အမျိုးအစား  |  odb

ဆုတောင်းပါ

အလွတ်တန်းစီမံကိန်းရေးဆွဲလုပ်ဆောင်ရသည့်အလုပ်သည် အဆင်ပြေပြေနှင့် မပြီးမြောက်ခဲ့ပါ။ အလုပ်အပ်သူများက မဖြစ်နိုင်ဟု ထင်ရသောအရာကို တောင်းဆိုခဲ့ကြ၍ ကျွန်တော်စိတ်ဖိစီးပြီး စိတ်ဓာတ်ကျခဲ့သည်။ ကျွန်တော်၏ ပထမဆုံးတုံ့ပြန်မှုမှာ ထိုအလုပ်ကို ဆက်မလုပ်ရန်ဖြစ်ပြီး၊ ၎င်းသည် ကျွန်တော်လုပ်ခဲ့သောအလုပ်အတွက် အခကြေးငွေ မရရှိခြင်း၊ သူတို့နှင့်အတူ ရှေ့ဆက်စီမံကိန်းများလုပ်ရန် ဖြစ်နိုင်ခြေကိုလည်း ဖယ်ရှားပစ်ခြင်း အဓိပ္ပာယ်ဖြစ်သည်။ ထိုအခါ “မင်း ဘုရားသခင်ထံ ဆုတောင်းပြီးပြီလား”ဟူသည့် အတွေးဝင်လာသည်။

ကိုယ့်နဖူးကိုယ်ရိုက်လိုက်ပြီး ဘုရားသခင်ကို အကူအညီမတောင်းဘဲ လျစ်လျူရှုခဲ့ကြောင်း ကျွန်တော်သိလိုက်သည်။ ထို့ကြောင့် ကျွန်တော်ဆုတောင်းခဲ့သည်။ ချက်ခြင်းပင် နေသာထိုင်သာရှိပြီး ခံစားချက် ပိုကောင်းလာသည်။ ဘာမှ မပြောင်းလဲ၊ အလုပ်၌ စိန်ခေါ်မှုများ ရှိနေဆဲပါ။ သို့သော် ငြိမ်သက်ခြင်း လွှမ်းမိုးသွားသည်ဟု ခံစားခဲ့ရသည်။ ကိုယ်တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ပြီး ရလဒ်ကို ဘုရားသခင်ထံအပ်နှံလျက် ယခုတွင် ဘုရားသခင်၌ နားခိုနိုင်ပြီဟု ကျွန်တော်သိခဲ့ပြီ။
ဒါဝိဒ်လည်း သူ၏ကြောက်ရွံ့ခြင်းနှင့်ပူပန်ခြင်းများကို ဘုရားထံအပ်နှံလိုက်သောအခါ ထိုကဲ့သို့ပင်…

သခင်ယေရှုနှင့်အတူ အသက်ရှင်ခြင်း

သမားတော်ခရစ်ရှန်နိဇင်းမရ (Christian Ntizimira) သည် ဆေးဝါးပစ္စည်းမလုံလောက်သော သူ၏ဇာတိ ရဝမ်ဒါနိုင်ငံတွင် ဘဝ၏နောက်ဆုံးအချိန် ရောက်နေသူများအား စောင့်ရှောက်မှုပေးရန် ဘုရားသခင်၏စေစားခေါ်သံကို သတိပြုမိခဲ့သည်။ သူ၏လုပ်ဖော်ကိုင်ဖက်များက “ဤလူနာများသည် မျှော်လင့်ချက်မရှိတော့”ဟု ယူဆကြသောကြောင့် ထိုသို့စောင့်ရှောက်မှု၏တန်ဖိုးကို မမြင်ကြပါ။ သို့သော် လူနာများနှင့် ၎င်းတို့၏ မိသားစုများအတွက် သူ၏“တည်ရှိမှုက အားလုံးဆုံးရှုံးသွားသည်ဟုထင်ရချိန်တွင် မျှော်လင့်ချက်ကို ပြန်လည် ရှင်သန်စေကြောင်း” နိဇင်းမရတွေ့ရှိခဲ့သည်။ သူ၏အလုပ်တွင် “ခရစ်တော်၏အသေခံခြင်းသည် အသက်၏အရင်းအမြစ်ဖြစ်ခြင်း”ကြောင့် ယေရှု၏သေခြင်းနှင့်အသက်တာသည် သေခြင်းတရားအပေါ် ကျွန်ုပ်တို့၏ရှုမြင်ပုံကို ပြောင်းလဲစေနိုင်သည်ဟူသော ယုံကြည်ချက်၌ သူခိုင်မာစွာအခြေပြုရပ်တည်ခဲ့သည်။

