အရေးအကြီးဆုံး အကြောင်းအရာ
သခင်ယေရှုချစ်တော်မူသော တပည့်တော်ယောဟန် အိုမင်းလာသောအခါ သူ၏ သွန်သင်မှုများက အသေးစိတ်လာပြီး သူ၏သြ၀ါဒစာသုံးစောင်စလုံးတွင် ဘုရားသခင်၏ မေတ္တာအကြောင်းကိုသာ အဓိကသွန်သင်ထားသည်။ Knowing the Truth of God's love အမည်ရှိ စာအုပ်တွင် ပီတာခရက်က ဒဏ္ဍာရီဟောင်းတစ်ခုကို ကိုးကား ဖော်ပြထားသည်။ ထိုဒဏ္ဍာရီ၌ ယောဟန်၏တပည့် တစ်ဦးက ယောဟန်အား “အဘယ့်ကြောင့် အခြားအရာများကို မသွန်သင်ပါသနည်း’’ ဟု စောဒကတက်သည်။ ထိုအခါ ယောဟန်က “ထိုအရာမှတစ်ပါး အခြားပြောစရာမရှိပါ’’ ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သခင်ယေရှု၏ အမှုတော်နှင့် သတင်းစကား၏ အနှစ်သာရ ဖြစ်သည်။ သူ၏ အစောပိုင်းခရစ်ဝင်ကျမ်း၌ ‘‘ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌
တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏’’…
အရာရာတိုင်း ဘုရားသခင်ထံမှလာသည်
ကျွန်ုပ်အသက် ၁၈ နှစ်တွင် ပထမဆုံးအချိန်ပြည့်အလုပ်ကို ရရှိခဲ့ပြီး ငွေကြေး စုဆောင်းခြင်းနှင့် ပတ်သက်သော အရေးကြီးသင်ခန်းစာတစ်ခုကို ရရှိခဲ့သည်။ အလုပ်လုပ်ပြီး တစ်နှစ်စာကျောင်းစာရိတ်အတွက် လုံလောက်သောငွေကို စုဆောင်းမိခဲ့ ချိန်တွင် ကျွန်ုပ်၏မိခင်မှာ အရေးပေါ် ခွဲစိတ်ရသဖြင့် ကုန်ကျစရိတ်အတွက် ပေးချေရန် ဘဏ်၌ ကျွန်ုပ်စုဆောင်း ထားသောငွေသာရှိသည်။
ကျွန်ုပ်၏အနာဂတ် အစီအစဉ်များထက် မိခင်ကို ချစ်သောစိတ်က ဦးစားပေးနံပါတ်တစ်ဖြစ်သွားသည်။ Passion
and Purity အမည်ရှိ စာအုပ်၌ စာရေးဆရာမ အဲလီစဘတ် အဲလက် က ‘‘မိမိအား ပေးအပ်ထားသောအရာများကို ကျွန်ုပ်တို့ တင်းကျပ်စွာဆုပ်ကိုင်ထားပါက၊ ပြန်လည် ပေးအပ်ရမည့်အချိန်တွင် ပြန်မပေးချင်ပါက၊ ပေးအပ်သူ ဘုရားသခင် အသုံးပြုစေလိုသည့်အတိုင်း အသုံးမပြုပါက၊ ကျွန်ုပ်တို့၏၀ိညာဉ်ရေးရာ ကြီးထွားခြင်းအတွက် အတားအဆီး ဖြစ်စေတော့သည်။ ဤနေရာတွင် ကျွန်ုပ်တို့ မှားတတ် သည်မှာ ‘‘ဘုရားသခင် ကျွန်ုပ်ကိုပေးထားပါက ကိုယ့်ဥစ္စာဖြစ်၍ ကိုယ်သုံးချင်သော…
