အမျိုးအစား  |  odb

အသင်းတော်ဖြစ်စေပါ

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း၊ ဒေ့ဗ့် (Dave) နှင့် ခါလာ (Carla) တို့သည် အသင်းတော်အိမ်တစ်ခုကို လပေါင်းများစွာ ရှာဖွေခဲ့ကြသည်။ လူချင်းတွေ့ဆုံမှုကို ကန့်သတ်ထားသည့် ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာရသည့်အတွက် ပို၍ပင်ခက်ခဲပါသည်။ ယုံကြည်သူများနှင့် လူချင်းတွေ့ပြီး မိတ်သဟာယဖွဲ့နိုင်ရန် သူတို့တောင့်တခဲ့သည်။ “ဘုရားကျောင်းတစ်ခုကိုရှာရတာ ခက်ခဲတယ်”ဟု ခါလာ က ကျွန်မထံ အီးမေးလ် ပို့သည်။ ကျွန်မအတွင်း၌လည်း အသင်းတော်မိသားစုနှင့် ပြန်လည်ဆုံစည်း မိတ်သဟာယဖွဲ့လိုသောဆန္ဒ ထွက်ပေါ်လာပါသည်။ ကျွန်မလည်း “အသင်းတော်ဖြစ်ဖို့ ခက်ခဲတယ်လေ”ဟု ပြန်ဖြေခဲ့သည်။ ထိုအချိန်တွင်၊ ကျွန်မတို့၏အသင်းတော်သည် အနီးနားပတ်ဝန်းကျင်များတွင် အစားအသောက်များဝေငှခြင်း၊ အွန်လိုင်းဝတ်ပြုကိုးကွယ်ခြင်းများပြုလုပ်ပေးခြင်း၊ အသင်းသားတိုင်းကို ဖုန်းဆက်ပြီး နှုတ်ဖြင့် စောင်မလျက် ဆုတောင်းပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ကျွန်မခင်ပွန်းနှင့်ကျွန်မတို့လည်း ပါဝင်ခဲ့ပြီး ကျွန်ုပ်တို့၏ပြောင်းလဲနေသောကမ္ဘာကြီးတွင် “အသင်းတော် ဖြစ်ဖို့” တခြားဘာတွေလုပ်နိုင်မလဲဟု စဥ်းစားတွေးမိခဲ့သည်။
ဟေဗြဲသြဝါဒစာ ၁၀:၂၅ တွင် ကျမ်းရေးသူက “လူအချို့တို့၏ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို…

မလိုအမုန်းတရားဘက်လိုက်မှုနှင့် ဘုရား၏ချစ်ခြင်း

“မင်းက ငါမျှော်လင့်ထားသလိုမဟုတ်ဘူးဘဲ။ ငါ မင်းကို မုန်းမယ်လို့ ထင်ခဲ့ပေမဲ့ မမုန်းဘူး” လူငယ်လေး၏စကားများသည် ကြမ်းတမ်းပုံပေါက်သော်လည်း အမှန်တကယ်တော့ ကြင်နာမှုပြရန် အားထုတ်မှုတစ်ခု ဖြစ်သည်။ လွန်ခဲ့သောဆယ်စုနှစ်ကာလများက ကျွန်တော့်နိုင်ငံနှင့် စစ်ဖြစ်ခဲ့သော နိုင်ငံရပ်ခြားတွင် ကျွန်တော် ကျောင်းတက်ခဲ့သည်။ အတန်းထဲတွင် အဖွဲ့လိုက်ဆွေးနွေးမှုတစ်ခုတွင် ပါဝင်နေချိန်တွင် သူခပ်ခွာခွာနေသည်ကို ကျွန်တော် သတိပြုမိသည်။ သူ့ကို တစ်နည်းနည်းဖြင့် စိတ်ခုအောင်လုပ်မိလားဟု မေးသောအခါ သူက “လုံးဝ မဟုတ်ရပါဘူး။ ... ငါ့အဖိုးက အဲဒီစစ်ပွဲမှာ ကျဆုံးခဲ့လို့ မင်းရဲ့လူမျိုးနဲ့ မင်းတိုင်းပြည်ကို ငါမုန်းတယ်။ ဒါပေမယ့် အခုငါတို့မှာ တူညီတာတွေ ဘယ်လောက်ရှိလဲဆိုတာ သိလိုက်ပြီး အဲဒါက အံ့သြစရာပဲ။ ငါတို့က သူငယ်ချင်း မဖြစ်နိုင်စရာအကြောင်းမရှိဘူး” ဟုသူဖြေသည်။

