ဘုရားသခင်၏လက်တော်ထဲတွင်
အသက် (၁၈) နှစ် ပြည့်သွားသော ကျွန်မသမီးလေး၏ဘဝတွင် ဘဝသစ်စတင်လာပါပြီ။ ယခု တရားဝင်အသက်ပြည့်ပြီဖြစ်၍ သူမသည် နောင်လာမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိပြီး အထက်တန်းကျောင်းပြီးလျှင် ဘဝကို စတင်တော့မည်ဖြစ်သည်။ လောကကြီးကို သူမဘာသာရင်ဆိုင်ရသည့်အခါ ငွေရေး ကြေးရေးစီမံရန်၊ ကမ္ဘာ့ရေးရာများကို နိုးနိုးကြားရှိရန်နှင့် ခိုင်မာသော ဆုံးဖြတ်ချက်ချရန် စသည်တို့အတွက် လိုအပ်မည့်ဉာဏ်ပညာများကို သူ့အားမျှဝေရန် ကျွန်မနှင့်အတူ တစ်မိုးအောက်တည်း၌ သူရှိနေမည့် အဖိုးတန်အချိန်များစွာမရှိတော့ဟု ဤပြောင်းလဲမှုက ကျွန်မ၏စိတ်၌ အရေးတကြီးခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။
သမီးလေးက သူ့ဘဝကို ကိုင်တွယ်နိုင်ရန်အတွက် ပြင်ဆင်ပေးရမည့်ကျွန်မ၏တာဝန်ကို နားလည်နိုင်ပါသည်။ တကယ်တော့ ကျွန်မ သူမကို ချစ်ပြီး သူမကို တိုးတက်အောင်မြင်စေချင်သည်။ သို့သော် အရေးကြီးသည့်အခန်းကဏ္ဍ၌ ကျွန်မရှိနေသော်လည်း ၎င်းသည် ကျွန်မ၏တစ်ခုတည်းသော (သို့) အဓိကအလုပ်မဟုတ်မှန်း ကျွန်မသိသည်။ သခင်ယေရှုအကြောင်းကို သူသင်ပေးခဲ့၍ ယုံကြည်ခြင်း၌ သူ၏သားသမီးများသဖွယ်ဖြစ်သည့် သက်သာလောနိတ်မြို့သားများအား မိန့်ကြားသောစကားတွင် အချင်းချင်းကို…
ဝမ်းနည်းခြင်းနှင့် ဝမ်းမြောက်ခြင်း
Angela (အန်ဂျလာ)၏မိသားစုသည် ရက်သတ္တပတ် လေးပတ်တာကာလအတွင်း ဆွေမျိုးအရင်းအချာ (၃) ဦး သေဆုံးသွားသောကြောင့် ဝမ်းနည်းပူဆွေးမှုကို ဆက်တိုက်တွေ့ကြုံခံစားရခဲ့ရသည်။ သူ၏တူ ရုတ်တရက်သေဆုံးပြီးနောက် သူနှင့် သူ့ညီအစ်မနှစ်ဦးသည် အရိုးအိုးဝယ်ရန်၊ အစားအသောက်ဝယ်ရန်နှင့် ဈာပနအခမ်းအနား တတ်ရောက်ရန် အပြင်ထွက်ခြင်းမှလွဲ၍ သုံးရက်တာမျှ မီးဖိုချောင်စားပွဲပတ်လည်တွင် တွေ့ဆုံခဲ့ကြသည်။ တူလေးဆုံးပါးခြင်းအတွက် သူတို့ဝမ်းနည်းခဲ့သော်လည်း ညီမထွေး၏ဝမ်းတွင်း၌ ရှင်သန်ကြီးထွားနေသော အသက်သစ်ကို အယ်လ်ထရာစောင်း ဓာတ်မှန်ရိုက်ထားသည့်ရုပ်ပုံများကို ကြည့်ပြီး ပျော်ခဲ့ကြသည်။
