အမျိုးအစား  |  odb

အရာအားလုံးဆုံးရှံးရခြင်း

အချိန်ကိုက်ဖြစ်သွားခြင်းထက် ပိုဆိုးနိုင်စရာအကြောင်း မရှိတော့ပါ။ တံတားများ၊ မော်ကွန်းကျောက်တိုင်များနှင့် အဆောက်အအုံကြီးများကို စီမံ/ဆောက်လုပ်ပြီးနောက် အနည်းငယ်ချမ်းသာလာသော Cesar (ဆီဇာ)သည် လုပ်ငန်းအသစ် တစ်ခုစတင်လိုခဲ့သည်။ ထို့ကြောင့် သူ၏ပထမလုပ်ငန်းကို ရောင်းပြီး ပိုက်ဆံကို ဘဏ်အပ်လိုက်ကာ မကြာမီ ပြန်လည်ရင်းနှီးမြှုပ်နှံရန် စီစဉ်ခဲ့သည်။ ထိုအချိန်တိုအတွင်း အစိုးရမှ ပုဂ္ဂလိကဘဏ်များတွင် သိမ်းထားသည့် တန်ဖိုးရှိပစ္စည်း အားလုံးကို သိမ်းယူလိုက်သည်။ တခဏချင်းတွင် ဆီဇာ၏ တစ်ဘဝစာစုဆောင်းမှုများ အငွေ့ပျံသွားသည်။

မတရားမှုကို ညည်းညူစရာအကြောင်းဟု မမြင်ဘဲ၊ ဆီဇာသည် ရှေ့ဆက်ရမည့်လမ်းကိုပြရန် ဘုရားသခင်အား တောင်းလျှောက်ခဲ့သည်။ ထိုနောက်တွင် သူသည် ရိုးရိုးရှင်းရှင်းပင် အစမှ ပြန်လည်စတင်လိုက်တော့သည်။

ဆိုးဝါးသောအခိုက်အတန့်တစ်ခုတွင် ယောဘသည် သူ့ပစ္စည်းဉစ္စာများထက်ပို၍ များစွာဆုံးရှုံးခဲ့ရသည်။ သူ့ကျွန်အားလုံးနီးပါးနှင့် သူ့သားသမီးအားလုံးကို သူဆုံးရှုံးခဲ့ရသည် (ယောဘ ၁:၁၃-၂၂)။ ထို့နောက် သူ့ကျန်းမာရေးလည်း ထိခိုက်ခဲ့သည် (၂:၇-၈)။ ယောဘ၏တုံ့ပြန်မှုသည် ကျွန်တော်တို့အတွက် တည်မြဲသည့်သာဓကအဖြစ် ရှိနေသည်။…

စိတ်ပျက်မှုနှင့်ရင်ဆိုင်ခြင်း

အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ် အထက်တန်းကျောင်းတစ်ခုမှ နှစ်ကြီး အထက်တန်း ကျောင်းသား/သူများသည် “တစ်သက်တာမမေ့နိုင်မည့်ခရီး” ထွက်ရန် တစ်နှစ်လုံးပိုက်ဆံစုဆောင်းခဲ့ပြီး၊ လေဆိပ်သို့ရောက်ခါမှ သူတို့အများစုသည် လေကြောင်းလိုင်းဟန်ဆောင်သည့် ကုမ္ပဏီအတုမှ လက်မှတ်ဝယ်ထားခဲ့မိကြောင်း သိခဲ့ကြရသည်။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက “ကြေကွဲစရာပါပဲ” ဟု ဆိုသည်။ ကျောင်းသား/သူများသည် သူတို့၏အစီအစဉ်များကို ပြောင်းလဲခဲ့ရသော်လည်း “ရသလောက် အကျိုးရှိအောင်လုပ်မည်” ဟု ဆုံးဖြတ်ခဲ့ကြသည်။ သို့နှင့် သူတို့သည် သူတို့အား ဝင်ကြေးမယူသည့် လေဆိပ်အနီးရှိ လည်ပတ်စရာနေရာများသို့ (၂) ရက်ကြာ လည်ပတ်ခဲ့ကြသည်။

