အမျိုးအစား  |  odb

အလိုတော်အတိုင်း အစေခံခြင်း

Andrew Card (အန်ဒရူး ကဒ်)သည် အမေရိကန်သမ္မတ George W. Bush (ဂျော့ ဒဗလျူ ဘုရှ်)၏ ဝန်ထမ်းအကြီးအကဲဖြစ်ခဲ့သည်။ အိမ်ဖြူတော်တွင် အင်တာဗျူးတစ်ခု၌ သူ၏အခန်းကဏ္ဍအကြောင်း သူက “ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးစီ၏ရုံးခန်းမှာ ‘ကျွန်တော်တို့သည် သမ္မတ၏စိတ်သဘောအလိုအတိုင်း တာဝန်ထမ်းဆောင်ကြသည်’ ဆိုတဲ့ တာဝန်ထမ်းဆောင်ခြင်း ရည်ရွယ်ချက်ကို ဘောင်ခတ်ချိတ်ဆွဲထားပြီး၊ ထိုထုတ်ပြန်ချက်က သမ္မတ သဘောကျကျေနပ်မှုအတိုင်း (သို့) သူနှစ်သက်ရာကို ဆောင်ရွက်ပေးခြင်းကို မဆိုလိုဘဲ၊ သူ့တာဝန်ကျေပြွန်နိုင်ရေး သူသိထားသင့်တဲ့အရာကို ပြောပြဖို့ ကျွန်တော်တို့ အစေခံပေးနေခြင်းဖြစ်တယ်” ဟု ရှင်းပြခဲ့သည်။ သမ္မတ၏ တာဝန်မှာ အမေရိကန်ပြည်ထောင်စုကို အုပ်ချုပ်ရန်ဖြစ်သည်။

ကျွန်ုပ်တို့၏အခန်းကဏ္ဍများနှင့် ဆက်ဆံရေးများစွာတွင် တမန်တော်ရှင်ပေါလု မကြာခဏ တိုက်တွန်းသည့်အတိုင်း အချင်းချင်းစည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်းအစား လူတို့ကို ကျေနပ်ပျော်ရွှင်စေလိုခြင်းပုံစံသို့ ကျွန်ုပ်တို့ ပြောင်းသွားတတ်ကြသည်။ ဧဖက်သြဝါဒစာ ၄ တွင် ရှင်ပေါလုက “ထိုသခင်(ခရစ်တော်)သည် လူအချို့တို့ကို တမန်တော်အရာ…

သင်သည် အဘယ်သို့ ဆိုင်သနည်း

သူက စပျစ်သီးချိုချဥ်ရပြီး မီးက ဘာလို့ စတော်ဘယ်ရီချိုချဉ် ရတာလဲ” ဟု ကျွန်မ၏ ခြောက်နှစ်အရွယ် တူမလေးက မေးသည်။ ကလေးများသည် မကြာခဏဆိုသလို သူတို့အား ပေးသည့်အရာကို အခြားသူများ ရရှိသောအရာနှင့် နှိုင်းယှဉ်တတ်ကြောင်း အစောကြီးကတည်းက ကျွန်မ၏တူတူမများက သင်ပေးခဲ့သည်။ ဆိုလိုသည်မှာ အရမ်းချစ်တတ်သောအဒေါ်အနေနှင့် ကောင်းမွန်မှန်ကန်သော စီရင်ဆုံးဖြတ်ချက်ကို ပြုရန်ဖြစ်သည်။

တစ်ခါတစ်ရံ၌ ကျွန်မလည်း ဘုရားသခင်ပေးသောအရာကို အခြားသူများအား ပေးသောအရာနှင့် နှိုင်းယှဉ်တတ်သည်။ “ကျွန်မမှာ ဒါရှိပြီး သူ့မှာ ဘာလို့ အဲဒါရှိတာလဲ” ဟု ကျွန်မ ဘုရားသခင်ကို မေးသည်။ ကျွန်မ၏မေးခွန်းများသည် ဂါလိလဲအိုင်နားတွင် ရှိမုန်ပေတရုမှ သခင်ယေရှုကို မေးခဲ့သည်များကို အမှတ်ရစေသည်။ သခင်ယေရှုသည် ပေတရု သူ့အား ငြင်းပယ်ခဲ့ခြင်းကို ခွင့်လွှတ်ပေးခဲ့ပြီး မာတုရကဲ့သို့ သေခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်အကြောင်း (ယော ၂၁:၁၅-၁၉) ပေတရုအား ပြောပြနေသည်။…

