ခရစ်တော်မွေးဖွားမည့် ကတိတော်
ရူပဗေဒပညာရှင် John W. Mauchly ဂျွန်ဒဗလျူမောက်ချလီ သည် ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလက “သာမန်ယောကျ်ားလေး (သို့) မိန်းကလေးတစ်ဦးက ကွန်ပြူတာကို ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်နိုင်စရာ အကြောင်းမရှိဘူး” ဟုပြောကြားခဲ့သည်။ မောက်ချလီ ၏ခန့်မှန်းချက်သည် ထိုခေတ်ကာလက ထူးဆန်းပုံရသော်လည်း အံ့သြဖွယ် မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပါပြီ။ ယနေ့ခေတ်တွင် ကွန်ပြူတာ (သို့) လက်ကိုင်အီလက်ထရွန်နစ် ပစ္စည်းတစ်ခုအား အသုံးပြုခြင်းသည် ကလေးငယ်တစ်ဦး အစောဆုံးသင်ယူနိုင်သည့် ကျွမ်းကျင်မှုများထဲမှ တစ်ခုဖြစ်လာသည်။
မောက်ချလီ၏ခန့်မှန်းချက် အမှန်တကယ်ဖြစ်လာသကဲ့သို့ပင် ခရစ်တော်ကြွဆင်းလာမည့်အကြောင်း ပိုမိုအရေးပါသည့် သမ္မာကျမ်းစာ၏ပရောဖက်ပြုချက်များမှာလည်း ပြည့်စုံခဲ့သည်။ ဥပမာ “အို ဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေလအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဖို့ သင်၏အထဲမှာ ပေါ်ထွန်းလတံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာ မှစ၍ ပေါ်ထွန်းသောသခင်ဖြစ်၏” ဟု မိက္ခာအနာဂတ္တိကျမ်း ၅:၂…
ခရစ္စမတ်ကြယ်
“အဲဒီကြယ်ကိုတွေ့ရင် အိမ်အပြန်လမ်းကို အမြဲရှာတွေ့နိုင်တယ်”။ ထိုစကားများမှာ ကျွန်ုပ်ငယ်စဥ်က ဓူဝံကြယ်၏တည်နေရာအား မည်သို့ရှာဖွေရမည်ကို ကျွန်ုပ်အား သင်ကြားပေးရင်း အဖေပြောခဲ့သည့် စကားများဖြစ်သည်။ အဖေသည် စစ်မက်ကာလတွင် စစ်တပ်၌ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ညဘက်ကောင်းကင်ကိုကြည့်ကာ လမ်းကြောင်းရှာဖွေနိုင်သည့်အပေါ် မူတည်ပြီး အသက်ရှင်ရပ်တည်ခဲ့ရသည့် အချိန်ကာလများ ရှိခဲ့သည်။ ထိုကြောင့် ကြယ်တာရာများ၏ နာမည်များနှင့် တည်နေရာများကို ကျွန်ုပ်မှတ်မိနေစေရန် အဖေသင်ပေးခဲ့သည်။ သို့သော် ဓူဝံကြယ်ကို ရှာဖွေနိုင်ခြင်းမှာ အရေးအကြီးဆုံးဖြစ်သည်။ ထိုကြယ်၏တည်နေရာကို သိရှိခြင်းက ကျွန်ုပ် မည်သည့်နေရာ၌ ရောက်ရှိနေစေကာမူ လမ်းကြောင်းရှာဖွေနိုင်ပြီး၊ ကျွန်ုပ်ရှိနေရန်လိုအပ်သည့် နေရာကို ရှာဖွေတွေ့ရှိနိုင်စေသည်။
