အမျိုးအစား  |  odb

ခရစ်တော်အတွက် စိတ်လှုပ်ရှားမှုကို ဝေမျှပါ

ကျွန်ုပ်တို့၏အိမ်နီးချင်း ဟင်နရီနှင့် ပထမဆုံးတွေ့စဥ်က သူလွယ်ထားသည့် အိတ်ထဲမှ ဟောင်းနွမ်းနေသော ကျမ်းစာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်ပြီး တောက်ပ သော မျက်လုံးများဖြင့် ကျမ်းစာလေ့လာဆွေးနွေးချင်လားဟု မေးခဲ့သည်။ ကျွန်ုပ်တို့ ခေါင်းညိတ်လိုက်ပြီး၊ အမှတ်အသားပြုထားသော စာပိုဒ်အချို့ကို သူလှန်လိုက်သည်။ သူ၏လေ့လာတွေ့ရှိချက်များနှင့် ပြည့်နှက်နေသော မှတ်စုစာအုပ်တစ်အုပ်ကို ကျွန်ုပ်တို့အား ပြပြီး အခြား ဆက်စပ်သော အချက်အလက်များ အပြည့်ရှိသည့် ကွန်ပြူတာတင်ပြချက်တစ်ခုကိုလည်း သူပြုလုပ်ထားကြောင်း ပြောပြသည်။

ဟင်နရီသည် ခက်ခဲသော မိသားစုအခြေအနေမှ ကြီးပြင်းလာခဲ့ပြီး၊ အဆိုးဆုံးအချိန်တွင် သခင်ယေရှု၏ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းကို သူ၏ ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်အဖြစ် သူတစ်ဦးတည်းသာ လက်ခံခဲ့ကြောင်း (တ ၄:၁၂) ပြောပြခဲ့သည်။ သမ္မာတရား၏ပညတ်ချက်များကို လိုက်နာရန် သန့်ရှင်းသောဝိညာဥ်တော်၏မစမှုဖြင့် သူ့အသက်တာ ပြောင်းလဲခဲ့သည်။ ဟင်နရီသည် နှစ်ပေါင်းများစွာကတည်းက သူ၏အသက်တာကို ဘုရားရှင်ထံ အပ်နှံခဲ့သော်လည်း သူ၏စိတ်အားထက်သန်မှုသည် လန်းဆန်းတက်ကြွပြီး အားပြည့်နေမြဲဖြစ်သည်။

သခင်ယေရှုနှင့်အတူ နှစ်ပေါင်းများစွာ‌ လျှောက်လှမ်းခဲ့သူ ဟင်နရီ၏စိတ်အားထက်သန်မှုက…

ဘုရားသခင်ပေးသောအရာကို အသုံးပြုခြင်း

သြစတေးလျနိုင်ငံ၊ Brisbane (ဘရစ်ဘိန်) မြို့တော်ခန်းမစီမံကိန်းသည် ၁၉၂၀ ခုနှစ် များအတွင်း ပြောင်မြောက်သောစီမံကိန်းတစ်ခုဖြစ်သည်။ ဒါဝိဒ်မင်းကြီးပန်းပုရုပ် အတွက် Michelangelo (မိုက်ကယ်အန်ဂျယ်လို) အသုံးပြုခဲ့သည့် စကျင်ကျောက်မိုင်း တစ်ခုတည်းမှထွက်ရှိသည့် စကျင်ကျောက်များဖြင့် တည်ဆောက်ထားသောခန်းမ၏အဖြူရောင်လှေကားထစ်များသည် ဝင့်ကြွားလှသည်။ မျှော်စင်ကြီးကလည်း အီတလီနိုင်ငံ၊ Venice (ဗဲနစ်)မြို့ရှိ St. Mark’s Basilica (စိန်မာ့ခ်ဘီစီလီကာ) ဘုရားကျောင်းကို  ထင်ဟပ်နေကာ ၎င်း၏ကြေးနီ အမိုးခုံးသည် ကမ္ဘာ့တောင်ဘက်ခြမ်းတွင် အကြီးဆုံးဖြစ်သည်။ ဆောက်လုပ်သူများက မျှော်စင်ထိပ်၌ ကြီးမားသောငြိမ်းချမ်းရေးကောင်းကင်တမန်ကို အလှဆင်ရန် ရည်ရွယ်ထားခဲ့သော်လည်း ပိုက်ဆံမရှိတော့ပါ။ သို့နှင့် ရေပိုက်သမား Fred Johnson (ဖရက် ဂျွန်စင်)သည် အိမ်သာရေတိုင်ကီ၊ မီးတိုင်ဟောင်းနှင့် သတ္တုအပိုင်းအစများကို အသုံးပြုကာ ထိုမျှော်စင်ထိပ်တွင် နှစ်ပေါင်းတစ်ရာနီးပါးခံသည့် အထင်ကရ သရဖူ အလုံးပုံစံကို ဖန်တီးခဲ့သည်။

