ဘုရားသခင်အားဖြင့် စစ်မှန်သောကျေနပ်မှု
လွန်ခဲ့သောအနှစ် ၃၀ က အလုပ်လက်မဲ့သူများအတွက် ဆွေးနွေးပွဲတစ်ခုတွင် ကျွန်မပါဝင်ခဲ့ခြင်းကို ယနေ့ထိ အမှတ်ရနေဆဲပါ။ ဝန်ထမ်းလျော့သည့်စာရင်း၌ ပါသော လုပ်ဖော်ကိုင်ဖက်များနှင့် ကျွန်မတို့အား အငြိမ်းစားယူချိန်၌ ပြောရမည့် စကားများကို ရေးခိုင်းသဖြင့် နားမလည်နိုင်ဖြစ်ခဲ့ရသည်။ ကျွန်မတို့က အလုပ်ရှာနေပြီး အငြိမ်းစားယူရမည့်အရွယ်က ဝေးပါသေးသည်။ သို့သော် သင်တန်းနည်းပြက “သင်တို့ပြောမည့်စကားက သင်၏အလုပ်အကိုင်နှင့် သိပ်မသက်ဆိုင် ပါ။ အလုပ်သည် ကျွန်မတို့ဘဝ၏အဓိကကျသောအစိတ်အပိုင်းမဟုတ်ကြောင်း၊ အလုပ်ပြုတ်သွား၍ ဝမ်းနည်းပူဆွေးနေချိန်တွင်၊ ကျွန်မတို့၏ဘဝများက အလုပ်ခန့်အပ်ခံရခြင်းထက် ပို၍အဓိပ္ပာယ်ရှိကြောင်း” ရှင်းပြပြီး၊ ထိုသို့ရေးခိုင်းသည့် ရည်ရွယ်ချက်ကို ပြောပြခဲ့သည်။
အာဗြဟံ၏ဘဝအဆုံးသတ်အကြောင်း အသေးစိတ်ဖော်ပြချက်များက ကျွန်မအား ဤသင်ခန်းစာကို အမှတ်ရစေသည်။ သူသည် “သက်တမ်းစေ့” အသက်ရှင်ခဲ့ပြီး “အိုမင်း”သည့်အချိန်၌ သေဆုံးခဲ့သည်(က ၂၅:၈-ခေတ်သုံး)။ သမ္မာကျမ်းစာတစ်အုပ်လုံးတွင် ဘုရားသခင်၏အမိန့်တော်များကို လိုက်နာသည့် အာဗြဟံ၏သစ္စာရှိမှုအကြောင်း ကျွန်ုပ်တို့ဖတ်ခဲ့ရသော်လည်း၊ သူ၏ အလုပ်အကြောင်းကိုမူ မဖတ်ရပေ။ ဘိုးဘေးတို့ပြခဲ့သော ယုံကြည်ခြင်းက(၁၅:၆) ဒေသနာကျမ်းတွင်…
ထာဝရဘုရား၏ကရုဏာကျေးဇူးတော်
ကျွန်မ၏မြို့ရှိ ဘောလ်လမ်းမ(Ball Street)ပေါ်တွင် ဂရန်းအိုင်ဒီယာပန်းခြံ (Grand Ideas Garden)နှင့် ခရိုင်အကျဉ်းထောင်တို့ ဘေးချင်းကပ်ရပ်တည်ရှိသည်။ ကျွန်မ၏သူငယ်ချင်း Joann(ဂျိုအန်)သည် နေရာနှစ်ခုလုံးကို နှစ်သက်သည်။ သူမသည် ပန်းခြံထဲထိုင်ပြီး သူမ၏ဘဝတွင် ကိုယ်တော်ပြုခဲ့သောအမှုအရာကြောင့် ဘုရားသခင်၏ကောင်းမြတ်မှုနှင့် ကိုယ်တော့်အပေါ်ထားရှိသော သူမ၏ချစ်ခြင်းမေတ္တာအား ဆင်ခြင်ရခြင်းကို နှစ်သက်သည်။ တစ်ဖန် မှားယွင်းသောရွေးချယ်မှုများ၊ ကိုယ်တော်နှင့် ဝေးကွာခဲ့မှုများနှင့် ထို့နောက်တွင် ဘုရားသခင်က သူမ၏ဘဝကို ရွေးနုတ်ခဲ့ခြင်းအကြောင်းများကို ထောင်တွင်းရှိအမျိုးသမီးများအား ပြောပြရန်လည်း နှစ်သက်သည်။ တစ်နေ့နေ့တွင် ၎င်းအမျိုးသမီးများအားလုံး ဘုရားသခင်၏မေတ္တာတော်ကို တွေ့ကြုံခံစားရပြီး ကိုယ်တိုင်ကိုယ်ကျနားလည်လာရေး သူမ၏အိပ်မက်မျှော်မှန်းချက်ကို ကျွန်မအား မကြာခဏ ပြောပြလေ့ရှိသည်။
