အမျိုးအစား  |  odb

ရှင်ယေရှုနှင့် သာ၍တူလာသည်

ဘုရားသခင်သည် မီးခိုးရောင်ဇီးကွက်ကြီးကို ကိုယ်ယောင်ဖျောက်သည့်နေရာတွင်ဆရာတစ်ဆူဖြစ်နေအောင် ဖန်ဆင်းခဲ့သည်။ ယင်း၏ငွေရောင်စပ် မီးခိုးရောင်အမွှေးများတွင် အရောင်များ တစ်စုတစ်စုနှင့် ပါဝင်သောကြောင့် သစ်ပင်ပေါ်တွင် နားသည့်အခါ သစ်ခေါက်များနှင့်တစ်သားတည်းဖြစ်သွားသည်။ ဇီးကွက်များသည် အမြင်မခံလိုသည့်အခါ ကိုယ်ဖျောက်နိုင်စွမ်းရှိသောအမွှေးအတောင်များ၏အကူအညီဖြင့် မြင်သာသည့်နေရာများတွင် ပတ်ဝန်းကျင်နှင့်တစ်သားတည်းဖြစ်စေကာ ပုန်းကြသည်။

ဘုရားသခင်၏လူမျိုးများသည်လည်း တစ်ခါတစ်ရံ ထိုဇီးကွက်မျိုးနှင့် အလွန်တူသည်။ ကျွန်ုပ်တို့သည် လောကနှင့် အလွယ်တကူတသားတည်းဖြစ်သွားပြီး မရည်ရွယ် ဘဲနှင့်သော်လည်းကောင်း၊ တမင်သက်သက်သော်လည်းကောင်း ခရစ်တော်၌ ယုံကြည်သူများအဖြစ်ပင်လျှင် မမှတ်မိကြတော့ပေ။ ခမည်းတော်က “လောကထဲမှ”ရွေးနုတ်ပြီး သခင့်အား ပေးအပ်ထား‌သော၊ နှုတ်ကပတ်တော်ကို နာခံသော၊ သူ့တပည့်တော်များအတွက် ရှင်ယေရှု ဆုတောင်းပေးနေသည် (ယော၁၇:၆)။ ရှင်ယေရှုသည် သူတို့ကို ထားခဲ့ပြီးနောက် သူတို့အနေနှင့် သန့်ရှင်းခြင်း၌ ဆက်လက်ရှင်သန်နိုင်အောင်၊ ဝမ်းမြောက်ခြင်းအမြဲရှိနိုင်အောင် သူတို့ကို ကွယ်ကာပြီး အခွင့်အာဏာပေးရန် သားတော်ဘုရားက ခမည်းတော်ဘုရားထံ ဆုတောင်းသည် (:၇-၁၃)။ “ဤသူတို့ကို ဤလောကမှ နှုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ။
မကောင်းသော…

ကန္တာရနေရာများ

နုနယ်သေးသည့် ယုံကြည်သူဖြစ်စဉ်အခါက “‌ဘုရားထံမှ သိသာသော ဖွင့်ပြမှု ” ရရှိခံစားရချိန်သည် ရှင်ယေရှုနှင့်နီးပြီးသူနှင့်တွေ့နိုင်သောအထွတ်အထိပ်နေရာဟု ကျွန်မ ထင်မှတ်ခဲ့ဖူးသည်။ သို့သော် ထိုအခိုက်အတန့်သည် ကြာရှည်မခံ၊ ကြီးထွားခြင်းသို့ မရောက်စေပါ။ စာရေးဆရာမ Lina AbuJamra (လီနာအဘူဂျမ်ရာ)က ကန္တာရကဲ့သို့သောနေရာများတွင်သာ ကျွန်မတို့ ဘုရားနှင့်တွေ့ပြီး ကြီးထွားနိုင်သည်ဟုပြောခဲ့သည်။ သူမ၏“‌ကန္တာရကိုဖြတ်၍” ဟူသောသမ္မာကျမ်းစာလေ့လာမှုတွင် “‌ကျွန်မတို့ရဲ့ဘဝမှာ ကန္တာရကဲ့သို့သောနေရာမျိုးကို အသုံးပြုပြီး၊ ကျွန်မတို့ ပိုမိုသန်မာ ခိုင်ခံ့စေဖို့ ဘုရားသခင် ရည်ရွယ်ထားတယ်။ ဘုရားရှင်၏ကောင်းမြတ်ခြင်းကို ကျွန်မတို့ရဲ့နာကျင်မှုများကြားမှာ လက်ခံရယူရန်ဖြစ်တယ်။ ထိုကောင်းမြတ်ခြင်းကို နာကျင်ခံစားမှုမရှိဘဲ သက်သေပြ၍ မရပါ”ဟု သူမက ရေးသားထားသည်။

