အမျိုးအစား  |  odb

ပြန်လည်ဝေမျှပါ

၅၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ပြီးနောက် အင်္ဂလန်ဘောလုံးအသင်းသည် ဥရောပဖလား ဗိုလ်လုပွဲသို့ အဆုံးတွင် တက်လှမ်းနိုင်ခဲ့ပြီး၊ အီတလီအသင်းနှင့် သရေကျနေသဖြင့် ပင်နယ်တီဖြင့် အနိုင်အရှုံးဆုံးဖြတ်ရာ၊ အင်္ဂလန်အသင်းအတွက် နောက်ဆုံး အခွင့်အရေးမှာ လူငယ်ကစားသမား Bukayo Saka (ဘူကာယို ဆာကာ) အပေါ် ကျရောက် လာသည်။ သို့သော် ဆာကာ ပင်နယ်တီကန်သွင်းလိုက်ချိန်တွင် အီတလီ ဂိုးသမားက ပုတ်ထုတ်နိုင်ခဲ့သည်။ အင်္ဂလန်ပရိသတ်များ ငိုကြွေးကြပြီး ဖလားနှင့်ဝေးခဲ့ရသည်။

သို့သော် နောက်ဆက်တွဲဖြစ်ရပ်ကို မေ့နိုင်သူ မရှိသလောက်ပင်။ အင်္ဂလန်အသင်း မန်နေဂျာ Gareth Southgate (ဂါရတ်ဆောက်ဂိတ်) သည် စိတ်ပျက်အားငယ်နေသော ဆာကာထံ လျှောက်သွားပြီး သူ့ကို ဖက်ထားပေးခဲ့သည်။ ဆာကာ မည်သို့ခံစားနေရသည်ကို သူကောင်းကောင်းသိသည်။ ၁၉၉၆ ခုနှစ်က ဆောက်ဂိတ် ကိုယ်တိုင် လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး၊ ပင်နယ်တီလွဲချော်ခဲ့ဖူး၍၊ ထိုစဉ်က အင်္ဂလန်အသင်းမှာ ဆီမီးဖိုင်နယ်သို့ မတက်နိုင်ခဲ့ပါ။ ထိုအချိန်က…

ကယ်တင်သောဘုရားသခင်

တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကျခံရသော Vic (ဗစ်ခ်)သည် သူစိတ်နှလုံးမှ တောင့်တမှုများကို သူငယ်ချင်းများအား ပြောပြရာ၊ ဗစ်ခ်၏ဘဝတွင် ဗလာဖြစ်နေသော ကွက်လပ်များကို ယေရှုဖြည့်ဆည်းပေးလိမ့်မည်ဟု သူငယ်ချင်း များက ပြောသောအခါ သူလှောင်ပြောင်ခဲ့သည်။ သေဆုံးသွားပြီးမှ ယနေ့တိုင် အသက်ရှင်နေဆဲဖြစ်သော ယေရှုဆိုသည့်ပုဂ္ဂိုလ်မှာ ဗစ်ခ်အတွက် ဒဏ္ဍာရီသာ ဖြစ်သည်။ သံသယများရှိနေသော်လည်း နောက်ပိုင်းတွင် သူသည် ခရစ်ယာန်ရေဒီယိုအစီအစဉ်များကို နားထောင်ပြီး ကျမ်းစာကိုပင် ဖတ်ရှုလာခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်ကိုယ်တော်တိုင် ထင်ရှားပြရန် သူတောင်းဆိုခဲ့သည်။

သို့နှင့် ဗစ်ခ်၏ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများ စတင်ပျောက်ကွယ်သွားသည်။ “လူကတော့ ခြံစည်းရိုးအထပ်ထပ်နဲ့ ကာရံထားတဲ့ ထောင်ထဲမှာ ပိတ်လှောင်ခံထားရတယ်။ ဒါပေမဲ့ စိတ်ဝိညာဥ်ကတော့ ခြင်္သေ့တွင်းထဲက ဒံယေလလိုပဲ၊ လွတ်လပ်ပြီး ဘေးကင်းလုံခြုံနေပါတယ်”ဟု သူပြန်လည်ပြောပြသည်။ မကြာမီမှာပင် ယေရှုကို မိမိ၏ကယ်တင်ရှင်အဖြစ် သူလက်ခံခဲ့သည်။

