အမျိုးအစား  |  odb

ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ အပြေးတိုးဝင်

အသက်၂၄ နှစ် အရွယ် Adrián Simancas(အဒြီရန်စီးမါးကပ်စ်)သည် သူ၏ဖခင်နှင့်အတူ ချီလီနိုင်ငံ၊ Magellan(မဂျဲလန်) ရေလက်ကြားတွင် လှေလှော်နေစဥ်၊ မျက်စိ တစ်မှိတ်အတွင်းမှာပင် ဝေလငါးကြီးတစ်ကောင်၏ ပါးစပ်ထဲရောက်သွားသည်။ “ကိုယ့်ကိုယ်ကိုယ် သေပြီတောင်ထင်ခဲ့တာ”ဟု အဒြီရန်က သတင်းဌာနတစ်ခုကို ပြောခဲ့သည်။ စက္ကန့်အနည်းငယ်အကြာတွင် ဝေလငါးကြီးက သူ့ကို အေးစက်သည့်ရေထဲ ပြန်ထွေးထုတ်ခဲ့သည်။ သူသည် အသက်ကယ်အင်္ကျီကြောင့် ရေမျက်နှာပြင်ပေါ်၌ ပေါလောပေါ်နေခဲ့ပြီး သူ့ဖခင်က သူ့ကို ဘေးကင်းရာသို့ ဆွဲခေါ်ပေးခဲ့သည်။

ဓမ္မဟောင်းကျမ်းမှ ပရောဖက်ယောနသည်လည်း ကြီးမားသောပင်လယ်သတ္တဝါကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။ သူသည် ဣသရေလလူမျိုးတို့၏ရန်သူဖြစ်သော နိနေဝေမြို့သားတို့အား နောင်တတရားနှင့်ဆိုင်သော သတင်းစကားကို ဟောပြောရန် ဘုရားသခင်၏ညွှန်ကြားချက်ကို မနာခံလိုသဖြင့် နိနေဝေမြို့နှင့် ဆန့်ကျင်ဘက် အရပ်သို့သွားမည့် သင်္ဘောနှင့် သူထွက်သွားသည်။ သင်္ဘောသည် မုန်တိုင်းနှင့်ကြုံသောအခါ ယောနသည် သင်္ဘောသားများအား သူ့ကိုသင်္ဘောပေါ်မှပစ်ချရန် တိုက်တွန်းခဲ့သည် (ယောန ၁:၁၁-၁၂၊ ၁၅)။ “ယောနကို မျိုစေခြင်းငှာ…

ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၌ လွတ်မြောက်ခြင်း

ပင်ပန်းနွမ်းနယ်စေသည့် ဝန်ထုပ်ဝန်ပိုးဟုအဓိပ္ပာယ်ရသည့် “ငါ့လည်ပင်းပတ်လည် မှာ albatross(အယ်လ်ဘာထရော့စ်)” ဟူသော အသုံးအနှုန်းကို သင် ကြားဖူးပါက အင်္ဂလိပ်ကဗျာဆရာ Samuel Coleridge(ဆယ်မြူရယ် ခေါလရိတ်)၏ နာမည်ကြီးကဗျာ “Rime of the Ancient Mariner”ကို သင်ကြားလိုက်ခြင်းပင်။ ကဗျာထဲတွင် သင်္ဘောသားတစ်ဦးသည် အန္တရာယ်ကင်းပြီး ယဉ်ပါးသည့် အယ်လ်ဘာထရော့စ် ဟူသော ပင်လယ်ဇင်ယော်တစ်ကောင်ကို ပစ်သတ်လိုက်သည်။ သူ၏ရက်စက်သည့်လုပ်ရပ်ကြောင့် သူတို့၏ခရီးစဉ် ကျိန်စာသင့်ခဲ့ကြောင်း အဖွဲ့သားများက ယုံကြည်ကြပြီး၊ ပြစ်ဒဏ်အနေဖြင့် ငှက်အသေကောင်ကို သူ၏လည်ပင်း၌ ချိတ်ဆွဲစေခဲ့ကြသည်။
သင့်ဘဝ၌ လည်ပင်းတစ်ဝိုက် လေးလံသည့် ဝန်ထုပ်ဝန်ပိုးကဲ့သို့ ခံစားရသည့် နောင်တများရှိပါသလား။ ကျွန်ုပ်တို့အားလုံး၌ ဘာပဲလုပ်ရလုပ်ရ ပြန်လည်ရယူလိုသည့်အချိန်များ ရှိကြသည်။ မိမိ၏လေးလံသော အပြစ်နှင့်နောင်တဝန်ထုပ်ကို ထာဝရထမ်းပိုးထားရမည့်ကျိန်စာသင့်နေသကဲ့သို့ ခံစားရနိုင်သည်။

