ဘုရားသခင်၌ စိုက်ပျိုးသည်
ကဗျာဆရာမ Sara Teasdale (စာရာတီးစ်ဒေးလ်)က “May” (မေလ)ဟူသည့် နွေရာသီချိန် ကဗျာအစကို “ခရမ်းဖျော့ဖျော့ ချုံပင်လေးကို လေပွေဆော့ကစားလှုပ်ခတ်သွားသည်” ဟူ၍ဖွဲ့နွဲ့ကာ ချုံပင်လေးများကို လေပြင်းတိုက်ခတ်သွားသည့် သရုပ်ကို ရေးဖွဲ့ခဲ့သည်။ သို့သော် တီးစ်ဒေးလ်သည် ဆုံးရှုံးသွားသော အချစ်အတွက် မြည်တမ်းကြေကွဲနေခြင်းဖြစ်ပြီး သူ့ကဗျာက လွမ်းချင်းတစ်ပုဒ်ဖြစ်သွားသည်။
ကျွန်မတို့အိမ် အနောက်ဘက်ရှိ ချုံပန်းလေးများလည်း ထိုစိန်ခေါ်မှုနှင့် ရင်ဆိုင်ရပါသည်။ အစွမ်းကုန်ပွင့်လန်းပြီး အလှဆုံးအချိန် ကျော်လွန်ပြီးနောက်၊ ချုံရှင်းအလုပ်ကြမ်းသမား၏ ပုဆိန်စာမိသွားပြီး ချုံမှန်သမျှ သစ်ငုတ်အတိုအစများ ဖြစ်သွားသည်။ ကျွန်မငိုမိသည်။ မှိုနှင့်ဖားဥများစွဲနေသည့် အကိုင်းခြောက်များဖြစ်ခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ယုံကြည်ခြင်းမဲ့လျက် ၎င်းတို့ကို တူးထုတ်ပစ်ရန် ကျွန်မကြံစည်ခဲ့သည်။ ထိုအခါ ကြာမြင့်စွာဒုက္ခခံခဲ့ရသည့် ချုံပင်လေး ပြန်ပေါက်လာသည်။ ၎င်းတို့အတွက် အချိန်လိုအပ်ရုံသာ ဖြစ်ပါသည်။ ကျွန်မအတွက်မူ မိမိ မမြင်နိုင် မသိနိုင်သည့်အရာကို စောင့်ဆိုင်းနေရုံသာလိုပါသည်။
သမ္မာကျမ်းစာ၌ လောကဓံဆင်းရဲဒုက္ခများကို မမှုဘဲ ယုံကြည်ခြင်းဖြင့်…
သခင်ယေရှု၌ အသစ်သော DNA မျိုးရိုးဗီဇ
ခရစ်သည် သူ့အသက်ဆက်ခွင့်ရခဲ့သည့် ရိုးတွင်းခြင်ဆီအစားထိုးကုသမှု ခံယူပြီး ၄နှစ် အကြာတွင် တစ်ဖန် သွေးပြန်စစ်ရသည်။ (အလှူရှင်တစ်ဦး ပေးလှူသည့်)ရိုးတွင်းခြင်ဆီအစားထိုးမှုကြောင့် အံ့ဩစရာကိစ္စတစ်ခုဖြစ်ခဲ့သည်။ ခရစ်၏သွေးအတွင်းမှ DNA သည် သူ၏ DNA မဟုတ်တော့ပဲ အလှူရှင်၏ DNA ဖြစ်နေသည်။ တကယ်လည်း ထိုသို့ဖြစ်သင့်ပါသည်။ ထိုကုထုံး၏သဘောတရားမှာ အားနည်းသောသွေးကို အလှူရှင်၏ ကျန်းမာကောင်းမွန်သောသွေးဖြင့် အစားထိုးခြင်း ဖြစ်သည်။ ခရစ်၏ ပါး၊ နှုတ်ခမ်း၊ လျှာတို့မှ သလိပ်နမူနာယူစစ်ဆေးရာ၌လည်း အဖြေက အလှူရှင်၏ DNA ကိုသာ ပြနေခဲ့သည်။ တစ်နည်းဆိုရလျှင် ခရစ်သည် သူ၏ကိုယ်ပိုင်မှတ်ဥာဏ်၊ အပြင်ပန်းသဏ္ဌာန်နှင့် သူ၏မူလ DNA အချို့တို့ ရှိနေသေးသော်လည်း သူသည် အခြားသူတစ်ဦးဖြစ်သွားပါသည်။
