တစ်ဦးကိုတစ်ဦး ကူညီခြင်း
အမ်ဘာသည် သူမ၏မိန်းကလေးသူငယ်ချင်းများနှင့် ဘက်စကက်ဘောကစားရင်း အမျိုးသမီးအဖွဲ့အားဖြင့် ရပ်ရွာအကျိုးရှိနိုင်ကြောင်း သူသိလိုက်သည်။ ထို့ကြောင့် အသင်းအဖွဲ့နှင့်ဆောင်ရွက်မှုကို အားပေးမြှင့်တင်ပြီး နောက်မျိုးဆက်အတွက် အကျိုးပြုရန် အမြတ်အစွန်းမကြည့်သည့် Ladies Who Hoop (ကွင်းသဏ္ဌာန် နှောင်ဖွဲ့ဝိုင်းပတ်ထားသော အမျိုးသမီးများ) အဖွဲ့ကို စတင် တည်ထောင်ခဲ့သည်။ အဖွဲ့ခေါင်းဆောင်များက အမျိုးသမီးများအား မိမိကိုယ်ကိုစိတ်ချယုံကြည်မှုနှင့် အရည်အချင်းတိုးတက်စေရန် ကြိုးပမ်းတည်ဆောက်ပေးလျက် မိမိရပ်ရွာအကျိုး အတွက် တန်ဖိုးရှိသူများဖြစ်လာအောင် အားပေးခဲ့သည်။ ကစားသမားဟောင်းများအနက် ယခုတွင် အခြားမိန်းကလေးများအား နည်းပြပေးလျက်ရှိသူတစ်ဦးက "ငါတို့ကြားမှာ ရဲဘော်ရဲဘက်စိတ်ဓာတ် အပြည့်ရှိတယ်။ ဒီဟာက ငါလိုအပ်နေခဲ့တဲ့ အရာပဲ။ နည်းလမ်းအမျိုးမျိုးနဲ့ ငါတို့တစ်ဦးကိုတစ်ဦး ပံ့ပိုးကြတယ်။ မိန်းကလေးတွေ အောင်မြင်ပြီး ရင့်ကျက်တာကိုတွေ့ရတာ ဝမ်းသာတယ်" ဟုပြောခဲ့သည်။
ထိုနည်းတူ လူမျိုးတော်တို့ တစ်ဦးနှင့်တစ်ဦးကူညီရန် အစုအဖွဲ့အဖြစ်ရှိနေရန် ဘုရားသခင် ရည်ရွယ်ချက်ရှိခဲ့သည်။ ရှင်ပေါလုက သက်သာလောနိတ်မြို့သားများအား "အချင်းချင်းတိုက်တွန်း၍ တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြလော့" ဟုနှိုးဆော်သည်…
ချိုင့်ဝှမ်းထဲ၌ ကျွန်ုပ်တို့နှင့်အတူ
ဗြိတိသျှလူမျိုး ကျွန်စနစ်ဖျက်သိမ်းရေးဝါဒီ William Wilberforce (ဝီလီယံဝေးဘာဖော့စ်)၏ အဒေါ်ဖြစ်သူ Hannah Wilberforce (ဟာနဝေးဘာဖော့စ်) သည် အသည်းအသန်ဖြစ်နေစဉ် ယေရှုကို ယုံကြည်သည့် သူ့မိတ်ဆွေတစ်ဦး ကွယ်လွန်ကြောင်း ကြားခဲ့သည့်အကြောင်း စာတစ်စောင်ရေးခဲ့သည်။"ဘုန်းတော် ဝင်စားသွားသောချစ်မိတ်ဆွေမှာ ယခု သူချစ်သောသခင်ယေရှု၏ မျက်မှောက်၌ ပျော်ရွှင်နေပြီ၊ ဝမ်းမြောက်ခြင်းဖြင့် ကျွန်မနှလုံးသား ခုန်ပေါက်နေသလား ထင်ရသည်" ဟုရေးပြီးမှ "ကျွန်မအခြေအနေကတော့ ဆိုးတလှည့်၊ ကောင်းတလှည့် ဖြစ်သော်လည်း၊ သခင်ယေရှုကတော့ အရင်အတိုင်း အမြဲကောင်းမြတ်ပါ၏”ဟု သူမအခြေအနေကို ဖော်ပြခဲ့သည်။
