အမျိုးအစား  |  odb

အနတ္တအမှုတွင် ဝမ်းမြောက်ခြင်းကို ရှာတွေ့ခြင်း

I like Boring Things (ငြီးငွေ့ဖွယ်အရာကို ကြိုက်သည်) ဟူသည့် ဘလော့ဂ်ကို ဖန်တီးသူ James Ward (ဂျိမ်းစ်ဝါ့ဒ်)သည် ၂၀၁၀ ခုနှစ်က "ငြီးငွေ့ဖွယ်ကွန်ဖရင့်" အစီအစဥ်တစ်ခုကို ကျင်းပခဲ့သည်။ ၎င်းသည် စိတ်ဝင်စားဖွယ်မကောင်းသော၊ သာမန်အရာ၊ သတိမပြုမိသောအရာများကို တစ်ရက်တာဖော်ပြခြင်းဖြစ်သည်။ ယခင်က ဟောပြောသူများက နှာချေသံ၊ စက်သံနှင့် ၁၉၉၉ ခုနှစ်ထုတ် ကွန်ပြူတာသုံး မင်ပုံနှိပ်စက်သံ စသည့်အဓိပ္ပာယ်မရှိသည့်ပုံပေါ်သည့် အကြောင်းအရာများကို ဟောပြောကြသည်။ ခေါင်းစဥ်ကြည့်လိုက်သည်နှင့် ငြီးငွေ့စရာဖြစ်မှန်း ဝါ့ဒ် သိသော်လည်း ဟောပြောသူများက စိတ်ဝင်စားစရာမကောင်းသည့် ခေါင်းစဥ်ကို စိတ်ဝင်စားဖွယ် အဓိပ္ပာယ်ရှိရှိနှင့် ပျော်ရွှင်ဖွယ်ဖြစ်အောင် ဟောပြောနိုင်ကြသည်။

ရှေးနှစ်ထောင်ပေါင်းများစွာက ပညာအရှိဆုံးဘုရင် ရှောလမုန်မင်းသည် အဓိပ္ပာယ်မဲ့၍အနတ္တဖြစ်သောအရာများနောက်လိုက်ပြီး ဝမ်းမြောက်မှုကိုရှာခဲ့သည်။ အလုပ်အကိုင်၌၊ တိရိစ္ဆာန်၊ စည်းစိမ်နှင့် သီချင်းသည်များ စုဆောင်းပိုင်ဆိုင်ခြင်း၌၊ အဆောက်အဦများ တည်ဆောက်ခြင်း၌ ရှာဖွေသည် (ဒေ ၂:၄-၉)။ အမှုအချို့က…

မိုးရွာသောနေ့များ

အမေရိကန်နိုင်ငံ၊ တင်နစီပြည်နယ်၌ ကိုဗစ်-၁၉ ကူးစက်မှုကို ဟန့်တားရန်ကြိုးစားမှုအနေဖြင့် လုပ်ငန်းငယ်လေးများကို ရပ်ဆိုင်းလိုက်ရသောအခါ လုပ်ငန်းရှင်များက သူတို့၏ ဝန်ထမ်းများကို မည်သို့စောင်မရမည်၊ ဆိုင်ခန်းငှားခများကို မည်သို့ဖြေရှင်းရမည်၊ ဤကပ်ဘေးအတွင်း မည်သို့ရှင်သန်ရုန်းကန်ကြရမည် စသည်ဖြင့် ပူပန်ခဲ့ကြသည်။ သူတို့၏သောကကို စာနာသိမှတ်လျက် နာ့ရှ်ဗေးလ်ဒေသမှ သင်းအုပ်တစ်ပါးက ရုန်းကန်နေရသည့်လုပ်ငန်းရှင်များအား ငွေကြေးထောက်ပံ့ပေးခဲ့သည်။

"လူတစ်ယောက်က မိုးရေထဲမှာ ကြွက်စုတ်ဖြစ်နေတဲ့အချိန်မှာ မိုးရာသီ ရံပုံငွေ ပေါ်ထိုင်ပြီး ကျွန်တော်တို့ မနေနိုင်ပါဘူး" ဟု ဆရာက ရှင်းပြပြီး အခြားသော အသင်းတော်များလည်း ပူးပေါင်းပါဝင်ကူညီကြရန် တိုက်တွန်းခဲ့သည်။