ဖရက် ဂျွန်စင် သည် သူ၌ရှိရာကို အသုံးပြုခဲ့သကဲ့သို့ပင် ကျွန်ုပ်တို့၌ရှိသည့် ကြီးငယ်မဟူသောအရာများဖြင့် ဘုရားရှင်၏အမှုတော်တွင် ပါဝင်နိုင်သည်။ ဣသရေလ လူမျိုးကို…

ဘုရားသခင်သည် ကျွန်ုပ်တို့၏ခိုလှုံရာ

ထူးခြားပြောင်မြောက်လှသော ၂၀၁၉ ခုနှစ်တွင် ဖြန့်ချိသည့် ‘Little Women’ (သူငယ်မလေးများ) ရုပ်ရှင်သည် ကျွန်မ၏ ဟောင်းနွမ်းနေသော ထိုဇာတ်လမ်း၏ဝတ္ထုစာအုပ်ကို ပြန်အမှတ်ရစေသည်။ အထူးသဖြင့် ပညာရှိပြီး နူးညံ့သိမ်မွေ့သော မိခင် ဇာတ်ကောင် Marmee (မာမီး)၏ နှစ်သိမ့်စကားများဖြစ်သည်။ သူမ၏ ခိုင်မြဲသောယုံကြည်ခြင်းကို အရင်းခံလျက် သမီးများအတွက် သူမ၏အားပေးစကားများစွာကို ဝတ္ထု၌ သရုပ်ဖော်ထားပုံက ကျွန်မအား ဆွဲဆောင်သည်။ ၎င်းတို့အနက် “ဒုက္ခများနှင့် စုံစမ်းနှောင့်ယှက်မှုများ များစွာရှိနိုင်သော်လည်း ကောင်းကင်ဘုံရှင်အဘ ဘုရား သခင်၏ ခွန်အားနှင့်ကြင်နာမှုကို ခံစားသိရှိရန် သင်ယူပါက ထိုအရာအားလုံးကို သင်ကျော်လွှားနိုင်ပြီး ခံနိုင်ရည်ရှိနိုင်မည်” ဟူသည့်အချက်က ထင်ရှားပေါ်လွင်ခဲ့သည်။

မာမီး၏စကားများက “ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာ နေရကြ၏” (၁၈:၁၀) ဟူသည့် သုတ္တံကျမ်းတွင်တွေ့ရသော အမှန်တရားကို ထင်ဟပ်နေသည်။ ရှေးဟောင်းမြို့များတွင် အန္တရာယ်ကာလအတွင်း ဘေးကင်းရန် ရဲတိုက် (ခံစစ်မျှော်စင်)များကို ဆောက်လုပ်ခဲ့ကြသည်။…

ဘုရားအတွက် ကောင်းသောအမှုများလုပ်ဆောင်ခြင်း

ပုံမှန်အားဖြင့် သူပိုက်ဆံယူသွားလေ့မရှိသော်လည်း အိမ်မှမထွက်မီ သူ၏အိတ်ကပ်ထဲတွင် ငါးဒေါ်လာထည့်သွားရန် ဘုရားသခင် လှုံ့ဆော်နေကြောင်း ပက်ထရစ် ခံစားခဲ့ရသည်။ သူအလုပ်လုပ်သည့်ကျောင်း၏ နေ့လည်စာစားချိန်တွင် အရေးကြီးသော လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးရန် ဘုရားသခင် သူ့အား ပြင်ဆင်ထားခဲ့ကြောင်းကို သူနားလည်ခဲ့သည်။ ဆူညံနေသည့် နေ့လည်စာစားသောက်ခန်းထဲတွင် “(အကူအညီလိုအပ်နေသောကလေး) Scotty (စကော့တီ)က သူ၏အကောင့်ထဲကို ‌ငါးဒေါ်လာထည့်ဖို့ လိုနေတယ်။ အဲဒါမှ ကျန်တစ်ပတ်တာလုံး သူနေ့လည်စာ စားလို့ရမယ်” ဟူသောစကားကို သူကြားလိုက်သည်။ စကော့တီကို ကူညီရန် ပိုက်ဆံပေး လိုက်ချိန်တွင် ပက်ထရစ်ခံစားခဲ့ရသည့် စိတ်ခံစားချက်ကို မြင်ယောင်ကြည့်လိုက်ပါ။

