အမျိုးအစား  |  odb

သခင်ယေရှုအားဖြင့် ဆက်လက်ချီတက်ခြင်း

တောအုပ်ထဲ၌ပြေးနေစဉ် ဖြတ်လမ်းကိုတွေ့ပြီး အကျွမ်းမဝင်သည့်လမ်းမှ ကျွန်တော် ဆက်ပြေးခဲ့သည်။ ပြီးမှလမ်းပျောက်နေပြီလားဟု ကိုယ့်ကိုကိုယ် သံသယရှိသဖြင့် ‌ရှေ့မှလာနေသည့် အပြေးသမားအား လမ်းကြောင်းမှန်ရဲ့လားဟု မေးလိုက်သည်။

“မှန်တယ်”ဟု သူက ယုံကြည်ချက်ရှိရှိ ပြန်ဖြေခဲ့သည်။ သံသယဖြစ်နေသည့်ကျွန်တော့်အကြည့်ကို မြင်သည့်အခါ သူက လျင်မြန်စွာပင် “စိတ်မပူပါနဲ့။ ငါလမ်းမှားတွေ အကုန်ရောက်ဖူးတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ဒါက ပြေးခြင်းရဲ့ တစ်စိတ်တစ်ဒေသပဲ” ဟု ထပ်လောင်းပြောခဲ့သည်။

ကျွန်တော့်ဝိညာဉ်ရေးရာခရီးလမ်းနှင့် မည်မျှကိုက်ညီလိုက်သနည်း။ ကျွန်တော် အကြိမ်မည်မျှ ဘုရားနှင့်ဝေးရာသို့ပြေးပြီး၊ သွေးဆောင်မှုအောက် ကျရှုံးကာ လောက အရာများ၌သာ အာရုံစိုက်နေမိသနည်း။ သို့သော် ဘုရားရှင်က ကျွန်တော့်အား အချိန်တိုင်းခွင့်လွှတ်ပြီး၊ နောက်တစ်ကြိမ် ကျရှုံးမည်ကို သိသိချည်းနှင့် ကျော်လွှားနိုင်‌အောင်မစသည်။ မှားယွင်းသည့်လမ်းပေါ် လျှောက်လှမ်းချင်နေသည့် ကျွန်ုပ်တို့ ၏စိတ်ကို ကိုယ်တော်သိနေသည်။ သို့သော် မိမိအပြစ်ကို ဝန်ချတောင်းပန်ပြီး ကျွန်ုပ်တို့အား ပြုပြင်ပြောင်းလဲရန် သန့်ရှင်းသောဝိညာဉ်တော်ကို အခွင့်ပေးပါက…

သူငယ်ချင်း ငှားရမ်းမလို့လား

ကမ္ဘာပေါ်ရှိ လူများစွာအတွက် ဘဝကြီးက ပို၍ အထီးကျန်စရာကောင်းလာသည်။ ၁၉၉၀ ခုနှစ်မှစ၍ မိတ်ဆွေသူငယ်ချင်းမရှိသည့် အမေရိကန် လူဦးရေမှာ လေးဆအထိ တိုးလာခဲ့သည်။ ဥရောပနိုင်ငံအချို့တွင် အထီးကျန်နေသည်ဟု ခံစားနေရသူ (၂၀၀) ရာခိုင်နှုန်း အထိ တိုးလာပြီး၊ ဂျပန်နိုင်ငံတွင်လည်း သက်ကြီး ရွယ်အိုများသည် ထောင်ထဲတွင် အဖော်ရှာရန် ရာဇဝတ်မှုများကို ကျူးလွန်လာကြသည်။

