အမျိုးအစား  |  odb

ရှေဗန၏သင်္ချိုင်း

အိုင်ယာလန်ကဗျာဆရာ ဒဗလျူ ဘီ ရိစ် (W.B.Yeats) သည် သူသေဆုံးပါက တောင်ထိပ်၌မြေပြန့်သည့် ထည်ဝါသည့်“ဘန်ဘူလ်ဘန်တောင်ခြေ၌” သူကို မြှုပ်နှံပေးစေလိုပြီး၊ သူနောက်ဆုံးရေးစပ်ခဲ့သောကဗျာများထဲမှတစ်ပုဒ်၏ခေါင်းစဥ်ကို ထိုနာမည်ပေးခဲ့သည်။ ထိုကဗျာ၏အဆုံးသတ်စာသား “ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းအပေါ်/ မသိလိုက်ဘာသာ အလေးမထားနဲ့ / ကျွန်ုပ်တို့ သေလွန်သွားလည်း ဘဝများ ဆက်ပြီးရှင်သန်နေဦးမှာပဲ”ကို သူ့အုတ်ဂူကျောက်တိုင်၌ ရေးထိုးထားသည်။

ထိုစာသား၏အဓိပ္ပာယ်အပေါ် မှန်းဆချက်များစွာ ရှိခဲ့သည်။ အသက်ရှင်ခြင်းနှင့် သေခြင်းတရား၏ လက်တွေ့သဘောသဘာဝကို ကဗျာဆရာက အသိ အမှတ်ပြုခြင်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သူ့အား မြှုပ်နှံပေးရမည့်နေရာနှင့် သူ့အုတ်ဂူကျောက်တိုင်၌ မည်သည့်စာရေးထွင်းရမည်ဆိုသည့် ရိစ်၏ဆန္ဒ ပြည့်ဝခဲ့သည်။ စိတ်မချမ်းမြေ့စရာအမှန်တရားမှာ ကျွန်ုပ်တို့၏ထွက်ခွာမှုကို စိတ်မဝင်စားဘဲ ကျွန်ုပ်တို့ မပါဘဲ ဘဝအသက်တာသည် ဆက်လက်ရှင်သန်နေမည်ဖြစ်သည်။

ယုဒနိုင်ငံသမိုင်း၏ သေရေးရှင်ရေးတမျှဖြစ်သောကာလ၌ “နန်းတော်အုပ်” ရှေဗနသည် သူသေပြီးနောက် အမွေ ချန်ရစ်နိုင်ရန် သူ့အတွက် အုတ်ဂူတစ်ခုကို ပြုလုပ်ခဲ့သည်။ “သင်သည် ဤအရပ်၌ သင်္ချိုင်းတွင်းကို ကိုယ်အဖို့…

အချိန်တိုင်း အရေးပါသည်

၁၉၁၂ ခုနှစ် ဧပြီတွင် တိုက်တန်းနစ် (Titanic)သင်္ဘောသည် ရေခဲစိုင်ကြီးနှင့်တိုက်မိသွားသည့်အခါ သင်းအုပ်ဆရာ ဂျွန်ဟာပါ(John Harper)က အနည်းငယ်သာရှိသော အသက်ကယ်လှေတစ်စီးပေါ်၌ သူ၏ ၆ နှစ်သမီးငယ်အတွက် နေရာတစ်နေရာစာရခဲ့သည်။ သူသည် သူ၏အသက်ကယ်အင်္ကျီကို အခြားခရီးသည်တစ်ဦးအား ပေးခဲ့ပြီး၊ သူ့ကိုနားထောင်သူကို တရားဟောခဲ့သည်။ သင်္ဘောမြှုပ်သွားပြီး ရာနှင့်ချီသောသူများက ရောက်လာမည့်ပုံ မပေါ်သည့် ကယ်ဆယ်ရေးအဖွဲ့ကို စောင့်နေခဲ့စဉ် ဟာပါသည် လူတစ်ယောက်ပြီး တစ်ယောက်ထံသို့ ရေကူးသွား၍ “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ သင် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်” ဟု ပြောခဲ့သည် (တ ၁၆: ၃၁)