တိတုဩဝါဒစာတွင် ရှင်ပေါလုသည် သခင်ယေရှုကို ယုံကြည်သူများအား “(သူတို့)ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် ” (၃:၅) သူတို့ ကယ်တင်ခြင်း ခံရခြင်း မဟုတ်ကြောင်း၊ သို့သော် သူတို့သည် “ကောင်းသောအကျင့်တို့ကို အမြဲ ကျင့်အံ့သောငှာ သတိပြုရကြမည်”ဖြစ်ကြောင်း (:၈၊ ၁၄ ကိုရှု)…

ဘုရားသခင်၏ သာ၍ကြီးမြတ်သောတန်ခိုးတော်

၁၉၄၅ ခုနှစ် မတ်လတွင် ‘Ghost Army’ (တစ္ဆေစစ်တပ်) သည် အမေရိကန်တပ်ဖွဲ့များ ရိုင်းမြစ်ဖြတ်ကျော်နိုင်ရန် ကူညီပေးခဲ့ပြီး၊ ဒုတိယကမ္ဘာစစ်တွင် အနောက်ပိုင်းစစ်မျက်နှာအတွက် မဟာမိတ်တပ်များ စစ်ဆင်ရေးပြုလုပ်ရန် အလွန်အရေးပါသော ဌာနချုပ်ကို ပေးခဲ့သည်။ စစ်သည်များသည် တစ္ဆေများမဟုတ်ပါ။ ဌာနချုပ် ၂၃ မှ အထူးတပ်သားများဖြစ်ပြီး၊ လူသားစင်စစ်ဖြစ်သည်။ ဤဖြစ်စဉ်တွင် လူ ၁,၁၀၀ ပါသောအဖွဲ့သည် လေမှုတ်တင့်ကားအရုပ်များ၊ ဖောက်ခွဲရေးတပ်ဖွဲ့နှင့် စပီကာများဖြင့် အသံအထူးပြုလုပ်ချက်များ သာမက ထိုထက်ပိုသော လှည့်ကွက်များကို အသုံးပြုကာ လူ ၃၀,၀၀၀ ရှိသကဲ့သို့ လှည့်စား နိုင်ခဲ့သည်။ ‘ဂို့စ်အာမီ’ အဖွဲ့၏ အနည်းငယ်မျှသော အရေအတွက်က ရန်သူများကို ပိုမိုကြီးမားသောတပ်ဟု ထင်မြင်စေပြီး ကြောက်လန့်စေခဲ့သည်။

မိဒျန်လူများနှင့် မဟာမိတ်များသည် ၎င်းတို့၏ရှေ့မှောက်တွင် ညအချိန်၌ ကြီးမားသောတပ်အလား ဘွားခနဲပေါ်လာသည့် သေးငယ်သောစစ်တပ်‌ကြောင့် တုန်လှုပ်ခဲ့ကြသည် (သူကြီး ၇:၈-၂၂)။ တရားသူကြီး၊ ပရောဖက်နှင့်…

