ချောကလက်တွင်း၌ ပိတ်မိနေခြင်း
အမေရိကန်နိုင်ငံ၊ ပင်ဆာဗေးနီးယားပြည်နယ်ရှိ Mars (မားစ်)သကြားလုံးစက်ရုံမှ အလုပ်သမားနှစ်ဦးသည် ချောကလက် စည်ပိုင်းကြီးထဲသို့ ပြုတ်ကျသွားခဲ့သည်။ ၎င်းကို ဟာသတစ်ခု၏အစဟု ထင်ရသလို ချောကလက်ချစ်သူများအတွက် လှပသည့် ပြဿနာတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ထိုသူတို့သည် ထိခိုက်မှုမရှိသော်လည်း ခါးအထိနှစ်သွားသည့် အချိုရည်စည်ထဲမှ ကိုယ့်ဘာသာကိုယ် ပြန်မထွက်လာနိုင်ပါ။ နောက်ဆုံးတွင် ၎င်းတို့အား ဘေးကင်းရာသို့ ပို့ဆောင်နိုင်ရေး မီးသတ်သမားများက စည်ဘေးဘက်ကို အပေါက်ဖောက်ခဲ့ရသည်။
ပရောဖက်ယေရမိသည် ရွှံ့နွံပြည့်သောရေကန်၏အောက်ခြေတွင် သူ့ကိုယ်သူ တွေ့ရှိသောအခါ ဇာတ်လမ်းက လှပနေသည်။ ယေရုရှလင်မြို့၌ ဘုရားသခင်၏ လူမျိုးတော်အား သတင်းစကားပါးရသည့် စေတမန်တစ်ဦးအနေနှင့် မကြာမီ မြို့ကို ဗာဗုလုန်ရှင်ဘုရင်၏စစ်တပ်လက်သို့ အပ်မည်ဖြစ်၍ (ယေ ၃၈:၂) မြို့မှထွက်ခွာရန် အရေးတကြီးကြေညာခဲ့သည်။ ဘုရင်ဇေဒကိ၏မှူးမတ်အချို့က ယေရမိ၏စကားများသည် စစ်သူရဲတို့ကို အားလျော့စေခြင်းကြောင့် သူ့အား သတ်ပစ်ရန် တောင်းဆိုခဲ့သည် (:၄)။ ရှင်ဘုရင်က မှူးမတ်များ၏အလိုအတိုင်း သဘောတူခဲ့ပြီး ယေရမိကို…
ခရစ်တော်၌ ကျွန်ုပ်တို့၏လက်နက်စုံ
သင်းအုပ်ဆရာ Bailey (ဘေလီ)၏ သူငယ်ချင်းအသစ်သည် သူ၏မတော်မတရားပြုမှုနှင့် စွဲလမ်းမှုအကြောင်းကို ဘေလီအား ပြောပြခဲ့သည်။ လူငယ်လေးသည် သခင်ယေရှုကို ယုံကြည်သူဖြစ်သော်လည်း၊ ငယ်ရွယ်စဉ်ကပင် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုခြင်း နှင့် ညစ်ညမ်းရုပ်ပုံစာပေများကို ထိတွေ့ခဲ့မိခြင်းကြောင့် သူ့အရွယ်နှင့်မမျှသော ပြဿနာ၏ဖိစီးမှုကို ခံခဲ့ရသည်။ သူ၏စိတ်ပျက်အားငယ်မှုများထဲမှ သူအကူအညီတောင်းခံခဲ့သည်။