ဤအချိန်တွင် အန်ဂျလာသည် ဓမ္မဟောင်းကျမ်းရှိ ဧဇရမှတ်စာမှ သက်သာရာနှင့် မျှော်လင့်ခြင်းကို တွေ့ရှိခဲ့သည်။ ဗာဗုလုန်လူတို့သည် ဗိမာန်တော်ကို ဖျက်ဆီးပြီး ဣသရေလလူမျိုးတို့ကို ၎င်းတို့ချစ်သောမြို့တော်မှဆွဲထုတ် ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက်၊ လူမျိုးတော်တို့ ယေရုရှလင်မြို့သို့ ပြန်လာသည့်အကြောင်းကို ဖော်ပြထားသည် (ဧဇ ၁)။ ဗိမာန်တော်ပြန်လည်တည်ဆောက်မှုကို ဧဇရကြည့်ရှုစဥ် ဘုရားသခင်အား ဝမ်းမြောက်စွာ ချီးမွမ်းသံကို ကြားခဲ့သည် (၃:၁၀-၁၁)။ သို့သော် ဖမ်းဆီးခေါ်ဆောင်မခံရမီက…
ပြန်လည်ထိန်းသိမ်းပေးသော ဘုရားသခင်
၁၉၆၆ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်တွင် အီတလီနိုင်ငံ ဖလောရန့်မြို့၌ ဆိုးဝါးသော ရေလွှမ်မိုးမှုကြီးကြောင့် Giorgio Vasari (ဂျော်ဂျီရိုဗာစာရီ)၏လက်ရာ ထင်ရှားသော ပန်းချီကားဖြစ်သည့် “နောက်ဆုံးညစာစားပွဲ”သည် ရွှံ့၊ ရေနှင့် လောင်ကျွမ်းနေသော ဆီအိုင်တွင် (၁၂) နာရီကျော်ကြာ နှစ်မြှုပ်နေခဲ့သည်။ ဆေးများအရောင်ဖျော့သွားကာ သစ်သားဘောင်လည်း သိသိသာသာ ပျက်စီးသွားသဖြင့် လူအများက ထိုလက်ရာကို ပြုပြင်၍မရနိုင်တော့ဟု ယုံကြည်ကြသည်။ သို့သော် ကျွမ်းကျင်သူများ၊ စေတနာ့ဝန်ထမ်းတို့၏ နှစ် (၅၀) မျှ အကြာကြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားစိုက်ထုတ်မှုကြောင့် မှတ်ကျောက်တင်လောက်သော ဧရာမအတားအဆီးများကို အောင်မြင်ကျော်လွှားနိုင်ခဲ့ပြီး တန်ဖိုးရှိသောပန်းချီကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။
ဗာဗုလုန်လူတို့ ဣသရေလပြည်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဣသရေလ လူမျိုးတို့သည် မျှော်လင့်ချက်မဲ့စွာ ခံစားခဲ့ရပြီး၊ ပတ်လည်တွင် သေကြေပျက်စီးမှုများ၊ ဆုံးရှုံးမှုများ ဝိုင်းလျက် ပြန်လည်ထိန်းသိမ်း တည်ဆောက်ပေးမှုကို လိုအပ်နေ သည် (မြည်…
မြဲမြံသောမျှော်လင့်ခြင်း