ကြေကွဲဝမ်းနည်းမှု၊ ဆုံးရှုံးမှုနှင့် နာကျင်ရသည့် ခက်ခဲသည့်နေရာများ၌ ဘုရားသခင်က ကျွန်ုပ်တို့၏ယုံကြည်ခြင်း ကြီးထွားလာရန်၊ သူနှင့်သာ၍နီးလာရန် ကူညီမစပါသည်။ လီနာသင်ယူခဲ့ရသကဲ့သို့ပင် “ကန္တာရသည် ဘုရားသခင်၏ အစီအစဉ်၌ သာမန်ကာလျှံကာ ပါလာခြင်း မဟုတ်ပါ။ ၎င်းသည် ကျွန်ုပ်တို့၏…

အာကာသပြိုင်ပွဲ

၁၉၅၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် အာကာသ၌ ဂြိုဟ်တုတပ်ဆင်ရန် ကြံရွယ်နေကြောင်း အမေရိကန်နိုင်ငံက ကြေညာခဲ့သည်။ မကြာမီပင် ဆိုဗီယက်နိုင်ငံ ကလည်း အလား တူလုပ်မည့် ၎င်းတို့၏အကြံစည်ကို ထုတ်ဖော်ကြေညာခဲ့၍ အာကာသပြိုင်ပွဲကြီး စတင်ခဲ့သည်။ ဆိုဗီယက်က ပထမဆုံးဂြိုဟ်တု Sputnik (စပွတ်နစ်ခ်) ကို လွှတ်တင်ခဲ့ပြီး၊ အာကာသထဲသို့ ပထမဆုံးစေလွှတ်သောလူသား Yuri Gagarin (ယူရီ ဂါဂါရင်)က ကမ္ဘာဂြိုဟ်ကို တစ်ကြိမ်ပတ်နိုင်ခဲ့သည်။အာကာသပြိုင်ပွဲမှာ ၁၉၆၉ ဇူလိုင် ၂၀ ရက်နေ့ထိ ဆက်ရှိနေခဲ့သည်။ နောက်ဆုံးတွင် လကမ္ဘာပေါ်သို့ Neil Armstrong ၏ “လူသားမျိုးနွယ်အတွက် ကြီးမားသောခြေလှမ်း” လှမ်းနိုင်မှုက ပြိုင်ပွဲကို အလိုအလျောက် ပြီးဆုံးစေခဲ့သည်။ ပူးပေါင်းဆောင်ရွက်ရန် အချိန်ကျရောက်လာပြီး နိုင်ငံတကာအာကာသစခန်းတည်ထောင်ရန် ဖြစ်လာသည်။

ပြိုင်ဆိုင်မှုအချို့က တစ်ခါတစ်လေ ကောင်းနိုင်သည်။ မိမိစိတ်မကူးခဲ့ဖူးသည့်အရာများကို ရယူချင်လာအောင် တွန်းပို့ပေးသည်။ သို့သော်…

