ခရစ်တော်၌ အမှန်အတိုင်း ပြောဆိုခြင်း
အမျိုးသားတစ်ဦးသည် ယာဉ်စည်းကမ်းချိုးဖောက်မှုကြောင့်ရသော ဒဏ်ရိုက်လက်မှတ်များကို လိမ်လည်ပြောဆိုခြင်းဖြင့် ရှောင်ရှားရာတွင် ကျွမ်းကျင်သည်။ တရားရုံး၌ တရားသူကြီးများရှေ့တွင် သူက “ကျွန်တော့်ရည်းစားနှင့် လမ်းခွဲပြီး ကျွန်တော်မသိလိုက်ဘဲ သူမက ကျွန်တော့်ကားကို လုသွားတယ်” ဟု ဇာတ်လမ်း တစ်ပုဒ်တည်းကို ပြောပြတတ်သည်။ ထို့ပြင် သူသည် အလုပ်တွင် အကျင့်ပျက် ခြစားမှုအတွက် အကြိမ်ကြိမ် အပြစ်တင်ခြင်း ခံခဲ့ရသည်။ နောက်ဆုံး၌ အစိုးရရှေ့နေများက သူ့အားလိမ်လည်၍ကျမ်းကျိန်ကာ သက်သေခံသည့် အမှုလေးခုနှင့် ကျမ်းကျိန်သောအခါ တရားသူကြီးများကို လိမ်လည်ပြီး ရဲမှတ်တမ်းအတုများ ပြုလုပ်တင်သွင်းသည့် အမှုငါးခုတို့ဖြင့် တရားစွဲဆိုခဲ့သည်။ ဤလူအတွက်၊ မုသားသည် ရာသက်ပန်အကျင့်ဖြစ်လာခဲ့သည်။
ဆန့်ကျင်ဘက်အနေနှင့်၊ အမှန်အတိုင်းပြောဆိုခြင်းသည် ယေရှုခရစ်ကိုယုံကြည်သူများ ရှင်သန်နေထိုင်ပြရန် အရေးကြီးသောအလေ့အကျင့်တစ်ခု ဖြစ် ကြောင်း တမန်တော်ရှင်ပေါလုက ဆိုခဲ့သည်။ ဧဖက်မြို့သားများအား ခရစ်တော်ထံ အသက်တာကို အပ်နှံခြင်းဖြင့် သူတို့၏အသက်တာဟောင်းကို စွန့်ပယ်ရန် သတိ ပေးခဲ့သည် (ဧ…
ယခုပင် ကရုဏာကျေးဇူး ပြတော်မူပါ
အလုပ်နားချိန်ခဏသာရသည့် သူငယ်ချင်း ဂျယ်ရီ၏ အလုပ်နားချိန်၌ နေ့လည်စာ အတူစားရန် အသင့်စားအစားအစာရောင်းသည့် ဆိုင်သို့ ကျွန်မတို့ ခပ်သုတ်သုတ် သွားကြသည်။ ဆိုင်အဝင်ဝတွင် ကျွန်မတို့နှင့် တစ်ချိန်တည်း ရောက်လာသော လူငယ် ၆ ယောက်က ကျွန်မတို့ရှေ့မှ အရင်ဦး၍ ဝင်သွားကြသည်။ အချိန်လုနေရသဖြင့် စိတ်ထဲမှမြည်တမ်းမိသည်။ အစားအစာများကို သူတို့အရင်မှာယူနိုင်ရေး ကောင်တာနှစ်ခုစလုံး၏ရှေ့တွင် သူတို့အဖွဲ့လိုက် နေရာယူထားသည်။ ထိုစဉ် “ယခုတွင် ကျေးဇူးကရုဏာပြတော်မူပါ” ဟု ဂျယ်ရီ၏ ရေရွတ်သံကို ကျွန်မကြားလိုက်ရသည်။ မှန်ပါသည်။ ကျွန်မတို့ကို အရင်ဦးစားပေးလျှင် ကောင်းပါသည်။ သို့သော်လည်း ၎င်းသည် မိမိအတွက်ကိုသာ မကြည့်ဘဲ အခြားသူ၏ လိုအပ်ချက်နှင့်ဆန္ဒကို ဦးစားပေးရန် သတိပေးချက်ဖြစ်ပါသည်။