ခရစ်တော်ကို ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့သည် မမြင်နိုင်သော ဝိညာဥ်ဆိုးများနှင့် စစ်တိုက်ကြရသည် (၂ ကော ၁၀:၃-၆)။ သို့သော် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာတိုက်ပွဲများကို တိုက်ခိုက်ရန် ကျွန်ုပ်တို့အား လက်နက်များ ပေးအပ်ထားသည်။ ၎င်းတို့သည် လောကရှိလက်နက်များတော့ မဟုတ်ပါ။ ဆန့်ကျင် ဘက်အနေနှင့်၊ ကျွန်ုပ်တို့အား “မြို့ရိုးမြို့ပြများကို ဖြိုဖျက်နိုင်သော တန်ခိုးတော်လက်နက်”ကို (:၄)ပေးအပ်ထားသည်။ မည်သည်ကိုဆိုလိုသနည်း။ “မြို့ရိုးမြို့ပြ” များသည် ကောင်းမွန်စွာတည်ဆောက်ထားပြီး လုံခြုံသောနေရာများဖြစ်သည်။ ဘုရားသခင်ပေးသော လက်ရုံးများတွင် လက်ယာလက်တွင် တိုက်ခိုက်ခြင်းအတွက် ဖြောင့်မတ်ခြင်းလက်နက်နှင့် လက်ဝဲလက်တွင် ကာကွယ်ရေးလက်နက်များ…
ဘုရားသခင်နှင့် နပန်းလုံးခြင်း
ကျွန်မခင်ပွန်း ကွယ်လွန်သွားပြီးနောက် နှစ်ပေါင်းများစွာ ခင်မင်သော မိတ်ဆွေက စာတစ်စောင် ပေးပို့ခဲ့သည်။ “အယ်လန်သည် ဘုရားနှင့် နပန်းလုံးခဲ့သူ၊ တကယ့် ယာကုပ် တစ်ဦးဖြစ်ခဲ့ပြီး၊ သူသည် ယနေ့ ကျွန်ုပ် ခရစ်ယာန်ဖြစ်လာခဲ့ခြင်း၏ ခိုင်လုံသော အကြောင်းရင်းဖြစ်သည်” ဟု ဆိုသည်။ အယ်လန်၏ရုန်းကန်ခဲ့ရမှုများကို ဘိုးဘေး ယာကုပ်နှင့် နှိုင်းယှဉ်ရန် ကျွန်မ မစဉ်းစားခဲ့ဖူးသော်လည်း အံကိုက်ဖြစ်နေသည်။ သူ့ဘဝတစ်လျှောက်လုံး၌ သူရုန်းကန်ခဲ့ရပြီး၊ အဖြေရဖို့ ဘုရားရှင်နှင့် နပန်းလုံးခဲ့ရသည်။ ဘုရားကို သူချစ်သော်လည်း၊ ဘုရားရှင် သူ့ကိုချစ်ပြီး ခွင့်လွှတ်ကြောင်း၊ သူ့ဆုတောင်းသံကို နားညောင်းကြောင်း အမှန်တရားများကို သူအမြဲနားမလည်နိုင်ခဲ့ပါ။ သို့သော် သူ့ဘဝ၌ ကောင်းချီးများရှိခဲ့ပြီး၊ လူများအပေါ် ကောင်းကျိုးပြုသော လွှမ်းမိုးမှုရှိခဲ့သည်။
ယာကုပ်၏ဘဝကိုဖော်ပြရလျှင် ရုန်းကန်မှုများနှင့်ပြည့်သော ဘဝဟု ဆိုနိုင် သည်။ သူ့အစ်ကိုဧသော၏ သားဦးအရိုက်အရာကို လှည့်စားရယူခဲ့သည်။ အိမ်မှထွက်ပြေးခဲ့ရပြီး သူ၏ဆွေမျိုး၊ ယောက္ခမ လာဗန်ထံ၌…
ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင်အဘကို ခေါ်ဆိုခြင်း
အမေရိကန်သမ္မတ Harry Truman (ဟယ်ရီ ထရူးမန်)သည် ဒုတိယကမ္ဘာစစ် ပြီးဆုံးကြောင်း ကြေညာခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာတွင်၊ မစ်ဇူရီပြည်နယ်၊ ဂရန်းဗြူးရှိ ပျဉ်ကာအိမ်ငယ်တစ်ခု၌ ဖုန်းမြည်ခဲ့သည်။ အသက် (၉၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် သူ့မ၏ဧည့်သည်အား ခွင့်ပန်ပြီး ဖုန်းပြောခဲ့သည်။ သူမက “ဟယ်လို ... ဟုတ်ပါတယ်။ အင်း၊ အဆင်ပြေပါတယ်။ ရေဒီယို အမြဲနားထောင်နေတယ်။ ... အခုတော့ သားအားရင် အမေ့ကို လာကြည့်နိုင်ရင် လာကြည့်ပါ။ ... ဒါပဲနော်” ဟု ပြောဆိုသည်ကိုသူမ၏ဧည့်သည် ကြားခဲ့သည်။ အဘွားအိုသည် ဧည့်သည်ထံ ပြန်လာပြီး၊ “အဲဒါ [ကျွန်မ၏သား] ဟယ်ရီလေ။ ဟယ်ရီက သိပ်အံ့ဩစရာကောင်းတဲ့သူ၊ ... သူ ဖုန်းခေါ်မယ် ဆိုတာ ကျွန်မသိတယ်။ ဖြစ်ပျက်တဲ့ကိစ္စတစ်ခုခု ပြီးသွားတိုင်း သူ ကျွန်မကို အမြဲဖုန်းခေါ်တယ်” ဟု ပြောပြခဲ့သည်။
မည်မျှပင်…
ဘုရားရှင်၏ အသက်တာပြောင်းလဲစေခြင်းလက်ဆောင်
ကျွန်မ၏ခင်ပွန်းနှင့်ကျွန်မတို့သည် လူငယ်အဖွဲ့ကို ကြိုဆိုနှုတ်ဆက်ပြီး သမ္မာကျမ်းစာအုပ်များ ဝေပေးခဲ့သည်။ “သားတို့သမီးတို့အသက်တာကို ပြောင်းလဲဖို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဒီလက်ဆောင်ကို ဘုရားရှင် အသုံးပြုလိမ့်မယ်” ဟု ကျွန်မပြောခဲ့သည်။ ထိုညတွင် ကျောင်းသားအနည်းငယ်က ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို အတူတကွဖတ်ရှုရန် ဆက်ကပ်ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်မတို့၏ အပတ်စဉ်တွေ့ဆုံချိန်များအတွင်း လူငယ်အဖွဲ့ကို သင်ကြားပေးလျက် သူတို့အား အိမ်၌လည်း သမ္မာကျမ်းစာဖတ်ရန် ဆက်လက်ဖိတ်ခေါ်ခဲ့သည်။ ဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီးနောက် ကျွန်မတို့၏လူငယ်တစ်ဦးနှင့် ပြန်တွေ့ခဲ့သည်။ “ဆရာမ ကျွန်မကိုပေးခဲ့တဲ့ သမ္မာကျမ်းစာကို ကျွန်မအသုံးပြုနေတုန်းပဲ” ဟု သူမပြောခဲ့သည်။ ယုံကြည်ခြင်းနှင့်ပြည့်ဝနေသော သူမ၏အသက်တာကို သက်သေအဖြစ် ကျွန်မတွေ့ခဲ့ရသည်။
