အမျိုးအစား  |  odb

ဘယ်အရာက ပိုကောင်းနိုင်သလဲ

Eric (အဲရစ်) သည် အသက်နှစ်ဆယ်ကျော်အရွယ်တွင် သူ့ကိုချစ်သော သခင်ယေရှု၏ မေတ္တာအကြောင်းကို ကြားခဲ့ရပြီး အသင်းတော်သို့ စတင်တက်ရောက်ခဲ့သည်။ သူဘုရားကျောင်း တက်ရောက်စဉ် ခရစ်တော်ကို တိုး၍ သိကျွမ်းလာစေရန် ကူညီပေးသူတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ မကြာမီမှာပင် အဲရစ်၏ လက်ဦးဆရာက ဘုရားကျောင်းရှိ ယောကျ်ားလေးအဖွဲ့ငယ်ကို သင်ကြားပေးရန် သူ့အား တာဝန်ပေးခဲ့သည်။ နှစ်ကာလများတစ်လျှောက်တွင် အန္တရာယ်စက်ကွင်း၌ ကျရောက်နေသော လူငယ်များကို ကူညီရန်၊ သက်ကြီးရွယ်အိုများထံ သွားရောက်လည်ပတ်ရန်၊ အိမ်နီးချင်းများအား ဧည့်ဝတ်ပြုရန်အတွက် ဘုရားသခင်သည် အဲရစ်၏ နှလုံးသားကို ဆွဲငင်ခေါ်ဆောင်ခဲ့သည်။ ယခု သူအသက်ငါးဆယ်နှောင်းပိုင်းတွင် အဲရစ်က အစေခံရန် စောစီးစွာ သွန်သင်ခံရသည့်အတွက် ကျေးဇူးတင်ကြောင်း၊ “ယေရှု၌ ရှိတဲ့မျှော်လင့်ချက်ကို ဝေမျှဖို့ ကျွန်တော့်နှလုံးထဲမှာ ပြည့်လျှံနေတယ်။ သူ့ကိုအစေခံခြင်းထက် ဘယ်အရာက ပိုကောင်းနိုင်မှာလဲ” ဟုရှင်းပြသည်။

တိမောသေ၏အမေနှင့်အဖွားက သူ၏ယုံကြည်ခြင်းကို လွှမ်းမိုးထားခဲ့စဥ်က သူသည် ကလေးအရွယ်သာ ရှိသေးသည်…

သွားရန်အသင့်

ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ချစ်ခင်ရသူများ ဆုံးပါးသွား၍ လူများစွာတို့မှာ နာကျင်ခံစားခဲ့ကြရသည်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်တွင် အသက် (၉၅) နှစ်အရွယ် ကျွန်တော့်မိခင် Bee Crowder (ဘီးခရောက်ဒါ) ကွယ်လွန်သွား၍ ကိုဗစ်ကြောင့် မဟုတ်သော်လည်း ကျွန်တော်တို့ပါ နာကျင်သူမိသားစုအဖွဲ့ဝင်များ ဖြစ်ခဲ့သည်။ အခြားမိသားစုတို့နည်းတူ အမေ့အတွက် ပူဆွေးရန်၊ သူ့အသက်တာကို ဂုဏ်ပြုရန်၊ တစ်ဦးနှင့်တစ်ဦး အားပေးရန် မိသားစုဝင်များ စုရုံးခွင့်မရခဲ့ပါ။ အခြားနည်းလမ်းများဖြင့် အမေ၏နှစ်သက်ဖွယ် လွှမ်းမိုးမှုကို ဝေမျှခဲ့ကြပြီး၊ သူမကို ဘုရားရုပ်သိမ်းလျှင် သူအဆင်သင့်ရှိနေပြီး ဘုန်းတော်ဝင်စားရန်အရေးကို စိတ်ထက်သန်ကြောင်း သူအခိုင်အမာပြောဆိုခဲ့မှုများအားဖြင့် ကျွန်တော်တို့ အလွန်နှစ်သိမ့်သက်သာ ရာရခဲ့သည်။ ထိုသို့စိတ်ချသေချာမှုရှိသည့် မျှော်လင့်ခြင်းက အမေ၏အသက်ရှင်မှုနှင့် သေခြင်းတရားကို ရင်ဆိုင်သွားပုံတို့၌ ထင်ရှားပေါ်လွင်နေခဲ့သည်။

သေခြင်းတရားကို ရင်ဆိုင်ရရန် ဖြစ်နိုင်ခြေရှိစဥ်တွင် ရှင်ပေါလုက “ငါအသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား သာ၍အကျိုးရှိ၏။…

