ဘုရားရှင်၏နည်းလမ်းထဲတွင်
၁၉၆၀ ဝန်းကျင်က ချီကာဂိုအနောက်ဘက်ရှိ ပျားပန်းခတ်နေသော နော့သ် လောန်ဒေး ရပ်ကွက်သည် လူမျိုးခြားများစုပေါင်းနေထိုင်သော စံပြဝန်းကျင်တစ်ခု ဖြစ်သည်။ လက်တစ်ဆုပ်စာမျှသော အလယ်အလတ်တန်းစား အာဖရိကန်-အမေရိကန်လူမျိုးများသည် ထိုနေရာတွင် အိမ်ပိုင်ဆိုင်မှုနှင့်စပ်လျဥ်း၍နစ်နာမှုများ သည့်ဝယ်ငှားစာချုပ်ဖြင့် အိမ်များဝယ်ယူကြပြီး စာချုပ်ပါအချက်များကိုလည်း တာဝန်ခံရသည်။ စာချုပ်သည် ဝယ်ယူသူအတွက် မျှတမှုမရှိပါ။ အကယ်၍ အရစ်ကျငွေပေးချေရန် တစ်ကြိမ်ပျက်ကွက်က လက်ငင်းပေးချေထားသောငွေ၊ လစဉ်ပေးချေသောငွေများအပါအဝင် အိမ်ကိုပါ ဆုံးရှုံးရမည်ဖြစ်သည်။ မတရားသော ရောင်းသူများက ငွေကြေးဖောင်းပွသည့်နှုန်းဖြင့် အဆမတန်စျေးဖြင့်ရောင်းချပြီး၊ တစ်ကြိမ်ငွေပေးချေရန်ပျက်ကွက်သည်နှင့် မိသားစုများကို မောင်းထုတ်နှင်ချ ကြသည်။ ထိုနောက် အခြားမိသားစုကို ထိုစာချုပ်ဖြင့်ထပ်ရောင်းနှင့်၊ လောဘဇော အတောမသတ်စွာဖြင့် သံသရာလည်နေပါတော့သည်။
ရှမွေလသည် သူ့သားများကို ဣသရေလလူတို့အပေါ် တရားသူကြီးအဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် သူတို့၌ လောဘစိတ်လွှမ်းမိုးလျက် "အဘလမ်းသို့မလိုက်" (၁ရာ ၈:၃)။ အဘ၏အကျင့်သမာဓိနှင့်ဆန့်ကျင်ဘက် - သူ့သားများသည် "ငွေကို တပ်မက်သောစိတ်နှင့်လွဲသွား၍တံစိုးစားလျက်" သူတို့၏ရာထူးများကို…
မီးပွားလေးမျှသာ
“ကျွန်မတို့အားလုံး စာကြည့်တိုက်ထဲရှိနေပြီး အပြင်ကမီးတောက်တွေကို မြင်နေရ တယ်။” သူကြောက်နေကြောင်း သူ့အသံမှတစ်ဆင့်ကြားရသည်။ ကျွန်တော်တို့ သူ့အသံကိုသိသည် - သမီး၏အသံဖြစ်သည်။ တစ်ချိန်တည်းတွင် ကောလိပ် ကျောင်းဝင်းကြီးက သူ့အတွက်အလုံခြုံဆုံးနေရာဖြစ်ပြီး ကျောင်းသူ ကျောင်းသား ၃၀၀၀ ခန့်လည်း သူနှင့်အတူရှိနေကြောင်း ကျွန်တော်တို့သိသည်။ ၂၀၁၈ ခုနှစ် ဝူးလ်စေး မီးလောင်မှုသည် မီးသတ်သမားများခန့်မှန်းမျှော်လင့်ထားသည်ထက် လျှင်မြန်စွာပျံ့နှံ့ခဲ့သည်။ ကယ်လီဖိုးနီးယားချိုင့်ဝှမ်းဒေသ၏စံချိန်တင်အပူချိန်၊ ခြောက်သွေ့မှု၊ နာမည်ကြီး စင်တာအယ်နာ လေရူးတို့ပေါင်းပြီး သေးငယ်သော မီးပွားများကို သယ်ဆောင်သွားကာ ဧကပေါင်း ၉၇၀၀၀ လောင်ကျွမ်းပြီး၊ အဆောက်အဦ ၁၆၀၀ ကျော်ပျက်စီးကာ လူသုံးဦး သေဆုံးခဲ့ရသည်။ မီးကို ထိန်းချုပ်နိုင်ပြီးနောက်ပိုင်း ရိုက်ထားသောဓာတ်ပုံ၌ ပုံမှန်စိမ်းလန်း စိုပြည်ခဲ့သော ပင်လယ်ကမ်းရိုးတန်းမှာ လ၏မျက်နှာပြင်နှင့် ဆင်တူနေတော့သည်။
ရှင်ယာကုပ်သြဝါဒစာ၌ သေးငယ်သော်လည်းအစွမ်းထက်သည့် မြင်းဇက်ကြိုး နှင့် သင်္ဘောတက်မ (၃:၃-၄)တို့ကို စာရေးသူက ဥပမာပေးရေးသားထားသည်။ ၎င်းတို့ကို…
တည့်တည့်မတ်မတ်
ယခင်က လယ်သမားတစ်ဉီးအတွက် ထွန်စက် (သို့) ကောက်ရိတ်ကောက်ခြွေစက် ကို တည့်တည့်မောင်းနှင်နိုင်ရေး အမြင်တည်ငြိမ်ရန်နှင့် လက်မြဲရန် လိုသည်။ သို့သော် မျက်လုံးကောင်းသည်ဆိုသည့်တိုင် အတန်းကျော်သွားခြင်းများရှိပြီး လက်အမြဲဆုံးသူပင် တစ်နေ့တာအလုပ်ပြီးချိန်တွင် ပင်ပန်းညောင်းချိပြီး ကိုက်ခဲ ကျန်ခဲ့သည်။ ယခုခေတ်တွင်မူ GPS နည်းပညာကို အခြေခံသည့် အော်တိုစတီယာ စက်များ ပေါ်လာပြီ ဖြစ်၍ အတန်းလိုက်စိုက်ပျိုးခြင်း၊ ကောက်စိုက်၊ ဆေးဖြန်း စသည့် လုပ်ငန်းများ လုပ်ဆောင်ရာ၌ တစ်တန်းနှင့်တစ်တန်းကွာခြားမှု ၁ လက်မ ဝန်းကျင်မျှသာ ရှိသည် အထိ စက်က တိကျမှုရှိသည်။ လက်နှင့်လုပ်စရာမလိုဘဲ စွမ်းဆောင်ရည်က အံ့မခမ်း ဖြစ်သည်။ စတီယာဘီးခွေကိုထိန်းကိုင်ရမည့်အစား ထွန်၊စိုက်၊ရိတ်ဘက်စုံသုံး စက်ကြီးပေါ်၌ အမဲကင်ပေါင်မုန့်အသားညှပ်ကို ဇိမ်နှင့် စားနေသည့်အဖြစ်ကို မြင်ယောင်ကြည့်လိုက်ပါ။ အံ့မခန်းသောစက်ကိရိယာက တည့်တည့်မတ်မတ် သွားနိုင်အောင် အထောက်အကူပြုသည်။
ယောရှိမင်းအကြောင်း ဆင်ခြင်ကြည့်ပါ။ သူသည် အသက် ၈…
အဖေ့သား
ကျွန်တော့်ကလေးများသည် မှုန်ဝါးနေသောဓာတ်ပုံကို ငုံ့ကြည့်လိုက်၊ ကျွန်တော့်အားမော့ကြည့်လိုက်၊ ထို့နောက် ကျွန်တော်၏အဖေအားကြည့်လိုက်၊ ကျွန်တော်အားပြန်ကြည့်လိုက်နှင့် အလုပ်ရှုပ်နေကြသည်။ သူတို့၏မျက်လုံးများ သည် ပန်ကန်ပြားကဲ့သို့ဝိုင်းစက်ပြူးကျယ်လျက် “ဖေဖေက ဖိုးဖိုးငယ်ငယ်တုံးကပုံနဲ့ တော်တော်တူတာဘဲ။” ကျွန်တော်နှင့်ဖေဖေပြုံးမိကြသည်။ ကလေးများက ယခုမှသတိထားမိသော်လည်း ကျွန်တော်တို့ သတိထားမိသည်မှာ ကြာပြီးဖြစ်သည်။ ကျွန်တော်နှင့် ဖေဖေသည် တစ်ဦးစီဖြစ်သော်လည်း ကျွန်တော်၏ပိန်ရှည်ရှည်ခန္ဓာ၊ နက်မှောင်သော ဆံပင်၊ ချွန်နေသောနှာခေါင်းနှင့် ကားနေသောနားရွက်တို့ကြောင့် အဖေငယ်စဉ်ကရုပ်နှင့်အလွန်တူသည်။ ကျွန်တော်သည် ကျွန်တော့်အဖေမဟုတ်။ သို့သော် သေချာသည်မှာ ကျွန်တော်သည် ကျွန်တော့်အဖေ၏သားဖြစ်သည်။
တစ်ခါက သခင်ယေရှု၏နောက်လိုက်တပည့်တော် ဖိလိပ္ပုသည် “သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ”(ယော ၁၄:၈) ဟုမေးခွန်းထုတ် ခဲ့သည်။ ထိုသို့မေးမြန်းခြင်းသည် သခင်ယေရှုအတွက် ပထမဆုံးအကြိမ် မဟုတ်သည့်အတွက် ကိုယ်တော်က “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကို မြင်၏”(:၉) ဟူသော ဖြေဆိုမှုကြောင့် အားလုံးတွေဝေငေးငိုင်သွားကြသည်။ ကျွန်တော်နှင့်အဖေတို့၏ အပြင်ပန်းအဆင်းသဏ္ဌာန်ချင်း တူညီသကဲ့သို့မဟုတ်ဘဲ သခင်ယေရှု၏အဖြေသည်…
ပုံပြင်ပြောပြပါ
“ဟိုးရှေးရှေးတုန်းကပေါ့” ဆိုသည့် စကားလုံးလေးသည် တစ်လောကလုံးတွင် အလွန် တန်ခိုးကြီးသောစကားလုံးများထဲတွင် တစ်ခုအပါအဝင်ဖြစ်လိမ့်မည်။ သူငယ်ဘဝက ကျွန်တော့်မှတ်ဉာဏ်၌ အဦးဆုံးမှတ်မိသောအရာများတွင် ထိုစာသားလေးမှာ မကြာခဏ ပါဝင်ခဲ့သည်။ တစ်နေ့တွင် ကျွန်တော့်အမေသည် ကျမ်းစာမှပုံပြင်များကို သရုပ်ဖော်ရေးသားထားသောအဖုံးအမာနှင့် ထူထဲလှသည့် “My Good Shepard Bible Story” စာအုပ် လေးကိုင်ပြီး အိမ်ပြန်လာသည်။ ညတိုင်းမီးမပိတ်မီတွင် ကျွန်တော်နှင့်ညီလေးသည် မျှော် တလင့်လင့်နှင့် ထူးခြားပြီးစိတ်ဝင်စားစရာကောင်းသည့် လူများအကြောင်းနှင့် ထိုသူများကို ဘုရားသခင်ချစ်ကြောင်း ရေးထားသည့် ဟိုးရှေးရှေးကပုံပြင်များကို အမေဖတ်ပြမည့်အချိန် ကို စောင့်မျှော်နေတတ်သည်။ ထိုပုံပြင်များသည် ကြီးမားကျယ်ပြန့်သောလောကကြီးကို မည်သို့ကြည့်ရမည်ကို သင်ပေးခဲ့သည့် မှန်ဘီလူးတစ်ခုပမာ ဖြစ်သည်။
