ကြောက်ရွံ့ခြင်းမှ ဝမ်းမြောက်ခြင်းသို့
သမိုင်းပညာရှင်များက ၁၉၀၆ ခုနှစ် ခရစ္စမတ်အကြိုနေ့တွင် ပထမဆုံးထုတ်လွှင့်သော တေးဂီတနှင့် မိန့်ခွန်းများကို အတ္တလန်တိတ်ရှိ အမေရိကန်ရေတပ်နှင့် အခြားသင်္ဘောများမှ ရေဒီယိုအော်ပရေတာတို့ နားဆင်ခဲ့ရသည်ဟု ယုံကြည်ကြသည်။ ပေးပို့နေကျ တတီတီမြည်သံနှင့် အချက်ပြကုဒ်များအစား၊ ရေဒီယိုအသံတီထွင်သူ ရယ်ဂျီနယ်ဖက်စီဒန် (Reginald Fessenden) တယောဖြင့် တီးခတ်ထားသော “အိုသန့်ရှင်းည”(O, Holy Night) ခရစ္စမတ်တေးကို နားဆင်ခဲ့ကြရသည်။ ဖက်စီဒန်သည် “ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း”(လု ၂:၁၄)ဟူ၍ ကောင်းကင်တမန်များ၏ချီးမွမ်းခြင်းပဲ့တင်သံဖြင့် သူ၏ထုတ်လွှင့်မှုကို အဆုံးသတ်ခဲ့သည်။ သခင်ယေရှုမွေးဖွားခြင်းကို ချီးမွမ်းထောမနာပြုသောတေးဂီတနှင့် ဖော်ပြချက်များကြောင့် နားထောင်နေသူများ အံ့ဩတုန်လှုပ်သွားပေမည်။
သခင်ယေရှုမွေးဖွားခြင်းကြောင့် ဦးဆုံးအံ့ဩရသူများမှာ ပုံမှန်ညဘက်၌ သိုးများကို ထိန်းကျောင်းသော သိုးထိန်းများဖြစ်သည်။ ထိုအခါ၊ ဘုရားသခင်၏ ဘုန်းတော်ဖြင့် ထွန်းလင်းထင်ရှားလာသည့် ကောင်းကင်တမန် တစ်ပါးကြောင့် သိုးထိန်းတို့ ထိတ်လန့်ခဲ့ရသည်။ ကောင်းကင်တမန်ကလည်း “မကြောက်ကြနှင့်၊ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည် သင်တို့အား ကြားပြောရ၏။…
မျက်နှာသာပေးခြင်း မရှိ
၁၈၇၂ ခုနှစ်တွင် သမ္မတယူလက်ဇီး အက်စ်ဂရန့်(Ulysses S. Grant)သည် ဝါရှင်တန်ဒီစီ၌ သူ၏မြင်းရထားလုံးကို မဆင်မခြင်မောင်းနှင်မှုကြောင့် တားဆီးခံခဲ့ရသည်။ သတင်းစာတစ်ခုအရ အာဖရိကန်-အမေရိကန်ကပြားဖြစ်သည့် ဝီလျံဝက်စ် (William West) ဆိုသည့် အရာရှိက “သင်၏အမြန်မောင်းနှင်မှုက လမ်းဖြတ်ကူးသူများအတွက် အသက်အန္တရာယ်ဖြစ်စေနိုင်သည်”ဟု ဂရန့်အား သတိပေးခဲ့သည်။ ဂရန့်က တောင်းပန်ခဲ့သော်လည်း၊ နောက်တစ်နေ့ညတွင် ရထားလုံးကို အပြိုင်မောင်းနှင်ပြန်သဖြင့်၊ ဝက်စ်က ဂရန့်၏မြင်းများကိုတားကာ၊ “သမ္မတကြီးကို ဒီလိုလုပ်ရတာတော့ စိတ်မကောင်းပေမဲ့၊ သင်ဟာ နိုင်ငံတော်အကြီးအကဲဖြစ်ပြီး၊ ကျွန်တော်က ဘာမှမဟုတ်တဲ့ ရဲသားဖြစ်ပေမဲ့လို့ တာဝန်က တာဝန်ပါပဲ”ဟုပြောကာ သမ္မတကို ဖမ်းဆီးခဲ့သည်။
