အမျိုးအစား  |  odb

လိုအပ်သောအရာတစ်ခု

မတ်လအားလပ်ရက်တစ်ရက်တွင် မောင်ဖြစ်သူလာဇရုနှင့်အတူ နေထိုင်သော ယေရှုချစ်သည့် ဗေသနိရွာမှ မာရိ၊ မာသ ညီအစ်မနှစ်ဦးတို့၏အကြောင်း‌ ခေါင်းစဥ်ဖြင့် ကျမ်းစာသင်တန်းကို ကျွန်မဦးဆောင်ခဲ့သည် (ယော ၁၁:၅)။ ကျွန်မတို့သည် အင်္ဂလိပ်ကမ်းရိုးတန်းတစ်လျှောက် ဝေးလံခေါင်သီသောအရပ်တွင် ရောက်နေပြီး၊ မမျှော်လင့်ဘဲ နှင်းများကျလာသောအခါ သင်တန်း၌ပါဝင်သူများစွာက နောက်ထပ် တစ်ရက်နေရခြင်းက မာရိကဲ့သို့ ခရစ်တော်၏ခြေရင်း၌ ထိုင်လျက်သင်ယူခြင်းသဘောကို အတူတကွ လေ့ကျင့်ရန်ဖြစ်ကြောင်း မှတ်ချက်ချခဲ့ကြသည်။ သခင်ယေရှုက မာသအား သူ့ထံချဉ်းကပ်ပြီး သင်ယူရန် ရွေးချယ်သင့်ကြောင်း မေတ္တာဖြင့် မိန့်ဆိုခဲ့သည့် “လိုသောအရာတစ်ခု” အကြောင်းကို (လု ၁၀:၄၁) သူတို့ လေ့လာချင်ကြသည်။

မာသ၊ မာရိနှင့် လာဇရုတို့၏အိမ်သို့ သခင်ယေရှုလာရောက်သောအခါ၊ သခင်လာမည်ကို ကြိုတင်မသိရှိခဲ့သောကြောင့် ယေရှုနှင့်သူ၏မိတ်ဆွေများကိုကျွေးမွေးရန် ပြင်ဆင်မှုများ၌ မာရိမကူညီသည့်အတွက် မာသမည်မျှစိတ်ပူပန်နေမည်ကို ကျွန်မတို့ နားလည်နိုင်သည်။ သို့သော် အမှန်တကယ်အရေးကြီးသောအရာဖြစ်သည့် ယေရှုထံမှသင်ယူခြင်းဖြင့် ရရှိမည့်အရာကို သူမမျက်ခြည်ပြတ်သွားခဲ့သည်။ ခရစ်တော်သည် သူ့အား…

အပြစ်များကို မအောက်မေ့တော့ပါ

ကားလမ်းပေါ်တွင် ရေခဲဖုံးနေသည်ကို မမြင်တွေ့ရသော်လည်း ရေခဲရှိနေသည်ဟု ကျွန်တော် ခံစားခဲ့ရသည်။ ကျွန်တော် မောင်းနေသော ပစ်ကပ်ကား၏အနောက်တွင် အဘိုး၏ထရပ်ကားကို ကြိုးနှင့်ဆွဲလာခဲ့ပြီး၊ တစ်ချက်၊ နှစ်ချက်၊ သုံးချက် ကွေ့လိုက်ပြီးနောက် (၁၅) ပေရှိသော ရေကာတာပေါ်မှ လေထဲသို့ ကျွန်တော် ပျံတက်သွားသည်။ “ငါမသေရင် ကောင်းမှာပဲ”ဟု တွေးခဲ့မိသည်ကို သတိရသည်။ ခဏအကြာတွင် ထရပ်ကားသည် မတ်စောက်သော တောင်စောင်းသို့ ထိုးကျကာ အောက်ခြေသို့ လှိမ့်ဆင်းသွားသည်။ ကြေမွနေသော ကားခေါင်းခန်းမှ ထိခိုက်မှုမရှိ ဘဲ၊ ကျွန်တော် တွားလျက် ထွက်လာခဲ့သည်။