အသစ်တစ်ဖန် လျှောက်လှမ်းခြင်း

ကျောင်း၏အတော်ဆုံးကျောင်းသားများသည် နှစ်စဉ် ပညာရေးထူးချွန်ဆုများကိုလက်ခံရယူစဉ် လက်ခုပ်ဩဘာသံများညံနေသည်။ သို့သော်အစီအစဉ်မပြီးသေးပါ။ နောက်ထပ်ပေးအပ် မည့်ဆုသည် ကျောင်း၏အတော်ဆုံးမဟုတ်သော်လည်း တိုးတက်မှုအရှိဆုံးကျောင်းသားများအတွက်ဖြစ်သည်။ ထိုကျောင်းသားများသည် အဆင့်များ ကျနေခြင်းကို မြှင့်တင်ကာ၊ အကျင့်ဆိုးများကိုပြုပြင်ပြီး၊ ကျောင်းတက်မှန်အောင်ကြိုးစားအားထုတ်ကြသူများဖြစ်သည်။ သူတို့၏မိဘများသည် ဝမ်းသာကာ လက်ခုပ်တီးကြသည်။ သူတို့၏သားသမီးများ သာ၍မြင့်သောလမ်းသို့လျှောက်လှမ်းနေကြသည်ကို အသိအမှတ်ပြုပြီး ယခင်က သူတို့၏အားနည်းချက်များကို မမြင်တော့ဘဲ လမ်းသစ်၌ သူတို့လျှောက်လှမ်းနေသည်ကိုသာ မြင်တော့သည်။

ထိုကြည်နူးဖွယ်မြင်ကွင်းက ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်အဘဘုရားသည် အသက်တာဟောင်းထဲမှ ကျွန်ုပ်တို့ကိုမမြင်ဘဲ ယခုခရစ်တော်၌ သူ၏သားသမီးများအဖြစ် ရှုမြင်ပုံကို ပုံဖော်ပေးနေသည်။ “ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏သား ဖြစ်ရသောအခွင့်ကို ပေးတော်မူ၏” ဟု (ယော ၁:၁၂) ရှင်ယောဟန် ရေးသားခဲ့သည်။

မည်မျှချစ်ဖွယ်ကောင်းသည့်အမြင်ရှုထောင့်နည်း။ ထို့ကြောင့် ရှင်ပေါလုက ယုံကြည်သူအသစ်များအား သင်တို့သည် “အထက်က... ဒုစရိုက်အပြစ်၌ သေလျက်ရှိနေ”ကြသည်ဟု သတိပေးခဲ့သည် (ဧ ၂:၁)။ သို့သော် အမှန်စင်စစ် “ငါတို့သည်…

နောင်တရသောနှလုံးသား

မိတ်ဆွေတစ်ဦးသည် ထိမ်းမြားခြင်းကတိကဝတ်ကို ချိုးဖောက်ခဲ့သည်။ သူမိသားစုကို သူကိုယ်တိုင်ဖျက်ဆီးနေသည်ကို မြင်ရသည်မှာ နာကျင်စရာပါ။ သို့သော် သူ၏ဇနီးသည်နှင့် ပြန်လည်သင့်မြတ်ရန် ကြိုးပမ်းသည့်အခါ ကျွန်ုပ်ထံမှအကြံဉာဏ် တောင်းခံခဲ့သည်။ စကားလုံးများထက် ပိုသောအရာများလိုကြောင်း သူ့အား ကျွန်တော်ပြောခဲ့သည်။သူ့အနေနှင့် ဇနီးသည်ကိုချစ်ရာ၌ အနာဂတ်တွင်ဖြစ်လာမည့် အရာများအတွက် ပြင်ဆင်လုပ်ဆောင်ရန်နှင့် အပြစ်မှန်သမျှကိုပယ်ရှင်းရန် လိုအပ်သည်။

ဘုရားသခင်နှင့်ကတိကဝတ်ကို ချိုးဖောက်ပြီး အခြားဘုရားများနောက် လိုက်ခဲ့သည့်သူများကို ပရောဖက်ယေရမိက အလားတူအကြံမျိုးပေးခဲ့သည်။ ဘုရားထံ ပြန်လာရန်အကြံက မလုံလောက်သော်လည်း (ယေ ၄:၁) ၎င်းသည် မှန်ကန်သော အစပြုမှုဖြစ်သည်။ သူတို့၏ အပြောနှင့်အလုပ်ညီရန်လည်း လိုအပ်သည်။ ဆိုလိုသည်မှာ သူတို့၏“ရွံရှာဖွယ်ရုပ်ထု”များကို (:၁) ပယ်ရှားရမည်။ သူတို့သည် “သစ္စာစောင့်ခြင်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်”ကတိသစ္စာပြုလျှင် ဘုရားသခင်သည် တိုင်းနိုင်ငံများကိုကောင်းချီးပေးမည်ဖြစ်ကြောင်း ယေရမိပြောခဲ့သည် (:၂)။ ပြဿနာမှာ လူများသည် ဗလာကတိကိုသာ ပေးကြသည်။ ထိုကတိ၌ သူတို့၏စိတ်နှလုံး ရှိမနေပေ။