သူ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်သည့် ဤရဲရင့်သောသူအတွက် ဂုဏ်ယူမိသည်။ ဂရန့်လည်း ထိုနည်းပင်ဖြစ်သည်။ သူက ဝက်စ်ကို ချီးကျူးပြီး သူ့ကို အလုပ်မဖြုတ်ဘဲ ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့သည်။ ဘုရားသခင်သည်လည်း မတရားမှုကို မုန်းတီးခြင်းကြောင့် ဝက်စ် အပေါ်နှစ်သက်ကျေနပ်ပေလိမ့်မည်။ “ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊…
ကျွန်ုပ်ထံသို့ ကိုယ်တော်၏လူများကို ပို့ပေးပါ
ကျွန်မ၏သူငယ်ချင်း မာရီဇာ(Maritza)သည် မတူညီသောမြို့များသို့ ခရီးသွားရသည့်အလုပ်ကို လုပ်ကိုင်သောအခါ၊ သူမသည် အထီးကျန်မှုကို မကြာခဏခံစား ရခဲ့ရသည်။ သို့သော်လည်း၊ တစ်ညတွင် ညစာစားပြီးနောက် သူမက “ဂျဲန်ရေ၊ ကျွန်မကို ယုံကြည်သူတွေနဲ့ ပေးတွေ့ဖို့ ဘုရားသခင်ဆီမှာ ကျွန်မဆုတောင်းခဲ့တယ်” ဟု ကျွန်မကို မှီပြီး ပြောပြခဲ့သည်။ “မကြာခင်မှာပဲ၊ သခင်ယေရှုကို ယုံကြည်သူများနဲ့ ပုံမှန်တွေ့ဆုံခဲ့တယ်။ တစ်ခါတလေဆို တစ်နေ့ထဲမှာပင် လူသုံးဦးနဲ့ ဆုံခဲ့တယ်”ဟု သူဆက်လက်ပြောပြခဲ့သည်။
သခင်ယေရှုကို ယုံကြည်သည့် အခြားသူများနှင့် တွေ့ဆုံရသောအခါ၊ ကျွန်မတို့သည် ခရစ်တော်၌ ဝိညာဉ်ရေးအရ ချိတ်ဆက်မိကြသည်။ ရှင်းပြရခက်သော်လည်း၊ ၎င်းသည် ကျွန်မတို့အတွင်း၌ ခံစားမှုတစ်စုံတစ်ရာကို အစပြုပေးသည်။ အရေးကြီးဆုံးတူညီသောအချက်မှာ ခရစ်တော်နှင့်ပတ်သက်သော သမ္မာကျမ်းစာ၏မိန့်ကြားချက်များနှင့်၊ ယေရှုအားဖြင့် ဘုရားသခင်နှင့်ဆက်ဆံရေးရှိနိုင်သည်ကို ယုံကြည်ခြင်းဖြစ်သည် (ရော ၁၀:၉)။
အရေးကြီးဆုံးမှာ၊ ဘုရားသခင်၏ဝိညာဉ်တော်သည် ယုံကြည်သူများအထဲ၌ ကျိန်းဝပ်လျက်၊ တစ်ဦးနှင့်တစ်ဦးကို အားကောင်းစွာ ပေါင်းစည်းထားပြီး၊…
သတင်းကောင်းသယ်ဆောင်လာခြင်း