သူမ၏စကားများက ဒါဝိဒ်ရေးစပ်သော "သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကိုမကြောက်ပါ။ အကြောင်း မူကား ကိုယ်တော်သည် ကျွန်ုပ်နှင့်အတူရှိတော်မူသည်" (:၄) ဟူသည့် ဆာလံကျမ်းအခန်းကြီး ၂၃ ကိုဆင်ခြင်မိစေသည်။ ဒါဝိဒ်သည် သေမင်းအရိပ်လွှမ်းမိုးသောချိုင့်၌ ထာဝရဘုရားကို မိမိရင်းနှီးစွာသိကျွမ်းသူအဖြစ် အလေးအနက်တင်စားထားသည်။ ကျမ်းအစတွင် "ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏" (:၁)ဟု 'ဘုရား…
ဝတ်ပြုကိုးကွယ်သည့်နေရာ ဘယ်နေရာဖြစ်ဖြစ်
အလွန်အမင်းနာကျင်လျက် မလှုပ်ရှားချင်လောက်အောင် ခေါင်းကိုက်ခြင်းကြောင့်အသင်းတော်ဝတ်ပြုခြင်းအစီအစဉ်ကို ကျွန်မမပါဝင်နိုင်ပါ။ ယုံကြည်သူများနှင့် အတူဝတ်မပြုနိုင်သဖြင့် စိတ်မကောင်းဖြစ်ရင်း အွန်လိုင်းတရားဟောချက်ကို ကြည့်ခဲ့သည်။ ပထမတွင် ခံစားရသမျှကြောင့် မကျေနပ်မှုနှင့် စိတ်ကုန်ရသည့်အထဲ အသံမကြည်၊ ရုပ်မရှင်းမှုကြောင့် အာရုံမစိုက်နိုင်ဖြစ်ခဲ့သည်။ သို့သော် ကျွန်မအကျွမ်းဝင်သည့် ဓမ္မသီချင်းသံထွက်ပေါ်လာရာ၊ သီချင်းလိုက်ဆိုရင်း ကျွန်မ မျက်ရည်များစီးကျလာသည်။ "အကျွန့်နှလုံး၏သခင်သည် ကျွန်ုပ်မျက်မှောက်ပြုရာတည်း။ အခြားမရှိ၊ သခင်သာ ကျွန်ုပ်၏ကယ်တင်ခြင်း။ အကောင်းမြတ်ဆုံး တွေးဆင်ခြင်စရာ၌ နှစ်မျောလျက် နေ့ညမပြတ် နိုးလျက် အိပ်လျက်၊ သခင်၏တည်ရှိမှုသာ ကျွန်ုပ်၏အလင်းပါ။" ဘုရားသခင်၏အစဉ်အမြဲ တည်ရှိမှုကို အာရုံပြုရင်း ဧည့်ခန်းထဲ၌ ကိုယ်တော့်အား ကျွန်မဝတ်ပြုခဲ့သည်။
စုပေါင်းဝတ်ပြုခြင်းသည် အရေးကြီးပြီး လိုအပ်ကြောင်း သမ္မာကျမ်းစာမှ အခိုင်အမာဆိုသော်လည်း (ဟေ ၁၀:၂၅)၊ ဘုရားသခင်ကို ဘုရားကျောင်းအတွင်း ၌သာ ကန့်သတ်ထား၍မရပါ။ ရေတွင်း၌ ရှမာရိအမျိုးသမီးနှင့် အပြန်အလှန် စကားပြောဆိုစဉ် မေရှိယနှင့်ပတ်သက်ပြီး မျှော်လင့်ထားသည့်အရာမှန်သမျှကို သခင်ယေရှု ချေပပြောဆိုခဲ့သည်…
တစ်စစ ယိုယွင်းလာခြင်း
လည်ချောင်းယားခြင်းမှ အစပြုသည်။ အမလေး။ လည်ချောင်းယားခြင်းက တုပ်ကွေးသို့ ပြောင်းသွားသည်။ ၄င်းသည် လေပြွန်ဆိုင်ရာရောဂါ၏ အစဖြစ်သည်။ တုပ်ကွေးမှတစ်ဆင့် ကြက်ညှာချောင်းဆိုး၊ ထိုကြက်ညှာချောင်းဆိုးမှ အဆုတ်ရောင်ရောဂါအဖြစ်သို့ ဆိုက်ရောက်သွား၏။
