အမှန်တရားကို ရှာဖွေခြင်း
စာရေးဆရာမ ဂျူလီယာ ဂါလက်ဖ် (Julia Galef) က လူတို့သည် မိမိတို့မှားသော အခါ၌ပင် မှန်သည်ဟု ယုံကြည်လေ့ရှိသည်ကို ဆင်ခြင်လျက်၊ ၎င်းသည် မိမိယုံကြည် ထားသောအရာကို ခြိမ်းခြောက်လာသည့် အန္တရာယ်ကို ကာကွယ်ရေး၌ အာရုံစိုက်တတ်သည့် “စစ်သားစိတ်ဓာတ်” ကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။ ဂါလက်ဖ် က ပိုမိုကောင်းမွန်သောစိတ်ဓာတ်မှာ ကင်းထောက်စိတ်ဓာတ်ဖြစ်ကြောင်း အကြံပြုထားသည်။ ကင်းထောက်တစ်ဦးသည် အန္တရာယ်များကို ဖယ်ရှားရန် မကြိုးစားဘဲ အမှန်တရားကို လက်ခံရန် - “ လက်ခံရန် ခက်ခဲခြင်း၊ အဆင်မပြေခြင်း သို့မဟုတ် မနှစ်မြို့ဖွယ်ဖြစ်သည့်တိုင် အမှန်တရားကို အတတ်နိုင်ဆုံး ရှင်းလင်းစွာ နားလည်ရန် ကြိုးစားခြင်း” ကို ဆိုလိုသည်။ ဤကဲ့သို့ စိတ်ထားအမြင်ရှိသူများသည် နှိမ့်ချတတ်ပြီး နားလည်စိတ်ရှိရန် အဆက်မပြတ် ကြိုးစားကြသည်။
ဂါလက်ဖ်၏ ဖော်ပြချက်က ယုံကြည်သူများသည် “နားကြားခြင်းငှာ လျင်မြန် ကြစေ။…
ဘုရားသခင် အမှုပြုပေးလိမ့်မည်
အလုပ်ကြိုးစားသော စာရေးမလေး အဲရင်(Erin)က သူမ၏အလုပ်ကို အမြဲတမ်း ကောင်းကောင်းလုပ်သော်လည်း၊ မရိုးသားဘူးဟု စွပ်စွဲခံရပြီးနောက်၊ သူ့ကို စုံစမ်းစစ်ဆေးနေချိန်တွင် သူမအား တာဝန်မှ ရပ်စဲထားခဲ့သည်။ သူမသည် ဆန္ဒ ပြသည့်အနေဖြင့် အလုပ်ထွက်ရန် တွေးသော်လည်း၊ “အလုပ်ထွက်လိုက်ရင် မင်းမှာ အပြစ်ရှိနေလို့ပေါ့လို့ ထင်သွားမယ်” ဟု သူမကို ပြောကြပြီး၊ သည်းခံစောင့်ဆိုင်းရန် အကြံပြုခဲ့ကြသည်။ ထို့ကြောင့် အဲရင်သည် တရားမျှတမှုပေးရန် ဘုရားသခင်ထံ ဆုတောင်းနေခဲ့သည်။ လအတန်ကြာပြီးနောက် မျှော်လင့်ထားသည့်အတိုင်း သူမတွင် အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့သည်။
ပေါလုသည် ယောဟန်မာကုကို သာသနာပြုအဖွဲ့မှ ဖယ်ထားခဲ့သောအခါ၊ မာကုလည်း အလားတူ ခံစားခဲ့ရပေမည်။ ထိုလူငယ်သည် အစောပိုင်းတွင် သူတို့ကို စွန့်ခွာခဲ့ခြင်းက အမှန်ဖြစ်သည် (တ ၁၅:၃၇-၃၈)။ သို့သော် သူသည် နောင်တရပြီး ဤတစ်ကြိမ်၌ ပါဝင်နိုင်ရန် မျှော်လင့်နေခဲ့ခြင်း ဖြစ်မည်။ ပေါလုသည် သူ့အပေါ်…
နှုတ်မှ…