အလွန်အရေးပါသည့် အခြားကြယ်တစ်လုံးအကြောင်းကို သမ္မာကျမ်းစာက ဖော်ပြထားသည်။ သူ၏လူမျိုးတို့အတွက် ဘုရားသခင်ခန့်အပ်သည့် ဘုရင်ဖြစ်လာမည့်သူ၏ မွေးဖွားခြင်းဆိုင်ရာ ကောင်းကင် နိမိတ်လက္ခဏာများကို (ယနေ့ခေတ် အီရန်နှင့် အီရတ်နိုင်ငံတို့၏နယ်မြေများတွင် ပါဝင်သည့် ဒေသမှလာသော) “အရှေ့ပြည်မှ မာဂုပညာရှိများ”က လေ့လာစောင့်ကြည့်ခဲ့ကြသည်။ သူတို့သည် ယေရုရှလင်မြို့သို့…
သခင်ယေရှု၌ မိတ်သဟာယဖွဲ့ခြင်း
တနင်္ဂနွေမနက် ဝတ်ပြုစည်းဝေးခြင်းအပြီးတွင် မီးခလုတ်များကို ပိတ်ရန်နှင့် ဘုရားကျောင်းတံခါးအား သော့ခတ်ရန် မည်သူတာဝန်ယူထားသည်ကို ကျွန်ုပ်မသိသော်လည်း ထိုလူနှင့်ပတ်သက်၍ တနင်္ဂနွေညစာနောက်ကျမည်ကိုဖြင့် ကျွန်ုပ် သိသည်။ လူများစွာက ဘုရားကျောင်းပြီးလျှင် မိတ်ဆွေများနှင့် ဘဝဆုံးဖြတ်ချက်များအကြောင်း၊ နှလုံးသားရေးရာကိစ္စများ၊ ရုန်းကန်နေရမှုများနှင့် အခြားအကြောင်းအရာများကို ဝေမျှပြောဆိုရန် နှစ်သက်ကြခြင်းကြောင့်၊ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ် ပြီးဆုံးပြီးနောက် မိနစ် (၂၀) ခန့်မျှ လူတို့ အချင်းချင်း မိတ်သဟာယဖွဲ့နေကြသည်ကို မြင်ရသည်မှာ ဝမ်းမြောက်ဖွယ်ရာဖြစ်သည်။
မိတ်သဟာယဖွဲ့ခြင်းသည် ခရစ်တော်နှင့်သဏ္ဌာန်တူသော အသက်တာ၏ အဓိကအစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ ယုံကြည်သူအချင်းချင်း တွေ့ဆုံ အချိန်ကုန်ဆုံးခြင်းမှ ထွက်ပေါ်လာသည့် ဆက်နွယ်မှုမရှိလျှင် ယုံကြည်သူဖြစ်ရခြင်း ၏ အကျိုးကျေးဇူးများစွာကို ကျွန်ုပ်တို့ လက်လွတ်ဆုံးရှုံးသွားမည် ဖြစ်သည်။
ဥပမာအနေဖြင့် “အချင်းချင်းတိုက်တွန်း၍ တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြ”ရန် ရှင်ပေါလုက ပြောသည် (၁ သက် ၅:၁၁)။ ဟေဗြဲသြဝါဒစာ ရေးသားသူကလည်း ကျွန်ုပ်တို့ “အချင်းချင်းတိုက်တွန်းနှိုးဆော်”ရန်…
တံတိုင်းများဖြိုလျက် တလုံးတဝတည်းဖြစ်ခြင်း
