အမျိုးအစား  |  odb

ကျွန်ုပ်တို့စိတ်ချနိုင်သော အသံ

နယူးယောက်တိုင်းမ် သတင်းစာဆရာ ကယ်ဗင်ရုစ်သည် အေအိုင်(AI-ဉာဏ်ရည်တု နည်းပညာ)သုံး ရှာဖွေရေးပရိုဂရမ်အသစ်ကို စမ်းသပ်စဉ် စိတ်ပူပန်လာခဲ့သည်။ ကွန်ပြူတာပရိုဂရမ်ကို အသုံးပြုပြီး အေအိုင်နှင့် (၂)နာရီကြာ အပြန်အလှန်စကားပြောနေစဉ်အတွင်း ၎င်းက ၎င်းကို ဖန်တီးခဲ့သူ၏ တင်းကြပ်သောစည်းမျဉ်းများကို ချိုးဖောက်လိုကြောင်း၊ သတင်းမှားများ ဖြန့်ဝေလိုပြီး၊ လူသားဖြစ်လိုကြောင်း ပြောခဲ့သည်။ ရုစ်ကိုချစ်ကြောင်း အတိအလင်းပြောဆိုပြီး၊ ၎င်းနှင့်အတူရှိရန် သူ့မိန်းမကို ထားခဲ့သင့်ကြောင်း ရုစ်အား သိမ်းသွင်းစည်းရုံးခဲ့သည်။ အေအိုင်သည် အမှန်တကယ် အသက်မရှိကြောင်း (သို့) မခံစားနိုင်ကြောင်းကို ရုစ် သိသော်လည်း အေအိုင်သည်လူများကို ပျက်စီးရာပျက်စီးကြောင်း ပြုမူရန် တိုက်တွန်းခြင်းကြောင့် မည်သည့်ဘေးအန္တရာယ်များ ဖြစ်လာနိုင်မည်နည်းဟု ရုစ် တွေးမိသည်။

ဉာဏ်ရည်တုနည်းပညာကို တာဝန်သိသိ ကိုင်တွယ်ခြင်းက ယခုခေတ် စိန်ခေါ်မှု ဖြစ်သော်လည်း လူသားတို့သည် မယုံကြည်ရသည့်အသံများ၏လွှမ်းမိုးမှုများကို ရင်ဆိုင်လာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သုတ္တံကျမ်း၌ မိမိတို့ကိုယ်ကျိုးအတွက် အခြားသူများကို နာကျင်အောင်လုပ်သူတို့၏ လွှမ်းမိုးမှုနှင့် ပတ်သက်၍…

ဘုရားသခင် ထိန်းချုပ်ထားသည်

အဖြစ်အပျက်များက ဘာကြောင့် တစ်ပြိုင်တည်းဖြစ်ရသည်ကို ကယ်ရို နားမလည်နိုင်ပါ။ အဆိုးကလည်း တော်ရုံဖြစ်ပေါ့။ သမီးက ကျောင်း၌ ခြေထောက်ကျိုးသည့်အထဲ သူမကိုယ်တိုင်လည်း ပြင်းထန်စွာရောဂါကူးစက်ခံရသည်။ “ဘာတွေလုပ်မိလို့ ဒီလို ခံရတာလဲ”ဟု ကယ်ရို တွေးခဲ့သည်။ ဘုရားထံမှ ခွန်အားတောင်းရန်သာ သူမ တတ်နိုင်သည်။

