စာရေးသူ

အားလုံးမြင်နိုင်ရန်
Winn Collier

ဝင်းကော်လီယာ

၂၅ နှစ်ကြာ သင်းအုပ်အဖြစ် ဆက်ကပ်လုပ်ဆောင်နေသော ဆရာ ဝင်းကော်လီယာ (Winn Collier)သည် သူ့မိသားစုနှင့်အတူ အမေရိကနိုင်ငံ၊ မီရှိဂန်ပြည်နယ်ရှိ ဟော်လန်မြို့တွင် နေထိုင်လျက်ရှိသည်။ ထိုမြို့ရှိ Western Theological Seminary (အနောက်ပိုင်းဆိုင်ရာ ဘာသာရေးယုံကြည်မှု ကျမ်းစာသင်ကျောင်း) တွင် ဆရာသည် သင်ကြားပို့ချပေးပြီး Eugene Peterson Center for Christian Imagination (ယူဂျင်း ပီတာဆန် - ခရစ်ယာန် စိတ်အာရုံဆိုင်ရာ စင်တာ) တွင်လည်း ဦးဆောင်ညွှန်ကြားသူအဖြစ် ဆောင်ရွက်လျက်ရှိသည်။ မိတ်ဆွေအပေါင်းအသင်းဖွဲ့မည်၊ ကော်ဖီသောက်မည်၊ ရုပ်ရှင် ကြည့်မည်၊ အကျိုးရှိမည့်စာအုပ်ဖတ်မည်၊ တောင်တတ်မည်၊ အမေးအဖြေ လုပ်မည်၊ တောအုပ်ထဲ လမ်းလျှောက်မည်။ ဤသည်တို့မှာ ဆရာ ဝင်း၏ ဝါသနာများပါ။ ဟန်ဆောင်မှု၊ ကြောက်ရွံ့မှု၊ မတရားမှုများကိုဖြင့် ဆရာ နည်းနည်းလေးမျှ သဘောမကျ။ ဆရာသည် မဂ္ဂဇင်းများ၌လည်း စာမူများရေးသားလေ့ရှိပြီး ဆရာရေးသားသည့် စာအုပ်များမှာမှာ Restless Faith: Hanging on to a God၊ Let God: The Transforming Wisdom of François Fénelon၊ Holy Curiosity: Encountering Jesus’ Provocative Questions၊ ပေးစာဟန် ဝတ္ထုများဖြစ်သည့် Love Big, Be Well: Letters to a Small-Town Church နှင့် A Burning in My Bones: The Authorized Biography of Eugene Peterson တို့ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဝင်းကော်လီယာ

အချင်းချင်းကို အနီးကပ်ကြည့်ရှုစောင်မပါ

အသက် (၇၇)နှစ်အရွယ် အချိန်ပိုင်းအစားထိုးစာသင်ပေးသည့် ဆရာဂျိုစီသည် နှစ်ပေါင်း (၈၀)မျှ ကားထဲ၌ နေထိုင်ခဲ့သူဖြစ်သည်။ ညစဥ်ညတိုင်းတွင် သူ၏ ၁၉၉၇ ထုတ် Ford (ဖို့ဒ်) ကားလေးထဲမှ ဘက်ထရီကို ပုံမှန် စစ်ဆေးသည်။ ထိုဘက်ထရီဖြင့် ကွန်ပြူတာကိုအားသွင်းကာ ညနေပိုင်းအလုပ်ကို လုပ်သည်။ အိမ်ငှားမည့်ငွေကို သူ့ထက်ပို၍လိုအပ်သည့် မက်ဆီကိုနိုင်ငံရှိ သူ့မိသားစုထံသို့ ပေးပို့ခဲ့သည်။ နေ့စဥ်နံနက်စောစောတွင် ကားထဲ၌ ဟိုဟိုဒီဒီ လုပ်နေသည့် ဆရာဂျိုစီကို ကျောင်းသားဟောင်းတစ်ဦးက တွေ့မြင်ခဲ့ပြီး၊ “ကျွန်တော် တစ်ခုခုလုပ်ဖို့ လိုနေပြီလို့ ခံစားခဲ့ရတယ်”ဟု ဆိုကာ ဆရာ့အတွက် ရံပုံငွေကောက်ခံခဲ့သည်။ ရက်သတ္တပတ်အတန်ကြာတွင် ကောက်ခံရရှိသောငွေကို ဆရာဂျိုစီထံပေးအပ်ပြီး အိမ်ငှားနေရန်ကူညီပေးခဲ့သည်။