တိမောသေသြဝါဒစာဒုတိယစောင်တွင် ယေရှုသည် “သေခြင်းကိုပယ်ရှား ၍ ... အသက်ရှင်ခြင်းနှင့် မဖောက်ပြန်ခြင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ” (၁:၁၀)။ ထိုအဖြစ်မှန်သည် သူကြုံတွေ့ခံစားနေရမှုများအပေါ် သူ၏နားလည်မှုကို ပြောင်းလဲပေးခဲ့ကြောင်း တမန်တော်ရှင်ပေါလု သက်သေခံခဲ့သည်။ သူသည် ကွပ်မျက်ခံရနိုင်သော အကျဉ်းသားတစ်ဦးဖြစ်ခဲ့သော်လည်း (၂:၉)၊ ခရစ်တော်အားဖြင့် ဖြစ်သောကယ်တင်ခြင်းကို အခြားသူများအား ညွှန်…

ခရစ်တော်၌ အခြေခံသော ဆက်သွယ်ချိတ်ဆက်မှု

၈ မိနစ်သည် လူတစ်ယောက်၏ဘဝကို ပြောင်းလဲစေနိုင်ပါသလား။ အဓိပ္ပာယ်ရှိသောဆက်ဆံရေးများ နည်းပါးလာသော ယနေ့ခေတ်တွင် စာရေးဆရာမဂျန်စီးဒန်း (Jancee Dunn)က ၈ မိနစ်တာ ဖုန်းခေါ်ဆိုမှုတစ်ခု၏အစွမ်းကို ဖော်ပြထားသည်။ ထိုတိုတောင်းသော ဖုန်းခေါ်ဆိုမှုသည် မိသားစု၊ သူငယ်ချင်းများနှင့်ချိတ်ဆက်ရန် ကူညီပေးနိုင်ကြောင်း သူမ ယုံကြည်သည်။ တစ်ပတ်တာအတွင်း အကြိမ်အနည်းငယ် ဖုန်းခေါ်ဆိုခြင်းသည် စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ခြင်းနှင့် စိုးရိမ်ပူပန်မှုများကို လျှော့ချပေးကြောင်း လေ့လာမှုများက ဖော်ပြထားသည်။ ထို့ပြင် အသေးအဖွဲဆက်ဆံရေး ချိန်ညှိမှုများသည် ကျွန်ုပ်တို့နှင့်အခြားသူများ၏ သုခချမ်းသာနှင့် ကျန်းမာရေးကို ထူးထူးခြားခြား အကျိုးသက်ရောက်မှုရှိစေနိုင်ကြောင်း အတည်ပြုသည့် အခြားကျွမ်းကျင်သူများ၏သုတေသနကို ဒန်းက ကိုးကားဖော်ပြသည်။