အသက်ကို ရှာတွေ့ခြင်း

Brett (ဘရက်) အနေနှင့် ခရစ်ယာန်ကောလိပ်၌ ကျောင်းတက်ပြီး ကျမ်းစာလေ့လာခဲ့ရခြင်းက သဘာဝကျသည့် ခြေလှမ်းများဖြစ်သည်။ ပြောရလျှင် အိမ်၌၊ ကျောင်း၌၊ အသင်းတော်၌ သခင်ယေရှုကို တစ်ဘဝလုံး သိကျွမ်းသူများက သူ့ကို ဝန်းရံထားခဲ့သည်။ ကောလိပ်၌ သူရွေးချယ်သည့် ဘာသာရပ်ပင် ခရစ်ယာန်လူမှုရေးလုပ်ငန်းနှင့် လိုက်လျောညီထွေဖြစ်ပြီး၊ သူ၏အသက်မွေးဝမ်းကြောင်းမှုသို့ ဦးတည်နေခဲ့သည်။

သို့သော် သူ့အသက် (၂၁) နှစ်တွင် ရွာအသင်းတော်လေးတစ်ပါး၌ အသင်းသား အနည်းငယ်နှင့် ဝတ်ပြုကိုးကွယ်ရင်း သင်းအုပ်ဆရာ တရားဟောနေသည့် ရှင်ယောဟန်ဩဝါဒစာပထမစောင်မှ အံ့ဩဖွယ်အချက်တစ်ချက်ကို သူတွေ့ရှိခဲ့သည်။ သူသည် သူ၏ဦးနှောက်အသိများကို အမှီပြုပြီး ဘာသာရေးဝတ္တရားများ၌ ပိတ်မိလျက် ရှင်ယေရှု၏ကယ်တင်ခြင်းကို သူအမှန်တကယ်မရသေးကြောင်း သူသိနားလည်သွားသည်။ “မင်းငါ့ကို မသိပါဘူးကွာ” ဟူ၍ လေးနက်သော စကားဖြင့် ခရစ်တော်က သူ့နှလုံးသားကို ဆွဲငင်နေကြောင်း ထိုနေ့က သူခံစားခဲ့ရသည်။

တမန်တော်ရှင်ယောဟန်၏ သတင်းစကားက ရှင်းပါသည်။ “ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို…

အဖေ့ကို မြင်ရတယ်

သုံးနှစ်သားလေး Andreas (အင်ဒရီရက်စ်)၏ ပထမဆုံးသောမျက်မှန်က သူ့မျက်လုံးနှင့် ကိုက်မကိုက် မျက်စိပညာရှင်က ကူညီစမ်းသပ်ပေးပြီး “မှန်ထဲကြည့်လိုက်သား” ဟုပြောလိုက်သည်။ အင်ဒရီရက်စ်သည် မှန်ထဲမှသူ့ပုံရိပ်ကို ကြည့်ပြီး သူ့အဖေဘက်သို့ ဝမ်းမြောက်နှစ်လိုဖွယ်သော အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။ သား၏ပါးပြင်ပေါ်သို့ ကျလာသည့် မျက်ရည်များကို ညင်သာစွာ သုတ်ပေးရင်းမှ ဖခင်က “ဘာဖြစ်လို့လဲ” ဟု မေးလိုက်သည်။ အင်ဒရီရက်စ်က ဖခင်၏လည်ပင်းကို သိုင်းဖက်လိုက်ရင်း “အဖေ့ကို ကျွန်တော်မြင်ရတယ်”ဟု ဖြေသည်။ တစ်ဖန် အနောက်သို့ဆုတ်ကာ ဦးခေါင်းကိုစောင်းပြီး ဖခင်၏မျက်လုံးတည့်တည့် စိုက်ကြည့်လျက် “အဖေ့ကို ကျွန်တော်မြင်ရတယ်” ဟု ပြောသည်။

ကျွန်မတို့ဆုတောင်းလျက် သမ္မာကျမ်းစာကို လေ့လာရာတွင်လည်း သန့်ရှင်းသောဝိညာဥ်တော်က “မျက်မြင်မရသော ဘုရားသခင်၏ပုံသဏ္ဌာန်တော်” (ကော ၁:၁၅) ဖြစ်သည့် သခင်ယေရှုကို ကျွန်မတို့မြင်အောင် မစသည်။ သို့ရာတွင် နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်ကို သိကျွမ်းမှုတိုးလာပြီး ဝိညာဥ်တော်၏ မစမှုဖြင့် ကျွန်မတို့၏အမြင်…