“သမီးဆီကို ပန်းတွေပို့ပေးလို့ ဖေဖေပြန်လာတော့မယ်ဆိုတာ သမီးသိတယ်။” ဤစကားကို စစ်တွင်းကာလ ကျွန်တော့်အဖေ ပျောက်ဆုံးနေချိန်၌ (၇) နှစ်အရွယ်ညီမလေးက အမေ့ကို ပြောခဲ့သည်။ တာဝန်အရ အိမ်မှမထွက်ခွာမီ အဖေက ညီမလေး ၏မွေးနေ့အတွက် ပန်းများကြိုမှာခဲ့ပြီး၊ သူပျောက်ဆုံးနေချိန်တွင် ပန်းများရောက်လာသည်။ သူမစကားမှန်ခဲ့ပါသည်။ ကြောက်လန့်ဖွယ် တိုက်ပွဲအပြီးတွင် အဖေအိမ်ပြန်ရောက်လာခဲ့သည်။ ဆက်လက်၍ မျှော်လင့်ခြင်းရှိရန် သတိပေးသည့်အနေနှင့် ညီမလေးက ထိုပန်းများနှင့်ပန်းအိုးကို ဆယ်စုနှစ်ပေါင်းများစွာ သိမ်းထားခဲ့သည်။
တစ်ခါတစ်ရံတွင် ကျိုးပဲ့ပျက်စီးပြီး အပြစ်နှင့်ပြည့်သော လောကကြီး၌ မျှော်လင့်ခြင်းကို ဆက်လက်ဆုပ်ကိုင်ထားရန်မှာ မလွယ်ကူလှပေ။ ဖခင်များ အမြဲတမ်း အိမ်ပြန်မရောက်လာပါ။ ကလေးသူငယ်များ၏ဆန္ဒများ တစ်ခါတစ်ရံ မပြည့်ဝကြပေ။ သို့သော်လည်း အခက်ခဲဆုံးအခြေအနေတွင် ဘုရားသခင်သည် မျှော်လင့်ခြင်းကိုပေးသည်။ အခြားစစ်မက်အတွင်းက ပရောဖက်ဟဗက္ကုတ်သည် ဗာဗုလုန်လူမျိုးတို့ ယုဒပြည်ကို ကျူးကျော်ဝင်ရောက်လာမည်ကို ကြိုတင်ဟောပြောခဲ့ပြီး (ဟဗ ၁:၆၊ ၄ ရာ ၂၄)၊ ဘုရားသခင်သည်…
ဝိညာဥ်တော်သာ လုပ်ဆောင်နိုင်သည့်အရာ
အသက် (၉၄) နှစ်ရှိပြီဖြစ်သော ဂျာမန်ဓမ္မပညာရှင် Jürgen Moltmann (ယူဂန်မော့မန်း) ရေးသားသည့် သန့်ရှင်းသောဝိညာဥ်တော်နှင့်ပတ်သက်သည့် စာအုပ်အကြောင်းကို ဆွေးနွေးနေစဥ်တွင် တွေ့ဆုံမေးမြန်းသူက “သန့်ရှင်းသောဝိညာဥ်တော်ကို ဘယ်နည်းနဲ့ သက်ဝင်အောင်လုပ်တာလဲ”၊ “ဆေးသောက်ရတာလား”၊ “ဆေးထုတ်လုပ်ရေးကုမ္ပဏီတွေက ဝိညာဥ်တော်ကို ပို့ပေးနိုင်တာလား”ဟူ၍ သူ့အား မေးခဲ့သည်။ မော့မန်း၏ မျက်ခုံးထူထူမြင့်တက်သွားသည်။ သူခေါင်းခါပြီး ပြုံးကာ အင်္ဂလိပ်သံဝဲဝဲဖြင့် “ကျွန်တော်ဘာလုပ်နိုင်မှာလဲ။ ဘာမှမလုပ်ပါနဲ့။ ဝိညာဥ်တော်ကို စောင့်ဆိုင်းပါ။ ဝိညာဥ်တော်ကြွလာလိမ့်မယ်” ဟု ပြန်ဖြေခဲ့သည်။
မိမိ၏စွမ်းအားများနှင့် အသိပညာကျွမ်းကျင်မှုများကြောင့် အရာရာဖြစ်တည်လာသည် ဟူသော ကျွန်ုပ်တို့၏မှားယွင်းသည့် ယုံကြည်ချက်ကို မော့မန်းက မီးမောင်းထိုးဖော်ပြသည်။ တမန်တော်ဝတ္ထုတွင် ဘုရားသခင်သည် အရာရာကိုဖြစ်တည်စေသည်ဟု ဖော်ပြထားသည်။ အသင်းတော်အစပြုချိန်က လူတို့၏နည်းဗျူဟာ၊ အထင်ကြီးလောက်သော ခေါင်းဆောင်မှုများ ဘာမှမပါခဲ့ပါ။ ကြောက်ရွံ့ပြီး အကူအညီမဲ့ကာ စိတ်ရှုပ်ထွေးနေသော တမန်တော်များရှိရာ အခန်းထဲသို့ ဝိညာဥ်တော်သည် “လေပြင်းမုန်တိုင်းကဲ့သို့သောအသံ”ဖြင့် ရောက်လာသည် (၂:၂)။ ထို့နောက်…