သမ္မာကျမ်းစာမှ မေတ္တာသည် စိတ်ရှည်တတ်၏၊ ကိုယ့်အကျိုးကို မရှာတတ်၊ ဒေါသအမျက် မထွက်တတ် ဟူ၍ သွန်သင်ထားသည် (၁ ကော ၁၃:၄-၅)။ သမ္မာကျမ်းအနက်ဖွင့်ကို…
Excelsior! (အိတ်စဲလ်စီယာ)
တစ်ခါတစ်ရံ ဝိညာဉ်ရေးရာနှင့်သက်ဆိုင်သော အံ့အားသင့်စရာ သတင်းစကားများကို မထင်မှတ်သည့်နေရာများတွင် တွေ့ရတတ်သည်။ ဥပမာ ကာတွန်းစာအုပ်တွင် ဆိုပါစို့။ မာဗဲလ် (Marvel) ကာတွန်းစာအုပ် ထုတ်ဝေသူ Stan Lee (စတဲန်လီ)သည် ၂၀၁၈ တွင် သေဆုံးသွားပြီး၊ အမွှမ်းတင်ခံရသော သူရဲကောင်းဇာတ်ကောင်များဖြစ်သည့် ပင့်ကူလူသား (Spider Man)၊ သံမဏိလူသား (Iron Man)၊ အံ့ဖွယ် လူလေးယောက် (Fantastic Four)၊ လူထွားကြီး (The Hulk)နှင့် များစွာသောအခြားဇာတ်ကောင်များကို အမွေအဖြစ် သူချန်ရစ်ခဲ့သည်။
နေကာမျက်မှန်နှင့် ထင်ရှားသော အပြုံးပိုင်ရှင်သည် လစဉ်ထုတ် မာဗဲလ်ကာတွန်းတွင် ဆွဲဆောင်မှုရှိသော ကိုယ်ပိုင်စာစုဖြစ်သည့် “Excelsior!” စာလုံးဖြင့် ဆယ်စုနှစ်ပေါင်းများစွာ လက်မှတ်ရေးထိုးလေ့ရှိသည်။ ၂၀၁၀ ခုနှစ်တွင် စတဲန်လီက (“ပို၍မြင့်မြတ်သော”ဟု အဓိပ္ပာယ်ရသော) ထိုစာလုံး၏အဓိပ္ပာယ်ကို ““အထက် (သို့) အရှေ့ရှိ ကြီးမားသည့်ဂုဏ်ဆောင်မှု”ဟူ၍ တွစ်တာ (Twitter)ပေါ်…
ကျွန်ုပ်တို့၏အသံကို ဘုရားသခင် ကြားတော်မူ၏
ပထမတန်းကျောင်းသားလေး တစ်ယောက်က အရေးပေါ်ဌာနသို့ ဖုန်းဆက်ပြီး “ကျွန်တော်အကူအညီ လိုအပ်နေတယ်။ ကျွန်တော်အိမ်စာတွေလုပ်ဖို့ရှိတယ်”ဟုပြောရာ၊ ၉-၁-၁ အရေးပေါ်စခန်းမှ ဖုန်းလက်ခံသူက သူ့အား အကူအညီပေးရန် ပြင်ဆင်နေစဉ် အမျိုးသမီးတစ်ဦး အခန်းထဲသို့ဝင်လာပြီး “ဂျော်နီ မင်းဘာတွေလုပ်နေတာလဲ” ဟုပြောသံကို ထိုသူကြားလိုက်သည်။ သင်္ချာအိမ်စာကို မတွက်တတ်သဖြင့် အကူအညီလိုလျှင်တောင်းပါဟု သူမိခင်သင်ပေးထားသည့်အတိုင်း သူက ၉-၁-၁ သို့ ဖုန်းခေါ်နေခြင်းဖြစ်ကြောင်း ဂျော်နီ ရှင်းပြသည်။ သူ၏လတ်တလောလိုအပ်ချက်သည် အရေးပေါ် အခြေအနေ အမှန်ပင်ဖြစ်ကြောင်း ခိုင်လုံပါသည်။ ကြင်နာသော ထိုဖုန်းလက်ခံသူအတွက် သူငယ်လေး၏အိမ်စာကို ကူညီပေးရေးသည် ထိုအခိုက်အတန့်တွင် သူဦးစားပေးဆောင်ရွက်ရမည့်အလုပ် ဖြစ်သည်။
