အမျိုးအစား  |  odb

ကောင်းကင်ဘုံနှင့်ဆိုင်သော ကြွယ်ဝမှု

ငှက်ပျောသီး (၈) လုံးကို လက်ခံရရှိရန် ကျွန်မမျှော်လင့်ခဲ့သည်။ ထိုအစား ကျွန်မအိမ်သို့ ပို့ပေးလာသည့် စျေးဝယ်အိတ်ကို ဖွင့်ကြည့်လိုက်သည့်အခါ ငှက်ပျောသီး အလုံး (၂၀) ကို တွေ့ခဲ့သည်။ အင်္ဂလန်သို့ ပြောင်းရွေ့လာခြင်းက စားသောက်ကုန်များကို ပေါင်ဖြင့် မှာယူခြင်းမှသည် ကီလိုဂရမ်ဖြင့် မှာယူခြင်းသို့ ပြောင်းသွားစေသည်ကို ကျွန်မအလျင်အမြန် သတိပြုမိခဲ့သည်။ ငှက်ပျောသီးကို ၃ ပေါင်အစား ၃ ကီလိုဂရမ် (၇ ပေါင်နီးပါး)ကို ကျွန်မ မှာယူမိခဲ့သည်။

ဤမျှများပြားအလျှံပယ်ဖြစ်ခြင်းကြောင့် အခြားသူများနှင့် ကောင်းချီးများဝေမျှရန် ကျွန်မနှစ်သက်သော ငှက်ပျောသီးပေါင်မုန့်များစွာ ဖုတ်ခဲ့သည်။ ငှက်ပျောသီးများကို ကြိတ်ခြေရင်း မမျှော်လင့်ထားသော ကြွယ်ဝမှုကို တွေ့ကြုံ ခံစားခဲ့ရသည့် ကျွန်မ၏ဘဝအခြားအပိုင်းများကို စတင်တွေးထင်မိခဲ့ပြီး လမ်းတိုင်းက ဘုရားသခင်ဆီသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

ပေါလုသည် သူ၏အသက်တာတွင် ဘုရားသခင်၏ကြွယ်ဝမှုကို ပြန်လည်သတိရမိသည့် အလားတူသည့် အတွေ့အကြုံတစ်ခု ရှိခဲ့ပုံရသည်။ တိမောသေထံသို့ရေးသည့်…

ဘုရားသခင်၊ ကျွန်ုပ်စိတ်နှလုံးကို စစ်ဆေးပါ

အစားအသောက်စွန့်ပစ်ပစ္စည်းများကို လျှော့ချရန်အတွက် စင်္ကာပူရှိ စူပါမားကတ် ဆိုင်ခွဲတစ်ခုသည် အပြစ်အနာဆာ အနည်းငယ်ပါသော သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များကို လျှော့စျေးဖြင့် ရောင်းချသည်။ ဤအစပြုမှုသည် တစ်နှစ်အတွင်းတွင် အမြင်မလှ၊ စံနှုန်းများနှင့် မကိုက်ညီခြင်းကြောင့် ယခင်က စွန့်ပစ်ခဲ့ရသော ထုတ်ကုန် တန်ချိန် ၈၅၀ ကျော် (၇၇၁,၀၀၀ ကီလိုဂရမ်ကျော်)ကို အကျိုးရှိစွာ သုံးစွဲနိုင်ခဲ့သည်။ အပြင်ပန်းအသွင်အပြင်များဖြစ်သည့် အမာရွတ်များနှင့် တစ်မူထူးသောပုံစံများသည် အတွင်းရှိ အရသာနှင့် အာဟာရတန်ဖိုးကို မထိခိုက် စေကြောင်း မကြာမီတွင် ဈေးဝယ်သူများ သိလာသည်။ အပြင်၌ရှိသည့် အရာက အတွင်း၌ရှိသည့်အရာ မည်သို့ ဖြစ်သည်ကို အမြဲ မဆုံးဖြတ်ပေးနိုင်ပါ။