ကြက်ညှာချောင်းဆိုးဟု အကြောင်းမဲ့ခေါ်ခြင်းမဟုတ်ပါ။ ရှစ်ပတ်ကြာ ချောင်းတဟွပ်ဟွပ်ဆိုးခြင်းကြောင့် ကျွန်ုပ်ငြိမ်ကုပ်သွားသည်။ ကိုယ့်ကိုယ်ကို အသက်ကြီးပြီဟု မခံယူသော်လည်း သက်ကြီးပိုင်းသို့ ခြေဦးလှည့်နေပြီဟု စဉ်းစားရတော့မည့် အရွယ်တော့ရောက်နေပါပြီ။ အသင်းတော်ရှိ ကျွန်ုပ်တို့အဖွဲ့ငယ်လေး၏ အဖွဲ့ဝင်တစ်ဦးက အသက်ရလာသည်နှင့်အမျှ ကြုံလာရသည့် ကျန်းမာရေးကိစ္စ အတွက် "တစ်စစယိုယွင်းလာခြင်း"ဟု ရယ်စရာအမည်ပေးထားသည်။ "လက်တွေ့" တွင်မူ တစ်စစကျန်းမာရေး ယိုယွင်းလာသည့်အဖြစ်က ရယ်စရာမဟုတ်ပါ။
ကောရိန္သုသြဝါဒစာဒုတိယစောင် အခန်းကြီး ၄ ၌ ရှင်ပေါလုကလည်း "ပျက်စီးယိုယွင်းလာခြင်း"နှင့်ပတ်သက်ပြီး သူ့နည်းသူ့ဟန်နှင့်ရေးသားထားသည်။ သူနှင့် သူ့အဖွဲ့သားများကြုံရသည့် ညှဉ်းပန်းနှိပ်စက်ခံရခြင်းအကြောင်းစုံကို ရေးသား ထားသည်။ သာသနာလုပ်ငန်းပြီးမြောက်အောင် အဖိုးအခကြီးစွာ ပေးဆပ်ရသည်။ "ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်"ရသည်ဟု သူဝန်ခံခဲ့သည်။ အသက်အရွယ်၊…
ကြီးကောင်ဝင်ချိန် ယုံကြည်ခြင်း
ဆယ်ကျော်သက်အရွယ်နှစ်များသည် ရံဖန်ရံခါ မိဘရော သားသမီးအတွက်ပါ ဘဝ၌ အလွန်ပင် စိတ်သောကပွားရသောအချိန်ဖြစ်သည်။ ကျွန်မ မြီးကောင်ပေါက်အရွယ် ဘဝစူးစမ်းမှု၌ အမေနှင့် "တသီးတခြား" ဖြစ်ရန်၊ အမေတန်ဖိုးထားသည့် အရာများကို လက်မခံ၊ သူ့စည်းကမ်းများကို ဆန့်ကျင်သည်။ မိဘတို့၏ ရည်မှန်းချက်များသည် ကျွန်မကို စိတ်မသက်မသာဖြစ်အောင်လုပ်ရန်မျှသာဖြစ်သည်ဟု သံသယဝင်ခဲ့သည်။ ထိုကိစ္စများအတွက် ကျွန်မတို့ သဘောတူညီမှုရယူခဲ့သော်လည်း ထိုအချိန်က ကျွန်မတို့၏ဆက်ဆံရေးမှာ တင်းမာမှုများနှင့်ပြည့်နေသည်။ မလိုအပ်သည့် စိတ်ခံစားမှုနှင့် ရုပ်ပိုင်းနာကျင် ခံစားရမှုများမှ ကာကွယ်ပေးမည်ကို သိလျက်နှင့်ပင် အမေ၏ အမြော်အမြင်နှင့်သွန်သင်မှုကို မနာခံသည့်အတွက် အမေ ဝမ်းနည်းခဲ့မည် မလွဲပါ။
ဘုရားသခင်၌လည်း သူ့သားသမီး ဣသရေလလူမျိုးများအတွက် အလားတူနှလုံးသားမျိုးရှိသည်။ ဘုရားသခင်သည် အသက်ရှင်မှုအတွက် ကျွန်ုပ်တို့သိပြီးသား ပညတ်တော်(၁၀)ပါးကို(တရား ၅:၇-၂၁) သူ၏ပညာတော်နှင့် ချမှတ်ပေးသည်။ ၄င်းတို့ကို စည်းမျဉ်းစည်းကမ်းများဟု ရှုမြင်နိုင်သော်လည်း "သူတို့နှင့်သားမြေး အစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း" ဟူ၍ (:၂၉)…
