သတိပေးချက်များကို အလေးထားခြင်း
နိုင်ငံခြားသို့ အလည်အပတ်ခရီးထွက်ခဲ့စဉ်က ခါးပိုက်နှိုက်သမားတစ်ဉီးက ကျွန်ုပ် ပစ္စည်းကို အလစ်သုတ်ရန်ကြိုးစားသည်။ ခရီးသွားစဥ် မြေအောက်ရထားမှ သူခိုးအလစ်သမားများ၏ အန္တရာယ်သတိပေးချက်များကို ကျွန်ုပ်ဖတ်ထား၍ ပိုက်ဆံအိတ် ပါမသွားအောင် မည်သို့ကာကွယ်ရမည်ကို သိသည်။ သို့သော် ၎င်းကို ကြုံရမည်ဟု လုံးဝ မျှော်လင့်မထားပါ။
ကံကောင်းချင်တော့ အလစ်သုတ်သမားလေးက လက်ချော်ပြီး သူလုလိုက် သည့် ပိုက်ဆံအိတ်က ကြမ်းပြင်သို့ ပြုတ်ကျသွားသဖြင့် ကျွန်ုပ်ပိုက်ဆံအိတ် ပြန်ရခဲ့သည်။ သို့သော် ထိုအဖြစ်အပျက်က သတိပေးချက်ကို အလေးထားသင့် ကြောင်း ကျွန်ုပ်ကို သတိပေးနေတော့သည်။
ဘဝကို မပျော်မွေ့မခံစားရအောင် ဆီးတားသည်အထင်နှင့် သတိပေးချက် များကို အချိန်ရှိသရွေ့ ကျွန်ုပ်တို့ မတွေးချင်ကြပါ။ သို့သော် သတိပေးချက်များကို မဖြစ်မနေအလေးထားရန် အရေးကြီးပါသည်။ ဉပမာ - ဘုရားသခင်၏နိုင်ငံတော်တည်လုနီးပြီးဖြစ်ကြောင်း သတင်းကြားပြောရန် တပည့်တော်တို့ကို စေလွှတ်ရာ၌ သခင်ယေရှုသည် ရှင်းလင်းစွာ သတိပေးခဲ့ပါသည် (မ ၁၀:၇)။…
နှုတ်ကပတ်တော်ထံ လှည့်ပြန်ရမည့်အချိန်
လက်ရှိ ကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေသည့် အဖြစ်ပျက်များကို မီဒီယာများမှတဆင့် ကြားနေ၊ မြင်နေရသည့်အခါ အများစုမှာ သတင်းဆိုးများဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို တစ်ကမ္ဘာလုံး ကြုံတွေ့လာရသည်မှာ တစ်နှစ်ကျော် နှစ်နှစ်အတွင်းရောက်ရှိလာပြီဖြစ်ကာ ထိုကပ်ဘေးကြောင့် ဘဝ၏ ပုံမှန်ရှင်သန်လည်ပတ်နေမှုများ၊ အနာဂတ်မျှော်လင့်ချက်အိပ်မက်များ အားလုံးနီးပါး ကသောင်းကနင်းဖြစ်ကုန်သည်။ နိုင်ငံရေးပဋိပက္ခများ၊ စစ်မက်များ ဖြစ်ပွားလျက်ရှိသည့် ထိလွယ် ရှလွယ်နိုင်ငံများတွင် နဂိုရှိနေသည့် အခက်အခဲဒုက္ခများကို ကိုရိုနာကပ်ဘေးက လောင်စာထပ် လောင်းထည့်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။ အရာရာအားလုံး အထိန်းအကွပ် မဲ့နေသကဲ့သို့ပင်။
ကူရာကယ်ရာအဖြစ် ခေတ်မီနည်းပညာများ၊ ကျွမ်းကျင်ပညာရှင်များ၊ အစိုးရမင်းများနှင့် မိတ်ဆွေ သင်္ဂဟများ အစရှိသည်တို့ကို အားကိုးအားထားပြုရန် ကြိုးစားကြသည်။ သို့သော် အချို့သောဘဝများမှာ ကူရာကယ်ရာမဲ့ ကြွေလွင့်ကြရသည်။ မိမိချစ်ခင်ရသော အသိအကျွမ်းဆွေးမျိုးများ တစ်ဦးပြီးတစ်ဦး ဆုံးရှုံးလွင့်ပါးသွားသည့်သတင်များ ကြားရသည့်အခါ ရင်ထဲမချိတင်ကဲ ဖြစ်ရသည်။
သို့ရာတွင် ယခုအချိန်သည် ယုံကြည်သူများအနေဖြင့် နှုတ်ကပတ်တော်တည်းဟူသော သခင်ယေရှုထံ လှည့်ပြန်ရမည့်အချိန်ဖြစ်သည်။ GPS…
ဘုရားသခင်၏ဖြည့်ဆည်းထောက်ပံ့ပေးမှု
