အဘွား၏ယုံကြည်ခြင်း
ညစာစားပွဲဘေးတွင် ဝိုင်း၍ထိုင်နေကြစဉ် ၉ နှစ်အရွယ် ကျွန်မ၏မြေးယောကျ်ားလေးက “ကျွန်တော်က အဘွားနဲ့တူတယ်။ စာဖတ်တာကို နှစ်သက်မြတ်နိုးတယ်” ဟု ပြုံး၍ပြောပါသည်။ သူ့စကားကိုကြားသောအခါ ကျွန်မ အလွန်ဝမ်းသာမိသည်။ မနှစ်က သူနေမကောင်းဖြစ်ပြီး ကျောင်းသို့မသွားဘဲ အိမ်မှာနေခဲ့ရသည်ကို ကျွန်မသတိရမိသည်။ သူက အချိန်ကြာကြာ တစ်ရေးအိပ်ပြီးနောက် မြေးအဘွား နှစ်ယောက်သား ဘေးချင်းယှဉ်ထိုင်လျက် စာဖတ်ကြသည်။ ကျွန်မမိခင်ထံမှ လက်ခံရရှိခဲ့သော စာဖတ်ခြင်းကိုမြတ်နိုးသည့် အမွေအနှစ်ကို ကျွန်မ၏မြေးကလေးအား လက်ဆင့်ကမ်းပေးခွင့်ရသည့်အတွက် ကျွန်မ ပျော်ရွှင်ခဲ့ရသည်။
သို့သော်လည်း ယခုမြေးများကို ပေးသောအရာသည် ကျွန်မပေးချင်သည့် အရေးကြီးဆုံးသော အမွေအနှစ်တော့ မဟုတ်ပါ။ ကျွန်မ၏မိဘထံမှလက်ခံရရှိသော ယုံကြည်ခြင်းအမွေအနှစ်ကို သားသမီးထံ လွှဲပေးပြီး သူတို့မှတစ်ဆင့် မြေးများ ၎င်းတို့၏ယုံကြည်ခြင်းခရီးပန်းတိုင်သို့ လျှောက်လှမ်းသွားရာ၌ ပံ့ပိုးကူညီနိုင်အောင် လက်ဆင့်ကမ်း ပေးမည့် အမွေအနှစ်အတွက် ကျွန်မဆုတောင်းမိပါသည်။
တိမောသေသည် ဘုရားကို ဦးထိပ်ထားသော မိခင်နှင့်အဘွား၏ဝိညာဉ်ရေးရာ အမွေအပြင် ဆရာဖြစ်သည့်…
မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏
နယ်သာလန်နိုင်ငံ ရိုရ်မုတ်(Roermond)မြို့ရှိ ပရိုတက်စတင့်(Protestant)နှင့် ကက်သိုလစ်(Catholic)သင်္ချိုင်းအကြားရှိ အုတ်နံရံတစ်လျှောက် အပန်းဖြေလမ်းလျှောက်သွားလျှင် စူးစမ်းစရာမြင်ကွင်းကို သင်တွေ့မြင်ရပေမည်။ နံရံတစ်ဘက်စီ၌ တူညီသော အုတ်ဂူကျောက်တိုင်နှစ်ခု ကပ်ထားသည်ကိုတွေ့ရပြီး၊ တစ်ခုမှာ ပရိုတက်စတင့်ခင်ပွန်းအတွက်ဖြစ်ပြီး တစ်ခုမှာ ကက်သိုလစ်ဇနီးအတွက်ဖြစ်သည်။ ၁၉ ရာစုနှစ်အတွင်းက ထိုလူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာအရ ဂိုဏ်းဂဏမတူသောကြောင့် သီးခြား သင်္ချိုင်းများတွင် မြှုပ်နှံကြရသည်။ သို့ရာတွင် သူတို့၏ကံကြမ္မာကို