သင်သည် အချစ်ခံရသူဖြစ်သည်

မိန်းမငယ်လေး အယ်လီ (Allie) သည် သူမ၏ဝမ်းနည်းမှုကို ဖော်ပြရန် သစ်သားပြားတစ်ခုပေါ်တွင် “အမှန်အတိုင်းပြောရရင်၊ ငါဝမ်းနည်းတယ်။ ဘယ်သူမှ ငါနဲ့အပြင်မသွားချင်ကြဘူး။ ငါ့စကားနားထောင်ပေးတဲ့ တစ်ယောက်တည်းသောသူကိုလည်း ဆုံးရှုံးခဲ့တယ်။ ငါနေ့တိုင်း ငိုရတယ်”ဟုရေးကာ ပန်းခြံတစ်ခုတွင် ထားလိုက်သည်။

တစ်စုံတစ်ယောက်က ထိုစာတိုလေးကိုတွေ့သောအခါ သူမသည် လမ်းဘေးမြေဖြူခဲများကို ပန်းခြံသို့ ယူဆောင်လာပြီး လူများအား အယ်လီ နှင့်ပတ်သက်၍ ၎င်းတို့၏အတွေးများကို ရေးခိုင်းခဲ့သည်။ “ငါတို့ မင်းကို ချစ်တယ်။” “ဘုရားသခင်မင်းကို ချစ်တယ်။” “မင်းက အချစ်ခံရသူဖြစ်တယ်” ဟူသော ဒါဇင်ပေါင်းများစွာသော အားပေးစကားများကို အနီးဝန်းကျင်ရှိ ကျောင်းမှ ကျောင်းသူကျောင်းသားများက ရေးခဲ့ကြသည်။ ကျောင်းအုပ်ကြီးက “ဒါဟာ ကျွန်တော်တို့လက်လှမ်းမီနိုင်တဲ့ နည်း‌လေးဖြစ်ပြီး (သူမရဲ့ကွက်လပ်)ကို ဖြည့်ပေးတဲ့ အကူအညီဖြစ်နိုင်တယ်”ဟု ပြောခဲ့သည်။ တစ်ချိန်ချိန်တွင် ဝမ်းနည်းမှုနှင့် ဆင်းရဲဒုက္ခများကို ကျွန်ုပ်တို့လည်း တွေ့ကြုံခံစားရမည်ဖြစ်၍ သူမသည် ကျွန်ုပ်တို့အားလုံးကို ကိုယ်စားပြုနေသည်။

“သင်သည်…

အနာဂတ်မျှော်လင့်ချက်ကို မြင်ခြင်း

၂၀၀၅ ခုနှစ် ဟာရီကိန်းကက်ထရီနာမုန်တိုင်းဒဏ် ခံရပြီးနောက် နယူးအော်လင်းမြို့သည် တစ်ဖြည်းဖြည်းချင်း ပြန်လည်တည်ဆောက်‌ရေးကို လုပ်ဆောင်ခဲ့သည်။ ပျက်စီးမှုအပြင်းထန်ဆုံးသော နေရာတစ်ခုမှာ ရပ်ကွက် (၉)အောက်ဘက် ဖြစ်ပြီး ကက်ထရီနာမုန်တိုင်းကျပြီး နှစ်အတန်ကြာသည်အထိ နေထိုင်သူများအတွက် အခြေခံလိုအပ်မှုများကို မရရှိခဲ့ပါ။ ဘန်နယ်လ် ခေါ့တလန် သည် ထိုအမှုအရာကိုပြောင်းလဲရန် လုပ်ဆောင်ခဲ့သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ရပ်ကွက် (၉) အောက်ဘက်၌ ပထမဆုံးကုန်စုံဆိုင်ကို ဖွင့်လှစ်ခဲ့သည်။

