အမျိုးအစား  |  odb

အချည်းနှီး ပြေးခြင်း

သူနာပြုတစ်ဦးအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကပ်ဘေးကို ကြံ့ကြံ့ခံကျော်နိုင်ပါ့မလားဟု မျှော်လင့်ချက်မဲ့မှုကို ပြောပြရင်း “ဒါကို ဆက်လုပ်နိုင်မယ်လို့ မထင်ဘူး”ဟု ကျွန်မသူငယ်ချင်းက မျက်ရည်ကျလျက် ဆိုသည်။ “သူနာပြုအလုပ်အတွက် ဘုရားသခင် ကိုယ့်ကိုခေါ်တာ သိပါတယ်။ ဒါပေမဲ့ ဒါကိုကျော်လွှားနိုင်ဖို့က အခြေအနေက ကြီးမားလွန်းတယ်။ ငါ့ရဲ့ခံစားချက်တွေလည်း လုံးပါးပါးနေပြီ” ဟု သူအားနည်းစွာ ဝန်ခံသည်။ နွမ်းလျမှုတိမ်စိုင်က သူ့ထံချဥ်းလာသည်ကို မြင်နေရပြီး “ခုအချိန်မှာ နင်ကူညီရာမဲ့စွာ ခံစားနေရတာ သိပါတယ်။ ဒါပေမဲ့ နင်ရှာနေတဲ့ ဦးတည်ရာကို ပြဖို့နဲ့ သည်းခံနိုင်မဲ့ခွန်အားကို ဘုရားသခင်ဆီမှာ ဆုတောင်းပါ” ဟု ကျွန်မပြောရာ၊ ဆုတောင်းလျက် ဘုရားသခင်ကိုရှာရန် သူဆုံးဖြတ်ခဲ့သည်။ မကြာမီ သူငယ်ချင်းသည် ရည်ရွယ်ချက်အသစ်ဖြင့် ပြန်လည်ရွှင်လန်းကာ ခွန်အားသစ်တိုးလာခဲ့သည်။ သူနာပြုအလုပ်ကို ဆက်လုပ်ရန် သတ္တိရှိလာသည်သာမက နိုင်ငံတစ်ဝန်းရှိ ဆေးရုံများသို့ပါ လှည့်လည်သွားကာ လူများစွာကို တိုး၍အစေခံရန် ဘုရားရှင် သူ့အား ခွန်အားပေးခဲ့သည်။…

ကြောက်မက်ဖွယ် (၇) မိနစ် အချိန်

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ (၁၈) ရက်၌ အနီရောင်မားစ်ဂြိုဟ်ပေါ်သို့ မားစ်ဂြိုဟ်သို့သွားသည့် ‘Perseverance’ (ဇွဲလုံ့လ) အမည်ရှိသော အာကာသယာဥ်ဆင်းသက်သောအခါ ဆိုက်ရောက်ယာဥ်ကို စောင့်ကြည့်နေသူများသည် “ကြောက်မက်ဖွယ် (၇) မိနစ်အချိန်”ကို သည်းခံစောင့်ခဲ့ရသည်။ ထိုအာကာသယာဥ်၏ မိုင်သန်းပေါင်း ၂၉၂-မိုင် ခရီးစဥ်အဆုံးတွင် ယာဥ်ဆင်းသက်မည့် ရှုပ်ထွေးသော အစီအစဥ်ကို ၎င်းဘာသာလုပ်ဆောင်ရမည် ဖြစ်သည်။ မားစ်ဂြိုဟ်မှ ကမ္ဘာသို့ အချက်ပြပေးပို့မှုက မိနစ်အနည်းငယ်ကြာသဖြင့် ‘Perseverance’ အာကာသယာဥ်ဆင်းသက်ချိန်၌ NASA (နာဆာ)အဖွဲ့မှ အဆက်အသွယ်မရခဲ့ပါ။ ထိုခရီးစဥ်အတွက် အားစိုက်ထုတ်မှုနှင့် အရင်းအမြစ်များစွာ ပုံအောခဲ့သည့်အဖွဲ့အတွက် ထိုသို့အဆက်အသွယ်မရ ဖြစ်နေခြင်းက ထိတ်လန့်စိုးရိမ်စရာပင်ဖြစ်သည်။