သူတို့လက်မခံကြပါ။ ပုံမှန်မဟုတ်သော သူတို့၏အုတ်ဂူကျောက်တိုင်သည် ကွယ်နေသော နံရံအထက် တစ်ပေနှစ်ပေခန့် လေထဲတွင် လွတ်နေသည်။ ကျောက်တိုင်၏ ထိပ်တွင် ပန်းပုလက်ရာ လက်မောင်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု လက်တွဲယှက်တင်လျက် ရှိသည်။ ထိုစုံတွဲသည် သေသွားကြသည့်တိုင်အောင် တစ်ဦးနှင့်တစ်ဦး ခွဲထားခြင်းကို ငြင်းပယ်ခဲ့ကြသည်။
ရှောလမုန်သီချင်းတွင် ချစ်ခြင်းမေတ္တာ၏အစွမ်းတန်ခိုးကို ဖော်ပြထားသည်။ “မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသောစိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏”(၈:၆) ဟု ရှောလမုန်မင်းကြီးက ပြောဆိုထားသည်။ မေတ္တာစစ်သည်…
ဘုရားသခင်၏အစဥ်မပြတ်အတူတည်ရှိနေမှု
ကျွန်မ၏အထက်တန်းကျောင်းနှစ်ပတ်လည်စာအုပ်၌ ပါရှိသည့် ခေတ်မမီတော့သည့် ပုံတုံး ဆံပင်ပုံစံ၊ အဝတ်အစားနှင့် ခေတ်ဟောင်းကားများကို ကြည့်ပြီး ကျွန်မ၏မြေးများက တအံ့တသြဖြစ်နေကြသည်။ ကျွန်မ၏အမြင်ကမူ တစ်မျိုးကွာခြားသည်။ ပထမ ဆုံး ကြာမြင့်စွာပေါင်းသင်းခဲ့သည့်မိတ်ဆွေများ၏အပြုံးကို မြင်ပြီး၊ အချို့နှင့် ယခုတိုင် သူငယ်ချင်းဖြစ်နေဆဲပါ။ ထို့ပြင် ဘုရား၏ထိန်းသိမ်းနိုင်စွမ်းကို ကျွန်မတွေ့ရသည်။ ကျောင်းတွင် အဆင်ပြေအောင် ကြိုးစားရုန်းကန်နေရချိန်တွင် သူ့ကိုရှာသော သူတိုင်းအားပေးသော ကြင်နာမှုဖြစ်သည့် ကိုယ်တော်၏ တည်မြဲသော ကောင်းမြတ်ခြင်းက ကျွန်မကို စောင်မကြည့်ရှုခဲ့သည်။
ဘုရားရှင် သူနှင့်အတူ အစဥ်မပြတ်ရှိသည်ကို ဒံယေလသိသည်။ ဗာဗုလုန်ပြည် ၌ စစ်သုံ့ပန်းအဖြစ်ရှိနေစဉ်တွင် ရှင်ဘုရင် ထုတ်ပြန်သော အမိန့်တော်ကို မမှတ်ဘဲ (ဒံ ၆:၇-၉) သူသည် “ယေရုရှလင်မြို့သို့မျက်နှာပြုရာ အထက်ခန်း ပြတင်းပေါက်ကို ဖွင့်လျက် ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏”(၆:၁၀)။ ဘုရားရှင် ၏အတူတည်ရှိနေမှုက သူ့ကို စောင်မလျက်၊ ထိုဘုရားသည် သူ၏ဆုတောင်းသံကို…
သခင်ယေရှုအတွက်အခန်း