သို့သော် ဘုရားသခင်၏ကျေးဇူးတော်သည် ကျွန်ုပ်တို့၏နှလုံးသားများကို အနာကျင်ဆုံး နောင်တမှပင် လွတ်မြောက်စေနိုင်သည်။ ကျွန်ုပ်တို့အားလုံး အပြစ်ပြုကြသည်(၁ယော ၁:၈၊၁၀)။…

တေးဂီတသံ၏တန်ခိုးအစွမ်း

၁၉၁၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်တွင် Sir Ernest Shackleton (ဆာအန်းနက်စ်ရှကယ်လ်တန်)နှင့် သင်္ဘောသား ၂၇ ဦးတို့၏ မျှော်လင့်ချက်သည် သင်္ဘောကြီးနှင့်အတူ မှောင်မိုက်သော အန္တာတိကရေခဲပြင်အောက်သို့ နစ်မြှုပ်သွားခဲ့သည်။ သူတို့သည် မိုင်ထောင်ပေါင်းများစွာ ကွာဝေးသောနေရာတွင် ပိတ်မိနေခဲ့ကြသည်။ နောက်ပိုင်းတွင်မူ သင်္ဘောသားများသည် ဘင်ဂျိုအပါအဝင် သူတို့ရှင်သန်ရန် အထောက်အကူပြုခဲ့သည့်အရာများကို ပြန်လည်ပြောပြခဲ့သည်။ ကြမ်းတမ်းသော ခရီးကို စတင်ရာတွင် ခရီးစဥ်၏မိုးလေဝသပညာရှင် Leonard Hussey (လီအန်နဒ်ဟပ်ဆီး) သည် တစ်ဦးတည်းသော နှစ်ပေါင်ထက်ပိုသောကိုယ်ပိုင်ပစ္စည်းကို ယူခွင့်ရှိသူဖြစ်ပြီး၊ ၁၂ပေါင်လေးသောဝင်ဆာဘင်ဂျိုကို ယူလာခွင့်ရခဲ့သည်။ “ဒီဘင်ဂျိုက အရေးပါတဲ့ စိတ်ရောဂါဆေးပဲ။သူ့ကို ကျုပ်တို့လိုအပ်လာလိမ့်မယ်”ဟု ရှကယ်လ်တန်က ဟပ်ဆီးအား ပြောခဲ့သည်။ သင်္ဘောသားများ၏မှတ်တမ်းများတွင် ဟပ်ဆီး၏ ဂီတစွမ်းအားအကြောင်း ရှင်းပြထားသည်။ “ဘင်ဂျိုသည် ဦးနှောက်အတွက် အစာကိုထောက်ပံ့ပေးသည်”ဟု သင်္ဘောသားတစ်ဦးကရေးခဲ့ပြီး၊ နောက်တစ်ဦးက “ဟပ်ဆီး၏မရှိမဖြစ် ဘင်ဂျို” ဟုဆိုသည်။