အစီအစဉ်များ မအောင်မြင်ခြင်း (သို့) ပြောင်းလဲလိုက်ရခြင်းသည် စိတ်ပျက်စရာဖြစ်နိုင်၍၊ အထူးသဖြင့် အစီအစဉ်ဆွဲရာတွင် အချိန်၊ ငွေကြေးနှင့် စိတ်ခံစားချက်များ ထည့်သွင်းထားခြင်းကြောင့် ကြေကွဲစရာပင် ဖြစ်နိုင်သည်။ ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်အတွက်အိမ်တော်ကို “တည်လုပ်မည်ဟု [သူ]အကြံရှိ”ခဲ့ပါသည် (၅ ရာ ၂၈:၂)။ သို့သော်လည်း ထာဝရဘုရားက “သင်သည် ... ငါ့နာမအဖို့…

နှိမ့်ချသော်လည်း မျှော်လင့်တတ်သော

ဝတ်ပြုကိုးကွယ်မှုအပြီးတွင် သင်းအုပ်ဆရာ၏ဖိတ်ခေါ်မှုကြောင့် Latriece (လတ်ထရီစ်)သည် ပရိတ်သတ်ရှေ့သို့ ထွက်လာခဲ့သည်။ အသင်းသားများအား မိတ်ဆက်ရန်အတွက် သူမကို ဖိတ်ခေါ်စဉ်က လေးနက်၍ အံ့ဩဖွယ်ကောင်းသောစကားများကို သူမ ပြောဆိုမည်ဟု မည်သူမျှမထင်ခဲ့ကြပါ။ သူမသည် အမေရိကန်နိုင်ငံ၊ ကန်တက်ကီပြည်နယ်မှ ပြောင်းလာသူဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက တိုက်ခဲ့သော လေဆင်နှာမောင်းကြောင့် သူမ၏မိသားစုဝင် (၇) ဦးသေဆုံးခဲ့ရသည်။ “ဘုရားသခင်က ကျွန်မနှင့်အတူရှိတဲ့အတွက် ကျွန်မပြုံးနေနိုင်ပါသေးတယ်” ဟု သူမ ဆိုသည်။ ဖြတ်သန်းခဲ့ရသည့် စုံစမ်းစစ်ကြောမှုကြောင့် နာကျင်ခဲ့ရသော်လည်း သူမ၏သက်သေခံချက်က မိမိတို့၏စိန်ခေါ်မှုပြဿနာများကို ရင်ဆိုင်နေကြရသူ အသီးသီးတို့အတွက် ထိရောက်၍တန်ခိုးပါသော ခွန်အားပေးမှုဖြစ်ခဲ့သည်။

သခင်ယေရှုခံစားရသည့် ဝေဒနာတို့ကို ဖော်ပြနေသည့် ဆာလံကျမ်း ၂၂ မှ ဒါဝိဒ်မင်းကြီး၏စကားတို့သည် ဘုရားသခင်၏စွန့်ပစ်ခြင်းကို ခံစားရသော (:၁)၊ အခြားသူများ၏ရွံရှာမှုနှင့် ပြက်ရယ်ပြုမှုကိုခံရသော (:၆-၈)၊ သားရဲတိရိစ္ဆာန်တို့ ဝိုင်းထားခြင်းကိုခံရသော(:၁၂-၁၃) ပင်ပန်းနွမ်းနယ်နေသူတစ်ဦး၏ စကားများဖြစ်သည်။ သူသည်…