အမေရိကန်နိုင်ငံ နယူးအော်လင်း (New Orleans) မြို့တွင်း၌ ဒုတိယကမ္ဘာစစ် အမျိုးသားပြတိုက်သို့ သွားရောက်လည်ပတ်ပြီး၊ ပြင်သစ်လူမျိုးများရပ်ကွက်ရှိ အစားအသောက်ဈေးတန်းတွင် ကမာကောင် ကင်စားခဲ့ရသော အားလပ်ရက်ကို ကျွန်တော်အလွန်နှစ်သက်သည်။ သို့သော် သူငယ်ချင်း၏အိမ်အခန်းလွတ်တွင် ကျွန်တော် အိပ်ပျော်သွားရင်း ဇနီးနှင့်ကလေးများကို လွမ်းမိသည်။ အခြားမြို့များတွင် တရားဒေသနာ သွားရောက်ဟောပြောရမည့်အခွင့်အတွက် ဝမ်းမြောက်သော်လည်း ကိုယ့်မြို့ကိုယ်ရွာ၌ နေရသည်ကို ကျွန်တော် ပို၍နှစ်သက်သည်။
ခရစ်တော်၏ အသက်တာတွင် လမ်းခရီး၌ ဖြစ်ပျက်သည့် အရေးကြီးဖြစ်ရပ် မည်မျှရှိသည်ကို ရံဖန်ရံခါ ကျွန်ုပ်တို့ မမြင်ဘဲလွတ်သွားသည်။ တွက်ချက်၍ မရသော အကွာအဝေးရှိ ကောင်းကင်အိမ်တော်နှင့် အလွန်ဝေးပြီး၊ သူ့မိသားစုနှင့်နေထိုင်သည့်သူ၏ဇာတိ နာဇရက်မြို့နှင့် အလှမ်းဝေးသည့် ဗက်လင်မြို့သို့ ဘုရားသားတော် ဆင်းသက်ခဲ့သည်။ သန်းခေါင်စာရင်းကောက်ချိန်ဖြစ်၍ မြို့သည် အခြားအရပ်မှလာသော မိသားစုများနှင့် ပြည့်နှက်နေရာ “ဧည့်သည်တည်းခိုရန် အခန်း” (သို့) နေရာလွတ် ကက်တလီမာ(katalyma)မရှိဟု ရှင်လုကာ ဆိုသည်(လု…
ဘုရားသခင် အဖြေပေးလိမ့်မည်
သင်းအုပ်ဆရာတိမောသေ(Timothy)သည် ခရီးသွားစဉ် လေဆိပ်တွင် သူဝတ်ဆင် သည့် ခရစ်ယာန် ဘုန်းတော်ကြီးဝတ်စုံ အနက်ပေါ်မှကော်လာပြားကို တွေ့လျှင် လူတို့က “ကျေးဇူးပြု၍ ကျွန်တော့်အတွက် ဆုတောင်းပေးပါ”ဟု တောင်းဆိုကြသည်။
မကြာမီက လေယာဥ်ပေါ်တွင် အမျိုးသမီးတစ်ဦးက သူ့ကို သတိထားမိပြီး သူ့ထိုင်ခုံအနီး၌ဒူးထောက်လျက် “ရှင်က သင်းအုပ်ဆရာလား။ ကျေးဇူးပြု၍ ကျွန်မအတွက် ဆုတောင်းပေးပါလား”ဟု မေတ္တာရပ်ခံသည်။ သူကလည်း ဆုတောင်းပေးပါသည်။