ခွေးပြောနေသည့်အရာကို နားလည်ခဲ့လျှင် ဘာလုပ်မည်နည်း။ နည်းပညာအသစ်က ခွေးဟောင်သောအခါ၊ ခွေးများ၏ခံစားချက်ကို နားလည်ရန် “ခွေးဟောင်သံ” ခွဲခြားခြင်းနည်းကို အသုံးပြုသည်။ နည်းပညာမြင့် ခွေးလည်ပတ်များက ခွေးများ၏စိတ်ခံစားချက်ကို ဖော်ထုတ်နိုင်ရန် ခွေးဟောင်သံ တစ်သောင်းကျော်မှ ရရှိသည့် အချက်အလက်များကို အသုံးပြု၍ အနက်အဓိပ္ပာယ်ပြန်ပေးသည်။ ခွေးလည်ပတ်များက စကားလုံးအဖြစ် ဘာသာပြန်မပေးနိုင်သော်လည်း၊ ပိုင်ရှင်နှင့် အိမ်မွေးတိရစ္ဆာန်ကြား နားလည်မှု ပိုမိုတိုးပွားလာအောင် မြှင့်တင်ပေးပါသည်။
ဘုရားသခင်သည်လည်း ဗာလမ်ကို ဆီးတားရန် တိရစ္ဆာန်တစ်ကောင်ကို အသုံးပြုခဲ့သည်။ ဗာလမ်သည် “လိုက်လော့။ သို့ရာတွင် ငါမှာထားသမျှအတိုင်းသာ ပြုရမည်” (တော ၂၂:၂၀)ဟု ထာဝရဘုရား၏အမိန့်တော်လာသည့်အတိုင်း မြည်းကို ကုန်းနှီးတင်ပြီး မောဘအရပ်သို့ ခရီးနှင်လေ၏။ ဗာလမ်သည် ဘုရားသခင်၏ ကောင်းကင်တမန် “ဓားကို မိုးလျက်၊ လမ်း၌ ရပ်နေသည်” (:၂၃) ကို မမြင်ရသော်လည်း၊ မြည်းသည် မြင်၍ ရပ်နေ၏။ ဗာလမ်က ဆက်သွားရန်…
သမ္မာကျမ်းစာက ဖော်ပြသောအရာ
၁၈၁၇ ခုနှစ်၊ ဧပြီလတွင် အင်္ဂလန်နိုင်ငံ ဂလော်ချက်စတာရှိုင်းယားမြို့ (Gloucestershire) ၌ လမ်းပျောက်နေသူ မိန်းမငယ်တစ်ဦးသည် ထူးဆန်းသောအဝတ်များဝတ်လျက်၊ လူမသိသော ဘာသာစကားတစ်ခုကိုပြောလျက် လျှောက်သွားနေသည်ကို လူတို့တွေ့ခဲ့သည်။ သူမကို တောင်းရမ်းစားသူဟု ယူဆ၍ အာဏာပိုင်များက သူ့ကို ထောင်ထဲ ထည့်ထားလိုက်သည်။ သို့သော်လည်း သူမက သူမသည်ဂျာဗာစုကျွန်း (Javasu)မှ မင်းသမီး ကာရာဘူး(Caraboo) ဖြစ်သည်ဟု အာဏာပိုင်များကို စည်းရုံးခဲ့သည်။ သူမသည် မယ်ရီဝေးလ်ကော့စ် (Mary Willcocks) ဟုခေါ်သော အစေခံမလေးဖြစ်သည်ဟု အဆောင်ပိုင်ရှင်တစ်ဦးက မဖော်ထုတ်ခင်အထိ မြို့သူမြို့သားများက သူမကို ရက်သတ္တပတ် (၁၀) ပတ်ခန့်မျှ တော်ဝင်မျိုးနွယ်ကဲ့သို့ ဆက်ဆံခဲ့ကြသည်။
ဤမိန်းမငယ်လေးသည် ရပ်ရွာတစ်ခုလုံးကို ၃ လနီးပါးကြာအောင် မည်ကဲ့သို့ လှည့်စားခဲ့ပါလိမ့်ဟု ကျွန်ုပ်တို့ တွေးမိလိမ့်မည်။ သို့သော်လည်း လှည့်စားခြင်းသည် အသစ်အဆန်းမဟုတ်ကြောင်းကို ၂ ယော ၌ “…
အသက်ထက်သာ၍ ကောင်းသည်