အတွင်း၌ တည်ရှိသည့် ဂန္တဝင်လက်ရာ

‘The Atlantic’ (အတ္တလန်တိတ်) စာအုပ်၌ စာရေးဆရာ Arthur C. Brooks (အာသာစီဘရွတ်စ်)က ကမ္ဘာတွင် တရုတ်အနုပညာလက်ရာ အများဆုံးစုဆောင်း ထားသည့် နေရာတစ်ခုဖြစ်သော တိုင်ဝမ်နိုင်ငံရှိ National Palace Museum (အမျိုးသား နန်းတော်ပြတိုက်)သို့ သွားလည်ခဲ့သည့်အကြောင်းကို ရေးသားခဲ့သည်။ ပြတိုက်လမ်းညွှန်က “စတင်ဖြစ်လာမဲ့ အနုပညာလက်ရာတစ်ခုကို တွေးကြည့်ပါလို့ ကျွန်တော်ပြောတဲ့အခါ ခင်ဗျားဘာကို တွေးမိသလဲ” ဟု မေးခဲ့သည်။ ဘရွတ်စ်က “ပတ္တူစ အလွတ်ကြီးကို တွေးမိတယ်ထင်တယ်” ဟုပြောရာ၊ ဧည့်လမ်းညွှန်က “အဲ့ဒါကို အခြားတစ်နည်းနဲ့ ‘အနုပညာဆိုတာ ရှိပြီးသားပါ၊ အနုပညာရှင်ရဲ့အလုပ်က အဲ့ဒီအနုပညာကို ဖော်ထုတ်ဖို့ဖြစ်တယ်’လို့ မြင်လို့ရသေးတယ်” ဟု ဖြေခဲ့သည်။

ဧဖက်သြဝါဒစာ ၂:၁၀ တွင် “ဖန်ဆင်းတော်မူရာ” (handiwork) ဟူသည့် စကားလုံးကို “ကျွမ်းကျင်မှုအဆင့်”၊ “ပြောင်မြောက်သောမူရင်းလက်ရာ” စသည်ဖြင့် တစ်ခါတစ်ရံ ဘာသာပြန်ဆိုကြသည်။ ၎င်း၏မူရင်း…

ခမ်းနားထယ်ဝါသောဒီဇိုင်း

နိုင်ငံတကာသုတေသနအဖွဲ့တစ်ခုသည် ပျံလွှားငှက်ကိုအတုယူပြီး တောင်ပံခတ်သည့် ဒရုန်းတစ်စင်းကို ဖန်တီးခဲ့သည်။ ပျံလွှားငှက်သည် တစ်နာရီ မိုင် (၉၀) နှုန်းဖြင့်ပျံသန်းနိုင်ပြီး ဝဲနိုင်သည်၊ ထိုးဆင်းနိုင်သည်၊ လျင်မြန်စွာ လှည့်နိုင်သည်၊ ရုတ်တရက် ရပ်တန့်နိုင်သည်။ သို့ရာတွင် ထိုအတောင်ပံပါသည့် ဒရုန်းသည် ပျံလွှားငှက်နှင့်ယှဥ်လျှင် အဆင့်နိမ့်နေဆဲဖြစ်သည်။ သုတေသီတစ်ဦးက “ငှက်များ၌ ကြွက်သားပုံစံအမျိုးမျိုးရှိပြီး အံ့ဖွယ်အမြန်နှုန်းနှင့် ပျံနိုင်အောင်၊ တောင်ပံရုတ်နိုင်အောင်၊ လှည့်ပြန်နိုင်အောင်၊ အမွေးအတောင်တို့ကို သူ့နေရာ နှင့်သူ ဖွင့်ဆန့်နိုင်အောင်၊ အားကို ချွေတာနိုင်အောင် ထောက်ကူပေးသည်” ဟု ဆိုသည်။ သူ့အဖွဲ့၏အားထုတ်မှုသည် “သက်ရှိငှက်တစ်ကောင်၏ (၁၀) ရာခိုင်နှုန်း”ခန့် ကိုသာ ပုံတူပွားနိုင်သည်ဟု သူဝန်ခံခဲ့သည်။

ဘုရားသခင်သည် သတ္တဝါများအား အံ့ဖွယ်စွမ်းရည်အမျိုးမျိုးကို ပေးထားပါသည်။ သတ္တဝါများ၏အသိဗီဇများကို စောင့်ကြည့်ဆင်ခြင်ခြင်းက ကျွန်မတို့အတွက် ပညာအရင်းအမြစ် ဖြစ်စေနိုင်ပါသည်။ ပရွက်ဆိတ်များက စုဆောင်းခြင်းနှင့်စပ်လျဥ်း၍ သင်ပေးသည်၊ ရှာဖန်ယုန်များက အမှီပြုနိုင်သည့်ခိုလှုံရာ၏ တန်ဖိုးကို ပြသသည်၊…