ဆာလံဆရာက ဣသရေလလူမျိုးများအား ရန်သူများလက်မှ ဘုရား သခင်ရွေးနုတ်ခဲ့ခြင်းကို ဝန်ခံကြရန် ပြောခဲ့သည်(ဆာ ၁၀၇:၂)။ သူတို့သည် “တောတွင် လူဆိတ်ညံရာအရပ်၌ လည်၍” “ဆာငတ်မွတ်သိပ်၍ စိတ်ပျက်” ကြ၏(:၄-၅)။ ဤသူတို့သည် ဘုရားသခင်၏အမိန့်တော်ကို ငြင်းဆန်သောကြောင့်…
ခရစ်တော်၌ တစ်လုံးတစ်ဝတည်း
၁၉၆၇ ခုနှစ် ဇန်နဝါရီလတွင် ဝီနီကွန်နီမြို့(Winneconne)သည် ဝစ်ခွန်စင်(Wisconsin)ပြည်နယ်၏ တရားဝင်မြေပုံတွင် မှားယွင်းစွာ ချန်လှပ်ထားခံခဲ့ရသည့်အတွက် မြို့၏အရေးပါသော ခရီးသွားဝင်ငွေ ထိခိုက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် မြို့သည် ဝစ်ခွန်စင်ပြည်နယ်မှ ခွဲထွက်ရန်ဆုံးဖြတ်ခဲ့ပြီး၊ ၎င်းနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ဖြစ်လာသည်။ အချို့က ခွဲထွက်ခြင်းသည် ပြည်နယ်အစိုးရကို အရှက်ရစေသည့်လုပ်ရပ်ဟု ဆိုကြပြီး၊ အချို့ကလည်း ၎င်းကို အလေးမထားဘဲ ဟာသသဘောပြောခြင်းဖြစ်သည်ဟု ဆိုကြသည်။ မည်သို့ပင်ဆိုစေကာမူ လပေါင်းများစွာ စေ့စပ်ညှိနှိုင်းခဲ့ကြပြီး၊ ဝီနီကွန်နီမြို့သည် ဝစ်ခွန်စင်ပြည်နယ်သို့ ၁၉၆၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြန်လည် ပေါင်းစည်းခဲ့ကြသည်။
ကွဲပြားမှုအများစုသည် ကောင်းသောသဘောမရှိသလို ဖြေရှင်းရလွယ်သော သဘောလည်း မရှိပေ။ သုတ္တံကျမ်းတွင် “အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှာ ပြုတတ်သောသူ”ကို (၆:၁၉)၊ “ထာဝရဘုရား မုန်းတော်မူသောအရာခြောက်ပါး”(၆:၁၆)တွင် ဖော်ပြထားသည်။ ကွဲပြားမှုသည် ပြဿနာကိုဖြစ်စေ သည်သာမက သခင်ယေရှုနှင့်…
ဘုရားသခင်၏ကောင်းမြတ်ခြင်း
ဘောင်ဖြင့် မွေးမြူသည့် ပျားအုံကို ဖွင့်လိုက်ရာ ပျားတစ်အုပ်လုံး သေကုန်သည်ကို တွေ့လိုက်ရ၍ အမလေးတမိသည်။ ပျားရည်များစွာထွက်သော ပျားအုံကြီးဖြစ်၍ အအေးဓာတ်လျော့သော ဆောင်းရာသီအတွင်း ဂရုတစိုက်ထိန်းသိမ်းပြီး၊ ပျားရည်စောစောခံရန် မျှော်မှန်းခဲ့သော်လည်း၊ မမျှော်လင့်သော အအေးလှိုင်းကြောင့် ပျားအုံအတွင်း အပူချိန်ကို မထိန်းနိုင်ဘဲ ပျက်စီးသွားခဲ့သည်။