မမျှော်လင့်ဘဲ ထပ်မံ၍ ကျန်းမာရေး ထိခိုက်ချို့ယွင်းပြီးနောက် ကျွန်မခင်ပွန်းနှင့်တကွ အခြားသူတို့နှင့်အတူ တောင်ပေါ်အပန်းဖြေခရီးသို့ ကျွန်မလိုက်ပါခဲ့သည်။ တောင်ကုန်းထိပ်တစ်ခုရှိ ဘုရားကျောင်းလေးသို့ သစ်သားလှေကားမှ ကျွန်မဖြည်းဖြည်းချင်းတက်ခဲ့သည်။ အမှောင်ထဲတွင် တစ်ယောက်တည်း တက်လာရင်း ပဲ့နေသောလှေကားထစ်တစ်ခုတွင် ကျွန်မ နားလိုက်သည်။ ဂီတသံ စကြားရသည့် အချိန်တွင် “ကျွန်မကို မစပါ၊ အဘဘုရား” ဟု ကျွန်မ ဆုတောင်းခဲ့သည်။ ဖြည်းဖြည်းချင်းလျှောက်သွားရင်း အခန်းကျဉ်းတစ်ခုထဲ ရောက်သွားသည်။ နာကျင်မှုဖြင့် အသက်ရှူရင်း ဘုရားသခင်သည် တောထဲတွင် ကျွန်မတို့ကို ကြားခြင်းကြောင့် ကျွန်မ ကျေးဇူးတင်မိသည်။
ဘုရားသခင်အား အရင်းနှီးဆုံး ကိုးကွယ်သည့် အခိုက်အတန့်အချို့မှာ တောထဲတွင် ဖြစ်ကြောင်း ကျမ်းစာ၌ မှတ်တမ်းတင်ထားသည်။ သူ့သား အဘရှလုံထံမှထွက်ပြေးရင်း ယုဒပြည်၏ကန္တာရထဲ ဒါဝိဒ်မင်း ပုန်းနေစဉ် “အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။...အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကိုငတ်ပါ၏။ အကျွန်ုပ်၏ကိုယ်ခန္ဓာ…
နားမကြားသူ၏ နှလုံးသား
လီဆာသည် သူမ၏ လက်ဟန်အနေအထားဖြင့် ဆက်သွယ်မှု အရည်အချင်း ပိုမိုတိုးတက်လာရေးအတွက် နားမကြားသူများ၏ကမ္ဘာထဲ အာရုံစိုက် စိတ်နှစ်ထား ခဲ့သည်။ မကြာမီပင် နားမကြားသူများကို နားကြားသူများက လျစ်လျူရှုကြပြီး၊ နှုတ်ခမ်းလှုပ်ရှားမှုကို နားမကြားများက ကောင်းစွာ ဖတ်တတ်ရန် နားကြားသူ များက မျှော်လင့်ခြင်း၊ လုပ်ငန်းခွင်၌လည်း ရာထူးတိုးအတွက် အမြဲချန်လှပ်ခံရ လေ့ရှိခြင်း၊ ပွဲလမ်းအခမ်းအနားအများစုတွင် လက်ဟန်ဖြင့် ဘာသာပြန်ပေးသူ မရှိခြင်းစသည့် နားမကြားသူတို့ကြုံရသောပြဿနာများကို သူသိလာရသည်။
လီဆာ၏ လက်ဟန်ဖြင့်ဆက်သွယ်မှုစွမ်းရည် ပုံမှန်တိုးတက်လာပြီး နားမကြား သူများနှင့် တစ်သားတည်းဖြစ်လာခဲ့သည်။ ပါတီပွဲတစ်ခုတွင် နားမကြားသူတစ်ဦးက လီဆာနားကြားနိုင်သည်ကို သိသွားသောအခါ အံ့ဩသွားသည်။ လီဆာဘာမှပြန်မပြောနိုင်ခင် အခြားသူငယ်ချင်းတစ်ဦးက “သူမမှာ နားမကြားသူတစ်ယောက်ရဲ့ နှလုံးသားရှိတယ်”ဟု လက်ဟန်ဖြင့် ပြောခဲ့သည်။ နားမကြားသူတို့ကမ္ဘာ၌ သူတို့နှင့်အတူ ရှင်သန်လိုသည့် လီဆာ၏ စိတ်ဆန္ဒက အဓိကဖြစ်သည်။
လီဆာသည် နားမကြားများနှင့် ရင်းနှီးရန် မတူမတန်နှိမ့်ချခဲ့ခြင်းမဟုတ်ပါ။ သူမ…
ဖန်ဆင်းခြင်းလက်ရာတွင် ဘုရားရှင်အား တွေ့မြင်ခြင်း