ကယ်ရို၏အတွေ့အကြုံထက် အဆမတန်ကြီးမားသော နာကျင်မှုနှင့် ဆုံးရှုံးမှုဘေးဒုက္ခများက အဘယ့်ကြောင့် သူ့ကို ပြင်းထန်စွာ ရိုက်ခတ်ရသည်ကို ယောဘလည်း မသိခဲ့ပါ။ ၎င်းသည် သူ့ဝိညာဉ်အတွက် အလွန်အရေးပါသည့်တိုက်ပွဲဟု ယောဘ သိရှိကြောင်း ဖော်ညွှန်းချက်လည်း မရှိပါ။ ယောဘသည် အရာအားလုံး ဆုံးရှုံးသွားလျှင် ဘုရားသခင်အား စွန့်ပယ်မည်ဟု စာတန်က ယုံပြီး၊ သူ၏ယုံကြည်ခြင်းကို စမ်းသပ်လိုသည် (ယောဘ ၁:၆-၁၂)။ ယောဘဘေးဒုက္ခကြုံသည်တွင် သူ့အပြစ်များကြောင့် ဒဏ်ခတ်ခံရခြင်းဟု မိတ်ဆွေများက အခိုင်အမာဆိုသည်။ ထိုသို့မဟုတ်သော်လည်း၊ “ဘာလို့ ငါ့မှ ဖြစ်ရတာလဲ” ဟု ယောဘ…

ခရစ်တော်၏သဘောကို ထင်ဟပ်ပြခြင်း

စားပွဲရှိ လူနှစ်ဦး၏မျက်နှာမှာ သိသာစွာ ပေါ်လွင်နေသည်။ မျက်နှာတစ်ခုမှာ ခါးသီးသောဒေါသကြောင့် ရှုံ့မဲ့နေပြီး၊ ကျန်မျက်နှာမှာ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဖြင့် မဲ့ရွဲ့နေသည်။ အမျိုးသမီးတစ်ဦးက အခြားအမျိုးသမီးတစ်ဦး၏ ယုံကြည်ချက်ကို ဒေါသဖြင့် ဝေဖန်ပြောဆိုရာ၊ မိတ်ဆွေဟောင်းများ ပြန်လည်တွေ့ဆုံပွဲက အော်ဟစ်ပွဲဖြစ်သွားသည်။ ပထမအမျိုးသမီးက စားသောက်ဆိုင်မှ ခြေဆောင့်လျက်ထွက်သွားသည်အထိ အချေအတင်ငြင်းခုံမှုဆက်ဖြစ်ခဲ့ပြီး၊ ကျန်တစ်ယောက်မှာ တုန်လှုပ်လျက် အရှက်တကွဲနှင့် ကျန်ခဲ့သည်။

သဘောထားကွဲလွဲမှုကို သည်းမခံနိုင်သည့်ခေတ်၌ ကျွန်ုပ်တို့ အမှန်တကယ် အသက်ရှင်နေပါသလား။ လူနှစ်ဦး သဘောထားကွဲလွဲခြင်းက နှစ်ဦးလုံး မကောင်းဘူးဟု မဆိုလိုပါ။ ကြမ်းတမ်းသော သို့မဟုတ် အလျှော့မပေးသောစကားက ဘယ်သောအခါမှ မဆွဲဆောင်နိုင်ပါ။ ခိုင်မာသောအမြင်များသည် လူမှုရေး ကျင့်ဝတ် သို့မဟုတ် ကရုဏာတရားကို မအောင်နိုင်သင့်ပါ။

ရောမ ၁၂ သည် “အချင်းချင်းချီးမြှောက်” ကာ အခြားသူများနှင့် “စိတ်သဘောတညီတညွတ်တည်းရှိ”ရန်အတွက် ကောင်းသောလမ်းညွှန်ချက်တစ်ခုဖြစ်သည် (:၁၀၊ ၁၆)။ သခင်ယေရှုကို ယုံကြည်သူများ၏…

အဖေက ယာဥ်မောင်းသမားသက်သက်ပဲ

သမီးက လေ့ကျင့်‌ရေးအပြီး ကားပေါ်သို့တက်စဥ် “ဖေဖေ၊ သမီးရဲ့သူငယ်ချင်းနဲ့ ညအိပ်လို့ရမလား”ဟု မေးလိုက်သည်။ “အဖြေက ဘာဆိုတာ သမီး သိပါတယ်။ အဖေက ယာဥ်မောင်းပဲ။ ဘာတွေဖြစ်နေလဲကို အဖေမသိဘူး။ မေမေနဲ့ စကားပြောရအောင်လေ”ဟု ကျွန်တော် ပြန်ပြောလိုက်သည်။