ထိုလေ့လာချက်သည် “ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေတတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ်၏”ဟူသည့် သုတ္တံ ၁၂:၂၅ ၏ ဖော်ပြချက်နှင့်ထပ်တူကျသည်။ ဤကျမ်းပိုဒ်တွင် စိုးရိမ်ပူပန်မှုသည် လူတစ်ဦး၏ ကျန်းမာရေးကို ခြိမ်းခြောက်မှုအပေါ် သူ၏စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုဖြစ်သည်ဟု ရည်ညွှန်းသည်။ စိုးရိမ်ပူပန်ခြင်းသည် အနာဂတ်အတွက် ကြောက်ရွံ့ခြင်းနှင့်…

အဖိုးအခကို တွက်ချက်ခြင်း

မြို့သူမြို့သားများက မည်သည့်နေရာကိုမှ ခရီးမပေါက်သောလမ်း (The Road to Nowhere) ဟုခေါ်သော်လည်း တရားဝင်နာမည်မှာ ရှုခင်းသာလမ်း (Lakeview Drive) ဖြစ်သည်။ ၎င်းသည် မြောက်ကာရိုလိုင်းနား၊ ဘရိုင်စန်စီးတီးအနီးရှိ ဂရိတ် စမော့ကီတောင် (Great Smoky Mountains) အမျိုးသားဥယျာဉ်ရှိ ဖွန်တာနာရေကန် (Fontana Lake) ကို အပေါ်စီးမှ မြင်ရသော ရှုခင်းသာဖြစ်ပြီး၊ ခြောက်မိုင်ရှည်လျားသည်။ ကျောက်တောင်စောင်းမှ ပေ ၁၂၀၀ အထိ ဥမင်လိုဏ်ခေါင်းလမ်းကို ဖောက်ခဲ့ပြီးနောက် လုပ်ငန်းရပ်တန့်သွားသည်။ ထိုလုပ်ငန်းအတွက် အစိုးရက ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲခဲ့ပြီး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သည့် စိုးရိမ်စရာများကို တွေ့ရှိခဲ့၍ ထိုစီမံကိန်းရပ်ဆိုင်းသွားခဲ့သည်။

လက်သမားအဖြစ်အသက်မွေးခဲ့သူ ယေရှုသည် တစ်ချိန်က သူ့နောက်လိုက် ခြင်း၏ အဖိုးအခကို တွက်ချက်ခြင်းနှင့်စပ်လျဥ်း၍ ဆောက်လုပ်ရေးဥပမာတစ်ခုကို ပြောပြခဲ့သည်။ “သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကိုတည်မည်ဟု အကြံရှိလျှင်၊ ထိုတိုက်ပြီးအောင်…

နှုတ်ကပတ်ကျမ်းစာ သီဆိုချီးမွမ်းခြင်း

သူမ၏နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက် ကျမ်းပိုဒ်များကို ဂျူလီ စတင်ချီးမွမ်းသီဆိုခဲ့သည်။ “ကျမ်းစာစရွတ်ဆိုလိုက်တာနဲ့ ကျွန်မဆိုနေတဲ့အကြောင်းအရာတိုင်း ကို လုပ်ဆောင်ဖို့နဲ့ ယုံကြည်ဖို့ ကျွန်မရဲ့နှလုံးသားနဲ့ စိတ်မှာ စဖြစ်ပေါ်လာတယ်”ဟု သူမက ဆိုပါသည်။ ဘုရား၏စကားတော်ကို အသံထွက်ချီးမွမ်းသီဆိုခြင်းအားဖြင့် သူမ၏အသံနှင့်အရပ်အမောင်းစသည်တို့အပေါ် သူ့ကိုယ်သူ မနှစ်မြို့ဖြစ်နေခြင်းနှင့် စပ်လျဥ်း၍ ကိုယ်တော်၏သမ္မာတရားက ရှင်းလင်းဖော်ပြရန် သူမလိုလားခဲ့သည်။