မလိုမုန်းထားဘက်လိုက်မှုသည် လူသားမျိုးနွယ်ကဲ့သို့ ဟောင်းနွမ်း‌သောအတွေးဖြစ်သည်။ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက နာသနေလသည် နာဇရက်မြို့၌ သခင်ယေရှုနေထိုင်ကြောင်း ပထမဆုံးကြားသိသောအခါ သူ၏ ဘက်လိုက်မှုကို…

ခရစ်တော်ကဲ့သို့ပေးကမ်းခြင်း

အမေရိကန်စာရေးဆရာ O. Henry (အိုဟင်နရီ)သည် သူနှစ်သက်လှသည့် ၁၉၀၅ ခုနှစ် ခရစ္စမတ်ပုံပြင် ‘The Gift of the Magi’ (ပညာရှိ၏လက်ဆောင်) ကို ရေးသားချိန်တွင် သူသည် ကိုယ်ရေးကိုယ်တာပြဿနာများနှင့် ရုန်းကန်နေရသည်။ သို့တိုင် ခရစ်တော်၏စရိုက်လက္ခဏာဖြစ်သည့် ‘ကိုယ်ကျိုးစွန့်ခြင်း’ အကြောင်းကို မီးမောင်းထိုးလှုံ့ဆော်ပေးသော ဇာတ်လမ်းတစ်ပုဒ်ကို ရေးသားခဲ့သည်။ ဇာတ်လမ်းထဲတွင် ဆင်းရဲနွမ်းပါးသော ဇနီးသည်က သူ့ခင်ပွန်းအတွက် အိတ်ဆောင်နာရီနှင့်တွဲရသော ရွှေချိန်းကြိုးဝယ်ရန် ခရစ္စမတ်အကြိုနေ့တွင် သူမ၏လှပသော ဆံပင်ရှည်ကို ဖြတ်ရောင်းခဲ့သည်။ သူ့ခင်ပွန်းကလည်း သူမ၏လှပသောဆံပင်အတွက် ဘီးတစ်စုံဝယ်ရန် သူ၏အိတ်ဆောင်နာရီကို ရောင်းခဲ့ကြောင်း နောက်ပိုင်းတွင် သူသိလိုက်ရသည်။

၎င်းတို့တစ်ဦးနှင့်တစ်ဦးပေးသည့် အကြီးမားဆုံး လက်ဆောင်မှာ ကိုယ်ကျိုးစွန့်လွှတ်မှုဖြစ်ပြီး သူတို့၏လုပ်ရပ်များက ကြီးမားသောမေတ္တာကို ဖော်ပြနေသည်။

ထိုနည်းတူ ထိုပုံပြင်လေးက ခရစ်တော်ဖွားမြင်ပြီးနောက် သူ့အား မာဂု (ပညာရှိများ) ပေးဆက်ခဲ့သော မေတ္တာလက်ဆောင်များကို ကိုယ်စားပြုနေပါသည် (မ…