သမ္မာကျမ်းစာမှ တစ်ဦးနှင့်တစ်ဦးဂရုစိုက်လျက် စောင်မကြည့်ရှုရန် ကျွန်ုပ်တို့ကို အထပ်ထပ်ညွှန်ကြားထားသော်လည်း၊ တစ်ခါတစ်ရံတွင် မိမိ၏သောက ပူပန်စရာများထက်ကျော်ပြီး ကြည့်ရန်ခက်ခဲပါသည်။ ပရောဖက်ဇာခရိက ဣသရေလလူမျိုးတို့အား ၎င်းတို့သည် ဘုရားသခင်ကိုကိုးကွယ်ပြီး အခြားသူများအား အစေခံမည့်အစား…

မိဘမဲ့ မဟုတ်တော့ပါ

Guy Bryant (ဂိုင်းဘရိုင်ယန်)သည် တစ်ကိုယ်ရေတစ်ကာယသမားဖြစ်ပြီး ကိုယ်ပိုင်ကလေး မရှိပါ။ အမေရိကန်နိုင်ငံ၊ နယူးယော့မြို့တော်၏ ကလေးစောင့်ရှောက်ရေးဌာန၌ သူအလုပ်လုပ်သည်။ နေ့စဥ်နေ့တိုင်းတွင် ကလေးမွေးစား စောင့်ရှောက်ပေးနိုင်မည့်သူများ အလွန်အမင်းလိုအပ်နေမှုကို ကြုံတွေ့ရ၍ တစ်စုံတစ်ရာပြုလုပ်ရန် သူဆုံးဖြတ်လိုက်သည်။ ဆယ်စုနှစ်တစ်ခုကျော်မျှ ကလေး (၅၀)ခန့်ကို သူမွေးစားခဲ့ပြီး၊ တစ်ကြိမ်တွင် ကလေး (၉)ယောက်ကို တစ်ပြိုင်တည်း ပြုစုစောင့်ရှောက်ခဲ့ရသည်။ “လှည့်ကြည့်လိုက်တိုင်း နေစရာလိုအပ်နေတဲ့ ကလေးတစ်ယောက်ကို အမြဲတွေ့တယ်။ သင့်ရဲ့နှလုံးသားနဲ့ သင့်အိမ်မှာ နေရာလေးပေးချင်တယ်ဆိုရင် သိပ်မစဥ်းစားနဲ့။ ပေးလိုက်ပါ။ လုပ်လိုက်ပါ”ဟု သူကရှင်းပြပြောပြသည်။ မွေးစားခံရပြီး အရွယ်ရောက်သွားကြသည့် ကလေးများ သူ့ဘဝနှင့်သူဖြစ်သွားသည့်တိုင် သူတို့၌ ဘရိုင်ယန်၏အိမ်သော့ ရှိနေဆဲဖြစ်သည်။ မကြာခဏဆိုသလို တနင်္ဂနွေနေ့များတွင် သူနှင့်နေ့လည်စာစားရန် သူတို့ပြန်လာကြသည်။ ဘရိုင်ယန်သည် ကလေးများစွာတို့အား ဖခင်မေတ္တာကို ပြသခဲ့သည်။

ဘုရားသခင်သည် မေ့လျော့ခံရသူများ၊ အပယ်ခံရသူများကို လိုက်လံရှာဖွေကြောင်း သမ္မာကျမ်းစာမှ ဖော်ပြထားသည်။ ယုံကြည်သူအချို့တို့အနေဖြင့် ၎င်းတို့ကိုယ်ကို…

