အမျိုးအစား  |  odb

မရပ်မနား ဆည်းပူးသင်ယူပါ

ရှရေး(လ)သည် စာလောဘကြီးသူတစ်ဦးဖြစ်သည်။ အခြားသူများက တယ်လီဗေးရှင်း
ကြည့်၊ ဗီဒီယိုဂိမ်း ကစားနေကြစဉ် သူမက စာအုပ်နှင့်မျက်နှာမခွါဘဲ အာရုံနစ်မြှုပ်
နေတတ်သည်။
ဤစိတ်အားထက်သန်မှုသည် သူမ၏ ကလေးဘဝ
ကပင် အစပြုခဲ့သည်။ သူတို့မိသားစုသည် စာအုပ်ဆိုင်ပိုင်ရှင်
ဖြစ်သော အဘွားလေးနှင့် အဘိုးလေးတို့ထံ မကြာခဏ
သွားရောက်လည်ပတ်သည်။ ထိုစဉ်က ရှရေး(လ)သည်
ဘိုးဘိုးအက်(ဒ်)၏ပေါင်ပေါ်ထိုင်ပြီး ဘိုးဘိုးက စာအုပ်များ
ဖတ်ပြသည်။ ဤသို့ ဘိုးဘိုးက စာအုပ်များ၏အံ့ဖွယ်ရာများ၊
ပျော်ရွှင်ဖွယ်ရာများကို သူမအား မိတ်ဆက်ပေးခဲ့သည်။
လွန်ခဲ့သော ရာစုနှစ်များစွာက တိမောသေဆိုသော
လူငယ်လေးအား သူ့အဖွားနှင့်မိခင်တို့က ပထမဦးဆုံး
သမ္မာကျမ်းစာနှင့် မိတ်ဆက်ပေးခဲ့ကြောင်း ရှင်ပေါလုက
သူနောက်ဆုံးရေးသည့်စာ၌ အသိအမှတ်ပြု ရေးသားခဲ့သည်
(၂တိ ၁း ၅)။ ထို့နောက် ရှင်ပေါလုက တိမောသေအား
“ငယ်သောအရွယ်မှစ၍ လေ့ကျက်ခဲ့သော သမ္မာကျမ်းစာကို”
ဤခရစ်ယာန်အသက်တာအတိုင်း ဆက်လက် အသက်…

အပေါ်သို့ မော့ကြည့်လိုက်

ကျွန်တော့် အိမ်အနီးပန်းခြံရှိ လမ်းသွယ်လေးတွင် လမ်းလျှောက်ရသည်ကို
ကျွန်တော်နှစ်သက်သည်။ ထိုလမ်းသွယ်တစ်နေရာမှကြည့်လျှင် ပေ ၁၁၅ မြင့်၍
အံ့မခန်းသော Pikes Peak တောင်ထွတ် နောက်ခံဖြင့် Garden of the Gods လွင်ပြင်၌
အနီရောင် သဲကျောက်တုံးကျောက်စိုင် မြင်ကွင်းက
တစ်မျှော်တစ်ခေါ် ရှိလှသည်။ ယင်းနေရာလေးတွင်
လမ်းလျှောက်ရင်း မကြာခဏဆိုသလို ပြဿနာအချို့ကို
ကျွန်တော် စဉ်းစားတွေးတောရင်း ကျယ်ပြန့်ချောမွေ့သော
လမ်းကလေးကို ငုံ့ကြည့်မိတတ်သည်။ မည်သူမျှ အနားတွင်
မရှိပါက ကျွန်တော် ရပ်လိုက်ပြီး ” ဒေးဗစ်ရေ၊ အပေါ်ကို
မော့ကြည့်ကွ “ဟု အော်တတ်သည်။
နှစ်စဉ်ကျင်းပသည့် ၀တ်ပြုကိုးကွယ်ခြင်း ပွဲတော် ၃ ခု
တွင် ပါဝင်ဆင်နွှဲရန် ဣသရေလလူမျိုးများက ယေရုရှလင်
မြို့လမ်းအတိုင်း တက်သွားရင်း “Songs of Ascents”
ဟု အမည်ရသော…