ထရပ်ကားသည် ထိုနေ့၊ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ နံနက်ခင်းတွင် လုံးဝပျက်စီးသွားသည်။ ဘုရားသခင်သည် ကျွန်ုပ်ကို အသက်ရှင်ခွင့်ပေးခဲ့သည်။ သို့သော် အဖိုးကော။ သူဘာပြောမည်နည်း။ တကယ်တော့ သူသည် ထရပ်ကားနှင့် ပတ်သက်၍ ဘာတစ်ခုမှ မပြောပါ။ တစ်ခုဆိုတစ်ခုမှ မပြောပါ။…

ကတ်တစ်ခုနှင့်ဆုတောင်းချက်

လောလောလတ်လတ် မုဆိုးမဖြစ်သွားသောအမျိုးသမီးတစ်ဦး၌ စိုးရိမ်စိတ် တိုးလာသည်။ ခင်ပွန်းဖြစ်သူအသက်ဆုံးရှုံးခဲ့ရသည့် မတော်တဆမှုနှင့်ပတ်သက်၍ အာမခံပေါ်လစီတစ်ခုမှ အရေးပါသောအာမခံငွေကို ထုတ်ယူရန်အတွက် အဓိကအချက်အလက်များ လိုအပ်နေသည်။ သူမကို ကူညီမည်ဟု ပြောခဲ့သော ရဲအရာရှိနှင့် စကားပြောခဲ့သော်လည်း သူ့ကို ဆက်သွယ်ရမည့်လိပ်စာကတ် ပျောက်သွားသည်။ ထို့ကြောင့် သူမကိုကူညီရန် ဘုရားသခင်ထံ အသနားခံ ဆုတောင်းခဲ့သည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူမ၏ဘုရားကျောင်းတွင် ပြတင်းပေါက်တစ်ခုအနားမှ ဖြတ်သွားစဥ် ထိုရဲအရာရှိ၏ လိပ်စာကတ်ကို ပြတင်းပေါက်‌ဘောင်ပေါ်တွင် တွေ့လိုက်ရသည်။ ထိုနေရာသို့ လိပ်စာကတ်မည်သို့ရောက်သွားမှန်း သူ မသိသော်လည်း လိပ်စာကတ်ရှိနေသည့်အကြောင်းရင်းကို သူမ သိသည်။

သူမ အလေးအနက်ဆုတောင်းခဲ့သည်။ အဘယ့်ကြောင့် သူမဆုတောင်းခဲ့သနည်း။ သမ္မာကျမ်းစာက ဘုရားသခင်သည် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို နားထောင်နေသည်ဟု ဆိုသည်။ “ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏” (၁ ပေ ၃:၁၂) ဟု ရှင်ပေတရု ရေးသားခဲ့သည်။…

ယေရှုကို မှီခိုပါ

ရုံးလှေကားထစ်၌ ကျွန်မခေါင်းမူးသွားသည်။ လှေကားက ချာချာလည်နေပုံ‌ပေါ်သဖြင့် လက်ကိုင်တန်းကို မြဲမြဲကိုင်ထားလိုက်သည်။ နှလုံး တဒိန်းဒိန်းခုန်၍ ခြေထောက် ခွေကျလာခြင်းကြောင့် လက်တန်းကို တင်းတင်းဆုပ်ကိုင်ရင်း ၎င်း၏ခိုင်ခံ့မှုအတွက် ကျေးဇူးတင်မိသည်။ ဆေးစစ်ချက်များအရ ကျွန်မ သွေးအားနည်းနေကြောင်း သိခဲ့ရသည်။ အခြေအနေက မပြင်းထန်သလို ကျွန်မ၏ပြဿနာ ပြေလည်သွားသော်လည်း ထိုနေ့က ကျွန်မအလွန်အားနည်းခဲ့ကြောင်းကို ဘယ်တော့မှ မမေ့နိုင်ခဲ့တော့ပါ။