ခရစ်၏အတွေ့အကြုံက သခင်ယေရှုအားဖြင့် ကယ်တင်ခြင်းကို လက်ခံရရှိခဲ့သူ၏အသက်တာတွင် ဖြစ်ပျက်သည့်အရာနှင့် ထူးခြားစွာ တူညီနေပါသည်။ ရှင်ယေရှုကို ယုံကြည်သောအခါ ကျွန်ုပ်တို့၏ဝိညာဥ်ရေးရာ ပြောင်းလဲမှုအမှတ်တွင် ကျွန်ုပ်တို့သည်…
အခြားသူများထံ၌ ရင်းနှီးမြှုပ်နှံခြင်း
စီးပွားရေးလုပ်ငန်းကြီးတစ်ခုက ၎င်း၏ထုတ်ကုန်များအနက် ပစ္စည်း (၁၀)ခု ဝယ်ယူတိုင်း မိုင် (၁၀၀၀)စာ လေကြောင်းခရီးသွားခွင့်ရမည်ဟု ကမ်းလှမ်းသောအခါ ၎င်း၏ဈေးအပေါဆုံးထုတ်ကုန်မှာ ချောကလက်ပူတင်းခွက်လေးများဖြစ်ကြောင်း လူတစ်ဦးက တွေးမိသွားသည်။ သူသည် ပူတင်းခွက်ပေါင်း (၁၂၀၀၀)ကျော်ကိုဝယ်ယူခဲ့သည်။ ဒေါ်လာ (၃၀၀၀)ဖြင့် သူသည် ရွှေဖောက်သည်အဆင့်နှင့်တကွ သူနှင့်သူမိသားစုအတွက် တစ်သက်စာလုံလောက်သည့် လေကြောင်းခရီးမိုင်များ ရရှိခဲ့သည်။ သူသည် ပူတင်းများကိုလှူခဲ့ပြီး ထိုသို့လှူခဲ့ခြင်းကြောင့် အခွန်ဆောင် ရမည့်အထဲမှ ဒေါ်လာ (၈၀၀)ကင်းလွတ်ခွင့်ရခဲ့ပြန်သည်။ ဉာဏ်ကြီးရှင်ပင်။
ယေရှုသည်အငြင်းပွားဖွယ်ရာ ပုံဥပမာကိုပြောပြပါသည်။ ဉာဏ်နီဉာဏ်နက်များသော ဘဏ္ဍာစိုးသည် အလုပ်ဖြုတ်ခံရသောအခါ သူ့သခင်ထံ၌ အကြွေးတင်နေသူတို့၏အကြွေးစာရင်းကို လျှော့ချပေးခဲ့သည်။ သူတို့အား ယခုပေးသောအကူအညီကြောင့် နောင်တွင် သူတို့ကို အမှီပြုနိုင်မည်ဟု သူသိသည်။ ဘဏ္ဍာစိုး၏ ကျင့်ဝတ်မညီသော အလုပ်လုပ်ပုံကို သခင်ယေရှုချီးမွမ်းခြင်း မဟုတ်ပါ။ ထိုသူ၏ စဥ်းစားဉာဏ်ကို ကျွန်ုပ်တို့သင်ခန်းစာယူစရာရှိကြောင်း သခင်သိသည်။ ပါးနပ်လိမ္မာစွာ “လောကီစည်းစိမ်ချမ်းသာအားဖြင့် မိတ်ဆွေများရအောင်ပြု”ပြီး၊ “ထိုစည်းစိမ်ချမ်းသာကုန်ဆုံးသောအခါ သင်တို့အား…
မာန်မာနနှင့် လှည့်စားခြင်း
“မေတ္တာတော်ရှင်အဘဘုရား၊ နူးညံ့စွာ ဆုံးမပေးသည့်အတွက် သခင်အား ကျေးဇူး တင်ပါ၏။ အရာအားလုံးကို ကျွန်မတစ်ယောက်တည်း လုပ်နိုင်သည်ဟုထင်လျက် ကျွန်မမာနထောင်လွှားခဲ့မိပါသည်။” ကျွန်မသည် ခေါင်းငိုက်စိုက်လျက် ထိုစကားများကို ခက်ခက်ခဲခဲ ညည်းမိပါသည်။ အောင်မြင်သောအလုပ်စီမံကိန်းများကြားတွင် ကျွန်မ လပေါင်းများစွာ ပျော်မွေ့နေခဲ့သည်။ ချီးကျူးဂုဏ်ပြုမှုများက ကျွန်မအား ကိုယ်ပိုင်အရည်အချင်းကို အားကိုး၍ ဘုရားသခင်၏ဦးဆောင်မှုကို ငြင်းပယ်ရန် လှုံ့ဆော်ခဲ့ပါသည်။ ခက်ခဲသောစီမံကိန်းတစ်ခုကြောင့် ကျွန်မသည် ကိုယ်ထင်သလောက် ထက်မြက်သူမဟုတ်မှန်း သိခဲ့ရသည်။ ဘုရားသခင်၏ အကူအညီကို ကျွန်မ မလိုအပ်ဟု ယုံကြည်လာစေရန် ကျွန်မ၏ထောင်လွှားသောစိတ်နှလုံးက ကျွန်မအား လှည့်ဖြားခဲ့ပါသည်။
အားကြီးသော ဧဒုံပြည်သည် ၄င်း၏မာနကြောင့် ဘုရားသခင်၏အပြစ်ပေးခြင်းကို ခံခဲ့ရသည်။ ဧဒုံပြည်သည် တောင်ထူထပ်သည့်နေရာတွင် တည်ရှိခြင်းကြောင့် ရန်သူများလက်မှ လုံခြုံသည့်ပုံထင်ရသည် (ဩ ၁:၃)။ ချမ်းသာကြွယ်ဝသောပြည်လည်းဖြစ်သည်။ ကုန်သွယ်ရေးလမ်းကြောင်းများ၏ ဗဟိုအချက်အချာ၌ တည်ရှိပြီး ရှေးခေတ်အခါက အဖိုးတန် ကြေးနီများစွာထွက်သည်။ ထိုပြည်၌ ကောင်းသောအရာများစွာ…
ထာဝရဘုရား၏ကြင်နာမှု
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် ကောလိပ်ကျောင်းသားဘဝက စိတ်ကျရောဂါ ပြင်းထန်စွာခံစားရပြီး “အကူအညီမဲ့၍ မျှော်လင့်ချက်မဲ့”သကဲ့သို့ မကြာခဏ ခံစားခဲ့ရကြောင်းကို ကျွန်တော်ကြားဖူးသည်။ ဝမ်းနည်းစရာမှာ ဤခံစားချက်များအကြောင်းကို ဆရာဝန်နှင့် သူမတိုင်ပင်ခဲ့ဘဲ အစွန်းရောက်သောအစီအစဥ်များ ပြုလုပ်ခဲ့သည်။ သေကြောင်းကြံစည်ခြင်းနှင့် ပတ်သက်သည့် စာအုပ်တစ်အုပ်ကို နယ်ခံစာကြည့်တိုက်မှမှာယူ၍ သူ့ကိုယ်သူသတ်သေရန် ရက်သတ်မှတ်ခဲ့သည်။
ဘုရားသခင်သည် အကူအညီမဲ့သူများနှင့် မျှော်လင့်ချက်မဲ့သူများကို ဂရုစိုက်ပါသည်။ သမ္မာကျမ်းစာမှပုဂ္ဂိုလ်များအား ခက်ခဲကြမ်းတမ်းသောအချိန်များတွင် ကိုယ်တော်၏ကူညီစောင်မမှုကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ယောန သေချင်သောအခါ ဘုရားသခင်သည် သူ့အား ကြင်နာစွာ ထိတွေ့ပြောဆိုခဲ့ပါသည် (ယောန ၄:၃-၁၀)။ ဧလိယသည် ထာဝရဘုရားအား သူ့အသက်ကို ရုပ်သိမ်းစေလိုခဲ့ချိန်တွင် (၃ ရာ ၁၉:၄) ဘုရားသခင်သည် သူ့အတွက် မုန့်နှင့်ရေကိုပြင်ဆင်ပေးခဲ့ပြီး (:၅-၉) ဖြည်းညင်းသောအသံဖြင့် မိန့်တော်မူခဲ့၍ (:၁၁-၁၃) သူထင်သကဲ့သို့ သူတစ်ယောက်တည်းမဟုတ်ကြောင်းကို မြင်စေခဲ့ပါသည် (:၁၈)။ ထာဝရဘုရားသည် စိတ်ပျက်အားငယ်သူများကို ချဥ်းကပ်၍ ကြင်နာစွာဖြင့်…