တစ်ခါတစ်ရံ ကျွန်ုပ်တို့ဆုတောင်းပြီး ဘုရားသခင်ထံမှ အဖြေမရ၊ မည်သည့်အဆက်အသွယ်မှမရဟု ခံစားရချိန်တွင် ထိတ်လန့်စိုးရိမ်မှုကို ကျွန်ုပ်တို့တွေ့ကြုံခံစားရကောင်း ခံစားရမည်။ သမ္မာကျမ်းစာ၌ ဆုတောင်းခြင်းအဖြေ အမြန်ရသူများ (ဒံ ၉:၂၀-၂၃)၊ အကြာကြီးနေမှ ဆုတောင်းချက်အဖြေရသူများ (၁ ရာ…

ပန်းရောင်ကုတ်အင်္ကျီ

ဘရန်ဒါသည် စျေးဆိုင်တန်း၏ထွက်ပေါက်သို့ ဦးတည်သွားနေစဥ် သူ့အမြင်အာရုံ၌ မှန်ပြခန်းမှ စိတ်လှုပ်ရှားဖွယ် ပန်းရောင်လေးကို ဖြတ်ကနဲ တွေ့လိုက်ရသည်။ သူမ ရပ်လိုက်ပြီး အညှို့ခံရသည့်ပမာ ပန်းရောင်ချည်သား ကုတ်အင်္ကျီကို စွဲမက်စွာကြည့်ရင်း “အို ဟိုလီ အရမ်းကြိုက်မှာပဲ” ဟု တွေးမိသည်။ သူမ၏လုပ်ဖော်ဆောင်ဖက် သူငယ်ချင်းဟိုလီမှာ တစ်ကိုယ်တော်မိခင်ဖြစ်ပြီး ငွေကြေး မပြေလည်ရှာပါ။ ဟိုလီ၌ အနွေးထည်လိုအပ်နေကြောင်း ဘရန်ဒါသိပြီး၊ တစ်ချိန်တည်းမှာပင် သူ့သူငယ်ချင်းသည် သူ့လိုအပ်မှုအတွက်ပင် ငွေသုံးမည်မဟုတ်ကြောင်း တပ်အပ်သိနေပြန်သည်။ ခေတ္တမျှ ချီတုံချတုံဖြစ်ပြီးနောက် ဘရန်ဒါသည် ပြုံးလျက် သူ့ပိုက်ဆံအိတ်ကိုထုတ်ပြီး ကုတ်အင်္ကျီကိုဝယ်ပြီး ဟိုလီ၏အိမ်သို့ ပါဆယ်ဖြင့်ပို့ပေးရန် စီစဥ်ကာ သူ့နာမည်ကို မဖော်ပြဘဲ “မင်းက အရမ်းအချစ်ခံရတယ်ကွယ်” ဟူသည့် စာတိုလေးပါ ရေးပေးခဲ့သည်။ သူ့ကားဆီသို့ ပြန်လာသည့် ဘရန်ဒါ၏ခြေလှမ်းများက မြူးကြွလှသည်။

ဝမ်းမြောက်ခြင်းသည် ဘုရားသခင်က အသာတို့ထိနှိုးဆော်မှုဖြင့် ပေးကမ်းခြင်း၏ ဘေးထွက်အကျိုးကျေးဇူးဖြစ်သည်။ ပေးကမ်းခြင်းနှင့်စပ်လျဥ်း၍ ကောရိန္သုမြို့သားတို့အား…

သင်နှင့်ကျွန်ုပ်အတွက် ကရုဏာတော်

ကိုဗစ်-၁၉ ရောဂါကပ်ဘေး၏ အကျိုးဆက်တစ်ခုမှာ အပျော်စီးသင်္ဘောများ ကမ်းကပ်ထားရပြီး ခရီးသည်များ သီးသန့်နေထိုင်ကြရသည်။ ‘The Wall Street Journal’ (ဝေါ်စထရိဂျာနယ်)မှ နိုင်ငံခြားသားခရီးသွားများနှင့် တွေ့ဆုံမေးမြန်းခန်း ပါဝင်သည့် ဆောင်းပါးတစ်ပုဒ်ကို ‌ရေးသားဖော်ပြခဲ့သည်။ သီးသန့်နေထိုင်ရခြင်းက စကားပြောရန်အခွင့်အ‌ရေး ပိုရစေကြောင်း ခရီးသည်တစ်ဦးက မှတ်ချက်ပေးလျက် သူ့ဇနီးသည် အလွန်အမှတ်သညာကောင်းပြီး သူ၌ရှိသည့် အပြစ်တစ်ခုစီကို ပြန်ပြောပြနိုင်သည်၊ ပြောစရာများ ရှိဆဲကျန်နေဆဲဟု သူမ ခံစားရကြောင်း ဟာသလုပ်၍ ပြောခဲ့သည်။