ကနေဒါနိုင်ငံ အွန်ထယ်ရီယိုမြို့တွင် တိုက်တန်းနစ်သင်္ဘောမှ လွတ်မြောက်လာခဲ့သူများ တွေ့ဆုံပွဲလုပ်သောအခါ လူတစ်ယောက်က သူ့ကိုယ်သူ “ဂျွန်ဟာပါကြောင့် ပြောင်းလဲခဲ့သည့် နောက်ဆုံးသူ” ဟု ဆိုခဲ့သည်။ ဟာပါ ပထမအကြိမ်ဖိတ်ခေါ်မှုကို   ထိုသူ ငြင်းဆန်ခဲ့ပြီး၊ နောက်တစ်ကြိမ် မေးသောအခါမှ ခရစ်တော်ကို…

ရက်ရောသောနှလုံးသားဖြင့် ‌ပေးကမ်းခြင်း

ကျွန်တော့်အမျိုးသမီး စူးက သူတစ်ပတ်တစ်ကြိမ်ဦးဆောင်သော ကျောင်းလွတ်ချိန် ကျမ်းစာလေ့လာရေးအဖွဲ့မှ ကလေးများအား စစ်ဒဏ်ခံနေရသော ယူကရိန်းနိုင်ငံမှ ကလေးများကို ကူညီရန်အတွက် ငွေကြေးလှူဒါန်းရန် တောင်းဆိုခဲ့သည်။ စူးက ထိုပရောဂျက်အကြောင်းကို ကျွန်တော်တို့၏ ၁၁ နှစ်အရွယ်မြေးမလေးမက်ဂီအား ပြောပြပြီးနောက် တစ်ပတ်အကြာတွင် သူမက ကျွန်တော်တို့အား စာအိတ်တစ်အိတ်ပေးခဲ့သည်။ ထိုစာအိတ်ထဲတွင် ၃.၄၅ဒေါ်လာပါပြီး၊“ယူကရိန်းက ကလေးတွေအတွက်၊ ဒါက သမီးမှာရှိတာအကုန်ပဲ။ နောက်မှသမီးထပ်ပို့ပါ့မယ်” ဟု ရေးထားသော စာလည်းပါရှိသည်။

မက်ဂီကို ကူညီသင့်သည်ဟု စူးက မပြောခဲ့ပါ။ သို့သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်က သူမကို လှုံ့ဆော်ခဲ့သည်။ သခင်ယေရှုကို ချစ်၍ သခင့်အတွက် ရှင်သန်လိုသော မက်ဂီကလည်း တုံ့ပြန်ခဲ့သည်။

ရက်ရောသောနှလုံးသားမှလာသည့် ဤလက်ဆောင်ငယ်လေးအကြောင်း စဉ်းစားသော် ကျွန်တော်တို့ များစွာ သင်ယူနိုင်သည်။ ၎င်းသည် စွန့်ကြဲခြင်းနှင့် ပတ်သက်၍ ကောရိန္သုဩဝါဒစာဒုတိယစောင် ၉ မှ ရှင်ပေါလု၏သွန်သင်ချက်ကို ထင်ဟပ်နေသည်။ ရှေ့ဦးစွာ တမန်တော်ကြီးက…

မိမိတွင်ရှိသော အခြားကိုးကွယ်ရာများ

သမ္မာကျမ်းစာလေ့လာရေးအဖွဲ့မှ အမျိုးသားများသည် အသက် ၈၀ နီးပါးရှိကြပြီဖြစ်၍၊ သူတို့က ကာမဂုဏ်နှင့် ရုန်းကန်နေရဆဲဖြစ်ကြောင်း ကျွန်တော်သိရသော အခါ အံ့ဩခဲ့မိသည်။ သူတို့ပျိုရွယ်စဉ်က စတင်ခဲ့သော တိုက်ပွဲသည် တဝဲလည်လည် ကျန်နေဆဲဖြစ်သည်။ ဤကဏ္ဍ၌ သခင်ယေရှုနောက်သို့ လိုက်ပါမည်ဟု သူတို့နေ့စဥ် ကတိပြုကြပြီး သူတို့ကျရှုံးခဲ့ချိန်များအတွက် ခွင့်လွှတ်မှုကို တောင်းခံကြသည်

ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော အမျိုးသားများက ဘဝနေဝင်ချိန်မှာပင်လျှင် ဇာတိသွေးဆောင်မှုများနှင့် တိုက်ခိုက်နေရခြင်းက အံ့ဩစရာပင်။ သို့သော် အံ့ဩစရာ မဖြစ်သင့်ပါ။ ကျွန်တော်တို့၏အသက်တာများတွင် ဘုရားသခင်၏နေရာကို အစားထိုးရန် ခြိမ်းခြောက်နေသောအရာတိုင်းသည် အခြားသော ကိုးကွယ်ရာများ ဖြစ်ပြီး၊ ၎င်းသည် မိမိ၌မရှိတော့ဟုထင်မှတ်ပြီး အချိန်ကြာပြီးမှ ပြန်ပေါ်လာနိုင်သည်။

ကျမ်းစာထဲ၌ ယာကုပ်သည် သူ့ဦးလေး လာဗန်နှင့် သူ့အစ်ကို ဧသောတို့လက်မှလွတ်မြောက်ခဲ့သည်။ ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ရန်နှင့် သူ၏များပြားသောကောင်းချီးများအတွက် ချီးမွမ်းရန် ဗေသလအရပ်သို့ သူပြန်လာခဲ့သော်လည်း သူ၏ မိသားစုက တစ်ပါးအမျိုးသားတို့၏ဘုရားများကို ကိုးကွယ်နေဆဲဖြစ်၍ ယာကုပ်က…

စွန့်ကြဲခြင်း၌ ပျော်ရွှင်ခြင်း

ကယ်ရီ၏သားငယ်သည် ကြွက်သားကြုံလှီ နာတာရှည်ရောဂါကြောင့် နောက်တစ်ကြိမ် ထပ်မံ၍ ခွဲစိတ်ရသောအခါ သူမသည် အခြားသူတစ်ဦးအတွက် တစ်ခုခုကို လုပ်ဆောင်ပေးရင်း သူမ၏မိသားစုအခြေအနေမှ စိတ်အာရုံလွှဲလိုခဲ့သည်။ ထို့ကြောင့် သူမသည် သူမ၏သားနှင့် မတော်တော့သော်လည်း အကောင်းနီးပါးရှိသည့်ဖိနပ်များကို စုဆောင်း၍ အဖွဲ့အစည်းတစ်ခုသို့ လှူခဲ့သည်။ သူမ၏အလှူကြောင့် မိတ်ဆွေများ၊ မိသားစုဝင်များသာမက အိမ်နီးချင်းများကပါ ပါဝင်လာခဲ့ကြပြီး အချိန်တိုအတွင်းတွင် ဖိနပ်အရံ ၂၀၀ ကျော်ကို လှူဒါန်းဖြစ်ခဲ့ကြသည်။

ဖိနပ်လှူဒါန်းခြင်းမှာ အခြားသူများကောင်းချီးဖြစ်စေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း သူမ၏မိသားစုတွင် ပို၍‌ကောင်းချီးဖြစ်ခဲ့သည်ဟု ကယ်ရီ ခံစားခဲ့ရသည်။ “ဒီအတွေ့အကြုံကြောင့် ကျွန်မတို့စိတ်အားတတ်ကြွလာခဲ့ပြီး ကျွန်မတို့က အပြင်ဘက်ကို အာရုံစိုက်တတ်လာခဲ့တယ်” ဟု သူမက ဆိုသည်။

သခင်ယေရှုနောက်လိုက်များအနေဖြင့် ရက်ရောစွာ စွန့်ကြဲခြင်းသည် မည်မျှအရေးပါကြောင်းကို ရှင်ပေါလု နားလည်ခဲ့သည်။ သူသည် ယေရုရှလင်မြို့သို့ အသွားတွင် ဧဖက်မြို့၌ တစ်ထောက်နားခဲ့သည်။ ထိုမြို့ရှိ သူတည်ထောင်ခဲ့သော အသင်းတော်မှလူများနှင့် ယခုတွေ့ဆုံခြင်းသည် နောက်ဆုံးဖြစ်နိုင်ကြောင်း သူသိခဲ့သည်။…