ဒေသခံပညာရှင်များနှင့် စစ်ဆေးခဲ့သောအခါ၊ “ဒီရာသီမှာ ပျားမွေးမြူရေးသမားအများစုရဲ့ပျားအုံတွေ ဆုံးရှုံးခဲ့တယ်”ဟု သူတို့က အတည်ပြုပြောခဲ့သည်။ ကျန်းမာသောပျားအုံပင်ဖြစ်စေ၊ အအေးလျော့သောဆောင်းရာသီသည် ပျားများအတွက် စိန်ခေါ်မှုရှိသောရာသီဖြစ်သည်။ ဆောင်းရာသီ၌ ပျားများသည် ၎င်းတို့၏တောင်ပံများခတ်ကာ ပျားအုံအတွင်း နွေးထွေးမှုကို ထိန်းထားသည်။ သို့သော် အအေးလျော့ပြီး ရာသီဥတုခဏတာပူနွေးချိန်၌ အစာရှာထွက်ကာ ပင်ပန်းနေချိန်တွင် အအေးလှိုင်းဝင်ပြီး ရုတ်တရက် အပူချိန်ကျသွားပါက ၎င်းတို့သည် တောင်ပံခတ်ရန် ခွန်အားမရှိတော့ပဲ၊ အစာရှာခြင်းသို့ “အာရုံလွဲသွားခြင်း”က ပျက်စီးခြင်းသို့ ဦးတည်သွားတော့သည်။
ကောင်းသောအမှုအရာများကြောင့် အရေးကြီးဆုံးအရာမှ ကျွန်ုပ်တို့အာရုံလွဲသွားလျှင် ကောင်းသောအရာသည် ကျွန်ုပ်တို့အတွက် အန္တရာယ်များဖြစ်လာနိုင်သည်။ အဲဂုတ္တုပြည်မှ…
အခက်အခဲကြားမှခွန်အား
“သူငယ်လေးနှင့်လိပ်ပြာ” ကလေးရိုးရာပုံပြင်ကို ဂျက်စ်(Jess) ပထမဆုံးကြားခဲ့ချိန်၌ သူသည် သက်ကြွယ်အရွယ်ရှိနေပြီး၊ ရုန်းကန်ခြင်းမှ ခွန်အားရရှိပုံ သင်ခန်းစာကို သူချက်ချင်း နားလည်ခဲ့သည်။ ပုံပြင်ထဲတွင် သူငယ်လေးအား လိပ်ပြာပိုးအိမ်ကိုပေးပြီး၊ ၎င်းကို မဖွင့်ရန် ပြောခဲ့သည်။ သို့သော်၊ ပိုးကောင်လေးက ဖြည်းညှင်းစွာ တွန့်လိမ်နေသဖြင့်၊ သူမနေနိုင်တော့ဘဲ လိပ်ပြာလေးထွက်လာနိုင်အောင် ပိုးအိမ်ကို ကတ်ကြေးဖြင့် ညှပ်ကာ ဖွင့်ပေးခဲ့သည်။ ရုန်းကန်ရမှုမှ လွတ်မြောက်ခဲ့သော်လည်း လိပ်ပြာမှာ မပျံနိုင်ဘဲ မြေပေါ်သို့ ပြုတ်ကျပြီး၊ သေသွားသဖြင့်၊ သူ့ခမျာ ငိုရင်း “ဘယ်လိုဖြစ်တာလဲ”ဟု မေးခဲ့သည်။ “လိပ်ပြာ၏ကြွက်သားများ သန်မာပြီး ပျံသန်းနိုင်အောင် ကြွက်သားကိုသုံးပြီး ပိုးအိမ်မှရုန်းကန်ထွက်ရန် သူငယ်လေးက အခွင့်မပေးခဲ့ခြင်း”ကို ဂျက်စ် ချက်ချင်း နားလည်ခဲ့သည်။
ကလေးများအတွက် သင်ခန်းစာက ယုံတမ်းစကားဖြစ်နိုင်သော်လည်း၊ ၎င်းသည် ရောမမြို့မှ နှိပ်စက်ခံယုံကြည်သူများအား ရှင်ပေါလုသွန်သင်ခဲ့သည့် သမ္မာကျမ်းစာအမှန်တရားနှင့် ကိုက်ညီသည်။ “ငါတို့သည် ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။…
အမည်မသိ အမျိုးသမီးများ