သမ္မာကျမ်းစာတွင်လည်း…

ကျွန်ုပ်တို့အပိုင်းနှင့် ဘုရားသခင်အပိုင်း

စင်္ကာပူအစိုးရသည် တွဲဖက်လှူဒါန်းခြင်းဖြင့် ကောင်းသောကိစ္စရပ်များကို ပံ့ပိုးပေးရန် မိမိ၏နိုင်ငံသားများအားလှုံ့ဆော်သည်။တွဲဖက်လှူဒါန်းခြင်းဆိုသည်မှာပရဟိတအဖွဲ့ များသို့လှူဒါန်းရာတွင် မိမိလှူဒါန်းသည့်ပမာဏနှင့်ညီသည့် ပမာဏ (သို့) ထိုထက်ပိုသော ပမာဏကို“ထပ်ဆောင်း”လှူဒါန်းခြင်း(နှစ်ဆ(သို့)ထိုထက်ပို၍လှူဒါန်းခြင်း)ဖြစ်သည်။ ၎င်းသည်လှူဒါန်းမှုများတွင် လူတို့တိုး၍ပါဝင်လာရေးကိုအားပေးရန်မျှော်လင့်သည်။

ထိုနည်းလမ်းနှစ်မျိုးကို အသုံးပြုခြင်းက ရှင်ယေရှုကို ယုံကြည်သူများ၏ တပည့်တော်ဖြစ်ခြင်းအသက်တာတွင် ဘုရားသခင်၏သန့်ရှင်းခြင်းစံနှုန်းများကို လိုက်နာရန် ကျွန်ုပ်တို့ခေါ်ယူစေစားခံရကြောင်း သတိပေးလာသည်။ ဖိလိပ္ပိ ယုံကြည်သူများအား ပေးပို့သောစာတွင် ရှင်ပေါလုက “(သူတို့၏)ကယ်တင်ခြင်းအတွက် ကိုယ်တိုင်ကြိုးစားအားထုတ်”ရန်(၂:၁၂)၊ “အစွမ်းကုန်ကြိုးစား”ရန်(၃:၁၂၊၁၄- ခေတ်သုံး) တိုက်တွန်းသည့် တစ်ချိန်တည်းမှာပင် “သင်တို့သည် အလိုရှိစေခြင်းငှာ...၊ အကျင့်ကျင့်စေခြင်းငှာ...၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း”ဟု(၂:၁၃) အလေးပေးရေးသားခဲ့သည်။

သခင်ယေရှုကို ယုံကြည်သူများသည် ကောင်းမှုအကျင့်အားဖြင့် ဘုရားသခင်နှင့်မှန်ကန်သည့်ဆက်ဆံရေး မရရှိနိုင်ပါ။ သို့သော် ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာကြီးထွားမှုတွင် မိတ်ဖက်ဆက်ဆံရေးတည်းဟူသော ဆက်ဆံရေးတစ်ခုရှိသည်။ ထိုဆက်ဆံရေးတွင် ကျွန်ုပ်တို့ဘက်မှ စေတနာစိတ်နှင့်ကြိုးစားအားထုတ်မှုတို့ လိုအပ်သော်လည်း ၎င်းကို လူ့အစွမ်းဖြင့် ပြုခြင်းမဟုတ်ပါ။ ကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့ကယ်တင်ခြင်းခံရကာ၊ ကိုယ်တော့်အတွက် သီးသန့်ခွဲခန့်ထားသည့်…