မိုးရာသီရံပုံငွေဆိုသည်မှာ အချိန်အတိုင်းအတာတစ်ခုထိ သာမန်ဝင်ငွေ ကျဆင်းသွားပြီး လုပ်ငန်း ဆက်လက်ပုံမှန်လည်ပတ်ရန်ရှိနေသည့် အခြေအနေအတွက် ဖယ်ထားသည့်ငွေဖြစ်သည်။ မိမိအတွက်သာ အရင်ကြည့်တတ်ခြင်းက သဘာဝကျသော်လည်း မိမိ၏လိုအပ်မှုထက်ကျော်ကြည့်ရန်၊ အခြားသူကို အစေခံနိုင်မည့် နည်းလမ်းများရှာကြံရန်၊ ရက်ရောသောစေတနာစိတ်ကို လေ့ကျင့် ပျိုးထောင်ရန် သမ္မာကျမ်းစာမှ တိုက်တွန်းအား‌ပေးထားပါသည်။ သုတ္တံကျမ်း အခန်းကြီး…

မျှဝေလိုက်သော နှစ်သိမ့်သက်သာမှု

ကျွန်မထံသို့ သမီး ဟေလီ လာရောက်လည်ပတ်စဥ် သုံးနှစ်အရွယ် သူ့သားလေး ခဲလမ်က ထူးဆန်းသော ScratchMeNot (ကျွန်ုပ်ကို မကုန်ခြစ်ပါနှင့်) အင်္ကျီလက်တွင် တွယ်ချုပ်ထားသော လက်အိတ်ရှည်ကို ဝတ်ထားသည်။ မြေးလေး ခဲလမ်သည် မွေးရာပါ အရေပြားယားယံသည့် ရောဂါကို ခံစားနေရသူဖြစ်ပြီး အရေပြားယားလာလျှင် အသားအရေ ကြမ်းထော် ရောင်ရမ်းလာသည်။ ထို့ကြောင့် ထိုလက်အိတ်က ခဲလမ် သူ့အသားအရေကို မကုပ်ဖဲ့အောင်၊ မထိခိုက်မိအောင် ကာကွယ်ပေးသည်ဟု သမီးက ရှင်းပြသည်။

၇ လအကြာတွင် ဟေလီ၏အရေပြား နေလောင်၍ယားယံကာ မကုပ်ဘဲ မနေနိုင်ဖြစ်ရသည်။ "အခုတော့ ခဲလမ် ခံစားရတာကို နားလည်ပါပြီ အမေရေ၊ သမီးလည်း လက်အိတ်ရှည်နဲ့အင်္ကျီ ဝတ်သင့်တယ်ထင်တယ်"ဟု ကျွန်မကို ပြောခဲ့သည်။

ဟေလီ၏အဖြစ်ကြောင့် ကောရိန္သုသြဝါဒစာဒုတိယစောင် ၁:၃-၅ တွင် ရှင်ပေါလုပြောထားသည့် "... ဆင်းရဲခြင်းအမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း ဆင်းရဲခြင်းအမျိုးမျိုးတို့၌…

သခင်ယေရှုအတွက် အခြားသူတို့အား လက်ကမ်းခြင်း

လွန်ခဲ့သော ၁၀ နှစ်ခန့်က သခင်ယေရှုကို သူတို့မသိကြပါ။ ဖိလစ်ပိုင်နိုင်ငံ မင်ဒန်နို တောင်ပေါ်ဒေသတွင် Banwaon (ဘန်ဝါအို) လူမျိုးစုလေးမှာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်မရှိပါ။ စားနပ်ရိက္ခာဝယ်ယူရန် ခက်ခဲကြမ်းတမ်းသောနယ်မြေကို ဖြတ်ပြီး ၂ ရက်ခရီး သွားရသည်။ ၎င်းတို့ကို ကမ္ဘာကြီးမှ သတိမထားမိကြပါ။