Kenny (ကန်နီ)သည် ဘုရားသခင်၌ ယုံကြည်ခြင်းပျောက်ဆုံးခဲ့ပြီးနောက်၊ သူစွန့်ခဲ့သည့်အသင်းတော် လူပရိတ်သတ်တို့ရှေ့တွင် ရပ်လျက်၊ သူ ပြန်လည်သက်ဝင်ယုံကြည်လာပြီဟု ဝေငှသည်။ အဘယ်သို့နည်း။ သူတွေ့ခဲ့သော ဖန်ဆင်းခံအရာများ၏ အလှတရားနှင့် ဒီဇိုင်းမှတစ်ဆင့် ဘုရားသခင်က သူ့စိတ်နှလုံးကို တို့ထိခဲ့ခြင်းဖြစ်ပါသည်။ သဘာဝလောကကြီး၌ တွေ့ရသည့် ဘုရားသခင်၏ သာမန်ဖွင့်ပြချက်များကို မြင်ပြီး ကန်နီသည် ဘုရားသခင်အပေါ် ထပ်၍ အံ့ဩခဲ့သည်။ ယခုတွင် သူသည် သမ္မာကျမ်းစာ၏အထူးဖွင့်ပြချက်တွင် တွေ့ရှိသည့် ဉာဏ်ပညာကို ခံယူဆုပ်ကိုင်ပြီဖြစ်သည်။ သူ့အဖြစ်အပျက်ကို ဝေငှပြီးသောအခါ ကန်နီသည် ဘုရားကျောင်းရှေ့ရှိ ရေကန်ထဲသို့ဆင်းသွားသည်။ ကန်နီ၏ သခင်ယေရှုအား ယုံကြည်မှုကို အခြေခံ၍ သူ့ဖခင်က ပျော်ရွှင်သောမျက်ရည်များဖြင့် သူ့ကို နှစ်ခြင်းပေးခဲ့သည်။
ယောဘသည် ဘဝတွင် အရာများစွာ ဆုံးရှုံးခဲ့ပြီးနောက် သူ့ယုံကြည်ခြင်းလည်း တုန်လှုပ်ခဲ့သည်။ သူက “ကိုယ်တော်အား အကျွန်ုပ် အော်ဟစ်သော်လည်း ကြားတော်မမူ၊ အကျွန်ုပ်သည် မတ်တပ်နေသော်လည်း မှတ်တော်မမူ”…
ဗက်လင်မြို့ငယ်
ဖိလစ်ဘရွတ် (Phillips Brooks)သည် ဗက်လင်မြို့သို့ သွားရောက်ပြီးနောက်တွင် လူအများ ချစ်မြတ်နိုးသော “ဗက်လင်မြို့ငယ်ကျူး” ခရစ္စမတ်တေး သီချင်းစာသားများကို ရေးသားခဲ့သည်။ အမေရိကန်နိုင်ငံရှိ ဘုရားကျောင်းတစ်ခု၏ သင်းအုပ်ဆရာဖြစ်သူ ဘရွတ်သည် သူ့အတွေ့အကြုံကြောင့် အလွန် စိတ်နှလုံးတို့ထိခံခဲ့ရ၍ သူ၏ဆန်းဒေးစကူးကျောင်းသားများအတွက် “မှတ်မိ သေးတယ်။ ခရစ်စမတ်အကြိုနေ့မှာ ယေရှုဖွားမြင်တဲ့နေရာနဲ့နီးတဲ့ ဗက်လင်မြို့ ဘုရားကျောင်းဟောင်းမှာ ရပ်နေတုန်း၊ ဘုရားသခင်ကို ချီးမွမ်းတဲ့ သိပ်ကောင်း တဲ့ ဓမ္မတေးသံတွေ ဘုရားကျောင်းထဲမှာ ပဲ့တင်ထပ်လို့၊ ကျွန်ုပ်ကောင်းကောင်းသိတဲ့အသံတွေက ကယ်တင်ရှင်မွေးဖွားတဲ့ အံ့ဩဖွယ်ညအကြောင်း အချင်း ချင်း ပြောနေသံကို ကျွန်ုပ် ကြားနေသလိုပါပဲ” ဟုရေးသားပေးပို့ခဲ့သည်။
၁၈၆၈ ခုနှစ်တွင် ဘရွတ်က သူ့အတွေးများကို ကဗျာအဖြစ်ရေးဖွဲ့ခဲ့ပြီး၊ သူ့ဘုရားကျောင်းမှ အော်ဂင်တီးသူက သံစဥ် ထည့်သွင်းပေးခဲ့သည်။ အမေရိကန်ပြည်တွင်းစစ်ဖြစ်ပြီးနောက် မပြီးပြတ်သေးဘဲ ရှိနေဆဲအနိဌာရုံများကြားတွင် “ အို သိမ်ငယ်သော ဗက်လင်မြို့မှာ တိတ်ဆိတ်စွာ ရှိနေစဉ်ခါ၊...…
ဘုရားသခင် အားလုံးကို သိသည်