ရက်ရောသော ပေးကမ်းခြင်း

အော့စ်ဝဲလ်ဒ်နှင့် ဘစ်ဒီချိန်းဘားစ်(Oswald နှင့် Biddy Chambers) တို့ဇနီးမောင်နှံသည် လန်ဒန်၌ ကျမ်းစာကောလိပ်တစ်ခုကို ၁၉၁၁ မှ ၁၉၁၅ ခုနှစ်အထိ ဖွင့်ခဲ့စဉ်က လိုအပ်နေသူများကို လျစ်လျူမရှုပါဟူသော သူတို့၏ဘဝမူကို ဆက်လက်ကျင့်သုံးခဲ့ကြသည်။ လိမ္မာပါးနပ်သောလန်ဒန်သားများသည် ဤအလေ့အကျင့်ကို အံ့အားသင့်ခဲ့ကြပြီး လူတို့အခွင့်ကောင်းယူကြလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။ အော့စ်ဝဲလ်ဒ် သည် ထိုအလေ့အကျင့်အတိုင်း လုပ်ဆောင်ရန် အခြားသူများကို မတိုက်တွန်းခဲ့ဘဲ “ငါ့တာဝန်က ပေးကမ်းဖို့ပဲ။ ဘုရားသခင်က တောင်းတဲ့သူကို ဂရုစိုက်လိမ့်မယ်” ဟု စောင့်ကြည့်ကာ တုံ့ပြန်ခဲ့သည်။

ထိုဇနီးမောင်နှံသည် ရက်ရောသောဖန်ဆင်းရှင်၏ စံနမူနာအတိုင်း နာခံလိုက်လျှောက်ခဲ့ကြသည်။ ဘုရားသခင်သည် မောရှေအား ပေးအပ်သည့် ညွှန်ကြားချက်များအားဖြင့် သူတို့၏အစားအစာနှင့်ပိုင်ဆိုင်မှုများကို ပေးကမ်းရန် အပါအဝင် လူမျိုးတော်တို့ရှင်သန်နေထိုင်နိုင်ရန်နှင့် အခြားသူများအား အစေခံ နိုင်ရန် ကျေးဇူးပြုသည့်နည်းလမ်းများကို ချမှတ်ပေးခဲ့သည်။ မောရှေသည် ဣသရေလလူမျိုးများအား သုံးနှစ်တစ်ခါ နှစ်ကုန်ချိန်၌ “ဆယ်ဖို့တစ်ဖို့ရှိသမျှကို ယူဆောင်လာ”ရန် မိန့်မှာခဲ့သည်။…

ဘုရားသခင်၏ဂရုစိုက်မှုကို ဖြန့်ကျက်ခြင်း

ကျွန်မဆယ်ကျော်သက်အရွယ်က ဘုရားကျောင်းအတူတူတက်ခဲ့သူ လီဇာနှင့် ကျွန်မ ဆက်ဆံရေးတင်းမာခဲ့သဖြင့် ယခုသွားမည့်နွေရာသီသင်တန်းတွင် သူနှင့် ကျွန်မ တစ်ခန်းတည်းကျကြောင်းသိရသောအခါ ကျွန်မစိတ်ပျက်ခဲ့သည်။ ကျွန်မတို့၏ဆက်ဆံရေးခပ်တန်းတန်းဖြစ်သော်လည်း မေးထူးခေါ်ပြော ပြေလည်စွာ မှန်တန်းဆက်ဆံခဲ့ကြပြီး၊ တစ်ပတ်တာသင်တန်းကို ‌ချောမောစွာဖြတ်ကျော်ခဲ့သည်။

ရက်သတ္တပတ်အဆုံးတွင် ကျင်းပသည့် မီးပုံပွဲက အများမျှော်လင့်ဆင်နွှဲသည့်ပွဲဖြစ်သည်။ သို့ရာတွင် ထိုညနေ၌ ကျွန်မကိုယ်ပူသဖြင့် စောစောအိပ်ရာဝင်ခဲ့သော်လည်း အပြင်မှ ရယ်သံမောသံများ၊ သီချင်းသံများကို ကြားနေရသည်။ တစ်နာရီခန့်အကြာတွင် လီဇာက ကျွန်မကို အပူချိန်လာတိုင်းပေး၍ ရုတ်တရက် ကျွန်မလန့် သွားသည်။ “မီးပုံပွဲမှာ ငါမပါတော့ဘူး။ နင်နေမကောင်းတာ နင်နဲ့အတူနေပေးရမှာပေါ့”ဟု သူမကပြောသည်။ လီဇာသည် ကျွန်မနှင့် မပတ်သက်ဘဲ ခပ်ခွာခွာနေ၍ရသော်လည်း ကျွန်မကိုဂရုစိုက်ရန် သူရွေးချယ်ခဲ့ပြီး၊ ၎င်းက ကျွန်မ၏စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။

