အမျိုးအစား  |  odb

သခင်ယေရှု၏ အသွေးတော်

သဘာဝအားဖြင့် အနီရောင်သည် ကျွန်တော်တို့ပြုလုပ်သောအရာများတွင် ပါဝင်လေ့မရှိပါ။ တောက်ပသော ပန်းသီးအရောင်ကို တီရှပ်အင်္ကျီ (သို့) နှုတ်ခမ်းနီထဲသို့ မည်ကဲ့သို့ ထည့်သွင်းပါသနည်း။ ရှေးခေတ်က အနီရောင်ကို ရွံ့ (သို့) အနီရောင်ကျောက်များမှ ထုတ်ယူသည်။ ၁၄၀၀ ပြည့်နှစ်များတွင် မက်ဆီကိုနိုင်ငံ အလယ်ပိုင်းဒေသရှိ အက်ဇထက်ခ် (Aztecs) လူမျိုးများသည် အနီရောင်ပိုးမွှားများကိုအသုံးပြု၍ ဆိုးဆေးအနီ ပြုလုပ်သည့်နည်းလမ်းတခုကို တီထွင်ခဲ့သည်။ ယနေ့တွင် ထိုအင်းဆက်ပိုးမွှား သေးသေးလေးများကပင် ကမ္ဘာကြီးကို အနီရောင်ဖြင့် ထောက်ပံ့ပေးပါသည်။

သမ္မာကျမ်းစာ၌ အနီရောင်သည် တော်ဝင်မျိုးနွယ်တို့၏သင်္ကေတ ဖြစ်ပြီး အပြစ်နှင့် သိမ်ငယ်ခြင်းကိုလည်း ကိုယ်စားပြုသည်။ ၎င်းသည် သွေး၏အရောင်လည်းဖြစ်သည်။ စစ်သားများက သခင်ယေရှု၏ “အဝတ်တော်ကိုချွတ်၍ နီသောဝတ်လုံကိုခြုံစေကြ”သောအခါ (မ ၂၇:၂၈) အနီရောင် ကိုယ်စားပြုသည့် ထိုသင်္ကေတ (၃) ခုလုံးသည် စိတ်နှလုံးကြေကွဲစရာ ပုံရိပ်အဖြစ် ပူးပေါင်းသွားကြသည်။ သခင်ယေရှုသည် တော်ဝင်မင်းမျိုးအဖြစ် လှောင်ပြောင်ခံရလျက်၊…

ကျွန်ုပ်တို့၏ရန်သူများကို ချစ်ခြင်း

အမေရိကန် တောင်ပိုင်းနှင့်မြောက်ပိုင်း ပြည်တွင်းစစ်ကြောင့် တိုင်းပြည်တွင် အမုန်းပွားနေသောအခါ Abraham Lincoln (အေဗရာဟမ် လင်ကွန်း)သည် တောင်ပိုင်းနှင့်ပတ်သက်၍ စကားကောင်းများပြောသင့်သည်ဟု မြင်ခဲ့သည်။ အလွန်အံ့ဩသွားသော ပရိတ်သတ်တစ်ဦးက အဘယ့်ကြောင့် ဤသို့ပြောနိုင်ကြောင်း မေးသောအခါ သူက “ကိုယ့်ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တဲ့အခါ အဲဒီရန်သူတွေကို ဖျက်ဆီးရာမရောက်ဘူးလား”ဟု မေးခဲ့သည်။ ရာစုနှစ်တစ်ခုအကြာတွင် Martin Luther King Jr. (မာတင် လူသာကင်းဂျူနီယာ)က “ဤသည်မှာ ရွေးနုတ်ကယ်တင်တတ်သည့် ချစ်ခြင်းမေတ္တာ၏ အင်အားဖြစ်သည်” ဟု ထိုစကားကို သုံးသပ်ခဲ့သည်။