ထို့နောက်တွင် သာသနာပြုအဖွဲ့တစ်ဖွဲ့မှ ၎င်းတို့ကို ထိုဒေသမှ ရဟတ်ယာဥ်ဖြင့် ခေါ်ထုတ်သည်။ ပြန်ပို့ပေးသည်။ ဤသို့ဖြင့် လိုအပ်သောရိက္ခာဝယ်ရန်နှင့် အရေးတကြီး ဆေးကုသမှုအတွက် အကူအညီရရှိခဲ့ပြီး သာ၍ကြီးမားသောကမ္ဘာ ကြီးကို ဘန်ဝါအိုလူမျိုးစုတို့ သိရှိလာခဲ့သည်။ သူတို့ကို သခင်ယေရှုနှင့်လည်း မိတ်ဆက်ပေးနိုင်ခဲ့သည်။ ယခုတွင် ဝိညာဥ်များကို ဖိတ်ခေါ်တေးကျူးမည့်အစား ၎င်းတို့လူမျိုးစု၏ ရိုးရာသီချင်းများတွင် မှန်သော၊ တစ်ဆူတည်းသော ဘုရားသခင်အား ချီးမွမ်းသည့်စာသားအသစ်များကို ထည့်သွင်းသီဆိုကြလေပြီ။ သာသနာပြု လေယာဥ်သည် အရေးကြီးသော အချိတ်အဆက်ကို ထူထောင်နိုင်ခဲ့လေပြီ။

ကောင်းကင်ဘုံရှင်အဘထံ ယေရှုရှင်ပြန်တက်ကြွသွားသောအခါ သူ့တပည့် တော်များအား…

ခေါင်းလောင်းတီးပါ

အံ့သြဖွယ် အကြိမ် ၃၀ ထိ ရောင်ခြည်ကုထုံးဖြင့် ဓာတ်ကင်ပြီးနောက်တွင် ဒါလာ အား ကင်ဆာကင်းစင်ပြီဟု ကြေညာခဲ့သည်။ ဆေးရုံ၏ အစဥ်အလာရှိသည့်အတိုင်း သူမ၏ဆေးကုသမှုပြီးစီးခြင်းနှင့် ကုန်ကျစရိတ်များပေးချေပြီးခြင်း အထိမ်းအမှတ်အနေနှင့် "ကင်ဆာကင်းစင်ကြောင်း ခေါင်းလောင်းတီးရန်" ဒါလာ အလွန် စိတ်လှုပ်ရှားခဲ့သည်။ သူမည်မျှစိတ်လှုပ်ရှားပြီး စိတ်တက်ကြွသနည်းဆိုလျှင် ကြိုးသည် ခေါင်းလောင်းမှ ပြုတ်ထွက်သွားသည် အထိပင်ဖြစ်သည်။ ထို့ကြောင့်လည်း ဝမ်းမြောက်မှုနှင့်ရယ်မောသံများ ညံသွားတော့သည်။

ဒါလာ၏အဖြစ်ကြောင့် ကျွန်မပြုံးမိပြီး၊ ဣသရေလလူတို့အား ၎င်းတို့၏ အသက်တာ၌ ဘုရားသခင်ပြုခဲ့သည့်အမှုများအတွက် ကျေးဇူးတင်ချီးမွမ်းရန် ဆာလံဆရာဖိတ်ခေါ်ရာ၌ သူမြင်ယောင်ခဲ့သည့်အရာကို ခံစားမိစေသည်။ ဘုရားသခင်သည် ၎င်းတို့၏ရန်သူများကို အပြီးတိုင်ချေမှုန်းခဲ့ပြီး ဣသရေလလူမျိုးတို့ကို သူချစ်သောလူမျိုးအဖြစ် ရွေးချယ်ခဲ့ခြင်းကြောင့် ဆာလံဆရာက လက်ခုပ်တီးလျက်၊ ကြွေးကြော်လျက် ချီးမွမ်းသီဆိုရန် အားပေးခဲ့သည် (ဆာ ၄၇:၁၊ ၆)။

ဤဘဝ၌ရုန်းကန်ရမှုအတွက် ကျန်းမာရေး၊ ငွေရေးကြေးရေး၊ ပေါင်းသင်း ဆက်ဆံရေး စသည့် မည်သည့်ပြဿနာများဖြစ်စေ…

