ကျွန်ုပ်တို့၏အကြံအစည်နှင့် ဘုရား၏အကြံအစည်
လွန်ခဲ့သောနှစ်များစွာက ကျွန်မ၏ခင်ပွန်းသည်သည် ဘုရားကျောင်းမှလူများနှင့်အတူ အာဖရိကသို့ ခရီးသွားရန် စီစဉ်ခဲ့သည်။ နောက်ဆုံးမိနစ်တွင် ခရီးမသွားရန် သူတို့အုပ်စု တားဆီးခံခဲ့ရသည်။ သူတို့အားလုံး စိတ်ပျက်သွားခဲ့ကြသည်။ သို့သော် သူတို့စုဆောင်းထားသည့်လေယာဉ်ခ၊ နေထိုင်စရိတ်နှင့်စားစရိတ်များကို သူတို့သွားရောက်ရန် စီစဉ်ထားသည့် ဒေသမှလူများအတွက် ပေးလှူခဲ့ကြပြီး၊ ညှဥ်းပန်းနှိပ်စက်ခံရသူတို့ နေထိုင်ရန်အတွက် အဆောက်အအုံ ဆောက်လုပ်ရာတွင် ထိုငွေကြေးများကို အသုံးပြုခဲ့ကြသည်။
မကြာမီက “နံနက်စာ ဆုတောင်းဝိုင်း” အစီအစဉ်တွင် လွန်ခဲ့သော နှစ်ပေါင်း များစွာက သူသွားရောက်ရန် ပြင်ဆင်ခဲ့ပြီး ခရီးစဥ်ပျက်သွားသည့်ရွာမှ လူတစ်ဦးနှင့် သူတွေ့ဆုံခဲ့သည်။ ထိုသူသည် ကျောင်းဆရာတစ်ဦးဖြစ်ပြီး၊ ထိုအဆောက်အအုံ ဘေးမှ နေ့စဉ်ဖြတ်သွားကြောင်း ပြောပြခဲ့သည်။ ထိုဒေသအတွင်းရှိ အားအနည်းဆုံး သူများအတွက် ထိုအဆောက်အအုံကို ဘုရားသခင် အကျိုးရှိစွာ အသုံးပြုခဲ့ကြောင်း သူအတည်ပြုပြောပြခဲ့သည်။
ကျွန်ုပ်တို့၏အကြံအစည်နှင့် စိတ်ကူးများသည် ဘုရားသခင်၏စိတ်ထဲရှိ အရာများနှင့် အမြဲတမ်း မကိုက်ညီပါ။ ဘုရား၏အကြံအစည်သည် ကျွန်ုပ်တို့၏ အကြံအစည်နှင့်မတူ၊…
ဘုရားသခင်သည် ကျွန်ုပ်တို့နောက် ပြေးလိုက်သည်
သူ့ကို ဘုရားသခင်နှင့်ဝေးကွာစေသည့် စွဲလန်းမှုနှင့် နှစ်ပေါင်းများစွာ အီဗန်(Evan)ရုန်းကန်နေရသည်။ သခင့်အချစ်နှင့် ကျွန်တော်ဘယ်လိုထိုက်တန်နိုင်မှာလဲ ဟု သူစဉ်းစားခဲ့သည်။ ထို့ကြောင့် ဘုရားကျောင်းသို့သွားတိုင်း ဘုရားနှင့်သူ့ကို ခြားထားသည့် ချောက်နက်ကြီးရှိနေသည်ဟု သူခံစားရသည်။