တစ်လောကလုံး၏အနာငြိမ်းခြင်း

စလိုဗီးနီးယားနိုင်ငံအနောက်ပိုင်း ချောင်ကျပြီး ဝေလံခေါင်သီသည့် ကျဉ်းမြောင်းသော လျှိုမြောင်ရှိ Franja Partisan (ဖရန်ဂျာ ပါတီစန်)ဆေးရုံ၏ လျှို့ဝှက်ဆေးဝါးထောက်ပံ့ရေးဌာနသည် နာဇီတို့လက်မှလွတ်အောင် ပုန်းရှောင်နေရသည့် ဆေးဝန်ထမ်းများအား နေရာထိုင်ခင်းပေးလျက် ဖွက်ထားပေးပြီး၊ ထိုဝန်ထမ်းများက ဒုတိယကမ္ဘာစစ်အတွင်း ဒဏ်ရာရ စစ်သားထောင်ပေါင်းများစွာကို ကြည့်ရှုပြုစုခဲ့ရသည်။ ထိုဌာနကို စုံစမ်းဖော်ထုတ်ရန် နာဇီတို့၏ကြိုးပမ်းမှုအတော်များများကို ခြေရာဖျောက်ရှောင်လွဲနိုင်ခြင်းက မှတ်သားလောက်သည့် အောင်မြင်မှုဖြစ်သော်လည်း ပိုထူးခြားသည်မှာ စလိုဗီးနီးယား တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့က တည်ထောင်ပြီး လှုပ်ရှားလည်ပတ်နေသည့် ထိုဆေးရုံသည် မဟာမိတ်တပ်များသာမက နာဇီစစ်သားများကိုပါ လက်ခံကုသပေးခဲ့သည်။ ဆေးရုံမှ လူတိုင်းကို လက်ခံကြိုဆိုခဲ့သည်။

သမ္မာကျမ်းစာက လောကသားအပေါင်းတို့၏ ဝိညာဉ်ရေးရာ အနာငြိမ်းရေး အတွက် ကူညီပေးရန် ကျွန်ုပ်တို့ကို စေစားခေါ်ယူသည်။ ဆိုလိုရင်းမှာ လူတို့၏အမြင် မည်သို့ပင်ရှိနေကွဲပြားနေလည်း သူတို့အပေါ် ကရုဏာထားရန် ဖြစ်သည်။ လူတို့၏ အတွေးအမြင် မည်သို့ပင်ရှိရှိ၊ လူတိုင်းသည် ခရစ်တော်၏ မေတ္တာနှင့်ကရုဏာတော်ကို ခံယူထိုက်သည်။ ရှင်ပေါလုက…

နက်နဲ၍ ရစ်ပတ်ချည်နှောင်ထားသော တစ်စုံတစ်ရာ

အီရတ်မှပြောင်းရွှေ့လာသူ အမီနာ နှင့် အမေရိကန်နိုင်ငံဖွား အမေရိကန်နိုင်ငံသား ဂျိုးဇက်တို့သည် နိုင်ငံရေးဆိုင်ရာ ဆန္ဒပြပွဲတစ်ခုတွင် တစ်ဘက်စီမှပါဝင်ခဲ့ကြသည်။ လူမျိုးရေးအရ၊ နိုင်ငံရေးအရ ခံယူချက်ကွဲပြားသူတို့သည် တစ်ဦးနှင့်တစ်ဦးအပေါ် မုန်းတီးမှုကို ဖုံးကွယ် ထိန်းချုပ်စရာအကြောင်းမရှိဟု ကျွန်ုပ်တို့ ရိုက်သွင်းခံထားရသည်။ သို့သော် လူအချို့က ရိုင်းစိုင်းစွာ အော်ဟစ်ပြောဆိုလျက် ဂျိုးဇက်၏ရှပ်အင်္ကျီကို မီးရှို့ရန် ကြိုးစားသောအခါ အမီနာက အမြန်ဝင်ရောက် ကာကွယ်လိုက်သည်။ “လူသားတွေအနေနဲ့ ကျွန်တော်တို့တွေ နောက်ထပ် ကွဲပြားသင့်တယ်လို့ ကျွန်တော်မထင်ဘူး။ ဒါပေမဲ့လည်း အခုဖြစ်ပျက်နေတာကတော့ ဖြစ်နေကျ အဆင်မပြေတဲ့ အခိုက်အတန့်လေးပါပဲ”ဟု ဂျိုးဇက်က သတင်းထောက်ကို ပြောခဲ့သည်။ နိုင်ငံရေးထက် ပိုမိုနက်နဲသော တစ်စုံတစ်ရာသည် အမီနာနှင့် ဂျိုးဇက်ကို ရစ်ပတ်ချည်နှောင်လျက်ရှိသည်။