ပရောဖက်ရှမွေလသည် နောက်ထပ်ဣသရေလရှင်ဘုရင်ကို ဘိသိက်ပေးရန် ဘုရားသခင် စေလွှတ်လိုက်သောအခါ အလားတူသင်ခန်းစာကို သင်ယူခဲ့ရသည် (၁ ရာ ၁၆:၁)။ ယေရှဲ၏သားဦး ဧလျာဘကို မြင်သောအခါ၊ ရှမွေလက ရွေးကောက်…

ကျွန်ုပ်သည် သက်ဆိုင်ပြီလား

နောက်ဆုံးတွင် ရုပ်ရှင်သရုပ်ဆောင် Sally Field (စယ်လီဖီး) သည် ကျွန်ုပ်တို့အားလုံး တောင့်တလိုချင်သည့်အရာကို ခံစားခဲ့ရသည်။ သူမသည် ၁၉၈၅ ခုနှစ်တွင် ဒုတိယမြောက် အော်စကာဆုကို ရရှိခဲ့သောအခါ ဆုကို လက်ခံစဥ် “အရာအားလုံးထက် ရှင်တို့ရဲ့ လေးစားတန်ဖိုးထားမှုကို ကျွန်မ ပိုလိုချင်ခဲ့တယ်။ ပထမအကြိမ်ဆုရတုံးက အဲဒါကို ကျွန်မ မခံစားခဲ့ရဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ ခံစားရတယ်။ ပြီးတော့ ရှင်တို့ ကျွန်မကို သဘောကျတယ်။ အခု ရှင်တို့ ကျွန်မကို ကြိုက်တယ်ဆိုတဲ့အချက်ကို ကျွန်မငြင်းလို့မရတော့ဘူး” ဟု ပြောခဲ့သည်။

အဲသရောပိ မိန်းမစိုးတစ်ဦးလည်း သူ့ကိုလက်ခံခြင်းအတွက် အံ့အားသင့်ခံစားခဲ့ရသည်။ တစ်ပါးအမျိုးသားနှင့် မိန်းမစိုးဖြစ်ခြင်းကြောင့်၊ ဗိမာန်တော်၏ အတွင်းတန်တိုင်းသို့ သူဝင်ခွင့်မရဘဲ၊ ငြင်းပယ်ခြင်းခံခဲ့ရသည် (ဧ ၂:၁၁-၁၂၊ တရား ၂၃:၁)။ သို့သော် ဝင်ခွင့်ရသူများ၌ သူပါဝင်နိုင်ရန် တောင့်တဆန္ဒရှိခဲ့သည်။ ယေရုရှလင်မြို့ ဝတ်ပြုခရီးမှ စိတ်ကျေနပ်မှုမရှိဘဲ…

သခင်ယေရှုအား အစေခံခြင်း

၁၈၀၀ နှစ်များ အစောပိုင်းတွင်၊ Elizabeth Fry (အဲလိဇဘက် ဖရိုင်း)သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ အမျိုးသမီးအကျဉ်းထောင်အတွင်းရှိ အခြေအနေများကြောင့် ထိတ်လန့်ခဲ့ရသည်။ ထောင်၌ အမျိုးသမီးများနှင့် ၎င်းတို့၏ကလေးများဖြင့် ကြပ်ညှပ်နေပြီး အေးခဲသော ကျောက်ကြမ်းပြင်ပေါ်တွင် အိပ်စက်ကြရသည်။ အိပ်ယာမပေးထားသော်လည်း အရက်များစီးကျနေသည့် ပိုက်ခေါင်းတစ်ခုရှိသည်။ သူမသည် အကျဉ်းထောင်သို့ သွားရောက်ခဲ့ပြီး အဝတ်အစားများ ပံ့ပိုးပေးခြင်း၊ စာသင်ကျောင်းဖွင့်ခြင်းနှင့် သမ္မာကျမ်းစာသွန်သင်ခြင်းတို့ကို နှစ်အတန်ကြာမျှ လုပ်ဆောင်ပြီး ပြောင်းလဲမှုကို ဆောင်ကြဥ်းပေးခဲ့သည်။ သို့သော် သူမ၏နှစ်လိုဖွယ်သော အတူရှိနေခြင်းနှင့် ရှင်းလင်းသော မျှော်လင့်ချက်သတင်းစကားများက သူမ၏ အကြီးမားဆုံး လွှမ်းမိုးမှုအဖြစ် လူအများက ရှုမြင်ကြသည်။