“အဖေက ယာဥ်မောင်းပဲ” ဆိုသည်က ကျွန်တော်တို့၏အိမ်၌ ဟာသတစ်ခုဖြစ်လာသည်။ နေ့စဥ်၊ ကျွန်တော် ဘယ်မှာရှိရမယ်၊ ဘယ်အချိန်၊ ဘယ်သူ့ကို ဘယ်ကိုပို့ရမလဲဆိုတာ စီစဉ်သူ ကျွန်တော့်မိန်းမကို ကျွန်တော်မေးရသည်။ ဆယ်ကျော်သက် သုံးယောက်နှင့်အတူ၊ “တက္ကစီဒရိုင်ဘာ”အဖြစ် ကျွန်ုပ်၏“အပိုအလုပ်”ကို တစ်ခါတစ်ရံ ဒုတိယအလုပ်ပမာ ခံစားရသည်။ မကြာခဏဆိုသလို၊ မိမိ ဘာကိုမသိလဲဆိုတာကို ကျွန်တော်မသိပါ။ ထို့ကြောင့် နေ့စဥ်အချိန်ဇယားဆွဲသည့်ဆရာမကို မေးမြန်းရသည်။

ရှင်မဿဲခရစ်ဝင် ၈ ၌ ယေရှုသည် အမိန့်ပေးခြင်းနှင့် အမိန်နာခံခြင်းကို နားလည်သူတစ်ဦးနှင့် ကြုံတွေ့ခဲ့သည်။ ရောမတပ်မှူးတစ်ဦး သည် သူ့လက်အောက်ငယ်သားတို့အား အမိန့်ပေးပိုင်ခွင့်ရှိသကဲ့သို့ သခင်ယေရှုတွင်…

ခရစ်တော်၌ အပြီးသပ်သူများဖြစ်ခြင်း

ဘာဘရာသည် သူမ၏ မြေးဖြစ်သူ အီသန်အတွက် ဆွယ်တာအင်္ကျီထိုး၍ မပြီးမီကွယ်လွန်သွားခဲ့သည်။ သူတို့၏လုပ်ငန်းမပြီးဆုံးမီ ဤဘဝမှထွက်ခွာသွားသူနှင့် ၎င်း၏ချစ်ရသူများအား အဖွဲ့အစည်းတစ်ခုမှ စေတနာ့ဝန်ထမ်း လက်မှုပညာရှင်များ—“အပြီးသပ်သူများ”နှင့် ချိတ်ဆက်ပေးခဲ့၍၊ ဆွယ်တာအင်္ကျီကို အပြီးသပ်ရန် ချည်ထိုးသူ၏လက်သို့ ယုံယုံကြည်ကြည်အပ်လိုက်သည်။ ဝမ်းနည်းနေသူတို့အား နှစ်သိမ့်မှုပေးသည့် အလုပ်တစ်ခုကို အပြီးသပ်ပေးရန် “အပြီးသပ်သူများ”သည် ၎င်းတို့၏အချိန်နှင့် ကျွမ်းကျင်မှုကို မေတ္တာဖြင့် မြှုပ်နှံထားသည်။

ဘုရားသခင်သည် ဧလိယ၏အလုပ်အတွက်လည်း “အပြီးသပ်သူ”ကို ခန့်အပ်ခဲ့သည်။ ဣသရေလလူမျိုးများက ဘုရားသခင်၏ပဋိညာဉ်ကို ငြင်းပယ်ပြီး ပရောဖက်များကို သတ်ဖြတ်သည့်အတွက် ပရောဖက်ဧလိယသည် အထီးကျန်ပြီး စိတ်ပျက်အားလျော့နေခဲ့သည်။ ယင်းအတွက် ဘုရားသခင်က ဧလိယအား “ဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ၌ခန့်ထား၍ ဘိသိတ်ပေး”ရန် ပြောကြားခဲ့သည် (၃ ရာ ၁၉:၁၆)။ ၎င်းက ဧလိယသေဆုံးပြီးနောက်တွင်လည်း ဘုရားသခင်၏ အမှန်တရားကို ထုတ်ဖော်ပြောကြားခြင်းအမှု ဆက်လက်လုပ်ဆောင်ရန် အတည်ပြုပေးခဲ့သည်။