ဤမိန်းမသည် တတ်နိုင်သမျှပြုပြီ
သူငယ်ချင်းများက လူမှုမီဒီယာတွင် ရက်စက်၍ မညှာတာသောစကားများသုံးနှုန်း သောအခါ ရှားလော့ က သိမ်မွေ့စွာဖြင့် ၎င်းတို့နှင့်ဆန့်ကျင်ဘက်စကားဖြင့်သာ တုံ့ပြန် သည်။ လူတိုင်း၏ဂုဏ်သိက္ခာကို သူလေးစားပြီး သူ့စကားများက အစဉ်အပြုသဘော ဆောင်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ခရစ်ယာန်များကို အငြိုးထားသောလူတစ်ဦးနှင့် ဖေ့စ်ဘွတ်တွင် သူငယ်ချင်း
ဖြစ်ခဲ့သည်။ ရှားလော့၏ရှားရှားပါးပါး ရိုးသားမှုနှင့် ဂုဏ်အသရေကို ထိုသူအသိအမှတ်ပြုခဲ့သည်။ အချိန်ကြာ လာသည်နှင့်အမျှ သူ၏ရန်လိုမှုများ အရည်ပျော်သွားသည်။ ထို့နောက် ရှားလော့ သည် အသည်းအသန် ဖျားနာလျက် ယခုတွင် လူမမာအဖြစ် အိမ်၌သာနေရပြီး စိတ်မရွှင်မပျနှင့် သူလုပ်နိုင်သမျှကို လုပ်ကိုင်ပေးသည်။ ထိုအချိန်တွင် သူမ၏ဖေ့ဘွတ်သူငယ်ချင်းမှာ ကွယ်လွန်သွားခဲ့ပြီး သူ့ညီမက
စာတစ်စောင် ပို့လာသည်။ ‘‘အစ်မရဲ့သက်သေကြောင့် ကျွန်မအစ်ကိုတစ်ယောက် ဘုရားသခင်ရဲ့ စုံလင်ခြင်းနဲ့ တည်မြဲတဲ့မေတ္တာကို ခံစားနေရပြီဆိုတာ ကျွန်မသိလိုက် တယ်’’ ဟုရေးသားထားသည်။
ခရစ်တော်အသေခံရမည့် ရက်သတ္တပတ်တွင် ဗေသနိရွာမှမာရိက…
ကျေးဇူးတော်ဖြင့် ကျေးဇူးပြုခြင်း
ကျွန်မကို စာမေးပွဲအဖြေလွှာစာရွက်ပြနေသည့် သား၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့်
အရောင်တောက်နေသည်။ ၎င်းမှာ သင်္ချာအဖြေလွှာ ဖြစ်ပြီး အနီရောင် ကြယ်တစ်ပွင့်နှင့် အမှတ်ပြည့် ၁၀၀ ရရှိထားသည်။ စာမေးပွဲအကြောင်း ပြောသောအခါ ‘‘ဆရာမက အချိန်စေ့ပြီလို့ ပြောတော့ ဖြေဖို့ မေးခွန်းသုံးခုကျန်သေးတယ်လို့ သားပြောလိုက်တယ်’’ ‘‘ဒါဆို အမှတ်ပြည့် ဘယ်လိုရလဲ’’ ဟု ကျွန်မမေးလိုက်ရာ “ဆရာမက ကျေးဇူးပြုတယ်။ အချိန်စေ့ပေမယ့် ဆက်ဖြေခွင့် ပေးခဲ့တယ်’’ ဟု သားက ပြန်ဖြေသည်။