သူမ၏လုပ်ရပ်များက သခင်ယေရှု၏ဖိတ်ခေါ်ချက်ဖြစ်သော လိုအပ်နေသူ များအား အစေခံခြင်းအချက်ကို သူလိုက်လျှောက်ခဲ့ခြင်းဖြစ်သည်။ ဥပမာ၊ ခရစ်တော် သည် သံလွင်တောင်ပေါ်တွင်ရှိစဉ်၊ ဖြောင့်မတ်သောသူတို့အား ထာဝရအသက်ရှင်ရာသို့ ကြိုဆိုခြင်း အပါအဝင် နောက်ဆုံးသောကာလနှင့် ပတ်သက်သော ပုံဥပမာများစွာကို ဝေမျှခဲ့သည်…

ချောကလက်တွင်း၌ ပိတ်မိနေခြင်း

အမေရိကန်နိုင်ငံ၊ ပင်ဆာဗေးနီးယားပြည်နယ်ရှိ Mars (မားစ်)သကြားလုံးစက်ရုံမှ အလုပ်သမားနှစ်ဦးသည် ချောကလက် စည်ပိုင်းကြီးထဲသို့ ပြုတ်ကျသွားခဲ့သည်။ ၎င်းကို ဟာသတစ်ခု၏အစဟု ထင်ရသလို ချောကလက်ချစ်သူများအတွက် လှပသည့် ပြဿနာတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ထိုသူတို့သည် ထိခိုက်မှုမရှိသော်လည်း ခါးအထိနှစ်သွားသည့် အချိုရည်စည်ထဲမှ ကိုယ့်ဘာသာကိုယ် ပြန်မထွက်လာနိုင်ပါ။ နောက်ဆုံးတွင် ၎င်းတို့အား ဘေးကင်းရာသို့ ပို့ဆောင်နိုင်ရေး မီးသတ်သမားများက စည်ဘေးဘက်ကို အပေါက်ဖောက်ခဲ့ရသည်။

ပရောဖက်ယေရမိသည် ရွှံ့နွံပြည့်သောရေကန်၏အောက်ခြေတွင် သူ့ကိုယ်သူ တွေ့ရှိသောအခါ ဇာတ်လမ်းက လှပနေသည်။ ယေရုရှလင်မြို့၌ ဘုရားသခင်၏ လူမျိုးတော်အား သတင်းစကားပါးရသည့် စေတမန်တစ်ဦးအနေနှင့် မကြာမီ မြို့ကို ဗာဗုလုန်ရှင်ဘုရင်၏စစ်တပ်လက်သို့ အပ်မည်ဖြစ်၍ (ယေ ၃၈:၂) မြို့မှထွက်ခွာရန် အရေးတကြီးကြေညာခဲ့သည်။ ဘုရင်ဇေဒကိ၏မှူးမတ်အချို့က ယေရမိ၏စကားများသည် စစ်သူရဲတို့ကို အားလျော့စေခြင်းကြောင့် သူ့အား သတ်ပစ်ရန် တောင်းဆိုခဲ့သည် (:၄)။ ရှင်ဘုရင်က မှူးမတ်များ၏အလိုအတိုင်း သဘောတူခဲ့ပြီး ယေရမိကို…