ခရစ်တော်၏နောက်လိုက်များအား သူတို့၏ရန်သူများကိုချစ်ရန် နှိုးဆော်ရာတွင် ကင်း သည် သခင်ယေရှု၏သွန်သင်ချက်တို့ကို အလေးအနက်ထားခဲ့သည်။ ယုံကြည်သူများသည် သူတို့အား ညှဥ်းဆဲသူတို့ကို ချစ်ရန် ခက်ခဲနိုင်သော်လည်း ဤချစ်ခြင်းမေတ္တာသည် “ဘုရားသခင်ထံသို့ စဉ်ဆက်မပြတ် အကြွင်းမဲ့ ဝန်ခံအပ်နှံမှုမှ ပေါက်ဖွားလာပြီး၊ ကျွန်ုပ်တို့ ထိုသို့ချစ်ပါက ကျွန်ုပ်တို့သည် ဘုရားသခင်ကို သိကျွမ်းနိုင်၍ ဘုရားရှင်၏ သန့်ရှင်းမှုအလှတရားကို…

ဘုရားရှင်၏သစ္စာတည်မြဲမှုကို ကျွန်ုပ်မြင်ခဲ့ပြီ

Queen Elizabeth II (ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီး)၏ သမိုင်းဝင် ဗြိတိန်နိုင်ငံကို အနှစ် (၇၀) ကြာ အုပ်ချုပ်ခဲ့သည့်သက်တမ်းတစ်လျှောက် သူမ၏ဘဝအကြောင်း အတ္ထုပတ္တိ စာအုပ်တစ်အုပ်ကိုသာ ကိုယ်တိုင်အမှာစာရေး၍ ထုတ်ဝေခဲ့သည်။ ထိုစာအုပ်အမည်မှာ ‘The Servant Queen and the King She Serves’ (အစေခံဘုရင်မနှင့် သူမအစေခံသောဘုရင်) ဖြစ်ပါသည်။ တိုင်းပြည်တာဝန်ထမ်းဆောင်ရာတွင် သူမ၏ယုံကြည်ခြင်းသည် သူမအား မည်သို့ထိန်းကျောင်းလမ်းပြပေးခဲ့သည်ကို သူမ၏သက်တော် (၉၀) ပြည့်မွေးနေ့အထိမ်းအမှတ် ထုတ်ဝေခဲ့သောစာအုပ်တွင် ရေးသားထားသည်။ အမှာစာတွင် ဘုရင်မကြီးက သူမအတွက်  ဆုတောင်းပေးခဲ့သူတိုင်းကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏ တည်ကြည်ခိုင်မြဲသောမေတ္တာအတွက် ကျေးဇူးတင်ခဲ့သည်။ “ဘုရားရှင်၏သစ္စာတော်တည်မြဲမှုကို ကျွန်မ အမှန်တကယ်တွေ့မြင်ခဲ့ရပါသည်” ဟု သူမက နိဂုံးချုပ်ရေးသားခဲ့သည်။

ဘုရင်မကြီးအဲလိဇဘက်၏ ရိုးရှင်းသောစကားက သမိုင်းတစ်လျှောက်တွင် ဘုရားသခင်ကိုယ်တော်တိုင် သစ္စာတည်စွာဂရုစိုက်မှုကို သူတို့၏ဘဝတွင် ကြုံခဲ့ရဖူးသည့် အမျိုးသားများ၊…