၁၉၆၁ ခုနှစ်ကတည်းကပင် ဘာလင်တံတိုင်းကြီးကြောင့် မိသားစုများနှင့် မိတ်ဆွေသူငယ်ချင်းများ စည်းခြားကာ တကွဲတပြား နေခဲ့ကြရသည်။ နိုင်ငံသားများ အနောက်ဂျာမနီသို့ မထွက်ပြေးနိုင်ရန် ရည်ရွယ်၍ ထိုနှစ်၌ အရှေ့ဂျာမနီအစိုးရက ဘာလင်တံတိုင်းကြီးကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ စင်စစ် ၁၉၄၉ ခုနှစ်မှစ၍ ထိုတံတိုင်းကို စတင်တည်ဆောက်သည့်အချိန်အထိ အရှေ့ဂျာမန်လူမျိုး (၂.၅) သန်းကျော်ခန့် အနောက်ဂျာမဏီသို့ ထွက်ပြေးခဲ့ကြပြီးဖြစ်သည်။ ၁၉၈၇ ခုနှစ်၌ အမေရိကန် သမ္မတ Ronald Reagan (ရော်နယ်ရေဂန်)သည် ဘာလင်တံတိုင်းကြီး၌ ရပ်လျက် “တံတိုင်းကြီးကို ဖြိုချလိုက်ပါ” ဟူသည့် အထင်ကရစကားကို ပြောခဲ့သည်။ သူ၏စကားသည် ကြီးမားသည့် အပြောင်းအလဲကို ထင်ဟပ်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ထိုတံတိုင်းကြီးပြိုလဲကာ ဝမ်းမြောက်ဖွယ်ရာ ဂျာမဏီနိုင်ငံသူ နိုင်ငံသားများ၏ ပြန်လည်ပေါင်းစည်းခြင်းကို ဖြစ်စေခဲ့သည်။
ဧဖက်သြဝါဒစာ ၂:၁၄-၁၅ တွင် သခင်ယေရှုဖြိုချခဲ့သည့် “ရန်ငြိုးဖွဲ့ခြင်း အုတ်တံတိုင်းနံရံ” အကြောင်း ရှင်ပေါလု…
မျှော်လင့်ခြင်းအလင်းရောင်
တကယ်ဆိုလျှင် ကျွန်မမိခင်၏ ပြောင်လက်နေသော အနီရောင်လက်ဝါးကပ်တိုင်ကို ကင်ဆာရောဂါ ပြုစုစောင့်ရှောက်ရေးစင်တာရှိ သူမ၏ခုတင်ဘေး၌ ချိတ်ဆွဲထားရမည်ဖြစ်သည်။ သူမကုသမှုခံယူရမည့်ရက်ချိန်းတွင် ကျွန်မအနေဖြင့် အားလပ်ရက်တွင် သူ့ထံသွားရောက်ရန် ပြင်ဆင်နေရမည်ဖြစ်သည်။ ခရစ္စမတ်၌ ကျွန်မမိခင်နှင့် နောက်ထပ်တစ်ရက် အတူရှိနေရန်မှာ ကျွန်မအလိုချင်ခဲ့ဆုံးအရာပါ။ သို့သော် ကျွန်မ အိမ်၌သာ ရှိနေပြီး သူမ၏ လက်ဝါးကပ်တိုင်ကိုလည်း သစ်ပင်အတုပေါ်၌သာ ချိတ်ဆွဲခဲ့ရသည်။
ကျွန်မ၏သားဖြစ်သူ ဇေးဗီးယားက သစ်ပင်ရှိ မီးလုံးများကို ဖွင့်လိုက်သည့်အခါ “ကျေးဇူးပဲ”ဟု ကျွန်မ တီးတိုးပြောလိုက်ရာ “ရပါတယ်” ဟု သူက ပြန်ပြောသည်။ ကျွန်မ၏အမြင်ကို မှိတ်တုတ်မှိတ်တုတ်လင်းနေသည့် မီးလုံးများမှတဆင့် အစဉ်တည်ရှိထွန်းလင်းသည့် မျှော်လင့်ခြင်းအလင်းတည်းဟူသော သခင်ယေရှုထံ ညွှန်ပြသည့်အတွက် ဘုရားသခင်အား ကျေးဇူးတင်ခြင်းဖြစ်ကြောင်းကိုမူ သား မသိပါ။