သင့်နာမည် ဘယ်လိုခေါ်ပါသလဲ
မိဘမှည့်ပေးသောနာမည်၊ အခြားသူပေးသောနာမည်(ကျွန်ုပ်တို့၏ဂုဏ်သတင်း)၊ မိမိကိုယ်ကိုပေးသောနာမည် (ကျွန်ုပ်တို့၏အကျင့်စရိုက်) စသည့်ဖြင့် ကျွန်ုပ်တို့ သည် လူ့ဘဝကို နာမည်သုံးမျိုးနှင့်ဖြတ်သန်းရသည်ဟု လူတစ်ဦးကပြောဖူးသည်။"ကောင်းသောအသရေကို များစွာသောဥစ္စာထက် သာ၍ရွေးစရာကောင်း၏။ သူတစ်ပါးစုံမက်ခြင်းကျေးဇူးသည် ရွှေငွေထက်သာ၍ကောင်း၏" (သု ၂၂:၁) ဟုဆိုသည့်အတွက် ကျွန်ုပ်တို့ကို အခြားသူများပေးသည့်နာမည်က အရေးပါသော်ငြားလည်း ကျွန်ုပ်တို့၏အကျင့်စရိုက်က ပိုအရေးကြီးပါသည်။
သို့သော် အရေးကြီးသည့် နောက်ထပ်နာမည်တစ်မျိုးရှိပါသေးသည်။ ပေရဂံမှ ခရစ်ယာန်များသည် ၎င်းတို့၏ဂုဏ်သတင်းအေပေါ် အနည်းငယ်အပြစ်တင်စရာ ရှိသော်လည်း ဖြားယောင်းသွေးဆောင်မှုကို တန်ပြန်ခုခံပြီး အောင်မြင်သောသူအတွက် ကောင်းကင်ဘုံ၌ အမည်နာမအသစ်ရှိထားကြောင်း သခင်ယေရှုက ၎င်းတို့ကို ပြောကြားသည်။ "အကြင်သူသည် အောင်မြင်၏။ ... ကျောက်ဖြူလက်ဖွဲ့ကိုလည်းကောင်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သော နာမသစ်ကိုလည်းကောင်း ထိုသူအား ငါပေးမည်" (ဗျာ ၂:၁၇)။
သခင်ယေရှုက ကျောက်ဖြူလက်ဖွဲ့ကိုပေးမည်ဟု အဘယ်ကြောင့်ကတိ ပေးခဲ့သည်ကို ကျွန်ုပ်တို့သေချာမသိပါ။ ေအောင်မြင်မှုအတွက် ဆုလား၊ မေရှိယ ကယ်တင်ရှင်၏ညစာစားပွဲသို့ ဝင်ခွင့်အမှတ်အသားလား။ ခုံသမာဓိအဖွဲ့ဝင်များ…
သင်လိုအပ်သမျှ
မိသားစုပြန်လည်တွေ့ဆုံပွဲတွင် ကျွန်မ၏မိသားစုနှင့် ဆွေမျိုးများ အတူတကွ ပျော်ရွှင်စွာ စားသောက်ကြလျက် ကျွန်မလည်း အလွန်ပျော်ပါသည်။ သို့သော် "ဒီနေရာမှာ နင်က ကိုယ်ပိုင်မိသားစုရယ်လို့ ခေါ်စရာမရှိတဲ့ တစ်ဦးတည်းသော အမျိုးသမီးပဲ" ဆိုသောအတွေးသည် ကျွန်မအား စိတ်ခြောက်ခြားသွား စေခဲ့သည်။
ကျွန်မကဲ့သို့ အိမ်ထောင်မရှိသောအမျိုးသမီး အများအပြားသည်လည်း အလားတူ အတွေ့အကြုံများရှိကြသည်။ အိမ်ထောင်ရေးနှင့် ကလေးများကို အလွန်တန်ဖိုးထားကြသည့် ကျွန်မတို့၏အာရှယဥ်ကျေးမှုတွင် ကိုယ်ပိုင်မိသားစု မရှိခြင်းသည် မပြည့်စုံခြင်းသဘော သက်ရောက်စေသည်။ သင်၏ဖြစ်တည်မှုနှင့် သင့်ကို ပြီးပြည့်စုံစေသည့် အရာတစ်ခုခု ကင်းမဲ့နေသည်ဟု ခံစားရစေသည်။
