ရန်
အတွက် ကျွန်ုပ်တို့၏ နှလုံးသား၊ စိတ်၊ ၀ိညာဉ်နှင့် ခွန်အား
များကို ပေးအပ်ကြရမည်။ ‘‘အကြင်သူသည် ငါ၌ ဆည်းကပ်
ခြင်းငှာ အလိုရှိ၏။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။
ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်’’
(မာ ၈း၃၄)။
နှစ်သိမ့်သက်သာခြင်း - စုံစမ်းခြင်း (သို့) ၀မ်းနည်း ပူဆွေးမှုနှင့်…

ကုရု စာလိပ်

၁၈၇၉ ခုနှစ်တွင်ရှေးဟောင်း သုတေသန ပညာရှင်များသည် အီရတ် (ဗာဗုလုန်) နိုင်ငံ၌
ထူးထူးခြားခြား ၉ လက်မ အရှည်ရှိ ကုရုစာလိပ်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထို
စာလိပ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က ပေရသိပြည် (ပါးရှား)၏ရှင်ဘုရင် ကုရုမင်း
လုပ်ဆောင်ခဲ့သည့်အရာများကို မှတ်တမ်းတင်ထားသည်။ ထိုမင်းသည် လူတစ်စုအား
သူတို့၏နေရပ်သို့ ပြန်ခွင့်ပြုခဲ့ပြီး၊ ‘‘သန့်ရှင်းသောမြို့များ’’ ကို
ပြန်တည်ဆောက်ရန် ခွင့်ပြုခဲ့သည်ဟု ပါရှိ၏။
၎င်းသည် ဧဇရမှတ်စာ ၁ ၌ ပါရှိသော အဖြစ်အပျက်
အတိုင်းဖြစ်သည်။ အမိန့်တော်စာကို ထုတ်ပြန်ရန် “ထာဝရ
ဘုရားသည် ပေရသိရှင်ဘုရင် ကုရုအား နှိုးဆော်’’ ခဲ့ပြီး(း၁)၊
ထိုအမိန့်တော်၌ ဗာဗုလုန်ရှိ သုံ့ပန်းများကို ယေရုရှလင်သို့
ပြန်ပြီး နေအိမ်ပြန်ဆောက်ရန်၊ ဗိမာန်တော်ကို ပြန်တည်
ဆောက်ရန် ကုရုမင်း လွှတ်ပေးခဲ့သည်ဟု ပြောထားသည်။…

ရှေ့တန်းစစ်မြေပြင်မှ ပေးပို့သောစာ

အင်ဒရူး ကာရိုးသည် စစ်မက်ကာလအတွင်းက မိသားစုဝင်များ (သို့) သူငယ်ချင်းများမှ
ရေးသားပေးပို့သောစာများကို မလွှင့်ပစ်ရန် နှစ်ပေါင်း ၂၀ မျှ လူများကို တိုက်တွန်း
ခဲ့သည်။ သူသည် ကယ်လီဖိုးနီးယား ရှိ ချက်မဲန် တက္ကသိုလ်မှ
‘‘အမေရိကန်စစ်ပွဲများအတွင်း ပေးစာများ ထိန်းသိမ်းထား
သည့်ဌာန’’ ၏ ညွှန်ကြားရေးမှူးဖြစ်သည်။ သူက ထိုစာများ
သည် မိသားစုများကို စည်းလုံးစေသော၊ နားလည်မှုကို
ပေးစွမ်းသော၊ အစားထိုး၍မရနိုင်သည့် ချိတ်ဆက်မှုဟု ယူဆ
သည်။ ‘‘ငယ်ရွယ်တဲ့ မျိုးဆက်သစ်တွေဟာ ဒီစာတွေကို
ဖတ်ကြတယ်။ ပြီးတော့ မေးခွန်းထုတ်ကြတယ်။ ‘ဘာတွေ
ခံစားခဲ့ရတယ်၊ ဘာတွေ ပေးဆပ်ခဲ့တယ်’ ဆိုတာကို အခု
နားလည်ပါပြီလို့ ပြောကြတယ်’’ ဟု ကာရိုးက ပြောသည်။
ရောမမြို့တွင် တမန်တော်ရှင်ပေါလု အကျဉ်းကျခံ
နေရပြီး မကြာမီ သူ့ဘ၀ အဆုံးသတ်တော့မည်ကို…