အီကွေဒေါ(Ecuador)နိုင်ငံသာသနာပြုခရီးတွင် ကျွန်မတို့လုပ်ဆောင်နေကျ အိမ်များသို့ လှည့်လည်သွားစဉ်၊ ကြက်သွန်နီရိတ်သိမ်းနေသော အမျိုးသားတစ်ဦးထံသို့သွားပြီး၊ စပိန်စကား မတောက်တခေါက်ဖြင့် ကျွန်မတို့ သူငယ်ချင်းများက သူ့အား သမ္မာကျမ်းစာအကြောင်း တိုတိုတုတ်တုတ် ပြောပြလိုကြောင်း ဆုတောင်းလျက် ပြောရာ၊ သူနားထောင်ပေးခဲ့သည်။ သူ့ကို သက်သေခံဝေမျှပြီးနောက် ကျွန်မတို့ အဖွဲ့မှတစ်ဦးက သမ္မာကျမ်းစာကို အင်္ဂလိပ်လိုဖတ်ပြရာ၊ သူကလည်း ကျွန်မတို့ပေးသော စာအုပ်ငယ်မှ စပိန်ဘာသာဖြင့်ဖတ်သည်။ အင်ဒိစ်(Andes)တောင်တန်း၌ သတင်းကောင်းဖတ်ရွတ်သံကို ကြားရခြင်းက ထူးမြတ်သောအခိုက်အတန့်ဖြစ်ခဲ့သည်။ မနီးမဝေးတွင် အလုပ်လုပ်နေသော သူ၏မိသားစုနှင့်လည်း စကားပြော ဆုတောင်းပေးပြီးနောက် အခြားတစ်အိမ်သို့ ဆက်သွားခဲ့သည်။
သမ္မာကျမ်းစာကို ရွတ်ဖတ်၊ လူများအား ခရစ်တော်အကြောင်း ပြောပြနှင့်၊ တောင်စောင်းတစ်လျှောက်ခရီးဆက်ရင်း၊ လောက၌ ကျင်လည်ခဲ့စဥ် သခင်ယေရှုနှင့် တပည့်တော်များသည်လည်း ဣသရေလတောင်တန်းများနှင့် ချိုင့်ဝှမ်းများ၌ သွားလာခဲ့ကြောင်း ဆင်ခြင်မိသည်။
ဟေရှာယအနာဂတ္တိကျမ်း ၅၂:၇ တွင် “ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်း ကောင်းကျိုးချမ်းသာ၏…
ကျွန်ုပ်တို့၏အထီးကျန်မှု၌ ကျွန်ုပ်တို့နှင့်အတူရှိသူ
ဟင်နရီဒေးဗစ်သရိုး(Henry David Thoreau)က မြို့တစ်မြို့ဆိုသည်မှာ “အတူအထီးကျန်နေကြသူ များစွာရှိသည့်နေရာ”ဟု ဖော်ပြခဲ့သည်။ ဤစကားများကမှန်နေသယောင်ပင်။ ကျွန်ုပ်လူငယ်ဘဝက “Mr. Lonely”, “Only the Lonely”, “Eleanor Rigby” စသည့်သီချင်းများတွင် အထီးကျန်မှုနှင့် အဖော်မဲ့မှုကို အလေးပေး ရေးစပ်ထားသည်။ မကြာမီက ကိုဗစ်ကပ်ဘေးကာလသည် ကမ္ဘာ့အထီးကျန်ဆုံး အချိန်များအနက် တစ်ခုဖြစ်ခဲ့ပြန်သည်။ လူမှုကွန်ရက်များသည်လည်း ရင်းနှီးမှုမပါသော ဆက်ဆံရေးများသာဖြစ်သောကြောင့် အထီးကျန်မှုကို ပို၍ဖြစ်စေနိုင်သည်။ အထီးကျန်မှုကို ခေတ်သစ်ကပ်ရောဂါတစ်ခုဟုပင် ဆိုနိုင်ပါသည်။
ရှင်မဿဲက ယေရှုမွေးဖွားခြင်းအကြောင်းကို ဖော်ပြရာ၌ (၁:၁၈-၂၅)၊ “ထာဝရဘုရားသည် ပရောဖက်(ဟေရှာယ)အားဖြင့် ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံမည်အကြောင်းတည်း။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့်ရကြလတံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း”(:၂၂-၂၃) ဟု ဖော်ပြထားသည်။ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရား”ဟူသည့်အချက်ကို ဆင်ခြင်ကြည့်ပါ။