စီးပွားရေးလုပ်ငန်းရှင်များက ထိုအထီးကျန်မှုကပ်ရောဂါအတွက် ‘rent-a-friend’ (သူငယ်ချင်းငှားရမ်းမှု) ဟူသည့် “အဖြေ”ကို ရှာတွေ့ခဲ့သည်။ ထိုလူများကို တစ်နာရီစာ ငှားရမ်း၍ရနိုင်ပြီး ကဖေးဆိုင်၌ တွေ့ဆုံစကားပြောခြင်း (သို့) ပါတီပွဲသို့အဖော်လိုက်ပေးခြင်းများ ပြုလုပ်ပေးသည်။ ထိုကဲ့သို့ “အငှားသူငယ်ချင်း” တစ်ယောက်အား သူမ၏ဖောက်သည် မည်သူဖြစ်သည်ကို မေးမြန်းရာ၊ “အထီးကျန်နေတဲ့ အသက် (၃၀) နှင့် (၄၀) ကြားအရွယ် အတတ်ပညာရှင်တွေပေါ့။ အချိန်အများကြီး အလုပ်တွေလုပ်နေကြလို့ မိတ်ဆွေသူငယ်ချင်းဖွဲ့ဖို့ အချိန်မရှိကြဘူးလေ” ဟု သူမ…

အနာဂတ်သစ္စာတရား

Sara (စာရာ)သည် (၁၄) နှစ်အရွယ်တွင် သူမ၏မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရသည်။ ထို့နောက် သူမတို့မောင်နှမများသည် ၎င်းတို့၏နေအိမ်ကို လက်လွှတ်ခဲ့ရပြီး အိမ်ယာမဲ့များဖြစ်ခဲ့ကြသည်။ နှစ်များစွာကြာပြီးနောက် စာရာသည် သူမ၏ အနာဂတ်ရင်သွေးများအား မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းနိုင်မည့်အမွေကို ပေးချင်ခဲ့သည်။ ပင်ပန်းခက်ခဲစွာ အလုပ်လုပ်ပြီး၊ နောက်ဆုံးတွင် သူမတစ်ခါမျှ မပိုင်ဆိုင်ခဲ့ဖူးသည့်အိမ်ကို သူမ၏မိသားစုအတွက် ဝယ်ပေးနိုင်ခဲ့တော့သည်။

အနာဂတ်မျိုးဆက်များအတွက် အိမ်တစ်အိမ်၌ ရင်းနှီးမြှုပ်နှံထားခြင်းသည် မမြင်ရသေးသည့်အနာဂတ်ကို ယုံကြည်မှုရှိသည့်လုပ်ရပ်ဖြစ်သည်။ ယေရုရှလင်မြို့ကို ဗာဗုလုန်တို့ အကြမ်းဖက်သိမ်းပိုက်ခြင်းမပြုမီ ဘုရားသခင်က ပရောဖက်ယေရမိအား မြေတစ်ကွက်ဝယ်ရန် မိန့်မှာခဲ့သည် (ယေ ၂၃:၆-၁၂)။ ပရောဖက်အတွက် ဘုရားသခင်၏ညွှန်ကြားချက်များသည် ယုတ္တိမရှိခဲ့ပေ။ မကြာမီတွင် သူတို့၏မြေနှင့်ပိုင်ဆိုင်မှုများ သိမ်းပိုက်ခံရတော့မည်ဖြစ်သည်။

သို့သော်လည်း “ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤလူမျိုးအပေါ်မှာ ကြီးစွာသော ဤဘေးဥပါဒ်အပေါင်းကို ရောက်စေသည်နည်းတူ၊ ငါကတိထားသော ကောင်းကျိုးအပေါင်းကိုလည်း ငါရောက်စေမည်” (:၄၂)ဟု ဘုရားသခင်က ယေရမိအား ကတိပေးခဲ့သည်။ ပရောဖက်ကြီး၏ မြေကွက်၌…