တောက်လောင်နေသော စကားဝိုင်း

ကျွန်ုပ်၏ဇာတိ ဂါနာနိုင်ငံမြောက်ပိုင်း၌် ခြောက်သွေ့သောရာသီဖြစ်သည့် ဒီဇင်ဘာ
နှင့် မတ်လအကြားတွင် ချုံမီးများ လောင်ကျွမ်းသည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်သည်။
မီးလင်းဖိုမှ မီးပွားများ လေနှင့်လွှင့်ပါသွားခြင်း၊ လမ်းဘေးတွင် မဆင်မခြင် လွှင့်ပစ်သော
ဆေးလိပ်တိုကြောင့် လယ်ဧကပေါင်းများစွာ မီးလောင်ကျွမ်း
သည်ကို ကိုယ်တွေ့မြင်ဖူးသည်။ ခြောက်သွေ့သော မြက်ခင်း
ပြင်ကြီး အကြီးအကျယ် ပျက်စီးလောင်ကျွမ်းသွားအောင်
မီးပွားလေးတစ်ခု သာလိုသည်။
ရှင်ယာကုပ်က လျှာကို ထို့နည်းတူ ဖော်ပြထားသည်။
‘‘လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏လောကဓာတ်လည်း
ဖြစ်၏။ ထိုသို့နှင့်အညီ လျှာသည် ငါတို့၏အင်္ဂါတို့တွင်
တည်၍ တစ်ကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်
ကိုလည်း မီးရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ခြင်းကို
ခံလျက်ရှိ၏’’ (ယာ ၃း၆)။ မမှန်သော သက်သေကို ဟိုတစ်မျိုး
ဒီတစ်မျိုးပြောခြင်းဖြင့် ပေါင်းသင်းဆက်ဆံရေးများ ပျက်စီးစေသည်။ ‘‘သန်လျက်နှင့်
ထိုးသကဲ့သို့ စကားပြောတတ်သော လူတစ်ချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား…

သင့်လက်ကို မြှောက်ပြပါ။

မင်နီဆိုးတာ ပြည်နယ် နော့သ် ဖီး မြို့မှ စိန့် အောလက်ဖ် အသင်းတော် သံစုံ(Choir) သည်

သာယာနာပျော်ဖွယ် ကောင်းစွာ သီဆိုမှုကြောင့် ကျော်ကြားသည်။ ထိုသို့ ထူးကဲ သာလွန်
ရသည့် အကြောင်းရင်းတစ်ခုမှာ သီဆိုမည့်သူများကို ရွေးချယ်သည့် နည်းစနစ်ကြောင့်
ဖြစ်သည်။ ပါဝင်သူများသည် သီချင်းကောင်းစွာသီဆိုနိုင်ခြင်းသာမက သံစုံအဖွဲ့
အတွက် မည်မျှအားထားရသည် ဆိုသည့်အချက်ကို
အခြေခံ၍ အရွေးခံရသည်။ အခြားအကြောင်းရင်းတစ်ခုမှာ
အဖွဲ့ဝင်အားလုံးသည် သံစုံသီဆိုမှုကို ပထမဦးစားပေးအဖြစ်
ထားရှိရန် သဘောတူကြပြီး အစမ်းလေ့ကျင့်ခြင်းနှင့်
တင်ဆက်မှုအစီအစဉ်အတွက် အားသွန်ခွန်စိုက် လုပ်ဆောင်
ရန် ဆက်ကပ်အပ်နှံထားကြသည်။
ထိုသံစုံအဖွဲ့၏ အစမ်းလေ့ကျင့်မှု၌ ကျွန်မကို
အဆွဲဆောင်ဆုံး အရာတစ်ခုရှိသည်။ အဖွဲ့ဝင်များသည်
အမှားလုပ်မိတိုင်း လက်မြှောက်ပြကြသည်။ အမှားကို ဖုံးကွယ်
ခြင်းထက် ထိုအမှားကို အာရုံစိုက်ကြသည်။ ထိုကြောင့်
အဖွဲ့ခေါင်းဆောင်အနေဖြင့် သီဆိုသူတစ်ဦးချင်းစီအား
အခက်ဆုံးအပိုင်းကို…

ရွေးနုတ်ပိုင်သောအရှင် ခရစ်တော်

နာမည်ကျော် “ရွေးနုတ်ရှင် ခရစ်တော်” ရုပ်တုသည် ရီရို ဒီဂျဲနရို မြို့ကို အပေါ်စီးမှ
မိုးထားသည်။ ခရစ်တော်၏ ဆန့်တန်းထားသည့်လက်တော်က လက်ဝါးကပ်တိုင်ပုံစံကို
ဖော်ကျူးသည်။ ဘရားဇီးနိုင်ငံသား ဗိသုကာ ပညာရှင် Heitor da Silva Costa က ထိုပုံကို
ဒီဇိုင်းရေးဆွဲဖန်တီးထားခြင်းဖြစ်သည်။ သူ့ရည်ရွယ်ချက်မှာ
ထိုရုပ်တုသည် အမှောင်ထုမှ မနက်မိုးသောက်သည်နှင့်
ဒေသခံများ ပထမဦးဆုံး မြင်ရသည့် ပုံရိပ်ဖြစ်ရန်၊ နေ၀င်ချိန်
တွင်လည်း ရုပ်တုဦးခေါင်းမှ ဖြာကျလာသည့် ဆည်းဆာ
အလှကို ခံစားရရန် ဖြစ်သည်။
ကောင်းစားနေချိန်ဖြစ်စေ၊ ခက်ခဲနေချိန်ဖြစ်စေ၊
ကျွန်ုပ်တို့၏ရွေးနုတ်ရှင်ထံ နေ့ရက်အစဉ်တိုင်း မျက်မှောက်
ပြုခြင်းက အကျိုးကြီးသည်။ ဆင်းရဲဒုက္ခများနှင့်တွေ့ကြုံရစဉ် ယောဘက ဤသို့ပြော
ခဲ့သည်။ “ငါ့ကို ရွေးနုတ်သောသခင်သည် အသက်ရှင်၍ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ
ပေါ်လာတော်မူမည်...”(ယောဘ ၁၉း၂၅)။ ယောဘ၏အော်ဟစ်သံက ကျွန်ုပ်တို့ကို
သခင်ယေရှုဆီသို့…