ဘုရားသခင်သည် အမှန်ပင် အရာအားလုံးကို သိသည်။ သို့သော်လည်း The Wall Street Journal (ဝေါစထရိစ် ဂျာနယ်)သတင်းစာအရ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီသည် ကျွန်ုပ်တို့၏ ဖုန်းအသုံးပြုမှုလမ်းကြောင်းမှတစ်ဆင့် ကျွန်ုပ်တို့အကြောင်းကို အများကြီး သိနေသည်။ ဖုန်းတွင် ကျွန်ုပ်တို့လုပ်သမျှသည် ဒစ်ဂျစ်တယ်အချက်အလက်အဖြစ် ကျန်ခဲ့၍ ၎င်းတို့စုပေါင်းလိုက်လျှင် “မက်တာဒေတာ” ဖြစ်သွားသည်။ ဒေတာအချက်အလက်တစ်ခုချင်းစီသည် အသေးအဖွဲ ဟု ထင်ရသော်လည်း ၎င်းတို့အားလုံးကို ပေါင်း၍ စိစစ်လိုက်လျှင် “ထောက်လှမ်း စုံစမ်းရာတွင် အသုံးပြုသည့် လက်နက်များအနက် စွမ်းအားအကြီးဆုံး လက်နက်တခု” အဖြစ် မက်တာဒေတာကို သုံး၍ရသည်။ ကျွန်ုပ်တို့၏မက်တာဒေတာကို ခြေရာခံလျှင် စုံစမ်းသူများသည် ကျွန်ုပ်တို့ ဘယ်ရောက်ဖူးသည်၊ ဘယ်နေရာတွင်ရှိသည်ကို အချိန်မရွေးထောက်ပြနိုင်သည်။
အမျိုးသားလုံခြုံရေးအေဂျင်စီ၏ အချက်အလက်စိစစ်လေ့လာရေးထက် များစွာသာလွန်၍ သိမြင်သော ဘုရားသခင် သည် ကျွန်ုပ်တို့ မည်သည့်နေရာတွင်ရှိသည်ကို သိသည်။ ၁၃၉ ခုမြောက်သောဆာလံတွင် ကျွန်ုပ်တို့ကို…
ဘုရားသခင်အား ပြန်၍ပေးခြင်း
ကျွန်မတို့ အပတ်စဉ်လှူဒါန်းခြင်းအပြင် အားကစားရုံအသစ်တစ်ခုဆောက်ရန်အတွက် အလှူငွေပါဝင်ရန် အသင်းတော်၏ခေါင်းဆောင်များက ကျွန်မတို့ကို တစ်နှစ်က ဖိတ်ခေါ်ခဲ့သည်။ ထိုနေရာကိုအသုံးပြု၍ ကျွန်မတို့ ပတ်ဝန်းကျင်ရှိ မိသားစုများကို သာသနာပြုမည်ဖြစ်သည်။ မသန်စွမ်းဖြစ်နေခြင်းကြောင့် ဆေးဝါးအတွက် ကုန်ကျစရိတ်ကို ဆုတောင်း၍ စဉ်းစားတွက်ချက်ကြည့်ပြီးနောက် “ကျွန်မတို့ ဒါကိုလုပ်နိုင်ပါ့မလား” ဟု ကျွန်မယောက်ျားကို မေးခဲ့သည်။ သူက ခေါင်းငြိမ့် ၍ “ ဘုရားသခင်ရဲ့အပိုင်ဖြစ်နေပြီးသားအရာကိုပဲ ပြန်ပေးတာပဲလေ၊ လိုအပ်သမျှကို ဘုရားသခင်က ထောက်ပံ့မှာပါ”ဟု သူက ဆိုသည်။ ဘုရားသခင်က တကယ်လည်း ထောက်ပံ့ခဲ့သည်။ ဆယ်နှစ်ကြာပြီးနောက် ကျွန်မတို့၏ဘုရားကျောင်း သည် ထိုအဆောက်အအုံတွင် လူများကို ဝန်ဆောင်မှုပေးခြင်းဖြင့် ဘုရားသခင်၏ အမှုတော်ကို ထမ်းဆောင်နိုင်ခွင့် ရနေဆဲဖြစ်သည်။
ရာဇဝင်ချုပ်ပထမစောင် ၂၉ တွင် ဒါဝိဒ်မင်းကြီးက သူ့သားရှောလမုန်ကို ဘုရားသခင် ရွေးချယ်ထားသော ထီးနန်းဆက်ဆံသူနှင့် ဗိမ္မာန်တော်တည်ဆောက် သူအဖြစ် ထောက်ခံကြောင်း ဣသရေလပြည်၏ ခေါင်းဆောင်များကို…