မိတ်ဆွေသူငယ်ချင်း

နှစ်ရှည်လများ ပေါင်းဖော်ခဲ့သော မိတ်ဆွေနှင့် ကျွန်တော်တို့ နှစ်အတန်ကြာမျှ မတွေ့ဘဲ ကွဲသွားကြသည်။ ထိုအတောအတွင်း သူ၌ ကင်ဆာရောဂါတွေ့ရှိခဲ့ပြီး ဆေးကုသမှု စတင်ခံယူခဲ့သည်။ မမျှော်လင့်ဘဲ သူရှိသောပြည်နယ်သို့ ခရီးထွက်ခဲ့ရပြီး သူနှင့်နောက်တစ်ကြိမ်တွေ့ရန် အခွင့်အရေးရခဲ့သည်။ စားသောက်ဆိုင်အတွင်းသို့ ကျွန်တော်ဝင်လာသောအခါ နှစ်ဦးစလုံး မျက်ရည်လည်ခဲ့သည်။ နှစ်ဦးသား တစ်ခန်းတည်းအတူနေခဲ့ချိန်က ကြာညောင်းခဲ့ပြီဖြစ်ပြီး၊ ယခုတွင် ဘဝ၏တိုတောင်းမှုကို သတိပေးနေသော သေခြင်းတရားက ထောင့်တစ်နေရာတွင် ဝပ်တွားခိုဝင်လျက်ရှိသည်။ဘဝ၏စွန့်စားမှုများ၊ ကိုးရို့ကားယားနိုင်မှုများ၊ ရယ်မောခြင်းများ၊ ဆုံးရှုံးမှုများ၊ ချစ်မေတ္တာတို့ပြည့်ဝနေသော နှစ်ရှည်လများ ပေါင်းသင်းဆက်ဆံရေးကြောင့် ကျွန်ုပ်တို့နှစ်ဦးသား မျက်ရည်မိုးများ ရွာသွန်းဖြိုးခဲ့သည်။ တစ်ဦးနှင့်တစ်ဦးကြည့်ကာ မျက်ရည်များစွာဖြင့် ချစ်ခြင်းမေတ္တာများ ယိုဖိတ်လာသည်။

သခင်ယေရှုသည်လည်း ငိုကြွေးခဲ့သည်။ ယုဒလူတို့က “သခင်ကြွ၍ ကြည့်တော်မူပါ” (ယော ၁၁:၃၄) ဟုပြောသောအခါ သခင်ယေရှုသည် သူ၏မိတ်ဆွေကောင်း လာဇရု၏ သင်္ချိုင်းဂူရှေ့တွင် မတ်တပ်ရပ်ခဲ့သော အချိန်အခိုက်အတန့်ကို ရှင်ယောဟန်ခရစ်ဝင်ကျမ်းတွင် မှတ်တမ်းတင်ထားသည်။ ကျွန်ုပ်တို့၏…

နှလုံးသားအရင်းခံဖြင့် ရက်ရောပေးကမ်းမှု

စာရေးဆရာ Parker Palmer (ပါကာဖန်မာ)က ဘွဲ့နှင်းသဘင်အခမ်းအနားမိန့်ခွန်းတစ်ခုတွင် “မိမိကိုယ်ကို ဗဟိုပြု၊ ကိုယ့်အတွက် အစေခံပြီး၊ ကိုယ့်ဘဝကို ကာကွယ်အသက်ရှင်ခဲ့ရလို့ ငါသိပ်ဝမ်းသာတယ်လို့ သေသွားတဲ့သူ ဘယ်သူမှ မပြောကြဘူး” ဟု ပြောပြီး၊ မိမိကိုယ်ကို ကမ္ဘာကြီးအား ပေးလှူရန်၊ နှလုံးသားများဖွင့်၍ ရက်ရောစွာ ပေးကမ်းရန် ဘွဲ့ယူသူများကို တိုက်တွန်းခဲ့သည်။

ဤကဲ့သို့အသက်ရှင်ခြင်းသည် “မိမိသိသောအရာ မည်မျှနည်းကြောင်း၊ မိမိသည် မည်မျှအလွယ်တကူ ရှုံးနိမ့်နိုင်ကြောင်း” သင်ယူသိလာခြင်းဖြစ်သည်။ လောကကိုအစေခံရန် မိမိကိုယ်မိမိဆက်ကပ်ခြင်းတွင် “မသိခြင်းဟူသည့်နယ်ပယ်သို့ တန်းတန်းမတ်မတ် တိုးဝင်ကာ၊ ကျရှုံးပြီးရင်း ကျရှုံးမှုအတွက် စွန့်စားရပြီး၊ ထပ်ခါထပ်ခါ ပြန်လည်ထကာ သင်ယူပြီးရင်းသင်ယူမည့် စတင်သင်ယူသူတို့၏ စိတ်ထားကို ပြုစုပျိုးထောင်ပေးရန် လိုအပ်သည်”ဟု ပါကာ က ဆက်လက် ပြောခဲ့သည်။

