အမျိုးအစား  |  odb

သိနေသောမျက်လုံး

အိမ်ဘေး၌တွဲ၍အဖီဆွဲခြင်းလုပ်ငန်းတွင် ဂျေဆင်နှင့်ပီယာ(Jason and Pierre)တို့ အတူတစ်ကွ အလုပ်လုပ်လာသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သည်။ သူတို့သည် သူငယ်ချင်းကောင်းများဖြစ်သော်လည်း နှစ်ဦးစလုံးက စကားနည်းသည်။ သူတို့အလုပ်လုပ်နေစဉ် တစ်ဦးနှင့်တစ်ဦး စကားတစ်ခွန်းပင် ပြောခဲသည်။ တစ်ဦးနှင့်တစ်ဦး အကြောင်းသိပြီး၊ ထိုသို့စကားမပြောခြင်းက ပြဿနာမဟုတ်ပါ။ ခေါင်းငြိမ့်ခြင်း(သို့)မျက်လုံးအကြည့်ဖြင့်သာ အချက်ပြကြပြီး၊ ထိုအချက်ပြ အမူအရာလေးများ၏ ထိရောက်မှု ကြီးမားသည်။

ထိုအကျွမ်းဝင်မှုက ဆာလံ ၃၂ မှ ဘုရားသခင်နှင့်ဆာလံဆရာတို့၏ ရင်းနှီးမှုအဆင့်ကို သတိရစေသည်။ မူကွဲကျမ်းစာတစ်ခု၌ အပိုဒ်ငယ် ၈ ကို “သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကို မျက်လုံးထောင့်ထောက်ကြည့်ရှုမည်”ဟု ဆိုထားသည်။ ဘုရားသခင်သည် အဝေးမှကြည့်နေသူမဟုတ်။ သားသမီးနှင့်အတူတကွ အလုပ်လုပ်သော မြတ်နိုးဖွယ် အဘဘုရားဖြစ်သည်။ အပြစ်ဝန်ချခြင်းဖြင့် ဆာလံ ၃၂ ကို အစပြုထားသော်လည်း (:၁-၅)၊ အပြစ်ဒဏ်ပေးရေးက အဓိက မဟုတ်ဘဲ၊ ဘုရားသခင်သည် သူ၏သားသမီးများအား မှန်သောလမ်းကို သွန်သင်လျက်…

ဘုရားသခင်၏လက်ဆောင်အတွက် ကျေးဇူးတင်ပါ

စတိုးဆိုင်တစ်ခုတွင် သက်ကြီးပိုင်းလူကြီးတစ်ဦးသည် ကလေးကျောပိုးအိတ်ကို ကြာမြင့်စွာ ရပ်ကြည့်နေသည်။ “ကျွန်တော့်မြေးမလေးမွေးနေ့ပါ။ ကျွန်တော့်ရဲ့ လက်ဆောင်ကို သူသဘောကျမယ်လို့ မျှော်လင့်တယ်”ဟု သူက ကျွန်မကို ပြောသည်။ ငွေရှင်းကောင်တာတွင် ကာတွန်းအရုပ်လေးများနှင့် ပန်းရောင်ကျောပိုးအိတ်ကို ကျစ်ကျစ်ပါအောင် သူဆုပ်ထားသည်။ သူစိတ်လှုပ်ရှားနေပုံပေါ်ပါသည်။

ထို့နောက် စားသောက်ဆိုင်တစ်ခုတွင် ကလေးမနှင့်၊ သူ့မိဘများနှင့် ထိုလူကြီးကို ပြန်တွေ့သည်။ ကလေးမက လက်ဆောင်ကိုဖွင့်ကြည့်ပြီး “ဒီအရုပ်တွေကို မကြိုက်ဘူး။ ပန်းရောင်ကိုလည်း မုန်းတယ်”ဟုပြောသဖြင့် မိဘများက အဘိုးကို တောင်းပန်စေသော်လည်း သူမကတော့ မကျေမနပ်ဖြစ်နေဆဲပင်။ သူ့အဘိုးအတွက် ကျွန်မစိတ်ကြေကွဲခဲ့ရသည်။