ချီးမွမ်းရန် သတိရခြင်း

ကျွန်တော်တို့၏ ပထမဆုံးသော အသင်းတော်အဆောက်အဦကို ဆောက်ခဲ့စဉ်က အတွင်းပိုင်းဆောက်လုပ်မှုမပြီးမီ ကျည်းဘောင်နှင့် ကွန်ကရစ် ကြမ်းပြင်များတွင် အသင်းသားများက ကျေးဇူးတင်စာများ ရေးခဲ့ကြသည်။ ကျည်းဘောင်များပေါ်မှ ပလာစတာခွာလိုက်လျှင် ထိုစာများကို တွေ့နိုင်သည်။ သမ္မာကျမ်းစာမှ ကျမ်းပိုဒ်တစ်ပိုဒ်ပြီးတစ်ပိုဒ်ကို ရေးသားထားပြီး အနီးတွင် “ကိုယ်တော်အလွန်ကောင်းမြတ်သည်” စသည့် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းချက်များကို ရေးသားထားသည်။ စိန်ခေါ်မှုများမည်သို့ပင်ရှိခဲ့လည်း ဘုရားရှင်သည် ကြင်နာပြီး ကျွန်တော်တို့ကို ဂရုပြု‌ကြောင်း ၎င်းတို့ကို အနာဂတ်မျိုးဆက်သစ်များအတွက် သက်သေအဖြစ် ကျွန်တော်တို့ ချန်ထားခဲ့သည်။

ကျွန်တော်တို့အတွက် ဘုရားသခင်ပြုသောအမှုတို့ကို သတိရရန်နှင့် ၎င်းတို့ကိုအခြားသူများအား ပြောပြရန် လိုအပ်သည်။ ထိုအချက်ကို ဟေရှာယက “ကရုဏာ နှင့် မဟာမေတ္တာတော်အတိုင်း ထာဝရဘုရားသည် ငါတို့အား သနားတော်မူသော အရာအလုံးစုံကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသော မဟာကျေးဇူးတော်ကိုလည်းကောင်း ထောက်၍၊ ထာဝရဘုရား၏မဟာမေတ္တာတော်နှင့်၊ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ငါချီးမွမ်းမည်” (ဟေရှာ ၆၃:၇)ဟု ဥပမာပြရေးသားခဲ့သည်။ ပရောဖက်သည်…

သာ၍ကြီးမြတ်သောမေတ္တာ

သန့်ရှင်းသောရက်သတ္တပတ်မတိုင်မီတွင် ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်များသည် သခင် ယေရှု၏ကိုယ်ကျိုးစွန့်ပေးဆပ်မှုကို အောက်မေ့ကာ ကိုယ်တော်၏ထမြောက်ရှင်ပြန်ခြင်းအတွက် အောင်ပွဲခံနေစဉ် ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းရှိ စူပါမားကတ် တစ်ခုတွင် အကြမ်းဖက်သမားတစ်ဦးသည် သေနတ်ဖြင့်ဝင်ရောက်ရမ်းကားခဲ့၍ လူနှစ်ဦးသေဆုံးခဲ့သည်။ စေ့စပ်ညှိနှိုင်းပြီးနောက် အကြမ်းဖက်သမားသည် ဓားစာခံများကို ပြန်လွှတ်ပေးခဲ့သော်လည်း တစ်ဦးကိုမူ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။ ရဲအရာရှိ Arnaud Beltrame (အာနိုးဘဲထရာမင်) သည် မစဥ်းစားနိုင်ဖွယ်ရာအမှုကို ပြုခဲ့သည်။ အန္တရာယ်ကို သူသိသော်လည်း ဓားစာခံအမျိုးသမီးနှင့် နေရာချင်းလဲခဲ့သည်။ အကြမ်းဖက်သမားသည် သူမကိုလွှတ်ပေးခဲ့သော်လည်း ဆက်လက် လုံးထွေးသတ်ပုတ်ကြရာ ဘဲထရာမင် ဒဏ်ရာပြင်းစွာရခဲ့ပြီး ထို့နောက် ကွယ်လွန်သွားခဲ့သည်။