ဘုရားသခင်၏ရွှေ့ကွက်များ
အက္ခရာစာလုံးဆက် Scrabble ကစားနည်းကို ကျွန်မနှစ်သက်သည်။ ကစားပွဲ တစ်ခုအပြီးတွင် ကျွန်မအားအစွဲပြု၍ သူငယ်ချင်းများက ရွှေ့ကွက်တစ်ခုကို “Katara-ကတာရာ” ရွှေ့ကွက်ဟုခေါ်တော့သည်။ ထိုကစားပွဲတစ်လျှောက်လုံးတွင် ကျွန်မသည် နောက်ဆုံးမှလိုက်ခဲ့ရပြီး ရှူံးနေသည်။ သို့သော် မည်သည့်အက္ခရာပြားမျှမရှိတော့၍ ကစားပွဲအဆုံးသတ်ချိန်၊ ကျွန်မသည် အက္ခရာ (၇)လုံးပါ ဝေါဟာရတစ်ခုကို ဆက်လိုက်သည်။ ထိုအခါ ထပ်ဆောင်းအမှတ် (၅၀)နှင့်အတူ ကစားဖက်များ အပြီးမသတ်နိုင်သေးသည့် စာလုံးများအတွက် အမှတ်များကိုပါရလိုက်ပြီး ကျွန်မအမှတ်အများဆုံး ဖြစ်သွားသည်။ နောက်ပိုင်း ကျွန်မတို့စာလုံးဆက်ကစားကြတိုင်း တစ်ယောက်ယောက်က နောက်ဆုံးရောက်နေသောအခါ သူတို့က ကျွန်မနိုင်ခဲ့သည့်အဖြစ်ကို အမှတ်ရကာ “ကတာရာ” ရွှေ့ကွက်ရရန် မျှော်လင့်နေကြတော့သည်။
အတိတ်တွင်ဖြစ်ပျက်ခဲ့သည်များကို အမှတ်ရခြင်းသည် ကျွန်မတို့အားစိတ်ဓာတ်တက်ကြွစေပြီး မျှော်လင့်ချက်ရှိစေပါသည်။ ထို့ကြောင့် ဣသရေလလူမျိုးတို့ ပဿခါပွဲကျင်းပချိန်တွင် အတိတ်ကို ပြန်သတိရကြသည်။ အဲဂုတ္တုပြည်၌ ဣသရေလလူမျိုးတို့အား ဖာရောဘုရင်နှင့် သူ၏လူတို့က နှိပ်စက်ကြ၍ (ထွ ၁:၆-၁၄) သူတို့ ဘုရားသခင်ထံ…
ယုံကြည်ခြင်းနှင့်ဆိုင်သော အိမ်တွင်းစကားဝိုင်းများ
“အိမ်ကဲ့သို့နေရာမရှိ။ အိမ်ကဲ့သို့နေရာမရှိ။” ‘The Wizard of Oz’ (အောက်ဇ် မှ မှော်ဆရာ) ရုပ်ရှင်မှ သရုပ်ဆောင် Dorothy (ဒေါ်ရသီ)ပြောခဲ့သော ထိုမမေ့နိုင်ဖွယ်ရာစကားများသည် ‘Star Wars’ (ကြယ်တာရာစစ်ပွဲများ)နှင့် ‘The Lion King’ (ခြင်္သေ့ဘုရင်)ကဲ့သို့ ကာလကြာရှည်စွာ ကျွန်ုပ်တို့နှစ်သက်ကြသည့် ဇာတ်လမ်းအများစုတွင် တွေ့ရသည့် ဇာတ်အိမ်ဖွဲ့ပုံကို ဖော်ပြနေသည်။ ၄င်းကို “သူရဲကောင်းခရီးစဥ်”ဟု လူသိများကြသည်။ အချုပ်ပြောရလျှင် သမားရိုးကျအသက်ရှင်နေသော သာမန်လူတစ်ဦးသည် ထူးခြားသောစွန့်စားခန်းတစ်ခုကို ရင်ဆိုင်ရန် အကြောင်းဖန်လာသည်။ ထိုဇာတ်ကောင်သည် ကိုယ့်ရပ်ကိုယ့်မြေကို