ကျွန်ုပ်တို့၌ တစ်ဦးနှင့်တစ်ဦးအပေါ် တကယ့်ကို သဘောထားမတိုက်ဆိုင်မှုများရှိပြီး၊ လျစ်လျူ၍မရနိုင်သော ကြီးမားသည့် ကွဲပြားခြားနားမှုများဖြစ်လင့်ကစား ကျွန်ုပ်တို့ကိုပေါင်းစည်းထားသော အလွန်နက်နဲသည့်အမှန်တရားများ ရှိသည်။ကျွန်ုပ်တို့အားလုံးကို ဘုရားသခင် ဖန်ဆင်းထားပြီး သူချစ်သော…

ပြင်းထန်သောရုန်းကန်မှု

၁၈၉၆ ခုနှစ်၊ အီသီယိုးပီးယားနိုင်ငံ လူသူကင်းဝေးသောအရပ်တွင် စူးစမ်းလေ့လာသူ Carl Akely (ခါးလ်အက်ခလီ)သည် ပေါင် (၈၀) အလေးချိန်ရှိသည့် ကျားသစ် တစ်ကောင်၏ အမဲလိုက်ခံခဲ့ရသည်။ ထိုကျားသစ်သည် ၎င်း၏သွားများဖြင့် သူ၏လည်ပင်းကို ကိုက်ခဲရန် ခုန်အုပ်ဖို့ ကြိုးစားသည်ကို ခါးလ် မှတ်မိနေသေးသည်။ ကြီးမားသောသွားစွယ်များဖြင့် သူ့ညာလက်ကိုကိုက်ဆွဲသော်လည်း လွဲသွားသည်။ ကျားသစ်နှင့် ခါးလ်တို့ မြေကြီးေပေါ်၌ အချိန်အတော်ကြာ ရုန်းရင်းဆန်ခတ် နပန်းလုံးနေသည်။ ခါးလ်သည် အားကုန်လျက် “မည်သူ အရင် အရှုံးပေးမလဲ”ဟု စောင့်ကြည့်ရမည့် အခြေအနေဖြစ်လာသည်။ နောက်ဆုံး ခါးလ်သည် အားကုန်သုံးကာ သူ၏လက်ချည်း သက်သက်ဖြင့် ကျားသစ်ကြီးကို လည်ပင်းညှစ်သတ်နိုင်ခဲ့သည်။

သခင်ယေရှုကို ယုံကြည်သူတို့သည်လည်း အခက်အခဲများကို ရှောင်လွဲ၍ မရဘဲ ကြုံတွေ့ကြရမည်။ ထိုအချိန်တွင် လက်လျော့လိုက်ချင်လောက်အောင်၊ အရှုံးပေးလိုက်ချင်လောက်အောင် ခက်ခဲနိုင်သည်။ ထိုအချိန်တွင် “မာရ်နတ်၏ ပရိယာယ်တို့ကို တားဆီး”ပြီး ခိုင်ခံ့ခြင်းရှိရန်…