ဘုရားသခင်၏ပရောဖက်အဖြစ် ဧလိယ၏နေရာကိုဆက်ခံရန် ဘုရားသခင် ခေါ်ထားကြောင်း…

ကလေးတစ်ဦး၏ မျှော်လင့်ချက်

ကျွန်တော့်မြေးမလေး အယ်လီယားနားသည် (၇) နှစ်အရွယ်လေး၌ ဂွာတီမာလာနိုင်ငံရှိ မိဘမဲ့ဂေဟာတစ်ခုအကြောင်း ဗီဒီယိုကို သူ့ကျောင်း၌ ကြည့်ခဲ့ရပြီး၊ သူမက “သူတို့ကို ကူညီဖို့ အဲဒီကို သမီးတို့ သွားရမယ်”ဟု သူ့မိခင်အား ပြောခဲ့သည်။ သမီးအသက်ကြီးလာမှ အဲဒီအကြောင်းကို စဉ်းစားကြမယ်ဟု သူ့အမေ ပြန်ဖြေခဲ့သည်။

ထိုအကြောင်းကို အယ်လီယားနား လုံးဝ မမေ့ပါ။ သူမ ဆယ်နှစ်အရွယ်တွင် သူ့မိသားစုက မိဘမဲ့ဂေဟာ၌ ကူညီရန် သွားရောက်ခဲ့သည်။ နှစ်နှစ်ကြာပြီးနောက် သူတို့ထပ်သွားခဲ့ကြပြီး ယခုတစ်ကြိမ်တွင် အယ်လီယားနား၏ကျောင်းမှ အခြားမိသားစုနှစ်စုကို ခေါ်သွားခဲ့သည်။ အယ်လီယားနား အသက် ၁၅ နှစ်တွင် သူမနှင့် သူ့အဖေက ဂွာတီမာလာနိုင်ငံသို့ အစေခံရန် ထပ်မံသွားခဲ့သည်။

ကလေးများ၏ ဆန္ဒနှင့် အိမ်မက်များသည် လူကြီးများ၏ မျှော်လင့်ချက်များလောက် အရေးမကြီးဟု တစ်ခါတစ်ရံ ကျွန်ုပ်တို့ ထင်ကြသည်။ သို့သော် သမ္မာကျမ်းစာက ထိုကဲ့သို့ ကွဲပြားခြားနားမှုကို…

ယေရှုအား မြင်နိုင်သောခြေရာများ

ကယ်လီဖိုးနီးယားတက္ကသိုလ်တစ်ခုမှ သိပ္ပံပညာရှင်များသည် ဆဲလ်ဖုန်းသုံးသူ တစ်ဦးချင်းစီ၏ဉာဉ်နှင့် နေထိုင်မှုပုံစံများကို ဖော်ထုတ်ရန် ဂွမ်းစဖြင့် မော်လီကျူးနမူနာယူ စမ်းသပ်မှုများ လုပ်ဆောင်ခဲ့သည်။ အခြားအရာများစွာအနက် ဆဲလ်ဖုန်းအသုံးပြုသူများ သုံးသည့် ဆပ်ပြာများ၊ လိုးရှင်းများ၊ ခေါင်းလျှော်ရည်များ၊ မိတ်ကပ်များ၊ သူတို့စားသုံးသော အစားအစာ၊ အချိုရည်နှင့် ဆေးဝါးအမျိုးအစားများ၊ သူတို့ဝတ်သည့်အဝတ်အစား အမျိုးအစားစသည်တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုလေ့လာမှုက သုတေသီများအား လူတစ်ဦးစီ၏ နေထိုင်မှုပုံစံ တစေ့တစောင်း လေ့လာချက်ကို အစပြုနိုင်စေခဲ့သည်။

