ကွန်ရက်ပေါ်မှ ဉာဏ်ပညာကွန်ရက်ပေါ်မှ ဉာဏ်ပညာ
အင်တာနက် အွန်လိုင်းသတင်းအများစု၏ အဆုံးပိုင်းတွင် သတင်းဖတ်သူများ၏
အတွေးအမြင်များကို ရေးသားချန်ထားနိုင်သော ‘‘ထင်မြင်သုံးသပ်ချက်’’ကဏ္ဍကို တွေ့ရ
သည်။ ချီးမွမ်းထိုက်သောသတင်းပင်လျှင် မပြတ်တမ်း မိုက်မိုက်ရိုင်းရိုင်း ဝေဖန်ခံရသည်။
အကြောင်းရင်း ဂဃနဏ မသိဘဲ စော်ကားခံရသည်။ ပျစ်ပျစ်နှစ်နှစ် အဆဲခံရသည်။
သုတ္တံကျမ်းအား လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ခန့်က
စုစည်းရေးသားခဲ့ပြီး ထိုကျမ်းမှ အမြဲတမ်းအသုံးဝင်သည့်
ပညာအမြော်အမြင်များက မျက်မှောက်ခေတ် လောလော
လတ်လတ် ထုတ်ပြန်သည့် သတင်းကဲ့သို့ပင် အချိန်နှင့်
တစ်ပြေးညီ ခေတ်မီသည်။ သုတ္တံကျမ်း ၂၆ ရှိ ဆုံးမစကား
နှစ်ခွန်းကို အမှုမဲ့အမှတ်မဲ့ကြည့်လျှင် ဆန့်ကျင်နေသယောင်
ထင်ရလည်း ဆက်သွယ်ရေးလူမှုမီဒီယာအတွက် အသင့်
တော်ဆုံး ကိုက်ညီလှသည်။ ‘‘မိုက်သောသူ၏သဘောသို့
လိုက်၍ သူ၏စကားကို မချေနှင့်။ ထိုသို့ချေလျှင် သူနှင့်တူ
လိမ့်မည်’’(း၎)။ ထို့နောက်တွင် ‘‘မိုက်သောသူ၏သဘောသို့
လိုက်၍ သူ၏စကားကိုချေလော့။ သို့မဟုတ်…
အစွန်းအဖျားနားဝယ်
အိုင်ဒါဟိုနယ်-ကူနာ ဒေသ တောင်ပိုင်းတွင် မြေအောက်ချော်ရည်ပူ တွင်းခေါင်း တစ်ခုရှိ
သည်။ ထိုအကြောင်းကြောင့် ဒေသတွင်း အတော်လေး မကောင်းသတင်းကျော်သည်။
ကျွန်ုပ် သိသရွေ့ ယင်း၏ တစ်ခုတည်းသောဝင်ပေါက်သည် အမှောင်ထုထဲသို့ တိုးဆင်း
နစ်ဝင်သွားသော ပွင့်ဟနေသည့် တွင်းခေါင်းဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ထိုချော်ရည်ပူ
တွင်းဝ တွင် မတ်တပ်ရပ်ကာ အောက်သို့ငုံ့ကြည့်ရာ အရဲစွန့်
အနီးကပ်ကြည့်ရန် ဆွဲဆောင်ခံရပြီး အနီးကပ်သွားလိုက်ရာ
ဟန်ချက်ပျက်လုမတတ် ဖြစ်သွားသည်။ ရင်တဒိတ်ဒိတ် ခုန်ပြီး
စိုးရိမ်စိတ်တို့ တဒင်္ဂလွှမ်းမိုးခံစားရကာ တွင်းဝမှ နောက်ဆုတ်
ပြန်ခဲ့သည်။
အပြစ်သည်လည်း ထိုနည်းတူပင်။ စူးစမ်းလိုစိတ်က
ကျွန်ုပ်တို့ကို အမှောင်ထုထဲသို့ ဆွဲခေါ်သွားနိုင်သည်။ အစွန်းဖျားနားထိ နီးကပ်စွာ
ရောက်ရှိပြီး ဟန်ချက်ပျက်ကာ အမှောင်ထုသို့ လူယောက်ျား၊ မိန်းမတို့ ဘယ်နှစ်ကြိမ်
ပြုတ်ကျခဲ့ပြီလဲ။ စမ်းကြည့်ရုံလေးနှင့် အစပြုပြီး အဆင့်တက်ကာ အတွေးထဲ စိုးမိုးလျက်…
