ရက်ရောသော ယုံကြည်ခြင်း
လွန်ခဲ့သော နှစ်အနည်းငယ်က နိုင်ငံရေးခေါင်းဆောင်မှု ဝရုန်းသုန်းကား အပြောင်းအလဲကြောင့် မိမိတို့၏နိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည်များကို လက်ခံရန် ကျွန်ုပ်တို့၏အသင်းတော်ကို ဖိတ်ခေါ်ခဲ့သည်။ မိသားစုအသီးသီးတို့သည် အိတ်သေးသေးလေးထဲ၌ ဝင်ဆံ့သမျှသောအရာများနှင့်သာ ရောက်လာကြသည်။ အခန်းငယ်လေးသာ ပေးနိုင်သူအချို့ အပါအဝင် အသင်းတော်မိသားစုများစွာတို့သည် သူတို့၏အိမ်များကိုဖွင့်လျက် လှိုက်လှဲစွာ ကြိုဆိုလက်ခံခဲ့ကြသည်။
သူတို့၏ ပျူငှာသော ဧည့်ဝတ်ကျေပွန်မှုက ကတိတော်ထားရာပြည်သို့ ဣသရေလလူမျိုးများ ဝင်စားသောအခါ၌ ၎င်းတို့အား ဘုရားသခင်ပေးသည့် ပညတ်သုံးပါးကို ထင်ဟပ်စေသည် (တရား၂၄:၁၉-၂၁)။ စိုက်ပျိုးရေးအခြေခံလူတန်းစားတစ်ရပ်အနေနှင့် ရိတ်သိမ်းခြင်း၏အရေးပါမှုကို ၎င်းတို့နားလည်သဘောပေါက်ကြသည်။ နောက်တစ်နှစ်တာကို ဖြတ်သန်းရန်အတွက် ဝမ်းစာက မရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် “တစ်ပါးအမျိုး၊ မိဘမရှိသောသူ၊ မုဆိုးမအဖို့ ထားရမည်” (:၁၉) ဟု ဘုရားရှင်မိန့်တော်မူရခြင်းဖြစ်ပြီး၊ သူ့အားလည်းယုံကြည်ကိုးစားရန် တောင်းဆိုခဲ့သည်။ ဣသရေလလူမျိုးများသည် သူတို့၌လုံလောက်ပြည့်စုံမှသာ ပေးကမ်းခြင်းမျိုးမဟုတ်ဘဲ၊ ဘုရားသခင်၏ထောက်ပံ့မစပေးမှုကို ယုံကြည်သည့်စိတ်ဖြင့် လက်တွေ့ ပေးကမ်းရန်ဖြစ်သည်။
ထိုသို့ဧည့်ဝတ်ကျေပွန်မှုက “အဲဂုတ္တုပြည်၌ သူတို့ကျွန်ခံခဲ့ဖူးကြောင်း” (:၁၈,…
ရောဂါပျောက်ကင်းရန် မျှော်လင့်ချက်
ကျောရိုးအာရုံကြောဒဏ်ရာကြောင့် အကြောသေနေသူများအတွက် မျှော်လင့်ချက် အကြောင်းရင်းသစ်တစ်ခု ထွက်ပေါ်လာသည်။ ဂျာမန်သုတေသနပညာရှင်များက ကြွက်သားနှင့် ဦးနှောက်ကြားရှိ အာရုံကြောလမ်းကြောင်းများကို ပြန်လည်ချိတ်ဆက်ရန်အတွက် အာရုံကြောကြီးထွားမှုကို လှုံ့ဆော်ရန် နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့သည်။ ထိုကြီးထွားမှုသည် အကြောသေနေသောကြွက်များကို လမ်းပြန်လျှောက်စေနိုင်ခဲ့ပြီး၊ ထိုကုထုံးသည် လူသားများအတွက် ဘေးကင်းပြီး ထိရောက်မှု ရှိမရှိ ဆုံးဖြတ်နိုင်ရန် စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
အကြောသေရောဂါဝေဒနာရှင်များကိုယ်စား သိပ္ပံနည်းပညာဖြင့် အောင်မြင် ရန် ကြိုးပမ်းသည့်အရာကို သခင်ယေရှုက အံ့ဖွယ်နိမိတ်လက္ခဏာဖြင့် လုပ်ဆောင်ခဲ့သည်။ အနာငြိမ်းရန်မျှော်လင့်ချက်ဖြင့် နာမကျန်းသူများစွာတို့ စုဝေးနေသော ဗေသေသဒရေကန်သို့ သခင်ယေရှုသွားရောက်သောအခါ ထိုသူများထဲမှ “၃၈နှစ်ပတ်လုံး ရောဂါစွဲသောသူ” (ယော ၅:၅) တစ်ဦးကို တွေ့ရှိခဲ့သည်။ ထိုလူသည် အမှန်တကယ်ပင် ရောဂါပျောက်ကင်းလိုကြောင်းအတည်ပြုပြီးနောက်ခရစ်တော် က သူ့ကို မတ်တပ်ရပ်ပြီး လမ်းလျှောက်ရန် ညွှန်ကြားခဲ့သည်။ “ခဏချင်း၌ ထိုသူသည် ပကတိအဖြစ်သို့ရောက်၍ မိမိအိပ်ရာကိုဆောင်လျက် လှမ်းသွား၏၊” (:၉)။
ကျွန်ုပ်တို့၏ ခန္ဓာပိုင်းဆိုင်ရာ ဝေဒနာများအားလုံးကို ပျောက်ကင်းစေမည်ဟု…
အစေခံနှလုံးသား
ကျွန်ုပ်၏ဦးလေးဖြစ်သူ အီမိုရီ (Emory)ကွယ်လွန်ချိန်၌ သူ့အကြောင်း ချီးကျူးဂုဏ်ပြုမှုများမှာ များပြားကာ တစ်မျိုးစီ ကွဲပြားခြားနားသည်။ သို့ရာတွင် ထိုဂုဏ်ပြုမှုများအားလုံးက သူသည် အခြားသူများကို အစေခံခြင်းဖြင့် ဘုရားသခင်အပေါ် ထားရှိသည့် သူ၏ချစ်ခြင်းမေတ္တာအား ပြသခဲ့ကြောင်းအချက်ကို တညီတညွတ်တည်း ဖော်ပြလျက် ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းစဉ်က လက်နက် မကိုင်ဆောင်သော ဆေးတပ်သားအဖြစ် ထိုသာဓကကို သူ အထင်ရှားဆုံး ပြသနိုင်ခဲ့သည်။ သူ၏ရဲရင့်မှုအတွက် မြင့်မားသည့်စစ်ဘက်ဆိုင်ရာဂုဏ်ပြုမှုများကို သူရရှိခဲ့သော်လည်း စစ်အတွင်းနှင့် စစ်ပြီးကာလများ၌ သူ၏မေတ္တာကရုဏာပြည့်ဝသော အစေခံမှုက အီမိုရီအား လူတို့အမှတ်ရဆုံး အကြောင်းအရာဖြစ်သည်။
အီမိုရီ၏ အတ္တကင်းမဲ့မှုသည် ဂလာတိလူတို့အား ရှင်ပေါလု၏စိန်ခေါ်ချက်ကို လက်တွေ့အသက်ရှင်ပြခဲ့ခြင်းဖြစ်သည်။ “ညီအစ်ကိုတို့၊ သင်တို့သည် လွှတ်ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး၍၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့” (ဂလာတိ ၅:၁၃) ဟု ရှင်ပေါလုက ရေးသားခဲ့သည်။…
အကျပ်ရိုက်မှုများနှင့် ပိုမိုနက်နဲသောယုံကြည်ခြင်း