ထို့ကြောင့် သခင်ယေရှုကို တို့ထိသော အမျိုးသမီးကို ကျွန်မ လေးစားမိသည်။ သူမ၏ အားနည်းသောအခြေအနေနှင့် လူအုပ်ကြားတွင် တိုးဝှေ့ခြင်းသာမက ကိုယ်တော်ထံချဉ်းကပ်ရန် အရဲစွန့်ခြင်းဖြင့် သူမ၏ယုံကြည်ခြင်းကို ပြသခဲ့သည် (မ ၉:၂၀-၂၂)။ သူမကြောက်လန့်ဖို့ အကြောင်းပြချက်ကောင်းရှိပါသည်။ ဂျူးဥပဒေအရ သူမသည် မသန့်ရှင်းသူအဖြစ် သတ်မှတ်ခံရပြီး အခြားသူများ‌ရှေ့၌ သူမ၏ မသန့်ရှင်းမှုကို ဖော်ထုတ်ခြင်းဖြင့် ပြင်းထန်သောအကျိုးဆက်ကို ရင်ဆိုင်ရနိုင်သည် (ဝတ် ၁၅:၂၅-၂၇)။ သို့သော် ‘ကိုယ်တော်၏ပန်းပွားတော်ကိုသာ ထိရလျှင်’ ဆိုသည့်…

ကံကောင်းစေသော ဘွတ်ဖိနပ်

နောက်ကျသွားပြီ၊ တွမ်သည် သူ၏ တိုက်ခိုက်ရေးဖိနပ်အောက်ရှိ ထိတ်လန့်ဖွယ် ကောင်းသော “ကလစ်” ဟူသည့်အသံကို ခံစားလိုက်ရပြီး၊ အလိုလိုပင် အားကုန်သုံး၍ ခုန်ထွက်လိုက်သည်။ မြေအောက်၌ ဝှက်ထားသည့် သေစေနိုင်သောမိုင်းသည် ပေါက်ကွဲခဲ့ခြင်း မရှိပေ။ ထို့နောက် မိုင်းရှင်းလင်းရေးအဖွဲ့သည် အခင်းဖြစ်သည့် နေရာမှ ပေါင် (၈၀) လေးသော အားပြင်းမိုင်းကို တူးဖော်တွေ့ရှိခဲ့သည်။ တွမ်သည် ထိုဖိနပ်ကို“ငါ့ရဲ့ ကံကောင်းစေတဲ့ဖိနပ်” ဟုခေါ်ကာ စုတ်ပြဲသည်အထိ ဝတ်ဆင်ခဲ့သည်။

တွမ်သည် ဖြစ်နိုင်ခြေမရှိသည့်အခြေအနေမှ လွတ်မြောက်ခဲ့ခြင်းကို အထိမ်းအမှတ်ပြုရန် ထိုဖိနပ်ကို ရိုးရိုးတွယ်တာခြင်း ဖြစ်ကောင်းဖြစ်မည်။ သို့သော် အရာဝတ္ထုများကို “ကံကောင်းစေသောလာဘ်” (သို့) ဝိညာဉ်သဘောဆန်ဆန် “ကောင်းချီး” အဖြစ်မှတ်ယူရန် လူတို့မကြာခဏ သွေးဆောင်ခံရလေ့ရှိသည်။ အရာဝတ္တုတစ်ခု၊ သင်္ကေတတစ်ခုကိုပင်လျှင် ဘုရား၏ ကောင်းချီးအရင်းအမြစ်အဖြစ် ကျွန်ုပ်တို့အသိအမှတ်ပြုသောအခါ အန္တရာယ်ကျရောက်လာပါသည်။

ဣသရေလလူမျိုးတို့သည် ထိုအချက်ကို ခက်ခဲစွာ သင်ယူခဲ့ရသည်။ ဖိလိတ္တိစစ်တပ်က တိုက်ပွဲတွင်…