သို့သော်လည်း တစ်စုံတစ်ခုအတွက် အီဗန်နက်နက်နက်နဲနဲ ဆုတောင်းချိန်တိုင်း ဘုရားသခင် သူ့ကို အဖြေပေးခဲ့သည်။ ခက်ခဲချိန်တွင် သူ့ကို အားပေးရန်နှင့် နှစ်သိမ့်ရန် လူများကို ဘုရားရှင် စေလွှတ်ပေးခဲ့သည်။ နှစ်အတန်ကြာပြီးနောက် ဘုရားသခင်သည် အစဥ်မပြတ် သူ့နောက်လိုက်နေပြီး၊ သူ့ကို အမြဲချစ်လျက် ဂရုစိုက်ကြောင်း ပြနေသည်ကို အီဗန်သိလာခဲ့သည်။ သို့နှင့် ဘုရားသခင်၏ ခွင့်လွှတ်မှုနှင့် ချစ်ခြင်း မေတ္တာကို သူစတင်ယုံကြည်လာခဲ့သည်။ “အခု ငါဟာ ခွင့်လွှတ်ခြင်းခံရပြီး၊ စွဲလန်းမှု နဲ့ ရုန်းကန်နေရဆဲဖြစ်သည့်တိုင် ကိုယ်တော်နဲ့ နီးအောင် ကျွန်တော့်ကို ဆွဲခေါ်ဖို့ ဘုရားသခင်ကို အခွင့်ပေးနိုင်ပြီ”ဟု သူဆိုခဲ့သည်။
ယေဇ ၃၄:၁၁ တွင်…
မိတ်ဆွေ မျှားခြင်း
ဖယ်တီ(Patty)သည် နေ့ခင်းဘက်တွင် အနီးဝန်းကျင်ရှိ မြစ်ကမ်းနား၌ ငါးမျှားတံတွင် အစာချိတ်ပြီး ရေထဲချကာ အချိန်ဖြုန်းခဲ့သည်။ ထိုဒေသသို့ မကြာမီကမှ သူပြောင်းလာခဲ့ခြင်းကြောင့် မိတ်ဆွေအသစ်ရရန်သာ စောင့်ဆိုင်းနေပြီး ငါးမိရန် မမျှော်လင့်ပါ။ ငါးစာအဖြစ် တီနှင့် အခြားသုံးနေကျ ငါးစာများကိုလည်း မသုံးထားပါ။ ထိုအစား၊ သူမသည် ပူအိုက်သောနွေရာသီတွင် မြစ်ထဲ၌ ဖောင်ဖြင့် စုန်ဆင်းလာသူများထံသို့ ငါးမျှားတံနှင့် ကွက်ကီးမုန့်ထုတ်လေးများ ကမ်းပေးသည်။ သူမ၏ မုန့်ချိုကို နှစ်သက်ပုံရသော အိမ်နီးနားချင်းအသစ်များနှင့် မိတ်ဆွေဖွဲ့ရန် သူမသည် ဤဆန်းသစ်သော နည်းလမ်းကို အသုံးပြုခဲ့သည်။
ဖယ်တီသည် “မိတ်ဆွေ မျှား” ရာတွင် သခင်ယေရှုက ပေတရုနှင့် အန္ဒြေတို့ကို သူနှင့်အတူ အသက်တာကိုလျှောက်လှမ်းရန် ဖိတ်ခေါ်ခဲ့စဥ်ကထက် ပို၍ ယုတ္တိကျခဲ့သည်။ ထိုညီအစ်ကို နှစ်ယောက်သည် အလုပ်ကြိုးစားသော တံငါသည်များဖြစ်ပြီး ဂါလိလဲအိုင်၌ ပိုက်ကွန်များချနေကြသည်။ သူတို့ အလုပ်များနေစဥ် ယေရှုက ဖြတ်ပြီး…
ရန်ငြိမ်းခြင်းအရှင်ယေရှု
စူစန်(Susan)၏ ဆိုရှယ်မီဒီယာပို့စ်ကို မြင်သောအခါ ဂျုန်း(Joan)ညည်းလိုက်မိသည်။ ဘုရားကျောင်းမှ သူငယ်ချင်း ၁၀ ယောက် စားသောက်ဆိုင်တွင် ပြုံးပြီးရိုက်ထားသောဓာတ်ပုံကို တင်ထားသည်။ ဤလအတွင်း သူမ မပါဘဲ ဒုတိယအကြိမ် ပျော်ရွှင်စွာ တွေ့ကြခြင်းဖြစ်သည်။ ဂျုန်း မျက်ရည်များကို သုတ်လိုက်သည်။ ယခုထက်တိုင် သူမသည် အခြားသူများနှင့် အမြဲအဆင်မပြေဖြစ်နေသည်။ သူမကို ပထားသူများနှင့်အတူ ဘုရားကျောင်းတက်ရခြင်းက အနေကျုံ့လှသည်။