ဘုရားသခင်အား ‌ကျေးဇူးတင်ပါ

ကျွန်မသူငယ်ချင်းသည် စိတ်ဖိစီးမှုများသော သူမ၏ဆေးရုံအလုပ်မှ ပြန်လာရင်း၊ သူ့နည်းတူ စိတ်ဖိစီးမှုများသောအလုပ်မှ သူမ၏ခင်ပွန်း ပြန်မရောက်လာမီ ညစာ အတွက် ဘာပြင်ရမည်နည်းဟု တွေးနေသည်။ တနင်္ဂနွေနေ့က ကြက်သားဟင်း ချက်စားခဲ့ပြီး စားမကုန်ဘဲ ကျန်သည့်ဟင်းကို တနင်္လာနေ့တွင် နွေးစားခဲ့သည်။ ထို့နောက် အင်္ဂါနေ့တွင်လည်း ကြက်သားကင် စားခဲ့ကြသည်။ ရေခဲသေတ္တာထဲ၌ ငါး ၂ ကောင်ရှိသော်လည်း သူမယောက်ျားက ငါးဟင်းမကြိုက်ပါ။ အချိန်တိုတွင်း ချက်ပြုတ်ပြီးစီးနိုင်မည့် အခြားအရာရှာမရသဖြင့် ငါးဟင်းသာ ချက်လိုက်သည်။

သူမသည် ဟင်းပွဲကို စားပွဲပေါ်တင်လိုက်ရင်း အခုမှအိမ်ပြန်ရောက်လာသည့် သူမခင်ပွန်းအား“ရှင် ဒီဟင်းကို မကြိုက်မှန်း ကျွန်မသိပါတယ်”ဟု တောင်းပန် စကားဆိုရာ၊ သူမယောက်ျားက ပြန်မော့ကြည့်လိုက်ပြီး “မိန်းမရယ်၊ စားပွဲပေါ်စားစရာတွေ ရှိနေတာကိုပဲ ကိုယ်ဝမ်းသာပါတယ်” ဟု ဆိုလိုက်သည်။

မည်သည့်အရာပင် ဖြစ်နေပါစေ၊ ဘုရားသခင်ထံတော်မှ ကျွန်မတို့ နေ့စဉ်
ရရှိသည့်ပံ့ပိုးမှုများအတွက်
ကျေးဇူးသိတတ်ရန်၊ ကျေးဇူးတင်တတ်ရန် အရေးကြီးကြောင်း ထိုသူ၏စိတ်သဘောထားက…

ဘုရားရှင်၏ နှစ်သက်မှုနှင့် ချစ်မေတ္တာကို ခံရခြင်း

ဖေ့စ်ဘွတ်ခ် (Facebook) ပေါ်ရှိ နှစ်သက်ခြင်းကိုပြသည့် သေးငယ်သောလက်မထောင်ခြင်းသည် ကျွန်ုပ်တို့နှင့်အမြဲရှိနေသည်ဟု ခံစားရသည်။ သို့သော် ဤထောက်ခံသင်္ကေတသည် ၂၀၀၉ ခုနှစ်မှ ပေါ်လာကြောင်း တွေ့ရှိရသည်။

လိုက်ခ်”(Like)ကို တီထွင်သူ ဒီဇိုင်နာ ဂျတ်စတင် ရိုစန်စတိန်း (Justin Rosen-stein) က “လူအချင်းချင်း ဖြိုဖျက်ကြမည့်အစား အချင်းချင်း မြှင့်တင်ပေးသည့်ကမ္ဘာ” ကို ကူညီဖန်တီးပေးချင်သည်ဟု ဆိုခဲ့သည်။ သို့သော် သူ၏ တီထွင်မှုက အသုံးပြုသူများ၏ ကျန်းမာရေးကို ထိခိုက်စေသော ဆိုရှယ်မီဒီယာစွဲလမ်းမှုကို ဖြစ်စေခဲ့၍ ရိုစန်စတိန်းက စတင်ညည်းတွားလာတော့သည်။   

ရိုစန်စတိန်း၏ဖန်တီးမှုသည် ‌စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနှင့် ‌ပေါင်းသင်းဆက်ဆံရေးကို လိုအပ်သည့် ကျွန်ုပ်တို့၏ဗီဇသဘောကို ရည်ညွှန်းနေသည်ဟု ကျွန်ုပ်ထင်မိသည်။ အခြားသူများက ကျွန်တော်တို့ကို သိကြောင်း၊ သတိပြုကြောင်း၊ နှစ်သက်ကြောင်း စသည်ဖြင့် ကျွန်တော်တို့ သိလိုသည်။ “လိုက်ခ်” က အသစ်အဆန်းဖြစ် သည်။ သို့သော် ကျွန်တော်တို့၏ သိလိုသည့်၊ မိမိကိုလူတို့သိစေလိုသည့်…