ကျွန်မတို့သားအမိနှစ်ဦးမှာ ကျေးဇူးတော်အကြောင်း ပြောဆိုရင်း ဘုရားသခင်သည် ခရစ်တော်အားဖြင့် ကျွန်မ တို့နှင့် ထိုက်တန်သည် ထက်ပို၍ ပေးခဲ့ကြောင်း ညွှန်ပြခဲ့သည်။ အပြစ်များကြောင့် ကျွန်မတို့နှင့် ထိုက်တန်သောအရာမှာ သေခြင်းဖြစ်သည် (ရောမ ၃း၂၃)။ ‘‘ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်’’ (၅း၈)။ ကျွန်မတို့မထိုက်တန်သော်လည်း သန့်ရှင်းမြင့်မြတ်၍ အပြစ်နှင့်ကင်းစင်သော…
ပူဖောင်းဖောက်ခြင်း
အက်တလန်တစ် မြို့ကမ်းခြေတွင် လမ်းလျှောက်နေစဉ် လူငယ်လေးတစ်ဦးဆော့ရင်း မှုတ်လိုက်သည့် ဆပ်ပြာပူဖောင်းများက ကျွန်မခင်ပွန်း ကားလ် နှင့် ကျွန်မတို့အပေါ် လွှမ်းခြုံသွားသည်။ ခက်ခဲစိတ်ဖိစီးသော နေ့ရက်အချိန်တွင် ၎င်းသည် စိတ်ပေါ့ပါး၍ ပျော်ရွှင်စေသော အခိုက်အတန့်ဖြစ်သည်။ ဆေးရုံတက်နေသော ကားလ် ၏ ယောက်ဖကို ကြည့်ရန်၊ ဆေးရုံနှင့်အိမ် လုံးချာလိုက်ပြီး ဆရာဝန်နှင့် ရက်ချိန်းယူရန် ကိစ္စနှင့်ဗျာများနေရသော ကားလ်၏ အစ်မကို အကူအညီပေးရန် ထိုမြို့သို့ ကျွန်မတို့ ရောက်နေခြင်းဖြစ်ပြီး မိသားစုအရေးကြောင့် သောကဖိစီး နေ၍ ခဏအနားယူချိန်တွင် ကမ်းခြေ၌ လမ်းလျှောက်နေ ကြခြင်းဖြစ်သည်။
ထိုအခိုက်အတန့်တွင် ပင်လယ်လေညှင်းနှင့်အတူ လူငယ်လေးက ထူးထူးဆန်းဆန်း ပူဖောင်းများကို ကျွန်မ တို့ထံ မှုတ်လိုက်ခြင်းဖြစ်သည်။ သို့သော် ၎င်းသည် ကျွန်မအတွက် အထူးအဓိပ္ပာယ်ရှိပါသည်။ ပူဖောင်းများ ဖောက်ရသည်ကို ကျွန်မနှစ်သက်ပျော်ရွှင်သဖြင့် ကျွန်မ ရုံးခန်းတွင် ဆပ်ပြာရည်တစ်ပုလင်းကို ဆောင်ထားသည်။ ထိုဆပ်ပြာပူဖောင်းများနှင့်…
ကိုယ်တော်ပြောသည့်အတိုင်း ပြုခြင်း
မြေအောက် ရေလှောင်ကန်တစ်ခုကို ကျွန်ုပ်လိုအပ်လျက်ရှိပြီး ကျွန်ုပ်လိုချင်သည့် ပုံစံမျိုးကို ကျွန်ုပ်ကောင်းကောင်းသိသည်။ ထို့ကြောင့် ဆောက်ပေးမည့်သူကို လမ်းညွှန်ချက် ရှင်းရှင်းလင်းလင်း ပေးခဲ့သည်။ နောက်နေ့တွင် ကျွန်ုပ်စစ်ဆေးကြည့်ရာ ကျွန်ုပ်၏လမ်းညွှန်ချက်များကို သူမလိုက်နာကြောင်း တွေ့ရသဖြင့် ကျွန်ုပ်စိတ်ဆိုးမိသည်။ အစီအစဉ်ပုံစံကို သူပြောင်းလိုက်သဖြင့် တောက်လျှောက် အကုန်လိုက်ပြောင်းခဲ့ရသည်။ ညွှန်ကြားချက်ကို မလိုက်နာ၍ စိတ်တိုရသကဲ့သို့ သူဆင်ခြေပေးခြင်းကြောင့်လည်း စိတ် အနှောင့်အယှက် ဖြစ်ရသည်။