ကာလအချိန်ကိုရွေးနှုတ်ကြလော့

လီစာသည် အချိန်ရာသီကို မည်သို့စီမံခွဲခန့်ရမည်ကို သိလိုသည်။ ဆောင်းဦးရာသီအတွက် အသွင်အပြင်အတော်များများက စက်ဆုပ်ထိတ်လန့်ဖွယ်၊ ခြောက်ခြားဖွယ်ဖြစ်သဖြင့် သေခြင်းအတွက် ပြင်ဆင်ထားသကဲ့သို့ ပုံပေါ်နေသည်။

အမှောင်သဘော၏ဆန့်ကျင်ဘက်ကို တစ်နည်းနည်းဖြင့် တန်ပြန်ဖော်ပြ သည့်အနေဖြင့် လီစာက ကျေးဇူးတင်စရာအချက်များကို ရွှေဖရုံသီး အကြီးကြီးပေါ် တွင် ဖျက်မရသောမှင်ဖြင့်ရေးချလိုက်သည်။ "နေရောင်ခြည်" ဟူသော စကားလုံးမှာ သူမ ပထမဆုံး ရွေးချယ်လိုက်သည့် စကားလုံးဖြစ်သည်။ မကြာပါ။ အခြားသူ များလည်း လာဝင်ရေးကြသည်။ အချို့က တောင်ခြစ်မြောက်ခြစ်ဖြင့် ရုပ်ပြောင်လေးများ ရေးဆွဲခဲ့သည်။ အချို့ကမူ လက်တွေ့ကျကျ 'နွေးထွေးသောအိမ်ကလေး'၊ 'အလုပ်လုပ်နေသောကားလေး' ဟုရေးကြပြီး အခြားသူများကလည်း ခွဲခွာသွား သည့် သူတို့ချစ်ခင်ရသူများ၏အမည်ကို ကရုဏာသက်ဖွယ် ရေးသားကြသည်။ ကျေးဇူးတင်ခြင်းကွင်းဆက်ကြီးသည် ထိုရွှေဖရုံသီးကြီးကို ရစ်ပတ်လျက်ရှိသည်။

ဆာလံကျမ်း အခန်းကြီး ၁၀၄ တွင် ဘုရားသခင်အား ချီးမွမ်းထောမနာပြုရန် ကျွန်ုပ်တို့ သတိမမူပဲ လစ်လျူရှုမိသောအရာများကို ဖော်ပြသည်။…

အသစ်သောခေါ်ယူစေစားမှု

ဆယ်ကျော်သက်အရွယ်များ၏ ဂိုဏ်းခေါင်းဆောင် ကေစီနှင့် သူ၏နောက်လိုက် များသည် အိမ်ဖောက်၊ ကားမှန်ခွဲကာ ဖောက်ထွင်းခိုးယူခြင်း၊ စတိုးဆိုင်များကို ဓားပြတိုက်ခြင်း၊ အခြားလူဆိုးဂိုဏ်းများနှင့် တိုက်ခိုက်ခြင်း စသည့် ရာဇဝတ်မှုများကို ကျူးလွန်ကြသည်။ နောက်ဆုံး ကေစီသည် အဖမ်းခံရပြီး ထောင်ကျကာ ထောင်တွင်း၌ သူသည် (ထောင်သားများ၏ ခေါင်းဆောင်) "တန်းစီး" တစ်ဦးဖြစ်လာပြီး ဆူပူမှုများဖြစ်လျှင် လက်လုပ်ဓားများ ထုတ်ပေးသူဖြစ်လာသည်။

တစ်ချိန်တွင် သူသည် တိုက်ပိတ်ခံခဲ့ရပါသည်။ အခန်းကျဉ်းလေးထဲ၌ စိတ်ကူးယဥ်နေချိန်တွင် သူ့ဘဝနောက်ကြောင်းနှင့် သခင်ယေရှုအကြောင်းကို ရုပ်ရှင်သဖွယ် မြင်ခဲ့ရသည်။ ကားတိုင်ပေါ်တွင် သံမှိုနှင့်ရိုက်လျက် ချိတ်ဆွဲခံရချိန်တွင် ရှင်ယေရှုက "ဒါတွေကို မင်းအတွက် ငါခံယူခဲ့တာ"ဟု သူ့အားပြောနေသည်။ ကေစီသည် ကြမ်းပြင်ပေါ်သို့လဲကျသွားပြီး ငိုယိုလျက် သူ့အပြစ်များကို ဝန်ခံပါတော့သည်။ ထောင်သင်းအုပ်ဆရာအား သူ့၏အတွေ့အကြုံကိုပြောပြရာ ဆရာက သူ့ကို ရှင်ယေရှုအကြောင်း ထပ်မံပြောပြပြီး ကျမ်းစာတစ်အုပ် ပေးခဲ့သည်။ "အဲ့ဒါ ကျွန်တော့်ရဲ့…