ထိုရဲအရာရှိကိုသိသည့် အမှုတော်ဆောင်ဆရာတစ်ပါးက ရှင်ယောဟန်ခရစ်ဝင် ၁၅:၁၃ တွင် ပါသော သခင်ယေရှု၏စကားကို ထောက်ပြလျက် ရဲအရာရှိ၏ သူရသတ္တိကို သူ၏ရှင်ယေရှုကိုယုံကြည်ခြင်းကြောင့်ဟု မှတ်ယူခဲ့သည်။ “ကိုယ်အဆွေတို့အဘို့အလိုငှာ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှ မရှိ။” ထိုစကားတော်သည်…

ပြန်လည်သင့်မြတ်လာသော ဆက်ဆံရေးများ

ကျွန်မနှင့် ကျွန်မညီမတို့ ငယ်စဉ်က မကြာခဏရန်ဖြစ်ခဲ့ကြပြီး၊ မှတ်မှတ်ရရ တစ်ကြိမ်ကို ကျွန်မမှတ်မိနေသည်။ အချင်းချင်းနာကျင်စေမည့်စကားများနှင့် ကျွန်မတို့ အပြန်အလှန်အော်ဟစ်ခဲ့ကြပြီး ထိုအချိန်က ကျွန်မခွင့်မလွှတ်နိုင်ဟုထင်ခဲ့သည့် စကားတစ်ခွန်းကို သူမပြောခဲ့သည်။ ကျွန်မတို့ကြားမှရန်လိုမှုကို မြင်တွေ့နေသော အဘွားက ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ချစ်ရမည့်တာဝန်ရှိကြောင်း၊ “ဘုရားသခင်က သမီးတို့ကို ညီအစ်မတစ်ယောက်စီပဲ ပေးထားတာ၊ တစ်ယောက်ကို တစ်ယောက် နည်းနည်းကရုဏာပြကြပါလား” ဟု ပြောကာ သတိပေးခဲ့သည်။ ကျွန်မတို့အား ချစ်ခြင်းနှင့်နားလည်မှုတို့ဖြင့် ဖြည့်ဆည်းပေးရန် ဘုရားသခင်အား တောင်းလျှောက်သောအခါ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် မည်သို့နာကျင်စေခဲ့သည်ကို သိမှတ်ဝန်ခံစေပြီး တစ်ယောက်ကို တစ်ယောက် ခွင့်လွှတ်နိုင်အောင် ဘုရားသခင် မစခဲ့သည်။

နာကျည်းမှုနှင့်ဒေါသကို ဖက်တွယ်ထားရန် လွယ်ပါသည်။ သို့သော် မကျေမချမ်း ခံစားနေရမှုမှ လွတ်မြောက်ရန် ဘုရားရှင်အား တောင်းလျှောက်ပါမှ ရနိုင်မည့် ငြိမ်သက်မှုမျိုးကို ကျွန်မတို့ ခံစားရရှိရန် ဘုရားသခင်အလိုရှိသည် (ဧ…

တစ်ဘဝလုံး မက်စောက်လျက်

ကဗျာဆရာမနှင့် ဘာသာရေးဆိုင်ရာစာပေများရေးသားသူ စာရေးဆရာမ Christina Rossetti (ခရစ်စတီးနာ ရီဇက်ထီ)၏ဘဝသည် ခက်ခဲခဲ့သည်။ သူ့ဘဝတစ်လျှောက်လုံး သူမသည် စိတ်ဓာတ်ကျခြင်းနှင့် အမျိုးမျိုးသော နာမကျန်းမှုများကို ခံစားခဲ့ရပြီး စေ့စပ်ကြောင်းလမ်းမှုများ ပျက်ခဲ့ရသည်။ နောက်ဆုံးတွင် သူမသည် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည်။