လူတိုင်းလက်ခံပြီး အပြောအဟောကောင်းသည့် ပုံပြောကောင်းသူမှာ နာဇရက်မြို့ သား သခင်ယေရှုဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံး၏အတွင်းစိတ်၌ ပုံပြင်များကို အလိုလို နှစ်သက်တတ်သည်ကို ကိုယ်တော်သိသောကြောင့် ကြားခံအဖြစ်ဝင်ရောက်ကာ သူ့ သတင်းကောင်းကို ဆီလျော်စွာ…
စေတနာစိတ်နှင့် လှူသောသူ
လွန်ခဲ့သောနှစ်များစွာက ကျွန်တော့်ဇနီးသည် သူဝယ်ယူသောပစ္စည်းများအတွက် အနည်းငယ်သော လျော့ပေးငွေကို ရရှိခဲ့သည်။ ၎င်းသည် သူမျှော်လင့်ထားသော အရာမဟုတ်ပါ။ သူ့ဆီစာရောက်လာခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ့မိတ်ဆွေ တစ်ဉီးက အခြားနိုင်ငံတစ်ခုမှ အမျိုးသမီးများ၏ လိုအပ်မှုသတင်းကို မျှဝေလာသည်။ ထိုနိုင်ငံရှိ စွန့်ဉီးတီထွင် စီးပွားရေးအမြင်ရှိသည့် အမျိုးသမီးများသည် ပညာရေးနှင့် စီးပွားရေးနည်းလမ်းအားဖြင့် ၎င်းတို့၏ဘဝကို ပိုမိုကောင်းမွန်တိုးတက်အောင် လုပ်ဆောင်ရန် ကြိုးစားနေကြပြီး၊ ငွေရေးကြေးရေးက ၎င်းတို့အတွက် ပထမဆံုးသော အတားအဆီးဖြစ်သည်။
ကျွန်တော့်ဇနီးသည် ထိုလျော့ပေးငွေဖြင့် အထက်ပါ အမျိုးသမီးများကို ကူညီမစ သည့် အမှုတော်လုပ်ငန်း၏အသေးစားချေးငွေလုပ်ငန်းအဖြစ် ပါဝင်ရင်းနှီးပေးခဲ့သည်။ သူ၏ချေးငွေကို ပြန်ဆပ်ကြသောအခါ သူကတစ်ကြိမ်ပြီးတစ်ကြိမ် ထပ်ခါထပ်ခါ မြှုပ်နှံခဲ့သည်မှာ ၂၇ ကြိမ်ထိတိုင်ပင်ဖြစ်သည်။ ကျွန်တော့်ဇနီးသည် အခြားအရာများစွာ အတွက် ဝမ်းမြောက်ကြည်နူးပါသည်။ သို့သော် သူတစ်ကြိမ်တစ်ခါမျှပင် မမြင်ဖူးသည့် အမျိုးသမီးများ၏ဘဝဖွံ့ဖြိုးတိုးတက်မှုသတင်းများ ကြားရလေတိုင်း သူမ၏မျက်နှာပေါ် ၌ ပေါ်လာသည့် ကျေနပ်သောအပြံုးကြီးက ရှားပါးသော…
မြင်သည်သိသည်ထက်
ကြိုးကွင်းပစ် နွားရိုင်းစီးသည့်ပြိုင်ပွဲကို သင်သွားကြည့်ဖူးပါက လက်ချောင်း လေးချောင်းနှင့် လက်မရှိရမည့်နေရာတွင် အဖုလေးသာရှိနေသည့် ပြိုင်ပွဲဝင်များကို သင်တွေ့ရလိမ့်မည်။ အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာခြင်းက အဆန်းမဟုတ်ပါ။ လက်မသည် အစွန်းတစ်ဖက်ရှိကြိုးနှင့် အခြားတစ်ဖက်ရှိနွားရိုင်းတို့အကြားညှပ်ကာ များသော အားဖြင့် လက်မကိုဆုံးရှုံးရသည်။ အလုပ်မှနားလိုက်ရမည့် ထိခိုက်ဒဏ်ရာ မဟုတ်သော်လည်း လက်မတစ်ချောင်း မရှိခြင်းက အရာများစွာကို ပြောင်းလဲစေသည်။ လက်မကိုမသုံးဘဲ သွားတိုက်ခြင်း၊ ကြယ်သီးတပ်ခြင်း၊ ဆံပင်ဖြီးခြင်း၊ ဖိနပ်ကြိုး ချည်ခြင်း၊ အစာစာခြင်းတို့ကို စမ်းလုပ်ကြည့်ပါ။ ထိုလျစ်လျူရှုခံရသော သင့်ခန္ဓာကိုယ် အစိတ်အပိုင်းလေးက အရေးကြီးသောအခန်းကဏ္ဍတွင်ရှိနေပါသည်။
တမန်တော်ရှင်ပေါလုက အသင်းတော်အတွင်း အလားတူဖြစ်လာနိုင်သည်ကို ဖော်ပြထားသည်။ သိပ်ပြီးမထင်ရှား အသံမထွက်သည့် အသင်းသားများသည် အခြား သူများထံမှ “မင်းကို မလိုအပ်ဘူး” ဆိုသည့် တုံ့ပြန်မှုမျိုးကို တစ်ခါတစ်ရံတွင် ကြုံတွေ့ ရတတ်သည် (၁ ကော ၁၂ :၂၁)။ များသောအားဖြင့် ဤစကားကို မပြောကြသော်လည်း၊…
ကျွန်ုပ်တို့သည် မြေမှုန့်များဖြစ်ကြသည်
ငယ်ရွယ်သောဖခင်ခမျာ အကြပ်ရိုက်နေသည်။ “ရေခဲမုန့်၊ ရေခဲမုန့်” ဟု တော့တီး တော့တ လမ်းလျှောက်တတ်စ သူ့ကလေးငယ်က အော်လိုက်သည်။ လူများကြပ်ညှပ်လျက်ရှိသည့် ကုန်တိုက်ထဲတွင် ဈေးဝယ်နေသူများက ထိုကလေးငယ်၌ အာရုံစိုက်နေကြသည်။ “အေးပါ။ မေမေ့ကို အရင်ကူညီလိုက်အုံးမယ်။ ဟုတ်ပြီလား” ဟု ပြောသော်လည်း “မရဘူး။ မရဘူး။ ရေခဲမုန့်ဝယ်ပေး”ဟု ဂျီကျနေသည်။ ထိုအခိုက် စလင်းဘက်အိတ်နှင့် ရှုးဖိနပ်တို့ကို အရောင်လိုက်ဖက်စွာ ဝတ်ဆင်ထားသော ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦးက ကလေးကို ကူထိန်းပေးရာ “သူအရမ်းစိတ်ဆိုးနေတယ်” ဟု ကလေး၏ဖခင်က ပြောသည်။ “အမှန်တော့ ရှင့်ကလေးက စိတ်အရမ်းဆိုးနေတယ်လို့ ထင်ရတာပါ။ သူငယ်ငယ်လေးပဲ ရှိသေးတယ်ဆိုတာ မမေ့နဲ့လေ။ သူ့အနားမှာ စိတ်ရှည်ရှည်နဲ့ နီးနီးကပ်ကပ်နေဖို့ပဲ သူလိုချင်တာ” ဟု ပြောလိုက်သည်။ ထိုအခြေအနေကို မျက်လှည့်ပြသလို အခုချက်ချင်း ဖြေရှင်း၍ မရပါ။ ဖခင်နှင့်သားငယ်၏ကြားတွင် ခေတ္တခဏအချိန်ယူပြီး သွေးအေးအေးဖြင့် ပြေလည်စေရန်ဖြစ်သည်။…
ပြည့်စုံသောအသက်တာ