ဘုရားရှင်သည် သူ၏လူများအား ကျမ်းစာဖတ်ခြင်း၊ ရွတ်ဆိုကျက်မှတ်ခြင်းနှင့် ကျမ်းပိုဒ်များကိုရှာတတ်စေခြင်းတို့ထက် သာလွန်သော အစွမ်းအစကို ပေးထား သည်။ ကိုယ်တော်သည် ကျွန်မတို့အား နှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်ခြင်းအားဖြင့် သန့်ရှင်းသောလမ်းထဲ လျှောက်လှမ်းခွင့်ပေးထားသည် (ဆာ ၁၁၉:၉)။ ကျွန်မတို့ အပြစ်မှလွတ်မြောက်ကာ အသက်တာပြောင်းလဲစေရန် ဘုရားသခင်သည်…
လူမျိုးတော်စု စခန်းချခြင်း
ကျွန်တော်တို့နှင့် အဆုံးမရှိသော အနောက်အာဖရိက ကောင်းကင်ကြားတွင် ကြယ်များသာရှိသည့်နေရာတွင် စခန်းချခဲ့ကြသည်။ ခြောက်သွေ့သောရာသီတွင် တဲထိုးရန် မလိုအပ်သော်လည်း မီးကို မရှိမဖြစ်လိုအပ်ခဲ့သည်။ “ဘယ်တော့မှ မီးမငြိမ်းသွားစေနဲ့” ဟု သစ်လုံးများကို တုတ်တစ်ချောင်းဖြင့် ထိုးနေရင်း အဖေ ပြောခဲ့သည်။ မီးကြောင့် တောရိုင်းတိရစ္ဆာန်များ မချဥ်းကပ်ခဲ့ပါ။ ဘုရားသခင်ဖန်ဆင်းထားသည့် သတ္တဝါများသည် အံ့သြဖွယ်ကောင်းသော်လည်း မိမိစခန်းချရာနေရာတစ်လျှောက် ကျားသစ် သို့မဟုတ် မြွေတစ်ကောင် လှည့်ပတ်နေခြင်းကို မည်သူမျှ မလိုချင်ကြပါ။
အဖေသည် ဂါနာနိုင်ငံ၏ အထက်ပိုင်းဒေသ၌ သာသနာပြုနေသူတစ်ဦး ဖြစ်ပြီး၊ သူ၌ အရာရာကို သင်ကြားမှု အခိုက်အတန့်အဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် အရည်အချင်းရှိသည်။ စခန်းချခြင်းသည်ပင် ချွင်းချက် မဟုတ်ခဲ့ပါ။
ဘုရားသခင်သည် သူ၏လူများအတွက် စခန်းချခြင်းကို သွန်သင်မှုပြုရာနေရာ အဖြစ်လည်း အသုံးပြုခဲ့သည်။ ဣသရေလလူမျိုးများသည် တစ်နှစ်လျှင်တစ်ကြိမ်၊ တစ်ပတ်လုံး “ကောင်းမွန်သော သစ်သီး၊ စွန်ပလွံခက်၊ မိုးမခပင် အစရှိသော…
အလိုတော်အတိုင်း အစေခံခြင်း
Andrew Card (အန်ဒရူး ကဒ်)သည် အမေရိကန်သမ္မတ George W. Bush (ဂျော့ ဒဗလျူ ဘုရှ်)၏ ဝန်ထမ်းအကြီးအကဲဖြစ်ခဲ့သည်။ အိမ်ဖြူတော်တွင် အင်တာဗျူးတစ်ခု၌ သူ၏အခန်းကဏ္ဍအကြောင်း သူက “ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးစီ၏ရုံးခန်းမှာ ‘ကျွန်တော်တို့သည် သမ္မတ၏စိတ်သဘောအလိုအတိုင်း တာဝန်ထမ်းဆောင်ကြသည်’ ဆိုတဲ့ တာဝန်ထမ်းဆောင်ခြင်း ရည်ရွယ်ချက်ကို ဘောင်ခတ်ချိတ်ဆွဲထားပြီး၊ ထိုထုတ်ပြန်ချက်က သမ္မတ သဘောကျကျေနပ်မှုအတိုင်း (သို့) သူနှစ်သက်ရာကို ဆောင်ရွက်ပေးခြင်းကို မဆိုလိုဘဲ၊ သူ့တာဝန်ကျေပြွန်နိုင်ရေး သူသိထားသင့်တဲ့အရာကို ပြောပြဖို့ ကျွန်တော်တို့ အစေခံပေးနေခြင်းဖြစ်တယ်” ဟု ရှင်းပြခဲ့သည်။ သမ္မတ၏ တာဝန်မှာ အမေရိကန်ပြည်ထောင်စုကို အုပ်ချုပ်ရန်ဖြစ်သည်။