ပထမရာစုနှစ်ကလည်း တစ်စိမ်းဆံမှုရှိသည်။ သို့သော် သခင်ယေရှုသည် ညီညွတ်မှုကို အလိုရှိပြီး ကွဲပြားမှုကို ကုစားပေးရန် ကြွလာခဲ့သည်။ အသင်းတော် အစပြုသည့် အချိန်မှစ၍ အချင်းချင်း အဆင်မပြေသူများသည် သခင်ယေရှု၌ တူညီမှုကို ရှာဖွေကြရသည်။ ယုဒလူမျိုးများက တစ်ပါးအမျိုးသားတို့အား တရားတော်ကို မစောင့်ဟု အထင်သေးကြသကဲ့သို့ တစ်ပါးအမျိုးသားများကလည်း မိမိကိုယ့်ကို ပိုကောင်းသည်ဟုထင်သော ယုဒလူမျိုးများကို မုန်းတီးသည်။ ထို့ကြောင့် သခင်ယေရှုက “...ရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကို ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်းတော်မူသဖြင့်…
ခရစ်တော်အားဖြင့် ကူညီမစခြင်း
ကျွန်တော့်သူငယ်ချင်း Dwayne ဒွင်း ၏အမေ၊ မစ္စ Charlene ရှာလင်းသည် အသက် ၉၄ နှစ်ရှိပြီး၊ အရပ်က ၅ ပေအောက်၊ ကိုယ်အလေးချိန်လည်း ပေါင် ၁၀၀ အောက်သာရှိသည်။ သို့သော် ထိုအရာများက ကျန်းမာရေးအားနည်းပြီး မိမိကိုယ်ကိုပင် မကြည့်ရှုနိုင်သော သားကို မစောင့်ရှောက် မပြုစုနိုင်အောင် သူမအတွက် အတားအဆီး မဖြစ်ခဲ့ပါ။ သူတို့၏နှစ်ထပ်အိမ်သို့ အလည်အပတ်ရောက်သွားလျှင် သူမနေသော ဒုတိယထပ်၌ သူ့ကို တွေ့ရတတ်သည်။ သူမသည် လှေကားထစ် ၁၆ ထစ်ကို နင်းပြီး၊ အောက်ထပ်သို့ ဖြည်းညင်းစွာ ဆင်းလာကာ ဧည့်သည်များအား သူမချစ်သောသားကို ပြုစုသကဲ့သို့ နှုတ်ဆက်ဧည့်ဝတ်ပြုသည်။
သူမ၏လိုအပ်ချက်ထက် သား၏ကျန်းမာရေးကို ရှေးရှုသော မစ္စ ရှာလင်း၏ ကိုယ်ကျိုးမဖက်သည့် ခိုင်မာသောစိတ်ဓာတ်သည် ကျွန်ုပ်အတွက် ယုံကြည်လောက်သည့် အနှစ်သာရ၊ စိန်ခေါ်ချက်နှင့် တွန်းအား ဖြစ်သည်။ ဖိလိပ္ပိသြဝါဒစာ…
ဘုရားသခင်၏အမြင်၌ မသင့်လျော်သည် မရှိပါ