တကယ် အသက်ရှင်သည်

အီစတာပွဲတော်နေ့အပြီး ရက်သတ္တတစ်ပတ်အကြာဖြစ်၍ ကျွန်တော့်၏ငါးနှစ်အရွယ် သားလေး Wyatt (ဝါယဒ်)သည် ထမြောက်ခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများစွာကို ကြားခဲ့ပြီးဖြစ်သည်။ သူ၌ မေးခွန်းအမြဲရှိပြီး ပုံမှန် အားဖြင့် အကျပ်ရိုက်စေမည့် မေးခွန်းမျိုးဖြစ်သည်။ ကျွန်တော်ကားမောင်းစဉ် ကျွန်တော့်နောက်ရှိ ကလေးထိုင်ခုံ၌ ထိုင်ကာလိုက်ပါလာသည့် ဝါယဒ် သည် ပြတင်းပေါက်အပြင်သို့ ကြည့်ပြီး အတွေးနက်နေသည်။ “ဖေဖေ”ဟု ခေါ်လိုက်ပြီး ကျွန်တော့်ကို ခက်ခဲသည့်မေးခွန်းမေးရန် ခေတ္တရပ်လိုက်သည်။ ပြီးမှ “သခင်ယေရှုက သားတို့ကို အသက်ပြန်ရှင်စေတဲ့အခါ တကယ်ပဲရှင်မှာလား။ ဒါမှမဟုတ် သားတို့ခေါင်းထဲမှာပဲ ရှင်နေမှာလား” ဟုမေးသည်။

ဤမေးခွန်းက ဖွင့်မေးရန် ကျွန်တော်တို့၌ သတ္တိရှိရှိ မရှိရှိ၊ ကျွန်တော်တို့ အများစုတွင် ရှိနေသည့် ‌မေးခွန်းဖြစ်သည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို အမှန်တကယ် အနာငြိမ်းစေမည်လား။ သေခြင်းမှ အမှန်တကယ် ထမြောက်စေမည်လား။ သူ၏ကတိအားလုံးကို အမှန်ပင်တည်စေမည်လား။

တမန်တော်ရှင်ယောဟန်သည် ကျွန်တော်တို့၏သေချာသည့်အနာဂတ်နှင့် စပ်လျဥ်း၍ “ကောင်းကင်သစ်နှင့်…

ဤအရာက အရာအားလုံးကို ပြောင်းလဲလိုက်သည်

ယေးလ် တက္ကသိုလ်၏သက်တမ်းရှည်ပါမောက္ခဖြစ်သည့် Jaroslav Pelikan (ရာရိုစလပ်ပလင်ကန်)အား “သူ့ခေတ်အခါက ခရစ်ယာန်သမိုင်း၌ သြဇာညောင်းသူ” အဖြစ်မှတ်ယူကြပြီး ကြာမြင့်သည့် သူ၏ပညာရေးလုပ်သက်ကြောင့် ကျော်ကြားသည်။ စာအုပ်ပေါင်း (၃၀) ကျော်ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး သူ၏မြောက်မြားစွာသောစာပေရေးသားမှုကြောင့် အထင်ကရဖြစ်သည့် ‘Kluge’ (ခလူးဂါ) တစ်သက်တာ စာပေဆုကို ဆွတ်ခူးခဲ့သည်။ သူ့တပည့်တစ်ဦးက သူ့ဆရာသေအံ့ဆဲဆဲအချိန် ပြော ခဲ့သည့်၊ အရေးအကြီးဆုံးဟု သူမှတ်ယူထားသည့်စကားကို ပြန်ပြောပြခဲ့သည်။ “ခရစ်တော်ရှင်ပြန်ထမြောက်ပါက အခြားဘယ်အရာကမှ အရေးမပါတော့ပါ။ အကယ်၍ ခရစ်တော် မထမြောက်ပါက အခြားဘာတစ်ခုမျှ အရေးမပါတော့ပါ”။

“ခရစ်တော်သည် ထမြောက်တော်မမူလျှင် ငါတို့ဟောပြောခြင်း၌ အကျိုးမရှိ။ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ” ဟူသော ရှင်ပေါလု၏ခိုင်မာသော ယုံကြည်ချက်ကို ပလင်ကန်က ပဲ့တင်ထပ်ပြောခြင်းဖြစ်သည် (၁ ကော ၁၅:၁၄)။ ရှင်ပြန်ထမြောက်ခြင်းသည် အံ့ဖွယ်နိမိတ်မျှသာမဟုတ်ဘဲ လူ့သမိုင်း၌ ဘုရားသခင် ၏ကယ်တင်ခြင်းအမှု အထွတ်အထိပ်ဖြစ်ကြောင်း သူသိရှိ၍ တမန်တော်ကြီးက…