စနေနေ့မနက် သမ္မာကျမ်းစာသင်ကြားခြင်းအစီအစဥ်သို့ ရောက်လာသည့် ဖခင်တစ်ဦးမှာ သူချစ်သော ပြောမနိုင်ဆိုမနိုင်သောသမီး မြို့သို့ပြန်လာခြင်းကြောင့် စိတ်ရှုပ်ထွေးလျက်ရှိပြီး၊ သမီးဖြစ်သူ၏ အပြုအမူကြောင့် အိမ်၌ သမီးနှင့်အတူရှိနေရခြင်းက သူ့အတွက် စိတ်မသက်မသာဖြစ်ရသည်။ အစီအစဥ်သို့ တက်ရောက် လာသည့် အမျိုးသမီးတစ်ဦးမှာလည်း အရွယ်အိုမင်းလာခြင်းနှင့် နာတာရှည် ရောဂါ၏ ရုပ်ပိုင်းဆိုင်ရာအကျိုးဆက်များကြောင့် သူ၏ခန္ဓာကိုယ်မှာကျန်းမာခြင်း မရှိပေ။ ဆရာဝန်ပေါင်းများစွာနှင့် အကြိမ်များစွာ ပြသခဲ့သော်လည်း တိုးတက်မှု မဆိုစလောက်သာရှိ၍ သူမ စိတ်ပျက်အားလျော့နေသည်။ ဘုရားသခင်၏ အကြံ အစည်တော်ကြောင့် ထိုနေ့၌ သူတို့ လေ့လာခဲ့ကြသည့် သမ္မာကျမ်းစာမှာ ရှင်မာကုခရစ်ဝင်အခန်းကြီး ၅ ဖြစ်သည်။ အစီအစဥ်ပြီးဆုံးသွားသည့်အခါ မျှော်လင့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ သိသာထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။
မာကု ၅:၂၃ တွင် ဖျားနာနေသည့် ကလေးငယ်တစ်ဦး၏ဖခင် ယာဣရုက “အကျွန်ုပ်၏သမီးငယ် သေလုပါပြီ” ဟု ဟစ်ကြော်ခဲ့သည်။ ထိုသမီးငယ်ထံသို့ သွားရာလမ်း၌ သခင်ယေရှုသည် နာတာရှည်ရောဂါခံစားနေရသည့် အမည်မသိ…
သခင်ယေရှုအား မျှော်လင့်ခြင်း
ကျွန်မ၏သူငယ်ချင်း ပေါလ်သည် ရေခဲသေတ္တာပြင်သမားအား စောင့်ဆိုင်းနေစဥ် ဝန်ဆောင်မှုပေးမည့်ကုမ္ပဏီမှ ဖုန်းမက်ဆေ့ဂျ်တစ်ခုကို လက်ခံရရှိခဲ့သည်။ “ယေရှုလာနေပြီ၊ ၁၁:၃၅ မိနစ်လောက်မှာ ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြော သည်။ ထိုရေခဲသေတ္တာ ကျွမ်းကျင်ပညာရှင်၏ နာမည်မှာ အမှန်တကယ်ပင် ယေရှု (ဟေးစူးစ်)ဖြစ်ကြောင်း မကြာမီ ပေါလ် သိရှိခဲ့ရသည်။
သို့ရာတွင် ဘုရား၏သားတော်သခင်ယေရှု မည်သည့်အချိန်၌ ကြွလာမည်ကို ကျွန်မတို့ မျှော်လင့်နိုင်မည်နည်း။ လွန်ခဲ့သည့် အနှစ်နှစ်ထောင်က လူသားတစ်ဦးအနေဖြင့် ကြွလာခဲ့ကာ ကျွန်မတို့၏အပြစ်ကြွေးဒဏ်ကို ပေးဆပ်ခဲ့ပြီး သူပြန်လည်ကြွလာမည်ဖြစ်ကြောင်း၊ သို့ရာတွင် သူပြန်လည်ကြွလာမည့် “နေ့ရက်(သို့)အချိန်”အတိအကျကို ခမည်းတော်တစ်ပါးတည်းသာလျှင် သိကြောင်း ပြောခဲ့သည် (မ ၂၄:၃၆)။ ကယ်တင်ရှင် ဤလောကသို့ ပြန်ကြွလာမည့်အချိန်ကို ကျွန်မတို့သိရှိလျှင် မိမိတို့၏ နိစ္စဓူဝဦးစားပေးလုပ်ငန်းဆောင်တာများတွင် မည်သည့်အပြောင်းအလဲများ ဖြစ်လာနိုင်သနည်း (ယော ၁၄:၁-၃)။
