အမျိုးအစား  |  odb

နိမ့်ကျခဲ့သည်

မာနကို ရှေ့တန်းတင်လျှင် ရံဖန်ရံခါ အရှက်ရမှုနှင့် ကြုံရတတ်ကြောင်း နော်ဝေးနိုင်ငံမှအမျိုးသားတစ်ဦး တွေ့ရှိခဲ့သည်။ အပြေးဝတ်စုံ မဝတ်ထားသည့် လူတစ်ဦးသည် စိတ်ကြီးဝင်လျက် မီတာ (၄၀၀) တန်းကျော်ပြိုင်ပွဲတွင် အနိုင်ရထားသည့် ကမ္ဘာ့ချန်ပီယံ Karsten Warholm (ကာစတန် ဝေါဟုမ်)ကို စိန်ခေါ်ခဲ့သည်။ အားကစားရုံ အတွင်း၌သာ လေ့ကျင့်ရေးဆင်းထားသော ဝေါဟုမ် သည် စိန်ခေါ်မှုကို လက်ခံခဲ့ပြီး သူ့အား အပြတ်အသတ်အနိုင်ယူခဲ့သည်။ ပန်းတိုင်ရောက်သည့်အခါ ထိုလူက အစမကောင်းခဲ့သည့်အတွက် နောက်တစ်ကြိမ်ယှဉ်ပြိုင်လိုကြောင်း ပြောလာသည့်အခါ နှစ်ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံသည် ပြုံးရုံသာပြုံးခဲ့သည်

သုတ္တံကျမ်း ၂၉:၂၃ တွင် “မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချသော သူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်”ဟု ပြောထားသည်။ သုတ္တံကျမ်းတွင် မာနအပေါ် ဘုရားရှင်ကိုင်တွယ်ပုံအကြောင်းအရာသည် ရှောလမုန်မင်းကြီး အနှစ်သက်ဆုံး ခေါင်းစဥ်များအနက် တစ်ခုဖြစ်သည် (၁၁:၂၊ ၁၆:၁၈၊ ၁၈:၁၂)။ ထိုကျမ်းပိုဒ်များတွင်ပါသည့် “ဂုဏ်” (သို့) “မာန်မာန”…

နံရံပေါ်မှကောင်းကင်တမန်များ

Wallace (ဝေါလေ့စ်) နှင့် Mary Brown (မေရီဘရောင်း) တို့သည် အင်္ဂလန်နိုင်ငံ၊ ဘာမင်ဟန် (Birmingham)မြို့တော်၏ နုံချာဆင်းရဲသောဒေသရှိ ပြိုကွဲတော့မည့် အသင်းတော်တစ်ခုတွင် သင်းအုပ်လုပ်ရန် ရွှေ့ပြောင်းခဲ့စဉ် လူဆိုးဂိုဏ်းတစ်စုက ဘုရားကျောင်းနှင့် သင်းအုပ်အိမ်ကို သူတို့စည်းဝေးရာ ဌာနချုပ် လုပ်နေကြကြောင်း သူတို့နှစ်ဦးမသိခဲ့ကြပေ။ ဘရောင်း တို့မိသားစု၏ ပြတင်းပေါက်များ အုတ်ခဲနှင့် အပစ်ခံရသည်။ ခြံစည်းရိုးများ မီးရှို့ခံရပြီး၊ သူတို့၏ကလေးများ ခြိမ်းခြောက်ခံရသည်။ လနှင့်ချီ၍ ခြိမ်းခြောက်ခံရပြီး ရဲများလည်း ဘာမှမလုပ်နိုင်ခဲ့ပေ။