ဘုရားသခင်၏ကောင်းမြတ်သောစိတ်နှလုံး
ရော်ဂျာတစ်ယောက် ခက်ခဲသော အခြေအနေများကို ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။ နှလုံး
အဆို့ရှင်ကို ခွဲစိတ်ကုသခဲ့ပြီးနောက် နှစ်ပတ်အတွင်းတွင် နောက်ဆက်တွဲရောဂါ ၀င်လာ၍
ထပ်မံ၍ ခွဲစိတ်ရပြန်သည်။ တစ်ဖန် စက်ဘီးမတော်တဆထိခိုက်မှုကြောင့် ညှပ်ရိုးကျိုး
သွား၍ လေ့ကျင့်ခန်းယူကာ ကုသမှုခံယူရသည်။ ထပ်ဆင့်၍ မိခင် ကွယ်လွန်သွားပြန်၍
နှလုံးကြေကွဲ ခဲ့ရသည်။ သူ့ခမျာ အလွန်စိတ်ပျက် အားလျော့
ခံစားခဲ့ရသည်။ မိတ်ဆွေတစ်ဦးက ‘‘ဘုရားသခင် အလုပ်လုပ်
နေကြောင်း တစ်နည်းနည်းဖြင့် သိမြင်ပါသလား’’ ဟု မေးရာ
‘‘တကယ်ပါ။ ဘုရားသခင် အလုပ်လုပ်နေတယ်လို့ မခံစား
ရဘူး’’ ဟု ၀န်ခံခဲ့သည်။
ရော်ဂျာ၏ ရိုးသားမှုကို ကျွန်မနားလည်ပါသည်။
စိတ်ပျက်အားလျော့ခြင်း၊ သံသယ၀င်ခြင်းတို့ကို ကျွန်မလည်း
ခံစားဖူးသည်။ ရောမသြ၀ါဒစာတွင် တမန်တော် ရှင်ပေါလုက
“ထိုမျှမက ဒုက္ခဆင်းရဲကိုခံ၍ ၀ါကြွားဝမ်းမြောက်ခြင်း ရှိကြ၏။
အကြောင်းမူကား ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစု…
ငြိမ်သက်ခြင်းရရှိနိုင်မည့်နည်း
ဖင်လန်နိုင်ငံ၊ ဟယ်စင်ကီရှိ ဆိတ်ငြိမ်သော ကမ်ပီ ဘုရားဝတ်ပြုကျောင်းကြီးသည်
မြို့လယ်တွင် တည်ရှိသည်။ အခုံးပုံသဏ္ဍာန်ရှိသော အဆောက်အဦကို သစ်သားဖြင့်
ထပ်ဖုံးထားခြင်းကြောင့် အပြင်ဘက်ရှိ မြို့လယ်မှ ဆူညံသံများကို သက်သာစေသည်။
ပုံစံဒီဇိုင်းထုတ်သူက လာရောက်သူများအနေဖြင့် စိတ်ကို
ပြန်လည်စုစည်းနိုင်ရန် ဘုရားကျောင်းကို တိတ်ဆိတ်သော
အရပ်၊ ဆိတ်ငြိမ်သော ပတ်ဝန်းကျင်တစ်ခုအဖြစ် ဖန်တီးပေး
ခဲ့သည်။ မြို့ပြလူနေမှု၏ ရှုပ်ထွေးပျားပန်းခတ်ဆူညံမှုတို့မှ
လွတ်မြောက်နိုင်သည့်နေရာဖြစ်သည်။
လူအများက ငြိမ်သက်ခြင်းကို တောင့်တကြသည်။
မိနစ်အနည်းငယ်မျှ တိတ်ဆိတ်ခြင်းက ကျွန်ုပ်တို့၏စိတ်ကို
ဖြေသိမ့်ပေးသည်။ သို့သော် သမ္မာကျမ်းက ဘုရားသခင်နှင့်
ရန်ငြိမ်းခြင်းဟူသည့် စစ်မှန်သော ငြိမ်သက်ခြင်းကို သားတော်ထံမှရရှိကြောင်း သွန်သင်
ထားသည်။ ‘‘ထို့ကြောင့် ငါတို့သည် ယုံကြည်၍ ဖြောင့်မတ်ရာသို့ရောက်လျှင် ငါတို့
သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားရကြ၏’’ဟု
တမန်တော်ရှင်ပေါလုက ပြောခဲ့ပါသည်။ ခရစ်တော်မပါရှိပါက အပြစ်ကြောင့် ကျွန်ုပ်
တို့သည်…
ငြိမ်သက်ခြင်းရရှိနိုင်မည့်နည်း
ဖင်လန်နိုင်ငံ၊ ဟယ်စင်ကီရှိ ဆိတ်ငြိမ်သော ကမ်ပီ ဘုရားဝတ်ပြုကျောင်းကြီးသည်
မြို့လယ်တွင် တည်ရှိသည်။ အခုံးပုံသဏ္ဍာန်ရှိသော အဆောက်အဦကို သစ်သားဖြင့်
ထပ်ဖုံးထားခြင်းကြောင့် အပြင်ဘက်ရှိ မြို့လယ်မှ ဆူညံသံများကို သက်သာစေသည်။
ပုံစံဒီဇိုင်းထုတ်သူက လာရောက်သူများအနေဖြင့် စိတ်ကို
ပြန်လည်စုစည်းနိုင်ရန် ဘုရားကျောင်းကို တိတ်ဆိတ်သော
အရပ်၊ ဆိတ်ငြိမ်သော ပတ်ဝန်းကျင်တစ်ခုအဖြစ် ဖန်တီးပေး
ခဲ့သည်။ မြို့ပြလူနေမှု၏ ရှုပ်ထွေးပျားပန်းခတ်ဆူညံမှုတို့မှ
လွတ်မြောက်နိုင်သည့်နေရာဖြစ်သည်။
လူအများက ငြိမ်သက်ခြင်းကို တောင့်တကြသည်။
မိနစ်အနည်းငယ်မျှ တိတ်ဆိတ်ခြင်းက ကျွန်ုပ်တို့၏စိတ်ကို
ဖြေသိမ့်ပေးသည်။ သို့သော် သမ္မာကျမ်းက ဘုရားသခင်နှင့်
ရန်ငြိမ်းခြင်းဟူသည့် စစ်မှန်သော ငြိမ်သက်ခြင်းကို သားတော်ထံမှရရှိကြောင်း သွန်သင်
ထားသည်။ ‘‘ထို့ကြောင့် ငါတို့သည် ယုံကြည်၍ ဖြောင့်မတ်ရာသို့ရောက်လျှင် ငါတို့
သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားရကြ၏’’ဟု
တမန်တော်ရှင်ပေါလုက ပြောခဲ့ပါသည်။ ခရစ်တော်မပါရှိပါက အပြစ်ကြောင့် ကျွန်ုပ်
တို့သည်…
သူ ကျွန်ုပ်ကို ရှာတွေ့ခဲ့ပြီ
amazing Grace ရုပ်ရှင်ကို ၁၇၀၀ ပြည့်နှစ် နောက်ပိုင်းတွင် ထုတ်လုပ်ခဲ့သည်။ ထို
ဇာတ်လမ်းမှာ နိုင်ငံရေးသမား ၀ီလျံ ဝေးလ်ဘာ ဖို့စ်သည် ခရစ်တော်၌ ယုံကြည်ခြင်းစိတ်
၏တွန်းအားပေးမှုဖြင့် အင်္ဂလန်နိုင်ငံ၏ ကျွန်ရောင်းဝယ်ရေးစနစ် ပပျောက်ရေးအတွက်
သူ၏ငွေနှင့်အင်အားကို အသုံးပြုခဲ့ကြောင်း ဖော်ပြထား
သည်။ ဇာတ်ဝင်ခန်းတစ်ခုတွင် ဝေးလ်ဘာ ဖို့စ် ဆုတောင်း
နေသည်ကို သူ့အိမ်တော်ထိန်းက တွေ့သဖြင့် ‘‘ဘုရား
သခင်ကို ရှာတွေ့ပြီလား’’ ဟုမေးရာ ဝေးလ်ဘာ ဖို့စ်က ‘‘သူ
ငါ့ကို ရှာတွေ့တာ ထင်တယ်’’ ဟူ၍ ပြန်ဖြေခဲ့သည်။
ကျမ်းစာထဲတွင် လူသားမျိုးနွယ်အား ထိန်းကျောင်းရ
ခက်သည့် လမ်းပျောက်နေသောသိုးနှင့်တူကြောင်း ပုံဖော်
ထားသည်။ ကျမ်းစာ၌ ‘‘ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွှဲ
လျက်၊ ကိုယ်လမ်းသို့ အသီးသီး လိုက်သွားကြသည်’’ (ဟေရှာ
၅၃း၆) ဟု…
သက်ကြီးသူတို့၏စွမ်းအား
ဒတ်ခ်ျအနုပညာရှင် ပယိုနီလက်ဖာသည် နယ်သာလန်နိုင်ငံတွင် အသက်ကြီးသူတို့၏
အရေးပါမှုကို ဖော်ပြရန်အတွက် ‘‘သက်ကြီးသူတို့၏စွမ်းအား’’ဟု ခေါ်သော အစီအစဉ်
တစ်ခု အစပြုခဲ့သည်။ သူမက ဒေသခံကလေးများအား သူတို့၏အဘိုးအဘွားပုံများကို
ရေးဆွဲခိုင်းသည်။ လက်ဖာ သည် အသက်ကြီးသူ ဘိုးဘွား
များ၏ ‘‘ရိုးသားသန့်စင်သော မြင်ကွင်း’’ကို ဖော်ပြလိုခြင်း
ဖြစ်ပြီး ထိုအချက်ကို ကလေးသူငယ်များက ကူညီပေးနိုင်
လိမ့်မည်ဟုလည်း ယုံကြည်သည်။ ကလေးများ၏ ပန်းချီကား
များတွင် သူတို့ အဘိုးအဘွားများ တင်းနစ်ကစားနေပုံ၊
ပန်းဥယျာဉ်ခြံပြုစုနေပုံ၊ ပန်းချီဆွဲနေပုံများ အပါအ၀င် အခြား
ပုံများစွာ ပါဝင်ပြီး အဘိုးအဘွားများအပေါ် ၎င်းတို့၏အမြင်
အယူအဆသည် လန်းဆန်းတက်ကြွရှင်သန်ကြောင်း၊ ထို
ပန်းချီကားများက ထင်ဟပ်ပြနေသည်။
ဣသရေလလူ ကာလက်သည် သူ့အသက်ကြီးလာသည်နှင့်အမျှ အရေးပါသူ
ဖြစ်သည်။ ကတိထားရာပြည်သို့ ဣသရေလလူမျိုးတို့ မ၀င်ရောက်မီ သူငယ်ရွယ်စဉ်ကပင်
ထိုပြည်ကို ထိုးဖောက်ဝင်ရောက်ခဲ့သူ ဖြစ်သည်။…
ဘယ်သူ့အမှိုက်လဲ
‘‘ကိုယ့်အမှိုက်ကိုတောင် ကိုယ်မယူသွားနိုင်ကြဘူးလား။ ကမ်းခြေမှာ အမှိုက်ပစ်ထား
ခဲ့ရတာ တော်တော်ပျော်နေတယ် ဟုတ်လား။ ဒီလူတွေက ကမ္ဘာလှည့် ခရီးသည်တွေပဲ
ဖြစ်မယ်။ ကျွန်မတို့ ဒေသခံလူတွေတော့ ကိုယ့်ကမ်းခြေကို မရိုမသေ၊ မလေးမစားတော့
မလုပ်တန်ကောင်းပါဘူး’’ ဟု ကမ်းခြေမှ ဘူးခွံအမှိုက်များကို ကောက်ပြီး ပေ ၂၀ အကွာရှိ
အမှိုက်ပုံးထဲသို့ သွားပစ်ထည့်ရင်း ခင်ပွန်းသည် ဂျေး ကို ကျွန်မညည်းပြီး ပြောမိသည်။
နောက်နေ့ မနက်ရောက်သော် ယခင်နှစ်များက
ကျွန်မကိုယ်တိုင်ရေးခဲ့သည့် သူတစ်ပါးကိုဝေဖန်ခြင်း
အကြောင်း ဆုတောင်းလေးကို ပြန်ဖတ်မိသည်။ သူတစ်ပါး၏
အမှိုက်ကို ရှင်းလင်းပေးခဲ့ရ၍ ဂုဏ်ယူနေသည့် ကျွန်မ၏
ဝါကြွားစိတ်သည် မှားယွင်းနေကြောင်း ကိုယ့်စာသားများက
ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးသည်။ စင်စစ် ကျွန်မကိုယ်၌
ကျွန်မ လျစ်လျူရှု ဥပက္ခာပြုထားသည့် အမှိုက်များရှိသည်။
အထူးသဖြင့် ၀ိညာဉ်ရေးနှင့်ပတ်သက်သော အမှိုက်များ