ဘုရားသခင်သည်…

ဘုရားသခင်၏ပန်းကန်ပေါ် တင်လိုက်ပါ

အရွယ်ရောက်သမီးဖြစ်သူ၏ ကျန်းမာရေးတိုးတက်အောင် ညွှန်ကြားချက်များ အတိုင်း ပြုစုစောင့်ရှောက်ခြင်း၊ အကြံပေးဆွေးနွေးမှုများ ခံယူပြီး အကောင်းဆုံး ဆေးဝါများ ရှာဖွေခြင်းတို့ကို လုပ်ဆောင်ရင်း နှစ်ပေါင်းများစွာ မိခင်တစ်ဦး ဆုတောင်းခဲ့ရသည်။ စိတ်အတက်အကျမြန်လွန်းသည့် သူမကြောင့် တစ်နေ့ပြီး တစ်နေ့ မိခင်ဖြစ်သူမှာ စိတ်လေးနေရသည်။ ဝမ်းနည်းမှုကြောင့် စိတ်ပင်ပန်းရချိန်တွင် သူ့ကိုယ်သူဂရုစိုက်ရန်လိုကြောင်း သူမသတိထားမိလာသည်။ သူမ၏စိုးရိမ်ပူပန်မှုများနှင့် ထိန်းချုပ်၍မရသည့်အရာများကို စာရွက်အပိုင်းအစများပေါ်တွင် ချရေးကာ ထိုစာရွက်များကို အိပ်ရာဘေးရှိ “ဘုရား၏ပန်းကန်ပြား”ပေါ်၌ တင်ထားရန် သူမ၏ သူငယ်ချင်းက အကြံပေးသည်။ ထိုရိုးရှင်းသည့်အလေ့အထက စိတ်ဖိစီးမှုအားလုံးကို မဖယ်ရှားပေးသော်လည်း ထိုပန်းကန်ကိုမြင်တိုင်း ထိုစိုးရိမ်ကြောင့်ကြမှုများသည် သူမ၌ရှိမနေဘဲ ဘုရား၏ပန်းကန်ပေါ်၌သာရှိကြောင်း သူမကို အမှတ်ရစေသည်။

ထိုနည်းတူ ဒါဝိဒ်၏ဆာလံကျမ်းများသည် သူ၏ဒုက္ခအခက်အခဲများကို စာရင်းပြုစုကာ ဘုရား၏ပန်းကန်ပေါ်တွင် တင်ထားခြင်းဖြစ်သည် (ဆာလံ ၅၅:၁, ၁၆-၁၇)။သူ၏သား အဗရှလုံက အာဏာသိမ်းရန်ကြိုးစားသည့်အကြောင်းတွင်၊ ဒါဝိဒ်၏ “သူငယ်ချင်းအရင်း”အဟိသောဖေလသည် သစ္စာဖောက်ပြီး သူ့ကိုသတ်ရန် ပူးပေါင်းကြံစည်မှုထဲ၌…