ဘုရားသခင်ပေးသောလက်ဆောင်အပေါ် တစ်ခါတစ်ရံ ကျွန်မ၏တုံ့ပြန်မှုနှင့်ပတ်သက်၍ ထိုအဖြစ်အပျက်က ကျွန်မအတွက် သတိပေးချက်ဖြစ်ခဲ့သည်။ အခြားအရာကို လိုချင်၍ မကျေနပ်မှုကို ပြသခြင်းကြောင့် ကျွန်မအတွက် ဘုရားရှင် ကိုယ်တိုင် မေတ္တာဖြင့် ပြင်ဆင်ပေးသော မိမိအရှေ့ရှိ အံ့ဖွယ်လက်ဆောင်မွန်ကို ကျွန်မ မမြင်ဘဲ လွဲချော်သွားခဲ့ရသည်။ ဣသရေလလူမျိုးတို့သည်လည်း ထိုနည်းတူပြုမူခဲ့ကြသည်။…

ယနေ့- အလွန်တန်ဖိုးရှိသောနေ့

ဗီယက်နမ်လူမျိုး ပစ္စည်းစုဆောင်းသူ ဖမ်း(Pham)သည် ဥရောပနိုင်ငံရှိ ဘုရားကျောင်းများမှ နာရီအလုံး ၂၀ ကျော်ကို စုဆောင်းထိန်းသိမ်းခဲ့သည်။ ဘုရားကျောင်း၏နာရီနေရာတွင် အများစုကို လျှပ်စစ်နာရီများဖြင့် အစားထိုးခဲ့သည်။ ၎င်းတို့အနက် ၁၇၅၀ ခုနှစ် ရေးထိုးထားသည့် အီတလီနိုင်ငံထုတ် နာရီတစ်လုံးပါဝင်ပြီး၊ ၎င်းသည် အချိန်မှန်ကန်တိကျဆဲဖြစ်သည်။ နာရီများကို နဂိုအတိုင်းရှိအောင် ထိန်းသိမ်းရခြင်းကို ဖမ်းနှစ်သက်သည်။ သူက ဤနာရီများက အချိန်သည် အလွန်တန်ဖိုးရှိကြောင်းနှင့် အချိန်တစ်ခုစီကို မဖြုန်းတီးဘဲ အကျိုးရှိစွာ အသုံးချရန် သတိပေးနေသည်ဟု ဆိုသည်။

ရှင်ယာကုပ်အခန်းကြီး(၄)၌ ကျမ်းရေးသူက စာရှုသူများအား “ သင်တို့အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း။ ခဏထင်ရှားပြီးမှကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏”(ယာ ၄:၁၄)ဟု သတိပေးကာ အချိန်၏တန်ဖိုးကို သိမှတ်ရန် အားပေးထားသည်။ အခန်းငယ် ၁၃ ၌ ရှင်ယာကုပ်က ဘုရားသခင်နှင့် မတိုင်ပင်ဘဲ “ယနေ့၊ နက်ဖြန် ဤမည်သောမြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌…

ဘုရားရှင်ပြင်ဆင်ပေးသည့် အနာဂတ်

အင်တာနက်ခေတ်ကြီး၌ ကျွန်ုပ်တို့ ရှင်သန်နေကြပြီး၊ မိမိတင်သမျှဓာတ်ပုံ၊ ပို့စ်များ၊ ဘလော့ဂ်များကို အင်တာနက်မှ မမေ့မလျော့၊ ထာဝရသိမ်းထားပေးသည်ဟု ထင်ရသည်။ သို့သော် အဓိကကျသည့် ရှာဖွေရေးပရိုဂမ်တစ်ခုက အင်တာနက်အသုံးပြုသူများအား ဖုန်းနံပါတ်၊ အိမ်လိပ်စာစသည့် ကိုယ်ရေးအချက်အလက်များကို ဖယ်ရှားပေးရန် တောင်းဆိုနိုင်သည့်စနစ်ကို မိတ်ဆက်ပေးလာသည်။ အချက်အလက်အားလုံးကို လုံးဝမဖျက်ပစ်သော်လည်း အချက်အလက်များအား မြင်တွေ့နိုင်ခြေကို သိသာစွာ လျော့ချပေးလျက်၊ လူတို့အား မိမိ၏အချက်အလက်များကို ထိန်းသိမ်းနိုင်ကြောင်းအသိကို ပေးပေသည်။