ယေရမိအနာဂတ္တိကျမ်းတွင် ကျွန်ုပ်တို့၏ဆုတောင်းကို ဘုရားရှင်နားညောင်း၍ အဖြေပေးကြောင်း ကျွန်ုပ်တို့ အဘယ့်ကြောင့် သိသည်ကို မီးမောင်းထိုးပြထားသည်။ ဘုရားရှင် ဂရုစိုက်ခြင်းကြောင့် ဖြစ်သည်။ ဘုရားရှင်က ‘သင်တို့အဖို့ကြံစည်သော အကြံတို့ကို ငါသိ၏။...အကျိုးနည်းစေခြင်းငှာ ကြံစည်သောအကြံမဟုတ်ဘဲ၊ သင်တို့သည် မျှော်လင့်သောအကျိုးကို ရမည်’ ဟူ၍ သူချစ်သော၊ အပြစ်နှင့်ပြည့်သော၊ တိုင်းတစ်ပါးသို့ ဖမ်းဆီးခံရသော သူ၏လူမျိုးတော်တို့ကို အာမခံချက်ပေးသည် (၂၉:၁၁)။ ၎င်းတို့ သူ့ထံ ပြန်လှည့်လာမည့်အချိန်ကို ကိုယ်တော်စောင့် မျှော်ရင်း…
အကောင်းဆုံးလက်ဆောင်
ပီရူးနိုင်ငံသို့ သာသနာခရီးတို သွားနေစဥ်အတွင်း၊ လူငယ်တစ်ယောက်သည် ကျွန်မကို ငွေတောင်းခဲ့သည်။ လုံခြုံရေးအကြောင်းပြချက်များကြောင့် ငွေကြေး တောင်းခံပါက မပေးရန် ကျွန်မတို့အဖွဲ့အား ညွှန်ကြားထား ပေရာ၊ ကျွန်မ သူ့အား မည်သို့ ကူညီနိုင်မည်နည်း။ သည့်နောက် တမန်တော်ဝတ္ထု ၃ မှ ခြေမသန်သူ တစ်ဦးအား တမန်တော်ပေတရုနှင့် ယောဟန်တို့ မည်သို့တုံ့ပြန်ခဲ့သည်ကို သတိရပြီး၊ သူ့အား ငွေမပေးနိုင်ကြောင်း၊ သို့သော် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသတင်းကောင်းကို သူ့အား ဝေမျှနိုင်ကြောင်း ရှင်းပြခဲ့သည်။ သူက မိဘမဲ့ ဟု ပြောစဥ် ဘုရားသခင်သည် သူ၏ဖခင်ဖြစ်လိုကြောင်း သူ့အား ပြောပြရာ သူမျက်ရည်ကျခဲ့သည်။ ထို့နောက် သူ့အား နောက်ဆက်တွဲပျိုးထောင်ရန် ကျွန်မတို့ကို ဖိတ်ခေါ်သည့် အိမ်ရှင်အသင်းတော်မှလူတစ်ဦးနှင့် သူ့ကို ဆက်သွယ် ပေးခဲ့သည်။
တစ်ခါတစ်ရံ ကျွန်မတို့၏စကားလုံးများသည် မလုံလောက်ကြောင်း ခံစားရသည်။ သို့သော် သခင်ယေရှုအကြောင်း အခြားသူများနှင့် ဝေမျှစဥ်…
ဘုရားသခင်၏ကတိတော်အားဖြင့် ခွန်အားယူခြင်း
ဆေးရုံ၌ တစ်နေကုန် ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော်လည်း ငယ်ရွယ်ပြီး ထက်မြက်သော ၁၉ နှစ်အရွယ် လူငယ်လေး၏ဖျားနာရသည့်အကြောင်းရင်း အဖြေကို ရှာမရသေးပါ။ စိတ်ပျက်အားလျော့လျက် မိသားစုမှ အိမ်သို့ ပြန်လာခဲ့ကြသည်။ အိမ်လှေကားထစ်တွင် လှပစွာ ပြင်ဆင်ထားပြီး ဟေရှာ ၄၃:၂ ကျမ်းပိုဒ်ကို ဘူးပေါ်၌ ကပ်ထားသည့် ဘူးတစ်ဘူးကို တွေ့လိုက်ရ၍ သူတို့ အံ့ဩသွားသည်။ ဘူးထဲတွင် မိတ်ဆွေ များ၏ လက်ရေးဖြင့် ရေးထားသော ခွန်အားယူစရာ ကျမ်းပိုဒ်အမျိုးမျိုးကို တွေ့ရသည်။ စာနာတတ်သောမိတ်ဆွေများ၏အပြုအမူနှင့် ကျမ်းချက်များအားဖြင့် မိသားစုမှာ ပြန်လည်ခွန်အားရခဲ့ ကြသည်။