တင်စားပြီးဆိုရလျှင် ဗာဗုလုန်ရှိ ဝန်ကြီးများသည် ပရောဖက်ဒံယေလ၏အသက်တာ၌ ဉာဉ်ဆိုးများ သို့မဟုတ် ဘဝနေထိုင်မှုအလေ့အထများဆိုးများ ရှိ/မရှိကို စစ်ဆေးစမ်းသပ်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် သူသည် အနှစ်ခုနစ်ဆယ်နီးပါး အင်ပါယာ၌ သစ္စာရှိစွာ အမှုထမ်းခဲ့ပြီး “သစ္စာနှင့်ပြည့်စုံ၍ အပြစ်တစ်စုံတစ်ခုမျှမရှိသူ”အဖြစ် ထင်ရှားသူဖြစ်သည်(ဒံ ၆:၄)။ အမှန်မှာ၊ ဒါရိမင်းကြီးက သူ့အား မြို့ဝန်အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောရသော ဝန်ကြီးသုံးပါးတွင် တစ်ပါးအဖြစ် (:၁-၂) ရာထူးတိုးခဲ့၍၊…

နှစ်လိုဖွယ်ကောင်းသူ

ဗိသုကာဆိုင်ရာ ခမ်းနားထည်ဝါလှပမှု၏ သင်္ကေတတစ်ခုဖြစ်သော Eiffel Tower (အိုင်ဖယ်လ်မျှော်စင်ကြီး)သည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို လွှမ်းမိုးလျက် တခမ်းတနား ထိုးထွက်တည်ရှိနေသည်မှာ နှစ်ပေါင်း(၁၃၀) ကျော်ပါပြီ။ ထိုမျှော်စင်ကြီးကို ပဲရစ်မြို့၏ ခမ်းနားကြီးကျယ်ဆုံး အချက်အချာနေရာတစ်ခုအဖြစ် သတ်မှတ်ထားသည်။

သို့ရာတွင် ထိုမျှော်စင်ကို ဆောက်လုပ်စဥ်က ၎င်းကို လူများစွာက အရေးမပါဟုသာ တွေးခဲ့ကြသည်။ ဥပမာအနေဖြင့် နာမည်ကျော်ပြင်သစ်စာရေးဆရာ Guy De Maupassant (ဂီဒမူပါဆွန်)က “ဒီမျှော်စင်က စက်ရုံမီးခိုးပြောင်းတိုင်လိုပဲ၊ ပိန်ရှည်ရှည်နဲ့ ရယ်စရာကြီး”ဟု ပြောခဲ့သည်။ မျှော်စင်၏အလှတရားကို သူမမြင်နိုင်ခဲ့ပါ။

သခင်ယေရှုအား မိမိတို့၏ကယ်တင်ရှင်အဖြစ် ကျွန်ုပ်တို့၏နှလုံးသားများကို အပ်နှံခဲ့ကြသည့် သခင့်ကိုချစ်သော ကျွန်ုပ်တို့အနေဖြင့် သူ၏ဖြစ်တည်မှုနှင့် ကျွန်ုပ်တို့အတွက် ပြုပေးခဲ့သည့်အရာများကြောင့် သခင်သည် ချစ်ခင်နှစ်လိုဖွယ် ဖြစ်သည်ဟု ကျွန်ုပ်တို့ မှတ်ယူကြသည်။ သို့သော်လည်း “ထာဝရဘုရား၏ကျွန်သည် ... ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်းမရှိ။ ချစ်လိုဘွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ” ဟု…