သူတော်စင်နစ်ခ်

သူတော်စင် Saint Nicholas (နီကိုးလပ်စ်) (နစ်ခ် ဟု လူသိများသူ)ကို အေဒီ ၂၇၀ ဝန်းကျင်တွင် ချမ်းသာသော Grecian (ဂရီရှန်) မိသားစုမှ မွေးဖွားခဲ့သည်။ ဝမ်းနည်းစရာမှာ သူ့မိဘများသည် သူငယ်စဥ်ကတည်းက ဆုံးပါးသွားခဲ့၍ သူသည် သူ့ကိုချစ်သောဦးလေးနှင့်အတူ နေထိုင်ပြီး ဦးလေးက သူ့ကို ဘုရားရှင်နောက်လိုက်လျှောက်ရန် သွန်သင်ပေးခဲ့သည်။ နီကိုးလပ်စ် လူငယ်အရွယ်တွင် မကြာမီ မွဲတေတော့မည့် အိမ်ထောင်ပြုရန် ခန်းဝင်ပစ္စည်းလည်းမရှိသည့် ညီအစ်မသုံးဦးအကြောင်း ကြားသိခဲ့ကြောင်း ဒဏ္ဍာရီရှိခဲ့သည်။ လိုအပ်နေသူများအား ပေးကမ်းရန် သခင်ယေရှု၏ သွန်သင်ချက်ကို လိုက်နာလိုသောကြောင့်၊ သူသည် သူ၏အမွေများထဲမှ ထိုညီအစ်မများကို ရွှေဒင်္ဂါးတစ်အိတ်စီ ပေးခဲ့သည်။ သူရှင်သန်ခဲ့သည့်နှစ်များတစ်လျှောက် နီကိုးလပ်စ်သည် ကျန်ရှိသောငွေများဖြင့် ဆင်းရဲနွမ်းပါးသူများကို ကျွေးမွေးပြုစုပြီး အခြားသူများကို ပြုစုစောင်မပေးခဲ့သည်။ နောက်ရာစုနှစ်များတွင် နီကိုးလပ်စ်သည် သူ၏ဖောဖောသီသီ ရက်ရောမှုကြောင့် ဂုဏ်ပြုခံရပြီး Santa Claus (စင်တာ…

နှစ်သိမ့်မှုပေးသော ဘုရားသခင်၏ကတိတော်

လွန်ခဲ့သည့်နှစ်များက ကျွန်မတို့မိသားစုသည် အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်လေးခု ဆက်နေသော တစ်ခုတည်းသော နေရာဖြစ်သည့် Four Corners (ထောင့်စွန်းလေးခု) သို့ သွားရောက်လည်ပတ်ခဲ့သည်။ ကျွန်မခင်ပွန်းက အာရီဇိုးနားပြည်နယ် အမှတ်အသား ပြုထားသည့်နေရာတွင် ရပ်နေပြီး၊ ကျွန်မ၏အကြီးဆုံးသား အေဂျေ က အူထာပြည်နယ်တွင်းသို့ ခုန်ဝင်လိုက်သည်။ အငယ်ဆုံးသား ဇေဗီယာ က ကျွန်မ၏လက်ကို ဆုပ်ကိုင်ကာ ကော်လိုရာဒိုပြည်နယ်၌ ခြေချစဥ် ကျွန်မက နယူးမက်ဆီကိုပြည်နယ်ဘက်သို့ ပြေးသွားသောအခါ ဇေဗီယာက “အမေ၊ ကျွန်တော်ကို ကော်လိုရာဒိုမှာ ထားခဲ့တာ မယုံနိုင်ဘူး” ဟုပြောသဖြင့် ကျွန်မတို့အတူရှိနေရင်းမှ ကွဲကွာနေသည့်အဖြစ်ကြောင့် ကျွန်မတို့၏ရယ်သံများကို မတူညီသောပြည်နယ်လေးခုမှနေ၍ ကြားနေရသည်။ ယခုတွင် အရွယ်ရောက်လာသော သားများက အိမ်မှထွက်ခွာသောအခါ သူ၏လူများ ‘အားလုံး’ ဘယ်နေရာသွားသွား အနီးတွင်ရှိနေမည့် ဘုရားသခင်၏ကတိတော်ကို ကျွန်မ ပို၍တန်ဖိုးထားမြတ်နိုးမိပါသည်။