သို့နှင့် ကွန်ကရစ်အသစ်ပြန်လောင်းသည်ကို စောင့်ကြည့်ရင်း စိတ်မကြည်လင်မှုများ လျော့နည်းသွားစဉ် သြတ္တပ္ပစိတ်မလုံသော အတွေးတစ်ခုက ခေါင်းထဲသို့ ၀င်လာသည်။ ကျွန်ုပ်၏အသက်တာတွင် ဘုရားသခင်ကို နာခံရန် ပျက်ကွက်ခြင်းကြောင့် အသစ်ပြန်စရသည့်ကိစ္စများ မည်မျှရှိခဲ့သနည်း။
ဘုရားသခင်စေခိုင်းသည်အတိုင်း လုပ်ဆောင်ရန် မကြာခဏ ပျက်ကွက်သော ရှေးဣသရေလလူမျိုးများကဲ့သို့ပင် ကျွန်ုပ်တို့သည်လည်း ထင်ရာစိုင်းတတ်ကြသည်။ နာခံခြင်းသည် ဘုရားသခင်နှင့်နက်နဲသော ဆက်ဆံရေးမှထွက်ပေါ်လာသည့် ရလဒ် ဖြစ်သည်။ မောရှေက ‘‘သင်တို့၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း
သင်တို့သည်…
ကောင်းသော အတုယူခြင်း
‘‘တုပခြင်းလို့ခေါ်တဲ့ဂိမ်းကို တို့ဒီနေ့ ကစားမယ်’’ ဟု ဓမ္မပညာကျောင်းဆရာက စုဝေး ရောက်ရှိလာသော ကလေးငယ်များအား ပြောလိုက်သည်။ ‘‘ဆရာက နာမည်တစ်ခု ပြောလိုက်မယ်။ အဲဒါကို ကလေးတို့က သရုပ်ဖော်ရမယ်။ အဆင်သင့် ဖြစ်ကြပြီလား။ ‘‘ကြက်’’ ဟုပြောလိုက်သည်။ ကလေးငယ်များက သူတို့၏လက်ကို တောင်ပံခတ်၍ ကတော်ကြသည်၊ တွန်ကြသည်။ ထို့နောက် ဆင်၊ ဘောလုံး ကစားသမား၊ ဘဲလေးကချေသည် စသည်ဖြင့်ခေါ်ပြီး နောက်ဆုံးတစ်ခုမှာ သခင် ယေရှု ဖြစ်သည်။ ကလေးအများစု တုံ့ဆိုင်း သွားကြစဉ် ခြောက်နှစ်အရွယ်ကလေးတစ်ဦးက မျက်နှာကို ချိုသာစွာပြုံး၍ လက်နှစ်ဘက်ကို ဖွင့်လျက် ကြိုဆိုသည့်ဟန်ပန်ဖြင့် သရုပ်ဖော်လိုက်သည်။ ၀တ်ပြုရန် လာရောက်ကြသူများက သြဘာပေးခဲ့ကြသည်။
နေ့စဉ်ဘ၀အခြေအနေတိုင်းတွင် သခင်ယေရှုနှင့် တူသောအသက်တာဖြင့် ရှင်သန်ရန် ခေါ်တော်မူခြင်း ခံရ ကြောင်း ကျွန်ုပ်တို့ အလွယ်တကူ မေ့တတ်ကြသည်။ ‘‘ထိုသို့ သင်တို့သည် ဘုရားသခင်၏ချစ်သား…
ဘဲတစ်ကောင်ကို ထုဆစ်ခြင်း