ထိုသို့ အတိတ်ကြောင်း“ရှင်းလင်းရေး”အတွေးအမြင်က(ဟေရှာ ၄၃:၁၈-၁၉)မှ ပရောဖက်ဟေရှာယ၏စကားများကို ထင်ဟပ်နေသည်။ ဘုရားသခင်က “ဖြစ်ဖူးသောအမှုတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏အရာတို့ကို ပမာဏ မပြုကြနှင့်။ ကြည့်ရှုလော့။ အမှုသစ်ကို ငါပြုမည်”ဟု မိန့်မြွက်သည်။ ဗာဗုလုန်သို့ ဣသရေလလူမျိုးတို့ ခေါ်ဆောင်ခံရချိန်၊ ၎င်းတို့အလွန်စိတ်အားလျော့လျက် ပြန်လည်တည်ဆောက်ပေးမှုကို အလွန်တောင့်တချိန်၌ ဤစကားများကို ဘုရားရှင်မိန့်ကြားခဲ့သည်။ ထာဝရဘုရားသခင်က လူမျိုးတော်တို့အား အတိတ်က ပျက်ကွက်ကျရှုံးမှုများ၊ ကျွန်ခံရာဘဝ၏နာကျင်မှု၌ အမြစ်စွဲမနေဘဲ၊ ဗာဗုလုန်ပြည်မှ…

သေးငယ်သောအရာနှင့် ကြီးမားသောအရာ

၁၉၈၇ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ကောနက်တိကပ်(Conneticut)မြို့၌ ရှဥ့်တစ်ကောင်က လျှပ်စစ်ပါဝါလိုင်းကို ကိုက်ဖြတ်ခဲ့မှုကြောင့် ရောင်းဝယ် ဖောက်ကား ဈေးကစားသူများအတွက် ကာလပေါက်ဈေးနှုန်းများကို အလိုအ‌လျောက် နေ့စဉ်ဖော်ပြပေးသည့် အမျိုးသားလုံခြုံရေးအဖွဲ့အစည်း (NASDAQ’s)တွင် လိုင်းများ ပြတ်တောက်ပြီး၊ ငွေကြေးလည်ပတ်မှုဆိုင်ရာစက်ယန္တရားများလည်း ရပ်ဆိုင်းကာ အမှောင်ထုဖုံးလွှမ်းခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ စတော့ရှယ်ဈေးကွက်မှ စီးပွားရေး ပညာရှင်များမှာလည်း ခေါင်းခဲလျက် တစ်နာရီခွဲနီးပါးခန့်မျှ ချွေးပြန်ခဲ့ကြရသည်။ ဘာမှမဟုတ်သည့် ရှဉ့်လေးကြောင့် ထိုသို့ ဖြစ်ပျက်ခဲ့သည်။

သေးငယ်သောအရာမှ ကြီးမားသောသက်ရောက်မှု ဖြစ်စေနိုင်ကြောင်း သမ္မာကျမ်းစာ၌ များစွာသောသာဓကများဖြင့် ဖော်ပြထားသည်။ သို့သော် ဘုရားသခင်က ဘာမှမဟုတ်သည့်အရာမှ ကြီးကျယ်မြင့်မြတ်သည့်အရာကို ပြုလုပ်ပေးနိုင်သည်။ ကလေးတစ်ဦး၏နေ့လည်စာ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် ယောကျ်ားချည်း လူဦးရေငါးထောင်၊ မိန်းမနှင့်ကလေးများပါဝင်လျှင် တစ်သောင်းခွဲမျှသောလူဦးရေကို သခင်ယေရှု ကျွေးမွေးခဲ့သည့်အကြောင်းကို ရှင်ယောဟန်က မှတ်တမ်းတင်ခဲ့သည် (ယော ၆:၉)။