‌မောရှေသေဆုံးပြီးနောက် ဘုရားသခင်သည် ယောရှုအား ဦးဆောင်ဦးရွက်ပြုရန်စေစားပြီး၊ က္ကသရေလနယ်မြေ…

အမှောင်ရိပ်နှင့် ဘုရားသခင်၏အလင်းတော်

အီလိန်း ၌ ကင်ဆာရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိသောအခါ သိပ်မကြာမီ သခင်ယေရှုနှင့်သူမအတူရှိရမည့်အချိန် ရောက်လာတော့မည်ဟု သူမနှင့် ခင်ပွန်း ချက်ခ် တို့ သိရှိခဲ့သည်။ (၅၄) နှစ်တာ သူတို့အတူရှိသည့်ကာလအတွင်း အနက်ရှိုင်းဆုံးနှင့် အခက်ခဲဆုံးချိုင့်ဝှမ်းကို ဖြတ်သန်းခဲ့ကြစဥ် သူတို့နှင့်အတူ ဘုရားရှင်အတူရှိမည်ဟူသည့် ဆာလံ ၂၃ ၏ကတိတော်ကို သူတို့နှစ်ဦးစလုံး တန်ဖိုးထားကိုင်စွဲခဲ့သည်။ အီလိန်း သည် လွန်ခဲ့သော ဆယ်စုနှစ်များစွာကပင် သခင်ယေရှုကိုယုံကြည်ခဲ့ပြီဖြစ်၍ အီလိန်းသည် သခင်ယေရှုနှင့် တွေ့ဆုံရန် အသင့်ဖြစ်နေပြီဟူသောအချက်၌ သူတို့အားယူမျှော်လင့်ခဲ့ကြသည်။

သူ့ဇနီး၏ အောက်မေ့ဖွယ်ဝတ်ပြုစည်းဝေးတွင် ချက်ခ် က သူသည် “သေမင်း၏ အရိပ်လွှမ်းမိုးသောချိုင့်ထဲ၌” ခရီးဆက်နေရဆဲဖြစ်ကြောင်း ဝေမျှပြောခဲ့သည် (ဆာ ၂၃:၄)။ သူ့ဇနီးသည်က ကောင်းကင်ဘုံတွင် အသက်တာစတင်နေပြီဖြစ်သည်။ သို့ရာတွင် “သေမင်း၏အရိပ်”သည် အီလိန်း ကို အလွန်ချစ်သော ချက်ခ် နှင့်အတူ၊ အခြားသူများနှင့်အတူ ရှိနေဆဲဖြစ်သည်။

အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ ကျွန်မတို့လျှောက်သွားရစဥ်…

သခင်ယေရှုထံသို့ အပ်နှံခြင်း

၁၉၅၁ တွင် Joseph Stalin (ဂျိုးဇက်စတာလင်)၏ ဆရာဝန်က သူ၏ကျန်းမာရေးအခြေအနေကို ထိန်းရန်အတွက် သူ၏အလုပ်တာဝန်များကို လျှော့ချရန် အကြံပေး ခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စု၏အာဏာရှင်က ဆရာဝန်ကို သူလျှိုလုပ်သည်ဟုစွပ်စွဲပြီး သူ့အား ဖမ်းဆီး‌စေခဲ့သည်။ အလိမ်အညာမုသာများဖြင့် လူများစွာကို ဖိနှိပ်ခဲ့သော အာဏာရှင်သည် အမှန်တရားကိုလက်မခံနိုင်ဘဲ အကြိမ်ပေါင်းများစွာ သူပြုခဲ့သည့်အတိုင်း အဖြစ်မှန်ကို ပြောပြခဲ့သူအား ဖယ်ရှားခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ အမှန်တရားက ‌အောင်နိုင်ခဲ့သည်။ ၁၉၅၃ တွင် စတာလင် ကွယ်လွန်ခဲ့သည်။