သခင်ယေရှုသည် အတွင်းထဲ၌ ကိန်းဝပ်တော်မူ၏

အမေရိကန်ပြည်ထောင်စုအနောက်ခြမ်းရှိ ကျွန်မတို့ပြည်နယ်တွင် နှင်းမုန်တိုင်း ကျစဉ်၊ ကျွန်မ၏မုဆိုးမမိခင်သည် ကျွန်မ၏မိသားစုနှင့်အတူနေထိုင်ပြီး မုန်တိုင်းကို ကျော်ဖြတ်ရန် သဘောတူခဲ့သည်။ သို့သော် နှင်းမုန်တိုင်းကာလ လွန်ပြီးနောက် သူမ၏အိမ်သို့ မပြန်တော့ဘဲ ကျွန်မတို့နှင့်အတူ တစ်သက်လုံး နေထိုင်ခဲ့သည်။ သူမ၏တည်ရှိနေခြင်းသည် အိမ်သူအိမ်သားများအတွက် နည်းအသွယ်သွယ်ဖြင့် အပြုသဘော ပြောင်းလဲပေးသည်။ သူမသည် မိသားစုဝင်များကို အမြော်အမြင်၊ အကြံဉာဏ်နှင့် ဘိုးဘေးဘီဘင်အကြောင်းများဝေမျှရန် နေ့စဥ် အသင့်ရှိနေခဲ့သည်။ သူမနှင့် ကျွန်မ၏ခင်ပွန်းတို့မှာ တူညီသော ဟာသဉာဏ်ရှိခြင်း၊ အားကစားကို အကြိုက်တူခြင်းဖြင့် သူငယ်ချင်းကောင်းများ ဖြစ်လာကြသည်။ သူမသည် ခေတ္တလာနေသည့် ဧည့်သည်တစ်ယောက် မဟုတ်တော့ဘဲ၊ သူမကို ဘုရားသခင်၏အိမ်တော်သို့ခေါ်သွားသည့်တိုင် ကျွန်မတို့၏နှလုံးသားကို အစဉ်ပြောင်းလဲစေသည့် အမြဲတမ်းနှင့် မရှိမဖြစ်လိုအပ်သောသူဖြစ်ခဲ့သည်။

ထိုအတွေ့အကြုံက ရှင်ယေရှုအကြောင်း ယောဟန်၏ဖော်ပြချက်ဖြစ်သော ကိုယ်တော်သည် “ငါတို့တွင် တည်နေတော်မူသည်” (ယော ၁:၁၄) ဟူသည့် အချက်ကို ပြန်လည်အမှတ်ရစေသည်။ မူရင်းဂရိဘာသာတွင် ‘တည်နေသည်’ ဟူသောစကားလုံးသည်…

ခရစ်တော်အတွက် နှလုံးသားတစ်ခု

မင်းပါးစပ်ပိတ်ထားသရွေ့ မင်းဘာအမှားမှ လုပ်မှာ မဟုတ်ဘူးဟု ကိုယ်ကိုယ်ကိုပြောခဲ့သည်။ လုပ်ဖော်ကိုင်ဖက်တစ်ဦး၏စကားကြောင့် နားလည်မှုလွဲခဲ့ပြီးနောက် သူမအပေါ်ကျွန်မ၏ဒေါသကို အပြင်ပန်း၌ ချုပ်တည်းခဲ့သည်။ သူမနှင့် နေ့စဉ်နှင့်အမျှ တွေ့ရသောကြောင့် သူမနှင့်ဆက်ဆံမှုကို ကန့်သတ်ထားရန် (အသံတိတ်ပြုမူခြင်းဖြင့် လက်တုံ့ပြန်ရန်) ကျွန်မဆုံးဖြတ်ခဲ့သည်။ တိတ်ဆိတ်သောပြုမူပုံသည် အဘယ်သို့ မှားနိုင်အံ့နည်း။

သခင်ယေရှုက အပြစ်သည် နှလုံးထဲက ထွက်လာ၏ (မ ၁၅:၁၈-၂၀)ဟု ဆိုခဲ့သည်။ ကျွန်မ၏တိတ်ဆိတ်မှုသည် အားလုံးကောင်းနေသည်ဟု လူအများကို လှည့်စားနိုင်သော်လည်း ဘုရားသခင်ကိုတော့ မလှည့်စားနိုင်ပါ။ ဒေါသနှင့်ပြည့်နေသောနှလုံးသားကို ကျွန်မဖုံးကွယ်ထားသည်ကို ကိုယ်တော်သိသည်။ ကျွန်မသည် ဘုရားသခင်ကိုနှုတ်ခမ်းဖြင့် ချီးမွမ်းသော်လည်း နှလုံးသားများကကိုယ်တော်နှင့် ဝေးကွာနေသည့် ဖာရိရှဲများနှင့် (:၈) တူနေသည်။ ကျွန်မ၏ အပြင်ပန်းသွင်ပြင်သည် ကျွန်မ၏ခံစားချက်အစစ်အမှန်ကို မဖော်ပြသော်လည်း ခါးသီးမှုက ကျွန်ုပ်ရင်ထဲ၌ အကျိတ်အခဲဖြစ်နေသည်။ ကောင်းကင်ဘုံရှင်အဘနှင့် အစဉ်အမြဲ တွေ့ကြုံခံစားခဲ့ရသော ပျော်ရွင်မှုနှင့် ရင်းနှီးမှုများ ကွယ်ပျောက်ခဲ့ပြီ။ အပြစ်ကို ပျိုးထောင်ခြင်းနှင့် ဖုံးကွယ်ခြင်းသည် ဤကဲ့သို့…