ဗစ်ခ်သည် ယုဒပြည်မှ ပြည်နှင်ဒဏ်ခံရပြီး ခြင်္သေ့တွင်းထဲ ပစ်ချခံခဲ့ရသည့်…

လမ်းပိတ်ထားသည်၊ ဝိညာဉ်တော်ပို့ဆောင်သည်

ရှည်လျားသော ခရီးစဉ်တစ်ခုမှ ကျွန်တော်တို့ဇနီးမောင်နှံပြန်လာပြီး ကျွန်တော်တို့ နေထိုင်သည့်လမ်းနှင့် နီးလာသောအခါ “ဖြတ်သန်းသွားလာခွင့်မပြု” ဟူသည့် လမ်းပိတ်ဆိုင်းဘုတ်ကြီးတစ်ခုက လမ်းကိုပိတ်ထားသည်။ အိမ်က ရှေ့နားမှာပင်ဖြစ်၍ ထိုဆိုင်းဘုတ်ကို ပတ်မောင်းသွားချင်စိတ် ပေါ်လာသည်။ လမ်းလွှဲ မောင်းရခြင်းကို ကျွန်တော် မနှစ်သက်ပါ။ သို့သော် ဘာကြောင့် လမ်းပိတ်ထားရသနည်းဆိုလျှင် ဓာတ်ကြိုးတစ်ချောင်း လမ်းပေါ် ပြတ်ကျနေသည်ကို ကျွန်တော် မြင်လိုက်ရသည်။ သတိပေးချက်ကို ကျွန်တော် လျစ်လျူရှုခဲ့ပါက အန္တရာယ်ထဲသို့ မောင်းဝင်မိသွားနိုင်ပါသည်။

တမန်တော်ဝတ္ထု ၁၆:၆-၁၀ တွင် ပေါလုနှင့် သူ၏အဖော်များသည် အာရှိ ပြည်၌ ဧဝံဂေလိတရား ဟောပြောရန် စိတ်ထက်သန်နေကြသော်လည်း သန့်ရှင်းသောဝိညာဉ်တော်က ထိုတံခါးကို ပိတ်ထားခဲ့သည်။ လမ်းလွှဲရခြင်းသည် အမြဲတမ်း ငြင်းပယ်ခံရခြင်း မဟုတ်ပါ။ ၎င်းတို့သည် လမ်းကြောင်းအသစ်သို့ ဘုရားရှင်ပို့ဆောင်ခြင်းများလည်း ဖြစ်နိုင်ပါသည်။ လမ်းပေါ်က လမ်းပိတ်ဆိုင်းဘုတ်ကဲ့သို့ပင်၊ ဘုရားသခင်သည် ပေါလုကို ဗိသုန်ပြည်သို့ မဝင်စေရန် လမ်းလွှဲပေးခဲ့သည်။…

ဘုရားသခင်၏ လက်ရာတော်

ပုစဉ်းများသည် အလွန်နူးညံ့သိမ်မွေ့သော ပိုးမွှားများဖြစ်သော်လည်း အံ့ဩဖွယ် ပျံသန်းနိုင်စွမ်းနှင့် ခံနိုင်ရည်ရှိကြသည်။ ပျံသန်းမှုဆိုင်ရာ နည်းပညာများ တိုးတက်ကောင်းမွန်လာစေရန် ၎င်းတို့၏လေထဲတွင် ပျံသန်းနိုင်စွမ်းကို လေ့လာခဲ့ကြသည်။ မကြာမီက ပုစဉ်းတစ်ကောင်သည် ဇောက်ထိုးကျသွားပါက တစ်စက္ကန့်လျှင် အကြိမ် ၃၀ တောင်ပံခတ်ခြင်းဖြင့် ၀. ၂ စက္ကန့်အတွင်း ပုံမှန်အနေအထားသို့ ပြန်ရောက်နိုင်ကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြသည်။ ၎င်း၏မျက်လုံးများကလည်း မည်သည့်ဘက်က အပေါ်ဘက်ဖြစ်သည်ကို ဆုံးဖြတ်ရန်နှင့် အနည်းငယ်မျှသော ပြုပြင်ထိန်းညှိမှုများ ပြုလုပ်နိုင်ရန်အတွက် တစ်စက္ကန့်လျှင် ပုံရိပ်ပေါင်း ၂၀၀ ကို အံ့ဩဖွယ်ရာ ဖော်ထုတ်ပေးနိုင်သည်။