ဓမ္မဟောင်းကျမ်းတွင် သိုးကျောင်းသားလေး လူငယ်ဒါဝိဒ်သည်…

အရိုးရုပ်ကြွင်းတိုက်ပွဲ

၁၈၀၀ ခုနှစ်နှောင်းပိုင်းများ၌ အမေရိကန်နိုင်ငံအနောက်ဘက်ပိုင်းတွင် သမိုင်းဝင် ရှေးဟောင်းဒိုင်နိုဆောအရိုးရုပ်ကြွင်းများကို ရှာဖွေကြရင်း ရှေးဟောင်းသုတေသန ပညာရှင်နှစ်ဦးတို့ အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ စာရေးဆရာတစ်ဦးက ၎င်းတို့နှစ်ဦးသည် မိမိပြိုင်ဘက်ထက်သာအောင် တစ်ဦးနှင့်တစ်ဦး ကလိမ်ဉာဏ်ဆင်၍ လာဘ်ထိုးခြင်း၊ ခိုးယူခြင်းနှင့်၊ နောက်ဆုံး ထိုရုပ်ကြွင်းအရိုးများကို ဖျက်ဆီးသည်အထိ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ထိုသို့ တစ်ဦးနှင့်တစ်ဦး သူ့အကျိုးပျက်အောင် ကြိုးစားရင်း မိမိ၏နာမည်နှင့် ဂုဏ်သိက္ခာကိုပါ ထိခိုက်ပျက်စီးစေခဲ့သည်ဟု မှတ်ချက်ပြုခဲ့သည်။

ယိုယွင်းနေသော ကျွန်ုပ်တို့၏ကမ္ဘာမြေတွင် ပဋိပက္ခများ၊ ယှဉ်ပြိုင်မှုများကို ရှောင်လွှဲ၍ မရနိုင်ပါ။ ထိုပဋိပက္ခများကို မည်သို့ဖြေရှင်းမည်ကို ရွေးချယ်ပုံက ကျွန်ုပ်တို့၏စိတ်နှလုံး၌ ရှိသည့်အရာကို ဖော်ပြလိမ့်မည်။ ဖိလိပ္ပိအသင်းတော်ရှိ အမျိုးသမီးကြီးနှစ်ဦး၏ပဋိပက္ခကို တမန်တော်ရှင်ပေါလုသိသောအခါ “ဧဝေါဒိနှင့် သုန္တုတ်တို့သည် သခင်ဘုရား၌ သဘောတညီတညွတ်တည်း ဖြစ်ရပါမည် အကြောင်းကို (သူ)တောင်းပန်သွေးဆောင်”ခဲ့သည်။ ထို့နောက် ယုံကြည်သူချင်းတို့အား “...ဧဝံဂေလိတရားကို ဟောပြောသောအမှု၌ ကူညီ၍ကြိုးစားအားထုတ်သော (ဤ)မိန်းမတို့ကို ...”မစရန် နှိုးဆော်ထားသည်…

သူငယ်တော်ကို ရှာဖွေခြင်း

ဆရာကြီးပီတာ တာချီ(Peter Turchi)သည် စာရေးရာ၌ မြေပုံကို ကြည့်ပြီး၊ ထိုမြေပုံ၌ပါရှိသည့် အကြောင်းအရာများနှင့် စွန်းစားခန်းများကို ရှာဖွေသည်။ “မြေပုံတောင်းတယ်ဆိုရင် အဲဒါက ဇာတ်လမ်းတစ်ပုဒ် ပြောပြပါလို့ ဆိုလိုခြင်းဖြစ်တယ်”ဟု ဆရာကြီးက ဆိုသည်။ ဤအိုင်ဒီယာကို အမိအရယူကာ ခရစ်စမတ်ကာလအတွင်း “မာဂုပညာရှိများ၏ယုံကြည်ခြင်း”ဆိုသည့် ခေါင်းစဉ်ဖြင့် ကျွန်မ၏ ဆန်း‌ဒေးစကူးအတန်းအတွက် သင်ခန်းစာပြင်ဆင်လျက်၊ မြေပုံကို လေ့လာရာ၊ သူငယ်တော်ကို ဖူးမြင်ရရန် မာဂုပညာရှိတို့သည် မိုင်ပေါင်း ၉၀၀ ကျော်ခန့် ခရီးနှင်ခဲ့ရပြီး၊ ၎င်းသည် လပေါင်းများစွာကြာနိုင်သည်။ ခရစ်တော်ကို တွေ့ရှိချိန်တွင် သူငယ်တော်သည် နွားစားခွက်ထဲ၌ မဟုတ်တော့ဘဲ၊ မိဘနှင့်အတူရှိနေသည့် လမ်းလျှောက်တတ်စ အရွယ်ပင် ရောက်နေပါပြီ။ ထိုမျှလောက်ခရီးနှင်ခဲ့ပြီး သူငယ်ကို တွေ့သောအခါ မာဂုပညာရှိတို့၏ တုံ့ပြန်ပုံမှာ သူတို့သည် “သူငယ်တော်ကို ပြပ်ဝပ်ကိုးကွယ်”ခဲ့ကြသည်(မ ၂:၁၁)။