ပထမကမ္ဘာစစ်ပြီးခါနီး ၁၉၁၈ ခုနှစ်တွင် ဓာတ်ပုံဆရာ အဲရစ် အဲန်စတောမ်သည် သူ့လက်ရာ ဓာတ်ပုံများကိုတင်ဆက်ရန် ပြန်လည်စုစည်းခဲ့သည်။ လူများစွာက ဘာမှမရှိသကဲ့သို့ ခံစားနေရချိန်၌ ပြီးပြည့်စုံခြင်းခံစားချက်ကိုဖော်ပြသည့်ဓာတ်ပုံ တစ်ပုံကို သူထည့်သွင်းဖော်ပြလိုသည်။ ထိုဓာတ်ပုံမှာ မုတ်ဆိတ်မွှေးနှင့်အဖိုးအိုတစ်ဉီးသည် စားပွဲ၌ထိုင်ပြီး ခေါင်းငုံ့ဆုတောင်းနေပုံဖြစ်သည်။ သူ့ရှေ့တွင် စာအုပ်၊ မျက်မှန်၊ ဆန်ပြုတ်တစ်ခွက်၊ ပေါင်မုန့်တစ်လုံးနှင့် ပေါင်မုန့်လှီးဓားတစ်လက်ရှိသည်။ ထိုအရာများအပြင် အပိုမရှိ၊ သို့သော် ဘာမှမလို၊ ဘာတစ်ခုမှ လျော့မနေပါ။ ယခုတွင် ထိုဓာတ်ပုံကို အများက အလွန်နှစ်သက် သဘောကျကြသည်။
ဓာတ်ပုံဆရာသည် ရှားပါးမှုကို ထုတ်ဖော်နေခြင်းဟု အချို့ကဆိုမည်။ သို့သော် အဲန်စတောမ်၏ရှုထောင့်က ၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းသည် ပြည့်စုံသည့်ဘဝ ဖြစ်သည်။ ဓာတ်ပုံထဲမှအဖိုးအိုသည် ကျေးဇူးသိတတ်မှုဖြင့် ပြည့်စုံသည့်ဘဝကို ရှင်သန်နေသည်။ သင်နှင့် ကျွန်ုပ်လည်း အခြေအနေ မည်သို့ပင် ရှိရှိ၊ ထိုဘဝကို ခံစားနိုင်ပါသည်။ သခင်ယေရှုက ယော…
ချီးမွမ်းခြင်းနှင့်ပြည့်သော ဘဝနေထိုင်မှုပုံစံ
ဝေါလစ် စတက်နာ၏မိခင်သည် အသက် ၅၀ တွင် ကွယ်လွန်ခဲ့သည်။ ဝေါလစ်သည် သူ့အသက် ၈၀ တွင် "Letter, Much Too Late" ဆိုသည့် အလွန်နောက်ကျမှ ရေးဖြစ်သည့် စာတိုလေးကို သူ့မိခင်ထံ ရည်စူးရေးခဲ့သည်။ ထိုစာ၌ အမေရိကန်အနောက်ပိုင်းဒေသ တည်ထောင်စကာလ ခက်ခဲကြမ်းတမ်းမှုများကြားတွင် ကြီးပြင်းအရွယ်ရောက်ကာ အိမ်ထောင်ကျပြီး သားနှစ်ဦးကို ပြုစုပျိုးထောင်ပေးသည့် သီလနှင့်ပြည့်စုံသော အမျိုးသမီးကို ချီးမွမ်းထားသည်။ သူသည် နှစ်လိုဖွယ်မရှိသူများကိုပင် ခွန်အားပေးသည့် ဇနီးတစ်ဦး၊ မိခင်တစ်ဦးဖြစ်သည်။ မိခင်ကြီးသည် သူ၏ ခွန်အားကို အသံအားဖြင့်ဖော်ပြခြင်းကို ဝေါလစ် အမှတ်ရ သည်။ “သီချင်းဆိုဖို့ အခွင့်အရေးကို အမေဘယ်တော့မှ အဆုံးရှုံးမခံဘူး” ဟု စတက်နာ ရေးသားခဲ့သည်။ စတက်နာ၏ မိခင်သည် သူအသက်ရှင်နေသရွေ့ ကောင်းချီးကြီးငယ်မဟူအတွက် ကျေးဇူးတင်ပြီး သီချင်းဆိုချီးမွမ်းခဲ့သည်။
ဆာလံဆရာသည်လည်း သီချင်းဆိုချီးမွမ်းရန် အခွင့်အရေးကို အရယူခဲ့သည်။…