နေဟမိမှတ်စာတွင် ပြိုကျပျက်စီးနေသည့် ယေရုရှလင်မြို့ရိုးကို ဣသရေလ လူမျိုးများ မည်ကဲ့သို့ ပြန်လည်တည်ဆောက်သည်ကို ဖော်ပြထားသည်။ လက်ရှိနေထိုင်နေသူများက ပြဿနာရှာကာ အကြမ်းဖက်ခြိမ်းခြောက်လာသည့်အခါ ဣသရေလလူမျိုးတို့သည် “ဘုရားသခင်ကို ဆုတောင်း၍၊ ရန်သူကြောင့် နေ့ညဉ့်မပြတ် ကင်းစောင့် ထားကြ၏” (နေ ၄:၈-၉)။ ဤကျမ်းပိုဒ်အားဖြင့် ဘုရားသခင် သူတို့ကို လမ်းပြနေသည်ဟု ခံစားရသဖြင့် ဘရောင်း တို့မိသားစုနှင့် လူအချို့တို့သည် ဘုရားကျောင်းနံရံပတ်လည်…

ဘုရားသခင်ထံ စွန့်လွှတ် အပ်နှံခြင်း

လယ်ထဲတွင် မွေးဖွားကြီးပြင်းခဲ့သူ Judson Van DeVenter (ဂျဒ်ဆန်ဗန်ဒီဗန်ဒါ)သည် ပန်းချီပညာ သင်ယူခဲ့ကာ အနုပညာကိုလေ့လာခဲ့ပြီးနောက် အနုပညာဆရာတစ်ယောက် ဖြစ်လာခဲ့သည်။ သို့သော် ဘုရားသခင်ထံတွင် သူ့အတွက် အခြားအကြံအစည်ရှိသည်။ ဘုရားကျောင်းတွင် သူ၏လုပ်ကိုင်ဆောင်ရွက်မှုတို့ကို သူငယ်ချင်းများက တန်ဖိုးထားပြီး ဧဝံဂေလိပြုရန် သူ့အားတိုက်တွန်းခဲ့သည်။ ဘုရားသူ့ကိုခေါ်နေသည် ဟု ဂျဒ်ဆန် ခံစားခဲ့ရသည်။ သို့သော် သူမြတ်နိုးသည့် အနုပညာသင်ခြင်းကို မစွန့်လွှတ်နိုင်ပေ။ ဘုရားနှင့်သူလုံးထွေးခဲ့ရသော်လည်း “နောက်ဆုံး ငါ့ဘဝရဲ့ အဓိကအချိန် ရောက်လာခဲ့ပြီ။ ငါအားလုံးကို အပ်နှင်းလိုက်ပြီ” ဟု သူရေးခဲ့သည်။

သားဖြစ်သူ ဣဇက်ကိုပေးရန် ဘုရားတောင်းသည့်အခါ အာဗြဟံခံစားရမည့် ကြေကွဲမှုကို ကျွန်ုပ်တို့မတွေးရဲပါ။ ဣဇက်ကို မီးရှို့ရာယဇ်အဖြစ်ပူဇော်ရန် ဘုရားရှင်မိန့်သည့် အဖြစ်အပျက်ကို (က ၂၂:၂) သိရသည့်အခါ မည်သည့်အဖိုးတန်ပစ္စည်းများကို ပူဇော်ရန် ကျွန်ုပ်တို့ကို ဘုရားသခင်မိန့်မှာနေသနည်းဟု ကျွန်ုပ်တို့ မိမိကိုယ်ကို ပြန်မေးကြသည်။ အဆုံးတွင် ဣဇက်ကို ဘုရားချမ်းသာပေးကြောင်း (:၁၂) ကျွန်ုပ်တို့သိသော်လည်း…

ဂုဏ်သိက္ခာကို လက်ကမ်းပေးခြင်း

မက်ဂီ (Maggie) ၏ ငယ်ရွယ်သောမိတ်ဆွေသည် အံ့သြထိတ်လန့်ဖွယ်အဝတ်အစားဖြင့် ဘုရားကျောင်းသို့ ရောက်လာသည်။ မည်သူမျှ မအံ့သြပါ၊ သူမသည် ပြည့်တန်ဆာတစ်ယောက်ဖြစ်သည်။ မက်ဂီ၏ဧည့်သည်သည် သူမ၏ ထိုင်ခုံတွင် မသက်မသာ လှုပ်ရှားလျက် အလွန်တိုလွန်းသော စကတ်ကို တလှည့်စီဆွဲကာ သတိရှိစွာဖြင့် လက်နှစ်ဘက်ကို ပိုက်နေလိုက်သည်။