မာဂုပညာရှိတို့၏ခရီးစဥ်မှ သခင်ခရစ်တော်အကြောင်းကို ပိုမို၍ပြည့်စုံစွာ သိအောင် ရည်ရွယ်ချက်ရှိရှိ ရှာဖွေလုပ်ဆောင်ရန်…

ဂရုစိုက်မှုကို ဖော်ပြသော ဆုတောင်းခြင်း

အမျိုးသမီးတစ်ဦးသည် ကုသမှုခံယူရန် သွားဆရာဝန်ရှေ့ထိုင်ခုံ၌ ရှိနေစဉ် ပုံမှန်မဟုတ်ဘဲ စိတ်လှုပ်ရှားနေခဲ့သည်။ မိသားစုဝန်ထုပ်ဝန်ပိုးများက သူမကို အလွန် ဒုက္ခပေးဖိစီးနေသည်မှာ သိသာသည်။ သွားဆရာဝန်သည် သူမ၏ သောကကို သတိပြုမိပြီး မေးမြန်းလျက်၊ သူမ၏အဖြေကို နားထောင်ကာ“မင်းအတွက် ဆုတောင်းပေးလို့ရမလား”ဟု မေးပြီး ဆုတောင်းပေးခဲ့သည်။ ထိုနောက် သွားသန့်ရှင်းရေးပညာရှင် ဝင်လာသောအခါ သူမလည်း ထိုအမျိုးသမီး အတွက် ဆုတောင်းပေးခဲ့သည်။ သွားဆရာဝန်နှင့် တစ်ကြိမ်ပြသပြီး၊ ဆုတောင်းပေးမှု နှစ်ကြိမ်ခံခဲ့ရ၍၊ ထိုအမျိုးသမီးသည် အမှန်တကယ် ဂရုစိုက်ခံခဲ့ရသည်ဟု သိရှိခံစားရလျက် ဆေးခန်းမှ ပြန်သွားသည်။

အခြားသူများအတွက် ဆုတောင်းပေးခြင်းသည် ကျွန်ုပ်တို့၏ ဂရုစိုက်မှုကို ပြသရန် အကောင်းဆုံးနည်းလမ်းများအနက်တစ်ခုဖြစ်သည်။ အကြောင်းမှာ ၎င်းသည် အကြီးမြတ်ဆုံး အရင်းအမြစ်အဖြစ် ကျွန်ုပ်တို့သိထားသည့် ကောင်းကင် ဘုံရှင် ခမည်းတော်အား အခြားသူများ၏ဘဝတွင် တက်ကြွစွာပါဝင်လှုပ်ရှားရန် တောင်းဆိုခြင်း ဖြစ်သည်။ ၁ ရာ ၁၂ တွင်…

ဘုရားသခင်၏ လှပသောဖန်ဆင်းခြင်း

သားသမီးတစ်ဦးဆုံးပါးသွားခြင်းသည် မိဘများအတွက် အင်မတန်စိတ်ထိခိုက်ဖွယ်ရာပင်။ သားသမီးနှစ်ဦးကို ဆုံးရှုံးရသည်ဆိုလျှင် တွေးပင် မတွေးရဲပါ။ သို့သော် ဩစတြေးလျ ဂီတပညာရှင်၊ စာရေးဆရာနှင့် သရုပ်ဆောင် နစ်ကေ့ဗ်(Nick Cave)သည် ထိုအတွေ့အကြုံကို ဖြတ်သန်းခဲ့ရသူဖြစ်သည်။ ၂၀၁၅ တွင် သူ၏ ၁၅ နှစ်အရွယ်သားသည် ချောက်ကမ်းပါးမှ ပြုတ်ကျသေဆုံးခဲ့သည်။ နောက်နှစ်အတန်ကြာတွင် သူ၏သားဦးလည်း ကွယ်လွန်သွားပြန်သည်။ ထိုသို့ ပြင်းထန်လွန်းသည့် ဝမ်းနည်းခြင်းဒဏ်ကို ခံစားနေရချိန်တွင် ကေ့ဗ်နှင့် သူ၏ဇနီးတို့ မည်သို့ ဆက်လက်ရှင်သန်ခဲ့ကြသနည်း။ သင်ဆိုလျှင် မည်သို့ပြုမည်နည်း။

