အမျိုးအစား  |  odb

ဘုရားသခင်၏ကတိတော်များ

ကျွန်မဖခင်၏မှတ်ဉာဏ်များ ပျောက်ကွယ်သွားခြင်းကို မြင်ရသည်မှာ ရင်နာရသည်။ ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုသည် ဆိုးရွားပြီး သူတို့အသက်ရှင်နေထိုင်ခဲ့သော ဘဝ၏အမှတ်တရများအားလုံးကို မကုန်မချင်းယူဆောင်သွားသည်။ တစ်ညတွင် ဘုရားသခင် ကျွန်မကို အားပေးသည်ဟုယုံကြည်ရသည့် အိပ်မက်တစ်ခုကို မက်ခဲ့သည်။ အိပ်မက်ထဲတွင် ဘုရားသခင်၏လက်ထဲ၌ ရတနာသေတ္တာလေးတစ်ခုရှိပြီး “မင်းအဖေရဲ့ အမှတ်တရတွေအားလုံးကို ဒီမှာ လုံခြုံစွာ သိမ်းဆည်းထားတယ်။ ဒီအတောအတွင်းမှာ အဲ့ဒါတွေကို ငါထိန်းသိမ်းထားမယ်။ တစ်နေ့ကျရင် ကောင်းကင်ဘုံမှာ သူ့ကို ပြန်ပေးမယ်”ဟု ကျွန်မကို ပြောပါသည်။

နောက်ပိုင်းနှစ်များတွင် ကျွန်မကို အဖေမသိတော့သည့်အချိန်များတွင် ထိုအိပ်မက်က ကျွန်မကို နှစ်သိမ့်မှုပေးခဲ့သည်။ သူ့ရောဂါက ယာယီပါဟု သတိပေးသည်။ အဖေသည် ဘုရားသခင်၏သားသမီးဖြစ်သောကြောင့် တစ်နေ့တွင် သူမှတ်ဉာဏ်များကို ထာဝရပြန်လည်ရရှိမည်ဖြစ်သည်။

ရှင်ပေါလုက ဆင်းရဲဒုက္ခခံစားရမှုကို ”ပေါ့ပါးခြင်းနှင့်တဒင်္ဂ”(၂ကော ၄:၁၇)အဖြစ် ဖော်ပြထားသည်ကို ပြန်လည်သတိရစေခဲ့သည်။ တမန်တော်သည် ဆင်းရဲဒုက္ခကို လျှော့မတွက်ခဲ့ပါ။ သူကိုယ်တိုင်လည်း များစွာခံစားခဲ့ရသည် (:၇-၁၂)။ ခရစ်တော်၌…

ဘုရားသခင်ကို မှတ်မိခြင်း

ကျွန်ုပ်တစ်ခါမှ မရောက်ဖူးသော နယ်မြေဖြစ်သည့် အိန္ဒိယနိုင်ငံသို့ လေယာဥ်ဖြင့် သွားခဲ့ပြီး ဘန်ဂါလုရူလေဆိပ်သို့ ညသန်းခေါင်ကျော်မှ ရောက်ရှိခဲ့သည်။ အီးမေးလ်စာများစွာအသွားအလာရှိခဲ့သော်လည်း ကျွန်ုပ်ကို မည်သူလာကြိုမည်၊ ဘယ်မှာ တွေ့ရမည်ကို ကျွန်ုပ်မသိပါ။ ပစ္စည်းထုတ်ရန်နေရာနှင့် အကောက်ခွန်ဌာနသို့ လူအုပ်ကြီးနှင့် ရောကာ လိုက်သွားပြီးနောက် လေဆိပ်အပြင်ဘက်တွင် ပူအိုက်သောည၌ လူအုပ်ကြီးကြားထဲမှ ကျွန်ုပ်ကိုသိမည့်သူကို လိုက်ရှာမိသည်။ တစ်နာရီမျှ လူအုပ်ရှေ့မှာ ရှေ့နောက်လျှောက်လိုက်နှင့် ကျွန်ုပ်ကိုတစ်စုံတစ်ယောက်မှတ်မိဖို့ မျှော်လင့်နေမိသည်။ နောက်ဆုံးတွင် ကြင်နာသည့် အမျိုးသားတစ်ယောက် ရောက်လာပြီး “သင်က ဝင်း လား”ဟု မေးကာ “တောင်းပန်ပါတယ်။ သင့်ကို ကျွန်ုပ်မှတ်မိမယ် ထင်ခဲ့တာ။ ကျွန်ုပ်ရှေ့မှာ သင်ခေါက်တုံ့ခေါက်ပြန်လျှောက်နေပေမယ့် သင်က ကျွန်ုပ်ထင်ထားတဲ့ပုံစံနဲ့ မတူဘူး” ဟုဆိုသည်။