အဓိပ္ပာယ်ရှိသောမျဥ်းတိုသင်္ကေတ

ကျွန်မမိခင်၏အသက်တာခရီးအတွက် ဂုဏ်ပြုခြင်းအစီအစဥ်ကို ပြင်ဆင်နေစဥ် သူမ၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်းအကြား နှစ်ကာလများကိုဖော်ပြသည့် “မျဥ်းတိုသင်္ကေတနှင့် နှစ်ကာလများ” (မွေးဖွားခြင်း - သေဆုံးခြင်း)ကို မှန်ကန်သင့်လျော်သည့် စကားလုံးများဖြင့် ဖော်ပြနိုင်ရန် ဆုတောင်းခဲ့သည်။ ကျွန်မတို့၏ဆက်ဆံရေး၌ ကောင်းမွန်သည့်အချိန်များနှင့် အဆင်မပြေသည့်ကာလများအကြောင်း ဆင်ခြင်မိသည်။ သခင်ယေရှုက ကျွန်မအား “ပြုပြင်ပြောင်းလဲပေးသည်”ကို မြင်တွေ့ရပြီးနောက် အမေသည် သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံခဲ့သည့်နေ့အတွက် ဘုရားရှင်အား ကျွန်မချီးမွမ်းခဲ့သည်။ ကျွန်မတို့သားအမိ ယုံကြည်ခြင်း၌ အတူတကွ ကြီးထွားစေရန် ကူညီမစခြင်းအတွက်၊ အမေသည် အခြားသူတို့အား ကြင်နာလျက် သူတို့အတွက် မည်ကဲ့သို့ ဆုတောင်းအားပေးတိုက်တွန်းခဲ့ကြောင်းကို ဝေမျှပေးသူများအတွက် ဘုရားရှင်ကို ကျေးဇူးတင်ပါသည်။ ပြီးပြည့်စုံသူတစ်ဦးမဟုတ်သော ကျွန်မ၏မိခင်သည် သခင်ယေရှုအတွက် တန်ဖိုးရှိစွာ အသက်ရှင်ခဲ့သည့်အသက်တာဖြစ်သည့် အဓိပ္ပာယ်ရှိသောမျဥ်းတိုကာလ နှစ်များကို မွေ့လျော်ခံစားခဲ့ရသည်။

သခင်ယေရှုကိုယုံကြည်သူတိုင်း ပြီးပြည့်စုံသူဟူ၍ မရှိပါ။ သို့ရာတွင် “သခင်ဘုရားနှင့် ထိုက်လျောက်စွာ ကျင့်၍ အရာရာ၌…

မမြင်ရသောရှင်ဘုရင်

‘Pilgrim’ (ဘုရားဖူးခရီးသည်)သည် သခင်ယေရှုအား ယုံကြည်သူတစ်ဦး၏ ဘဝအကြောင်းကို တင်စားဖော်ကျူးထားသည့် ‘The Pilgrim’s Progress’ (ဘုရားဖူးတစ်ဦး၏ခရီးပေါက်ရောက်မှု) ရူပက အလင်္ကာတွဲပေါ်၌ အခြေပြုထားသည့် တေးဂီတပြဇာတ်ဖြစ်သည်။ ထိုဇာတ်လမ်း၌ ဝိညာဥ်လောက၏ မမြင်ရသော အင်အားစုများအားလုံးကို ပရိသတ်များ မြင်နိုင်အောင် ပြုလုပ်ထားသည်။ ဘုရားသခင်ကို ကိုယ်စားပြုသည့် ရှင်ဘုရင်ဇာတ်ကောင်ကို ဇာတ်စင်ပေါ်၌ ပွဲချိန်တစ်လျှောက်လုံး နီးပါးတွေ့မြင်ရသည်။ သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရန်သူများ၏ တိုက်ခိုက်မှုကို သတိရှိရှိ ကာကွယ်လျက်၊ နာကျင်နေသူများအား နူးညံ့စွာ ဖေးမ ပွေ့ပိုက်လျက်၊ အချို့သူများကို ကောင်းရာပြုလုပ်ရန် တိုက်တွန်းအားပေးသည်။ ရှင်ဘုရင်ဇာတ်ကောင်သည် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍအဖြစ်ပါဝင်သော်လည်း အဓိက လူသားဇာတ်ကောင်များမှာ ရှင်ဘုရင်အား ရုပ်ခန္ဓာနှင့်မမြင်ရဘဲ သူ၏လုပ်ဆောင်ချက် အကျိုးသက်ရောက်မှုများကိုသာ မြင်ကြရသည်။

ဘုရားသခင်ကို ရုပ်နာမ်ဖြင့် ကျွန်မတို့မမြင်ရသည့်တိုင်အောင် စစ်မှန်သောရှင်ဘုရင်သည် ကျွန်မတို့၏အသက်တာ၌ ရှင်သန်လှုပ်ရှားရှိနေသကဲ့သို့ ကျွန်မတို့အသက်ရှင်ပါသလား။ လိုအပ်ချိန်၌ ပရောဖက်ဒံယေလသည်…