ကေ့ဗ်သည် သူ့ပတ်ဝန်းကျင်တွင် နှစ်သိမ့်မှုကို ရှာဖွေရန် ကြိုးစားခဲ့သည်။ “ဆိုးရွားတဲ့ ဒုက္ခခံစားရချိန်မှာတောင် ဆက်ပြီးလှပနေဖို့က ကမ္ဘာကြီးရဲ့ရဲရင့်မှုပဲ။ ကမ္ဘာကြီးဟာ စနစ်တကျနဲ့ ခမ်းနားလှပစွာ ဆက်လက်ရှင်သန်နေခဲ့တယ်။ အဲဒါ ကမ္ဘာလောကကို ကျွန်တော်မြင်ခဲ့တဲ့အမြင်ပဲ”ဟု သူက ပြောခဲ့သည်။

သခင်ယေရှုသည် ထိုသို့သော အလှတရားကို မိန့်တော်မူခဲ့ပြီး၊ ၎င်းသည် ဘုရားသခင်၏…

မိတ်ဆွေခုံတန်းလျား

လူငယ်အရွယ်လူနာတစ်ဦးသည် စိတ်ကျန်းမာရေးကုသမှုအတွက် ဆေးရုံသွားရန် ဘတ်စ်ကားခ မတတ်နိုင်သဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်။ စိတ်မသက်မသာဖြစ်ခဲ့ရသည့် ဇင်ဘာဘွေနိုင်ငံမှ ဒေါက်တာချီဘန်ဒါ(Chibanda)သည် ကုသမှုကို ပိုမိုလွယ်ကူစွာ ရရှိနိုင်မည့် နည်းလမ်းများကို စမ်းသပ်ခဲ့သည်။ သို့နှင့် အမြော်အမြင်နှင့် နေရာချထားသော ခုံတန်းများတွင် ထိုင်ကာ အကူအညီလိုသူများကို နှစ်သိမ့်ဆွေးနွေးပေးမည့် ကုထုံးပညာရှင်များ အသင့်ရှိနေသည့် မိတ်ဆွေခုံတန်းလျား အစီအစဥ် စတင်ပေါက်ဖွားလာခဲ့သည်။ ထိုကုထုံးပညာရှင်များအဖြစ် မည်သူတို့ကို သူလေ့ကျင့်ပေးခဲ့သနည်း။ ဖွားဖွားများပင် ဖြစ်ပါသည်။ အင်တာဗျူးတစ်ခုတွင် ဒေါက်တာချီဘန်ဒါက “(အဖွားတွေဟာ) သူတို့ရဲ့ရပ်ရွာမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသူများဖြစ်ပြီး၊ သူတို့ဟာ ရိုသေလေးစားခံရတယ်။ သူတို့မှာ ကိုယ့်ကို အခြားသူတွေက နားလည်ပေးတယ်လို့ ခံစားရအောင် လုပ်ပေးနိုင်တဲ့ အံ့သြဖွယ်စွမ်းရည်ရှိကြတယ်”ဟု ဝေမျှခဲ့သည်။

နေဟမိ ၃ တွင်၊ လူတန်းစားအမျိုးမျိုးများ ပါဝင်ခဲ့သည့်စီမံကိန်းတစ်ခုအကြောင်းကို ဖတ်ရှုရသည်။ ယေရုရှလင်မြို့မှာ ပျက်စီးလျက်ရှိပြီး၊ ၎င်း၏ရှုံးနိမ့်မှုကို ပတ်ဝန်းကျင်နိုင်ငံများက လှောင်ပြောင်ခဲ့ကြသည်။ “ကဲ့ရဲ့ခံရခြင်းမှ…