နှစ်စဉ်ကျင်းပမြဲဖြစ်သော အမျိုးသားဘောလုံးအဖွဲ့ချုပ်၏ ကျွမ်းကျင်အဆင့် ဘောလုံးအသင်းများသည် ကစားသမားသစ်များကို ရွေးချယ်ကြသည်။ နည်းပြများသည် အလားအလာရှိသော ကစားသမားများ၏ ကျွမ်းကျင်မှုနှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို နာရီပေါင်း ထောင်ချီကြာအောင် အကဲဖြတ်ကြသည်။ ၂၀၂၂ ခုနှစ်တွင် Brock Purdy (ဘရော့ဖဲဒီ) သည် ၂၆၂ ယောက်မြောက် နောက်ဆုံးကစားသမား အဖြစ် ရွေးချယ်ခံရပြီး၊ နောက်ဆုံးရွေးချယ်ခံသူကို ပေးသော “မသင့်လျော်သော ကစားသမား” အဖြစ် အမည်ပြောင်ပေးခံခဲ့ရသည်။ လာမည့်ရာသီပွဲတွင် သူပါဝင်ကစားရမည်ဟု မည်သူမှ မျှော်လင့်မထားပေ။ သို့သော် လအနည်းငယ် ကြာပြီးနောက် ဖဲဒီ သည် သူ၏အဖွဲ့အတွက် အနိုင်အရှုံး ဆုံးဖြတ်ပေးမည့် သွင်းဂိုးနှစ်လုံး သွင်းပေးခဲ့သည်။ စင်စစ် အသင်းအမှုဆောင်များသည် အလားအလာရှိသူများကို အမြဲတမ်း ထိရောက်စွာ မဖော်ထုတ်ပေးနိုင်သလို ကျွန်ုပ်တို့လည်း မလုပ်နိုင်ပါ။
၎င်းနှင့်အလားတူသည့် ဓမ္မဟောင်းကျမ်းထဲမှ အကြောင်းအရာတွင် ဘုရားသခင် သည် ပရောဖက်ရှမွေလကို ယေရှဲ၏သားများထဲမှ…
ခရစ်တော်၌ စိုက်ပျိုးရှင်သန်သောအသက်တာ
ကျောက်စရစ်လမ်းအဆုံးရှိ ရွှံ့မြေထက်ပိုပျော့သည့် မြေကွက်လပ်ကြီးပေါ်တွင် ကျွန်တော်တို့၏အိမ်ကို တည်ဆောက်ထားပြီး၊ အော်ရီဂွန်(Oregon)တောင်ခြေ၏ ရေမြေသဘာဝနှင့်လိုက်ဖက်ရန် မြက်ပင်များ၊ သစ်ပင်များနှင့် ချုံပုတ်ပင်များစိုက်ရန် လိုအပ်ခဲ့သည်။ မြက်ခင်းပြင်သုံးကိရိယာများကိုယူပြီး အလုပ်စလုပ်ရာ “မြေ၌ လယ်ယာပျိုးပင် မကြီးပွားမီ၊ လယ်ယာ၌ စပါးပင်မကြီးပွားမီ ...မြေ၌လုပ်သောလူလည်း မရှိသေး” (က ၂:၅) ဟူသည့် ထွန်ယက်လုပ်ကိုင်မည့် လူသားများကို စောင့်မျှော်နေသည့် ပထမဆုံး ဥယျာဉ်အကြောင်း အတွေးထဲဝင်လာသည်။