သင်သည် အဘယ်သို့ဆိုင်သနည်း။

လူမှုကွန်ယက်များသည် ကိစ္စများစွာအတွက် အသုံးဝင်သော်လည်း ရောင့်ရဲ
တင်းတိမ်ခြင်းကို မဖြစ်စေပါ။ အနည်းဆုံးတော့ ကျွန်ုပ်အတွက် အသုံးမ၀င်ပါ။ ကျွန်ုပ်၏
ပန်းတိုင်များသည် ကောင်းမွန်သော်လည်း အခြားသူများက ၎င်းတို့၏ပန်းတိုင်များသို့
အရင်ရောက်သွားခြင်း၊ (သို့) ပိုကောင်းသော ရလဒ်များဖြင့် အောင်မြင်သွားကြောင်းကို
ဤကွန်ယက်များက အမြဲတမ်း သတိပေးနေသဖြင့် ကျွန်ုပ်
စိတ်ဓါတ်ကျသွားနိုင်သည်။ ကျွန်ုပ်သည် စိတ်ပျက်လွယ်သူ
ဖြစ်သဖြင့် ဘုရားသည် ကျွန်ုပ်ကို လျော့ပေါ့ ချီးမြှင့်မည်
မဟုတ်ပါဟု မကြာခဏ ကိုယ့်ကိုယ်ကိုယ် သတိပေးရပါသည်။
စေခိုင်းသောအမှုများကို ပြီးမြောက်ထမ်းဆောင် နိုင်အောင်
လိုအပ်သမျှကို ကျွန်ုပ်အား ကိုယ်တော်ပေးခဲ့ပြီးဖြစ်သည်။
အဓိပ္ပာယ်မှာ ကျွန်ုပ်သည် ဘက်ဂျက် လိုအပ်ငွေ
များများ မလို၊ အောင်မြင်မှုရမည်ဟု အာမခံချက်မလို၊ ပိုကောင်းသော လုပ်ငန်းခွင်
အနေအထားမလို၊ အခြားအလုပ်တစ်ခုလုပ်ရန်လည်း မလိုပါ။ အခြားသူ၏ ထောက်ခံ
ခွင့်ပြုချက်လည်း မလို၊ ကောင်းမွန်သော ကျန်းမာရေးနှင့်…

စိတ်မပျက်ပါနှင့်

တစ်ပတ်ပြီးတစ်ပတ် တစ်နေ့ ၃ ကြိမ် လုပ်ရသော ချက်ပြုတ်သည့်အလုပ်က ကျွန်မ
အတွက် ငြီးငွေ့ဖွယ်ကောင်းလှသည်။ အခွံသင်၊ လှီးဖြတ်၊ ကင်လျှင်ကင်၊ မကင်လျှင်ပြုတ်
စသည့်အလုပ်များ လုပ်ရခြင်းကို ကျွန်မအလွန်ငြီးငွေ့သည်။ သို့သော် စားသောက်ရခြင်း
ကိုကား ဘယ်တော့မှ မငြီးငွေ့ပါ။ ၄င်းသည် ကျွန်ုပ်တို့ကို ပျော်ရွှင်မှုကို ပေးစွမ်းသည့်အရာ
ဖြစ်ပါသည်။
ကောင်းမှုပြုရာတွင် အားလျော့စိတ်ပျက်တတ်
ကြောင်း(ဂလာ ၆း၇-၁၀) ရှင်ပေါလုသိခြင်းကြောင့် မျိုးစေ့
ကြဲခြင်းနှင့် ရိတ်သိမ်းခြင်း ဥပမာပေးလျက် “ထို့ကြောင့် ငါတို့
သည် အားမလျော့ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို
ကျင့်ကြကုန်အံ့၊ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်
သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်” ဟု(း၉)
ရေးသားခဲ့သည်။ မိမိရန်သူကိုချစ်ရန်၊ သားသမီးများကို
ဆုံးမရန်၊ စဉ်ဆက်မပြတ် ဆုတောင်းပတ္ထနာပြုရန် စသည့်
အမှုများက ပြုရန် ခက်ခဲပါသည်။ သို့သော် မျိုးစေ့…