ခက်ခဲချိန်များ (သို့) မိသားစု၏အခက်အခဲများ ကြုံနေရသူတို့အနေဖြင့် စိတ်နှလုံးကို တစ်ဖန်အားဖြည့် တည်ဆောက်နိုင်ပါသည်။ ကျမ်းစာတစ်ပိုဒ်လုံးဖြစ်စေ၊ ကျမ်းချက်လေးတစ်ချက်ကပင် သင်၊ မိတ်ဆွေတစ်ဦး၊ မိသားစုတစ်စုအတွက် ခွန်အားပေးနိုင်သည်။ ဟေရှာ ၄၃ ၌ ခွန်အားယူစရာ ကျမ်းချက်လေးများဖြင့် ပြည့်နေပြီး တစ်ဦးချင်းစီ…
သခင်ယေရှု၌ အသက်တာသစ်
အာရှဒေသအလယ်ပိုင်းတွင် အတူနေထိုင်ကြီးပြင်းလာသည့် မက်ဒက် (Medet)နှင့် ဘာဟီးအာ (Baheer) တို့သည် မိတ်ဆွေကောင်းများ ဖြစ်သည်။ ဘာဟီးအာသည် သခင်ယေရှုကို ယုံကြည်သူတစ်ဦးဖြစ်လာသောအခါ အရာခပ်သိမ်းပြောင်းလဲသွားခဲ့သည်။ မက်ဒက်က ဘာဟီးအာ အကြောင်းကို သက်ဆိုင်ရာသို့ သတင်းပေးခဲ့ ပြီးသည်နောက် ဘာဟီးအာသည် ပြင်းထန်စွာ ညှဥ်းပန်းနှိပ်စက်ခြင်းခံခဲ့ရသည်။ အစောင့်က “ဒီပါးစပ်ကနေ နောက်ထပ် ယေရှုနာမည်ကို လုံးဝပြောနိုင်တော့မှာ မဟုတ်ဘူးကွ”ဟု ကြုံးဝါးပြောဆိုခဲ့သည်။ သွေးသံရဲရဲဖြင့် ဆိုးရွားစွာ နှိပ်စက် ခံခဲ့ရလည်း ဘာဟီးအာသည် “ခရစ်တော်အကြောင်းကို မဟောပြောဖို့ သူတို့ ကျွန်တော့်ကို တားကောင်း တားနိုင်မယ်။ ဒါပေမဲ့ ကျွန်တော့်နှလုံးသားထဲမှာ ကိုယ်တော် ပြုပေးခဲ့တဲ့အရာကိုတော့ သူတို့ ဘယ်တော့မှ မပြောင်းလဲနိုင်ဘူး”ဟု သူဝန်ခံခဲ့သည်။
ထိုစကားလုံးများက မက်ဒက်၏ရင်ကို ထိမှန်ခဲ့သည်။ လအနည်းငယ်ကြာသော အခါ မက်ဒက်သည် နာမကျန်းဖြစ်ပြီး ဆုံးရှုံးမှုကို ခံစားရလျက် ထောင်မှလွတ်သွားသည့် ဘာဟီးအာကိုရှာရန် ခရီးထွက်ခဲ့သည်။…
သွေးဆောင်ခံရခြင်းနှင့် စစ်ဆေးခံရခြင်း