Shelia(ရှီလာ)သည် ပိုးသတ်သန့်စင်ဆေးဖြင့် စားပွဲများကို သုတ်ပြီးနောက်၊ တစ်ခါသုံးပန်းကန်ခွက်ယောက် အမှိုက်များနှင့် ပြည့်နေသော အမှိုက်အိတ်ကို ငုံ့၍ ချည်လိုက်ပြီး ပခုံးပေါ်တင်လိုက်ကာ၊ ဘုရားကျောင်း၏ဘက်စုံသုံးအခန်းကို လှည့်ကြည့်လိုက်သည်။ ၎င်းအခန်း၌ ပြုလုပ်မည့်နောက်အစီအစဥ်အတွက် လုပ်အားပေး သန့်ရှင်းရေးလုပ်ပေးခဲ့ပြီး အဆင်သင့်သုံးနိုင်ကြောင်း သေချာအောင် စစ်လိုက်ရင်း၊ သူမစိတ်၌“တစ်ယောက်ယောက်က ငါ့ကို သတိထားမိမှာလား”ဟု အတွေးတစ်စဝင်လာခဲ့သည်။
ဘုရားသခင်နိုင်ငံတော်အတွက် ကျွန်မတို့၏နေ့စဉ်ပါဝင်မှုများကို လူတို့တန်ဖိုးထားမထား တွေးတောရန် လွယ်လှသည်။ သန့်ရှင်းရေး၊ စာရင်းဇယားများ တွက်ချက်ပေးခြင်း၊ ကျမ်းစာသင်တန်းကို ဦးဆောင်ခြင်း၊ ငွေကြေးပါဝင်လှူဒါန်းခြင်း မည်သည့်အလုပ်ဖြစ်ပါစေ၊ မိမိပါဝင်အစေခံမှုကို လူတို့မမြင်၊ လူရှေ့ နာမည်တပ်ပြီး အချီးအမွမ်းမခံရသူ လူများစွာရှိပါသည်။
ရှင်လုကာ ၈:၁-၂ တွင်၊ သခင်ယေရှုအမှုတော်ဆောင်ချိန်တွင် သစ္စာစောင့်သိသော အမျိုးသမီးများ၏အစေခံမှုကို သမိုင်းဆရာလုကာက မှတ်တမ်းတင်ရာ၌ နတ်ဆိုးဘေးနှင့် အနာရောဂါဘေးများမှ ကင်းလွတ်သော မာဂဒလမာရိ၊ ဟေရုဒ်မင်း၏အိမ်မှုကိစ္စစီမံကွပ်ကဲသူ ခုဇ၏ဇနီး ယောဟန္န၊ ရှုရှန္န ဟူသည့် အမျိုးသမီးသုံးဦးတို့ကို…
အလုံးစုံတတ်စွမ်းသော ဘုရားသခင်၏တန်ခိုးတော်
ကင်တာကီ(Kentucky)ပြည်နယ် အလယ်ပိုင်းဒေသ၏ သယ်ယူပို့ဆောင်ရေးအေဂျင်စီ(TACK) သည် ၎င်း၏ရုံးချုပ်ကို ပြန်လည် မွမ်းမံသောအခါ၊ လူအများ၏ သတိပြုမိခြင်းကို လိုလားသဖြင့် မသိသာသောဆိုင်းဘုတ်နှင့် ကြော်ငြာများအစား၊ ဝင်ပေါက်တွင် အမြင့်ပေ ၂၂ ပေ နီးပါးရှိသော ကြီးမားသည့်သံမှိုတစ်ခုကို တပ်ဆင်ခဲ့သည်။ ကမ္ဘာ့စံချိန်တင် သံမှိုသည် ဖြတ်သန်းသွားလာသူမည်သူ့ ကိုမျှ လွတ်မသွားစေဘဲ သေချာထင်ရှားသော အမှတ်အသားတစ်ခု ဖြစ်သည်။
ဒံယေလ ၆ တွင် ဘုရားသခင်သည် လူအများသတိပြုမိအောင် မငြင်းနိုင်သောနိမိတ်လက္ခဏာကို ပြုခဲ့သည်။ သူသည် ဘုရားသခင်ထံ ဆက်လက်ဆုတောင်းခြင်းဖြင့် ဒါရိမင်းကြီး၏အမိန့်တော်ကို ဖီဆန်ခဲ့ခြင်းကြောင့် ခြင်္သေ့တွင်း၌ ပစ်ချခံရပြီး၊ ဘုရားသခင်သည် သူ့အား အံ့သြဖွယ် ကယ်တင်ခဲ့သည် (:၁၀-၂၃)။ ပရောဖက်ဒံယေလသည် “ဘုရားသခင်ကို ယုံကြည်”ခြင်းကြောင့် သေဘေးမှလွတ်မြောက်ခဲ့ပြီးနောက်(:၂၃)၊ ဒါရိမင်းကြီးက ဒံယေလ၏ ဘုရားသခင်သည် မေဒိနှင့်ပေရသိလူတို့၏ သေနေသောရုပ်တုများနှင့် မတူဘဲ၊ “အသက်ရှင်တော်မူသော၊ နိစ္စထာဝရတည်တော်မူသောဘုရားဖြစ်တော်မူ၏”(:၂၆)။ “မစကယ်တင်ခြင်းကျေးဇူးကို ပြုတော်မူ၏။…