ဘုရားရှင်သည် ကျွန်ုပ်တို့ကို ကူညီသကဲ့သို့ ပြောခြင်း

လိပ်ပြာများသည် ကျယ်လောင်သံထွက်သော သတ္တဝါများအဖြစ် သာမန်အားဖြင့် မထင်ရပါ။ လက်တွေ့တွင်လည်း လိပ်ပြာတစ်ကောင်၏တောင်ပံခတ်ခြင်းကို မကြားရပေ။ သို့သော် သူတို့၏ တိုတောင်းသောဘဝ စတင်သည့် မက္ကဆီကိုနိုင်ငံ အမြဲစိမ်းသစ်တောတွင် ၎င်းတို့၏စုပေါင်းတောင်ပံခတ်သံသည် အံ့ဖွယ်ပင် ကျယ်လောင်သည်။ သန်းနှင့်ချီသောလိပ်ပြာများစွာသည် တစ်ချိန်တည်းတွင် ၎င်းတို့၏ တောင်ပံများကို ခတ်လိုက်သောအခါ တစ်ဟုန်ထိုးကျလာသောရေတံခွန်အသံနှင့် တူပေသည်။

ယေဇကျေလ၏ရူပါရုံတွင် ပေါ်လာသည့် မတူညီသော တောင်ပံရှိသတ္တဝါ လေးမျိုးကိုလည်း  အလားတူ သရုပ်ဖော်ထားသည်။ လိပ်ပြာအရေအတွက်ထက် နည်းသော်လည်း သူတို့၏တောင်ပံခတ်သံများကို “သမုဒ္ဒရာရေသံ”နှင့် ခိုင်းနှိုင်းထားသည် (ယေဇ ၁:၂၄)။ ထိုသတ္တဝါများသည် ငြိမ်ဝပ်စွာရပ်လျက် အတောင်တို့ကို နှိမ့်ချသောအခါ ဘုရားသခင်၏စကားတော်ကို ဣသရေလလူတို့အားဟောပြောရန် (ယေဇ ၂:၇) သူ့အားခေါ်တော်မူသော ဘုရားသခင်၏အသံတော်ကို ယေဇကျေလ ကြားခဲ့ရသည်။

အခြားသောဓမ္မဟောင်းပရောဖက်များကဲ့သို့ ယေဇကျေလသည် ဘုရား သခင်၏လူများအား အမှန်တရားပြောရန် တာဝန်ပေးအပ်ခြင်းခံရသည်။ ယနေ့တွင် ဘုရားသခင်သည် ကျွန်ုပ်တို့၏အသက်တာ၌ သူပြုသည့် ကောင်းသောအမှု၏အမှန်တရားကို ကျွန်ုပ်တို့ဝန်းကျင်ရှိသူများအား…