သူပြန်လည် ကြွလာမည့်အချိန်အတွက် အသင့်ဖြစ်စေရန် သခင်ယေရှုက ကျွန်မတို့အား သတိပေးထားသည်။ “အကြောင်းမူကား၊ သင်တို့မထင်မမှတ်သော အချိန်နာရီ၌…
အပြောင်မြောက်ဆုံး ဘုရား၏ဖန်ဆင်းခြင်းလက်ရာ
ဦးနှောက်၏အလုပ်လုပ်ပုံနှင့်ပတ်သက်ပြီး နားလည်ရန်ကြိုးပမ်းမှုတွင် အာရုံကြောသိပ္ပံပညာနယ်ပယ်၌ ကြီးမားသည့် တိုးတက်မှုရရှိထားသော်လည်း ထိုသို့နားလည် မှုမှာ အစောပိုင်းအဆင့်များ၌သာရှိနေသေးကြောင်း သိပ္ပံပညာရှင်များက ဝန်ခံထား သည်။ ဦးနှောက်၏ဖွဲ့စည်းမှုပုံစံ၊ အလုပ်လုပ်ပုံအချို့၊ ပတ်ဝန်းကျင်ကိုတုံ့ပြန်သည့်၊ အာရုံခံစားမှုများကို လှုံ့ဆော်သည့်၊ လှုပ်ရှားမှုများကို ဖြစ်ပေါ်စေသည့်၊ ခံစားချက်များကို ထိန်းချုပ်သည့် ဦးနှောက်၏အခန်းကဏ္ဍများကို သူတို့ သိရှိနားလည်ကြသည်။ သို့ရာတွင် ဤအပြန်အလှန် တုံ့ပြန်မှုအားလုံးက အပြုအမူ၊ အသိအမြင်နှင့် မှတ်ဉာဏ်တို့အပေါ် မည်သို့ပံ့ပိုးပေးသည်ကိုမူ သူတို့ ယခုတိုင် နားမလည်နိုင်သေးပါ။ ဘုရားသခင်၏ နက်နဲရှုပ်ထွေးလှသည့် အပြောင်မြောက်ဆုံး ဖန်ဆင်းခြင်း လက်ရာတော်ဖြစ်သော လူသားမှာမူ နက်နဲဆန်းကြယ်ဆဲပင်ဖြစ်သည်။
လူ့ခန္ဓာကိုယ်၏အံ့ဖွယ်လက္ခဏာများကို ဒါဝိဒ်က သိမှတ်နားလည်ခဲ့သည်။ သူ့အား “အမိဝမ်းထဲ၌ ဖုံးအုပ်” (ဆာလံ ၁၃၉:၁၃) ထားသည့် သဘာဝဖြစ်စဥ်တစ်ခုလုံးအပေါ် သက်သေထင်ရှားသည့် ဘုရားရှင်၏ အလုံးစုံ ထိန်းချုပ်အုပ်စိုးခြင်းနှင့် ဘုရားသခင်၏တန်ခိုးတော်ကို ပုံဖော်တင်စားလျက် ဒါဝိဒ်က ချီးမွမ်းဂုဏ်ပြုထားသည်။ “အကျွန်ုပ်သည် ကြောက်မက်ဘွယ်သောလက္ခဏာ၊ထူးဆန်း သော…
ရှေဗန၏သင်္ချိုင်း
အိုင်ယာလန်ကဗျာဆရာ ဒဗလျူ ဘီ ရိစ် (W.B.Yeats) သည် သူသေဆုံးပါက တောင်ထိပ်၌မြေပြန့်သည့် ထည်ဝါသည့်“ဘန်ဘူလ်ဘန်တောင်ခြေ၌” သူကို မြှုပ်နှံပေးစေလိုပြီး၊ သူနောက်ဆုံးရေးစပ်ခဲ့သောကဗျာများထဲမှတစ်ပုဒ်၏ခေါင်းစဥ်ကို ထိုနာမည်ပေးခဲ့သည်။ ထိုကဗျာ၏အဆုံးသတ်စာသား “ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းအပေါ်/ မသိလိုက်ဘာသာ အလေးမထားနဲ့ / ကျွန်ုပ်တို့ သေလွန်သွားလည်း ဘဝများ ဆက်ပြီးရှင်သန်နေဦးမှာပဲ”ကို သူ့အုတ်ဂူကျောက်တိုင်၌ ရေးထိုးထားသည်။