သေးသော်လည်း ကြီးမြတ်သည်
ကောလိပ်ကျောင်း ရေကူးသမားတစ်ဦးသည် သူမ၏ရေကူးနှုန်း အလွန်နှေးခြင်းကြောင့် “အိုလံပစ်အားကစားပွဲမှာ ငါပါနိုင်မှာလား” ဟု ပူပန်မိသည်။ သို့သော် သင်္ချာ ပါမောက္ခ Ken Ono (ခန်အိုနို)က သူမရေကူးသည့် နည်းစနစ်ကို လေ့လာသုံးသပ်ပြီးနောက်တွင် ပြိုင်ပွဲအဆင့်၌ အဓိကကျသော ခြောက်စက္ကန့်အချိန်ပြည့်ကွဲပြားမှုဖြင့် သူမ၏အချိန်ကို တိုးတက်စေနိုင်မည့် နည်းလမ်းကို တွေ့ခဲ့သည်။ ရေကူးသမား၏ နောက်ကျောတွင် အာရုံခံကရိယာကို ချည်နှောင်ထားပြီး၊ သူမ၏အချိန်ကို တိုးတက် စေရန် အဓိကကျသော အပြောင်းအလဲကို ခွဲခြမ်းစိတ်ဖြာခြင်း မပြုခဲ့ပေ။ ထိုအစား အိုနိုသည် အမှန်ကို ပြုပြင်ပေးသည့် လုပ်ဆောင်ချက် အသေးအမွှားကို ဖော်ထုတ်ပြပြီး၊ အကယ်၍ ၎င်းကို လက်တွေ့လုပ်ဆောင်ပါက ရေကူးသမားသည် ရေထဲတွင် ပို၍ထိရောက်စွာ စွမ်းဆောင်နိုင်မည်ဖြစ်ပြီး နိုင်ခြေရလဒ်ကွဲပြားမည်ဖြစ်သည်။
ဝိညာဥ်ရေး၌လည်း အမှန်ကိုပြုပြင်သည့် အပြုအမူအသေးအမွားများသည် ကျွန်ုပ်တို့အတွက် အပြောင်းအလဲကြီးကြီးမားမားကို ဖြစ်စေနိုင်သည်။ ဖမ်းဆီးသိမ်းသွားခံရာမှ ပြန်လာပြီးနောက် ဘုရားသခင်၏ဗိမာန်တော်ကို ပြန်လည်တည်ဆောက်…
သခင်ယေရှုသည် အဖြေပင်ဖြစ်သည်
ပုံပြင်တစ်ပုဒ်၏အဆိုအရ Albert Einstein (အဲလ်ဘက်အိုင်းစတိုင်း)၏ သင်ကြား ဟောပြောခြင်းခရီးစဥ်တွင် သူ၏ကားဒရိုင်ဘာက သူသည် ဟောပြောသွန်သင်နိုင်လောက်သည်အထိ ဆရာ၏ဟောပြောမှုများကို ကြားခဲ့ရပြီဟု ပြောခဲ့သည်။ သို့နှင့် သူ့ကိုတစ်ခါမျှ မမြင်ဘူးသေးသော နောက်ကောလိပ်ကျောင်းတွင် သူတို့လူချင်းလဲရန် အိုင်းစတိုင်းက အကြံပေးခဲ့သည်။ ဒရိုင်ဘာသည် သဘောတူကာ ထိုနေရာ၌ ကောင်းစွာသင်ကြားပို့ချ ဟောပြောခဲ့သည်။ ထို့နောက် မေးမြန်းဖြေကြားခြင်းအချိန် ရောက်လာသည်။ အလွန်စိတ်အားထက်သန်သူတစ်ဦးက မေးမြန်းသောအခါ ဒရိုင်ဘာက “မင်းဟာ အလွန်ထူးချွန်ပြောင်မြောက်တဲ့ ပရော်ဖက်ဆာတစ်ဦးဖြစ်တယ်ဆိုတာ မြင်တာနဲ့ ကျုပ်သိတယ်။ ဒါပေမဲ့ မင်းက ကျုပ်ရဲ့ဒရိုင်ဘာတောင် ဖြေနိုင်တဲ့ သိပ်ရိုးရှင်းတဲ့မေးခွန်းကို မေးတာ ကျုပ်သိပ်အံ့ဩတယ်” ဟု ပြန်ဖြေခဲ့ပြီး၊ သူ၏ယာဥ်မောင်းအယောင်ဆောင် ဆရာကြီး အဲလ်ဘက်အိုင်းစတိုင်း က မေးခွန်းကို ဖြေပေးခဲ့သည်။ သို့နှင့် စိတ်ကူးယဥ်ဆန်ဆန် ဟာသပုံပြင်အဆုံးသတ်ခဲ့သည်။
ဒံယေလ၏မိတ်ဆွေသုံးဦးသည် အမှန်ပင် အန္တရာယ်စက်ကွင်းသို့ ရောက်ရှိ နေသည်။ နေဗုခဒ်နေဇာမင်းကြီးက သူ၏ရုပ်တုကို…
အရာအားလုံး ယေရှုအတွက်
Jeff (ဂျက်ဖ်) အသက်ဆယ့်လေးနှစ်တွင် သူ့မိခင်က သူ့ကို နာမည်ကြီးအဆိုတော် တစ်ဦး၏ပွဲသို့ ခေါ်သွားခဲ့သည်။ သူ့ခေတ်က ဂီတသမားတော်တော်များများ ကဲ့သို့ပင် B. J. Thomas (ဘီဂျေသောမတ်စ်)သည် ဂီတဖျော်ဖြေမှုခရီးစဥ်များတွင် မိမိကိုယ်ကို ဖျက်စီးစေနိုင်သောအသက်တာဖြင့် နေထိုင်ခဲ့သည်။ ၎င်းသည် သူနှင့်သူ့ဇနီးတို့ သခင်ယေရှုအကြောင်း မကြားရမီအချိန်က ဖြစ်သည်။ ခရစ်တော်ကို ယုံကြည်သူ များဖြစ်လာသောအခါ သူတို့၏အသက်တာ အကြီးအကျယ် ပြောင်းလဲသွားသည်။
သီဆိုပွဲညတွင် အဆိုတော်သည် တက်ကြွနေသောလူအုပ်ကြီးကို စတင်ဖျော်ဖြေခဲ့သည်။ သူ့၏နာမည်ကြီးသီချင်းတချို့ကို သီဆိုပြီးနောက်တွင် ပရိသတ်တစ်ဦးက “ဟေး ... ယေရှုအတွက် တစ်ပုဒ်သီဆိုပါ” ဟုအော်ပြောရာ၊ “ကျွန်တော် ယေရှုအတွက် သီချင်း (၄) ပုဒ် ခုပဲ သီဆိုခဲ့တယ်”ဟု ဘီဂျေက မဆိုင်းမတွ တုံ့ပြန်လိုက်သည်။ ထိုအချိန်မှစ၍ ဆယ်စုနှစ်အနည်းငယ်ကြာခဲ့သည့်တိုင်၊ “မိမိလုပ်ဆောင်ပြုမူသမျှ” တွင် အချို့က “ဘာသာမဲ့”ဟု တွေးထင်နိုင်သည့် အမှုအရာများပင်လျှင်…
မင်္ဂလာရှိသော လုပ်ရိုးလုပ်စဥ်
ရထားပေါ်သို့ ကြိတ်ကြိတ်တိုးတက်နေသည့် လူအုပ်ကြီးနှင့် မနက်ခင်းကို ကြည့်ပြီး စိတ်ဓာတ်ကျဖွယ်တနင်္လာနေ့ စတင်ပြီဟု ကျွန်တော်ခံစားလိုက်ရသည်။ ပြည့်ကြပ်နေသောရထားတွဲ၌ ငိုက်မြည်းလျက် အလိုမကျဖြစ်နေသော မျက်နှာများကို ကြည့်ခြင်းဖြင့် မည်သူမျှ အလုပ်သွားရန် မျှော်လင့်မနေကြောင်း ပြောနိုင်သည်။ လူအချို့က အထဲတိုးဝင်ရန်ကြိုးစားကြသောအခါ လူတို့မျက်မှောင်ကြုတ်ကုန်သည်။ ‘အလုပ်တွင် နောက်ထပ် နိစ္စဓူဝ နေ့တစ်နေ့ ရောက်လာပြန်ပါပြီ။’