ဆာလံဆရာဒါဝိဒ် အကူအညီလိုအပ်နေချိန်တွင် သူက “အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်ပျက်တတ်သောသဘောကို သိရပါမည်အကြောင်း အကျွန်ုပ်၏ လမ်းဆုံးကိုလည်းကောင်း၊ အကျွန်ုပ်၏ အသက်အပိုင်းအခြားကိုလည်းကောင်း၊ သိစေတော်မူပါ” (ဆာ ၃၉:၄)ဟု ဆိုသည်။ “ကိုယ်တော်၌သာ မျှော်လင့်စရာအကြောင်းရှိ”ခြင်းကြောင့် (:၇)၊ သူ၏“ဆုတောင်းခြင်းပတ္ထနာ”ကို…
နှိမ့်ချစွာဖြင့် အကူအညီတောင်းခံခြင်း
ကျွန်ုပ်တို့၏ပါတီပွဲ အချိန်နီးကပ်လာပြီဖြစ်၍ ကျွန်တော်နှင့်ဇနီးသည်တို့ အစီအစဉ် စတင်ရေးဆွဲကြပါသည်။ လူများများလာမည်ဖြစ်၍ စားဖိုမှူးကို ငွေပေးပြီးငှားရန် သင့်မသင့်၊ ကိုယ်တိုင်ချက်ပြုတ်မည်ဆိုပါက အသားကင်မီးဖို ဝယ်သင့် မဝယ်သင့်၊ ထိုနေ့တွင် မိုးရွာရန်ရာခိုင်နှုန်းနည်းသော်လည်း မိုးကာတဲဝယ်ထားရန် သင့်မသင့် စဥ်းစားကြသည်။ ထိုသို့ဆိုသော် ကျွန်ုပ်တို့၏ပါတီသည် ကုန်ကျစရိတ်များလာမည့်အပြင် တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုအပိုင်းတွင်အချိန်ယူရန် လျော့နည်းသွားပေမည်။ အရာရာကို မိမိဘာသာလုပ်ဆောင်မည်ဆိုပါက အခြားသူများ၏အကူအညီကို လက်ခံရယူရန် အခွင့်အရေးကို ကျွန်ုပ်တို့ လက်လွှတ်ဆုံးရှုံးရမည်ဖြစ်သည်။
လူ့အဖွဲ့အစည်းအပေါ် သမ္မာကျမ်းစာ၏အမြင်တွင် ပေးကမ်းခြင်းနှင့်ရယူခြင်း နှစ်ခုစလုံး ပါဝင်သည်။ လူသားတို့ အပြစ်၌ကျဆုံးခြင်း မတိုင်မီကပင် အာဒံသည် ကူညီဖေးမမှုကိုလိုအပ်ပြီး (က ၂:၁၈)၊ ကျွန်ုပ်တို့လည်း မိမိ၏ဝန်ကို အခြားသူများနှင့် မျှဝေရန် (ဂလာ ၆:၂)၊ အခြားသူများ၏အကြံဉာဏ်များ ရယူရန် နှိုးဆော်ခံရသည် (သု ၁၅:၂၂)။ ကနဦးအသင်းတော်များသည် “အရာရာတိုင်းကို ဘုံစံနစ်”ဖြင့် မိမိတို့၏ဥစ္စာပစ္စည်းများကို ရောင်းချပြီး အကျိုးအမြတ်ကို…
တွေ့မြင်ခြင်းက ယုံကြည်ခြင်းကို ဖြစ်စေသောအခါ