ကျွန်ုပ်တို့၏အသက်တာများကို ကျေးဇူးတော်အခြေခံ အုတ်မြစ်ပေါ်တွင် တည်ဆောက်မှသာလျှင် ကြောက်စိတ်မဲ့သော “နှလုံးသားအရင်းခံဖြင့် ရက်ရောပေးကမ်းခြင်း” အသက်တာကို ရွေးချယ်ရန်…

သက်သေများ

Henry Wadsworth Longfellow (ဟင်နရီ ဝဒ်စ်ဝေါ့ လောန်ဖဲလို) (၁၈၀၇-၁၈၈၂)၏ ‘The Witnesses’ (သက်သေများ) ကဗျာတွင် ရေထဲနစ်မြုပ်နေသော ကျွန်သင်္ဘောတစ်စီးအကြောင်းကို ဖော်ပြထားသည်။ “အရိုးပေါ်အရေတင်၊ သံကွင်းကြိုးခတ်ခံရသူများ” ဟု စပ်ဆိုလျက်၊ ကျွန်ခံနေရသည့် မရေတွက်နိုင်လောက်သော အမည်မသိ ဓားစာခံများအကြောင်းကို လောန်ဖဲလို ဝမ်းနည်းစွာရေးသားခဲ့သည်။ နောက်ဆုံးကဗျာပိုဒ်တွင် “ပူဆွေးသောက ကျွန်ဘဝ၊ ငရဲပြည်မှ လှမ်းကြည့်ကြ။ အမည်မဲ့ အုပ်ဂူများမှ သူတို့အော်ဟစ်ကြ၊ ကျွန်ုပ်တို့ကိုယ်တိုင် မြင်တွေ့ကြရ” ဟု ရေးသားထားသည်။

ဤမျက်မြင်သက်သေများက မည်သူတို့ကို ပြောနေသနည်း။ ဤကဲ့သို့သော တိတ်ဆိတ်သည့် သက်သေခံချက်သည် အချည်းအနှီးမဖြစ်ပေဘူးလား။

အရာအားလုံးကိုမြင်သော မျက်မြင်သက်သေတစ်ဦးရှိသည်။ ကာဣနသည် အာဗေလကို သတ်သောအခါ သူသည်ဘာမျှ မဖြစ်သကဲ့သို့ ဟန်ဆောင်ခဲ့သည်။ “အကျွန်ုပ်သည် ညီကိုစောင့်ရသောသူ ဖြစ်ပါသလောဟု လျှောက်ဆို၏။ ဘုရားသခင်ကလည်း ... သင့်ညီအသွေး၏အသံသည် မြေထဲက ငါ့ကို…

ဘုရားသခင်၏ ထာဝရအသင်းတော်

တနင်္ဂနွေနေ့ ဝတ်ပြုစည်းဝေးခြင်းအပြီးတွင် ငယ်ရွယ်သောမိခင်တစ်ဦးသည် ကလေးနှစ်ယောက် တိုးလို့တန်းလန်းနှင့် ကျွန်မတို့အသင်းတော်သို့ ရောက်လာပြီး “အသင်းတော်ရဲ့ဝတ်ပြုခြင်း ပြီးသွားပြီလား” ဟု မေးသည်။ ကြိုဆိုနှုတ်ဆက်သူ တစ်ဦးက အနီးအနားရှိ အသင်းတော်၌ တနင်္ဂနွေနေ့ ဝတ်ပြုချိန် နှစ်ချိန်ရှိကြောင်း၊ ဒုတိယဝတ်ပြုချိန်သည် စတော့မည်ဖြစ်ကြောင်း ပြောပြီး၊ ကားကြုံလိုက်ရန်လည်းဖိတ်ခေါ်ခဲ့သည်။ အတန်ငယ်လှမ်းသည့်နေရာရှိ အသင်းတော်သို့ ကားကြုံလိုက်ခွင့်ရ၍ မိခင်ငယ်သည် ကျေးဇူးတင်မိခဲ့သည်။

နောက်ပိုင်းတွင် ဤကိစ္စကိုဆင်ခြင်သုံးသပ်လျက်၊ ကြိုဆိုနှုတ်ဆက်ဧည့်ခံသူက “အသင်းတော်ရဲ့ဝတ်ပြုခြင်းပြီးသွားပြီလား။ ဘယ်တော့မှမပြီးဆုံးဘူး။ ဘုရားသခင်ရဲ့ အသင်းတော်ဟာ အမြဲ ဝတ်ပြုကိုးကွယ်မှု ဆက်‌ေနေတယ်လေ” ဟု ဆိုခဲ့သည်။