သူမသည် “မည်းသောအဆင်းရှိသော်လည်း တင့်တယ်သေး၏”ဟူသည့် ရှောလမုန်သီချင်း ၁:၅ ကို စတင်သီဆိုခဲ့ကြောင်း ဝေမျှခဲ့သည်။ (ထိုအာဂရေရီးယန်း ယဉ်ကျေးမှုတွင် နေလောင်၍ အသားညိုသောအမျိုးသမီးကို လှသည်ဟု မသတ်မှတ် ကြပါ)။ ဤကျမ်းပိုဒ်ကို ရွတ်ဆိုရင်း ဘုရားသခင်သည် သူမ၏အတွေးများကို ပြောင်းလဲပေးခဲ့သည်။ “ကျွန်မသည် မပြည့်စုံသော်လည်း ကိုယ်တော် ကျွန်မကိုချစ်သည်”ဟူ၍ ရုတ်ချည်း သူမသဘောပေါက်သွားသည်။

ဓမ္မဟောင်းကျမ်း၏ ဉာဏ်ပညာဆိုင်ရာစာပေတွင် ပါရှိသောလှပသည့် လင်္ကာတစ်ပုဒ်ကို ဂျူလီရွတ်ဆိုခဲ့သည်။ ရှောလမုန်သီချင်းသည် သူ၏လူမျိုးများအပေါ်ထားသည့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းသည်ဟု အချို့က အဓိပ္ပာယ်ဖွင့်ကြသော်လည်း လူများစွာက…

ဘုရားသခင် ထိန်းချုပ်ထားသည်

“ကျွန်တော်ငယ်ငယ်က အဖေ့ပေါင်ပေါ်ထိုင်ပြီး စတီယာရင်ကိုကိုင်ပြီး ကားမောင်းခဲ့တယ်။ တကယ်တော့ ကျွန်တော်မောင်းတာမဟုတ်ဘူးလေ။ အဖေပဲ ကားမောင်းနေတာပါ။ အခုအချိန်မှာ ကောင်းကင်ဘုံရှင် အဘဘုရားကလည်း အဲဒီလိုလုပ်နေတယ်လို့ ကျွန်တော်မြင်တယ်”ဟု ဘဲန်က ပြောသည်။ သူ၏ ချစ်ဇနီးမှာ မကြာမီကမှ ကွယ်လွန်သွားပြီး၊ ဝမ်းနည်းပူဆွေးမှုများက သူ့ကိုလွှမ်းမိုးနေသည်။ သို့သော် ဘုရားသခင်သည် အရာရာကို ထိန်းချုပ်နေဆဲဖြစ်ပြီး သူ့ဘဝအတွက် အကြံစည်ကောင်းရှိနေသည်ဟု သူအခိုင်အမာ သိမှတ်ထားသည်။

ဝမ်းနည်းမှုကြားမှ ဘဲန်၏ယုံကြည်ခြင်းက ဓမ္မဟောင်းကျမ်း၏ရှေ့ပြေးလက္ခဏာဖြစ်သည်။ ပရောဖက်ယေရမိသည် သူ့လူမျိုးအတွက် ငိုကြွေးခဲ့သည်။ ဣသရေလလူမျိုးတို့ကို ရန်သူများအောင်နိုင်ပြီး ကျွန်ပြုဖမ်းဆီးခေါ်ဆောင် သွားရန် ဘုရားရှင်အခွင့်ပေးခဲ့သည်။ သူ၏ဆိုးဆိုးဝါးဝါး ဝမ်းနည်းကြေကွဲရမှုကို “ဆင်းရဲငြိုငြင်ခြင်း”၊ ခါးသည်းမှုကိုပုံဆောင်သည့်“ဒေါနနှင့်သည်းခြေအရည်”(ယေမြည် ၃:၁၉)ဟူ၍ ဖော်ပြခဲ့သည်။ သို့သော် ဘုရားသခင်၏ ကြီးမားသောမေတ္တာ “ကရုဏာတော်နှင့် သစ္စာတော်”သည် သူ့အား ဆက်လက်၍ မျှော်လင့်ချက်နှင့် ပြည့်စေသည်။