မက်ဂီက သူမ ဝတ်ပုံစားပုံမှ အာရုံပြောင်းကာ “အိုး ညီမအေးနေလား” ဟုလှမ်းမေးလိုက်ပြီး၊ “ဒီမှာ အမရဲ့ပုဝါကိုယူထား”ဟု ပြောလိုက်သည်။

မက်ဂီသည် လူတစ်ဒါဇင်ကျော်ကို ဘုရားကျောင်းသို့လာရန် ဖိတ်ခေါ်ပြီး သက်သောင့်သက်သာရှိစေရန် ကူညီပေးခြင်းဖြင့် သခင်ယေရှုနှင့် မိတ်ဆက်ပေးခဲ့သည်။ သူမ၏နှစ်လိုဖွယ်ကောင်းသော နည်းလမ်းအားဖြင့် ဧဝံဂေလိတရား ထွန်းလင်းခဲ့သည်။ သူမသည် လူတိုင်းကို ဂုဏ်သိက္ခာရှိစွာ ဆက်ဆံခဲ့သည်။

ဘာသာရေးခေါင်းဆောင်များက အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ပြင်းထန်သော (တိကျ‌သေချာသော) စွဲချက်ဖြင့် အမျိုးသမီးတစ်ဦးကို သခင်ယေရှုရှေ့သို့ဆွဲခေါ်လာသောအခါ သူမအား စွပ်စွဲသူများထွက်သွားသည့်တိုင် ခရစ်တော်သည် သူမကို အာရုံမစိုက်ခဲ့ပါ။ လူတို့ ထွက်သွားပြီးသောအခါ သူမကို…

ကျေးဇူးတင်ရှိမှုဖြင့် ပြန်လည်ဆက်သွယ်ပါ

ဦးနှောက်အကျိတ်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် Christina Costa (ခရစ်စတီးနား ကော်စတာ)သည် ကင်ဆာရောဂါနှင့်ရင်ဆိုင်နေရသူများ၏ စကားဝိုင်းသည် တိုက်ခိုက်သည့်စကားများဖြင့် လွှမ်းမိုးနေသည်ကို သတိပြုမိခဲ့သည်။ ဤဥပစာသည် လျင်မြန်စွာ ပင်ပန်းနွမ်းနယ်လာစေသည်ကို သူမတွေ့ရှိခဲ့သည်။ သူမသည် “ကိုယ့်ခန္ဓာကို တစ်နှစ်ကျော်မျှ မတိုက်ခိုက်ချင်ပါ။” ယင်းအစား၊ သူမကို ပြုစုစောင့်ရှောက်ပေးသည့် ကျွမ်းကျင်ပညာရှင်များအဖွဲ့အတွက်၊ သူမ၏ဦးနှောက်နှင့် ခန္ဓာကိုယ်၌ သက်သာမှုမြင်ရခြင်းအတွက် ကျေးဇူးတင်မှုကို နေ့စဉ်အလေ့အကျင့်လုပ်ခြင်းက သူမအတွက် အထောက်ကူ အဖြစ်ဆုံးဖြစ်သည်။ မည်မျှခက်ခဲစွာရုန်းကန်နေရပါစေ၊ ကျေးဇူးသိတတ်သည့်အလေ့အကျင့်များက စိတ်ဓာတ်ကျမှုကို တွန်းလှန်ရာ၌ ပံ့ပိုးပေးသည်။ “ခံနိုင်ရည်ကို တည်ဆောက်ပေးရန် ဦးနှောက်ကို ဆက်သွယ်”ရာ၌ အထောက်အကူပြုကြောင်း သူမကိုယ်တွေ့ခံစားခဲ့ရသည်။

ကော်စတာ ၏ ဇာတ်လမ်းက အစွမ်းထက်သည်။ ကျေးဇူးတင်ခြင်း အလေ့အကျင့်သည် ယုံကြည်သူများ တာဝန်အရလုပ်ရသောအရာမျှသာ မဟုတ်ကြောင်း ကျွန်မအား သတိရစေသည်။ ကျေးဇူးတင်ချီးမွမ်းခြင်းကို ဘုရားသခင် ခံထိုက်သည် မှန်သော်လည်း၊ ၎င်းသည် ကျွန်မတို့အတွက်လည်း အလွန်ကောင်းသောအမှုအရာဖြစ်သည်။ နှလုံးသားများကိုဖွင့်ပြီး “အိုငါ့ဝိညာဉ်၊…