ငြိမ်ဝပ်ခြင်း၏အင်အား

ကျွန်တော်၏ ခရစ်ယာန် အသက်တာနုစဉ်က ဘုရားထံဆက်ကပ်အပ်နှံစရာ များပြားလှ
သောကြောင့် အပြစ်ဒုစရိုက်သို့ ပြန်မသွားဘဲ တစ်နှစ်မျှပင် ခံနိုင်ပါမည်လားဟု တွေးမိ
သည်။ သို့သော် (ထွက်၁၄း၁၄) တွင် ပါရှိသည့် “ သင်တို့ဘက်၌ ထာဝရဘုရားသည်
စစ်တိုက်တော်မူလိမ့်မည်။ သင်တို့သည် ငြိမ်ဝပ်စွာ နေရ
ကြမည်” ဟူသောကျမ်းပိုဒ်က ကျွန်ုပ်ကို အထောက်အကူ
ပေးခဲ့သည်။ ဤစကားများမှာ ဣသရေလလူတို့ကို အဲဂုတ္တု
ကျွန်ဘ၀မှ ထုတ်ဆောင်လာစဉ် ဖာရောဘုရင်က နောက်မှ
လိုက်လာချိန်၌ မောရှေ ပြောခဲ့သောစကားများ ဖြစ်သည်။
ထိုစဉ်က သူတို့အလွန်စိတ်ဓာတ်ကျ၍ ကြောက်ရွံ့နေသည်။
နုနယ်သောယုံကြည်သူ တစ်ယောက်အနေဖြင့်
ကျွန်ုပ်၏ကမ္ဘာလေးအား စုံစမ်းခြင်းများစွာက ၀ါးမြိုမတတ်
ရှိနေစဉ်တွင် “ငြိမ်ဝပ်စွာနေရမည်” ဟူသည့် အမိန့်တော်က
ကျွန်ုပ်အတွက် ခွန်အားဖြစ်စေပါသည်။ ၃၇ နှစ်ကြာပြီးနောက် ယခုတွင် စိတ်ဖိစီးမှု
များပြားလှသော အခြေအနေများတွင် ကိုယ်တော်ကို…

မထင်ရသော

ဗြိတိသျှ ရုပ်ရှင်မင်းသမီး ဖဲန်နီ ကင်မ်ဘယ် သည် (၁၈၀၀) ခုနှစ် အစောပိုင်းတွင်
အမေရိကသို့ ပြောင်းရွေ့ခဲ့ပြီး တောင်ပိုင်းဒေသရှိ စိုက်ပျိုးရေးခြံပိုင်ရှင် Pierce Butter နှင့်
လကထ် ပခ် သဲ့ ည။် သခူ့ ငပ် နွ်း၏ စကို ပ်ျိုးရေးခြ၌ံ အလပ်ုလပ်ုနေသည့်ကျနွ မ်ျား၏အနစန်ာခံ
ပေးဆပ်မှုကြောင့် ရရှိသည့်စည်းစိမ်များဖြစ်ကြောင်းကို သူ
မသိမီအချိန်အထိ ဖဲန်နီ သည် ထိုစည်းစိမ်ချမ်းသာများနှင့်
ဘ၀ကို ပျော်မွေ့နေခဲ့သည်။
ဖဲန်နီ သည် ကျေးကျွန်များ မကြာခဏ ခံစားရသည့်
ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံပြုမူခံရပုံများကို ကိုယ်တွေ့
မှတ်တမ်းရေးသားနေစဉ်တွင်ပင် သူမ၏ခင်ပွန်းနှင့် တရားဝင်
ကွာရှင်းခဲ့သည်။ သူမ၏စာများသည် ကျွန်စနစ်ဖျက်သိမ်းရေး
ဝါဒီများထံသို့ အဆင့်ဆင့် ပျံ့နှံ့ခဲ့ပြီး ဂျော်ဂျီယန်…