“ကျွန်မ မြင်တဲ့အရာကို မယုံနိုင်အောင်ပဲ” ဟု ဇနီးသည် ခါရီ (Cari)က ပြောရင်း ကျွန်တော့်အား ပြူတင်းပေါက်ဆီသို့ခေါ်ကာ ခြံစည်းရိုးအပြင်ဘက်တောစပ်တွင် ခြံစည်းရိုးတစ်ဘက်စွန်းမှ အခြားတစ်ဘက်စွန်းသို့ ခုန်ပေါက်ပြေးလွှားနေသည့် အရွယ်ရောက် သမင်မလေးတစ်ကောင်ကို လက်ညှိုးထိုးပြသည်။ အခြားတစ်ဘက်ခြံစည်းရိုးတွင်း၌ ကျွန်ုပ်တို့၏ကြီးမားသော ခွေးကြီးများရှိနေသည်။ သို့သော် ခွေးများက မဟောင်ဘဲ တစ်နာရီခန့် ရှေ့တိုးလိုက်နောက်ဆုတ်လိုက် လုပ်နေကြသည်။ သမင်မလေး သူတို့ရှေ့တွင်ရပ်နေလျှင် ခွေးများကလည်း လိုက်ရပ်ပြီး ၎င်းတို့၏ရှေ့ခြေကို အဖြောင့်ဆန့်ထုတ်ကာ နောက်တင်ပါးပေါ် အားယူပြီးဝပ်လျက် နောက်တစ်ခါ ထပ်ပြေးရန် အသင့်ပြင်ထားသည်။ ဤမြင်ကွင်းသည် သားကောင်ကို လိုက်နေသည့် သားရဲနှင့် သားကောင်၏အပြုအမူမျိုး မဟုတ်ဘဲ သမင်မလေးနှင့်ခွေးတို့သည် တစ်ကောင်နှင့်တစ်ကောင် ပျော်ရွှင်မြူးတူးစွာ အတူ ကစားနေကြခြင်းဖြစ်သည်။
သူတို့၏ နံနက်ချိန်ခါ ပျော်ရွှင်စွာကစားနေခြင်းက ကျွန်တော်နှင့်ခါရီအတွက် ရောက်ရှိလာမည့် ဘုရားသခင်၏နိုင်ငံတော်ကို ပုံဖော်နေသကဲ့သို့ဖြစ်နေသည်။ ထိုနိုင်ငံတော်နှင့်ပတ်သက်၍ ပေးခဲ့သော ဘုရားသခင်၏ကတိတော်ကို ပရောဖက်ကြီးဟေရှာယက “ကြည့်ရှုလော့။…
အမြော်အမြင်ရှိသောဂရုစိုက်မှု
ပိုင်းလော့ဝေလငါး ၅၅ ကောင်ပါရှိသော ငါးအုပ်ကြီးသည် စကော့တလန်ကမ်းခြေတွင် သောင်တင်နေသည့် မြင်ကွင်းက ကြေကွဲဖွယ်ပါ။ စေတနာ့ဝန်ထမ်းများက ကယ်တင်ရန် ကြိုးစားသော်လည်း နောက်ဆုံး၌ ထိုဝေလငါးများသေဆုံးကုန်သည်။ အဘယ်ကြောင့် ဤကဲ့သို့ အုပ်စုလိုက်အမြောက်အများ သောင်တင်ကြကြောင်း မည်သူမှ မသိပါ။ သို့သော် ဖြစ်နိုင်ခြေမှာ အစုအဖွဲ့နှင့်နေထိုင်သော ဝေလငါးတို့၏ ခိုင်မာသောနှောင်ကြိုးကြောင့် တစ်ကောင်ဘေးနှင့်တွေ့သော် ကျန်အကောင်များက အလိုအလျောက်ဂရုပြုမှုဖြင့် လာရောက်ကူညီကြပြီး ၎င်းက သူတို့အတွက် အန္တရာယ်ဖြစ်စေသည်။
သမ္မာကျမ်းစာက အခြားသူများအား ကူညီရန် ပြောသည်။ သို့သော် ကူညီမှုပြုရာ၌ အမြော်အမြင်ရှိရန်လည်း ရှင်းလင်းစွာ ပြောထားပါသည်။ ဥပမာ အပြစ်တရားအောက်ရောက်ရှိနေသူ တစ်စုံတစ်ဦးအား ကယ်တင်ရန် ကူညီပေးချိန်တွင် မိမိ ကိုယ်တိုင်လည်း ထိုအပြစ်တရား ဆွဲဆောင်မှုအောက် ရောက်မသွားစေရန် သတိပြုရပါမည် (ဂလာ ၆:၁)။ ထို့ပြင် ကိုယ်နှင့်စပ်ဆိုင်သူများအား ချစ်သည်ဆိုရာ၌ မိမိကိုယ်ကိုလည်း ချစ်ရမည် (မ ၂၂:၃၉)။…