ဘုရားသခင် သင့်အတွက်သီချင်းဆိုပေးသည်

ပထမသားလေးမွေးပြီး ၁၇ လ အကြာတွင် သမီးလေးကိုမွေးပါသည်။ သမီး ရသည့်အတွက် အလွန်ဝမ်းမြောက်မိသော်လည်း သားယောင်္ကျား၏အလေ့အလာများကို ကျွန်ုပ်အနည်းအကျဥ်းသိပြီး သမီးမိန်းကလေး၏အလေ့အလာကို မသိသောကြောင့် အနည်းငယ်စိတ်မသက်မသာဖြစ်မိသည်။ သမီးကို စာရာ ဟုအမည်မှည့်ခေါ်ပြီး၊ ကျွန်တော်၏ဇနီး အနားယူနိုင်အောင် သမီးကို ပုခက်လွှဲသိပ်ပေးရသည့် အခွင့်အရေးကို ရခဲ့သည်။ ဘာကြောင့်မှန်းမသိ၊ သူအိပ်ပျော်အောင် ချော့သိပ်ရန် ကျွန်တော်သီဆိုလိုက်သည့် သီချင်းမှာ You Are My Sunshine (သမီးလေးဟာ ဖေဖေ့ရဲ့နေခြည်ဦး) သီချင်းဖြစ်နေသည်။ သမီးကို ချီပွေ့ထားစဉ်ဖြစ်စေ၊ သူမ၏ ကုတင်အနီး၌ရပ်နေစဉ်ဖြစ်စေ သူ့အတွက် သီချင်းသီဆိုပေးရသည့် မိနစ်တိုင်းကို နှစ်သက်ကြည်နူးမိသည်။ ယခုအခါ သမီးသည် အသက် ၂၀ ပြည့်တော့မည်ဖြစ်ပြီး သူမအား "နေခြည်ဦး"လေးဟု ခေါ်နေဆဲပင်ဖြစ်သည်။

ကောင်းကင်တမန်တို့၏ သီချင်းကျူးဧသံကို ကျွန်ုပ်တို့တွေးဆင်ခြင်ဖူးသည်။ ဘုရားရှင်သီချင်းဆိုခြင်းကို မည်သည့်အချိန်တွင်သင်နောက်ဆုံးဆင်ခြင်ခဲ့သနည်း။ မှန်ပါသည်။ ဘုရားရှင် သီချင်းဆိုနေပါသည်။ ထိုထက်ပို၍ ပြောရလျှင်…

ဘုရားသခင်နားထောင်တော်မူပါ၏လော

အသင်းတော်၏အသင်းသားများအား ကူညီစောင့်ရှောက်ရေးအဖွဲ့၌ ပါဝင်ခဲ့စဉ်က ကျွန်မ၏တာဝန်တစ်ခုမှာ ဘုရားရှိခိုးလာသူ ပရိတ်သတ်များ ခဲတံနှင့်ရေးခဲ့သော ကဒ်များပေါ်မှ ဆုတောင်းချက်များကို ဆုတောင်းပေးရခြင်းဖြစ်သည်။ အဒေါ်၏ ကျန်းမာရေးအတွက်၊ ဇနီးမောင်နှံ၏ငွေရေးကြေးရေးအတွက်၊ မြေးငယ်သည်ဘုရားသခင်ကိုရှာတွေ့ရန်အတွက် စသည်ဖြင့် ဆုတောင်းပေးရသည်။ ဆုတောင်းချက်များ၏အဖြေကို ကျွန်မ ပြန်ကြားရခဲသည်။ တောင်းလျှောက်သူအများစုသည် အမည်မဖော်ပြထားသောကြောင့် သူတို့အား ဘုရားသခင် မည်ကဲ့သို့ တုံ့ပြန်သည်ကိုမသိရပါ။ "ကိုယ်တော် အမှန်ပင်နားထောင်ပါ၏လော"၊ "ကျွန်မ၏ဆုတောင်းချက်ကို အဖြေပေးပါ၏လော"ဟု တစ်ခါတစ်ရံ စူးစမ်းလိုစိတ်များမိသည်။