ကျွန်ုပ်တို့သည် ပုံမှန်အားဖြင့် ရှုပ်ထွေးမှုဖြစ်ပြီး မိမိသိသင့်သည့် လူများ၊ နေရာများကို မမှတ်မိနိုင်ဖြစ်နေတတ်သည်။ သို့သော် ဘုရားသခင်သည် သူ့ကိုမှတ်မိရန် မမှားနိုင်သောနည်းလမ်းကို ပေးထားသည်။…

အခက်အခဲများ၏ကျေးဇူး

လူသားတို့ ဝေဟင်၌ ပျံသန်းနိုင်မှုပန်းတိုင်ကို ရိုက်ထ်(Wright) ညီနောင်တို့ ဆွတ်ခူးနိုင်ခဲ့သော်လည်း ၎င်းတို့၏ အောင်မြင်မှုလမ်းခရီးမှာ ဘယ်တော့မှ မလွယ်ကူခဲ့ပါ။ မရေမတွက်နိုင်သော ကျရှုံးမှု၊ လှောင်ပြောင်မှု၊ ငွေကြေးအခက်အခဲများနှင့် ၎င်းတို့ ထဲမှ တစ်ဦးက ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခြင်းများ ကြုံရသော်လည်း ထိုညီနောင် သည် သူတို့ကြုံတွေ့ရသည့် အခက်အခဲများကြောင့် မရပ်တန့်ခဲ့ပါ။ အော်ဗာရိုက်ထ် (Orville Wright)သတိပြုမိသကဲ့သို့ “ငြိမ်သက်သောလေထဲတွင် ပျံသန်းသောငှက် မရှိပါ”။ အထ္ထုပ္ပတ္တိရေးသားသူ ဒေးဗစ်မက်ကာလာ(David McCullough) ၏ အမြင်အရ အခက်အခဲဒုက္ခဆိုသည်မှာ “မိမိကို အပေါ်သို့ တွန်းတင်ပေးဖို့ လိုအပ်တဲ့ အရာဖြစ်နိုင်တယ်။ တောင်ထိပ်ကို ရောက်ပြီဆိုတဲ့အရာက သူတို့လိုချင်တဲ့ ပျော်ရွှင်မှု မဟုတ်ဘူး။ တောင်ကိုတက်နေရခြင်းက သူတို့၏ပျော်ရွှင်မှုဖြစ်တယ်” ဟု ဆိုသည်။

တမန်တော်ရှင်ပေတရုသည် နှိပ်စက်ညှဥ်းပန်းခံရသော ကနဦးအသင်းတော်များအား အလားတူဝိညာဥ်ရေးရာ နိယာမကို သင်ပေးခဲ့သည်။ “ချစ်သူတို့၊ သင်တို့ကို စုံစမ်းစရာဘို့…

ငါ၏လူများကို လွှတ်လိုက်ပါ

လူမည်းအမေရိကန်တို့၏ လွတ်လပ်ရေးနှင့် တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းမှုတို့ကို သမ္မာကျမ်းစာလာ မောရှေဇာတ်လမ်းနှင့် ချိတ်ဆက်ပုံဖော်ရန် အာရွန် ဒေါ့ဂလပ်စ် (Aaron Douglas) သည် သူ၏ကျော်ကြားသော Let My People Go ပန်းချီကားတွင် ရိုးရာအာဖရိကပုံရိပ်များနှင့်အတူ တောက်ပသော ခရမ်းပြာနု၊ အစိမ်းနှင့် ရွှေရောင် များကို အသုံးပြုထားသည်။

ပန်းချီကားတွင် အီဂျစ်ပြည်ရှိ ဣသရေလူမျိုးများခံရသော ညှဉ်းဆဲခြင်းကို မြင်ခဲ့ကြောင်း၊ ထာဝရဘုရားသည် မီးလောင်နေသောချုံတွင် ထင်ရှားပြီး မောရှေ အား ပြောပြနေပုံကို ပုံဖော်ထားသည်။ ပန်းချီဆရာက “ထိုကြောင့် ယခုသွားလော့။ သင်သည် ငါ၏လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်မည် အကြောင်း၊ သင့်ကို ဖါရောဘုရင်ထံသို့ ငါစေလွှတ်မည်” ဟူသည့် ထာဝရဘုရားနှင့် သူ၏သတင်းစကားကို ပုံဖော်ရန် အလင်းတန်းတစ်ခုကို အသုံးပြုသည် (ထွ ၃:၁၀)။