လမ်းလွဲစေတတ်သော ရေစီးကြောင်းများ

သိပ္ပံစာရေးဆရာ ရှန်ကာ ဗင်ဒန်တန် သည် သူ၏ The Hidden Brain စာအုပ်ထဲတွင် သူ
အပျင်းပြေ ရေကူးထွက်လာသော နေ့တစ်နေ့အကြောင်းကို ရေးသားဖော်ပြထားသည်။
ရေက ငြိမ်သက်၊ ကြည်လင်နေပြီး ခပ်ဝေးဝေးထိရောက်အောင် သူအလွယ်တကူ
ကူးနိုင်သဖြင့် ဂုဏ်ယူကာ အားအပြည့်ရှိနေသည်။ သို့နှင့်
သူလည်း ကမ်းရိုးတန်းမှ ပင်လယ်ဝအထိ ကူးခတ်ရန် စိတ်
ဆုံးဖြတ်ခဲ့သည်။ သို့သော် သူနောက်ကြောင်း ပြန်လှည့်ရန်
ကြိုးစားချိန်တွင် အရာမထင်တော့ပါ။ ရေစီးကြောင်းက
သူ့ကို လှည့်စားပြီ။ သူ့အနေနှင့် အလွယ်တကူ ကူးခတ်နိုင်
ခြင်းမှာ သူ့ခွန်အားကြောင့် မဟုတ်ဘဲ ရေစီးကြောင်းကြောင့်
သာ ဖြစ်သည်။
ကျွန်ုပ်တို့နှင့် ဘုရားသခင်အကြား ဆက်ဆံရေးမှာလည်း တစ်ခါတစ်ရံ
ထိုသို့ဖြစ်တတ်သည်။ ရေစုန်လိုက်ခြင်းက ကျွန်ုပ်တို့ကို မိမိထင်တာထက် မိမိသည်
ပိုပြီး ခွန်အားရှိသည်ဟု အထင်ရောက်စေသည်။ ဘ၀သာယာချောမွေ့ချိန်တွင်
ကိုယ့်အစွမ်းကြောင့်ဟု…

ဝေးလှသော တောင်ကုန်းပေါ်

ကျွန်တော့် ကလေးများငယ်စဉ်က အချိန်ကို ကျွန်တော် မကြာခဏ ပြန်တွေးမိသည်။
နံနက်တိုင်း၎င်းတို့ကို ခေါ်နိုးနေကျအဖြစ်လေးက ထူးထူးခြားခြား အမှတ်တရဖြစ်သည်။
နံနက်တိုင်း ၎င်းတို့၏ အိပ်ခန်းထဲသို့သွားပြီး တစ်ဦးချင်းစီ၏ နာမည်ကို တိုးညှင်းစွာ ခေါ်ပြီး
‘‘ထတော့၊ ကျောင်းသွားဖို့ ပြင်ဆင်ရမယ့်အချိန်ရောက်ပြီ’’ ဟုပြောကာ နှိုးလေ့ရှိသည်။
အာဗြဟံသည် ဘုရားသခင်၏ အမိန့်အတိုင်း နာခံ
ဆောင်ရွက်ရန် နံနက်အချိန်၌ နိုးထခဲ့သည့်အကြောင်းကို
ဖတ်ရှုရသောအခါ ကျွန်တော့်ကလေးများကို နိုးရသည့်
အချိန်များကို ပြန်တွေးရင်း ကျွန်တော့်နည်းတူ အာဗြဟံ
သည်လည်း သားဣဇက်ကို နှိုးတတ်သူလားဟု ကျွန်တော်
တွေးမိသည်။ သို့သော် ထိုနေ့နံနက်က ထူးထူးခြားခြား
အခြားမနက်ခင်းများနှင့်မတူ၊ ထိုနံနက်က ဣဇက်ကို ခေါ်နိုး
ရခြင်းသည် အာဗြံဟံအတွက် အလွန်နှလုံးကြေကွဲရသည့်
နံနက်ခင်းဖြစ်လိမ့်မည်။
အာဗြံဟံသည် ဣဇက်ကို ကြိုးနှင့်ချည်လျက် ယဇ်
ပလ္လင်ပေါ်တင်ပြီး ပူဇော်ရန်အသင့်ဖြစ်သောအချိန်တွင် ဘုရားသခင်က ယဇ်ကောင်ကို…