ဘုရားသခင်၏ ဖန်ဆင်းနိုင်စွမ်းနှင့် ဉာဏ်ပညာတော်ကို သဘာဝဝန်းကျင်လောကတစ်ခုလုံးတွင် တွေ့မြင်နိုင်ပါသည်။ ယောဘဝတ္ထုတွင် အဓိကဇာတ်ဆောင် ယောဘက ဘုရားသခင်သည် ကောင်းမြတ်၊ ဖြောင့်မတ်သည်ဆိုပါက အဘယ့်ကြောင့်သူဆင်းရဲဒုက္ခခံစားရသည်ကို နားလည်နိုင်အောင် ရုန်းကန်နေခဲ့ရသည်။ ဘုရားသခင်က ယောဘအား “မိုးကောင်းကင်တရားတို့ကို နားလည်သလော။ ထိုတရားတို့သည် မြေကြီးကို အုပ်စိုးမည့်အကြောင်း…

မည်သူ့ကို သင်လိုအပ်သနည်း

နံမည်ကျော်အားကစားသမားတစ်ဦးသည် သူကိုယ်တိုင် နိုင်မည်ဟု အသေအချာ ယုံကြည်ထားသည့် ချန်ပီယံလုပွဲသို့ သွားရန် လေယာဉ်ပေါ်တွင် ခန့်ညားစွာ ထိုင်နေသည်။ လေယာဉ်မယ်က သူ့အနားသို့ လျှောက်လာပြီး “လူကြီးမင်း၊ ကျေးဇူးပြု၍ ထိုင်ခုံခါးပတ် ပတ်ထားပါ”ဟု ပြောရာ၊ သူက ပြုံးပြီး၊ “စူပါမန်းမှာ ခါးပတ် မလိုဘူး”ဟု ပြန်ပြောလိုက်သည်။ လေယာဉ်မယ်ကလည်း မဆိုင်းမတွပင် “စူပါမန်းက လေယာဉ်ပျံလည်း မလိုဘူး။ ဒါကြောင့် ခါးပတ်ပတ်လိုက်ပါ”ဟု ပြန်ပြောလိုက်မှ သူလည်း ခါးပတ်ပတ်လိုက်ရတော့သည်။

အောင်မြင်မှုက ကျွန်ုပ်တို့ကို မာန်တက်စေသည်။ မိမိသည် ထိုင်ခုံခါးပတ်လည်း မလို၊ လေယာဉ်မယ်၏ ညွှန်ကြားချက်လည်း မလိုဘဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်သည်ဟု ထင်မှတ်လာစေသည်။ အကယ်၍ ကျွန်ုပ်တို့သည် ဤကဲ့သို့သော စိတ်သဘောထားမျိုးကို အသင်းတော်အတွင်းသို့ ယူဆောင်လာပါက ကျွန်ုပ်တို့သည် မျက်စိက လက်ကို “မင်းကို ငါမလိုဘူး”၊ ဦးခေါင်းက ခြေထောက်ကို “မင်းကို…