စကားလုံးလေးလုံးထဲမှ အသက်တာ

J. I. Packer ဟု လူသိများသည့် James Innell Packerသည်၂၀၂၀ ခုနှစ်၌ အသက် ၉၄နှစ် မပြည့်မီ ၅ ရက် အလိုတွင် ကွယ်လွန်ခဲ့သည်။ ဓမ္မပညာရှင်နှင့် စာရေးဆရာဖြစ်သူ ပက်ကာ၏ အကျော်ကြားဆုံးစာအုပ် "Knowing God" သည် စတင်ထုတ်ဝေစဉ်ကပင် ၁.၅ သန်းကျော် ရောင်းထွက်ခဲ့သည်။ Packerသည် သမ္မာကျမ်းစာ၏ တန်ခိုးအာဏာရှိခြင်း၊ တပည့်တော်ဖြစ်စေခြင်းလုပ်ငန်းတို့ကို ကာကွယ်ထောက်ခံပြီး ခရစ်တော်၌ ယုံကြည်သူများအား နေရာတိုင်း၌ ခရစ်တော်အတွက် အလေးအနက်ရှင်သန်ရန် တိုက်တွန်းခဲ့သည်။ အသက်ကြီးချိန်တွင်မှ အသင်းတော်အတွက် နောက်ဆုံးအမှာစကားပြောပေးရန် တောင်းဆိုခံခဲ့ရသည်။ သူ၏စကားလုံးလေးလုံးပါသည့် စာတစ်ကြောင်းမှာ “Glorify Christ every way” - ရှိသမျှနည်းမျိုးစုံဖြင့် ခရစ်တော်၏ဘုန်းတော် ထင်ရှားစေပါဟူ၍ဖြစ်၏။

ထိုစကားလုံးများက အံ့ဩဖွယ် အသက်တာပြောင်းလဲပြီးနောက် သစ္စာရှိစွာ ဘုရားသခင်၏အမှုတော်မြတ်ကို စတင်ဆောင်ရွက်ကာ ရလဒ်များကို ဘုရားထံ…

အခြားသူများအပေါ် ကျွန်ုပ်တို့၏သက်ရောက်မှု

ကျွန်မ၏ ကျမ်းစာကျောင်း ပါမောက္ခ ဒေါက်တာလီသည် နေ့လည်စာစားပွဲ၌ ကျွန်မတို့၏ကျောင်းကို ထိန်းသိမ်းစောင့်ရှောက်သူ ဘင်ဂျီး အလာနောက်ကျမည်ကို သတိပြုမိသောအခါ၊ သူသည် အစားအသောက်တစ်ပန်းကန်စာကို ဘင်ဂျီးအတွက် အသာလေး ဖယ်ထားလိုက်သည်။ အတန်းဖော်များနှင့် ကျွန်မစကားပြောနေစဉ် ဒေါက်တာလီက နောက်ဆုံးကျန်သည့်ဆန်ကိတ်ကိုလည်း ဘင်ဂျီးအတွက် အသာလေး ပန်းကန်ပေါ် ထားပေးလိုက်သည်။ ခြစ်ထားသော အုန်းသီးအချို့ကို အရသာရှိရှိ အပေါ်၌ ဖြူးပေးသည်။ ဤကြင်နာပြမှုက ထင်ရှားကျော်ကြားသော ဓမ္မပညာရှင်တစ်ဦး၏ အပြုအမူများစွာထဲမှ တစ်ခုဖြစ်ပြီး၊ ၄င်းသည် ဘုရားသခင်အပေါ် ဒေါက်တာလီ၏ သစ္စာရှိမှု ပြည့်လျှံနေခြင်းဟု ကျွန်မယူဆပါသည်။ အနှစ်နှစ်ဆယ် ကြာပြီးနောက်၊ သူ၏နက်နဲသည့် စွဲမှတ်ဖွယ်အပြုအမူက ကျွန်မအပေါ် လွှမ်းမိုးဆဲဖြစ်သည်။

တမန်တော်ယောဟန်၌ ယုံကြည်သူမြောက်မြားစွာအပေါ် နက်နဲသည့် စွဲမက်ဖွယ်အပြုအမူတို့ ချန်ရစ်ထားခဲ့သော မိတ်ဆွေတစ်ဦး ရှိပါသည်။ ဘုရားသခင်နှင့် သမ္မာကျမ်းစာအပေါ် သစ္စာတည်ပြီး “သမ္မာတရား”၌ အစဉ်မပြတ်လျှောက်လှမ်းသူ ဂါယု အကြောင်း (၃…