ထိုစာသား၏အဓိပ္ပာယ်အပေါ် မှန်းဆချက်များစွာ ရှိခဲ့သည်။ အသက်ရှင်ခြင်းနှင့် သေခြင်းတရား၏ လက်တွေ့သဘောသဘာဝကို ကဗျာဆရာက အသိ အမှတ်ပြုခြင်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သူ့အား မြှုပ်နှံပေးရမည့်နေရာနှင့် သူ့အုတ်ဂူကျောက်တိုင်၌ မည်သည့်စာရေးထွင်းရမည်ဆိုသည့် ရိစ်၏ဆန္ဒ ပြည့်ဝခဲ့သည်။ စိတ်မချမ်းမြေ့စရာအမှန်တရားမှာ ကျွန်ုပ်တို့၏ထွက်ခွာမှုကို စိတ်မဝင်စားဘဲ ကျွန်ုပ်တို့ မပါဘဲ ဘဝအသက်တာသည် ဆက်လက်ရှင်သန်နေမည်ဖြစ်သည်။
ယုဒနိုင်ငံသမိုင်း၏ သေရေးရှင်ရေးတမျှဖြစ်သောကာလ၌ “နန်းတော်အုပ်” ရှေဗနသည် သူသေပြီးနောက် အမွေ ချန်ရစ်နိုင်ရန် သူ့အတွက် အုတ်ဂူတစ်ခုကို ပြုလုပ်ခဲ့သည်။ “သင်သည် ဤအရပ်၌ သင်္ချိုင်းတွင်းကို ကိုယ်အဖို့…
အချိန်တိုင်း အရေးပါသည်
၁၉၁၂ ခုနှစ် ဧပြီတွင် တိုက်တန်းနစ် (Titanic)သင်္ဘောသည် ရေခဲစိုင်ကြီးနှင့်တိုက်မိသွားသည့်အခါ သင်းအုပ်ဆရာ ဂျွန်ဟာပါ(John Harper)က အနည်းငယ်သာရှိသော အသက်ကယ်လှေတစ်စီးပေါ်၌ သူ၏ ၆ နှစ်သမီးငယ်အတွက် နေရာတစ်နေရာစာရခဲ့သည်။ သူသည် သူ၏အသက်ကယ်အင်္ကျီကို အခြားခရီးသည်တစ်ဦးအား ပေးခဲ့ပြီး၊ သူ့ကိုနားထောင်သူကို တရားဟောခဲ့သည်။ သင်္ဘောမြှုပ်သွားပြီး ရာနှင့်ချီသောသူများက ရောက်လာမည့်ပုံ မပေါ်သည့် ကယ်ဆယ်ရေးအဖွဲ့ကို စောင့်နေခဲ့စဉ် ဟာပါသည် လူတစ်ယောက်ပြီး တစ်ယောက်ထံသို့ ရေကူးသွား၍ “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ သင် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်” ဟု ပြောခဲ့သည် (တ ၁၆: ၃၁)။
ကနေဒါနိုင်ငံ အွန်ထယ်ရီယိုမြို့တွင် တိုက်တန်းနစ်သင်္ဘောမှ လွတ်မြောက်လာခဲ့သူများ တွေ့ဆုံပွဲလုပ်သောအခါ လူတစ်ယောက်က သူ့ကိုယ်သူ “ဂျွန်ဟာပါကြောင့် ပြောင်းလဲခဲ့သည့် နောက်ဆုံးသူ” ဟု ဆိုခဲ့သည်။ ဟာပါ ပထမအကြိမ်ဖိတ်ခေါ်မှုကို ထိုသူ ငြင်းဆန်ခဲ့ပြီး၊ နောက်တစ်ကြိမ် မေးသောအခါမှ ခရစ်တော်ကို…
ရက်ရောသောနှလုံးသားဖြင့် ပေးကမ်းခြင်း
ကျွန်တော့်အမျိုးသမီး စူးက သူတစ်ပတ်တစ်ကြိမ်ဦးဆောင်သော ကျောင်းလွတ်ချိန် ကျမ်းစာလေ့လာရေးအဖွဲ့မှ ကလေးများအား စစ်ဒဏ်ခံနေရသော ယူကရိန်းနိုင်ငံမှ ကလေးများကို ကူညီရန်အတွက် ငွေကြေးလှူဒါန်းရန် တောင်းဆိုခဲ့သည်။ စူးက ထိုပရောဂျက်အကြောင်းကို ကျွန်တော်တို့၏ ၁၁ နှစ်အရွယ်မြေးမလေးမက်ဂီအား ပြောပြပြီးနောက် တစ်ပတ်အကြာတွင် သူမက ကျွန်တော်တို့အား စာအိတ်တစ်အိတ်ပေးခဲ့သည်။ ထိုစာအိတ်ထဲတွင် ၃.၄၅ဒေါ်လာပါပြီး၊“ယူကရိန်းက ကလေးတွေအတွက်၊ ဒါက သမီးမှာရှိတာအကုန်ပဲ။ နောက်မှသမီးထပ်ပို့ပါ့မယ်” ဟု ရေးထားသော စာလည်းပါရှိသည်။