ထိုသို့သောအကြောင်းအရာများကို ကျွန်ုပ်တို့ပြုံးမိမည်ဖြစ်ပြီး၊ ၎င်းတို့သည် ကျွန်ုပ်တို့၏လူသားဆန်မှုကို သတိပေးလျက်၊ တစ်ဘက်တွင် မိမိလက်လွတ်
ရမည့်အရာကို တင်းကြပ်စွာ ဆုပ်ကိုင်ထားတတ်ပါက ထိုသို့မပြုအောင် ကျွန်ုပ်တို့ကို သတိပေးဟန့်တားပေသည်။ သို့သော် မိမိကို နာကျင်စေသူများအပေါ် ကြင်နာစွာ သဘောထားနိုင်ရန် မည့်သည့်အရာက မစမည်နည်း။ ဆာလံကျမ်း ၁၀၃:၈-၁၂ တွင် ကျွန်ုပ်တို့၏ ကြီးမြတ်တော်မူသောဘုရားသခင်က သူ့ကိုယ်ကို မည်သို့သရုပ်ဖော်ပြထားသည်ကို…

ခွင့်လွှတ်သောမေတ္တာ

ကျွန်မခင်ပွန်း၏အဘိုး ပီတာနှင့်အဘွားရုသ်တို့ ဇနီးမောင်နှံသည် ၂၀၂၁ ခုနှစ် မေလ (၃၁) ရက်နေ့တွင် ပြောစမှတ်တွင်သည့် ၎င်းတို့၏အိမ်ထောင်သက် အနှစ် (၈၀) ဘဝမှတ်တိုင်အတွက် ချီးမွမ်းပွဲကျင်းပခဲ့ကြသည်။ ၁၉၄၁ ခုနှစ်တွင် သူတို့နှစ်ဦးတွေ့ဆုံခဲ့ပြီး၊ ရုသ်သည် အထက်တန်းကျောင်းသူမျှသာ ရှိသေးသော်လည်း သူတို့မှာ လက်ထပ်ရန် အလွန်စိတ်ထက်သန်လျက် ရုသ်အထက်တန်းကျောင်းအောင်သည့်နေ့အပြီးနောက်တစ်ရက်တွင် ခိုးပြေးကြတော့သည်။ ဤနှစ်ကာလများတစ်လျှောက် ဘုရားသခင် သူတို့ကို ပို့ဆောင်လမ်းပြခဲ့သည်ဟု ပီတာနှင့်ရုသ်တို့ ယုံကြည်သည်။

နှစ်ပေါင်း (၈၀) အိမ်ထောင်သက်ကို ပြန်ဆင်ခြင်ရင်း သူတို့၏ဆက်ဆံရေးကို ထိန်းသိမ်းတည်စေသည့်သော့ချက်မှာ ခွင့်လွှတ်ရန် ဆုံးဖြတ်ရွေးချယ်ခြင်းဖြစ် ကြောင်း ပီတာနှင့်ရုသ်တို့ လက်ခံကြသည်။ ကျွန်မတို့အားလုံးသည် မကြင်နာ သောစကားဖြစ်စေ၊ ကတိမတည်ခြင်းဖြစ်စေ၊ လုပ်ရန်မေ့လျော့သွားသည့်ကိစ္စဖြစ်စေ တစ်ဦးနှင့်တစ်ဦးအပေါ် နာကျင်စေမှုအတွက် ပုံမှန်ခွင့်လွှတ်ခြင်းကို လိုအပ်ကြောင်း ကောင်းမွန်သောဆက်ဆံရေးရှိသူ မည်သူမဆို နားလည်သည်။