မေတ္တာစွမ်းရည်

Gwendolyn Stulgis (ဂွမ်ဒိုလင်စတားဂျစ်)သည် မင်္ဂလာပွဲနေ့တွင် သူမ စိတ်ကူးယဥ်ထားသော မင်္ဂလာဝတ်စုံကို ၀တ်ဆင်ခဲ့သည်။ ထို့နောက် သူစိမ်းတစ်ယောက်အား ပေးလိုက်သည်။ မင်္ဂလာဝတ်စုံသည် ဗီရိုထဲ၌ ဖုန်တက်ခံရခြင်းထက် ပို၍ပင်ဝတ်ဆင်ထိုက်သည်ဟု  စတားဂျစ် ယုံကြည်သည်။ အချို့သတို့သမီးများလည်း သူနှင့်သဘောထားတူကြသည်။ ယခုအခါ အမျိုးသမီး အများအပြားသည် မင်္ဂလာဝတ်စုံများ လှူဒါန်းရန်နှင့် လက်ခံရန်အတွက် သူမ၏ လူမှုကွန်ရက်တွင် ရင်းနှီးကျွမ်းဝင်လာကြသည်။ လက်ဆောင်ပေးသူတစ်ဦးက “ဒီဝတ်စုံက သတို့သမီးမှ သတို့သမီးသို့ အဆင့်ဆင့် ကူးသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မင်္ဂလာပွဲအတွက် ရည်ရွယ်ထားတဲ့ဝတ်စုံက  မင်္ဂလာပွဲများကို နွှဲရင်း အဆုံးမှာ ဟောင်းနွမ်းပျက်စီးသွားပါစေ” ဟုပြောခဲ့သည်။

စွန့်ကြဲပေးကမ်းခြင်း စိတ်ဝိညာဥ်သည် ဂုဏ်ပြုပွဲခံခြင်းပမာ ခံစားရနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ကျမ်းစာလာသည်ကား “စွန့်ကြဲသော်လည်း ဥစ္စာတိုးပွားတတ်သောသူရှိ၏။ အထောက်မတန် စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သောသူလည်းရှိ၏။ စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရလိမ့်မည်” (သု ၁၁:၂၄-၂၅)။

တမန်တော်ရှင်ပေါလုသည်…

ခရစ်တော်၌ နက်ရှိုင်းသော ခင်မင်မှု

အင်္ဂလန်နိုင်ငံ၊ ကန်းဘရစ်ချ်ရှိ Christ’s College (ခရစ်တော်၏ကောလိပ်) ဘုရားကျောင်းဆောင်တွင် (၁၇) ရာစုမှ သမားတော်နှစ်ဦးဖြစ်သည့် John Finch (ဂျွန်ဖင့်ချ်) နှင့် Thomas Baines (သောမတ်စ်ဘိန်းစ်) အတွက် ရည်စူးသည့် အထိမ်းအမှတ်ကျောက်တိုင်တစ်ခုရှိသည်။ “ခွဲမရသောသူငယ်ချင်းများ” ဟုလူသိများသော ဖင့်ချ် နှင့် ဘိန်းစ် သည် ဆေးသုတေသနတွင် ပူးပေါင်းလုပ်ဆောင်ပြီး၊ သံတမန်ခရီးစဉ်များတွင် အတူ ခရီးထွက်ခဲ့သည်။ ၁၆၈၀ ခုနှစ် တွင် ဘိန်းစ် သေဆုံးသွားသောအခါ  ဖင့်ချ် သည် သူတို့၏ (၃၆) နှစ်ကြာ “စိတ်ဝိညာဉ်များ၏ မပြိုကွဲသော ထိမ်းမြားပေါင်းစည်းခြင်း”အတွက် ဝမ်းနည်းမြည်တမ်းခဲ့သည်။ သူတို့၏ ဆက်ဆံရေး၌ ချစ်ခင်ရင်းနှီးမှု၊ သစ္စာစောင့်သိမှုနှင့် ကတိကဝတ်ပြုသော ခင်မင်မှုရှိသည်။