“အဆောက်အအုံကို ဝယ်တုန်းက ကျွန်တော်ရူးနေတယ်လို့ လူတိုင်းကထင်ကြတယ်” ဟု ခေါ့တလန် က ပြန်ပြောပြသည်။ သို့သော် ပထမဦးဆုံးဈေးဝယ်သူက အိမ်နီးချင်းများ ပြန်လာမည်ဟု မထင်သောကြောင့် သူမငိုယိုခဲ့ကြောင်း” ပြောသည်။ သူ၏အမေက သူမ၏သားသည် သူမ မမြင်ခဲ့သည့်အရာကို မြင်ပြီး ထိုအခွင့်အ‌ရေးကို အရယူသည့် အတွက် သူမအလွန်ဝမ်းသာ‌ကြောင်းပြောခဲ့သည်။

ပျက်စီးခြင်းကြုံရချိန်တွင် ဘုရားသခင်က ပရောဖက်ဟေရှာယအား မထင် မှတ်ထားသော…

အသက်တာ၏ဝတ်ပြုခရီး

ယုံကြည်သက်ဝင်မှုပေါင်းစုံမှ လူသန်းနှစ်ရာကျော်သည် နှစ်စဉ် ဘုရားဖူးခရီးထွက်ကြသည်။ ခေတ်အဆက်ဆက်တွင် ဘုရားဖူးသူတစ်ဦး၏တာဝန်မှာ အထွတ်အမြတ်ထားသောနေရာသို့ ခရီးသွားပြီး ကောင်းချီးတစ်မျိုးမျိုးကို ခံယူရရှိရန်ဖြစ်သည်။ ဤအရာမှာ ဗိမာန်တော်၊ ဘုရားရှိခိုးကျောင်းတော်ကြီး၊ နတ်ကွန်း၊ သို့မဟုတ် ကောင်းချီးမင်္ဂလာရရှိနိုင်သည့် အခြားသောနေရာများသို့ သွားရောက်ခြင်း ဖြစ်သည်။
သို့သော်လည်း ဗြိတိန်ရှိ ဆဲလ်တစ်ခရစ်ယာန်များက တစ်မျိုးတစ်ဘာသာ ရှုမြင်ကြသည်။ သူတို့သည် ဦးတည်ရာမဲ့ တောရိုင်းတွင်းထွက်ခွာခြင်း သို့မဟုတ် သူတို့၏ လှေများကို သမုဒ္ဒရာရေစီးကြောင်းက ခေါ်ဆောင်သွားမည့် မည်သည့်နေရာကိုမဆို မျောပါစေသည်။ သူတို့အတွက် ဘုရားဖူးခရီးသည် မိမိအကျွမ်းမဝင်သောနယ်မြေတွင် ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းအကြောင်းဖြစ်သည်။ ခရီးဆုံးပန်းတိုင်ရောက်မှမဟုတ်ဘဲ ခရီးလမ်းတစ်လျှောက်တွင်လည်း မည်သည့်ကောင်းချီးမင်္ဂလာကို မဆို တွေ့ရှိရပါသည်။

ဟေဗြဲ ၁၁ သည် ဆဲလ်တစ်များအတွက် အရေးကြီးသောကျမ်းပိုဒ်ဖြစ်သည်။ ခရစ်တော်၌ရှိသော အသက်တာသည် လောကီရေးရာများကို ချန်ထားခဲ့ပြီး ဘုရား သခင်၏မြို့တော်သို့ နိုင်ငံခြားသားများအသွင် ခြေလျင်ခရီးနှင်ခြင်းအကြောင်း (:၁၃-၁၆)ဖြစ်ပြီး၊ ၎င်းခရီးစဥ်သည် သူတို့၏ဘဝအသက်တာခရီးစဥ်ကိုထင်ဟပ်နေသည်။…