ဆုတောင်းခြင်းဖြင့် ချစ်ခြင်းမေတ္တာထားခြင်း

ဂျွန်သည် အသင်းတော်၌ နှစ်ပေါင်းများစွာ အတော်လေး အနှောင့်အယှက်တစ်ခု ဖြစ်ခဲ့သည်။ သူသည် ဒေါသကြီးကာ၊ တောင်းဆိုမှုများပြီး မကြာခဏ ရိုင်းစိုင်းတတ်သည်။ သူ့အပေါ် ကောင်းစွာ အစေခံဝန်ဆောင်မှု မရှိ၊ အသင်းတော်၏ လုပ်အားပေးများနှင့် ဝန်ထမ်းများ အလုပ်ကို ကောင်းစွာ မလုပ် စသည်ဖြင့် သူစောဒကတက်သည်။ ရိုးသားစွာပြောရလျှင် သူ့ကိုချစ်ရန် ခက်ပါသည်။

သို့နှင့် သူကင်ဆာရောဂါရှိသည်ဟု ကျွန်တော်ကြားရသောအခါ သူ့အတွက်ဆုတောင်းပေးရန် ခက်ခဲခဲ့သည်။ သူ၏ပြင်းထန်သောစကားများနှင့် မနှစ်မြို့ဖွယ် စရိုက်များက ကျွန်တော့်မှတ်ဥာဏ်တွင် အပြည့်ရှိနေသည်။ သို့သော် သခင်ယေရှုက ချစ်မေတ္တာပြရန် စေစားသည်ဖြစ်၍ နေ့စဥ် ဂျွန်အတွက် ရိုးရိုးလေး ဆုတောင်းပေးခဲ့သည်။ ရက်အတန်ကြာတွင် သူ၏မနှစ်မြို့ဖွယ် ကိုယ်ရည်ကိုယ်သွေးများကို ကျွန်တော် သိပ်မတွေးတော့ကြောင်းကို သတိပြုမိသည်။ “သူတကယ် နာကျင်နေမှာပဲ။ မျှော်လင့်ချက် ပျောက်ပြီလို့ ခံစားနေရမှာပေါ့”ဟု ကျွန်တော်တွေးမိသည်။

ဆုတောင်းခြင်းဆိုသည်မှာ မိမိကိုယ်၊ မိမိခံစားချက်များအပါအဝင် မိမိနှင့်အခြားသူတို့၏…

သခင်ယေရှု၏ နောက်ဆုံးအောင်နိုင်ခြင်း

ဒုတိယကမ္ဘာစစ်အတွင်း ဥရောပတစ်လွှားရှိ စစ်တပ်စခန်းအချို့တွင် အိမ်ကို လွမ်းသော စစ်သားများအတွက် သာမန်မဟုတ်သော ထောက်ပံ့မှုကို ပြုခဲ့ကြသည်။ ၎င်းမှာ လေယာဥ်ပေါ်မှ စခန်းရှိရာသို့ စန္ဒရားများကို ဒေါင်လိုက်ချပေးခြင်းဖြစ်သည်။ ထိုစန္ဒရားများကို သာမန်သတ္ထုပမာဏ၏ ဆယ်ရာခိုင်နှုန်းခန့်သာသုံးပြီး ရေလုံကော်များနှင့် အင်းဆက်ပိုးမွှားများ မကိုက်မစားအောင် အထူးပြုလုပ်ထားသည်။ စန္ဒရားများသည် ရိုးရှင်းသည့်အကြမ်းထည်များဖြစ်သော်လည်း မိမိတို့နှင့် ရင်းနှီးကျွမ်းဝင်သော သီချင်းများကို သီဆိုရန် စုရုံးလာကြသော စစ်သားများအတွက် စိတ်ဝိညာဥ်ကို မြှင့်တင်ပေးသော ဖျော်ဖြေမှုကို နာရီပေါင်းများစွာ ပေးစွမ်းသည်။