မောရှေသည် ဘုရားသခင်၏မိန့်ကြားချက်များကို ဒူးထောက်၍…

ဘုရားသခင်အတွက် သီးပွင့်ဆဲ အကျိုးဖြစ်မြဲ

အမျိုးသမီးတစ်ဦးသည် နေ့စဉ်ထမ်းပိုး၌ ရေပုံးနှစ်ပုံးတပ်ကာ မြစ်ထဲမှရေကို အိမ်သို့ သယ်ယူသော ရှေးရိုးရာ ပုံပြင်တစ်ပုဒ် ရှိသည်။ ရေပုံးတစ်ပုံးသည် ခိုင်ခိုင်မာမာနှင့် အသစ်ဖြစ်ပြီး ကျန်တစ်ပုံးမှာ အလွန်ဟောင်းပြီး အက်ကွဲနေသည်။ အိမ်ပြန်ရောက်သောအခါ ရေပုံးအသစ်မှာ ရေပြည့်နေသော်လည်း ရေပုံးဟောင်းက အလွတ်နီးပါး ဖြစ်သောကြောင့် ရေပုံးဟောင်းက စိတ်မကောင်းဖြစ်ပြီး တောင်းပန်ခဲ့သည်။ အမျိုးသမီးက လမ်းဘေးကို ညွှန်ပြရင်း “မင်းဘက်ခြမ်းမှာ ပေါက်နေတဲ့ ပန်းတွေကို မင်းမြင်လား။ မင်းက နေ့တိုင်းရေလောင်းပေးလို့ ကျွန်မရေထမ်းတဲ့ လမ်းလေးမှာ အလှတရားတွေနဲ့ အမြဲပြည့်နေတာပေါ့” ဟု ရေပုံးဟောင်းကို ပြောလိုက်သည်။

ငယ်ရွယ်ပြီး အားထားရသော၊ ကျွမ်းကျင်ပြီး အပြစ်အနာအဆာမဲ့သော နုပျိုမှုကို အလေးထားသည့် ကမ္ဘာတွင် ကျွန်တော် ရှင်သန်နေထိုင်ကြသည်။ သို့သော် သမ္မာကျမ်းစာ၌ စစ်မှန်သောအလှတရားသည် အသက်ကြီးပြီး အားနည်း သော၊ ကျိုးပဲ့ပြီး မပြည့်စုံသောအခြေအနေမှ ရရှိလာကြောင်း ရှင်းလင်းစွာ ပြောထားသည်။…

သခင်ယေရှုနှင့် ပြန်လည်မှန်ကန်တည်စေခြင်း

“ကျွန်တော်တို့သည် မွန်ထီးဂိုးပင်လယ်အော် (Montego Bay) သို့ ပျံသန်းမည့် လေယာဉ်ပေါ်တက်ရန် အဆင်သင့် ဖြစ်နေပြီ” ဟု ကြေညာသံ ထွက်ပေါ်လာသည်။ ကျွန်တော်သည် အထက်တန်းကျောင်းအဖွဲ့၏ ခေါင်းဆောင်အနေနှင့် သာမက ဟောပြောသူအဖြစ်ပါ တာဝန်ယူ၍ ဂျမေးကား နိုင်ငံ (Jamaica) သာသနာပြုခရီးစဉ်အဖြစ် သွားမည်ဖြစ်သည်။ လေယာဉ်ပေါ် တက်ရောက်ခွင့်စာရွက်နှင့် နိုင်ငံကူးလက်မှတ်(ပတ်စပို့)ကို ကျောပိုးအိတ်ထဲ ရှာသောအခါ၊ ကျွန်တော့်ပတ်စပို့ပျောက်နေ၍ ကျွန်တော်ထိတ်လန့်သွားသည်။