အချင်းချင်းထံမှ သင်ယူခြင်း

ဇူးမ် (Zoom) သည် အသုံးပြုနိုင်သော ဆက်သွယ်ရေးကိရိယာတစ်ခုအဖြစ် မတည်ရှိမီ နှစ်များတွင် သူငယ်ချင်းတစ်ဦးက စီမံကိန်းတစ်ခုအကြောင်း ဆွေးနွေးရန်အတွက် ဗီဒီယို ခေါ်ဆိုမှုတွင် ပါဝင်ရန် တောင်းဆိုခဲ့သည်။ ကျွန်မ၏အီးမေးလ် အသံနေအသံထားအားဖြင့် ကျွန်မစိတ်ရှုပ်နေသည်ကို သူမ ပြောနိုင်သည်။ ထို့ကြောင့် ဗီဒီယိုခေါ်ဆိုမှု မည်သို့လုပ်ရမည်ကိုသိရန် ဆယ်ကျော်သက်တစ်ဦးအား အကူအညီတောင်းပါဟု သူအကြံပြုခဲ့သည်။

သူမ၏အကြံပြုချက်သည် မတူညီသောမျိုးဆက်အုပ်စုများကြား ဆက်ဆံရေး ၏ တန်ဖိုးကို ထောက်ပြနေသည်။ ၎င်းကို ရုသနှင့်နောမိတို့၏ဇာတ်လမ်းတွင် တွေ့ရှိရသည်။ သူမ၏တိုင်းပြည်မှ ထွက်ခွာပြီး ဗက်လင်မြို့သို့ နောမိကိုအဖော်ပြုသွားရန် ဆုံးဖြတ်သောရုသကို (ရု ၁:၁၆-၁၇) သစ္စာရှိချွေးမတစ်ဦးအဖြစ် ချီးကျူးဂုဏ်ပြုလေ့ရှိသည်။ ထိုမြို့သို့ရောက်သောအခါ၊ မိန်းမငယ်က နောမိအား “ကျွန်မသည် လယ်ပြင်သို့သွား၍ (ကျွန်မတို့အတွက်) စပါးကျန်ကို ကောက်ပါရစေ” (၂:၂) ဟုပြော၏။ သူမသည် သက်ကြွယ်အမျိုးသမီးကြီး(သူ့ယောက္ခမ)ကို ကူညီခဲ့ပြီး၊ သူကူညီခဲ့သည့် သက်ကြွယ်အမျိုးသမီးက သူမ ဗောဇနှင့်လက်ထပ်နိုင်ရန်…

နှိမ့်ချသော ယော(န်)

လယ်မြေကို သီးစားချအငှားလုပ်ကိုင်သူ Jørn(ယော(န်))၌ ကြီးကြီးမားမားအရာ များစွာရှိမည်ဟု လူတို့မထင်ခဲ့ပါ။ သူ၌အမြင်အာရုံအားနည်းမှုနှင့် အခြားရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များရှိနေသော်လည်း နာကျင်မှုဝေဒနာကြောင့် အိပ်မရဘဲ နိုးနေသည့် ညများတွင် နော်ဝေးရှိ သူ၏ရွာမှလူများအတွက် အားစိုက်ထုတ်ကာ သူဆုတောင်းပေးခဲ့သည်။ သူ၏ဆုတောင်းခြင်းဖြင့် တစ်အိမ်ပြီးတစ်အိမ်သွားကာ၊ လူတစ်ဦးချင်းစီ၏အမည်ကို ခေါ်လျက်၊ သူမတွေ့ဖူးသေးသော ကလေးများအတွက်ပင် ဆုတောင်းပေးခဲ့သည်။ သူ၏ နူးညံ့သောစိတ်ထားကို လူတို့ချစ်ကြပြီး သူ့ထံမှ ဉာဏ်ပညာနှင့် အကြံဉာဏ်ကို ရယူကြသည်။ အကယ်၍ သူက လက်တွေ့ကျကျ မကူညီနိုင်ခဲ့သည့်တိုင် သူတို့ပြန်ထွက်သွားချိန်တွင် သူ၏မေတ္တာကို လက်ခံရယူခြင်းက၊ မင်္ဂလာရှိသည်ဟု ခံစားရသည်။ ထိုအရပ်၌ သူ့မိသားစုမရှိသော်လည်း Jørn ကွယ်လွန်သွားသောအခါ ထိုရပ်ကွက်၏ အကြီးကျယ်ဆုံးသော ဈာပနအခမ်းအနားတစ်ခု ဖြစ်ခဲ့သည်။ သူထင်ထားသည်ထက် ကျော်လွန်၍ သူ၏ ဆုတောင်းချက်များ အဖြေရရှိခဲ့ပြီး၊ အသီးအပွင့်များ ဖြစ်ထွန်းခဲ့သည်။