ထို့ကြောင့်ပင် ထာဝရဘုရားသည် ကျွန်မခံစားရာအဖို့ "အမွေ"ဖြစ်သည် ဟူသော အမှန်တရားသည် ကျွန်မအား အလွန်စိတ်သက်သာရာရစေပါသည် (ဆာ ၇၃:၂၆)။ ဣသရေလအမျိုးအနွယ်တို့အား မြေယာခွဲဝေသတ်မှတ်ပေးရာတွင် လေဝိအမျိုးသားတို့အား မြေယာမခွဲဝေပေးခဲ့ပေ။ ထိုအစား ဘုရားသခင်သည် သူကိုယ်တော်တိုင်က လေဝိအမျိုးတို့ ခံစားရာအမွေဖြစ်တော်မူသည်ဟု ကတိတော်ပေးခဲ့သည် (တရား ၁၀:၁၁)။…
ပျှော်ရွှင်စွာသင်ယူခြင်း
အိန္ဒိယနိုင်ငံ Mysore (မိုင်ဆို)မြို့တွင် မီးရထားတွဲနှစ်တွဲဖြင့် တည်ဆောက်ထားသော ကျောင်းတစ်ကျောင်းရှိသည်။ ဒေသခံကျောင်းဆရာများသည် အနောက်တောင်ပိုင်း ရထားကုမ္ပဏီနှင့် ပူးပေါင်းကာ စွန့်ပစ်ရထားတွဲများကို ဝယ်ယူ၍ ပြန်လည်မွမ်းမံခဲ့သည်။ ရထားတွဲများသည် သတ္တုပုံးကြီးများသာဖြစ်ပြီး ပရိဘောဂများ မတပ်ဆင်မီအထိ ၄င်းတို့ကို အသုံးပြု၍ မရခဲ့ပေ။ ထိုအံ့သြဖွယ် ပြုပြင်ပြောင်းလဲမှုများကြောင့် ယခုအခါတွင် ကျောင်းသားကျောင်းသူ ၆၀ သည် ကျောင်းတက်နိုင်ပြီဖြစ်သည်။
"စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့" (ရော ၁၂:၂) ဟူသော ရှင်ပေါလု၏အမိန့်ကို ကျွန်မတို့လိုက်နာပါက သာ၍ အံ့ဖွယ်ကောင်းသောအရာ ဖြစ်ပေါ်လာပါသည်။ လောကနှင့် လောကအကျင့်စရိုက်များမှ ဖယ်ထုတ်ပေးရန် သန့်ရှင်းသောဝိညာဥ်တော်ကို အခွင့်ပေးသည့်အခါ ကျွန်မတို့၏ အတွေးအခေါ်နှင့်သဘောထားများ စတင်ပြောင်းလဲလာပြီး၊ ကျွန်မတို့သည် ပို၍ချစ်ခင်ကြင်နာတတ်လာသည်။ ပို၍မျှော်လင့်ချက်ရှိလာသည်။ ငြိမ်သက်ခြင်းနှင့် ပြည့်ဝလာသည် (၈:၆)။
နောက်ထပ်အရာတစ်ခု ဖြစ်ပေါ်သေးသည်။ ဤပြုပြင်ပြောင်းလဲခြင်းဖြစ်စဥ်သည် အစဥ်မပြတ်ဖြစ်ပေါ်နေပြီး ရပ်လိုက်၊ ဆက်သွားလိုက် ဖြစ်နေတတ်သည်။ သို့သော်…
ဣခဗုဒ်၏ထွက်ပြေးမှု