အကြီးမြတ်ဆုံးသောအရာ

အသင်းတော်၌ ၀တ်ပြုကိုးကွယ်စဉ် ရှေ့နှစ်တန်း သုံးတန်းအကျော်ရှိ ကလေးငယ်
တစ်ယောက်ကို ကျွန်မသတိပြုမိသည်။ သူ့ဖခင်၏ပုခုံးကို မှီကာ ဘုရားရှိခိုးလာသူ
များအား မျက်လုံးပြူးပြူးကျယ်ကျယ်ဖြင့် ဟိုကြည့်ဒီကြည့် လိုက်ကြည့်နေသည်။
လူအချို့ကို သူပြုံးပြသည်။ သွားရည်ကျလျက် သူ့
လက်ချောင်း တုတ်တုတ်လေးတွေကို စုပ်နေသော်လည်း
လက်မကိုတော့ မစုပ်ပါ။ အလွန်ချစ်ဖွယ်ကောင်းသော
ထိုကလေးငယ်လေးအပေါ် မျက်စိကျသွားသောကြောင့်
သင်းအုပ်ဆရာ၏ တရားဟောချက်ကိုပင် မကြားနိုင်အောင်
ဖြစ်သွားသည်။
စိတ်အာရုံကို လွင့်မျောစေသောအရာများက ပုံစံ
မျိုးစုံနှင့်လာတတ်ပါသည်။ မာသသည် ခရစ်တော်နှင့် စကား
ပြောပြီး ကိုယ်တော်၏စကားကို နားထောင်ရမည့်အစား၊
ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းများနှင့် စိတ်အာရုံပျောက်နေသည်။ မာရိမှာမူ
စိတ်အာရုံလွင့်စေမည့် အရာများကို ငြင်းခဲ့သည်။ ‘‘ထိုမာရိသည် ယေရှု၏ခြေတော်ရင်း၌
ထိုင်၍ စကားတော်ကို နားထောင်လျက်ရှိ၏’’ (လု ၁၀း၃၉)။ မာရိသည် မာသကို
မကူညီသဖြင့် မာသသည် ညည်းတွားငြူစူခဲ့သည်။ သခင်ယေရှုက…

ဤနေရာမှ အစပြုပါ

၁၉၄၄ ခုနှစ် ဇွန်လ (၆) ရက်နေ့ ပြင်သစ်နိုင်ငံ၊ နော်မန်ဒီ နယ်ရှိ အူတာကမ်းခြေတွင်
အမေရိကန် အရာရှိ (၃)ဦးသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တိုးဝှေ့ပူးကပ်နေကြသည်။
ဒီရေကြောင့် ၎င်းတို့ ကမ်းမှားတက်မိကြောင်း သိလိုက်ရချိန်၌ ထိုသူသုံးယောက်သည်
ကမန်းကတမ်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ‘‘ငါတို့ အခုဘဲ တိုက်ပွဲစမယ်’’
၎င်းတို့သည် ခက်ခဲသောနေရာမှ အစပြုခဲ့ကြရသည်။
ရှောလုသည် ဒမာသက်မြို့သို့သွားရာ လမ်းခရီး၌
သခင်ယေရှုနှင့် တွေ့ဆုံပြီးနောက် ဆုံးဖြတ်ချက်ချရန်
ခက်ခဲသောအခြေအနေတွင် သူ့ရောက်နေကြောင်း သိခဲ့ သည်
(တ ၉း၁-၂၀)။သူ၏တည်နေရာနှင့်ဦးတည်ချက်များသည်
မှားယွင်းနေကြောင်း၊ သူ့ဘ၀ အစောပိုင်းကာလများကို
အလဟဿကုန်ဆုံးစေခဲ့ကြောင်း ရုပ်ခြည်းခံစားခဲ့ရသည်။
ရှေ့ဆက်လှမ်းရမည့်အသက်တာသည် ခက်ခဲကြမ်းတမ်းမည်။ သက်သောင့်သက်သာ
မရှိဘဲ ကြိုးစားရုန်းကန်ရမှုများ လိုအပ်ကောင်း လိုအပ်လာမည်။ သူဖျက်ဆီးနှိပ်စက်
ခဲ့သော ခရစ်ယာန်မိသားစုများနှင့် မျက်နှာချင်းဆိုင်ကောင်းဆိုင်ရမည်။ သို့သော်
ရှောလုက ‘‘သင်ပြုရမည့်အမှုကို ပြောလိမ့်မည်’’…