ဒါဝိဒ်မင်းကြီးနှင့် ယောနသန်တို့သည်လည်း ထိုကဲ့သို့ ခင်မင်ရင်းနှီးခဲ့ကြသည်။ နက်ရှိုင်းသော ချစ်ခင်မှုကို မျှဝေခဲ့ကြသည် (၁ ရာ ၂၀:၄၁)၊ အချင်းချင်း ကတိသစ္စာပြုခဲ့ကြသည် (:၈–၁၇၊…

နှိမ့်ချခြင်း၌ ထူးချွန်သော

ကစားပွဲအပြီးတွင် ကောလိပ်ဘတ်စကက်ဘော ကြယ်ပွင့်တစ်ဦးသည် ခွက်အလွတ်များနှင့် အစားအစာထုပ်များ စွန့်ပစ်ရာတွင် အလုပ်သမားများအား ကူညီရန် နောက်ချန်နေခဲ့သည်။ သူ၏လှုပ်ရှားမှု ဗီဒီယိုဖိုင်ကို ပရိသတ်တစ်ဦးက တင်ခဲ့ရာ ကြည့်ရှုသူ ရှစ်သောင်းကျော်ရှိခဲ့သည်။ လူတစ်ယောက်က “[ဒီလူငယ်]ဟာ ဘဝမှာ တွေ့ဖူးသမျှ အနှိမ့်ချဆုံးလူတွေထဲက တစ်ယောက်ပါ” ဟုမှတ်ချက်ပေးခဲ့သည်။ ထိုကစားသမားအတွက် အသင်းဖော်များနှင့်အတူ ထွက်သွားပြီး အသင်းအောင်ပွဲခံခြင်းက ပို၍လွယ်ကူပါသည်။ ထိုသို့ပြုမည့်အစား သူသည် ကျေးဇူးတင်မခံရသည့် အလုပ်အတွက် စေတနာ့ဝန်ထမ်း လုပ်ခဲ့သည်။

ကောင်းကင်ဘုံရှိ မြင့်မြတ်သောရာထူးကို စွန့်ခွာပြီး မြေကြီးပေါ်ရှိ အစေခံကျွန်၏သဏ္ဌာန်ကို ဆောင်ယူရန် မွေးဖွားလာသော သခင်ယေရှု၌ အတုမရှိသောနှိမ့်ချခြင်းစိတ်ဓာတ်ကို တွေ့ရသည် (ဖိ ၂:၇)။ ထိုသို့လုပ်ရန် မလိုအပ်သော်လည်း၊ သခင်ယေရှုသည် သူ့ကိုယ်သူ လိုလိုလားလား နှိမ့်ချခဲ့သည်။ လောကမြေ၌ သူ၏ အမှုဆောင်ခြင်းများတွင် သွန်သင်ခြင်း၊ အနာရောဂါငြိမ်းစေခြင်း၊ လူတို့ကို ကယ်တင်ရန်နှင့် သေခြင်းမှထမြောက်ခြင်းဟူသည့် လူသားအားလုံးကိုချစ်ခြင်းတို့ ပါဝင်သည်။

ခရစ်တော်၏စံနမူနာက…

ခရစ်တော်ထံ အပြည့်အဝအပ်နှံမှု

၁၉၂၀ တွင် တရုတ်သင်းအုပ်ဆရာတစ်ဦး၏ ခြောက်ယောက်မြောက်သားဖြစ်သူ John Sung (ဂျွန်ဆန်း)သည် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် ပညာသင်ကြားရန် ပညာသင်ဆုရရှိခဲ့သည်။ သူသည် အမြင့်ဆုံးအဆင့်ဖြင့် ဘွဲ့ရခဲ့ပြီး၊ မဟာဘွဲ့ကိုပါ ပြီးမြောက်အောင်မြင်ကာ၊ ပါရဂူဘွဲ့ကိုလည်း ရရှိခဲ့သည်။ သို့သော်လည်း  ပညာရေးနောက် လိုက်လျှောက်စဥ် ဘုရားသခင်ထံမှ သူလမ်းလွဲသွားခဲ့သည်။ ထို့နောက် ၁၉၂၇ ခုနှစ်၊ ညတစ်ညတွင် သူ၏အသက်တာကို ခရစ်တော်ထံ အပ်နှံပြီး တရား‌ဟောဆရာတစ်ပါးဖြစ်ရန် ဘုရားသခင်စေခိုင်းသည်ဟု ခံစားခဲ့ရသည်။