အသင်းတော်သည် ပျက်စီးလွယ်သော “အဆောက်အအုံ” မဟုတ်ပါ။ ၎င်းသည် “ဘုရားသခင်၏အိမ်တော်သား”၊ ဘုရားသခင်၏ သစ္စာရှိသောမိသားစု ဖြစ်သည်။ ရှင်ပေါလု ရေးသားသကဲ့သို့ “တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။ ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့်တစ်တိုက်လုံးသည် စေ့စပ်၍ကြီးပွားသဖြင့်…

ခွန်အားပေးတိုက်တွန်းခြင်း ဆုကျေးဇူး

“ရှင့်ပျားတွေက စုပုံပျစ်ခဲနေတာပဲ။” ကျွန်တော့်ဇနီးသည်သည် တံခါးပေါက်ဝသို့ ခေါင်းပြူတစ်ကာ မည်သည့်ပျားမွေးသူမဆို မကြားလိုသောသတင်းကို ပြောလာသည်။ ကျွန်တော်အပြင်သို့ ပြေးထွက်ကြည့်လိုက်ရာ၊ ပျားအုံသို့ ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်သည့် ထောင်ပေါင်းများစွာသောပျားများ ပျားအုံမှ ထင်းရှူးပင်ထိပ်ဖျားဆီသို့ ပျံသန်းသွားကြသည်ကို တွေ့လိုက်ရတော့သည်။

ပျားအုံ၌ ပျားများ စုပြုံပျစ်ခဲလာတော့မည်ကို ကျွန်တော်လေ့လာတွေ့ရှိမှု အနည်းငယ် နောက်ကျသွားသည်။ တစ်ပတ်ထက်မက ပို၍ကြာကြာ မုန်တိုင်း‌တိုက်ခဲ့သောကြောင့် စစ်ဆေးမှုပြုရန် ကြန့်ကြာနှောင့်နှေးခဲ့သည်။ မုန်တိုင်းစဲသည့်မနက်တွင် ပျားများထွက်ခွာသွားကြသည်။ တစ်နေရာထဲတွင် တွေ့ရသော ပျားအုပ်စုမှာ သစ်လွင်ပြီး၊ ကျန်းမာသန်စွမ်းကြသည်။ စင်စစ် ပျားများသည် ပျားအုံသစ်တည်ရန် အုပ်စုခွဲခဲ့ခြင်းဖြစ်သည်။ အတွေ့အကြုံရှိသူ ပျားမွေးမြူသူတစ်ဦးက ကျွန်ုပ်စိတ်ပျက်သည်ကို တွေ့ပြီးနောက် “ကိုယ့်ကိုယ်ကို စိတ်ဒုက္ခအဖြစ်မခံပါနဲ့။ ဘယ်သူမဆို ဒီလိုဖြစ်တတ်ပါတယ်” ဟု ကျွန်ုပ်ကိုရွှင်ပျစွာ ပြောခဲ့သည်။

ခွန်အားပေးတိုက်တွန်းခြင်းသည် ဆွဲဆောင်မှုရှိသော ဆုကျေးဇူးတစ်ရပ်ဖြစ်သည်။ ရှောလုသည် ဒါဝိဒ်နောက်သို့လိုက်၍ သူ့အသက်ကို ရန်ရှာသဖြင့် ဒါဝိဒ်…