အစဉ်မပြတ် ကျေးဇူးတော်ချီးမွမ်းခြင်း

ကယ်လီဖိုးနီးယားကမ်းရိုးတန်းအလွန်တွင် တန်ချိန် ၅၀ ရှိ ကျောခုံးဝေလငါးမကြီး (humpback whale) တစ်ကောင်သည် ဂဏန်းဖမ်းပိုက်များအတွင်း ရှုပ်ထွေးသော ပိုက်ကြိုးများကြား ပိတ်မိနေခဲ့သည်။ ၎င်းသည် ရေပေါ် ပေါ်နိုင်ရန်ရုန်းကန်နေစဉ် ပေရာချီရှည်သောကြိုးများ၊ ပေါင်ရာချီလေးသော ဂဏန်းဖမ်းလှောင်အိမ်များက ငါး၏ကိုယ်ကို ရစ်ပတ်ထားသည်။ ရေငုပ်သမားလေးဦးသည် ငါး၏ဝမ်းဗိုက်အောက်သို့ ငုပ်ဆင်းကာ ကယ်ဆယ်ရန် ကြိုးစားလျက်၊ တစ်နာရီကြာမျှ ကြိုးများကိုဖြတ်တောက်ခဲ့ရသည်။ ၎င်းသည် အလွန်အန္တရာယ်များပြီး၊ ငါးအမြီး တစ်ချက်ခတ်လိုက်ရုံဖြင့် သူတို့သေသွားနိုင်သည်။ သူမ လွတ်မြောက်သွားပြီးနောက် ချက်ချင်းထွက်ခွာမသွားဘဲ ရေငုပ်သမားတစ်ဦးချင်းစီ၏အနားသို့ ကူးခတ်လာပြီး ညင်သာစွာ တိုးဝှေ့နှုတ်ဆက်ခဲ့သည်။ “ကျွန်တော်တို့ကို ကျေးဇူးတင်စကား ပြောနေသလို ခံစားရတယ်”ဟု ကယ်ဆယ်ရေးသမားတစ်ဦးက ပြောခဲ့သည်။

ဝေလငါးများက ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်သည်ဖြစ်စေ၊မဖော်ပြနိုင်သည်ဖြစ်စေ ကျေးဇူးသိတတ်ခြင်းသည် လူသားတစ်ဦးဖြစ်ခြင်း၏ အလွန်အရေးကြီးသော အစိတ်အပိုင်းဖြစ်ပြီး၊ ဘုရားသခင်နှင့် လျှောက်လှမ်းသည့် အသက်တာအတွက် မရှိမဖြစ် လိုအပ်သည်။ လူအများစုက (ကလေးမွေးဖွားခြင်း၊ ရောဂါပျောက်ခြင်း)စသည့်…

အမှုပြုတော်မူသော ဘုရားသခင်

ဂျေး(Jay) တွင် ဂိဒေါင်အသင်းထုတ် ကျမ်းစာအုပ်တစ်အုပ် ရှိသော်လည်း သူ၏ ခွဲခြမ်းစိတ်ဖြာတတ်သောစိတ်က ကျမ်းစာပါ အံ့ဖွယ်အမှုများကို လက်ခံရန် ခက်နေခဲ့သည်။ သို့သော် သူ့မိတ်ဆွေတစ်ဦး၏ စစ်မှန်သောယုံကြည်ခြင်းက သူ့ကို ဖမ်းစားခဲ့သည်။ ထို့ကြောင့် ဂျေးသည် ဘုရားသခင်အား “ကိုယ်တော့်ကို ယုံကြည်စေချင်တယ်ဆိုရင်၊ ကျွန်တော် ရှင်းပြလို့မရတဲ့အရာတစ်ခုခုကို လုပ်ပြပါ”ဟု ထူးဆန်းသော ဆုတောင်းချက်တစ်ခုကို တောင်းခဲ့သည်။

တစ်နေ့တွင် ဂျေးသည် သူ၏ကျမ်းစာအုပ်ကို ရှာရန် အတွေးဝင်လာပြီး ရှာကြည့်ရာ၊ ကျမ်းစာအုပ် ပျောက်နေပါသည်။ သူသည် ပစ္စည်းများပျောက်တတ် သည့် ပေါ့ဆသူ မဟုတ်သဖြင့် ထူးဆန်းနေသည်။