နေမန်အကြောင်းတွင် အလားတူ ကူညီမစသူတစ်ဦး၏စံနမူနာကို တွေ့ရသည်။ ရှုရိစစ်တပ်မှဗိုလ်ချုပ်ကြီး နေမန်၏အိမ်တွင် သူ့ဇနီးအား ခစားသည့် ၎င်းတို့ဖမ်းခေါ်လာသော ဣသရေလအမျိုး မိန်းမငယ်လေးတစ်ဦး…

ဘုရားသခင်၏ခွင့်လွှတ်ခြင်းကို အတုယူခြင်း

အံ့သြစရာကောင်းလောက်အောင် အချက်အပြုတ်အလွန်တော်သော မက်ဂျ်(Madge)ဆိုသည့် အမျိုးသမီးနှင့် ကျွန်တော်အလုပ်တွဲလုပ်လေ့ရှိသည်။ တစ်နေ့တွင် သူမက “ကျွန်မရဲ့ ပဲနဲ့ဝက်ပေါင်ခြောက်စွပ်ပြုတ်ကို မြည်းကြည့်ပါလား”ဟုပြောသည်။ ကျွန်တော်က ပဲမကြိုက်ဟုပြောသောအခါ “ကျွန်မချက်တာကို သောက်ပြီးရင် ရှင်ကြိုက်သွားလိမ့်မယ်”ဟုသူမကပြုံး၍ပြန်ပြောသည်။ နောက်တစ်နေ့တွင် ကျွန်တော်အတွက် သီးသန့် စွပ်ပြုတ်တစ်ခွက် ချက်လာပေးသည်။

နှစ်ရက်အကြာတွင် “ကျွန်မရဲ့စွပ်ပြုတ်ကိုသောက်ကြည့်ပြီလား”ဟု မက်ဂျ် က မေးလာရာ၊ သူထပ်မမေးအောင် “ခဏနေရင် သောက်ပါမယ်”ဟု ကျွန်တော်ဖြေလိုက်သည်။ သို့သော် မနက်ဖြန် သဘက်ခါထိ သူမ မေးခဲ့ပြီး၊ စတုတ္ထနေ့တွင် “ကြာကြာမထားနဲ့နော်။ သိုးသွားလိမ့်မယ်”ဟု ပြောခဲ့သည်။

တစ်ပတ်ကြာပြီးနောက် မသောက်ရသေးသော မက်ဂျ်၏စွပ်ပြုတ်မှာ သိုးသွားသဖြင့် သွန်ပစ်လိုက်ရသည်။ ကျွန်တော့်အနားသို့သူလာသောအခါ ကျွန်တော်စိုးရွံ့ထိတ်လန့်သွားသည်။ သူမက “ကျွန်မရဲ့စွပ်ပြုတ်ကို မမြည်းကြည့်ဘူးမဟုတ်လား”ဟု မေးရာ၊ “မြည်းတာပေါ့။ အင်း ... အရသာကောင်းတယ်” ဟုကျွန်တော် ဖြေလိုက်သည်။