ကျွန်ုပ်တို့၏အခန်းကဏ္ဍများနှင့် ဆက်ဆံရေးများစွာတွင် တမန်တော်ရှင်ပေါလု မကြာခဏ တိုက်တွန်းသည့်အတိုင်း အချင်းချင်းစည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်းအစား လူတို့ကို ကျေနပ်ပျော်ရွှင်စေလိုခြင်းပုံစံသို့ ကျွန်ုပ်တို့ ပြောင်းသွားတတ်ကြသည်။ ဧဖက်သြဝါဒစာ ၄ တွင် ရှင်ပေါလုက “ထိုသခင်(ခရစ်တော်)သည် လူအချို့တို့ကို တမန်တော်အရာ…
သင်သည် အဘယ်သို့ ဆိုင်သနည်း
သူက စပျစ်သီးချိုချဥ်ရပြီး မီးက ဘာလို့ စတော်ဘယ်ရီချိုချဉ် ရတာလဲ” ဟု ကျွန်မ၏ ခြောက်နှစ်အရွယ် တူမလေးက မေးသည်။ ကလေးများသည် မကြာခဏဆိုသလို သူတို့အား ပေးသည့်အရာကို အခြားသူများ ရရှိသောအရာနှင့် နှိုင်းယှဉ်တတ်ကြောင်း အစောကြီးကတည်းက ကျွန်မ၏တူတူမများက သင်ပေးခဲ့သည်။ ဆိုလိုသည်မှာ အရမ်းချစ်တတ်သောအဒေါ်အနေနှင့် ကောင်းမွန်မှန်ကန်သော စီရင်ဆုံးဖြတ်ချက်ကို ပြုရန်ဖြစ်သည်။
တစ်ခါတစ်ရံ၌ ကျွန်မလည်း ဘုရားသခင်ပေးသောအရာကို အခြားသူများအား ပေးသောအရာနှင့် နှိုင်းယှဉ်တတ်သည်။ “ကျွန်မမှာ ဒါရှိပြီး သူ့မှာ ဘာလို့ အဲဒါရှိတာလဲ” ဟု ကျွန်မ ဘုရားသခင်ကို မေးသည်။ ကျွန်မ၏မေးခွန်းများသည် ဂါလိလဲအိုင်နားတွင် ရှိမုန်ပေတရုမှ သခင်ယေရှုကို မေးခဲ့သည်များကို အမှတ်ရစေသည်။ သခင်ယေရှုသည် ပေတရု သူ့အား ငြင်းပယ်ခဲ့ခြင်းကို ခွင့်လွှတ်ပေးခဲ့ပြီး မာတုရကဲ့သို့ သေခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်အကြောင်း (ယော ၂၁:၁၅-၁၉) ပေတရုအား ပြောပြနေသည်။…
သင်သည် အချစ်ခံရသူဖြစ်သည်
မိန်းမငယ်လေး အယ်လီ (Allie) သည် သူမ၏ဝမ်းနည်းမှုကို ဖော်ပြရန် သစ်သားပြားတစ်ခုပေါ်တွင် “အမှန်အတိုင်းပြောရရင်၊ ငါဝမ်းနည်းတယ်။ ဘယ်သူမှ ငါနဲ့အပြင်မသွားချင်ကြဘူး။ ငါ့စကားနားထောင်ပေးတဲ့ တစ်ယောက်တည်းသောသူကိုလည်း ဆုံးရှုံးခဲ့တယ်။ ငါနေ့တိုင်း ငိုရတယ်”ဟုရေးကာ ပန်းခြံတစ်ခုတွင် ထားလိုက်သည်။