ယေရှုကို…
ဘုရားသခင်၌ နားခိုခြင်း
ကျွန်ုပ်၏ အိမ်နီးချင်း ဆမ်သည် တစ်ညတွင် သူ၏ကားမပါဘဲ အိမ်ပြန်ရောက်လာသည်။“ကားခိုးခံလိုက်ရတယ်”ဟု သူ့ဇနီးကို ပြောပြီး၊ “ငါအိပ်တော့မယ်။ မနက်မှ စဉ်းစားမယ်”ဟု ဆက်ပြောသည်။ သူ့ဇနီးမှာ အံ့ဩလျက်၊ ဆမ်ဘယ်လိုလုပ် ဒီလောက်အေးဆေးနေနိုင်သနည်းဟု နားမလည်ခဲ့ပါ။ သို့သော် ဆမ်က“ဘာလုပ်လို့ ရမှာလဲ။ ထိတ်လန့်နေလို့ အခြေအနေပြောင်းမှာလား”ဟု ရှင်းပြလိုက်သည်။
ဆင်ခြင်တုံတရားအမြဲကပ်နေသော ကျွန်ုပ်၏အိမ်နီးချင်းမှာ စိတ်ပူနေရုံနှင့် အကျိုးမရှိသည်ကို သဘောပေါက်သည်။ အာဏာပိုင်များက သူ့ကားကို ပြန်ရှာပေးနိုင်မည်ဟု သူယုံကြည်သည်။ အမှန်လည်း သူတို့ကားကို ပြန်ရှာတွေ့ခဲ့သည်။
တမန်တော်ရှင်ပေတရုသည် အကျဥ်းချခံရသောအခါ (တ ၁၂:၄) သူသည် အလားတူ ခံစားခဲ့ရပါသလား။ ကွပ်မျက်ခံရနိုင်ခြေရှိသော်လည်း၊ အမြဲပင် စိတ်လိုက်မာန်ပါလုပ်တတ်သူကြီးက “စစ်သည်နှစ်ယောက်ကြား၌ အိပ်နေသည်” (:၆)။ကောင်းကင်တမန်သည် “ပေတရု၏နံဘေးကို ပုတ်ခတ်၍” သူ့အား နိုးခဲ့ရသည် (:၇)။ ယင်းက ပေတရုသည် စိတ်အေးလက်အေးနှင့် ငြိမ်သက်ခြင်းအတိ ရှိနေကြောင်း ပြနေသည်။ သူ့အသက်သည်…
ဘုရားသခင်ပေးအပ်သော ဆုကျေးဇူး
ဂန္တဝင်တေးရေး ဂီတစာဆို လူဗစ်ဗန်ဘီသိုဗင်(Ludwig van Beethoven)သည် သမိုင်းတွင် အကျော်ကြားဆုံး ဂီတပညာရှင်များအနက်တစ်ဦးဖြစ်သည်။ သူသည် ၁၈၂၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး၊ နှစ်ပေါင်း ၂၀၀ နီးပါး ကြာခဲ့သော်လည်း၊ သူ၏ သီချင်းများကို ယနေ့တိုင် အများဆုံး တီးမှုတ်ဖျော်ဖြေကြဆဲဖြစ်သည်။ သို့သော် ဘီသိုဗင်၏မျိုးရိုးဗီဇ(DNA)ကို လေ့လာကြည့်ရာတွင်၊ ကျွန်ုပ်တို့ထင်ထားသလို သူ၌မွေးရာပါအရည်အချင်းများ ရှိမနေကြောင်း တွေ့ရှိရသည်။ စည်းချက် ညီအောင်ထိန်းညှိနိုင်သောဂီတပါရမီစွမ်းရည်ရှိသည့် လူပေါင်း ၁၄,၅၀၀ ၏ မျိုးဗီဇနှင့် ဘီသိုဗင်၏မျိုးဗီဇ(ဂီတကျွမ်းကျင်မှုအစိတ်အပိုင်းတစ်ခုတည်း)ကို နှိုင်းယှဉ်သောအခါ၊ ဘီသိုဗင်၏အဆင့်မှာ အံ့ဩလောက်စွာ နည်းနေပါသည်။