ရွေးချယ်ခွင့် ရှိမည်ဆိုလျှင်၊ ဖြစ်နိုင်လျှင် နာကျင်မှုနှင့်ဆင်းရဲဒုက္ခကို ကျွန်ုပ်တို့ရှောင်ရှားမည်ပင်။…

ဆင်းရဲဒုက္ခခံစားရခြင်းအတွက် ကြင်နာမှု

အမေရိကန်သမိုင်းတလျှောက် သေကြေပျက်စီးမှု အများဆုံးသောတောမီးလောင်မှုသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ဟာဝိုင်အီကျွန်းရှိ လဟေးနာမြို့ (Lahaina)၌ ဖြစ်ပွားခဲ့ပြီး၊ လူ ၉၉ ဦး သေဆုံးကာ၊ အဆောက်အုံ ၂၀၀၀နှင့်အထက် ပျက်စီးခဲ့ရသည်။ ထိုမြို့၌ နေထိုင်သူတို့မှာ အပျက်အစီးများကြောင့် ယခုတိုင်ခံစားရသည့် အပြင် အိမ်ကိုဖောက်ထွင်းလုယက်မှုနှင့် လောဘသမားပွဲစားများက ထိုမြေကို ဝါးမျိုရန်ကြံစည်ခြင်းတို့က မြို့ခံလူထုတို့အပေါ် စိတ်ဒဏ်ရာများထပ်မံဖိစီးခဲ့သည်။

ထိုသို့ ဝမ်းနည်းဖွယ်အခြေအနေများအပေါ် အခွင့်ကောင်းယူလိုသည့် ဖောက်ပြားသောစိတ်သဘောကြောင့် ဧဒုံမြို့သို့ ဘုရားသခင်၏ပြင်းထန်သော သတိပေးစကား ရောက်ရှိလာသည်။ ဣသရေလလူမျိုးများ၏ မျိုးရိုးစဉ်ဆက်ရန်သူဖြစ်သော ဧဒုံအမျိုးသားတို့သည် သူတို့မြို့၏ပထဝီအနေအထား သာလွန်မှုကို အခွင့်ကောင်းယူကာ (ဩဗဒိ၁:၃)၊ လုယက်မှုဖြင့် ကြွယ်ဝလာခြင်း (:၆)၊ အခြားနိုင်ငံများနှင့်မဟာမိတ်ဖွဲ့ခြင်း (:၇)၊ အကြံဉာဏ် (:၈) နှင့် စစ်ရေးအကူအညီတို့ကိုရယူပြီး(:၈-၉) အားနည်းသူများအပေါ် ခေါင်းပုံဖြတ်ခြင်းတို့ကြောင့် ဘုရားသခင်၏ တရားစီရင်မှုသည် မကြာမီရောက်လာတော့မည်ဟု ပရောဖက်ဩဗဒိ သတိပေးခဲ့သည် (ယေဇ…

မိမိလိုချင်သည့်အရာများကို ရှာဖွေခြင်းထက်ကျော်လွန်၍...

ကျွန်တော့်လူငယ်ဘဝက ဆောင်းဝင်ချိန်တိုင်း၌ ကျွန်တော့်အဖွားသည် ဂျေစီပင်နီ(JCPenny) စတိုးဆိုင်မှ ခရစ်စမတ်ကတ်တလော့စာအုပ်များ အမြဲရရှိခဲ့သည်။ အတိုင်းအဆမဲ့ ဝမ်းသာမှုဖြင့် မည်သူမျှမသိအောင် ထိုစာအုပ်ကိုယူလာပြီး အံ့ဩမှင်သက်ဖွယ် ကြော်ငြာဓာတ်ပုံများကို ကြည့်ရှုစပ်စုခဲ့သည်။