သခင်ယေရှုကို ယုံကြည်သူများ စည်းလုံးသင့်တင့်စွာ အတူနေထိုင်ရေး ရေးသားထားသည့် အထောက်အကူပြုကျမ်းချက်တွင်…

“အပေါ်ယံဆွဲဆောင်မှုများ”အား ဆန့်ကျင်ခြင်း

၁၉၆၀ ပြည့်နှစ်များခေတ်က ‘The Andy Griffith Show’ ဟု ခေါ်သည့် ရုပ်သံဇာတ်လမ်းတွဲ၌ အန်ဒီအနေဖြင့် သူ့သား အိုပီအား သူရှင်သန်လိုသည့် ပုံစံအတိုင်း နေထိုင်ခွင့်ပြုသင့်ကြောင်း လူတစ်ဦးက အန်ဒီအား ပြောရာ အန်ဒီ သဘောမတူပေ။ “ငယ်ရွယ်တဲ့ကလေးကို သူ့ဘာသာဆုံးဖြတ်ခွင့် မပြုသင့်ဘူး။ တောက်ပတဲ့ဖဲကြိုးတွေပါတဲ့ အပေါ်ယံဆွဲဆောင်တဲ့အရာကို သူအရင်ဖမ်းဆုပ်မှာဖြစ်ပြီး၊ အဲဒီအထဲမှာ သူ့ကိုချိတ်ဆွဲမယ့်ချိတ်ရှိနေတယ်လို့ သိလိုက်တဲ့အချိန်မှာ အတော်နောက်ကျသွားပြီ။ အတွေးအခေါ်မှားတွေဟာ တလက်လက်တောက်ပတဲ့အရာတွေနဲ့ တွဲပါလာပြီး အခြားအရာက ရေရှည်မှာ ပိုကောင်းတယ်လို့ သူတို့နားဝင်အောင်ပြောဆိုဖို့တောင် ခက်ခဲပါတယ်။ မိဘတွေအနေနဲ့ မှန်ကန်တဲ့ အပြုအမူတွေကို စံပြပုံသက်သေပြဖို့နဲ့ ‘စုံစမ်းသွေးဆောင်မှုတွေကို ကူညီဖယ်ရှားပေးဖို့’ အရေးကြီးတယ်” ဟုသူဆိုသည်။

အန်ဒီ၏စကားများသည် သုတ္တံကျမ်း၌ပါသော ဉာဏ်ပညာနှင့် ဆက်စပ်နေ သည်။ “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသော အခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်” (သု…

အရှုံးမရှိ

ကျွန်မ၏သူငယ်ချင်း ရူအယ်လ်သည် သူ့အတန်းဖော်တစ်ဦး၏အိမ်၌ ပြုလုပ်သော အထက်တန်းကျောင်းသားဟောင်းများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံ၊ မနီလာ ပင်လယ်အော် အနီးရှိ ကမ်းနားပေါ်မှအိမ်ကြီးသည် လူဦးရေ (၂၀၀) မျှ လက်ခံနိုင်ပြီး ထိုအိမ်ကြီးကြောင့် ရူအယ်လ်အနေဖြင့် သိမ်ငယ်မှုခံစားခဲ့ရသည်။

“ဝေးလံတဲ့ဒေသတွေမှာရှိတဲ့ အသင်းတော်တွေမှာ သင်းအုပ်လုပ်ခဲ့ရတဲ့ ပျော်ရွှင်စရာအချိန်တွေ ကျွန်တော့်မှာ အများကြီးရှိခဲ့တယ်။ မဖြစ်သင့်မှန်းသိပေမယ့် ကျွန်တော့်အတန်းဖော်ရဲ့ ရုပ်ပစ္စည်းပိုင်ဆိုင်မှုအပေါ် အားကျတဲ့စိတ်ကို ထိန်းချုပ် မရနိုင်ခဲ့ဘူး။ တကယ်လို့သာ ကျွန်တော်ရထားတဲ့ဘွဲ့နဲ့ စီးပွားရေးသမားတစ်ဦးဖြစ်အောင် ကြိုးစားခဲ့မယ်ဆိုရင် ကျွန်တော့်ဘဝက ဘယ်လိုခြားနားမှုဖြစ်နေမလဲဆိုပြီး အတွေးလွင့်သွားမိပြန်တယ်”ဟု ရူအယ်လ်က ကျွန်မကိုပြောသည်။