သီချင်းဆိုခြင်း၊ အထူးသဖြင့် ဂုဏ်တော်တေးသီချင်းများ ချီးမွမ်းသီဆိုခြင်းသည် တိုက်ပွဲတွင် သခင်ယေ‌ရှုကိုယုံကြည်သူများ ငြိမ်သက်ခြင်းကို ရရှိနိုင်သော နည်းလမ်းများမှ တစ်နည်းဖြစ်သည်။ ကြီးမားသော ကျူးကျော်တပ်များနှင့် ရင်ဆိုင်ရသောအခါ ဤအချက်သည် မှန်ကန်ကြောင်း ယောရှဖတ်မင်း တွေ့ကြုံသိရှိခဲ့သည် (၆ ရာ ၂၀)။ ကြောက်ရွံ့တုန်လှုပ်နေသော ရှင်ဘုရင်သည် လူအပေါင်းကို စုဝေးစေကာ ဆုတောင်းရန်နှင့် အစာရှောင်ရန်…

သိုးထိန်း၏အသံကို သိကျွမ်းခြင်း

ကျွန်တော်ငယ်စဥ်က အမေရိကန်နိုင်ငံ၊ တန်းနက်စီ ပြည်နယ် မွေးမြူရေးခြံ၌ နေထိုင်ခဲ့စဥ် ကျွန်ုပ်၏ အခင်ဆုံးသူငယ်ချင်းနှင့်အတူ နေ့လည်ချိန်များတွင် ခြေဦးတည်ရာ လျှောက်သွားခဲ့ကြသည်။ ကျွန်ုပ်တို့သည် သစ်တောများထဲတွင် ခြေလျင်လျှောက်သွား၊ မြည်းကလေးများကို တက်စီး၊ နွားရိုင်းပွဲ၊ မြင်းပြိုင်ပွဲများကို သွားကြည့်ခဲ့ကြသည်။ မြင်းစီးကာ နွားကျောင်းသူများက မြင်းများကို အထူးလေ့ကျင့်ပေးသည့် တင်းကုပ်ကြီးထဲသို့လည်း စွန့်စားသွားခဲ့ကြသည်။ သို့သော် အခြားသော အသံဗလံများနှင့် လေကိုဖြတ်သန်းလာသည့် ရှင်းလင်းသော ကျွန်တော့်ဖခင်၏လေချွန်သံကို ကြားသည်နှင့်တစ်ပြိုင်နက် လုပ်လက်စအရာအားလုံးကို ရပ်ပြီး အိမ်သို့ သုတ်ခြေတင်ရတော့သည်။ အချက်ပြသံက မမှားနိုင်ပါ။ ကျွန်တော့်ဖခင်ခေါ်သည်ကို ကျွန်တော်သိသည်။ ဆယ်စုနှစ်များစွာ ကြာပြီးသည့်နောက်တွင် ထိုလေချွန်သံကို ကျွန်တော်အမှတ်ရနေဆဲဖြစ်သည်။

သခင်ယေရှုက သူ၏တပည့်တော်များအား သူသည် သိုးထိန်းဖြစ်ပြီး သူ့နောက်တော်သို့ လိုက်သူများသည် သိုးများဖြစ်ကြောင်း ပြောခဲ့သည်။ “သူ၏စကားသံကို သိုးတို့သည် နားထောင်တတ်ကြ၏။ သူသည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ပြင်သို့ ထုတ်ဆောင်တတ်၏”…

အပျက်အစီးများကို ဖျက်ဆီးခဲ့ပြီ

“မနက်ဖြန် ငှက်ပေါက်လေးတွေပျံတော့မယ်။” အိမ်ရှေ့ဆင်ဝင်ရှိ တွဲလောင်းချိတ် ခြင်းတောင်းလေး၌ အသိုက်ဖွဲ့ထားသော နှံပြီစုတ်မိသားစု‌လေး၏ အခြေအနေ တိုးတက်မှုနှင့်ပတ်သက်၍ ကျွန်တော့်ဇနီး Cari (ခါရီ) မှာ ဝမ်းသာကာ စိတ်လှုပ်ရှားလျက်ရှိသည်။ ငှက်မေမေကြီးက ငှက်သိုက်သို့ အစာယူလာသည့်ပုံများကို ဇနီးသည်က ဓာတ်ပုံများရိုက်ထားကာ သူတို့ကို နေ့စဥ် စောင့်ကြည့်လျက်ရှိသည်။