ကျွန်ုပ်၏ဇနီး ကာရိုလင်းနှင့် ကျွန်ုပ်သည် ဖစ် ဖပ်တပ် ဘွန်နီ အား ဗာဂျီးနီးယား ပြည်နယ် မာဘီဟေးလ်မြို့ရှိ သူ၏ဆိုင်တွင် ၁၉၉၅ ခုနှစ်က တွေ့ဆုံခဲ့ကြသည်။ ၂၀၀၂ ခုနှစ်တွင် ဘွန်နီ ကွယ်လွန်သွားသည်။ သူသည် ပန်းပုပညာရှင်တစ်ဦးဖြစ်ပြီး သူ၏ပန်းပုလက်ရာများသည် အစစ်နှင့် တထေရာတည်းနီးပါးဖြစ်သည်။ ‘‘ဘဲတစ်ကောင်ကို ပန်းပုထုရတာ လွယ်ပါတယ်။ သစ်သားတုံးကို ကြည့်ပါ။ ဘဲတစ်ကောင်ရဲ့ ပုံပန်းသဏ္ဌာန် ဘယ်လိုရှိလဲဆိုတာကို ခေါင်းထဲမှာမှန်းဆပါ။ ထို့နောက် ဘဲနှင့် မတူတဲ့အရာတွေအားလုံးကို ဖယ်ထုတ်လိုက်ပါ’’ ဟု သူက ပြောခဲ့သည်။
ထို့နည်းတူ ဘုရားသခင်သည် သစ်သားအကြမ်းတုံး ဖြစ်သည့် သင်နှင့်ကျွန်ုပ်ကို ကြည့်ပြီး သစ်ခေါက်၊ သစ်မျက်နှင့် သစ်ခက်များအောက်တွင် နစ်မြှုပ်နေသော ခရစ်တော်နှင့် တူသည့်အမျိုးသား/အမျိုးသမီးကို မြင်ယောင်သည်။ ထို့နောက် မလိုအပ်သည့်အရာများကို စတင်ထုဆစ်ဖယ်ရှားတော့သည်။ ပြီးသွားပါက ကျွန်ုပ်တို့မည်မျှလှပသည်ကို အံ့သြစွာတွေ့ရှိ ကြမည်။ သို့သော်…
သင်ဆုတောင်းသောကြောင့်
စိုးရိမ်ပူပန်စရာများနှင့် ကြုံတွေ့သောအခါ သင်ဘာလုပ်သနည်း။ သင့်အတွေးထဲသို့ ၀င်ခွင့်ပြုပါသလား (သို့) ဘုရားသခင်ထံအပ်နှံပါသလား။
ရက်စက်ကြမ်းကြုတ်သော အာရှုရိရှင်ဘုရင်သနာခရိပ်သည် ယေရုရှလင်မြို့ကို
တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်နေပြီး ယုဒနိုင်ငံသည်လည်း သူတိုက်ခိုက်သိမ်းပိုက် ခဲ့သော အခြားနိုင်ငံများနည်းတူ သိမ်းပိုက်ခြင်း ခံရလိမ့်မည်ဟု ဟေဇကိမင်းထံ အကြောင်းကြားစာ ပေးပို့သည်။
ဟေဇကိမင်းက ထိုစာကို ယေရုရှလင်မြို့ရှိ ဗိမာန်တော်သို့ ယူသွားခဲ့ပြီး ‘‘ထာဝရဘုရားရှေ့တော်၌ ဖြန့်ထားခဲ့သည်’’ (ဟေရှာ ၃၇း၁၄)။ ထို့နောက် ဆုတောင်းကာ တန်ခိုးကြီး သော ဘုရားသခင်ထံမှ အကူအညီတောင်းခံခဲ့သည်။
မကြာမီ ဘုရားသခင်ထံမှ သတင်းစကားကို ပရောဖက် ဟေရှာယက ဟေဇကိမင်းထံ ပေးပို့ခဲ့သည်။ “ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်သည် အာရှုရိဘုရင် သနာခရိပ်အကြောင်း ကြောင့်၊ ငါ့ရှေ့မှာ ပဌနာပြုသည်ဖြစ်၍’’(ဟေ ၃၇း၂၁-၂၂) ဟေဇကိမင်း၏ဆုတောင်းသံသည် ထိုညမှာပင် အဖြေရရှိခဲ့ ကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။…