လွတ်လပ်ကျယ်ဝန်းသည့်နေရာကို ရှာဖွေခြင်း

“အနားယူအားဖြည့်ရမယ့်အချိန်ကို ကျွန်ုပ်တို့လိုအပ်တယ်။ တွေးတောဆင်ခြင်ဖို့ လွတ်လပ်မှုနဲ့ အနာကုစားဖို့အခွင့် ကျွန်ုပ်တို့လိုအပ်တယ်။ မြန်ဆန်တဲ့အရှိန်အဟုန်ကြောင့် ဆက်ဆံရေးတွေ သေဆုံးဖို့ တာစူနေပြီ။ အရှိန်အဟုန်မြင့် ကောင်းမွန်တဲ့ ရည်မှန်းချက်တွေရဲ့ဖိစီးမှုကြောင့် ကျွန်ုပ်တို့ရဲ့ ကလေးတွေ ဒဏ်ရာတွေနဲ့ လဲပြိုနေကြပြီ။ ဘုရားသခင်ဟာ ကျွန်ုပ်တို့မောပန်းနွမ်းနယ်တာကို နှစ်ခြိုက်နေတယ်ဆိုတဲ့သဘောလား။ လူတွေကို သာယာတဲ့မြစ်နား သူမခေါ်သွားတော့ဘူးလား။ အတိတ်က လွတ်လပ်ကျယ်ဝန်းတဲ့နေရာတွေကို ဘယ်သူက အဓမ္မလုယူသွားတာလဲ။ အဲဒါတွေကို ကျွန်ုပ်တို့ ဘယ်လို ပြန်လည်ရယူနိုင်မလဲ” ဟု ‘Margin’ (အနားသတ်မျဉ်း) ဟူသည့်စာအုပ်၌ ဒေါက်တာ Richard Swenson (ရစ်ချတ်စွမ်စန်) ရေးသားထား သည်။ ဘုရားသခင်၌ အနားယူကာ သူနှင့်တွေ့ဆုံနိုင်မည့် ဆိတ်ငြိမ်လျက် အကျိုး ဖြစ်စေသည့် ဘဝ၏“နေရာ”ကို ကျွန်ုပ်တို့လိုအပ်သည်ဟု စွမ်စန်က ဆိုသည်။

၎င်းက မည်သည်ကို ထင်ဟပ်နေသနည်း။ လွတ်လပ်ကျယ်ဝန်းသော အနားယူ အားဖြည့်ရာနေရာများကို ရှာဖွေခြင်းသည် မောရှေကောင်းစွာ အသက်ရှင်ခဲ့သည့်…

ခရစ်တော်၏အစွမ်းတန်ခိုး

၂၀၁၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ‘Grand Canyon’ (ဂရင်းကန်ရွန်) ချောက်ကြီး အနီးရှိ ပေ (၁၅၀၀) အကျယ်ရှိသော ချောက်နက်ကြီးအား ဟိုဘက်ဒီဘက် သွယ်တန်းထားသည့်ကြိုးပေါ်မှ ကောင်းကင်ကျွမ်းဘားသမား Nik Wallenda (နစ်ဝါလန်ဒါ) လမ်းလျှောက်သည်ကို လူပေါင်း (၆၀၀) ခန့် လာရောက်ကြည့်ရှုခဲ့ကြသည်။ (၂) လက်မထုရှိသည့် သံမဏိကြိုးပေါ်သို့ ဝါလန်ဒါ ခြေချလိုက်ပြီးနောက် သူ့ဦးခေါင်း၌ တပ်ဆင်ထားသည့် ကင်မရာက အောက်ဘက်ရှိ လျှိုမြှောင်ချိုင့်ဝှမ်းမြင်ကွင်းကို ချိန်ထားစဉ် သူမြင်တွေ့ရသည့် မြင်ကွင်းကြောင့် သခင်ယေရှုကို သူကျေးဇူးတင်ခဲ့သည်။ လူသွားစင်္ကြံန်၌ အေးအေးလူလူ လမ်းလျှောက်နေသကဲ့သို့ သူလျှောက်သွားစဉ် သခင်ယေရှုထံ ဆုတောင်းလျက် ကျေးဇူးတော်ချီးမွမ်းခဲ့သည်။ လေထန်လာချိန်၌ သူခဏရပ်ကာ ဝပ်နေလိုက်ပြီးနောက် သူပြန်ထကာ ဟန်ချက်ပြန်ထိန်းလိုက်သည်။ “ကြိုးကို ငြိမ်စေသည့်အတွက်” ဘုရားသခင်အား ကျေးဇူးတင်ခဲ့သည်။ ထိုဗီဒီယိုကို ထိုစဥ်ကရော၊ ယခုတွင်ပါ ကြည့်ရှုကြသော ကမ္ဘာတစ်ဝန်းရှိ လူများအား…