စွန့်ခွာကာ စမ်းသပ်မှုများ၊ စုံစမ်းစစ်ကြောမှုများနှင့်တကွ နည်းပေးလမ်းပြမည့်သူများနှင့် လူဆိုးများရှိသော အခြားကမ္ဘာတစ်ခုသို့သွားရသည်။ သူမ (သို့) သူက စမ်းသပ်မှုများကို ကျော်ဖြတ်နိုင်ပြီးသူရဲကောင်းဖြစ်ကြောင်း သက်သေပြနိုင်လျှင် နောက်ဆုံးအဆင့်မှာ တိုးပွားလာသောဉာဏ်ပညာနှင့်အတူ ဝေမျှပြောပြစရာဇာတ်လမ်းများနှင့် အိမ်အပြန်ခရီးနှင်ရန် ဖြစ်သည်။ နောက်ဆုံးအပိုင်းမှာ အလွန်အရေးကြီးပါသည်။
ညစ်ညူးသောနတ်ဆိုးစွဲသူ၏အဖြစ်အပျက်သည် “သူရဲကောင်းခရီးစဥ်” ဇာတ်ကြောင်းနှင့်တူလှသည်။…
အချိန်လုံလောက်တယ်
ကျွန်ုပ်မိတ်ဆွေ၏စာအုပ်စင်မှ Leo Tolstoy (လီယိုတောစတွိုင်း)၏ ‘War and Peace’ (စစ်နှင့်ငြိမ်းချမ်းရေး) စာအုပ်ထူကြီးကို တွေ့သောအခါ “ငါတော့ ဒီစာအုပ်ကို ဘယ်တုံးကမှ အဆုံးထိမဖတ်နိုင်သေးဘူး”ဟု ဝန်ခံခဲ့သည်။ မာတီက သဲ့သဲ့ရယ်ရင်း “စာသင်တဲ့အလုပ်ကနေ ပင်စင်ယူတော့ ‘အခုနောက်ဆုံးတော့ မင်းဒီစာအုပ်ကို ဖတ်ဖို့အချိန်ရှိပြီ’ လို့ပြောတဲ့ မိတ်ဆွေတစ်ဦးက လက်ဆောင်ပေးတာလေ”ဟု ဆိုသည်။
ဒေသနာကျမ်း ၃ ၏ ပထမအခန်းငယ် ၈ ပိုဒ်သည် ကျွန်ုပ်တို့သိပြီးသားဖြစ်သော၊ လောကသဘာဝနှင့်စည်းချက်ညီစွာ ဖြစ်ပျက်နေသော၊ စည်းဘောင်မဲ့ ထင်ရာပြုသည့် ရွေးချယ်မှုများအပါအဝင် ဘဝ၏လှုပ်ရှားမှုများကို ဖော်ပြထားသည်။ မည်သည့်ဘဝအခြေအနေမျိုးထဲတွင် ကျွန်ုပ်တို့ရှိနေပါစေ၊ မိမိလုပ်လိုသည့် အရာခပ်သိမ်းကိုပြုရန် မကြာခဏဆိုသလို အချိန်ရှာရခက်လှပေသည်။ ထို့ပြင် အချိန်စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ အမြော်အမြင်ရှိသော ဆုံးဖြတ်ချက်ချရန်အတွက် ကြိုတင်စီမံထားခြင်းသည် အထောက်အကူဖြစ်သည် (ဆာ ၉၀:၁၂)။
ဝိညာဥ်ရေးရာကျန်းမာရန်အတွက် ဦးစားပေးရမည့်အရာမှာ နေ့ရက်တိုင်းတွင် ဘုရားသခင်နှင့် အချိန်ယူရန်ဖြစ်သည်။ ထိရောက်သီးပွင့်ေသော…
အကြောင်းကျိုးပြဆင်ခြေကို ငြင်းဆန်ခြင်း
အမေရိကန်နိုင်ငံ၊ အက်တလန်တာမြို့မှ ရဲအရာရှိသည် ယဥ်မောင်းအမျိုးသမီးအား “ဘာ့ကြောင့် ကားကို တားတာလဲသိလား”ဟု မေးရာ၊ “မသိဘူးလေ”ဟု သူမစိတ်ရှုပ်စွာ ဖြေလိုက်သည်။ “အစ်မ ကားမောင်းနေတုန်း ဖုန်းမှာ စာရိုက်နေတယ်လေ”ဟု ရဲက ညင်သာစွာ ပြောလိုက်သည်။ သက်သေအဖြစ် ဆဲလ်ဖုန်းကို ကောက်ကိုင်လိုက်ပြီး သူမက “မဟုတ်ဘူး။ ဒါက အီးမေးလ်ပါ”ဟု ပြန်ပြောသည်။