ဆာငတ်ပြီး ကျေးဇူးတော်ကို ချီးမွမ်းတတ်သော

ကျွန်တော်နှင့် သူငယ်ချင်းနှစ်ယောက်တို့ မသေမီလုပ်လိုသောအရာများစာရင်းမှ လုပ်ပြီးသွားသည့်အရာများကို ဖျက်နေကြသည်။ Grand Canyon အပျော်ခြေလျင်ခရီးသွားခြင်း။ ကျွန်တော်တို့၏ ခြေလျင်ခရီးစတင်စဉ် ရေ လောက်ပါ့မလားဟု တွေးရင်းနှင့်ပင်၊ ရေမြန်မြန်ကုန်သွားခဲ့သည်။ တောင်ကမ်းပါးသို့ရောက်အောင်သွားရမည့်ခရီး ရှိနေသေးသော်လည်း ရေလုံးဝပြတ်သွားသည်။ မောပန်းမှုနှင့်အတူ ဆုတောင်းမိသည်။ ထို့နောက် ထောင့်ချိုးတစ်နေရာသို့ ‌ရောက်သော် အံ့ဖွယ်ရာဟု မှတ်သားခဲ့သည့်အရာ ဖြစ်ပျက်ခဲ့သည်။ ကျွန်တော်တို့သည် ကျောက်ကြား၌လျှိုထည့်ထားသည့် ရေသုံးပုလင်းနှင့်စာတိုကလေးကို  တွေ့လိုက်ရပြီး၊ “သင် ဒါကို လိုအပ်မယ်ဆိုတာ သိနေတယ်။ ပျော်ရွှင်စွာ သုံးဆောင်ပါ”ဟု ရေးထားသည်။ ကျွန်တော်တို့ တစ်ဦးကိုတစ်ဦးကြည့်ပြီး မယုံ နိုင်လောက်အောင် ဖြစ်လျက်၊ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း တီးတိုးပြောကာ အလွန်လိုအပ်နေသော ရေနှစ်ငုံစာကို သောက်ပြီးနောက် နောက်ဆုံးလမ်းပိုင်းခရီးကို နှင်ခဲ့ကြသည်။ ဤမျှလောက် ရေငတ်ပြီး ကျေးဇူးတင်မိခြင်းကို ကျွန်တော်၏ဘ၀တွင် တစ်ခါမျှမဖြစ်ခဲ့ဖူး၊ မကြုံခဲ့ဖူးပါ

ဆာလံဆရာ၌ ကရန်းကင်ရွန် အတွေ့အကြုံမရှိငြားလည်း၊ သမင်တစ်ကောင် ရေငတ်ပြီး ကြောက်လန့်သောအခါ မည်သို့ပြုမူသည်ကို သူသိကြောင်း…

ခရစ်တော်အားဖြင့် စင်ကြယ်ခြင်း

ကျွန်မ၏ပထမဆုံး ရေတိုသာသနာပြုခရီးစဉ်မှာ ဘရာဇီးနိုင်ငံ အမေဇုန်တော ရှိ မြစ်ကမ်းနား၌ ဘုရားကျောင်း တည်ဆောက်ရာတွင် ကူညီရန်ဖြစ်သည်။ မွန်းလွဲပိုင်းတစ်ခု၌ ထိုဒေသရှိ ရေစစ်ကိရိယာရှိသည့် အိမ်အနည်းစုမှ တစ်အိမ်သို့ ကျွန်မတို့ သွားရောက်ခဲ့သည်။  အိမ်ရှင်က နောက်နေသောတွင်းရေကို ဆန်းပြားစွာတီထွင်ထားသောရေစစ်ကိရိယာထဲ လောင်းထည့်လိုက်ရာ၊ မိနစ်ပိုင်းအတွင်း အညစ်အကြေးအားလုံးကို ဖယ်ရှားပြီး သန့်ရှင်းကြည်လင်သွားကာ သောက်ရေသန့် ထွက်ပေါ်လာသည်။ ထိုနေရာ၊ ထိုလူ၏ဧည့်ခန်းထဲ၌၊ ခရစ်တော်အားဖြင့် စင်ကြယ်စေခြင်း၏အဓိပ္ပာယ်ကိုထင်ဟပ်နေကြောင်း တွေ့ခဲ့ရပါသည်။