အလားအလာ အနည်းဆုံးရှိသူ

အက်စတင်မာတင် (Aston-Martins) ကားများနှင့် အခြားဇိမ်ခံပြိုင်ကားများ မောင်းနှင်သူများကို အထူးဆွဲဆောင်မှုရှိသော သူလျှိုများအဖြစ် ဟောလီးဝုဒ် ရုပ်ရှင်များ၌ တွေ့ရသည်။ သို့သော် CIA (ထောက်လှမ်းရေးဌာန) အရာရှိဟောင်း Jonna Mendez (ဂျိုနာမန်းဒစ်) က အဖြစ်မှန်၏ ဆန့်ကျင်ဘက်ပုံရိပ်ကို ထောက်ပြ သည်။ သူလျှိုတစ်ဦးသည် “သူလိုကိုယ်လို ထူးမခြားနားဖြစ်တဲ့သူ၊ မပေါ်လွင်တဲ့သူ၊ ဆွဲဆောင်မှုမရှိတဲ့သူ၊ လူတို့ အမှုမဲ့အမှတ်မဲ့ မေ့သွားတဲ့သူ ဖြစ်ရမယ်” ဟု သူမက ဆိုသည်။ အကောင်းဆုံးသောသူလျှိုများမှာ သူလျှိုနှင့် မတူဆုံးသောသူ ဖြစ်ပါသည်။

ဣသရေလသူလျှိုနှစ်ဦးတို့ ယေရိခေါမြို့သို့ ခိုးဝင်လာစဥ် ဘုရင့်စစ်သားများ၏ရန်မှ သူတို့ကို ဝှက်ပေးခဲ့သူမှာ ရာခပ်ဖြစ်သည် (ယောရှု ၂:၄)။ သူမသည် ဘုရားရှင်အတွက် ထောက်လှမ်းရေးသူလျှိုလုပ်ရန် အလားအလာ အနည်းဆုံး ရှိသောသူဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမကို ပယ်သင့်သည့်အချက် သုံးချက် ရှိပါသည်။ သူမသည် ခါနန်လူမျိုး၊…

စွန့်ကြဲသူ၏ နှလုံးသား

အမေရိကန်နိုင်ငံ၊ ဝစ်ခေါ်န်စန် (Wisconsin) ပြည်နယ်မှ ပြောင်းရွှေ့မည့်နေ့တွင် ကျွန်မ၏မိတ်ဆွေက ကျွန်မတို့ကို နှုတ်ဆက်ရန် သူ၏လေးနှစ်သမီးလေး Kinslee (ခင်စလီ)ကို ခေါ်လာသည်။ “သမီး အန်တီတို့ကို မပြောင်းစေချင်ဘူး” ဟု ခင်စလီပြောရာ၊ သူမကို ပွေ့ဖက်လိုက်ပြီး ကျွန်မစုဆောင်းခဲ့သည့် ပန်းချီကားတစ်ခုနှင့် ‌လက်ရေးပန်းချီ ယပ်တောင်လေးတစ်ခုကို သူမအား ပေးပြီး “အန်တီ့ကို သတိရရင် ဒီယပ်တောင်လေးနဲ့ ယပ်ခပ်ပြီး အန်တီ သမီးကို ချစ်တယ်ဆိုတာ သတိရနော်” ဟုပြောလိုက်သည်။ ကျွန်မအိတ်ထဲမှ စက္ကူယပ်တောင်ကို ယူလို့ရမလားဟု သူမေးရာ၊ “အဲဒါပျက်နေပြီ။ အန်တီ့မှာရှိတဲ့ ‘အကောင်းဆုံး’ကိုပဲ သမီးကို ရစေချင်တာ” ဟုပြန်ဖြေခဲ့သည်။ ကျွန်မအကြိုက်ဆုံး ယပ်တောင်လေးကို ခင်စလီအား ပေးခဲ့သည့် အတွက် နောင်တ မရပါ။ သူပျော်သည်ကို ကြည့်ပြီး ကျွန်မပိုပျော်ခဲ့သည်။ နောက်ပိုင်းတွင် သူက ကျွန်မ ယပ်တောင်အစုတ် သုံးနေခြင်းကို သူဝမ်းနည်းကြောင်း…