အီးမေးလ်ပို့ရန် ဆဲလ်ဖုန်းကို အသုံးပြုခြင်းသည် ကားမောင်းနေစဥ် စာရိုက်ခြင်းကို တားမြစ်သောဥပဒေမှ ကင်းလွတ်ခွင့်ပေးမည့် ကယ်ပေါက် မဟုတ်ပါ။ ဥပဒေ၏ အဓိကအကြောင်းအရာမှာ စာရိုက်ခြင်းကို ဟန့်တားခြင်းမဟုတ်ဘဲ၊ ယာဥ်မောင်းစဥ် အာရုံလွဲသွားခြင်းကို ကာကွယ်ရန်ဖြစ်သည်။
သခင်ယေရှုသည် သူ့ခေတ်အခါက အလွန်ဆိုးရွားသော “ကယ်ပေါက်များ”ကို ဖန်တီးသည့် ဘာသာရေးခေါင်းဆောင်များကို ပြစ်တင်ပြောဆိုခဲ့သည်။ “မိဘကိုရိုသေစွာပြုလော့” ဟူသည့် ပညတ်ကိုကိုးကားလျက် “သင်တို့သည် ... ဘုရားသခင်၏ ပညတ်တော်ကို လျှောက်ပတ်စွာ ပယ်ကြသည်တကား။” သခင်မိန့်ကြားခဲ့သည် (မာ…
စေတနာသဒ္ဓါစိတ်နှင့် ဝမ်းမြောက်မှု
သုတေသီများက စေတနာသဒ္ဓါစိတ်နှင့် ဝမ်းမြောက်ခြင်းကြားတွင် ဆက်စပ်မှုရှိကြောင်း ပြောကြသည်။ အခြားသူတို့အား မိမိတို့၏ငွေကြေးနှင့် အချိန်ကိုပေးလှူသူတို့သည် မပေးသူတို့ထက် ပို၍ဝမ်းမြောက်ကြသည်။ စိတ်ပညာရှင်တစ်ဦးက “ပေးကမ်းခြင်းကို ကိုယ်ကျင့်တရားနှင့်ဆိုင်သည့် တာဝန်ဝတ္တရားအဖြစ် မတွေးဘဲ၊ ပျော်ရွှင်မှုအရင်းအမြစ်အဖြစ် တွေးကြပါစို့” ဟူ၍ ကောက်ချက်ချသည်။
ပေးလှူခြင်းသည် ကျွန်ုပ်တို့ကို ပျော်ရွှင်စေနိုင်စဥ်တွင် ပျော်ရွှင်ခြင်းသည် ကျွန်ုပ်တို့ပေးလှူရခြင်း၏ပန်းတိုင် ဖြစ်သင့်ပါသလားဟု ကျွန်ုပ်မေးခွန်းထုတ်မိသည်။ အကယ်၍ ကျွန်ုပ်တို့သည် လူများကို ရက်ရက်ရောရောပေးလှူပြီး မိမိ၏ခံစားချက် ကောင်းမွန်စေရန် ပြုခြင်းဖြစ်ပါက ကျွန်ုပ်တို့၏ထောက်ပံ့မှုကို လိုအပ်သည့် ပို၍ ခက်ခဲသော သို့မဟုတ် သာမန်မျှသော လိုအပ်ချက်များအတွက် မည်သို့ပြုမည်နည်း။
သမ္မာကျမ်းစာမှ သဒ္ဓါစိတ်နှင့်ဝမ်းမြောက်ခြင်းတို့ကို ဆက်စပ်ထားသော်လည်း အကြောင်းပြချက်က ကွဲပြားခြားနားသည်။ ဒါဝိဒ်မင်းသည် ဗိမ္မာန်တော်တည်ဆောက်ရန် သူ၏စည်းစိမ်များထဲမှ လှူဒါန်းပြီးနောက် ဣသရေလလူတို့အားလည်း လှူဒါန်းရန် ဖိတ်ခေါ်ခဲ့သည် (၅ ရာ ၂၉:၁-၅)။ လူတို့သည် ရက်ရောစွာဖြင့် ရွှေ၊ ငွေ၊…