အသွင်ပြောင်းလဲစေသော ဘုရားသခင်၏စကားတော်

Kristin (ခရစ္စတင်း)သည် သူမ၏ ခင်ပွန်းဖြစ်သူ တရုတ်လူမျိုး Xio-Hu (ရှီရိုဟူး) အတွက် အထူးစာအုပ် ဝယ်ပေးလိုသည့်အတွက် ရှာဖွေရင်း သူမတွေ့ရှိခဲ့သော တရုတ်ဘာသာဖြင့် ရေးထားသည့်စာအုပ်မှာ ကျမ်းစာအုပ်ပင်ဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် ယုံကြည်သူများ မဟုတ်သော်လည်း ထိုလက်ဆောင်ကို သူ့ခင်ပွန်း ကြိုက်နှစ်သက်လိမ့်မည်ဟု သူမမျှော်လင့်ခဲ့သည်။ ရှီရိုဟူးသည် ကျမ်းစာအုပ်ကို သူမြင်မြင်ချင်း ဒေါသထွက်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် ကျမ်းစာကို စတင်ဖတ်ရှုလာခဲ့သည်။ ဖတ်ရင်းဖတ်ရင်း စာမျက်နှာတိုင်းရှိ အမှန်တရားက သူ့အား ဆွဲဆောင်နေခဲ့သည်။ ခင်ပွန်းသည်၏ မထင်မှတ်ထားသော ပြောင်းလဲလာမှုကို စိတ်ပျက်လာသောကြောင့် ခရစ္စတင်း တစ်ယောက် ရှီရိုဟူး ကို ချေပရန် နှုတ်ကပတ်တော်ကို စတင်ဖတ်ရှုခဲ့သည်။ အံ့ဩစရာမှာ သူမလည်း ဖတ်ခဲ့ရသည့် အကြောင်းအရာများကို လက်ခံယုံကြည်လာကာ ခရစ်တော်ကို ယုံကြည်သက်ဝင်လာခဲ့သည်။

နှုတ်ကပတ်တော်၏ ပြောင်းလဲနိုင်စွမ်းကို တမန်တော်ရှင်ပေါလု သိသည်။ သူသည် ရောမအကျဥ်းထောင်မှ နေ၍ သူပြုစု ပျိုးထောင်ခဲ့သော တိမောသေအား ငယ်ရွယ်စဉ်ကတည်းက…

ကြီးမြတ်သော ဘုရားသခင်၏မေတ္တာစက်ဝန်း

အသက်သုံးဆယ်အရွယ်မှ အသက်တာကို ဘုရားသခင်ထံ အပ်နှံပြီး ယုံကြည်သူ တစ်ဦးဖြစ်လာသည့် ကျွန်မတွင် မေးခွန်းများစွာ ရှိနေခဲ့သည်။ နှုတ်ကပတ်တော်ကို စတင်ဖတ်ရှုသည့်အချိန်တွင် မေးခွန်းများ ပိုများလာခဲ့သည်။ ကျွန်မ၏သူငယ်ချင်းတစ်ဦးကို ဆက်သွယ်ပြီး၊ “ဘုရားသခင်ရဲ့ ပညတ်ချက်အားလုံးကို ငါဘယ်လိုနာခံနိုင်မှာလဲ။ ဒီမနက်တင်ပဲ ငါ့ယောကျ်ားကို ငါဟောက်လိုက်မိပြီးပြီ” ဟု ပြောပြလိုက်သည်။ သူမက “ကျမ်းစာကိုသာ ဆက်ဖတ်ပါ။ သခင်နင့်ကိုချစ်သလိုမျိုး ချစ်တတ်ဖို့ သန့်ရှင်းသောဝိညာဉ်တော်ဆီက အကူအညီတောင်းခံပါ” ဟုပြန်အကြံပေးခဲ့သည်။

ဘုရား၏သားသမီးအနေဖြင့် အနှစ် (၂၀) ကျော် နေထိုင်ခဲ့ပြီးနောက် ရိုးရှင်းသော်လည်း အလွန်နက်နဲသော ထိုအမှန်တရားသည် ကျွန်မကို ဘုရား၏ကြီးမြတ် သော မေတ္တာစက်ဝန်း အဆင့် (၃) ဆင့်ကို ဖက်တွယ်စေနိုင်ခဲ့သည်။ ပထမဦးစွာ ခရစ်တော်၌ ယုံကြည်သူများ၏အသက်တာတွင် ချစ်ခြင်းမေတ္တာသည် အခရာဖြစ်ကြောင်း တမန်တော်ရှင်ပေါလု အတိအလင်းပြောခဲ့သည်။ ဒုတိယအနေနှင့် “သူတစ်ပါးကိုချစ်သောသူသည် အကျင့်တရားနှင့် ပြည့်စုံ”သည် ဖြစ်၍ (ရော ၁၃:၈)…