ခရစ်တော်၌ ကျွန်ုပ်တို့၏လက်နက်စုံ

သင်းအုပ်ဆရာ Bailey (ဘေလီ)၏ သူငယ်ချင်းအသစ်သည် သူ၏မတော်မတရားပြုမှုနှင့် စွဲလမ်းမှုအကြောင်းကို ဘေလီအား ပြောပြခဲ့သည်။ လူငယ်လေးသည် သခင်ယေရှုကို ယုံကြည်သူဖြစ်သော်လည်း၊ ငယ်ရွယ်စဉ်ကပင် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုခြင်း နှင့် ညစ်ညမ်းရုပ်ပုံစာပေများကို ထိတွေ့ခဲ့မိခြင်းကြောင့် သူ့အရွယ်နှင့်မမျှသော ပြဿနာ၏ဖိစီးမှုကို ခံခဲ့ရသည်။ သူ၏စိတ်ပျက်အားငယ်မှုများထဲမှ သူအကူအညီတောင်းခံခဲ့သည်။

ခရစ်တော်ကို ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့သည် မမြင်နိုင်သော ဝိညာဥ်ဆိုးများနှင့် စစ်တိုက်ကြရသည် (၂ ကော ၁၀:၃-၆)။ သို့သော် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာတိုက်ပွဲများကို တိုက်ခိုက်ရန် ကျွန်ုပ်တို့အား လက်နက်များ ပေးအပ်ထားသည်။ ၎င်းတို့သည် လောကရှိလက်နက်များတော့ မဟုတ်ပါ။ ဆန့်ကျင် ဘက်အနေနှင့်၊ ကျွန်ုပ်တို့အား “မြို့ရိုးမြို့ပြများကို ဖြိုဖျက်နိုင်သော တန်ခိုးတော်လက်နက်”ကို (:၄)ပေးအပ်ထားသည်။ မည်သည်ကိုဆိုလိုသနည်း။ “မြို့ရိုးမြို့ပြ” များသည် ကောင်းမွန်စွာတည်ဆောက်ထားပြီး လုံခြုံသောနေရာများဖြစ်သည်။ ဘုရားသခင်ပေးသော လက်ရုံးများတွင် လက်ယာလက်တွင် တိုက်ခိုက်ခြင်းအတွက် ဖြောင့်မတ်ခြင်းလက်နက်နှင့် လက်ဝဲလက်တွင် ကာကွယ်ရေးလက်နက်များ…

ဘုရားသခင်နှင့် နပန်းလုံးခြင်း

ကျွန်မခင်ပွန်း ကွယ်လွန်သွားပြီးနောက် နှစ်ပေါင်းများစွာ ခင်မင်သော မိတ်ဆွေက စာတစ်စောင် ပေးပို့ခဲ့သည်။ “အယ်လန်သည် ဘုရားနှင့် နပန်းလုံးခဲ့သူ၊ တကယ့် ယာကုပ် တစ်ဦးဖြစ်ခဲ့ပြီး၊ သူသည် ယနေ့ ကျွန်ုပ် ခရစ်ယာန်ဖြစ်လာခဲ့ခြင်း၏ ခိုင်လုံသော အကြောင်းရင်းဖြစ်သည်” ဟု ဆိုသည်။ အယ်လန်၏ရုန်းကန်ခဲ့ရမှုများကို ဘိုးဘေး ယာကုပ်နှင့် နှိုင်းယှဉ်ရန် ကျွန်မ မစဉ်းစားခဲ့ဖူးသော်လည်း အံကိုက်ဖြစ်နေသည်။ သူ့ဘဝတစ်လျှောက်လုံး၌ သူရုန်းကန်ခဲ့ရပြီး၊ အဖြေရဖို့ ဘုရားရှင်နှင့် နပန်းလုံးခဲ့ရသည်။ ဘုရားကို သူချစ်သော်လည်း၊ ဘုရားရှင် သူ့ကိုချစ်ပြီး ခွင့်လွှတ်ကြောင်း၊ သူ့ဆုတောင်းသံကို နားညောင်းကြောင်း အမှန်တရားများကို သူအမြဲနားမလည်နိုင်ခဲ့ပါ။ သို့သော် သူ့ဘဝ၌ ကောင်းချီးများရှိခဲ့ပြီး၊ လူများအပေါ် ကောင်းကျိုးပြုသော လွှမ်းမိုးမှုရှိခဲ့သည်။