ပေးကမ်းစွန့်ကြဲခြင်း၏တန်ပြန်အကျိုး
ခန်းမထဲ၌ အယ်လ်ဘတ်အိုင်းစတိုင်းဆေးကောလိပ်မှ ဆေးကျောင်းသားများဖြင့် ပြည့်နှက်နေပြီး၊ အသက် ၉၀ အရွယ် Ruth Gottesman(ရုသ်ဂေါ့တစ်စမန်)ပြောသောစကားကို စေ့စေ့နားထောင်နေကြသည်။ အဆုံး၌ ရုသ်က ကျောင်းသားများ ကျောင်းလခကင်းလွတ်ခွင့်ဖြင့် ပညာရေးဆုံးခန်းတိုင်စေရေး ဒေါ်လာတစ်ဘီလီယံကို လှူဒါန်းခဲ့ကြောင်း ကြေညာရာ၊ ကျောင်းသားများ၏အံ့ဩလှိုက်ဖိုမှုနှင့် ပျော်ရွှင်စွာ အော်ဟစ်သံများ လွှမ်းသွားသည်။ ၎င်းသည် ဆေးကျောင်းသို့ ပေးလှူသမျှတွင် အကြီးမားဆုံးအလှူဖြစ်ခဲ့သည်။ သို့ရာတွင် နောက်ပိုင်းအင်တာဗျူးများတွင် ဂေါ့တစ်စမန်သည် လက်ဆောင်ကို လက်ခံရရှိခဲ့သူဟု ထင်ရလောက်အောင် ဝမ်းမြောက်ကျေနပ်လျက်၊ သူမ၏ငွေများကို လှူဒါန်းနိုင်ခဲ့သည့်အတွက် သူမ ဂုဏ်ယူမိကြောင်း ဖော်ပြခဲ့သည်။
ဤသည်မှာ စွန့်ကြဲခြင်း၏သဘောတရားဖြစ်ကြောင်း သုတ္တံကျမ်းများက ဆိုထားသည်။ “စွန့်ကြဲ”တတ်သောသူ၌ ယုတ်လျော့ခြင်း(သို့) ဆင်းရဲနွမ်းပါးခြင်းများ ကင်းဝေးပြီး၊ ၎င်းတို့ မမျှော်လင့်ထားသော ကောင်းချီးမင်္ဂလာများကို ရရှိတတ်သည်(၁၁:၂၄)။ ကျွန်ုပ်တို့ အခြားသူများအား ပေးကမ်းသောအခါ၊ ယုတ်လျော့သွားခြင်းမရှိဘဲ၊ “ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်း အကျိုးကိုခံရလိမ့်မည်”ဟု သမ္မာကျမ်းစာက ဆိုသည်(:၂၅)။ မိမိပိုင်ဆိုင်သမျှကို…
သွား၍ သခင်ယေရှုအကြောင်း ကြားပြောကြပါ
ကျွန်မတို့စီးလာသောဘတ်စ်ကားသည် အင်ဒီးစ်(Andes)တောင်တန်း၏ ကျဉ်းမြောင်းသောလမ်းတွင် အမြင့်ပိုင်းသို့ ဖြည်းဖြည်းချင်း ခရီးနှင်လာစဉ်၊ ကျွန်မတို့အဖွဲ့သားများက ရယ်မောပြီး သီချင်းဆိုနေကြသည်။ ထိုအခိုက် အပြင်ဘက်သို့ ကျွန်မလှမ်းကြည့်မိရာ၊ ကျွန်မတို့၏ညာဘက်ခြမ်းတွင် အကာအရံ များမရှိဘဲ ချောက်ကြီးကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားသည်။ အမြင့်ပိုင်းရောက်လေလေ ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားရလေဖြစ်ပြီး၊ ဤမျှလောက်ဝေးလံခေါင်သီသောနေရာသို့ ကျွန်မတို့၏ရက်တိုသာသနာပြုအဖွဲ့ အဘယ်ကြောင့် ရောက်လာရသနည်းဟု တွေးမိသည်။ ထိုအချိန်ကျမှ ဘုရားသခင်သည် ဤသူတို့အတွက် အသေခံရန် သူ၏သားတော်ကို စေလွှတ်သည်ဆိုပါက၊ ကိုယ်တော်သည် ဤလူမျိုးများကို အမှန်တကယ်ချစ်၍သာဖြစ်မည်ဟု ကျွန်မနားလည်ခဲ့ရသည်။ ထိုမေတ္တာတော်ကို သူတို့အား ဖော်ပြရန် ကြောက်စရာ ဘတ်စကားခရီးကို ကျွန်မ ဧကန်စီးနိုင်ရပါမည်။
နေ့ရက်တိုင်းတွင် အတိုချုံး ကျမ်းစာသင်၊ သက်သေခံကြပြီး၊ ကျွန်မတို့သွားခဲ့သည့်မြို့အသီးသီးမှ ကျွန်မတို့ကို လက်ခံကြိုဆိုသူများနှင့်အတူ ဆုတောင်းရခြင်းအတွက် ဝမ်းမြောက်လျက် ခရီးစဥ်ပြီးဆုံးခဲ့သည်။
လူအပေါင်းတို့ ကိုယ်တော်ကို ယုံကြည်ကိုးစားနိုင်မည်အကြောင်း တမန်တော် ရှင်ပေါလုသည် သခင်ယေရှုအကြောင်းကို အခြားသူများအား…
မိတ်ဆွေများ၏ယုံကြည်ခြင်း
သင်တန်းတက်ရောက်နေသော အမျိုးသမီးတစ်ဦးသည် နေ့ပိုင်းအစီအစဥ် တင်ပြမည့် သူ့မိတ်ဆွေမှာ နေမကောင်းသည့်ပုံပေါ်နေကြောင်းကို သူမသတိထား မိသည်။ သူမသည် သူမကိုမေးမြန်းရာ “ဒီတင်ပြချက်ကို ကောင်းကောင်းလုပ်နိုင်မှာပါ။ ငါနေမကောင်းရင် မနက်ကျရင် ဆရာဝန်ဆီသွားမှာပါ”ဟု ပြန်ပြော သည်။ ထိုမိတ်ဆွေ၏ကတိစကားကို သူမ မမေ့ပါ။ သူသည် သင်တန်းမှစောစောထွက်ခွာရမည်ဖြစ်၍ အစီအစဥ်တင်ပြမည့်သူကို စောင့်ကြည့်ပေးရန် အခြားမိတ်ဆွေတစ်ဦးအား မှာကြားခဲ့သည်။
မနက်ရောက်သောအခါ ထိုမနက်တွင် အစီအစဥ်တင်ပြသူမှာ ဟော်တယ်အခန်းတံခါးနှင့်ဆောင့်မိသောကြောင့် (ပထမအမျိုးသမီးမှာကြားခဲ့သည့်) ဒုတိယမိတ်ဆွေရောက်ချလာပြီး သူမအား ဆေးရုံသို့ကားမောင်းပို့ပေးခဲ့သည်။ အစီအစဥ် တင်ဆက်သူမှာ ပထမကတိကို မတည်နိုင်ခဲ့သော်လည်း သူ၏အသက်ကို လုရန် အချိန်မီ အရေးပေါ်ဆေးကုသမှုကို ခံယူနိုင်ခဲ့သည်။ မိတ်ဆွေများ၏မဆုတ်မနစ် ကူညီမှုကြောင့် သူမ၏အသက်ကို ကယ်တင်နိုင်ခဲ့ပါသည်။
ရှင်မာကုအခန်းကြီး ၂ မှ မိတ်ဆွေလေးဦးကဲ့သို့ မဆုတ်မနစ် ကူညီပေးသော မိတ်ဆွေတို့သည် ကောင်းချီးဆုလာဘ်များဖြစ်သည်။ သူတို့၏မြို့သို့ အနာရောဂါ များကို ငြိမ်းစေနိုင်သည့်တန်ခိုးရှိသူ သခင်ယေရှုကြွလာမည့်သတင်းကို…