ဘီသိုဗင်၌(သူ့စွမ်းရည်ကို ဖွံ့ဖြိုးစေသည့်)ဂီတနှင့်ပတ်သက်သည့် အခွင့်အလမ်းများနှင့် အတွေ့အကြုံများစွာရှိခဲ့သည်။ မွေးရာပါ ပါရမီရှိခြင်းထက်၊ မိမိပါရမီကို တိုးတက်အောင် လုပ်ဆောင်နိုင်သည့် အခွင့်အရေးရှိခြင်းထက် မိမိ၌ရှိသည့် ဆုကျေးဇူးများကိုပေးအပ်သူမှာ ဘုရားသခင်ဖြစ်ပြီး၊ အစွမ်းရှိသမျှနှင့် အစေခံကာ ကိုယ်တော်အား ဘုန်းထင်ရှားစေရပါမည်။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ဗေဇလေလနှင့် အဟောလျဘတို့အား တဲတော်တည်ဆောက်ရာတွင်…
ဘုရားသခင်အတွက် တန်ဖိုးရှိသော
အိမ်တစ်အိမ်၏နံရံတွင် နှစ်ပေါင်းများစွာ ပန်းချီကားတစ်ချပ်ရှိနေခဲ့ပြီး၊ ၎င်းကို မည်သူမျှ သတိမထားမိ၊ မေ့လျော့နေခဲ့သည်။ တစ်နေ့တွင် ထိုပန်းချီကား ပြုတ်ကျ သွားသည်။ ၎င်းကို ပြန်လည်ပြုပြင်ရန် ပန်းချီကားပြုပြင်သူထံ ယူသွားသောအခါ၊ ယင်းပန်းချီသည် ကြာမြင့်စွာပျောက်ဆုံးနေခဲ့သော ရန်းဘရန့်(Rembrandt) ၏ လက်ရာမြောက် “The Adoration of the Magi”ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ကူးယူပန်းချီများသာ ကျန်ရှိသည်ဟု ယူဆခဲ့ကြသော်လည်း၊ ၎င်းသည် မူလလက်ရာဖြစ်နေသည်။ ရုတ်ခြည်းပင် ထိုပန်းချီကား၏တန်ဖိုးမှာ ဒေါ်လာသန်းပေါင်းများစွာသို့ မြင့်တက်သွားခဲ့သည်။
သမ္မာကျမ်းစာတွင် တန်ဖိုးချခံရပြီး မေ့လျော့ခံရသော တန်ဖိုးကြီးအရာ နောက်တစ်မျိုးကို ဖော်ပြထားပါသည်။ ပရောဖက်ဟေရှာယသည် သန့်ရှင်းသော ဝိညာဉ်တော်၏နှိုးဆော်မှုအားဖြင့် ဘုရားသခင်၏လူတို့သည် အခြားပြည်သို့ သိမ်းယူခံရကာ ဆင်းရဲဒုက္ခခံရမည်၊ တန်ဖိုးချခံရမည် ဖြစ်သော်လည်း၊ ဘုရားသခင်သည် သူတို့နှင့်အတူ ရှိနေဦးမည်ဖြစ်ကြောင်း ပြောခဲ့သည်။
“မစိုးရိမ်နှင့်။ သင့်ကို ငါရွေးနုတ်ပြီ။ ငါ့နာမဖြင့် မှည့်ပြီ။ သင့်ကို…
ကိုယ်နှင့်စပ်ဆိုင်သူကား အဘယ်သူနည်း
မေရီကိုဘယ်လ်သည် သူမ၏အသက်ကို ကယ်ခဲ့သူတစ်ဦးဖြစ်နိုင်သော ပစ္စည်းပို့သမားကို ဆေးရုံကုတင်ပေါ်မှ လှမ်းမြင်ပြီး ပျော်ရွှင်သွားသည်။ သူမသည် ကားအဝင်အထွက်လမ်းတွင် ချော်လဲကာ ဦးခေါင်းထိခိုက်ခဲ့ပြီး၊ ဦးနှောက်အတွင်း သွေးယိုစိမ့်မှုဖြစ်ခဲ့သည်။ ရာဟီးမ်ကူးပါးက သူမကိုတွေ့ပြီး၊ အရေးပေါ်ဌာနသို့ ဖုန်းခေါ်ခဲ့သည်။ သူမကို ဆေးရုံတွင် လာကြည့်နိုင်ကြောင်း ရာဟီးမ်အား သူမ၏ မိသားစုက ဖိတ်ခေါ်ရာ၊ သူမ ပြန်လည်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော သူမနှစ်သက်သည့် အချိုပွဲစားစရာများပါ ယူလာပေးသည်။