ကမ္ဘာဦးကျမ်းအခန်းကြီး ၁ မှ ဖန်ဆင်းခြင်းဖြစ်စဥ်တွင် ဘုရားသခင်၏ အကဲဖြတ်ခြင်းနှင့်ပတ်သက်၍‘ကောင်းလှ၏’(သို့) ‘အလွန်ကောင်း၏’ (:၄၊၁၀၊၁၂၊ ၁၈၊၂၁၊၂၅၊၃၁)ဟု သုံးသပ်ထားကြောင်း ထပ်ခါတလဲလဲ ဖော်ပြထားသည်။ သို့သော်၊ မပြည့်စုံသေးပါ။ အာဒံနှင့်ဧဝတို့သည် ဥယျာဥ်ကြီးကို ပြုစုပျိုးထောင်ရန်၊ ဘုရားသခင် ၏ဖန်ဆင်းခြင်းကို သစ္စာရှိစွာ အုပ်စိုးရန်(:၂၈) လိုအပ်နေပါသေးသည်။ သူတို့နှစ်ဦးသည် မပြောင်းလဲသော သုခကမ္ဘာတွင် နေရမည်မဟုတ်ဘဲ စောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရန် လိုအပ်သည့်နေရာတွင် နေထိုင်ရမည်…
ယေရှုကိုသာ စေ့စေ့မျှော်ကြည့်ပါ
ဇွန် ၏မျက်လုံးများက သူ့ဘေးနားရှိ မီးခိုးရောင်ကားကို စိုက်ကြည့်နေသည်။ အဝေးပြေးလမ်းမမှထွက်ရန် ယဥ်ကြောပြောင်းရမည်ဖြစ်ပြီး၊ ထိုကားကို ကျော်ရန် ကြိုးစားတိုင်း ထိုယာဉ်မောင်းက အရှိန်မြင့်လိုက်ပုံရသည်။ နောက်ဆုံးတွင် ထိုကားကို သူမ ကျော်ဖြတ်နိုင်ခဲ့သည်။ သူမ၏ အောင်ပွဲအခိုက်အတန့်တွင် ပျော်နေသော ဇွန် သည် နောက်ကြည့်မှန်ကို ကြည့်ကာ ပြုံးလိုက်သည့်တစ်ချိန်တည်းမှာ သူမထွက်မည့် ထွက်ပေါက်ကျော်သွားပြီဟု သိလိုက်သည်။
“ကျော်တတ်ဖို့ စိတ်လောနေတာနဲ့ ထွက်ရမယ့်အပေါက်ကိုတောင် လွဲသွားတယ်” ဟု ကြေကွဲသောအပြုံးဖြင့် ဇွန် ပြန်ပြောင်းပြောခဲ့သည်။
ဘုရားသခင် အလိုရှိသောလမ်းကို ကျွန်ုပ်တို့လျှောက်လှမ်းရန် ဆန္ဒရှိချိန်များ ၌လည်း ထိုသို့သော လမ်းလွဲခြင်းမျိုးဖြစ်ပေါ်နိုင်သည်။ ဂျူးလူမျိုးတို့၏ ဥပဒေသကို မလိုက်နာခြင်းအတွက် သခင်ယေရှုကို ဘာသာရေးခေါင်းဆောင်များက ညှဉ်းဆဲရာ (ယော ၅:၁၆)၊ ၎င်းတို့သည် ပညတ်တရားကို လေ့လာခြင်းနှင့် လိုက်နာခြင်းတွင် စိတ်စွဲလွန်း၍ ထိုပညတ်တရားက ညွှန်ပြသောပုဂ္ဂိုလ်ကို မတွေ့ဘဲ လွဲချော်နေကြောင်း “ကျမ်းစာအားဖြင့်…
ဘုရားသခင်၏ ကျယ်ဝန်းသော အရပ်ဒေသ
ဓမ္မပညာရှင် တော့ဒ်ဘီလင်းစ် (Todd Billings) သည် သူ၌ ကုသ၍မရသော သွေးကင်ဆာရောဂါရှိနေကြောင်း သိရသောအခါ၊ ရင်ဆိုင်ရတော့မည့် သေခြင်းတရား ကို အဝေးရှိ အခန်းငယ်မှ မှိတ်တုတ်မှိတ်တုတ် မီးအလင်းလေး သေဆုံးသွားသည့် အလား တင်စားဖော်ပြခဲ့ပြီး၊ “တစ်နှစ်အရွယ်နဲ့ သုံးနှစ်အရွယ် ကလေးနှစ်ဉီး၏ ဖခင်တစ်ဉီးအနေနဲ့ နက်တီနဲ့ နသနေးလ်တို့ ကြီးထွားရင့်ကျက်လာတာကို နောက်ဆယ်စုနှစ်အကြာမှာ လွတ်လပ်ကျယ်ပြန့်စွာ မြင်နိုင်မယ်လို့ထင်ခဲ့တယ်။ ... ဒါပေမဲ့ ရောဂါရှိနေတဲ့အခါမှာတော့ နေရာကျဥ်းမြောင်းသွားပါတယ် ”ဟု ဆိုခဲ့သည်။