ယနေ့ခေတ်တွင်မူ စမတ်ဖုန်းများတွင် ထိုကြော်ငြာများကို နေ့စဉ်မြင်ရပြီး၊ ၎င်းမှ မိမိ၏စိတ်ဝင်စားမှု၊ မိမိအကြိုက်နှင့် အံဝင်ဂွင်ကျဖြစ်အောင် လုပ်ဆောင်ပေးသည့်စနစ်(algorithmic distillation) ဖြစ်သည်။ ထိုကြော်ငြာများ၌ ကျွန်တော်တို့ လမ်းပျောက်သွားနိုင်သည်။ မကြာမီက ထိုနည်းပညာဆိုင်ရာဖြစ်စဥ်ကို “dreamscrolling”(ပစ္စည်းတစ်ခုခုကို ယခုမဝယ်နိုင်သေးသော်လည်း တစ်ချိန်ချိန်တွင်ဝယ်ရန် စိတ်ကူးနှင့် ဖုန်း၌ လိုက်ရှာလိုက်ကြည့်ခြင်း)ဟု ပညာရှင်များက ခေါ်ဆိုခဲ့ကြသည်။ OnePoll ၏ စစ်တမ်းတစ်ခုတွင် အမေရိကန်နိုင်ငံ၌ စမတ်ဖုန်းသုံးစွဲသူများသည် မိမိတို့ လိုချင်သည့်အရာများကို ဖုန်းမျက်နှာပြင်၌ကြည့်ရင်း ပျမ်းမျှတစ်နေ့လျှင် ၂ နာရီအထက် အချိန်ကုန်ကြကြောင်း တွေ့ရှိခဲ့သည်။ ထိုရုပ်ပုံများက စိတ်ကိုဆွဲဆောင်လျက် “ငါ့ဆီမှာ ဒီပစ္စည်းရှိလိုက်ရင် အားလုံးအဆင်ပြေသွားမှာ”ဟု မျှော်လင့်ယုံကြည်မိစေသည်။

တစ်ဘက်တွင် ရုပ်ပစ္စည်းတပ်မက်မှုကို စွန့်လွှတ်ရန်…

မနေ့တစ်နေ့ကကဲ့သို့ မှတ်မိစွဲထင်နေသော

၁၉၄၁ ခုနှစ်၊ ဆောင်းဦးအစောပိုင်း၊ နိုင်ငံ၏မြောက်ပိုင်းတွင် ဖြစ်သည်။ တနင်္ဂနွေနေ့ဝတ်ပြုစည်းဝေးပြီး၍ ကျွန်တော့်၏ဖခင်နှင့်သူတို့မောင်နှမများ အိမ်သို့ခြေကျင် လျှောက်ပြန်ခဲ့ချိန်တွင် သူတို့၏ဖခင်က ဘုရားကျောင်းငယ်လေး၌ ကျန်ရစ်သည်။ ထို့နောက် နှင်းဖုံးလွှမ်းနေသောတောင်ကုန်းတစ်လျှောက် အိမ်သို့ ဖခင်ပြန်ရောက် လာချိန်တွင် သူငိုနေခဲ့သည်။ အကြောင်းမှာ ပုလဲဆိပ်ကမ်းဗုံးကြဲခံရသည့်သတင်းကို သူကြားသိခဲ့ရပြီး၊ ကျွန်တော့်အဖေအပါအဝင် သူ့သားများ စစ်တိုက်ကြရမည်ဖြစ်သောကြောင့်ပါ။ ကျွန်တော့်အဖေသည် ထိုအဖြစ်အပျက်ကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် အမြဲမှတ်မိနေဆဲပင်။