မက်ဂီကို ကူညီသင့်သည်ဟု စူးက မပြောခဲ့ပါ။ သို့သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်က သူမကို လှုံ့ဆော်ခဲ့သည်။ သခင်ယေရှုကို ချစ်၍ သခင့်အတွက် ရှင်သန်လိုသော မက်ဂီကလည်း တုံ့ပြန်ခဲ့သည်။
ရက်ရောသောနှလုံးသားမှလာသည့် ဤလက်ဆောင်ငယ်လေးအကြောင်း စဉ်းစားသော် ကျွန်တော်တို့ များစွာ သင်ယူနိုင်သည်။ ၎င်းသည် စွန့်ကြဲခြင်းနှင့် ပတ်သက်၍ ကောရိန္သုဩဝါဒစာဒုတိယစောင် ၉ မှ ရှင်ပေါလု၏သွန်သင်ချက်ကို ထင်ဟပ်နေသည်။ ရှေ့ဦးစွာ တမန်တော်ကြီးက…
မိမိတွင်ရှိသော အခြားကိုးကွယ်ရာများ
သမ္မာကျမ်းစာလေ့လာရေးအဖွဲ့မှ အမျိုးသားများသည် အသက် ၈၀ နီးပါးရှိကြပြီဖြစ်၍၊ သူတို့က ကာမဂုဏ်နှင့် ရုန်းကန်နေရဆဲဖြစ်ကြောင်း ကျွန်တော်သိရသော အခါ အံ့ဩခဲ့မိသည်။ သူတို့ပျိုရွယ်စဉ်က စတင်ခဲ့သော တိုက်ပွဲသည် တဝဲလည်လည် ကျန်နေဆဲဖြစ်သည်။ ဤကဏ္ဍ၌ သခင်ယေရှုနောက်သို့ လိုက်ပါမည်ဟု သူတို့နေ့စဥ် ကတိပြုကြပြီး သူတို့ကျရှုံးခဲ့ချိန်များအတွက် ခွင့်လွှတ်မှုကို တောင်းခံကြသည်။
ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော အမျိုးသားများက ဘဝနေဝင်ချိန်မှာပင်လျှင် ဇာတိသွေးဆောင်မှုများနှင့် တိုက်ခိုက်နေရခြင်းက အံ့ဩစရာပင်။ သို့သော် အံ့ဩစရာ မဖြစ်သင့်ပါ။ ကျွန်တော်တို့၏အသက်တာများတွင် ဘုရားသခင်၏နေရာကို အစားထိုးရန် ခြိမ်းခြောက်နေသောအရာတိုင်းသည် အခြားသော ကိုးကွယ်ရာများ ဖြစ်ပြီး၊ ၎င်းသည် မိမိ၌မရှိတော့ဟုထင်မှတ်ပြီး အချိန်ကြာပြီးမှ ပြန်ပေါ်လာနိုင်သည်။
ကျမ်းစာထဲ၌ ယာကုပ်သည် သူ့ဦးလေး လာဗန်နှင့် သူ့အစ်ကို ဧသောတို့လက်မှလွတ်မြောက်ခဲ့သည်။ ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ရန်နှင့် သူ၏များပြားသောကောင်းချီးများအတွက် ချီးမွမ်းရန် ဗေသလအရပ်သို့ သူပြန်လာခဲ့သော်လည်း သူ၏ မိသားစုက တစ်ပါးအမျိုးသားတို့၏ဘုရားများကို ကိုးကွယ်နေဆဲဖြစ်၍ ယာကုပ်က…