ပရောဖက်ယေရမိသည် သူ၏ကြောက်မက်ဖွယ်ကောင်းသော ဟောကိန်းကြောင့် ဖမ်းဆီးခံရပြီး သံကြိုးဖြင့် ချည်နှောင်ခြင်းခံရသည် (ယေ ၃၈:၁-၆၊ ၄၀:၁)၊ ယေရုရှလင်မြို့မည်သို့ဖြစ်မည်ကို ယုဒရှင်ဘုရင်အား သူအတိအကျ ပြောပြခဲ့သည်။ “အကျွန်ုပ်ဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော်ကို နားထောင်တော်မူပါ” ဟု ဇေဒကိမင်းအား ပြောခဲ့သည် (၃၈:၂၀)။ မြို့ကို ဝိုင်းထားသည့်စစ်တပ်ထံ လက်နက်မချခြင်းက အခြေအနေကို ပို၍ဆိုးရွားသွားစေမည်သာဖြစ်သည်။ “ကိုယ်တော်၏…

စေတနာစိတ်ထားခြင်း

အကောင်းဆုံး စီးပွားရေးအလေ့အထဟု ကျွန်ုပ်တို့စဥ်းစားရာတွင် ကြင်နာမှုနှင့် ရက်ရောမှုကဲ့သို့သော အရည်အချင်းများမှာ အရင်ဆုံး စိတ်ထဲပေါ်လာသော အရာများ မဟုတ်ပေ။ သို့သော် လုပ်ငန်းရှင် James Rhee (ဂျိမ်းစ်ရီး)၏ အဆိုအရမူ ထိုအရာများ ပါဝင်သင့်သည်။ ငွေကြေး အကျပ်အတည်းဆိုက်နေသည့် ကုမ္ပဏီတစ်ခု၏ အမြင့်ဆုံးသောအရာရှိ CEO အဖြစ် ရီး ၏ အတွေ့အကြုံအရ သူသည် “စေတနာ” ဟု ခေါ်သော “ကြင်နာမှု”နှင့် ပေးကမ်းခြင်းစိတ်ဓာတ်ကို
ဦးစားပေးကာ ကုမ္ပဏီကို ကယ်တင်ခဲ့ပြီး ကြီးပွားတိုးတက်စေခဲ့သည်။ ဤအရည်အချင်းများကို ဗဟိုပြုခြင်းသည် လူတို့အား စည်းလုံးညီညွတ်မှု၊ တီထွင်ဆန်းသစ်မှုနှင့် ပြဿနာဖြေရှင်းရန် လိုအပ်သော မျှော်လင့်ချက်နှင့် စိတ်ဓာတ်လှုံ့ဆော်မှုကို ပေးစွမ်းသည်။ ရီး က “စေတနာသည် ပေါင်းစည်း၍ ချဲ့ထွင်နိုင်သည့် စစ်မှန်သော အဖိုးတန် အရည်အချင်းတစ်ခုဖြစ်သည်”ဟု ရှင်းပြသည်။

နေ့စဥ်ဘဝတွင်လည်း အခြားဦးစားပေးအရာများ၏နောက်မှ စဥ်းစားမိသည့် ကြင်နာမှု…

အားလုံးအတွက် ဘုရားသခင်၏နှလုံးသား

အသက်ကိုးနှစ်အရွယ် Dan Gill (ဒန်ဂေးလ်) သည် သူ၏အချစ်ဆုံးသူငယ်ချင်း အာရ်ချီ နှင့်အတူ သူတို့အတန်းဖော်၏ မွေးနေ့ပွဲသို့ ရောက်လာခဲ့သည်။ သို့သော် မွေးနေ့ရှင်ကောင်လေး၏မိခင်က အာရ်ချီကိုတွေ့သောအခါ ဝင်ခွင့် မပေးခဲ့ပေ။ “ထိုင်ခုံမလောက်ဘူး” ဟု သူမပြောခဲ့သည်။ လူမည်းဖြစ်သော သူ့သူငယ်ချင်း နေရာရရန်အတွက် ဒန်က သူကြမ်းပြင်၌ ထိုင်မည်ဟု အတန်တန်ဆိုသော်လည်း သူမကငြင်းခဲ့သည်။ စိတ်မချမ်း‌‌မြေ့ဖြစ်သော ဒန်သည် သူတို့၏လက်ဆောင်များကို သူမအား ပေးခဲ့ပြီး အာရ်ချီနှင့်အတူအိမ်သို့ပြန်ခဲ့သည်။ သူ့သူငယ်ချင်း ငြင်းပယ်ခံရခြင်း၏နာကျင်မှုသည် သူ၏နှလုံးသားကို လောင်မြိုက်စေသည်။