နိမ့်ကျခဲ့သည်

မာနကို ရှေ့တန်းတင်လျှင် ရံဖန်ရံခါ အရှက်ရမှုနှင့် ကြုံရတတ်ကြောင်း နော်ဝေးနိုင်ငံမှအမျိုးသားတစ်ဦး တွေ့ရှိခဲ့သည်။ အပြေးဝတ်စုံ မဝတ်ထားသည့် လူတစ်ဦးသည် စိတ်ကြီးဝင်လျက် မီတာ (၄၀၀) တန်းကျော်ပြိုင်ပွဲတွင် အနိုင်ရထားသည့် ကမ္ဘာ့ချန်ပီယံ Karsten Warholm (ကာစတန် ဝေါဟုမ်)ကို စိန်ခေါ်ခဲ့သည်။ အားကစားရုံ အတွင်း၌သာ လေ့ကျင့်ရေးဆင်းထားသော ဝေါဟုမ် သည် စိန်ခေါ်မှုကို လက်ခံခဲ့ပြီး သူ့အား အပြတ်အသတ်အနိုင်ယူခဲ့သည်။ ပန်းတိုင်ရောက်သည့်အခါ ထိုလူက အစမကောင်းခဲ့သည့်အတွက် နောက်တစ်ကြိမ်ယှဉ်ပြိုင်လိုကြောင်း ပြောလာသည့်အခါ နှစ်ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံသည် ပြုံးရုံသာပြုံးခဲ့သည်

သုတ္တံကျမ်း ၂၉:၂၃ တွင် “မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချသော သူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်”ဟု ပြောထားသည်။ သုတ္တံကျမ်းတွင် မာနအပေါ် ဘုရားရှင်ကိုင်တွယ်ပုံအကြောင်းအရာသည် ရှောလမုန်မင်းကြီး အနှစ်သက်ဆုံး ခေါင်းစဥ်များအနက် တစ်ခုဖြစ်သည် (၁၁:၂၊ ၁၆:၁၈၊ ၁၈:၁၂)။ ထိုကျမ်းပိုဒ်များတွင်ပါသည့် “ဂုဏ်” (သို့) “မာန်မာန”…

နံရံပေါ်မှကောင်းကင်တမန်များ

Wallace (ဝေါလေ့စ်) နှင့် Mary Brown (မေရီဘရောင်း) တို့သည် အင်္ဂလန်နိုင်ငံ၊ ဘာမင်ဟန် (Birmingham)မြို့တော်၏ နုံချာဆင်းရဲသောဒေသရှိ ပြိုကွဲတော့မည့် အသင်းတော်တစ်ခုတွင် သင်းအုပ်လုပ်ရန် ရွှေ့ပြောင်းခဲ့စဉ် လူဆိုးဂိုဏ်းတစ်စုက ဘုရားကျောင်းနှင့် သင်းအုပ်အိမ်ကို သူတို့စည်းဝေးရာ ဌာနချုပ် လုပ်နေကြကြောင်း သူတို့နှစ်ဦးမသိခဲ့ကြပေ။ ဘရောင်း တို့မိသားစု၏ ပြတင်းပေါက်များ အုတ်ခဲနှင့် အပစ်ခံရသည်။ ခြံစည်းရိုးများ မီးရှို့ခံရပြီး၊ သူတို့၏ကလေးများ ခြိမ်းခြောက်ခံရသည်။ လနှင့်ချီ၍ ခြိမ်းခြောက်ခံရပြီး ရဲများလည်း ဘာမှမလုပ်နိုင်ခဲ့ပေ။

နေဟမိမှတ်စာတွင် ပြိုကျပျက်စီးနေသည့် ယေရုရှလင်မြို့ရိုးကို ဣသရေလ လူမျိုးများ မည်ကဲ့သို့ ပြန်လည်တည်ဆောက်သည်ကို ဖော်ပြထားသည်။ လက်ရှိနေထိုင်နေသူများက ပြဿနာရှာကာ အကြမ်းဖက်ခြိမ်းခြောက်လာသည့်အခါ ဣသရေလလူမျိုးတို့သည် “ဘုရားသခင်ကို ဆုတောင်း၍၊ ရန်သူကြောင့် နေ့ညဉ့်မပြတ် ကင်းစောင့် ထားကြ၏” (နေ ၄:၈-၉)။ ဤကျမ်းပိုဒ်အားဖြင့် ဘုရားသခင် သူတို့ကို လမ်းပြနေသည်ဟု ခံစားရသဖြင့် ဘရောင်း တို့မိသားစုနှင့် လူအချို့တို့သည် ဘုရားကျောင်းနံရံပတ်လည်…