ယာကုပ်၏ဘဝကိုဖော်ပြရလျှင် ရုန်းကန်မှုများနှင့်ပြည့်သော ဘဝဟု ဆိုနိုင် သည်။ သူ့အစ်ကိုဧသော၏ သားဦးအရိုက်အရာကို လှည့်စားရယူခဲ့သည်။ အိမ်မှထွက်ပြေးခဲ့ရပြီး သူ၏ဆွေမျိုး၊ ယောက္ခမ လာဗန်ထံ၌…

ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင်အဘကို ခေါ်ဆိုခြင်း

အမေရိကန်သမ္မတ Harry Truman (ဟယ်ရီ ထရူးမန်)သည် ဒုတိယကမ္ဘာစစ် ပြီးဆုံးကြောင်း ကြေညာခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာတွင်၊ မစ်ဇူရီပြည်နယ်၊ ဂရန်းဗြူးရှိ ပျဉ်ကာအိမ်ငယ်တစ်ခု၌ ဖုန်းမြည်ခဲ့သည်။ အသက် (၉၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် သူ့မ၏ဧည့်သည်အား ခွင့်ပန်ပြီး ဖုန်းပြောခဲ့သည်။ သူမက “ဟယ်လို ... ဟုတ်ပါတယ်။ အင်း၊ အဆင်ပြေပါတယ်။ ရေဒီယို အမြဲနားထောင်နေတယ်။ ... အခုတော့ သားအားရင် အမေ့ကို လာကြည့်နိုင်ရင် လာကြည့်ပါ။ ... ဒါပဲနော်” ဟု ပြောဆိုသည်ကိုသူမ၏ဧည့်သည် ကြားခဲ့သည်။ အဘွားအိုသည် ဧည့်သည်ထံ ပြန်လာပြီး၊ “အဲဒါ [ကျွန်မ၏သား] ဟယ်ရီလေ။ ဟယ်ရီက သိပ်အံ့ဩစရာကောင်းတဲ့သူ၊ ... သူ ဖုန်းခေါ်မယ် ဆိုတာ ကျွန်မသိတယ်။ ဖြစ်ပျက်တဲ့ကိစ္စတစ်ခုခု ပြီးသွားတိုင်း သူ ကျွန်မကို အမြဲဖုန်းခေါ်တယ်” ဟု ပြောပြခဲ့သည်။

မည်မျှပင်…

ဘုရားရှင်၏ အသက်တာပြောင်းလဲစေခြင်းလက်ဆောင်

ကျွန်မ၏ခင်ပွန်းနှင့်ကျွန်မတို့သည် လူငယ်အဖွဲ့ကို ကြိုဆိုနှုတ်ဆက်ပြီး သမ္မာကျမ်းစာအုပ်များ ဝေပေးခဲ့သည်။ “သားတို့သမီးတို့အသက်တာကို ပြောင်းလဲဖို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဒီလက်ဆောင်ကို ဘုရားရှင် အသုံးပြုလိမ့်မယ်” ဟု ကျွန်မပြောခဲ့သည်။ ထိုညတွင် ကျောင်းသားအနည်းငယ်က ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို အတူတကွဖတ်ရှုရန် ဆက်ကပ်ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်မတို့၏ အပတ်စဉ်တွေ့ဆုံချိန်များအတွင်း လူငယ်အဖွဲ့ကို သင်ကြားပေးလျက် သူတို့အား အိမ်၌လည်း သမ္မာကျမ်းစာဖတ်ရန် ဆက်လက်ဖိတ်ခေါ်ခဲ့သည်။ ဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီးနောက် ကျွန်မတို့၏လူငယ်တစ်ဦးနှင့် ပြန်တွေ့ခဲ့သည်။ “ဆရာမ ကျွန်မကိုပေးခဲ့တဲ့ သမ္မာကျမ်းစာကို ကျွန်မအသုံးပြုနေတုန်းပဲ” ဟု သူမပြောခဲ့သည်။ ယုံကြည်ခြင်းနှင့်ပြည့်ဝနေသော သူမ၏အသက်တာကို သက်သေအဖြစ် ကျွန်မတွေ့ခဲ့ရသည်။