ကျွန်တော်တို့အဖွဲ့သည် ကျွန်တော်မပါဘဲ လေယာဉ်ပေါ်တက်ခဲ့ပြီး၊ ကျွန်တော် ကမူ ပတ်စပို့အသစ်ရရှိရန် ကြိုးစားနေသော လေးရက်အတွင်း စိုးရိမ်သောကနှင့် ရင်ဆိုင်ခဲ့ရသည်။ ရာနှင့်ချီသော ဖုန်းခေါ်ဆိုမှုများနှင့် ဝါရှင်တန်ဒီစီ (Washington DC)သို့ သွားသည့်ခရီးက အချည်းနှီးဖြစ်ခဲ့ပြီးနောက်၊ မစ်ရှီဂန်ပြည်နယ်ရှိ ဂရန်းရက်ပစ်မြို့ (Grand Rapids, Michigan) သို့ မောင်းပြန်လာခဲ့သည်။ နှစ်ရက်ကြာပြီး ဂရန်းရက်ပစ်မြို့အနီး ဒေသလွှတ်တော်အမတ်ရုံး၏ အကူအညီဖြင့် ပတ်စပို့အသစ်တစ်ခုရခဲ့ပြီး၊ ဂျမေးကားသို့…

စိတ်မပျက်ပါနှင့်

ဆတ်ယာ(Satya)သည် သူ၏အလုပ်အသစ်၌ ကိုးလမျှလုပ်ကိုင်ပြီးနောက် စိတ်ပျက်မှုကို ခံစားခဲ့ရသည်။ သခင်ယေရှုကို ယုံကြည်သူတစ်ဦးအနေဖြင့်၊ သူသည် ပြဿနာများ ဖြေရှင်းခြင်းနှင့် အလုပ်ကိုညွှန်ကြားခြင်းများတွင် ဘုရားသခင်၏ နည်းဥပဒေသ များအတိုင်း ကြိုးစားလိုက်နာခဲ့သည်။ သို့သော် လူများနှင့်ပတ်သက်သော ပြဿနာများ ဆက်လက်ရှိနေပြီး အဖွဲ့အစည်းတွင် တိုးတက်မှုအနည်းငယ်သာ ရှိသည်ကို ခံစားရသောကြောင့် သူသည် ကြိုးစားမှုကို ရပ်တန့်ပစ်ချင်လာသည်။

လုပ်သင့်လုပ်ထိုက်သည်ကို သိသော်လည်း ဆက်လုပ်ရန် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အားလျော့နေသည်ဟု ခံစားရလျှင် သင်သည်လည်း ဆတ်ယာကဲ့သို့ပင် ပင်ပန်းနေလေပြီ။ တမန်တော်ပေါလုက “ငါတို့သည် အားမလျော့၊ စိတ် မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်” ဟူသော စကားများဖြင့် ကျွန်မတို့ကို အားပေးနှလုံးသွင်းစေသည် (ဂလာ ၆:၉)။ မျိုးစေ့ကြဲခြင်းက ခက်ခဲသော အလုပ်ဖြစ်သည်ကို လယ်သမားတိုင်း သိသောကြောင့် သူသည်…

အလွယ်နှင့် အခက်အခဲ

မာ့ခ် (Mark) သည် အလားအလာရှိသော သင်းအုပ်ဆရာတစ်ဦးဖြစ်သည်။ တစ်မနက်တွင် သူ့သား အိုဝင်(Owen)နှင့် ဘောလုံးကန်ရင်း သားမှာ လဲကျပြီး သေဆုံးသွားခဲ့သည်။ မာ့ခ်သည် သားဆုံးရှုံးမှုကြောင့် ဝမ်းနည်းနေဆဲဖြစ်သော်လည်း၊ ၎င်းက သူ့ကို ပို၍မေတ္တာတရားကြီးမားသော သင်းအုပ်ဖြစ်လာစေသည်။ ကျွန်တော်သည် မာ့ခ်နှင့်အတူ ဝမ်းနည်းပူဆွေးခဲ့ဖူးပြီး၊ သူ၏ စစ်ကြောခံရမှုက “ကြီးမားသော စုံစမ်းခြင်းမရှိလျှင် ဘုရားသခင်သည် ကြီးမားသော ကောင်းချီးမင်္ဂလာကို မပေးနိုင်” ဟူသည့် ဆရာကြီး တိုဇာ (A. W. Tozer) ၏ ထင်ရှားသောအမြင်ကို ပုံဆောင်နေပါလားဟုတွေးမိသည်။ ၎င်းကို လက်ခံရန် ခက်ခဲသော်လည်း၊ မှန်ကန်လှသည်။