သင်၏ဥယျာဥ်ကို ဂရုစိုက်ပါ

အိမ်နောက်ဖေးတွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဥယျာဥ်ကို စိုက်ပျိုးရန် ကျွန်မအလွန် စိတ်လှုပ်ရှားခဲ့သည်။ ထို့နောက် မြေစာများတွင် အပေါက်ငယ်များ ရှိသည်ကို သတိပြုမိခဲ့ပြီးနောက်၊ ကျွန်မတို့၏ပထမဦးဆုံးသစ်သီးလေး မရင့်မှည့်မီ ပဟေဠိဆန်စွာ ပျောက်သွားခဲ့သည်။ တစ်နေ့တွင် ယုန်များအသိုက်လုပ်ခြင်းကြောင့် ကျွန်မတို့၏အကြီးဆုံး စတော်ဘယ်ရီပင်လေးမှာ လုံးလုံးလျားလျား အမြစ်မှ ကျွတ်ထွက်ကာ နေလောင်ဒဏ်ကြောင့် ခြောက်သွေ့ကျွတ်ဆတ်သွားသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိခဲ့ရသည်။ သတိပေးသည့်လက္ခဏာများကို ကျွန်မပို၍ အလေးထားသင့်ခဲ့သည်ဟုသာ ကျွန်မနောင်တရမိသည်။

ရှောလမုန်သီချင်း၏လှပသော အချစ်တေးကဗျာတွင် ငယ်ရွယ်သောအမျိုးသားနှင့် အမျိုးသမီးတို့၏ အပြန်အလှန် ပြောသည့်စကားကို မှတ်တမ်းတင်ထားသည်။ သူ့ချစ်သူကို ခေါ်နေစဥ် သူ့ချစ်သူ၏ဥယျာဥ်ကို ဖျက်ဆီးမည့် တိရစ္ဆာန်များကို ထိုအမျိုးသားက ခပ်တင်းတင်း သတိပေးထားသည်။ ထိုဥယျာဥ်မှာ သူတို့၏ဆက်ဆံရေးကို အလင်္ကာဖွဲ့တင်စားဖော်ပြချက်ဖြစ်သည်။ “စပျစ် နွယ်ပင်တို့ကို ဖျက်လတံ့သော မြေခွေးများနှင့် မြေခွေးကလေးများကို ငါတို့ဖို့ ဖမ်းကြလော့” ဟုသူပြောခဲ့သည် (သီချင်း ၂:၁၅)။ “မြေခွေး”ဟု သူတင်စားသည့်အရာများမှာ…

ဘုရားသခင် သင့်အမည်ကို ခေါ်တော်မူသည်

သူမကို ပညာသင်ပေးမည်ဟူသည့် ကတိစကားကြောင့် Natalia (နတာလီရာ) သည် တိုင်းတစ်ပါးသို့ သွားရောက်ခဲ့သည်။ သို့သော် မကြာမီတွင် သူမ၏အိမ်အသစ်တွင်ရှိသော ဖခင်သည် သူမအပေါ် ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ စတင်အကြမ်းဖက်ခဲ့သည်။ အခကြေးငွေ မပေးဘဲ သူ၏အိမ်နှင့် သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရန် အဓမ္မစေခိုင်းခဲ့သည်။ သူမကို အိမ်အပြင်ထွက်ခွင့်မပေး၊ ဖုန်းလည်း အသုံးပြုခွင့် မပေးပေ။ သူမသည် သူ၏ကျွန် ဖြစ်သွားတော့သည်။

ဟာဂရသည် အာဗြံနှင့်စာရဲတို့၏ အီဂျစ်လူမျိုး ကျွန်မတစ်ဦးဖြစ်သည်။ မည်သူမျှ သူမကို အမည်တပ်ပြီး မခေါ်ခဲ့ပေ။ “အကျွန်ုပ်၏ကျွန်မ” နှင့် “သင်၏ကျွန်မ” ဟူ၍သာခေါ်သည် (က ၁၆:၂၊ ၅-၆)။ သူတို့၏အမွေစားအမွေခံ မျိုးဆက်ရရှိနိုင်ရန် သူမကို အသုံးပြုလိုခြင်းသာ ဖြစ်သည်။
ဘုရားသခင်နှင့် ကွာလိုက်ပါဘိ။ သမ္မာကျမ်းစာတွင် ပထမဦးဆုံးပေါ်လာသော ဘုရားသခင်၏ကောင်းကင်တမန်သည် ကန္တာရထဲတွင် ကိုယ်ဝန်ဆောင် ဟာဂရနှင့် စကားပြောခဲ့သည်။ ကောင်းကင်တမန်မှာ…