သင်၏လက်၌ အဘယ်အရာရှိသနည်း
ကယ်တင်ခြင်းရရှိပြီး ကျွန်မ၏အသက်တာကို ဘုရားအတွက် ဆက်ကပ်ခဲ့ပြီးနောက်နှစ်အနည်းငယ်အကြာ၌ သတင်းသမားအလုပ်ကို စွန့်လွှတ်ရန် ဘုရားလမ်းညွှန်နေကြောင်း ကျွန်မခံစားမိသည်။ ကလောင်တံကိုချပြီး စာရေးခြင်းကို ရပ်တန့်ထားချိန်၌ ဘုရားသခင်သည် တစ်နေ့တွင် သူ၏ဘုန်းတော်အတွက် စာရေးရန် ကျွန်မကို စေခိုင်းမည်ဟုခံစားခဲ့ရသည်။ အလုပ်မရှိဘဲ မိမိကိုယ်တိုင်၏ကန္တာရထဲ လည်နေရချိန်တွင် ထွက်မြောက်ရာကျမ်း ၄ ရှိ မောရှေနှင့်သူ၏လှံတံအကြောင်းအားဖြင့် ခွန်အားပေးခံခဲ့ရသည်။
ဖာရောဘုရင်၏နန်းတော်တွင် ပျိုးထောင်ခံခဲ့ရပြီး အလားအလာကောင်းသည့်အနာဂတ်ရှိသည့် မောရှေသည်အီဂျစ်မှထွက်ပြေးပြီး ဘုရားသခင် သူ့အားခေါ်ချိန်၌ မထင်မရှားသောအရပ်တွင် သိုးထိန်းအဖြစ်နေထိုင်နေသည်။ ဘုရားကို ပေးရန် သူ၌ ဘာမျှမရှိဟု သူထင်ခဲ့မိလိမ့်မည်။ သို့သော် ဘုရား၏ဘုန်းတော်အတွက် မည်သူ့ကိုမဆိုနှင့် ဘယ်အရာကိုမဆို ဘုရားအသုံးပြုနိုင်ကြောင်း မောရှေသင်ယူခဲ့ရသည်။
“သင်၏လက်၌ အဘယ်အရာရှိသနည်း”ဟု ဘုရားသခင် မေးခဲ့ရာ၊ “လှံတံ”ဟုမောရှေပြန်ဖြေခဲ့သည်။ “မြေပေါ်မှာ ပစ်ချလော့”ဟု (ထွ ၄:၂-၃) ဘုရားသခင် မိန့်တော်မူရာ မောရှေ၏သာမန်လှံတံသည် မြွေဖြစ်သွားခဲ့သည်။ မြွေကိုကိုင်လိုက်သည့်အခါ ဘုရားသခင်က မြွေမှလှံတံ…
တရားမျှတခြင်း၏အရှင်
ရိုင်း (Ryan) သည် ဆယ်ကျော်သက်အရွယ်၌ မိခင်ဖြစ်သူကို ကင်ဆာရောဂါဖြင့် ဆုံးရှုံးခဲ့ရသည်။ သူသည် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး မကြာမီပင် ကျောင်းထွက်လိုက်ရသည်။ သူသည် မျှော်လင့်ချက်မဲ့လျက် ရံဖန်ရံခါ ဆာလောင်မွတ်သိပ်ခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ရိုင်း သည် အမြတ်အစွန်းမယူသောအဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီး အခြားသူများ၊ အထူးသဖြင့် ကလေးငယ်များကို စိုက်တတ်ပျိုးတတ်၊ ရိတ်သိမ်းတတ်အောင်နှင့် မိမိတို့၏ကိုယ်ပိုင်ခြံထွက် အစားအသောက်များကို