ဖြစ်သည်။
ကျွန်မ…
ခဲတံတိုက်ပွဲ
ငယ်စဉ်က စာစရေးစဉ် ကျွန်မ၏ပထမတန်းဆရာမက ခဲတံကို စနစ်တကျကိုင်ရန်
အမြဲပြောသည်။ ဆရာမကြည့်နေသည့်အချိန်၌ သူကိုင်စေချင်သည့် အတိုင်း ကိုင်သည်။
သို့သော် ဆရာမတစ်ဖက်လှည့်သွားသည်နှင့် ကျွန်မက ခေါင်းမာမာဖြင့် ကျွန်မအတွက်
ပိုသက်သောင့်သက်သာ ဖြစ်သည့်နည်းကို ပြန်ပြောင်းကိုင်လိုက်သည်။
ဤစိတ်ဓာတ်တိုက်ပွဲတွင် ကျွန်မကိုယ်ကျွန်မ
တိတ်တဆိတ် အောင်နိုင်သူ အဖြစ်ထင်ခဲ့သည်။ ကျွန်မ၏
သဘောအတိုင်းသာ ခဲတံကို ဆက်ကိုင်ခဲ့သည်။ ကျွန်မ၏
ခေါင်းမာသောအကျင့်ကြောင့် စာရေးလေ့ကျင့်ရာ၌ ဆိုးဝါး
စေပြီး နောက်ဆုံးတွင် ခဏလေးနှင့် လက်ညောင်းသည်။
၎င်းကို အမြော်အမြင်ရှိသည့် ဆရာမက သိနေခဲ့ကြောင်း
ဆယ်စုနှစ်ကျော်ပြီးနောက်မှ ကျွန်မ သဘောပေါက်ခဲ့သည်။
ကလေးများအနေဖြင့် သူတို့အတွက် ဘယ်အရာက
ကောင်းသည်ကို သိနားလည်ခြင်းမရှိပါ။ သူတို့ဖြစ်ချင်သည့်
အတိုင်း သူတို့လုပ်တတ်ကြသည်။ စင်စစ် ဣသရေလအမျိုး
သည် တစ်ဆူတည်း စစ်မှန်သောဘုရားထက် ၎င်းတို့
ဝန်းကျင်ရှိ တစ်ပါးအမျိုးသားများ၏ ဘုရား များကို…
စစ်ဆေးမှုပြုခြင်း
နှစ်စဉ်ဆေးစစ်ရန်အတွက် ဆရာဝန်ထံသွားရန် အချိန်ကျပြီ။ ကျွန်တော် နေကောင်း
ကျန်းမာနေသော်လည်း ထိုစစ်ဆေးမှုများက အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော်
ပုံမှန်စစ်ဆေးခြင်းက ဖုံးကွယ်နေသော ရောဂါများနှင့် ရောဂါအခြေအနေ ပိုဆိုးစေသည့်
ပြဿနာများကို ရှာဖွေပေးသောကြောင့် ဖြစ်သည်။
ဆရာဝန်အား ရောဂါရှာဖွေခွင့်ပြုခြင်းနှင့် မမြင်ရသောရောဂါ
အတွက် ကုထုံးရှာဖွေစေခြင်းသည် ရေရှည်၌ ကျန်းမာရေး
အတွက် ဖြစ်သည်။
ဆာလံဆရာသည်လည်း ၀ိညာဉ်ရေးရာ၌ ထိုကဲ့သို့
ခံစားရကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ၀ှက်ထား
သောအပြစ်များကို ဖော်ပြရန် ဘုရားသခင်ထံ အသနားခံ
လျက် ‘‘ကျွန်ုပ်ကို စစ်ကြော၍ ... ဆိုးသောလမ်းသို့ အကျွန်ုပ်
လိုက်သည် မလိုက်သည်ကို ကြည့်ရှု၍ ထာဝရလမ်းထဲသို့
သွေးဆောင်တော်မူပါ’’ (ဆာ ၁၃၉း၂၃-၂၄) ဟု ဆုတောင်း
ခဲ့သည်။ မတည်ငြိမ်သော သူ့အခြေအနေအား စစ်ဆေးရန်
ဘုရားသခင်အား အခွင့်အရေးအပြည့်ပေး၍ သူ၏၀ိညာဉ်ရေးရာကို ကြံ့ခိုင်စေသော…