ဂုဏ်သိက္ခာရှိသောအသက်တာ

ခက်ခဲပင်ပန်းသည့် အပြည်ပြည်ဆိုင်ရာ တောလမ်းခရီးကြမ်းအပြေးပြိုင်ပွဲတွင် ကင်ညာနိုင်ငံသားအပြေးသမား Abel Mutai (အေဘဲလ်မူတိုင်)သည် ရှေ့ဆုံးမှဦးဆောင်နေပြီး အောင်နိုင်သူဖြစ်ရန် ကိုက်အနည်းငယ်သာလိုတော့သည်။ ပြေးလမ်းကြောင်း၏သင်္ကေတကို အကြည့်မှား၍ ပြိုင်ပွဲပန်းဝင်သည့်မျဉ်းကို သူဖြတ်ကျော်ပြီးဟုထင်ကာ အပြေးရပ်လိုက်သည်။ သူ့နောက် ဒုတိယနေရာမှလိုက်လာသော စပိန်နိုင်ငံသား Ivan Fernandez Anaya (အိုင်ဗင်ဖါနန်ဒတ်စ်အနယာ)သည် မူတိုင်၏အမှားကို တွေ့လိုက်သည်။ သူ့အတွက် ဗိုလ်စွဲရန် အခွင့်ကောင်းဖြစ်သော်လည်း သူသည် မူတိုင်ကိုလက်ကမ်းကာ ရွှေတံဆိပ်ရမည့်ပန်းတိုင်သို့ ညွှန်ပြပို့ဆောင်ပေးလိုက်သည်။ သတင်းထောက်များက အဘယ်ကြောင့် တမင်အရှုံးပေးလိုက်သနည်းဟု မေးသောအခါ အနယာ က မူတိုင်သာလျှင် အောင်နိုင်သူဖြစ်ထိုက်ကြောင်း၊ “ကျွန်တော်ရရှိမဲ့အောင်မြင်မှုက ဘယ်လောက်မွန်မြတ်လဲ၊ အဲဒီဆုတံဆိပ်က ဘယ်လောက်သိက္ခာရှိသလဲ၊ ကျွန်တော့်အမေက ဘယ်လိုထင်ကြေးပေးမလဲ” ဟုပြန်လည်ဖြေကြားသည်။ “အနယာ သည် အောင်မြင်မှုထက် ရိုးသားဖြောင့်မတ်မှုကို ရွေးချယ်ခဲ့သည်”ဟု သတင်းထောက်တစ်ဦးက မှတ်ချက်ပေးခဲ့သည်။

သုတ္တံကျမ်းတွင် ဂုဏ်သိက္ခာရှိစွာနှင့် စစ်မှန်သောအသက်တာ၊ သစ္စာရှိသောအသက်တာဖြင့် အသက်ရှင်လိုပါက မလျော်ကန်သောနည်းလမ်းထက် ဖြောင့်မတ်မှန်ကန်မှု၌အခြေပြုသော…