တစ်စုံတစ်ယောက်က ထိုစာတိုလေးကိုတွေ့သောအခါ သူမသည် လမ်းဘေးမြေဖြူခဲများကို ပန်းခြံသို့ ယူဆောင်လာပြီး လူများအား အယ်လီ နှင့်ပတ်သက်၍ ၎င်းတို့၏အတွေးများကို ရေးခိုင်းခဲ့သည်။ “ငါတို့ မင်းကို ချစ်တယ်။” “ဘုရားသခင်မင်းကို ချစ်တယ်။” “မင်းက အချစ်ခံရသူဖြစ်တယ်” ဟူသော ဒါဇင်ပေါင်းများစွာသော အားပေးစကားများကို အနီးဝန်းကျင်ရှိ ကျောင်းမှ ကျောင်းသူကျောင်းသားများက ရေးခဲ့ကြသည်။ ကျောင်းအုပ်ကြီးက “ဒါဟာ ကျွန်တော်တို့လက်လှမ်းမီနိုင်တဲ့ နည်းလေးဖြစ်ပြီး (သူမရဲ့ကွက်လပ်)ကို ဖြည့်ပေးတဲ့ အကူအညီဖြစ်နိုင်တယ်”ဟု ပြောခဲ့သည်။ တစ်ချိန်ချိန်တွင် ဝမ်းနည်းမှုနှင့် ဆင်းရဲဒုက္ခများကို ကျွန်ုပ်တို့လည်း တွေ့ကြုံခံစားရမည်ဖြစ်၍ သူမသည် ကျွန်ုပ်တို့အားလုံးကို ကိုယ်စားပြုနေသည်။
“သင်သည်…
အနာဂတ်မျှော်လင့်ချက်ကို မြင်ခြင်း
၂၀၀၅ ခုနှစ် ဟာရီကိန်းကက်ထရီနာမုန်တိုင်းဒဏ် ခံရပြီးနောက် နယူးအော်လင်းမြို့သည် တစ်ဖြည်းဖြည်းချင်း ပြန်လည်တည်ဆောက်ရေးကို လုပ်ဆောင်ခဲ့သည်။ ပျက်စီးမှုအပြင်းထန်ဆုံးသော နေရာတစ်ခုမှာ ရပ်ကွက် (၉)အောက်ဘက် ဖြစ်ပြီး ကက်ထရီနာမုန်တိုင်းကျပြီး နှစ်အတန်ကြာသည်အထိ နေထိုင်သူများအတွက် အခြေခံလိုအပ်မှုများကို မရရှိခဲ့ပါ။ ဘန်နယ်လ် ခေါ့တလန် သည် ထိုအမှုအရာကိုပြောင်းလဲရန် လုပ်ဆောင်ခဲ့သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ရပ်ကွက် (၉) အောက်ဘက်၌ ပထမဆုံးကုန်စုံဆိုင်ကို ဖွင့်လှစ်ခဲ့သည်။
“အဆောက်အအုံကို ဝယ်တုန်းက ကျွန်တော်ရူးနေတယ်လို့ လူတိုင်းကထင်ကြတယ်” ဟု ခေါ့တလန် က ပြန်ပြောပြသည်။ သို့သော် ပထမဦးဆုံးဈေးဝယ်သူက အိမ်နီးချင်းများ ပြန်လာမည်ဟု မထင်သောကြောင့် သူမငိုယိုခဲ့ကြောင်း” ပြောသည်။ သူ၏အမေက သူမ၏သားသည် သူမ မမြင်ခဲ့သည့်အရာကို မြင်ပြီး ထိုအခွင့်အရေးကို အရယူသည့် အတွက် သူမအလွန်ဝမ်းသာကြောင်းပြောခဲ့သည်။
ပျက်စီးခြင်းကြုံရချိန်တွင် ဘုရားသခင်က ပရောဖက်ဟေရှာယအား မထင် မှတ်ထားသော…