ဆာလံ ၄၂ ကို ရေးသားသူသည် ဘုရားသခင်နှင့်ပတ်သက်ပြီး သူ၏စိတ်ခံစားချက်များကို အရှိတိုင်း ဖော်ပြထားသည် (:၁-၄)။ စာဖတ်သူများအား “ဘုရားသခင်ကို…
ခွင့်လွှတ်ခြင်းနှင့် မေ့ပစ်ခြင်း
Jill Price (ဂျေးလ်ပရိုက်စ်)သည် သူ့မ၌ ဖြစ်ခဲ့သမျှအရာအားလုံးကို အလွန်တိကျသော အသေးစိတ်အချက်အလက်များနှင့် မှတ်မိနိုင်စွမ်းရှိသည့် hyperthymesia (ဟိုက်ပါသိုင်မီးစီးယား) ရောဂါအခြေအနေနှင့် မွေးဖွားလာခဲ့သည်။ ဘဝတစ်လျှောက် တွေ့ကြုံခဲ့သည့် မည်သည့်အဖြစ်အပျက်ကိုမဆို သူ့စိတ်ထဲတွင် အတိအကျ ပြန်လည်စဉ်းစားနိုင်သည်။
‘Unforgettable’ (မမေ့နိုင်သော) ဟူသည့် ရုပ်မြင်သံကြားအစီအစဉ်သည် အသေးစိတ်စုံစမ်းမှုနှင့် မှုခင်းများဖြေရှင်းရာတွင် သူမအတွက် အလွန်အထောက်အကူပြုသည့် ဟိုက်ပါသိုင်မီးစီးယား ရောဂါအခြေအနေရှိသော ရဲမေတစ်ဦးအကြောင်းဖြစ်သည်။ ဂျေးလ်ပရိုက်စ် အတွက်မူ ဤအခြေအနေသည် အလွန်ပျော်စရာ မဟုတ်ပါ။ သူမဘဝတွင် သူမ ဝေဖန်ခံရခြင်း၊ ဆုံးရှုံးမှုကို တွေ့ကြုံရခြင်း သို့မဟုတ် အလွန်အမင်းနောင်တရရသည့်အရာတစ်ခုခုကို သူမလုပ်ခဲ့သည့်အခိုက်အတန့်များကို သူ မမေ့နိုင်ပါ။ ထိုအချိန်များကို သူမခေါင်းထဲတွင် ထပ်တလဲလဲ ပြန်ပြန်မြင်ယောင်သည်။
ကျွန်တော်တို့၏ဘုရားသခင်သည် အရာခပ်သိမ်းကို သိမြင်ပါသည် (ဘုရား သခင်၏ ဟိုက်ပါသိုင်မီးစီးယား ဟု ဆိုနိုင်ပါသည်)။ ထာဝရဘုရား၏ဉာဏ်ပညာတော်သည် အတိုင်းအဆမရှိကြောင်းကို သမ္မာကျမ်းစာမှ ဆိုထားသည်။…
အမာရွတ်များမှ သင်ယူခြင်း
ဖေး (Faye) သည် သူမ၏ဝမ်းဗိုက်မှ အမာရွတ်များကို စမ်းလိုက်သည်။ သူမ၏ဝမ်းဗိုက်ကင်ဆာကိုဖယ်ထုတ်ရန် နောက်တစ်ဖန် သူမ ခွဲစိတ်ခံခဲ့ရသည်။ ဤတစ်ကြိမ်တွင် ဆရာဝန်များသည် သူမဝမ်းဗိုက်၏အစိတ်အပိုင်းအချို့ကို ထုတ်ခဲ့ရပြီး၊ သူတို့ ဆောင်ရွက်ခဲ့သည့် ခွဲစိတ်မှုအတိုင်းအတာကို ပြသည့် ဆူးခက်ပုံအမာရွတ်တစ်ခု ကျန်ခဲ့သည်။ “အမာရွတ်တွေက ကင်ဆာရောဂါကြောင့် နာကျင်ခဲ့ရမှု ဒါမှမဟုတ် ကုစားမှု အစ တစ်ခုခုကို ကိုယ်စားပြုတယ်။ ကျွန်မကတော့ ကျွန်မရဲ့အမာရွတ်ကို ကုစားမှုအစ သင်္ကေတတွေအဖြစ် ယူဆသတ်မှတ်လိုက်တယ်” ဟု သူမ၏ခင်ပွန်းကို ပြောခဲ့သည်။