သတင်းကောင်းကြောင့် ဝမ်းမြောက်ရခြင်း

၁၉၆၄ ခုနှစ်၊ တစ်ညနေခင်းတွင် အမေရိကန်နိုင်ငံ၌ ပမာဏ ၉.၂ ပြင်းအားရှိသော ‘The Great Alaska’ (ကြီးမားသော အလက်စကား) ငလျင်ကြီး ၄မိနစ်ခန့်မျှ လှုပ်သွားခဲ့သည်။ အန်ကားရေ့ချ်မြို့ တစ်မြို့လုံးပျက်စီးသွားပြီး ကြီးမားသောချိုင့်ကြီးများနှင့် အုတ်ကျိုးအုတ်ပဲ့များသာ ကျန်သည်။ သတင်းတင်ဆက်သူ Genie Chance (ဂျီနီချန့်စ်)သည် သူမ၏မိုက်ခရိုဖုန်းဖြင့် စိုးရိမ်တကြီးနှင့်ရေဒီယိုနားထောင်နေကြသူများ ထံသို့ မှောင်မည်း၍ ထိတ်လန့်ဖွယ် ထိုညတစ်ညလုံး သတင်းစကားများ ပေးပို့နေခဲ့သည်။ ချုံပုတ်များကြားအလုပ်လုပ်နေသော ခင်ပွန်းသည်မှာ သူ့မိန်းမအသက်ရှင်နေသေးကြောင်း၊ စိတ်ခြောက်ခြားနေသော မိသားစုများသည် ကင်းထောက်လူငယ် စခန်းချခရီးထွက်နေသော သူတို့၏သားများ အဆင်ပြေလျက်ရှိကြောင်း၊ ဇနီးမောင်နှံနှစ်ဦးမှာလည်း သူတို့၏ကလေးများကိုရှာတွေ့ပြီဖြစ်ကြောင်း သတင်းများ ကြားခဲ့ရသည်။ တကျိကျိမြည်နေသော ရေဒီယိုသံသည် သတင်းကောင်းများ တစ်ခုပြီးတစ်ခုနှင့်ပြည့်နှက်လျက် အပျက်အစီးများကြားမှ ဝမ်းမြောက်ဖွယ်ရာ ဖြစ်ခဲ့ပါသည်။

၎င်းသည် “ထာဝရဘုရား၏ဝိညာဥ်တော်သည် ... ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ၊ ငါ့ကိုဘိသိတ်ပေးတော်မူပြီ” (၆၁:၁) ဟူသော…

ချစ်ခြင်းမေတ္တာ၏စွမ်းအား

တစ်ဦးသည် ဂျာမနီတွင်နေပြီး တစ်ဦးသည် ဒိန်းမတ်တွင်နေထိုင်သော အသက် ၈၀ ကျော်အရွယ် စုံတွဲတစ်တွဲသည် တစ်မူထူးခြားသည်။ သူတို့သည် မုဆိုးဖို/မများ မဖြစ်မီအထိ အိမ်ထောင်သက် ၆၀ ကျော်မျှကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြသည်။ တစ်ဦးနှင့်တစ်ဦးသည် ၁၅ မိနစ်ခန့် အကွာအဝေးတွင်သာ နေထိုင်ကြသော်လည်း ၎င်းတို့၏အိမ်များသည် သီးခြားနိုင်ငံများတွင် ရှိနေသည်။ သူတို့နှစ်ဦး မေတ္တာ သက်ဝင်ခဲ့ကြပြီး ပုံမှန် အတူတကွ ချက်ပြုတ်စားသောက်ကာ အချိန်ကုန်ဆုံးစေလေ့ရှိသည်။ စိတ်မကောင်းစရာမှာ ၂၀၂၀ ခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒိန်းမတ်အစိုးရသည် နယ်စပ်ဖြတ်သန်းမှုကို ကန့်သတ်ခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် အတားအဆီးကိုမမှုဘဲ နေ့စဉ် ညနေ ၃ နာရီရောက်လျှင် နှစ်နိုင်ငံစပ်ကြားကျေးလက်မြို့လေး၏ လမ်းကျဉ်းလေးတွင် ကိုယ်စီသက်ဆိုင်သည့် နိုင်ငံဘက်တွင်ထိုင်ကာ ပျော်ပွဲစားထွက်ကြသည်။ “ငါတို့ဒီလိုနေရာမှာ ရှိနေတာ ချစ်ခြင်းမေတ္တာကြောင့်ဖြစ်တယ်”ဟု ယောက်ျားဖြစ်သူက ရှင်းပြသည်။ သူတို့နှစ်ဦး၏ချစ်ခြင်းမေတ္တာသည် နယ်နိမိတ်စည်းများထက် ခိုင်မာပြီး ကမ္ဘာ့ကပ်ရောဂါထက် အစွမ်းကြီးမားသည်။…