သစ်တောအမှောင်ခန်း

စစ်တပ်က တိုနီ ဗက်ကာရိုကို ဓာတ်ပုံဆရာတစ်ဦးအနေဖြင့် အခွင့်မပေးခဲ့သော်လည်း ၎င်းသည် သူ့ကို မတားဆီးနိုင်ခဲ့ပါ။ သစ်ပင်ထက်မှ ကျလာသကဲ့သို့ တဖွဲဖွဲကျလာ သော အမြောက်ဆန်များနှင့် ကျည်စကျည်နများကို ရှောင်တိမ်းရင်း ကြောက်မက်ဖွယ်ကောင်းသည့်အခိုက်အတန့်ကြား၌ သူဓာတ်ပုံရိုက်ခဲ့သည်။ ထို့နောက် သူ၏ သူငယ်ချင်းများ အိပ်ပျော်သွားသောအခါ သူတို့၏သံခမောက်များကို သုံးပြီး ဓာတုပစ္စည်းများကို ရောနှောကာ သူ၏ရုပ်ရှင်ကို ဖန်တီးခဲ့သည်။ သစ်တော၏ညအချိန်က ဗက်ကာရိုအတွက် ဒုတိယကမ္ဘာစစ် ဟတ်ဂင်သစ်တောတိုက်ပွဲ၏ ကောင်းမွန်သော မှတ်တမ်းကို ဖန်တီးခဲ့သည့် သစ်တောအမှောင်ခန်း ဖြစ်လာခဲ့သည်။

ဒါဝိဒ်မင်းသည် သူ၏တိုက်ပွဲများနှင့် မှောင်မိုက်သောအချိန်များကို ဖြတ်သန်းခဲ့ရသည်။ ၂ ရာ၂၂ ၌ “ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့ လက်မှ ထာဝရဘုရားကယ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရသောအခါ” ဟု ‌ပြောထားသည် (:၁)။ ဒါဝိဒ်သည် ထိုအတွေ့အကြုံများကို အသုံးပြု၍ ဘုရားသခင်၏သစ္စာရှိမှုမှတ်တမ်းကို ပြုစုခဲ့သည်။ သူက “သေခြင်း…

ကောင်းကင်တေးသံ

အထက်တန်းကျောင်း သံစုံအဖွဲ့မှ အာဂျင်တီးနားသီချင်း “အယ် စီယဲ့လို ကန်တာ အလက်ဂရီယာ” (El Cielo Canta Alegría) ကို သီဆိုစဉ် သူတို့၏အသံများတွင် ဝမ်းမြောက်ခြင်းက ပေါ်လွင်နေခဲ့သည်။ ဖျော်ဖြေတင်ဆက်မှုကို နှစ်သက်သော်လည်း စပိန်စကား မတတ်သောကြောင့် စာသားများကို နားမလည်ခဲ့ပါ။ သို့သော် သံစုံအဖွဲ့မှ “အာလေလူယာ” (Aleluya) ဟု ရွှင်မြူးစွာဖြင့် စတင်ကြွေးကြော်စဉ်၊ အကျွမ်းတဝင်ရှိလှသည့် စကားလုံးတစ်လုံးကို မကြာမီမှာပင် ကျွန်မ မှတ်မိခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ ဘာသာစကားအများစုတွင် ဘုရား သခင်အား ချီးမွမ်းကြွေးကြော်သည့် အသံဆင်တူသော “အာလေလူယာ” ကို ထပ်ခါတလဲလဲ ကြားခဲ့ရသည်။ သီချင်း၏နောက်ကြောင်းရာဇဝင်ကို သိလိုစိတ်ပြင်းပြ၍ ဖျော်ဖြေပွဲပြီးနောက် အွန်လိုင်းပေါ်ရှာဖွေရာ သီချင်းခေါင်းစဉ်ကို “ဝမ်းမြောက်မှုအတွက် ကောင်းကင်တေးသံ” ဟု ဘာသာပြန်ထားသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ဗျာဒိတ်ကျမ်း ၁၉ ပါ အောင်ပွဲခံသည့်ကျမ်းပိုဒ်၌၊ “ကောင်းကင်တစ်ခုလုံး ဝမ်းမြောက်ကြ၏”…