မိမိ၏အပြစ်နှင့် အရှက်တရားဖြင့် သခင်ယေရှုထံ ဦးဆုံးလာခဲ့စဉ် ကျွန်မတို့အား ခွင့်လွှတ်ရန် တောင်းလျှောက်လျက်၊ ကိုယ်တော်အား မိမိတို့၏ကယ်တင်ရှင် အဖြစ် လက်ခံယုံကြည်သောအခါ၊ ကိုယ်တော်သည်  အပြစ်များကို စင်ကြယ်စေပြီး ကျွန်မတို့အား အသစ်ဖြစ်စေပါသည်။ ညစ်ပတ်နေသောရေကို သန့်ရှင်းသောသောက်ရေအဖြစ်သို့ ပြောင်းလဲစေသကဲ့သို့ ကျွန်မတို့ကို သန့်ရှင်းစင်ကြယ်စေ သည်။ သခင်ယေရှု၏ကိုယ်ကျိုးစွန့်လွှတ်ပူဇော်မှုကြောင့် ကျွန်မတို့သည် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သူဖြစ်လျက် (၂ ကော ၅:၂၁)၊ အရှေ့မျက်နှာစွန်းနှင့် အနောက်မျက်နှာစွန်း…

ရက်ရက်ရောရော ပေးကမ်းခြင်းနှင့် ဝေမျှခြင်း

ကျွန်တော့်ဇနီးကာရီ နှင့် ကျွန်တော်တို့၏ အဆင့်မြင့်ပညာရေးသင်ယူမှု ပြီးဆုံးသွားသောအခါ၊ အကြွေးဒေါ်လာထောင်ပေါင်းများစွာ တင်ခဲ့ပြီး၊ ၎င်းကိုသက်သာသော အတိုးနှုန်းဖြင့်  ချေးငွေရယူကာ အကြွေးဆပ်ရန် လိုအပ်သည်။ ဒေသခံဘဏ်တွင် ချေးငွေ လျှောက်ထားသော်လည်း ကျွန်တော်တို့သည် ထိုမြို့၌ ကြာမြင့်စွာမနေထိုင် သောကြောင့် (သို့) အလုပ်မလုပ်သောကြောင့် ငြင်းပယ်ခံခဲ့ရသည်။ ရက်အနည်းငယ် အကြာတွင်၊ ဖြစ်ပျက်ခဲ့သမျှကို ကျွန်တော်တို့၏အသင်းတော်လူကြီးဖြစ်သည့် ကျွန်တော်၏မိတ်ဆွေ မင်း(Ming)ကို ပြောပြခဲ့သည်။ “ကျွန်တော့်ဇနီးကို ဒီအကြောင်း ပြောပြချင်တယ်”ဟု သူပြောခဲ့သည်

နာရီအနည်းငယ်ကြာပြီးနောက် ဖုန်းမြည်လာပြီး၊ မင်းက မင်းလိုအပ်နေတဲ့ငွေကို အန်းနဲ့ကျွန်တော် အတိုးမဲ့ ချေးပေးချင်ပါတယ်” ဟု ကမ်းလှမ်းခဲ့သည်။ ကျွန်တော် ဘာပြောရမှန်း မသိဖြစ်ကာ “ဒီလိုချေးပေးဖို့ ကျွန်တော်က ခင်ဗျားကို တောင်းဆိုလို့ မရဘူးလေ” ဟု ပြန်ပြောလိုက်သည်။ “မင်းတောင်းဆိုတာ မဟုတ်ဘူးလေ” ဟု မင်းက ပျော်ရွှင်စွာ ပြန်ဖြေခဲ့သည်။ ကျွန်တော်တို့ကို သူတို့‌ေငွေချေးပေးခဲ့ပြီး၊ ကာရီနှင့် ကျွန်တော်လည်း…