အကျဉ်းကျနေချိန်၌ သူအစေခံပေးခဲ့သောသူများကို ချစ်ပြီး ဆုတောင်းပေးသော တမန်တော်ပေါလု၏စံနမူနာအတိုင်း…

ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်း

ဖိုးဘီးယား(Phobia) ဆိုသည်မှာ အရာအချို့ (သို့) အခြေအနေအချို့ကို “အကြောင်းမဲ့ အကြောက်လွန်ခြင်း”ဟု အနက်ဖွင့်သည်။ Arachnophobia သည် ပင့်ကူများကို ကြောက်ရွံ့ခြင်းဖြစ်သည်(အချို့ကကြောက်သင့်တာပဲ၊လုံးဝဖြစ်သင့်သည်ဟုဆိုမည်)။ ထိုနောက် globophobia - ပူဖောင်းကို ကြောက်ခြင်း၊ xocolatophobia- ချောကလက်ကို ကြောက်ခြင်း စသည်ဖြင့် ရှိသည်။ ၎င်းတို့နှင့် အခြားသော လူတို့အကြောက်လွန်သည့်အရာ ၄၀၀ခန့်မျှရှိပြီး၊ ၎င်းတို့သည် အမှန်တကယ်ရှိပြီး မှတ်တမ်းပြုစုထားသည်။ မည်သည့်အရာကိုမဆို ကျွန်ုပ်တို့ကြောက်နေတတ်ပုံ ပေါ်နေသည်။

ပညတ်တော်ဆယ်ပါးကိုခံယူပြီးနောက် ဣသရေလလူမျိုးတို့၏ကြောက်ရွံ့မှုကို သမ္မာကျမ်းစာက “လူအပေါင်းတို့သည် မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်း …ကြောက်သောကြောင့် ရွှေ့၍ အဝေး၌ ရပ်နေကြ၏”(ထွက် ၂၀:၁၈)ဟု ဆိုထားသည်။မောရှေသည် သူတို့ကို နှစ်သိမ့်ကာ စိတ်ဝင်စားဖွယ် အကောင်းဆုံးသော ဤစကားများကို မိန့်မြွက်ခဲ့သည်။ “မစိုးရိမ်ကြနှင့်။ သင်တို့ကို စုံစမ်းခြင်းငှာလည်းကောင်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့်လွတ်မည်အကြောင်း ကိုယ်တော်ကို ကြောက်စေခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကြွလာတော်မူပြီဟု လူများတို့အား ပြောဆို၏”…