သူတို့၏ဇာတ်လမ်းက ကောင်းသောရှမာရိဥပမာကို သတိရစေသည်။ ၎င်းသည် ထာဝရအသက်ရရှိရန် မည်သို့ပြုရမည်ကို မေးလာသော ကျမ်းတတ်တစ်ဦးအား တုံ့ပြန်ဖြေကြားခဲ့သော သခင်ယေရှု၏အဖြေဖြစ်သည်။ သခင်ယေရှုက “ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း။...ထိုသို့ပြုလော့”(လု ၁၀:၂၆)၊ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့”(:၂၇)ဟု မိန့်ကြားရာ၊ ကျမ်းတတ်က “အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင်သူ ဖြစ်ပါသနည်းဟု”မေးပြန်သည်(:၂)။
လူတစ်ယောက်သည် ဓားပြတိုက်ခံရပြီး သေလုမျောပါးဖြစ်နေချိန်၌ အနီးမှ ဖြတ်သွားသော ယဇ်ပုရောဟိတ်နှင့်လေဝိလူတို့က သူ့ကို ရှောင်သွားသည်။ သို့သော်…
သူတစ်ပါးအား သိကျွမ်းခြင်းနှင့် ချစ်ခြင်း
ဂရိတွေးခေါ်ပညာရှင်နှင့် သမားတော်ဟစ်ပို့ခရတီစ်[Hippocrates] (ခန့်မှန်းအားဖြင့် ဘီစီ ၄၆၀-၃၇၅)သည် ဆေးဘက်ဆိုင်ရာ အတတ်ပညာကို အယူသီးသောနယ်ပယ်မှ ဆွဲထုတ်ပြီး၊ စမ်းသပ်ခြင်းနှင့် သတိပြုလေ့လာခြင်းများဖြင့် သက်သေပြခဲ့သည်။ သို့သော် လူနာသည် လူသားဖြစ်ကြောင်းကို သူမျက်ခြေ မပြတ်ခဲ့ပါ။ သူက “လူတစ်ဦးခံစားနေရသည့် ရောဂါအကြောင်း သိခြင်းထက်၊ ထိုရောဂါကို ခံစားနေရသည့်လူကို သိခြင်းက ပိုအရေးကြီးသည်”ဟု ပြောကြားခဲ့သည်။
ရှင်ပေါလုသည် ပြဿနာများစွာရှိသော ကောရိန္သုအသင်းတော်အတွက် စိတ်ပူပန်လျက် စောင်မခဲ့သည်။ သို့သော် သူသည် “သာသနာပလူတို့တွင်ပင် မကြားရသော”အပြစ်ကို ကျူးလွန်ခဲ့သူအပါအဝင် (၁ ကော ၅:၁)၊ အသင်းဝင် လူတစ်ဦးချင်းစီ၏ သဘောသဘာဝကို သတိပြုနားလည်ခဲ့သည်။ ပေါလုသည် “အပြစ်ရောဂါ”ကို ပြင်းထန်စွာ အရေးယူတုံ့ပြန်ခဲ့ပြီး၊ ထိုသူလည်း နောင်တရခဲ့သည်။ ထို့နောက်၊ သူသည် ကောရိန္သုဩဝါဒစာဒုတိစောင်ကို ရေးသားသောအခါ၊ ထိုသူကို ချစ်ခြင်းဖြင့် ပြန်လည်ဆက်ဆံရန် အသင်းတော်အား ညွှန်ကြားခဲ့သည်။ “သူ့အပြစ်ကြောင့် အားလုံးဝမ်းနည်းခဲ့ကြရသော်လည်း”(၂…