သူသည် ဇူးရစ်တက္ကသိုလ်သို့ စာသင်ရန် မိုးထဲတွင် ကားမောင်းသွားခဲ့ပြီး၊ ကားပေါ်မှအဆင်းတွင် စိုရွှဲနေသော ပလက်ဖောင်းပေါ်၌ ဂိဒေါင်ကျမ်းစာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။ "ထူးဆန်းလိုက်တာ"ဟု သူတွေးမိသည်။ သူကောက်ယူကြည့်သောအခါ မိုးရွာနေသော်လည်း ထိုကျမ်းစာအုပ်မှာ လုံးဝ ခြောက်သွေ့နေသည်။ ၎င်းမှာ သူရှင်းမပြနိုင်သောအရာပင်ဖြစ်သည်။…

ဘုရားသခင်၏ အစွမ်းကုန် မေတ္တာတော်

ဒန်နီရယ်သည် ရိုမေးနီးယားနိုင်ငံ မိဘမဲ့ဂေဟာတစ်ခုတွင် ဘဝစခဲ့သည်။ ၇ နှစ်တိုင်တိုင် သူသည် ရေချိုးရန်အတွက်သာ သူ၏ကလေးခုတင်မှ ထွက်သည်။ သူ ၈ နှစ်အရွယ်တွင် အခြားနိုင်ငံမှ မိသားစုတစ်ခုက သူ့ကို မွေးစားခဲ့သည်။ ဒန်နီရယ်အနေဖြင့် သူတို့ကို မိဘအဖြစ် သံယောဇဉ်တွယ်ရန် ခက်ခဲနိုင်သည့်အခြေအနေကိုလည်း ထိုမိသားစုက သိနားလည်သည်။ တဖြည်းဖြည်းနှင့် ဒန်နီရယ်သည် သူတို့ကို စတင်ယုံကြည်လာခဲ့သည်။ သို့သော် အချိန်နှင့်အမျှ သူသည် ဒေါသတကြီး ပေါက်ကွဲတတ်သဖြင့် မိဘများက သူတို့ကိုယ်ကို ကာကွယ်ရန် ကိုယ်ရံတော်ကိုပင် ငှားရမ်းခဲ့ရသည်။ ထို့နောက် နောက်ထပ်ငါးနှစ်လုံးလုံး ဒန်နီရယ် မည်မျှပင် စိတ်ပေါက်ကွဲနေပါစေ၊ ဒန်နီရယ်၏အနားမှ သူတို့တစ်ဖဝါးမှ မခွာဘဲ နေပေးရန်ဟူသည့် အငြင်းပွားဖွယ်ရာ ကုထုံးတစ်ခုကို အသုံးပြုရန် သူတို့ဆုံးဖြတ်ခဲ့ကြသည်။ အသက် ၁၃ နှစ်ပြည့် မွေးနေ့တွင် ဒန်နီရယ်သည် စိတ်လှုပ်ရှားစွာဖြင့် မိဘများအား "အရမ်းချစ်တယ်"ဟု ပထမဦးဆုံးအကြိမ်…

ဘုရားသခင်၏ကတိတော်အတိုင်း လုပ်ဆောင်ခြင်း

Pieter (ပီတာ) သည် ဘောင်သွင်းထားသည့် သူ၏သက်ကြီးရွယ်အို မိဘနှစ်ပါး၏ ဓာတ်ပုံကို ညတိုင်းနမ်းလေ့ရှိသည်။ သူသည် မိဘများနှင့် နှစ်ပေါင်းများစွာဝေးကွာ နေခဲ့သည်။ သူသည် လူပျိုအရွယ်တွင် ယေရှု၏နောက်လိုက်တစ်ဦး ဖြစ်လာသောအခါ သူ၏ယုံကြည်ခြင်းအသစ်ကို စွန့်လွှတ်ရန် မိသားစုနှင့် လူမှုဝန်းကျင်က ဖိအားပေးခဲ့ကြသည်။ သူက မစွန့်လွှတ်သောအခါ မိဘများက သူ့ကို သားအဖြစ်မှ စွန့်လွှတ်ခဲ့သည်။ “ခက်ခဲတဲ့အချိန်မှာ ဘုရားသခင်က သူ့ရဲ့သားသမီးတွေကို ကူညီမယ့်အကြောင်း ကျမ်းစာထဲမှာ ကတိပေးထားတယ်။ ကျွန်တော်လည်း ကိုယ်တော့်ကို ယုံကြည်ခဲ့တယ်။ ကိုယ်တော့်နောက်လိုက်ဖို့ ရွေးချယ်ခဲ့တာက ဆင်းရဲဒုက္ခတွေ ကြုံရစေပေမဲ့၊ ကျွန်တော့်ကို သည်းခံကျော်ဖြတ်နိုင်အောင် ကိုယ်တော် မစခဲ့ပါတယ်”ဟု ပီတာက ပြောသည်။