တရုတ်ပြည်တွင် လစာကောင်းသော အလုပ်အကိုင်အခွင့်အလမ်းများစွာ စောင့်ဆိုင်းနေသော်လည်း သူ၏အိမ်အပြန်လမ်း သင်္ဘောပေါ်တွင် သူ၏ရည်မှန်းချက်ပေါင်းများစွာကို ဘေးဖယ်ရန် သန့်ရှင်းသောဝိညာဥ်တော်က သူ့အား စိတ်ချသေချာမှုပေးခဲ့သည်။ သူ၏ဝန်ခံအပ်နှံမှု သင်္ကေတအဖြစ် သူ၏ဆုတံဆိပ်‌အောင်လက်မှတ်များအားလုံးကို ပင်လယ်ထဲသို့ ပစ်ချခဲ့ကာ သူ၏မိဘများကို ရိုသေသမှု ပြုသောအားဖြင့် သူ၏ပါရဂူဘွဲ့တစ်ခုတည်းကိုသာ ချန်ထားခဲ့သည်။

တပည့်တော်ဖြစ်ခြင်းနှင့် ပတ်သက်၍ သခင်ယေရှု ပြောခဲ့သည့် “လူသည် ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဥ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း”…

ကျွန်ုပ်တို့၏ဘုရင် သခင်ယေရှု

ကမ္ဘာ‌ပေါ်တွင် အပူဆုံးနှင့် အခြောက်သွေ့ဆုံး နိုင်ငံများအနက် တစ်နိုင်ငံတွင် ရေနံတူးနေစဥ် ကြီးမားသော မြေအောက်ရေစီးဆင်းမှုစနစ်ကို ‌တွေ့ရှိခဲ့ခြင်းကြောင့်  အံ့ဩထိတ်လန့်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၈၃ တွင် အဆင့်မြင့် သန့်ရှင်းလတ်ဆတ်သောရေကို အသည်းအသန်လိုအပ်နေသော မြို့များဆီသို့ ရေပိုက်များဖြင့်ရေကို သယ်ယူပို့ဆောင်သော “great man-made river“ (ကြီးမားသော လူလုပ်သည့်မြစ်) စီမံကိန်းကို စတင်ခဲ့သည်။ ထိုစီမံကိန်းအစပြုခဲ့သော နေရာတွင် “ဤနေရာမှ အသက်သွေးကြောစီးဆင်းသည်”ဟု ကဗျည်းကျောက်စာ၌ ရေးထိုးထားသည်။

ပရောဖက်‌ဟေရှာယသည် အနာဂတ်တွင် ပေါ်ထွန်းမည့်ဖြောင့်မတ်သောရှင်ဘုရင်ကို ခြောက်သွေ့ကန္တာရ‌မြေမှ စီးထွက်သောရေအဖြစ် ပုံဖော်ထားသည် (ဟေရှာ ၃၂)။ “မင်းသားမှူးမတ်တို့သည် တရားသဖြင့် စီရင်ကြလိမ့်မည်။ ထိုမင်းတို့သည် ... သွေ့ခြောက်သောမြေ၌ စီးသောချောင်းကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်းဖြစ်ကြလိမ့်မည်” (:၂)။ သို့သော်လည်း အချို့သော အုပ်ချုပ်သူများမှာ ပေးကမ်းမည့်အစား ရယူကြသည်။ သို့သော် ဘုရားသခင်ကို လေးစားဦးထိပ်ထားသော ခေါင်းဆောင်တစ်ဦးသည် အရိပ်အာဝါသ၊ ခိုလှုံရာ၊…