ရှေ့တစ်နှစ်က ကိုဗစ်-၁၉ ကန့်သတ်မှုများကြောင့် ကျွန်ုပ်တို့၏နေ့စဉ် လုပ်ရိုးလုပ်စဉ်များ ဝရုန်းသုန်းကားဖြစ်ပြီး ရထားများစီးသူမရှိဖြစ်သွားသည်ကို ရုတ်တရက် ကျွန်ုပ်သတိရမိသည်။ အပြင်ထွက်၍ စားသောက်၍မရ၊ အချို့က ရုံးသွားရခြင်းကို ပြန်တမ်းတနေကြသည်။ သို့သော် ယခုတွင် ကျွန်တော်တို့ ပုံမှန် ပြန်ဖြစ်လုနီးပါးဖြစ်ပြီး လူအတော်များများက ခါတိုင်းကဲ့သို့ အလုပ်သွားကြပြီ။ “လုပ်ရိုးလုပ်စဉ်”သည် သတင်းကောင်းဖြစ်ပြီး “ငြီးငွေ့ဖွယ်ကောင်းခြင်း”သည် ကောင်းချီးတစ်ခုဖြစ်ကြောင်း ကျွန်တော်နားလည်ခဲ့သည်။
ရှောလမုန်မင်းသည် နေ့စဥ်ကြိုးစားအားထုတ်မှု၏ အဓိပ္ပာယ်ကင်းမဲ့ပုံကို သုံးသပ်ပြီးနောက် အလားတူကောက်ချက်ချခဲ့သည် (ဒေ ၂:၁၇-၂၃)။ တစ်ခါတစ်ရံတွင်…
အိပ်မက် မဟုတ်ပါ
မနိုးထနိုင်သော အိပ်မက်ထဲတွင် အသက်ရှင်နေရသကဲ့သို့ပင်ဖြစ်သည်။ “မိမိ လက်တွေ့ဘဝသည် တကယ်မဟုတ် ဟုခံစားရခြင်း” (သို့) “မိမိ၏စိတ်သည် မိမိကိုယ်နှင့်မဆိုင်ဟုထင်ခြင်း” စသည့် စိတ်အခြေအနေများနှင့် ရုန်းကန်နေရသူများမှာ ၎င်းတို့ပတ်ဝန်းကျင်တွင် ရှိသောအရာများသည် အစစ်အမှန်မဟုတ်ဟု ခံစားရလေ့ရှိသည်။ ဤခံစားချက်ကို နှစ်ရှည်ခံစားရသူများတွင် ရောဂါတစ်ခုအဖြစ် ပြောနိုင်သော်လည်း ၎င်းသည် သာမန်စိတ်ကျန်းမာရေးဆိုင်ရာ ရုန်းကန်မှု အထူးသဖြင့် စိတ်ဖိစီးသည့်အချိန်တွင် ဖြစ်တတ်သည်ဟု ယူဆကြသည်။ သို့သော် တစ်ခါတစ်ရံတွင် ဘဝအဆင်ပြေသည်ဟု ထင်ရချိန်များတွင်လည်း ထိုခံစားချက်က ဆက်ရှိနေတတ်ပြီး၊ ကောင်းသောအရာများ အမှန်တကယ်ဖြစ်နေသည်ကို စိတ်ထဲတွင် မယုံကြည်နိုင်သကဲ့သို့ဖြစ်နေခြင်း ဖြစ်သည်။
သမ္မာကျမ်းစာ၌ ကိုယ်တော်၏တန်ခိုးတော်နှင့် ကယ်နှုတ်ခြင်းကို အိပ်မက်မဟုတ်ဘဲ အမှန်တကယ် တွေ့ကြုံခံစားရရန် ဘုရားသခင်၏လူများလည်း အလား တူ ရုန်းကန်ရချိန်များကို ဖော်ပြထားသည်။ တမန်တော်ဝတ္ထု ၁၂ တွင်၊ ပေတရုကို ထောင်နှင့် ကွပ်မျက်ခံရနိုင်ခြေရှိသည့်အခြေအနေမှ ကောင်းကင်တမန် ကယ်လွတ်ချိန်တွင် (:၂၊ ၄)၊…