ထိုကဲ့သို့ မိမိ၏စိတ်ထဲ၌ နက်ရှိုင်းစွာထင်ဟပ်နေသောအရာများကို (flashbulb memories) “မနေ့တစ်နေ့ကကဲ့သို့မှတ်မိစွဲထင်နေသောမှတ်ဉာဏ်”ဟု သုတေသီပညာရှင်များက ခေါ်ဆိုခဲ့ကြသည်။ အမေရိကန်နိုင်ငံ၏ စက်တင်ဘာ ၁၁ အဖြစ်အပျက် (သို့) မိမိချစ်ခင်ရသူတစ်ဦးဦးကို ဆုံးရှုံးခဲ့ရသည့်အချိန်ကို ပြန်တွေးကြည့်လိုက်ပါ။ မိမိအပျော်ဆုံးဖြစ်ခဲ့ရသည့်ကာလကိုလည်း တွေးကြည့်ပါ။

နောက်တော်လိုက်တပည့်တော်များ၏ မှတ်မိစွဲထင်နေသောမှတ်ဉာဏ်ကို တွေးဆကြည့်ပါ။ အံ့ဩဖွယ်ရာများ တစ်ခုပြီးတစ်ခု သူတို့တွေ့ခဲ့ကြသည်။ သို့သော် ရုတ်ချည်းကပ်ဘေးဆိုက်ခဲ့သည်။ ဘုရားသခင်၏သားတော် အဖမ်းခံရပြီး ကားတိုင်၌ အသတ်ခံခဲ့ရသည်။ သို့သော်…

ဘုရားသခင်ကို ကြောက်ရွံ့သော အမျိုးသမီး

ရိုစီ၏မွေးနေ့ပွဲသည် မေ့မရနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့သည်။ အစားအသောက်က အရသာရှိသည်။ စားပွဲဝိုင်းက ရယ်မောသံများနှင့်စီနေပြီး၊ သူမ၏ပထမဆုံးမြေးလေးပါ ရှိနေခြင်းက ပို၍ကြည်နူးစရာဖြစ်သည်။ သို့သော် ဤကောင်းသောအရာများက သားနှစ်ယောက်၏ဂုဏ်ပြုမှုကို မယှဥ်နိုင်ပါ။ ရိုစီ၏ အိမ်ထောင်ရေးမှာ မတည်မြဲခဲ့သော်လည်း၊ တစ်ခုလပ်မိခင်တစ်ဦးအနေဖြင့် သူမ၏ထူးခြားသောစွမ်းရည်များသည် သားနှစ်ယောက်အပေါ် သက်ရောက်မှုကို ဖြစ်စေခဲ့သည်။ သူတို့၏ချီးကျူးဂုဏ်ပြုမှုများသည် သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် သူမအတတ်နိုင်ဆုံး လုပ်ဆောင်ပေးခဲ့မှုကို ထင်ဟပ်ပြနေသည်။ “အမေက ဘုရားသခင်ကို ကြောက်ရွံ့တဲ့ အမျိုးသမီးဖြစ်တယ်”ဟူသည့် သားငယ်၏မှတ်ချက်က သားများရှေ့တွင် ပေါ်လွင်နေသည့် ရိုစီ၏အနေအထားကို အကောင်းဆုံးဖော်ကျူးနေသည်။

သုတ္တံကျမ်း ၃၁:၁၀-၃၁ တွင် အိမ်ထောင်၌ ထာဝရဘုရားကို ကြောက်ရွံ့သောအသိဉာဏ်ပညာသည် မည်သို့မည်ပုံဖြစ်သည်ကို ကျမ်းစာဖတ်သူများ တွေ့နိုင်သည်။ နှိမ့်ချလျက် ဘုရားသခင်ကို ရိုသေခြင်းဟူသည့် ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် (:၃၀)၊ လူတစ်ဦးကို ယုံကြည်ထိုက်သူဖြစ်ရန် (:၁၁-၁၂)၊ အလုပ်ကြိုးစားပြီး ငွေကြေးကို အလေအလွင့်မဖြစ်စေဘဲ ကောင်းစွာစီမံသူဖြစ်ရန် (:၁၃-၁၉)တွန်းအားပေးသည်။…