ကောင်းသောအကျင့်၌ ကြွယ်ဝပြည့်စုံခြင်း

အ၀တ်လျှော်ဖွပ်ခြင်း၊ အခြောက်ခံခြင်း၊ မီးပူတိုက်ခြင်းတို့ကို နှစ် ၇၀ ကြာ ပင်ပန်းစွာလုပ်ခဲ့ရသော ခဝါသည်အမျိုးသမီး အော်စူးလား မကာသီ (Oseola McCarty) သည် နောက်ဆုံး အသက် ၈၆ နှစ်တွင် ထိုအလုပ်မှ အနားယူရန် အဆင်သင့်ဖြစ်နေပါပြီ။ သူမသည် ထိုနှစ်များတစ်လျှောက်လုံး သူမ၏ အနည်းငယ်သော ၀င်ငွေကို သေချာစွာ စုဆောင်းခဲ့ပြီး၊ ငွေကြေးခက်ခဲသော ကျောင်းသားများအတွက် ပညာသင် ရန်ပုံငွေတစ်ခုဖန်တီးရန် အနီးနားရှိတက္ကသိုလ်သို့ ဒေါ်လာ ၁၅၀,၀၀၀ လှူဒါန်းခဲ့၍ သူမ၏ရပ်ကွက်အသိုင်းအဝိုင်းမှ အံ့အားသင့်ခဲ့ရသည်။ သူမ၏ကိုယ်ကျိုးမဖက်သောလုပ်ရပ်ကြောင့် လှုံ့ဆော်မှုဖြစ်ပြီး ရာနှင့်ချီသော လူများက ဝိုင်းဝန်းပူးပေါင်း လှူဒါန်းခဲ့၍ သူမ၏လှူဒါန်းငွေမှာ သုံးဆများသွားသည်။

ချမ်းသာကြွယ်ဝမှု၏ တန်ဖိုးအမှန်မှာ ငွေကြေးကို မိမိ၏ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အခြားသူများ ကောင်းချီးဖြစ်ရန် အသုံးပြုခြင်းဖြစ်ကြောင်း အော်စူးလားသိနားလည်သည်။ ဤပစ္စုပ္ပန်လောက၌ ချမ်းသာကြွယ်ဝသူတို့ကို “ကောင်းသောအကျင့်နှင့် ကြွယ်ဝ”စေရေးနှိုးဆော်ရန် တိမောသေကို တမန်တော်ပေါလုတိုက်တွန်း…

ဝတ်ပြုရာအိမ်

ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်အောက်လွှတ်တော်ရုံး ဗုံးကြဲတိုက်ခိုက်ခံရသော် ၀န်ကြီးချုပ် ဝင်စတန်ချာချီက ၄င်းကို ၎င်း၏မူလပုံစံအတိုင်း ပြန်လည်တည်ဆောက် ရမည်ဟု ပါလီမန်သို့ ပြောကြားခဲ့သည်။ အစည်းဝေးခန်းသည် အရွယ်အစား သေးရမည်၊ သို့မှသာ ဆွေးနွေးပွဲများ၌ မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်မည်ဖြစ်သည်။ အစည်းဝေးခန်းသည် စက်ဝိုင်းခြမ်းပုံစံ အခင်းအကျင်းထက် နိုင်ငံရေးသမားများ အခန်း “အလယ်၌ လှုပ်ရှားသွားလာနိုင်”သည့် အလျားရှည် ထောင့်မှန်ပုံစံ ဖြစ်ရမည်။ ယင်းသည် လက်ဝဲဘက်ရှိသူများနှင့် လက်ယာဘက်ရှိသူတို့ မျက်နှာချင်းဆိုင်အနေအထားရှိပြီး အခန်းတွင်း တစ်ဘက်မှ တစ်ဘက်သို့ ဘက်မပြောင်းမီ သတိ ထားစဥ်းစားရန် လိုအပ်သည့်၊ ဗြိတိန်နိုင်ငံ၏ပါတီစနစ်ကို ထိန်းသိမ်းထားသည်။ ချာချီက “ကျွန်ုပ်တို့က အဆောက်အအုံများကို ပုံဖော်ပြီးနောက် ဤအဆောက်အအုံများက ကျွန်ုပ်တို့ကို ပုံသွင်းမည်” ဟု နိဂုံးချုပ် ပြောခဲ့သည်။

၎င်းကို ဘုရားသခင်သဘောတူပုံရသည်။ ထွက်မြောက်ရာကျမ်း၏ အခန်းကြီး ၇ ခန်း(၂၅-၃၁)က တဲတော်တည်ဆောက်ခြင်းဆိုင်ရာ ညွှန်ကြားချက်များ ပေးထားပြီး၊…