ဆယ်စုနှစ်များကြာပြီးနောက် ယခုတွင် ဒန်သည် ကျောင်းဆရာတစ်ဦးဖြစ်လာပြီး သူ၏စာသင်ခန်းတွင် ကုလားထိုင်အလွတ်တစ်လုံးကို ထားရှိသည်။ ကျောင်းသားများက ဘာကြောင့်လဲဟု မေးသောအခါ ဒန်က “စာသင်ခန်းထဲတွင် မည်သူအတွက်မဆို အမြဲနေရာလွတ် ထားရှိပေးရန်” သူအတွက် သတိပေးချက်ဖြစ်ကြောင်း ရှင်းပြသည်။

ယေရှု၏ကြိုဆိုခြင်းအသက်တာတွင် လူတိုင်းအတွက်နှလုံးသားကို တွေ့မြင် နိုင်သည်။ “ဝန်လေး၍…

ဘုရားသခင်ကို ယုံကြည်ခြင်း

ဆေးဝါးနှစ်ခုကို ကျွန်မ အရေးတကြီး လိုအပ်ခဲ့သည်။ တစ်ခုက အမေ၏ ဓာတ်မတည့်မှုအတွက်ဖြစ်ပြီး၊ နောက်တစ်ခုက တူမလေး၏နှင်းခူနာအတွက်ဖြစ်သည်။ သူတို့၏ မသက်မသာဖြစ်မှုက ပိုဆိုးလာပြီး ဆေးဆိုင်တွင်လည်း ထိုဆေးဝါးများ ပြတ်နေခဲ့သည်။ စိုးရိမ်ပြီး ကူကယ်ရာမဲ့စွာနှင့် “အရှင်ဘုရား၊ သူတို့ကို ကယ်မတော်မူပါ” ဟု ကျွန်မ ထပ်ခါထပ်ခါဆုတောင်းနေခဲ့မိသည်။

ရက်ပေါင်းများစွာကြာပြီးနောက် သူတို့၏အခြေအနေများသည် ထိန်းချုပ်နိုင်သည့်အနေအထားသို့ ‌ရောက်လာသည်။ “ဆေးဝါးတွေကို အသုံးပြုပြီး ငါကုသပေးနေတဲ့ အချိန်တွေရှိတယ်။ ဒါပေမဲ့ ဆေးဝါးက နောက်ဆုံးအဖြေ မဟုတ်ဘူး။ ရလဒ်ကိုပေးတာ ငါပဲ။ ဆေးဝါးကိုပဲ အားကိုးမနေနဲ့။ ငါ့ကိုပဲ ယုံကြည်ပါ” ဟု ဘုရားရှင် ကျွန်မကို ပြောနေသယောင်ပင်။

ဆာလံ ၂၀ တွင် ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်အပေါ်ယုံကြည်ကိုးစားနိုင်မှုမှ နှစ်သိမ့်သက်သာမှုကို ရယူခဲ့သည်။ ဣသရေလလူမျိုးတွင် ခွန်အားကြီး သောစစ်တပ်ရှိသော်လည်း သူတို့၏အကြီးမားဆုံးသောခွန်အားသည် “ထာဝရ ဘုရား၏နာမတော်” မှလာကြောင်း သူတို့သိသည်…