နောက်တစ်နေ့မနက်တွင် သူတို့ကိုကြည့်ရန် ခါရီ သည် မနက်စောစော အိပ်ရာထခဲ့သည်။ အသိုက်ပေါ်တွင် ဖုံးအုပ်ထားသော အစိမ်းရောင်သစ်ရွက်အချို့ကို သူဖယ်ရှားလိုက်သောအခါ ငှက်ကလေးများအစား မြွေတစ်ကောင်၏ မျက်လုံးတစ်စုံကို သူမတွေ့ခဲ့သည်။ မြွေကြီးသည် နံရံကို တွယ်တက်ပြီး ငှက်သိုက်ထဲသို့ မြွေ လိမ်မြွေကောက်ဝင်ကာ သူတို့အားလုံးကို စားပစ်ခဲ့သည်။

ခါရီ ဒေါသထွက်ကာ နှလုံးနာကျင်ရသည်။ ကျွန်တော်အိမ်တွင်မရှိသောကြောင့် ခါရီသည် မြွေကိုဖယ်ရှားရန် မိတ်ဆွေတစ်ဦးကို အကူအညီတောင်းခဲ့သည်။ သို့သော်လည်း ငှက်ကလေးများကို ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

နှုတ်ကပတ်တော်တွင် သူ၏သွားရာလမ်းတလျှောက် ပျက်စီးခြင်းကိုဖြစ်‌စေ သော…

ဇွဲရှိ၍ အလျှော့မပေးသော ပီဇာ

အသက် (၁၂) နှစ်အရွယ်တွင် Ibrahim (အီဘရာဟင်)သည် မြောက်အာဖရိကမှ အီတလီသို့ရောက်လာခဲ့သည်။ အီတလီစကား တစ်လုံးမျှမသိဘဲ အုထစ်အထစ်ဖြင့် ရုန်းကန်ခဲ့ရကာ နိုင်ငံရပ်ခြားမှပြောင်းရွှေ့လာသူများကို နှိမ့်ချဆန့်ကျင်မှုများကို သူရင်ဆိုင်ခဲ့ရသည်။ သို့သော် မည်သည့်အရာကမှ သူ့ကို မတားဆီးနိုင်ဘဲ၊ သူအသက်နှစ်ဆယ်ကျော်တွင် အီတလီနိုင်ငံ ထရန်ထို (Trento) မြို့တွင် ပီဇာဆိုင် တစ်ဆိုင်ကို ဖွင့်လှစ်နိုင်ခဲ့သည်။ သူ၏အသေးစားစီးပွားရေးလုပ်ငန်းသည် ကမ္ဘာ့ထိပ်တန်း ပီဇာဆိုင်ပေါင်း (၅၀) စာရင်းတွင် ပါဝင်ခဲ့ပြီး သံသယရှိသူများကို အောင်နိုင်ခဲ့သည်။

သူ့မျှော်လင့်ချက်မှာ အီတလီလမ်းများပေါ်ရှိ ဆာငတ်နေသော ကလေးများကို ကျွေးမွေးရန်ဖြစ်၍ သူသည် “ပီဇာဒါန” စီမံကိန်းကို စတင်ခဲ့သည်။ အီတလီရှိ နေပယ် လူမျိုးများ (Neples)၏ ရိုးရာဓလေ့ဖြစ်သည့် သူတစ်ပါးအတွက် ကော်ဖီအပိုတစ်ခွက် (caffè sospeso) ဝယ်ယူခြင်းပုံစံ Neapolitan ကို အတုယူပြီး ဆာမွတ်နေသူများကို ပေးလှူရန် ပီဇာအပိုတစ်ခု (pizza…