ပိုင်ရှင်လား၊ သို့မဟုတ် ဘဏ္ဍာစိုးလား

“ကျွန်တော်က ပိုင်ရှင်လား၊ သို့မဟုတ် ဘဏ္ဍာစိုးလား။” ဒေါ်လာဘီလီယံပေါင်းများစွာတန်သော ကုမ္ပဏီတစ်ခု၏ CEO အကြီးဆုံးအရာရှိက သူ့မိသားစုအတွက် အကောင်းဆုံးဖြစ်နိုင်မည့်အရာကို ချိန်ဆရင်း သူ့ကိုယ်သူ ထိုမေးခွန်းမေးခဲ့သည်။ များပြားလှသောကြွယ်ဝချမ်းသာမှုများနှင့်အတူ ဖြစ်လာနိုင်သည့် စုံစမ်းနှောင့်ယှက်မှုများအတွက် စိုးရိမ်ကာ သူ၏အမွေဆက်ခံသူများကို ထိုစိန်ခေါ်မှုမျိုးနှင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုခဲ့ပါ။ ထို့ကြောင့် သူသည် ကုမ္ပဏီပိုင်ရှင်အဖြစ်မှ စွန့်လွှတ်ကာ မဲပေးပိုင်ခွင့်ရှိသည့် အစုရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို ယုံမှတ်အပ်နှံငွေအဖွဲ့တစ်ခုတွင် ထားရှိခဲ့သည်။ သူ၌ရှိသမျှသည် ဘုရားသခင်ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုခြင်းက သူ့မိသားစုကို အလုပ်လုပ်ပြီး ဝင်ငွေရှာစေရန်နှင့် အနာဂတ် အကျိုးအမြတ်များကို ခရစ်ယာန်သာသနာအတွက် ငွေကြေးထောက်ပံ့ရန်ဆုံးဖြတ်ချက်ကို ချနိုင်စေခဲ့သည်။

ဆာလံကျမ်း ၅၀:၁၀ တွင် ဘုရားသခင်က သူ၏လူများအား “တောတိရစ္ဆာန်ရှိသမျှတို့နှင့် တစ်ထောင်သောတောင်ပေါ်မှာရှိသော တိရစ္ဆာန်တို့သည်ငါ၏ဥစ္စာဖြစ်ကြ၏”ဟု မိန့်တော်မူ၏။ ဘုရားသခင်သည် အရာခပ်သိမ်း၏ဖန်ဆင်းရှင် ဖြစ်၍ ကျွန်ုပ်တို့အပေါ် မည်သည့်အကြွေးမျှ မတင်သည့်အပြင် ကျွန်ုပ်တို့ထံမှမည်သည့်အရာမျှ မလိုအပ်ပါ။ ဘုရားသခင်က…

ဝတ်ပြုရာကျမ်းပင် ဖြစ်စေဦးတော့...

လေ့လာမည့်အ‌ေကြောင်းအရာခေါင်းစဥ်မှာ ဝတ်ပြုရာကျမ်းဖြစ်ပြီး၊ ကျွန်တော်၌ ဝန်ခံစရာရှိသည်။ “ဒီကျမ်းကို ကျွန်တော် အများကြီး ကျော်ဖတ်ခဲ့တယ်။ အရေပြားရောဂါအကြောင်းတွေကို မဖတ်ချင်တော့ဘူး”ဟု ကျမ်းစာလေ့လာသောအဖွဲ့ကို ပြောခဲ့သည်။

ထိုအခါ ကျွန်တော့်သူငယ်ချင်း ဒေ့ဗ်က “အဲ့ဒီကျမ်းကြောင့် သခင်ယေရှုကို ယုံကြည်ခဲ့တဲ့သူတစ်ယောက်ကို ငါသိတယ်” ဟု ပြောသည်။ သူ့သူငယ်ချင်း ဆရာဝန်
တစ်
ဦးသည် ဘာသာမဲ့တစ်ယောက်ဖြစ်ပြီး၊ သမ္မာကျမ်းစာကို လုံးလုံးလျားလျား သူမငြင်းပယ်မီ သူကိုယ်တိုင် ဖတ်ကြည့်ပါက ကောင်းမည်ဟု သူဆုံးဖြတ်ခဲ့သည်။ ဝတ်ပြုရာကျမ်းတွင် ပါရှိသော အရေပြားရောဂါဆိုင်ရာအပိုင်းသည် သူ့ကိုဆွဲဆောင်ခဲ့သည်။ ၎င်းတွင် ကူးစက်တတ်သော/ မကူးစက်တတ်သော အနာများအကြောင်း အံ့အားသင့်စရာ အသေးစိတ်အချက်အလက်များ (၁၃:၁-၄၆) နှင့် ၎င်းတို့ကို ကုသပုံတို့ ပါဝင်သည် (၁၄:၈-၉)။ ထိုခေတ်က ဆေးပညာ၏သာလွန်မှုကို သူကောင်းကောင်းသိလိုက်ရပြီး၊ ၎င်းသည် ဝတ်ပြုရာကျမ်း၌ ပါရှိသောအရာများဖြစ်နေသည်။ ‘မောရှေသည် ဤအရာအားလုံးကို သူ့ဘာသာသူ သိနိုင်မည်မဟုတ်’ဟု သူထင်သည်။ ထိုအရာများကို…