သီးသန့်အငှားဒရိုင်ဘာတစ်ဦးအနေဖြင့် စတန်လီသည် သူ့အလုပ်၏လွတ်လပ်ပေါ့ပါးမှု၊ သက်သောင့်သက်သာ ညှိနှိုင်းလုပ်ဆောင်နိုင်မှုတို့ကို အလွန်သဘောကျသည်။ အခြားအရာများထက် “အချိန်မရွေး အလုပ်စနိုင် အလုပ်သိမ်းနိုင်ခြင်း၊ သူ၏အလုပ်ချိန်နှင့် ဆောင်ရွက်မှုများကို မည်သူ့ကိုမျှ အစီရင်ခံရန် မလိုခြင်းကို သူသဘောကျသည်။ သို့သော် လက်တွေ့၌ “ဒါတကယ့်ကို အခက်ခဲဆုံးအရာပါ”ဟု သူက ဟာသအနေဖြင့် ပြောခဲ့သည်။
“ဒီလိုအလုပ်မျိုးမှာ အိမ်ထောင်ရေးဖောက်ပြန်ဖို့ အရမ်းလွယ်ကူတာပေါ့” “ကျွန်တော်က ခရီးသည် အမျိုးမျိုးကို ကားမောင်း ပို့ဆောင်ပေးရတာ၊ ဒါပေမဲ့ ဇနီးသည်အပါအဝင် ဘယ်သူကမှ နေ့တိုင်း ကျွန်တော်ဘယ်မှာ ရှိတယ်ဆိုတာ မသိဘူးလေ” ဟု သူက ပွင့်လင်းစွာ ဝန်ခံခဲ့သည်။ ၎င်းသည် အလွယ်တကူ တွန်းလှန် နိုင်သော သွေးဆောင်မှု မဟုတ်ပါ။ သူ၏လုပ်ဖော်ဆောင်ဖက်အများစုသည် ထိုသွေးဆောင်မှု၌ ကျရှုံးခဲ့ကြသည်ဟု သူရှင်းပြခဲ့သည်။ “ကျွန်တော့်ကို ရပ်တန့်စေတဲ့ အရာက ဒါနဲ့ပတ်သက်ပြီး ဘုရားသခင်ဘယ်လိုတွေးမလဲ၊ ဇနီးသည်က ဘယ်လို ခံစားရမလဲ…
ခရစ်စမတ်စိတ်သဘောထား
အသင်းတော်၏ ခရစ်စမတ် ညစာစားပွဲတွင် နိုင်ငံတကာမှ ဧည့်သည်များ၏ ယဥ်ကျေးမှုပြပွဲလည်း ပါဝင်ပေရာ၊ တီးဝိုင်းအဖွဲ့မှ အရှေ့အလယ်ပိုင်းဒေသရိုးရာ ခရစ်စမတ်သီချင်း “Laylat Al - Milad” ကို သီကျူးစဥ် မယ်ဒလင်သံ၊ ဗုံသံများနှင့် စည်းချက်ညီညီ ကျွန်မလက်ခုပ်တီးလျက် အားပေးခဲ့သည်။ အဆိုတော်က ထိုသီချင်းခေါင်းစဥ်သည် ဖွားမြင်ခြင်းညနိပါတ်တော် “Nativity Night”ဟု အဓိပ္ပာယ်ဖြစ်ကြောင်း ရှင်းပြသည်။ သီချင်းစာသားများက ဆာငတ်နေသူကို သောက်စရာပေးပြီး၊ ငိုကြွေးနေသူများကို နှစ်သိမ့်ပေးခြင်းကဲ့သို့ အစေခံရာ၌ တွေ့ရသော ခရစ်စမတ်စိတ်ထားကို နားဆင်နေသူများအား သတိရစေခဲ့သည်။
ဤသီချင်းသည် သူ့အတွက် တပည့်တော်များပြုပေးခဲ့သောအမှုများအတွက် ရှင်ယေရှုက ချီးမွမ်းထားသည့် အကြောင်းအရာတစ်ခုမှ စာသားများကို ထုတ်နှုတ်စပ်ဆိုထားဟန်တူသည်။ မ ၂၅:၃၄-၃၆ မှ ကိုယ်တော် ဆာငတ်သောအခါ ကျွေးမွေးခြင်း၊ ရေငတ်သောအခါ သောက်စရာပေးခြင်း၊ မကျန်းမာချိန်၊ အထီးကျန်သော အချိန်များတွင် ဂရုစိုက်၍ နှစ်သိမ့်ပေးခြင်း စသည်အကြောင်းများဖြစ်သည်။…