ဘုရားသခင်သည် သူ၏ကတိအတိုင်း ကတိတည်သူဖြစ်ကြောင်း ပီတာ စိတ်ချမှုရှိသောကြောင့် ဘုရား၏ကတိတော်များအပေါ် ယုံကြည်ကိုးစားလျက် လုပ်ဆောင်နိုင်ခဲ့သည်။ ကမ္ဘာဦးကျမ်းတွင်လည်း ယောသပ်သည် သူ့ဘဝ၏ နောက်ဆုံးအချိန်၌ ဘုရားသခင်၏ကတိတော်များအပေါ် ယုံကြည်စိတ်ချမှု…

ဘုရားသခင်ကြောင့် အနှောင်အဖွဲ့ကင်းခြင်း

ဘူဂေးရီးယားနိုင်ငံသား အသက်ကယ်သမား ရာနီပက်ကော့ဗ် သည် သူ၏လက်နှင့်ခြေများကို တုပ်နှောင်လျက် ရေကူးခြင်းဖြင့် ကမ္ဘာ့စံချိန်သစ်တစ်ခုတင်ခဲ့သည်။ သူသည် မီတာ ၃,၃၈၀ အထိ ကူးခတ်ခဲ့ရုံသာမက၊ စိန်ခေါ်မှုပို၍ ပြင်းထန်စေရန် သူ၏ခန္ဓာကိုယ်ကို အိတ်တစ်လုံးထဲ ထည့်၍ ထုပ်ပိုးထားခဲ့သေးသည်။

ဤသို့ “ချည်နှောင်ခံထားရ”သော်လည်း ဆက်လက်ရွေ့လျားနိုင်အောင် လိုအပ်သော စိတ်ရှည်သည်းခံမှုနှင့် ခွန်အားရှိခြင်းက ကျွန်မအတွက် အံ့အားသင့်စရာပါ။ ကနဦးခရစ်ယာန်အသင်းတော်များတွင် ဘုရားသခင်၏အမှုတော်ကို တမန်တော်ပေါလု ဆောင်ရွက်ခဲ့စဉ် အခက်အခဲအတားအဆီးများကို ကြံ့ကြံ့ခံ ခုခံတွန်းလှန်နိုင်စွမ်းကို ပြသခဲ့သည်။ ပင်ပန်းနွမ်းနယ်မှု၊ ဆာလောင်မှု၊ အိပ်ရေးပျက်မှု၊ ရိုက်နှက်ခံရမှုများ ခံခဲ့ရသော်လည်း သူသည် ဆက်လက်ဟောပြောခဲ့ပြီး ယုံကြည်သူချင်းတို့အတွက် အားပေးစာနှင့်သွန်သင်ချက်များကို ရေးသားခဲ့သည်။

တိမောသေထံသို့ သူ၏နောက်ဆုံးစာကို ရေးသားစဥ်က ပေါလုသည် ရောထောင်တွင်း၌ တစ်ဦးတည်းအကျဉ်းကျနေပြီး သေဒဏ်စီရင်ချက်ကို စောင့်ဆိုင်းနေရချိန်ဖြစ်သည်။ သံခြေချင်းများက သူ၏ခန္ဓာလှုပ်ရှားနိုင်စွမ်းကို ကန့်သတ်ထားသော်လည်း၊ ဘုရားသခင်၏သတင်းကောင်းသည် “ချည်နှောင်ခြင်းနှင့်ကင်းလွတ်”ကြောင်း သူမှတ်ချက်ပြုခဲ့သည်(၂တိ၂:၉)။ “ယေရှုခရစ်အားဖြင့်(အခြားသူများ)…