“ဒါပေမယ့် ဘာကိုမှ လိုချင်တပ်မက်စရာမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးခဲ့တယ်။ ဘုရားသခင်ကို အစေခံခြင်းဖြင့် ကျွန်တော့်ရဲ့ဘဝကို ရင်းနှီးမြှုပ်နှံခဲ့ပြီး ရလဒ်တွေက ထာဝရကာလအထိ တည်နေမှာဖြစ်တယ်” ဟု ရူအယ်လ်ပြုံးလျက် ဆက်ပြောသည်။ ထိုစကားများကိုပြောစဥ် ဖြစ်ပေါ်လျက်ရှိသော သူ၏ ငြိမ်းချမ်းသည့်အသွင်သဏ္ဌာန်ကို…

ပျောက်ဆုံးရာမှပြန်တွေ့လျက် ဝမ်းမြောက်ခြင်း

ကျွန်ုပ်၏ဇနီးသည် ကာရီနှင့် ကမ်းခြေ၌ လမ်းလျှောက်နေစဥ် လှိုင်းစီးသည့်နေရာအောက်ဘက်၌ သတ္တုရှာဖွေရေးကိရိယာဖြင့် အလုပ်လုပ်နေသူ သက်ကြီးအမျိုးသားတစ်ဦးနှင့် စကားလက်ဆုံကျခဲ့သည်။ “ကျွန်တော့်ကို လက်စွပ်ဆရာလို့ လူတွေခေါ်ကြတယ်။ ဒီနှစ်ထဲ လက်စွပ် (၁၆၇) ကွင်း ရှာတွေ့ခဲ့တယ်။ တစ်ခါတလေ လက်စွပ်တွေမှာ နာမည်တွေပါတယ်။ သူတို့ရဲ့လက်စွပ်တွေကို ပြန်အပ်တဲ့အခါ ပိုင်ရှင်တွေရဲ့မျက်နှာကိုကြည့်ပြီး ပီတိဖြစ်မိတယ်။ ပျောက်ဆုံးပစ္စည်းရှာဖွေရေးကို ဆက်သွယ်လာသူရှိမလားဆိုပြီး ကျွန်တော် အွန်လိုင်းပေါ်မှာ တင်လေ့ရှိတယ်။ နှစ်များစွာ ပျောက်နေတဲ့လက်စွပ်တွေကိုလည်း ကျွန်တော်ရှာတွေ့ခဲ့တယ်” ဟု သူက ဆိုသည်။ ကျွန်ုပ်လည်း ဤအလုပ်ကို နှစ်သက်သော်လည်း မကြာခဏ မလုပ်ဖြစ်ဟု ပြောရာ “ခင်ဗျားဒါကိုမလုပ်သေးသရွေ့ ခင်ဗျားနားလည်မှာမဟုတ်ဘူး” ဟုလမ်းခွဲနှုတ်ဆက်စကားကို သူပြောခဲ့သည်။

ရှင်လုကာခရစ်ဝင် ၁၅ ၌ “ရှာဖွေကယ်ဆယ်ရေး” အခြားပုံစံ တစ်မျိုးကို တွေ့ရသည်။ သခင်ယေရှုသည် ဘုရားသခင်နှင့်ဝေးကွာနေသောသူတို့အား ဂရုစိုက်သည့် အတွက် ဝေဖန်ခံခဲ့ရသည် (:၁-၂)။ ဝေဖန်မှုကို တုံ့ပြန်သည်အနေဖြင့်…