ယာကုပ်သည်လည်း ဘုရားသခင်နှင့် ညလုံးပေါက် လုံးထွေးသတ်ပုတ်ပြီးနောက် အလားတူရွေးချယ်မှုမျိုးကို ကြုံခဲ့ရသည်။ ဘုရားသခင်သည် ယာကုပ်၏ ပေါင်ဆစ်ကိုပြုတ်အောင်ထိုးသောကြောင့် သူသည် ပင်ပန်း၍ထော့နဲ့သွားရသည်။ လပေါင်းမျာစွာ ကြာပြီးနောက် ယာကုပ်က သူ့ပေါင်ချန်ကို နှိပ်နယ်သောအခါ သူမည်သည်ကို ဆင်ခြင်မည်နည်းဟု ကျွန်တော်စဉ်းစားမိသည်။
ထိုသို့လုံးထွေးမှုကို ဖြစ်စေခဲ့သည့် သူ၏နှစ်ပေါင်းများစွာ လှည့်ဖြားနေခဲ့မှုများအတွက် သူနောင်တရနေမည်လား။…
ကျွန်ုပ်၏ဘုရားသည် အနီးအပါးတွင် ရှိသည်
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ အသံပိုင်းဆိုင်ရာ ဆရာမ လော်ဒက်စ်သည် တပည့်များအား အနှစ် (၃၀) ကျော်မျှ မျက်နှာချင်းဆိုင် သင်ကြားခဲ့သည်။ အွန်လိုင်းသင်တန်းပေးရန် ဖြစ်လာသည့်အခါ “ကျွန်မ ကျွန်ပြူတာ မကျွမ်းကျင်ဘူး။ ကျွန်မ လက်ပ်တော့ပ် က ဟောင်းနေပြီ။ ကျွန်မက ဗီဒီယိုမှဆွေးနွေးသင်ကြားတဲ့ ဆော့ဖ်ဝဲလ်တွေကိုလည်း မကျွမ်းကျင်ဘူး” ဟု စိုးရိမ်ခဲ့သည်။ အချို့အတွက် အသေးအမွှားကိစ္စဖြစ်သော်လည်း သူမအတွက်တော့ တကယ်စိတ်ဖိစီးခဲ့ရသည်။ “ကျွန်မက တစ်ယောက် တည်းနေတာ၊ ကူပေးမယ့်သူ မရှိဘူး။ ကျောင်းသားတွေ သင်တန်းက ထွက်ကုန်မှာ ကျွန်မ စိတ်ပူခဲ့တယ်။ ပြီးတော့ ကျွန်မက အဲ့ဒီဝင်ငွေကို လိုအပ်တယ်” ဟု ပြောသည်။
သင်တန်းချိန် မစမီတိုင်းတွင် လော်ဒက်စ်သည် သူ၏ကွန်ပြူတာကောင်းစွာအလုပ်လုပ်ရန် ဆုတောင်းသည်။ “ကွန်ပြူတာဖန်သားပြင်တွင် ဖိလိပ္ပိဩဝါဒစာ ၄:၅-၆ ကို တင်ထားကာ ကျွန်မ အဲ့ဒီ့ကျမ်းပိုဒ်ကို ဖက်တွယ်ထားတယ်” ဟု…
ခရစ်စမတ်အကျဉ်းအကြပ်
ဒေးဗစ် နှင့် အန်ဂျီ တို့သည် တိုင်းတစ်ပါးသို့ပြောင်းရွှေ့ရန် နှိုးဆော်ခံရသည်ဟု ခံစားခဲ့ရပြီး အောင်မြင်နေသော သာသနာကြောင့် သွားရန် ပိုမိုခိုင်မာသေချာလာခဲ့သည်။ သို့သော်လည်း သူတို့ပြောင်းသွားပါက ဆိုးကျိုးတစ်ခု ရှိသည်။ ဒေးဗစ်၏သက်ကြွယ် မိဘများသည် ယခုအခါ ခရစ်စမတ်ကို သူတို့ချည်းသာ ဖြတ်သန်းရတော့မည်။