ဧဖက်အခန်းကြီး ၄ တွင် အပြောအဆိုနှင့်ပတ်သက်၍ အမျက်ထွက်ရာတွင်အပြစ်မရှိစေရန်…

ဘုရားသခင်အား စောင့်ဆိုင်းခြင်း

ကျွန်မငယ်စဉ်က လမ်းဘေးတွင် စိုက်ထူထားသော အထူးကြော်ငြာဆိုင်းဘုတ်များကိုမြင်လျှင် အလွန် စိတ်လှုပ်ရှားမိသည်။ ရောင်စုံဆိုင်းဘုတ်များကိုတွေ့ပါက ကျွန်မတို့မိသားစုသွားမည့် ဖျော်ဖြေရေး ကစားကွင်းသို့ရောက်ပြီဟု ကျွန်မထင်ခဲ့သည်။ ပျော်ရွှင်စွာဖြင့် ကျွန်မ၏ပစ္စည်းများကို သိမ်းနေသော်လည်း ဆိုင်းဘုတ်တန်းမှာ မဆုံးနိုင်သေးဘဲ ပန်းခြံရောက်သည့်အထိ အချိန်အတော်ကြာသေးသည်။ ထိုဆိုင်းဘုတ်များသည် ပန်းခြံသို့ရောက်ခါနီးပြီဟု သတိပေးခြင်းသာဖြစ်ပြီး နောက်ထပ် မိုင်အနည်းငယ် ဆက်သွားရပါမည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း အဆုံး၌ ကျွန်မသိလိုက်ရပါသည်။

“မရောက်သေးဘူးလား”ဟု အံ့ဩစိတ်လှုပ်ရှားနေသော ကလေးများကဲ့သို့ ကျွန်မတို့လည်း ခရီးဆုံးထိရောက်ရန် သည်းခံနေရဦးမည်ဟုစိတ်မရှည်နိုင်ဖြစ်တတ်သည်။

ကျွန်မတို့အသက်တာတွင် ဘုရားသခင်ပါဝင်လုပ်ဆောင်ရန် (သို့) ရင်ဆိုင်နေရသည့် ဒုက္ခများမှကယ်တင်ရန် စောင့်ဆိုင်းရခြင်းက စိန်ခေါ်မှုဖြစ်သည်။ ဆာလံ ၂၇ တစ်ခန်းလုံးတွင် ဒါဝိဒ်မင်းကြီးသည် အခက်အခဲ ပေါင်းစုံကို ရင်ဆိုင်နေရပြီး၊ ဘုရားသခင်ထံ မျှော်လင့်ကိုးစားလျက် ကိုယ်တော်တုံ့ပြန်လာမည့် အချိန်အထိ စောင့်စားခဲ့သည်။ ဘုရားသခင်၏တုံ့ပြန်မှုသည် မည်မျှကြာနေဦးမည်ကို သူမသိသော်လည်း ဘုရားသခင်သည် သူ့အား ကူညီမစမည်ကို သူသေချာစွာသိသည်။ “အကယ်စင်စစ်…

အဲဒါ ကျွန်တော်လုပ်တာ

ဟာသရုပ်ရှင်ဇာတ်ကားဟောင်းတစ်ခုတွင် ကို့ယို့ကားယားနိုင်ပြီး ထက်မြက်သော အစီအစဉ်မှူးတစ်ဦးသည် ပထမဦးဆုံးအင်္ဂါဂြိုဟ်သို့လူလိုက်ပါသောခရီးစဉ်အတွက် ရွေးချယ်ခြင်းခံခဲ့ရသည်။ သူသည် အူတူတူနှင့် ဆက်တိုက် အမှားများပြုမိပြီး သူ့ဝသီအတိုင်း “ငါလုပ်တာမဟုတ်”ဟု လွတ်ကနဲ ထထအော်သည်။ သူနှင့် အာကာသယာဥ်မှူးတို့ ဂြိုဟ်ကြီးပေါ်သို့ ခြေချရန်ပြင်ဆင်နေချိန်တွင် အစီအစဉ်မှူးသည် လှေခါးထိပ်မှ ချော်ကျပြီး ဂြိုဟ်မျက်နှာပြင်ပေါ်သို့ သူ့အဖော်ထက်အရင် ပြုတ်ကျသွားသည်။ သို့နှင့် အင်္ဂါဂြိုဟ်ပေါ်တွင် ပထမဦးဆုံးပြောသောစကားမှာ “ငါ လုပ်တာမဟုတ်”ဟူသတည်း။