လက်တော်ကို ဆန့်တန်းခြင်း

အွန်လိုင်း၌ စာရေးသားသူ Bonnie Gray (ဘိုနီဂရေး)သည် မကြာမီက “ကျွန်မဘဝရဲ့ အပျော်ရွှင်ရဆုံးအခိုက်အတန့်မှာ ကြောက်စိတ်ရဲ့တိုက်ခိုက်မှုနဲ့ စိတ်ဓာတ်ကျဆင်းမှုကို ဆိုင်းမဆင့် ဗုံမဆင့် စတင်ခံစားခဲ့ရတယ်”ဟု ရေးသားလျက် သူမ၏နှလုံးသားထဲသို့ ဝမ်းနည်းမှုလှိုင်းလုံး မည်ကဲ့သို့ဝင်ရောက်လာကြောင်းကို ပြန်ပြောင်းပြောပြ သည်။ သူမ၏ဝေဒနာသက်သာစေရန် နည်းလမ်းများစွာ ရှာဖွေခဲ့သော်လည်း ထိုပြဿနာကို သူမတစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းရန် မစွမ်းသာကြောင်းကို မကြာမီမှာပင် ဂရေးသဘောပေါက်ခဲ့သည်။ “ကျွန်မရဲ့ယုံကြည်ခြင်းကို သူများတွေ မေးခွန်း ထုတ်တာမျိုးကို ကျွန်မ မလိုချင်ခဲ့ဘူး။ ဒါကြောင့် ကျွန်မ တိတ်တဆိတ်နေပြီး ကျွန်မရဲ့စိတ်ကျဝေဒနာ ပျောက်ကွယ်သွားဖို့ ဆုတောင်းခဲ့တယ်။ ဘုရားသခင်က ကျွန်မတို့ကို အရှက်ခွဲဖို့၊ နာကျင်မှုကို ဖုံးကွယ်ထားအောင် မလုပ်ပါဘူး။ ကျွန်မတို့ကို ကုသပေးဖို့ အလိုတော်ရှိတယ်”ဟု ဘုရားသခင်မျက်မှောက်တော်၏ နှစ်သိမ့်သက်သာခြင်း၌ အနာငြိမ်းခြင်းကို ဂရေး တွေ့ရှိခဲ့သည်။ သူမအား လွှမ်းမိုးချုပ်ကိုင်ရန် ခြိမ်းခြောက်သည့် လှိုင်းလုံးများကြားတွင် ဘုရားသခင်သည် သူမ၏ကျောက်ဆူးဖြစ်ခဲ့သည်။…

ကော်ဖီရနံ့

လွန်ခဲ့သည်နှစ်များစွာက မနက်ခင်းတစ်ခုတွင် ကုလားထိုင်၌ ကျွန်ုပ်ထိုင်နေစဥ် အငယ်ဆုံးသမီးလေး လှေခါးမှဆင်းလာပြီး ကျွန်ုပ်ထံသို့ အသော့ပြေးလာကာပေါင်ပေါ်သို့ ခုန်တက်လိုက်သည်။ သမီးလေးအား ချစ်မြတ်နိုးစွာဖြင့် ဖျစ်ညှစ်လိုက်ပြီး သူ့နဖူးကို နမ်းလိုက်သည့်အခါ သူမ ပျော်ရွှင်မြူးတူးစွာ အော်လိုက်သည်။ သို့သော် မျက်မှောင်ကြုတ်၊ နှာခေါင်းရှုံ့ကာ ကျွန်ုပ်၏ကော်ဖီခွက်အား စွပ်စွဲသည့် အကြည့်ဖြင့် ကြည့်ပြီး “ဖေဖေ၊ သမီးဖေဖေ့ကို ချစ်တယ်။ နှစ်သက်တယ်။ ဒါပေမယ့် ဖေဖေ့ရဲ့အနံ့ကို သမီးမကြိုက်ဘူး”ဟု လေးလေးနက်နက် ဆိုသည်။

သူမကိုယ်တိုင်သိမည် မဟုတ်သော်လည်း သိမ်မွေ့ကြင်နာမှုနှင့် အမှန်တရားကို သမီးပြောခဲ့သည်။ ကျွန်ုပ်၏ခံစားချက်များကို မထိခိုက်စေလိုသော်လည်း ကျွန်ုပ်အား တစ်စုံတစ်ခု မဖြစ်မနေပြောရမည်ဟု သူမခံစားခဲ့ရသည်။ ကျွန်ုပ်တို့၏ ဆက်ဆံရေးများ၌ တစ်ခါတစ်ရံ ထိုသို့ လုပ်ဆောင်ရန် လိုအပ်သည်။

ရှင်ပေါလုက ဧဖက်သြဝါဒစာ ၄ တွင် အထူးသဖြင့် ခက်ခဲသည့်အမှန်တရားများကို ပြောကြားသည့်အခါ တစ်ဦးနှင့်တစ်ဦးအပေါ် ပြောဆိုပုံနှင့်စပ်လျဥ်း၍ ကျွန်ုပ်တို့ကို…