ထို့ပြင် ဣသရေလလူမျိုးတို့၏ ထွက်မြောက်ရာလမ်းကို လေ့လာခြင်းဖြင့် အခြေအနေက မရိုးရှင်းဘဲ၊ ဘုရားရှင်၏နည်းလမ်းများက ရှုပ်ထွေးမှုရှိကြောင်း သိရသည်။ ဣသရေလလူမျိုးတို့ကို လွယ်ကူသောလမ်းဖြင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့ပြီး သူတို့သည် “စစ်မှုကို တွေ့မြင်သောအခါ စိတ်ပျက်၍၊…

ဘုရားသခင်နှင့်အတူ အသစ်သောအစပြုခြင်း

ဒတ်ခ်ျ ပန်းချီဆရာ ရန်ဘရန့်ဒ် (Rembrandt) ၏ ၁၆၃၃ ခုနှစ် အပြောင်မြောက်ဆုံးသော ပန်းချီကား The Raising of the Cross တွင် ရန်ဘရန့်ဒ်က “သင်၏အပြစ်သည် သခင်ယေရှုကို ကားတိုင်ပေါ်မှာတင်ခဲ့သလား” ဟု မေးနေပုံရသည်။ ပန်းချီကား၌ သခင်ယေရှုက အလယ်၌ရှိပြီး သူ၏လက်ဝါးကပ်တိုင်ကို လူလေးယောက်က မြှောက်တင် ထူမနေသည့်ပုံကို ဖော်ပြထားသည်။ သို့သော် သခင်ယေရှုကို ဖော်ပြထားသော အလင်းရောင်ထဲတွင် ရန်ဘရန့်ဒ်ခေတ်၏စတိုင်အတိုင်း ၀တ်ဆင်ထားပြီး ပန်းချီဆရာ ဝတ်ဆင်တတ်သည့် ဦးထုပ်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက် သည် ထူးခြားပေါ်လွင်နေသည်။ ၎င်း၏မျက်နှာကို အနီးကပ်ကြည့်လျှင် “သခင်ယေရှု၏ အသေခံခြင်းတွင် ကျွန်ုပ်၏ အပြစ်ကြောင့်လည်း ပါ၀င်သည်” ဟု ဆိုသကဲ့ သို့ ပန်းချီကားတွင် ရန်ဘရန့်ဒ်က သူ့ကိုယ်သူ ထည့်သွင်းထားကြောင်း ပြနေသည်။

သို့သော် နောက်ထပ် ထင်ရှားပေါ်လွင်သူတစ်ဦးလည်း…

ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်း

ကျန်းမာရေးပညာရှင်များက အပြေးအားကစားသည် နှလုံးသွေးကြောကျန်းမာရေး အတွက် အရေးကြီးကြောင်း နှစ်ပေါင်းများစွာ ပြောဆိုခဲ့ကြသည်။ သို့သော် သိပ္ပံ နည်းကျ လေ့လာမှုအသစ်များအရ နေ့စဉ် လမ်းလျှောက်ခြင်းသည်လည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိကြောင်းကို သက်သေပြခဲ့သည်။ အမေရိကန် အမျိုးသား ကျန်းမာရေး တက္ကသိုလ်၏အဆိုအရ လမ်းလျှောက်ခြင်းက ကျွန်ုပ်တို့အတွက် ကောင်းကြောင်း၊ “အရွယ်ရောက်ပြီးသူများသည် တစ်နေ့လျှင် ခြေလှမ်းပေါင်း ၈,၀၀၀ သို့မဟုတ် ထိုထက်ပို လမ်းလျှောက်ပါက ခြေလှမ်းပေါင်း ၄,၀၀၀ လျှောက်သူများထက် နောက်ဆယ်စုနှစ်များအတွင်း သေဆုံးမှုအန္တရာယ်ကို လျော့ကျစေနိုင်သည်” ဟု ဖော်ပြထားသည်။

သမ္မာကျမ်းစာတွင် ဘုရားသခင်နှင့် ရင်းနှီးသော ဆက်ဆံရေးဖော်ပြရန် လမ်းလျှောက်ခြင်းဖြင့် တင်စားသုံးနှုန်းခဲ့သည်။ ကမ္ဘာဦးကျမ်း ၃ တွင် ဘုရားသခင်သည် အာဒံ၊ ဧဝတို့နှင့်အတူ “နေအေးသောအချိန်တွင်” လမ်းလျှောက်ခြင်းကို (:၈) တွေ့ရသည်။ ကမ္ဘာဦးကျမ်း ၅ တွင် ဧနောက်သည် “အနှစ် ၃၀၀…