၎င်းသည် ရယ်စရာတစ်ခုဖြစ်သော်လည်း အစီအစဉ်မှူးပြောသောစကားက စိတ်ထဲစွဲစေသည့် အမှန်တရားပင်ဖြစ်သည်။ အဘက်ဘက်က ဝိုင်းအပြစ်တင်သောအခါ ကျွန်ုပ်တို့၏တုံ့ပြန်မှုက “ငါလုပ်တာမဟုတ်”ဟူသောအပြောနှင့် တူနေလိမ့်မည်။

ကျွန်ုပ်တို့၏နာခံမှုကို ဘုရားသခင်လိုလားသည်။ သို့သော် ကျွန်ုပ်တို့သည် အလွယ်တကူ နာခံတတ်သောအကျင့် မရှိခြင်းကို ကိုယ်တော်သိရှိသည်။ (ဝတ် ၂၆:၁-၁၃) တွင် ဘုရားသခင်သည် ဣသရေလလူမျိုးအတွက် အစီအစဉ်ရေးဆွဲထားပြီး၊ သူ၏ပညတ်ကိုကို လိုက်နာပါက “သင်တို့ကို ငါစောင့်မသဖြင့် တိုးပွားများပြားစေ၍ သင်တို့နှင့် ငါပြုသော…

သခင်ယေရှုထံမှလာသော ဝမ်းမြောက်ခြင်း

နန်စီ၏ ကင်ဆာရောဂါကို ကုသရာ၌ သူမ၏ပါးစောင်တွင် ပြည်တည်နာများစွာရှိနေပြီး၊ ပေါင်မုန့် အနည်းငယ်မျှကိုပင် မျိုမချနိုင်အောင် ခံစားရသည်။ နာကျင်မှုရက်ပေါင်းများစွာအတွင်း အစာအိမ်ကို ဖြည့်တင်းရန် နွားနို့ကိုသာ မှီဝဲနေရသည်။ အသက် ၆၀ အရွယ် သူမအတွက် သခင်ယေရှုကို သိကျွမ်းခြင်းနှင့် သူ့မြေးများက သူမ၏မျက်နှာတွင် အပြုံးပန်းဝေဆာစေသည့်အရာများဖြစ်သည်။ မြေးများနှင့် အပတ်စဉ် တွေ့ရခြင်းဖြင့် သူမ၏အခြေအနေအပေါ် အာရုံမရောက်တော့ပါ။ “သူတို့လေးတွေကြောင့်သာမဟုတ်ခဲ့ရင် ကျွန်မလက်လျှော့လိုက်တာကြာပြီ”ဟုသူမက ပြောသည်။

တမန်တော်ကြီးရှင်ပေါလုကလည်း သူ၌အခက်အခဲမည်မျှ ရှိနေပါစေ၊ သခင်ယေရှုနှင့်အခြားသူများအားဖြင့် ဝမ်းမြောက်မှုကို သူတွေ့ရှိခဲ့သည်။ သခင်ယေရှုနှင့်ကိုယ်တော်အတွက်အသက်ရှင်ရခြင်းမှ ဝမ်းမြောက်ခြင်းကို ရရှိခြင်းဖြစ်သည်။ အကျဉ်းချခံနေရစေကာမူ (ဖိ ၁:၁၃) အခြားသူများကို အားပေးနှိုးဆော်နိုင်သောခွန်အား ရရှိခဲ့သည်။ အခြားသူများနှင့်မိတ်ဖက်လျက် သခင်ယေရှု၏ သတင်းကောင်းကို ဝေငှခြင်း၊ သေခြင်းတစ်ဘက်တွင် သူ့အား မည်သည့်အရာ စောင့်ကြိုနေကြောင်းကို သိရှိခြင်း (:၃-၅၊ ၁၈၊ ၂၀) မှ သူခံစားရသည့်…