ဣသရေလလူမျိုးတို့သည် ဒါဝိဒ်အား အနိုင်ရသောစစ်သည်တော်အဖြစ် စတင်သိရှိခဲ့သည်။ သို့သော် သူ့ဘဝတစ်လျှောက်လုံးတွင် သူသည် ခက်ခဲပင်ပန်းမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သူ့နန်းစံသက်နှောင်းပိုင်းတွင် သူ့သားအရင်း၊ သူစိတ်ချရသောအကြံပေးအရာရှိနှင့် ပြည်သူအများစုက သူ့ကို ပုန်ကန်ခဲ့သည် (၂ ရာ ၁၅:၁-၁၂)။ ထို့ကြောင့် ဒါဝိဒ်မင်းကြီးသည် ပရောဖက်များဖြစ်သော အဗျာသာနှင့် ဇာဒုတ်ကိုခေါ်၍ ပဋိညာဉ်သေတ္တာတော်ကိုယူကာ ယေရုရှလင်မြို့မှ ထွက်ပြေးခဲ့ပါသည် (:၁၄၊ ၂၄-၂၅)။

အဗျာသာသည် ယဇ်ပူဇော်ပြီးသောအခါ ဒါဝိဒ်မင်းကြီးသည် ယဇ်ပရောဟိတ်များကို ခေါ်၍ “ဘုရားသခင်၏သေတ္တာတော်ကို မြို့ထဲသို့ပြန်ပို့လော့။ ထာဝရ ဘုရားသည် ငါ့ကိုစိတ်တော်နှင့်တွေ့လျှင် ငါ့ကိုပြန်ပို့၍ သေတ္တာတော်ကိုလည်းကောင်း၊…

ချီးမွမ်းခြင်းမျက်ရည်

လွန်ခဲ့သောနှစ်များက ကျွန်မအမေ နာတာရှည်ဆေးရုံတက်နေရစဉ် အမေအား ကျွန်မကြည့်ရှုပြုစုခဲ့ရသည်။ အမေ့ကို (၄) လတာမျှ ပြုစုရခွင့်အတွက် ဘုရားသခင်အား ကျေးဇူးတင်ခဲ့ပြီး ဝမ်းနည်းပူဆွေးရသည့်ဖြစ်စဥ်တစ်လျှောက် မစမှုတောင်းခံခဲ့သည်။ ရှုပ်ထွေးနေသောခံစားချက်များနှင့် လုံးပမ်းနေရချိန်တွင် ကိုယ်တော်အား ချီးမွမ်းရန် ကျွန်မရုန်းကန်ခဲ့ရသည်။ သို့သော် အမေ၏နောက်ဆုံးထွက်သက်တွင် ထိန်းမရအောင် ကျွန်မငို‌ကြွေးရင်း “ဟာလေလုယာ” ဟု ကျွန်မတီးတိုးရေရွတ်ခဲ့သည်။ ယူကျုံးမရဖြစ်နေချိန်တွင် ဘုရားရှင်အား ချီးမွမ်းမိခြင်းအတွက် ဆာလံကျမ်း ၃၀ ကို စေ့စေ့မဆင်ခြင်မီအထိ နှစ်အတန်ကြာမျှ အပြစ်ရှိသကဲ့သို့ ခံစားခဲ့ရသည်။

“အိမ်တော်ကို သန့်ရှင်းစေသောအခါ ဆိုသောဆာလံ”တွင် ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်၏သစ္စာတော်နှင့် ကရုဏာတော်အတွက် ကိုယ်တော်အား ချီးမွမ်းကိုးကွယ်လျက် (ဆာ ၃၀:၁-၃)၊ “သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြ”ရန် အခြားသူများကို တိုက်တွန်းသည် (:၄)။ ထို့နောက် ခက်ခဲပင်ပန်းခြင်းနှင့် မျှော်လင့်ခြင်း တို့အား ဘုရားသခင် မည်သို့ နှီးနွှယ်ရစ်နှောင်ထားသည်ကို ဆက်လက်ဖော်ပြသည် (:၅)။ ဝမ်းနည်းပူဆွေးချိန်နှင့်…