ပြင်ဆင်ချက်ပြုတ်တတ်အောင် လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးခဲ့သည်။ ထိုအဖွဲ့အစည်းတည်ထောင်ရခြင်း၏ရည်ရွယ်ချက်မှာ မည်သူတစ်ဦးတစ်ယောက်မျှ ငတ်မွတ်ခြင်း မခံစားရစေရန်နှင့် တစ်စုံတစ်ရာရှိသူများက မရှိသူများကို ဂရုစိုက်ပေးရန်ဖြစ်သည်။အခြားသူများအပေါ် ရိုင်း၏စိုးရိမ်ပေးမှုက တရားမျှတမှုနှင့် သနားကရုဏာကို လိုလားသော ဘုရား သခင်၏နှလုံးသားကို ထင်ဟပ်ပြနေသည်။
ကျွန်ုပ်တို့ ကြုံနေရသည့် နာကျင်မှုနှင့်ဆင်းရဲဒုက္ခတို့ကို ဘုရားသခင်အမှန်ပင်ဂရုပြုသည်။ ဣသရေသလူတို့၌ ဆိုးရွားသောမတရားမှုကို ဘုရားသခင်မြင်ရသည့်အခါ ပရောဖက်အာမုတ်ကိုစေလွှတ်ကာ သူတို့၏သူတော်ယောင်ဖြစ်မှုကို အလေးပေး သွန်သင်စေခဲ့သည်။ အဲဂုတ္တု၏ဖိနှိပ်မှုအောက်မှ ဘုရားသခင် ကယ်တင်ခဲ့သော လူမျိုးများသည်…
စောင့်ရတာနှင့် တန်ပါသည်
ခရီးတစ်ထောက်နားခြင်းအကြောင်းပြောရလျှင် မိုးကြိုးမုန်တိုင်းကြောင့် ထွက်ခွာချိန် နောက်ဆုတ်လိုက်ရသည့် လေယာဉ်ခရီးစဥ်အတွက် Phil Stringer (ဖေးလ် စထရင်းဂျာ) သည် ၁၈နာရီကြာ စောင့်ခဲ့ရသည်။ သို့သော် သူ၏စိတ်ရှည်မှုနှင့် ဇွဲလုံ့လက အချည်းနှီးမဖြစ်ခဲ့ပါ။ သူ့လိုရာခရီးကို လေယာဉ်နှင့် သွားနိုင်ခဲ့သည့်အပြင် အရေးကြီးသည့်စည်းဝေးပွဲကိုလည်း အချိန်မီတက်ရောက်နိုင်ခဲ့သည်။ သို့သော်လည်း လေယာဉ်တစ်စီးလုံးတွင် ခရီးသည်ဟူ၍ သူတစ်ဦးတည်းသာရှိသည်။ ကျန်ခရီးသည်များကမူ လက်လျော့လိုက်ခြင်း (သို့) အခြားအစီအစဉ်များ စီစဉ်လိုက်ကြသည်။ သူစားချင်သည့် မည်သည့်အစားအသောက်မဆို လေယာဉ်မယ်များက ချပေးကြသည်။ စထရင်းဂျာ က “သေချာတာပေါ့။ ပထမတန်း အကောင်းဆုံးနေရာမှာ ကျွန်တော်ထိုင်ခဲ့တယ်။ လေယာဉ်တစ်စီးလုံးကို ကျွန်တော် အပိုင်စား ရထားတာဆိုတော့ ဘာလို့ မထိုင်နိုင်ရမှာလဲ” ဟု ထပ်လောင်းပြောပြခဲ့သည်။ စောင့်စားခဲ့ရသည်နှင့် တကယ်ကိုတန်ပါသည်။
အာဗြဟံသည်လည်း ကြာရှည်လှသော နှောင့်နှေးမှုကို သည်းခံခဲ့ရသည်။ အာဗြံ ဖြစ်ခဲ့စဉ်အခါက သူ့အား “ငါသည်သင့်ကိုလူမျိုးကြီးဖြစ်စေမည်။ သင့်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည်…