ဘုရားရှင်သည် သူ၏လူများအား ကျမ်းစာဖတ်ခြင်း၊ ရွတ်ဆိုကျက်မှတ်ခြင်းနှင့် ကျမ်းပိုဒ်များကိုရှာတတ်စေခြင်းတို့ထက် သာလွန်သော အစွမ်းအစကို ပေးထား သည်။ ကိုယ်တော်သည် ကျွန်မတို့အား နှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်ခြင်းအားဖြင့် သန့်ရှင်းသောလမ်းထဲ လျှောက်လှမ်းခွင့်ပေးထားသည် (ဆာ ၁၁၉:၉)။ ကျွန်မတို့ အပြစ်မှလွတ်မြောက်ကာ အသက်တာပြောင်းလဲစေရန် ဘုရားသခင်သည်…

လူမျိုးတော်စု စခန်းချခြင်း

ကျွန်တော်တို့နှင့် အဆုံးမရှိသော အနောက်အာဖရိက ကောင်းကင်ကြားတွင် ကြယ်များသာရှိသည့်နေရာတွင် စခန်းချခဲ့ကြသည်။ ခြောက်သွေ့သောရာသီတွင် တဲထိုးရန် မလိုအပ်သော်လည်း မီးကို မရှိမဖြစ်လိုအပ်ခဲ့သည်။ “ဘယ်တော့မှ မီးမငြိမ်းသွားစေနဲ့” ဟု သစ်လုံးများကို တုတ်တစ်ချောင်းဖြင့် ထိုးနေရင်း အဖေ ပြောခဲ့သည်။ မီးကြောင့် တောရိုင်းတိရစ္ဆာန်များ မချဥ်းကပ်ခဲ့ပါ။ ဘုရားသခင်ဖန်ဆင်းထားသည့် သတ္တဝါများသည် အံ့သြဖွယ်ကောင်းသော်လည်း မိမိစခန်းချရာနေရာတစ်လျှောက် ကျားသစ် သို့မဟုတ် မြွေတစ်ကောင် လှည့်ပတ်နေခြင်းကို မည်သူမျှ မလိုချင်ကြပါ။

အဖေသည် ဂါနာနိုင်ငံ၏ အထက်ပိုင်းဒေသ၌ သာသနာပြုနေသူတစ်ဦး ဖြစ်ပြီး၊ သူ၌ အရာရာကို သင်ကြားမှု အခိုက်အတန့်အဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် အရည်အချင်းရှိသည်။ စခန်းချခြင်းသည်ပင် ချွင်းချက် မဟုတ်ခဲ့ပါ။

ဘုရားသခင်သည် သူ၏လူများအတွက် စခန်းချခြင်းကို သွန်သင်မှုပြုရာနေရာ အဖြစ်လည်း အသုံးပြုခဲ့သည်။ ဣသရေလလူမျိုးများသည် တစ်နှစ်လျှင်တစ်ကြိမ်၊ တစ်ပတ်လုံး “ကောင်းမွန်သော သစ်သီး၊ စွန်ပလွံခက်၊ မိုးမခပင် အစရှိသော…