Washington Irving (ဝါရှင်တန်အာဗင်)သည် သူ၏ဝတ္တု The Legend of Sleepy Hollow (အိပ်ချင်နေသောချိုင့်ကြီးပုံပြင်) တွင် ကတ်ထရီးနား ဟူသော မိန်းမပျိုကို လက်ထပ်လိုသော ကျောင်းဆရာဣခဗုဒ်ကရိန်းနှင့် အဓိကဇာတ်ကောင် ဖြစ်သည့် ကိုလိုနီခေတ်ကျေးလက်များ၌ တစ္ဆေခြောက်နေသော ခေါင်းပြတ် မြင်းစီးသမားတို့ ပါဝင်သည်။ တစ်ညတွင် ဣခဗုဒ်သည် ထိုမြင်းစီးသမားနှင့် ပက်ပင်းတိုးပြီးနောက် ထိုရွာမှထွက်ပြေးသွားတော့သည်။ ထိုမြင်းစီးသမားသည် ကတ်ထရီးနားအား ဣခဗုဒ်နှင့်ပြိုင်ပိုးနေသူဖြစ်ပြီး နောက်ပိုင်းတွင် သူမနှင့် လက်ထပ်သွားသည်။
ဣခဗုဒ်ဟူသောအမည်ကို သမ္မာကျမ်းစာ၌ အရင်ဆုံးတွေ့ရှိရပြီး သူ၌ စိတ်ပျက်အားငယ်စရာ နောက်ကြောင်းရှိသည်။ ဖိလိတ္တိလူတို့နှင့်စစ်ဖြစ်စဉ် ဣသရေလလူမျိုးတို့သည် ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ကို တိုက်ပွဲဖြစ်ရာနေရာသို့ သယ်သွားသည်။ ဣသရေလစစ်တပ်သည် ပြင်းထန်စွာချေမှုန်းခံခဲ့ရပြီး သေတ္တာတော် သည်လည်း ရန်သူလက်သို့ရောက်သွားသည်။ ယဇ်ပရောဟိတ် ဧလိ၏သား ဟောဖနိနှင့် ဟိနဖတ်တို့ အသတ်ခံရပြီး (၁ ရာ ၄:၁၇)၊ ဧလိကိုယ်တိုင်လည်း ကွယ်လွန်ခဲ့သည်…
အကန့်အသတ်မဲ့
အလုပ်အပြီးသတ်ရန် သတ်မှတ်ထားသောရက်များ နီးကပ်လာသည်နှင့်အမျှ ကျွန်တော် မအီမသာ ဖြစ်နေသည်။ စားသောက်ဆိုင်၌ထိုင်ရင်း အသားညှပ် ပေါင်မုန့်ကို တစ်ကိုက်ကိုက်လိုက်သည်။ ပတ်ဝန်းကျင်၌ မိမိတို့၏လုပ်ငန်း ဆောင်တာများအတွက် လူတို့ဗျာများလျက် သွားလာနေကြသည်။ လူသား များသည် 'အချိန်၊ စွမ်းအင်နှင့် လုပ်ဆောင်နိုင်စွမ်းတို့တွင် အကန့်အသတ် ရှိနေကြောင်း' ကျွန်တော်ဆင်ခြင်မိပါသည်။
အရေးကြီးသောအလုပ်များအတွက် ဦးစားပေးလုပ်ရန် စာရင်းသစ်တစ်ခုကို ရေးဆွဲရန် စဥ်းစားလိုက်သော်လည်း အခြားအတွေးတစ်ခုက ခေါင်းထဲဝင်လာသည်။ အဆုံးအစမရှိ၊ အကန့်အသတ်မရှိသော၊ သူ့အလိုမှန်သမျှကို လွယ်ကူစွာ ပြီးမြောက်စေသော တစ်ပါးတည်းသောဘုရား၏အကြောင်းကို စဥ်းစားမိပါသည်။
ဤဘုရားသည် ပင်လယ်ရေများကို လက်ခုပ်ဖြင့်ချင်တွယ်သူ၊ မြေမှုန့်ကို တင်းတောင်းဖြင့် ချင့်တွက်သူ (ဟေ ၄၀:၁၂)၊ ကြယ်တို့ကိုနာမည်ဖြင့် မှည့်ခေါ် ထုတ်ဆောင်သောသူ (:၂၆)၊ မင်းတို့ကိုရှုံ့ချ၍ ၎င်းတို့ကောင်းစွာ ပြုသည်မပြုသည်ကို စောင့်ကြည့်သောသူ (:၂၃)၊ ကျွန်းတို့ကို လွင့်တတ်သောအဏုမြူကဲ့သို့မှတ်၍ လူအမျိုးမျိုးတို့ကို ရေစက်မှကျသောရေကဲ့သို့ မှတ်သောသူ (:၁၅)ဟု…