လက်ဆောင်များကို ကြိုတင်ပို့ခြင်း၊ ခရစ်စမတ်နေ့မနက်တွင် ဖုန်းခေါ်ခြင်းဖြင့် မိဘများ၏ ခရစ်စမတ်နေ့အထီးကျန်ဆန်မှုကို သက်သာစေရန် ဒေးဗစ်နှင့်အန်ဂျီတို့ကြိုးစားကြသည်။ သို့သော် သူ့မိဘများ အမှန်တကယ်လိုချင်သည်က သူတို့ကိုပါ။ ဒေးဗစ်၏လစာက အိမ်သို့ တစ်ခါတစ်လေသာ ပြန်ရန်သာလောက်ငှသည်ဖြစ်၍ သူတို့အခြားဘာလုပ်နိုင်မည်နည်း။ ဒေးဗစ် အတွက် ဉာဏ်ပညာ လိုအပ်ခဲ့သည်။
သုတ္တံကျမ်း ၃ သည် ဉာဏ်ပညာ၏ဂုဏ်သတ္တိများဖြစ်သော ကရုဏာတရားနှင့် သစ္စာတရား (:၃-၄၊ ၇-၁၂) နှင့်ဉာဏ်ပညာ၏အကျိုးကျေးဇူးများဖြစ်သော ငြိမ်ဝပ်ခြင်းနှင့် အသက်တာရှည်ခြင်းတို့ကို ဖော်ပြထားသည် (:၁၃-၁၈)။ ၎င်းသည် ဉာဏ်ပညာရှာဖွေခြင်းအတွက် အားစိုက်လေ့လာရသည့် သင်ခန်းစာဖြစ်ပြီး၊ ဘုရားသခင်ကို…
ခရစ်တော်၌ အခြေပြုသောလူမှုအသိုင်းအဝိုင်း
ဘဟားမားစ် ကျွန်းစုများ၏ တောင်ဘက်ခြမ်းတွင် Ragged (ရက်ဂတ်)ကျွန်းဟုခေါ်သော ကျွန်းလေးတစ်ခုရှိသည်။ ၁၉ ရာစုနှစ်က ထိုကျွန်းတွင် ဆားချက်လုပ်ငန်း ရှိခဲ့သော်လည်း ထိုလုပ်ငန်းကျဆင်းလာမှုကြောင့် လူအများအပြားသည် အနီးအနား ကျွန်းများသို့ ပြောင်းရွှေ့သွားကြသည်။ ၂၀၁၆ ခုနှစ်တွင် ထိုကျွန်းပေါ်၌ လူဦးရေ (၈၀) အောက်သာ ရှိသည့်အချိန်က ဘာသာရေးဂိုဏ်းဂဏ (၃) ခု ရှိခဲ့သည်။ သို့သော်လည်း ဝတ်ပြုရန်နှင့် မိတ်သဟာယဖွဲ့ရန် နေရာတစ်ခုတည်း၌ လူတို့ အပတ်စဥ် စုဝေးကြသည်။ ကျွန်းပေါ်၌နေထိုင်သူ အလွန်နည်းသောကြောင့် လူမှုအသိုင်းအဝိုင်းစိတ်ဓာတ်သည် သူတို့အတွက် အထူးသဖြင့် အလွန်အရေးပါခဲ့သည်။
ကနဦးအသင်းတော်မှ လူတို့သည်လည်း လူမှုအသိုင်းအဝိုင်းစိတ်ဓာတ်ကို အရေးတကြီး လိုအပ်ပြီး တောင့်တခဲ့သည်။ သခင်ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် သူတို့အသစ် တွေ့ရှိခံယူခဲ့သည့် ယုံကြည်ခြင်းအတွက် သူတို့ စိတ်လှုပ်ရှားဝမ်းမြောက်ခဲ့ကြသည်။ သို့သော်လည်း သခင်က သူတို့နှင့် ကိုယ်တိုင်အတူ မရှိတော့သည်ကို…