ဘဝတစ်လျှောက်တွင် "ဘုရားသခင် ကျွန်ုပ်တို့၏အသံကို ကြားပါသလား" ဟူသောမေးခွန်းကို များသောအားဖြင့် မေးကြသည်။ ကျွန်မကိုယ်၌ ကလေးရရှိရန် ဟန္နကဲ့သို့တောင်းလျှောက်သော်လည်း နှစ်ပေါင်းများစွာ အဖြေမရခဲ့ပါ။ ဘုရားသခင်ကို ကျွန်မ၏ဖခင် ယုံကြည်သက်ဝင်လာရန် ကျွန်မအသနားခံခဲ့သော်လည်း ရှင်းလင်းပြတ်သားသော ဝန်ခံမှုမျိုးမရှိပဲ အဖေကွယ်လွန်သွားသည်။

ဣသရေလလူမျိုးတို့ကျွန်ခံနေရစဉ် ညည်းတွားခြင်း (ထွက်၂:၂၄)၊ သိနာ တောင်ပေါ်မှ မောရှေ၏ဆုတောင်း (တရား ၉:၁၉)၊ ဂိလဂါလ၌ ယောရှု၏…

ဝေဒနာခံစားရခြင်း၏အကြောင်းရင်း

"အဲဒီတော့ ဆရာဆိုလိုတာက အဲ့ဒါကျွန်မအပြစ် ဟုတ်ချင်မှဟုတ်မယ်ပေါ့"ဟု ဆိုလာသည့် အမျိုးသမီး၏စကားကြောင့် ကျွန်တော် ရုတ်တရက်အံ့သြမိသည်။ သူမ၏အသင်းတော်မှဖိတ်ခေါ်၍ ဧည့်သည်ဆရာအဖြစ် ယနေ့မနက် ကျွန်တော်တရားဟောခဲ့ပြီး ဟောပြောခဲ့သောအကြောင်းအရာအပေါ် ဆွေးနွေးနေကြခြင်းဖြစ်သည်။ "ကျွန်မမှာ နာတာရှည်ရောဂါရှိနေတယ်။ ရောဂါပျောက်ဖို့ အစာရှောင် ဆုတောင်း၊ အပြစ်ဝန်ချ၊ စတဲ့အရာအားလုံးကို လုပ်ခဲ့တယ်။ ဒါပေမဲ့ရောဂါက ရှိနေဆဲပဲ။ ဒါ့ကြောင့် ကျွန်မရဲ့အပြစ်ကြောင့်လို့ ထင်မိတယ်" ဟု သူမက ရှင်းပြသည်။

ထိုအမျိုးသမီး၏သက်သေခံချက်အပေါ် ကျွန်တော်စိတ်မကောင်းဖြစ်မိ သည်။ ထို"ဝိညာဉ်ရေးပုံသေနည်း"က သူမ၏ပြဿနာကို မဖြေရှင်းနိုင်သည့်အခါ သူ့ကိုယ်သူသာ အပြစ်တင်မိသည်။ အနာရောဂါနှင့်ပတ်သက်၍ ဤပုံသေနည်းက ရှေးခေတ်အဆက်ဆက်ကပင် မမှန်။ အနာငြိမ်းသည်ဟု သက်သေမပြနိုင်ခဲ့ပေ။

ထိုပုံသေနည်းဟောင်းက ဒုက္ခရောက်ပြီဆိုလျှင် မိမိ၏အပြစ်ဒုစရိုက်ကြောင့် ဟု ရိုးရိုးလေးဆိုထားသည်။ ယောဘသည် အိမ်မွေးတိရိစ္ဆာန်၊ သားသမီး၊ ကျန်းမာရေးကို ဝမ်းနည်းကြေကွဲဖွယ် ဆုံးရှုံးရသောအခါ သူ၏မိတ်ဆွေများက ထိုပုံသေနည်းကို လက်ကိုင်ပြုပြီး သူ့အပေါ်အပြစ်တင်ခဲ့ကြသည်။ ယောဘ၏…