ဘုရားသခင်ထံ စွန့်လွှတ် အပ်နှံခြင်း

လယ်ထဲတွင် မွေးဖွားကြီးပြင်းခဲ့သူ Judson Van DeVenter (ဂျဒ်ဆန်ဗန်ဒီဗန်ဒါ)သည် ပန်းချီပညာ သင်ယူခဲ့ကာ အနုပညာကိုလေ့လာခဲ့ပြီးနောက် အနုပညာဆရာတစ်ယောက် ဖြစ်လာခဲ့သည်။ သို့သော် ဘုရားသခင်ထံတွင် သူ့အတွက် အခြားအကြံအစည်ရှိသည်။ ဘုရားကျောင်းတွင် သူ၏လုပ်ကိုင်ဆောင်ရွက်မှုတို့ကို သူငယ်ချင်းများက တန်ဖိုးထားပြီး ဧဝံဂေလိပြုရန် သူ့အားတိုက်တွန်းခဲ့သည်။ ဘုရားသူ့ကိုခေါ်နေသည် ဟု ဂျဒ်ဆန် ခံစားခဲ့ရသည်။ သို့သော် သူမြတ်နိုးသည့် အနုပညာသင်ခြင်းကို မစွန့်လွှတ်နိုင်ပေ။ ဘုရားနှင့်သူလုံးထွေးခဲ့ရသော်လည်း “နောက်ဆုံး ငါ့ဘဝရဲ့ အဓိကအချိန် ရောက်လာခဲ့ပြီ။ ငါအားလုံးကို အပ်နှင်းလိုက်ပြီ” ဟု သူရေးခဲ့သည်။

သားဖြစ်သူ ဣဇက်ကိုပေးရန် ဘုရားတောင်းသည့်အခါ အာဗြဟံခံစားရမည့် ကြေကွဲမှုကို ကျွန်ုပ်တို့မတွေးရဲပါ။ ဣဇက်ကို မီးရှို့ရာယဇ်အဖြစ်ပူဇော်ရန် ဘုရားရှင်မိန့်သည့် အဖြစ်အပျက်ကို (က ၂၂:၂) သိရသည့်အခါ မည်သည့်အဖိုးတန်ပစ္စည်းများကို ပူဇော်ရန် ကျွန်ုပ်တို့ကို ဘုရားသခင်မိန့်မှာနေသနည်းဟု ကျွန်ုပ်တို့ မိမိကိုယ်ကို ပြန်မေးကြသည်။ အဆုံးတွင် ဣဇက်ကို ဘုရားချမ်းသာပေးကြောင်း (:၁၂) ကျွန်ုပ်တို့သိသော်လည်း…

ဂုဏ်သိက္ခာကို လက်ကမ်းပေးခြင်း

မက်ဂီ (Maggie) ၏ ငယ်ရွယ်သောမိတ်ဆွေသည် အံ့သြထိတ်လန့်ဖွယ်အဝတ်အစားဖြင့် ဘုရားကျောင်းသို့ ရောက်လာသည်။ မည်သူမျှ မအံ့သြပါ၊ သူမသည် ပြည့်တန်ဆာတစ်ယောက်ဖြစ်သည်။ မက်ဂီ၏ဧည့်သည်သည် သူမ၏ ထိုင်ခုံတွင် မသက်မသာ လှုပ်ရှားလျက် အလွန်တိုလွန်းသော စကတ်ကို တလှည့်စီဆွဲကာ သတိရှိစွာဖြင့် လက်နှစ်ဘက်ကို ပိုက်နေလိုက်သည်။

မက်ဂီက သူမ ဝတ်ပုံစားပုံမှ အာရုံပြောင်းကာ “အိုး ညီမအေးနေလား” ဟုလှမ်းမေးလိုက်ပြီး၊ “ဒီမှာ အမရဲ့ပုဝါကိုယူထား”ဟု ပြောလိုက်သည်။