ဤအကန့်အသတ်ကို ဆင်ခြင်ရင်း၊ ဘုရားသခင်သည် ဒါဝိဒ်ကို “ကျယ်ဝန်း သောအရပ်၌ နေရာချတော်မူ၏” ဟူသော ကျမ်းပိုဒ်ကို ဘီလင်းစ် ပြန်လည်ဆင်ခြင်မိသည်(:၈)။ ရန်သူတို့၏ ညှဉ်းဆဲခြင်းကို ခံရသော်လည်း ဘုရားသခင်သည် သူ၏ခိုလှုံရာနှင့် ဘေးကင်းရာနေရာဖြစ်ကြောင်း သူသိခဲ့သည် (:၂)။ ဤသီချင်းအားဖြင့်၊ ဆာလံဆရာက “အကျွန်ုပ်၌ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင်ပိုင်တော်မူ၏”(:၁၅)ဟု ဘုရားသခင်အား…
နိမ့်ကျသော်လည်း ဘုရားသခင် ချစ်သည်
တစ်နေ့၌ ဘုရားကျောင်းသို့ ရောက်လာသော မိသားစုတစ်စုကို ကျွန်ုပ် နှုတ်ဆက်စကားပြောခဲ့သည်။ သူတို့သမီးလေးက ဘီးတပ်ကုလားထိုင်နှင့်ဖြစ်၍ သူ့အနီးသို့ ဒူးထောက်ထိုင်ချလိုက်ကာ၊ ကျွန်မ၏ခွေးလေးကာလီနှင့် မိတ်ဆက်ပေးလိုက်ပြီး၊ ထိုသမီးလေး၏ လှပသောမျက်မှန်လေးနှင့် ဘွတ်ဖိနပ်လေးက ချစ်စရာဟု ချီးကျူးပြောဆိုခဲ့သည်။ သူမက ဘာမှမပြောသော်လည်း၊ ကျွန်မနှင့် စကားပြောရခြင်းကို သူမနှစ်သက်ကြောင်း သူမ၏အပြုံးများက ဖော်ပြနေသည်။ ထိုစဥ် အခြားကလေးမလေးတစ်ဦး ကျွန်မတို့အနားသို့ရောက်လာပြီး ကျွန်မမိတ်ဆွေသစ်၏ကလေးကို တိုက်ရိုက်မကြည့်ဘဲ “သမီး၊ သူ့ရဲ့ အင်္ကျီလေးကို သဘောကျကြောင်း ပြောပေးပါ” ဟု ကျွန်မကို တိုးတိုးလေးပြောသည်။ “မင်းကိုယ်တိုင်ပြောလိုက်ပါ။ သူက မင်းလိုပဲ သဘောကောင်းတယ်”ဟု ပြောကာ၊ မိတ်ဆွေသစ်နှင့်စကားပြောခြင်းက လွယ်ကူသောကိစ္စဖြစ်ပြီး၊ သူက တစ်မျိုးတစ်ဖုံ တုံ့ပြန်သည့်တိုင် သူမျက်နှာကို ကြည့်ပြီး ပြုံးပြ ခြင်းက သူ့ကို လက်ခံကြောင်း၊ ချစ်ကြောင်းခံစားရစေသည်ဟု ကျွန်မရှင်းပြခဲ့သည်။
နှုတ်ကပတ်တော်နှင့် ဤလောကတွင် မတူညီကွဲပြားသည်ဟု အထင်ခံရခြင်းကြောင့် လူအချို့မှာ…