ကျွန်ုပ်တို့အား စကားပြောနေသော ဘုရားသခင်

ကျွန်တော်မသိသော နံပါတ်တစ်ခုဖြင့် ဖုန်းဝင်လာသည်။ ခါတိုင်းဆိုလျှင် အသံ မက်ဆေ့ချ်ချန်ခဲ့ရန် စောင့်သော်လည်း ဤတစ်ကြိမ်တွင် ကျွန်တော်ကိုင်လိုက်သည်။ ဖုန်းခေါ်သူက ကျမ်းပိုဒ်တိုလေးကို သူဝေငှရန် အချိန်အနည်းငယ်ပေးနိုင်ပါမည် အကြောင်း ယဉ်ကျေးစွာမေးသည်။ သူသည် ဗျာဒိတ်ကျမ်း ၂၁:၃-၅ မှ “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူ”မည့်အကြောင်းကို ကိုးကားပြီး သခင်ယေရှုသည် ကျွန်တော်တို့၏ အာမခံချက်နှင့်မျှော်လင့်ချက်ဖြစ်ကြောင်း ပြောသည်။ ကျွန်တော်သည် သခင်ယေရှုကိုမိမိ၏ကယ်တင်ရှင်အဖြစ် သိရှိပြီးဖြစ်ကြောင်း ပြန်ပြောလိုက်သည်။ သို့သော် သူက ကျွန်တော့်အား “သက်သေခံ”ရန် ရည်ရွယ်နေခြင်း မဟုတ်ဘဲ၊ သူနှင့်အတူ ဆုတောင်းရန် တောင်းဆိုသည်။ သို့နှင့် ကျွန်တော့်ကို ဘုရားသခင် အားပေးမစပြီး ခွန်အားပေးရန် သူဆုတောင်းပေးခဲ့သည်။

ထိုဖုန်းခေါ်မှုအားဖြင့် ကျမ်းစာထဲမှ အခြား “ခေါ်ဆိုမှု” တစ်ခုကို ကျွန်တော်သတိရမိသည်။ ညသန်းခေါင်တွင် ဘုရားသခင်သည် သူငယ်ရှမွေလအား ခေါ်ပါသည် (၁ ရာ ၃:၄-၁၀)။…

အခွင့်အရေးကို အရယူပါ

အသက် (၂၀) အရွယ် Shin Yi (ရှင်းယီ)သည် တက္ကသိုလ်တက်ရန် စောင့်ဆိုင်းနေစဉ် လူငယ်သာသနာပြု အဖွဲ့အစည်းတစ်ခုတွင် (၃) လကြာ ပါဝင်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် မျက်နှာချင်းဆိုင်တွေ့ဆုံ၍ မရချိန်တွင် ဤသို့ပါဝင်ခြင်းသည် အနည်းငယ် ထူးဆန်းနိုင်သည်။ သို့သော် ရှင်းယီ နည်းလမ်းတစ်ခုတွေ့ခဲ့သည်။ “ကျွန်မတို့ ကျောင်းသားတွေနဲ့ အရင်တုန်းက တွေ့သလိုမျိုး လမ်းတွေမှာ၊ ရှော့ပင်းမောလ်တွေမှာ၊ အမြန်ရစားသောက်ဆိုင်တွေမှာ တွေ့လို့မရတော့ပေမဲ့ ကျွန်မတို့ Zoom ကနေ တစ်ဆင့် ခရစ်ယာန်ကျောင်းသားတွေနဲ့ ဆက်သွယ်ပြီး အချင်းချင်းအတွက် ဆုတောင်းပေးကြသလို မယုံကြည်သူတွေကိုလည်း ဖုန်းဆက်ပြီး ဆက်သွယ်ခဲ့ကြတယ်” ဟု သူမက ဆိုသည်။

တမန်တော်ရှင်ပေါလုက တိမောသေအား “သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့” (၂ တိ ၄:၅) ဟု တိုက်တွန်းသည့်အမှုကို ရှင်းယီ လုပ်ဆောင်နေခြင်းဖြစ်သည်။ လူတို့သည် သူတို့…