မက်ဂီသည် လူတစ်ဒါဇင်ကျော်ကို ဘုရားကျောင်းသို့လာရန် ဖိတ်ခေါ်ပြီး သက်သောင့်သက်သာရှိစေရန် ကူညီပေးခြင်းဖြင့် သခင်ယေရှုနှင့် မိတ်ဆက်ပေးခဲ့သည်။ သူမ၏နှစ်လိုဖွယ်ကောင်းသော နည်းလမ်းအားဖြင့် ဧဝံဂေလိတရား ထွန်းလင်းခဲ့သည်။ သူမသည် လူတိုင်းကို ဂုဏ်သိက္ခာရှိစွာ ဆက်ဆံခဲ့သည်။

ဘာသာရေးခေါင်းဆောင်များက အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ပြင်းထန်သော (တိကျ‌သေချာသော) စွဲချက်ဖြင့် အမျိုးသမီးတစ်ဦးကို သခင်ယေရှုရှေ့သို့ဆွဲခေါ်လာသောအခါ သူမအား စွပ်စွဲသူများထွက်သွားသည့်တိုင် ခရစ်တော်သည် သူမကို အာရုံမစိုက်ခဲ့ပါ။ လူတို့ ထွက်သွားပြီးသောအခါ သူမကို…

ကျေးဇူးတင်ရှိမှုဖြင့် ပြန်လည်ဆက်သွယ်ပါ

ဦးနှောက်အကျိတ်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် Christina Costa (ခရစ်စတီးနား ကော်စတာ)သည် ကင်ဆာရောဂါနှင့်ရင်ဆိုင်နေရသူများ၏ စကားဝိုင်းသည် တိုက်ခိုက်သည့်စကားများဖြင့် လွှမ်းမိုးနေသည်ကို သတိပြုမိခဲ့သည်။ ဤဥပစာသည် လျင်မြန်စွာ ပင်ပန်းနွမ်းနယ်လာစေသည်ကို သူမတွေ့ရှိခဲ့သည်။ သူမသည် “ကိုယ့်ခန္ဓာကို တစ်နှစ်ကျော်မျှ မတိုက်ခိုက်ချင်ပါ။” ယင်းအစား၊ သူမကို ပြုစုစောင့်ရှောက်ပေးသည့် ကျွမ်းကျင်ပညာရှင်များအဖွဲ့အတွက်၊ သူမ၏ဦးနှောက်နှင့် ခန္ဓာကိုယ်၌ သက်သာမှုမြင်ရခြင်းအတွက် ကျေးဇူးတင်မှုကို နေ့စဉ်အလေ့အကျင့်လုပ်ခြင်းက သူမအတွက် အထောက်ကူ အဖြစ်ဆုံးဖြစ်သည်။ မည်မျှခက်ခဲစွာရုန်းကန်နေရပါစေ၊ ကျေးဇူးသိတတ်သည့်အလေ့အကျင့်များက စိတ်ဓာတ်ကျမှုကို တွန်းလှန်ရာ၌ ပံ့ပိုးပေးသည်။ “ခံနိုင်ရည်ကို တည်ဆောက်ပေးရန် ဦးနှောက်ကို ဆက်သွယ်”ရာ၌ အထောက်အကူပြုကြောင်း သူမကိုယ်တွေ့ခံစားခဲ့ရသည်။

ကော်စတာ ၏ ဇာတ်လမ်းက အစွမ်းထက်သည်။ ကျေးဇူးတင်ခြင်း အလေ့အကျင့်သည် ယုံကြည်သူများ တာဝန်အရလုပ်ရသောအရာမျှသာ မဟုတ်ကြောင်း ကျွန်မအား သတိရစေသည်။ ကျေးဇူးတင်ချီးမွမ်းခြင်းကို ဘုရားသခင် ခံထိုက်သည် မှန်သော်လည်း၊ ၎င်းသည် ကျွန်မတို့အတွက်လည်း အလွန်ကောင်းသောအမှုအရာဖြစ်သည်။ နှလုံးသားများကိုဖွင့်ပြီး “အိုငါ့ဝိညာဉ်၊…