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ရွာလေးတစ်ရွာနှင့်ဝေးသည်ထက်ဝေးသည့် တောနက်ထဲသို့ ကျွန်မတို့တစ်စစတိုးဝင်ပြီး ခရီးသွားခဲ့သည်။ တစ်နာရီထက်မက ခြေလျင်သွားပြီးနောက် နားကွဲမတတ်မြည်ဟီးသည့်ရေသံကို ကြားရပြီး ကျွန်မတို့၏ခြေလှမ်းများမြန်လာသည်။ မကြာမီတွင် မီးခိုးရောင်ကျောက်ကြားမှ စီးကျ လာသည့် အဖြူရောင်ကန့်လန့်ကာပမာ လှပသောရေတံခွန်မြင်ကွင်းကြီးက ကျွန်မတို့ကို ဆီးကြိုနေတော့သည်။ အံ့မခမ်းလှလိုက်ပါဘိ။
ကျွန်မတို့နှင့်အတူ အဖော်လိုက်ပါလာသည့် တောင်တက်ဖော် ရွာသားများက ကျွန်မတို့အတွက် ပျော်ပွဲစားစီစဉ်ပေးရန် တစ်နာရီစော၍ သူတို့ထွက်သွားသည်။ အကြံကောင်းဖြစ်သော်လည်း အစားအသောက်များမရှိပါ။ ကျွန်မတို့ စားစရာများ မယူခဲ့ပါ။ သို့သော် ထိုမိတ်ဆွေများက အနီးအနားတောထဲသို့ အလျှိုလျှို တိုးဝင်လျက် ပျောက်သွားပြီး အမျိုးစုံလင်လှသည့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်၊ ငါးများနှင့် ပြန်ရောက်လာသည်။ Shuixiangcai (ရွေစရန်းချိုက်)ဟုခေါ်သည့် ခရမ်းရောင်အပွင့်နှင့် ဟင်းရွက်တစ်မျိုးမှာ ဆန်းပြားသော ပုံစံဖြစ်သော်လည်း အရသာမှာ ထူးကဲကောင်းမွန်လှသည်။
ဖန်ဆင်းထားသောအရာများက ဘုရားသခင်၏သူမတူအောင် ကြီးကျယ် ခန့်ညားသည့် မစထောက်ပံ့မှုကို ကြွေးကြော်နေကြောင်း ကျွန်မကို သတိပေးလာ…
ရန်သူကိုချစ်ခြင်း
ကျွန်တော့်ကို သူမမတွေ့မီ အခန်းတစ်ခုထဲသို့ ကျွန်တော်ရှောင်ဝင်လိုက်သည်။ ပုန်းနေရခြင်းကို ကျွန်တော်ရှက်သော်လည်း သူမနှင့်ထိပ်တိုက်မတွေ့လို၊ ဖြစ်နိုင်လျှင် တွေ့ပင်မတွေ့ချင်ပါ။ ကိုယ့်နေရာကိုယ်နေဟု သူမကို ပြောလိုက်ချင်ပါသည်။ အတိတ်မှ သူမ၏အပြုအမူကြောင့် ကျွန်တော်အလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်ခဲ့သော်လည်း ကျွန်တော်က သူ့ကိုမခံချိမခံသာဖြစ်အောင် ပိုလုပ်ခဲ့မိပုံရသည်။
ယုဒလူနှင့် ရှမာရိလူတို့သည် တစ်ဉီးနှင့်တစ်ဉီးအပြန်အလှန်မခံချိမခံသာဖြစ်အောင်လုပ်ကြသည်။ ကပြားသွေးနှောသူ ရှမာရိတို့က ၎င်းတို့၏ကိုယ်ပိုင် နတ်ဘုရား ကို ကိုးကွယ်သည်မှာ ယုဒတို့အမြင်၌ ယုဒအမျိုးနှင့်ယုံကြည်ခြင်းကို ဖျက်ဆီးသူ၊ ဂေရဇိန်တောင်ပေါ်၌ စစ်ပြိုင်ဘာသာရေးထူထောင်သူများဖြစ်သည် (ယော ၄:၂၀)။ ထို့ပြင် ရှမာရိတို့အပေါ် ယုဒတို့မထီမဲ့မြင်ပြုပုံကား ယေရုရှလင်သို့သွားလျှင် ရှမာရိ ပြည်ကို တိုက်ရိုက်မဖြတ်ဘဲ ခရီးဝေးသော်လည်း ကွေ့ပတ်ကာ သွားကြသည်။
သခင်ယေရှုသည် သာ၍ကောင်းသောလမ်းကို ဖော်ပြခဲ့သည်။ ရှမာရိလူတို့ အပါအဝင် လူအပေါင်းတို့အတွက် ကယ်တင်ခြင်းကို သခင်ဆောင်ယူခဲ့သည်။ ထို့ကြောင့် အပြစ်များသောအမျိုးသမီးနှင့် သူမ၏မြို့အတွက် အသက်ရေကိုပေးရန် ရှမာရိပြည်အလယ်၌ ဖြတ်လျှောက်သွားခဲ့သည် (:၄-၄၂)။ တပည့်တော်တို့အား…
ရန်တုံ့မမူဘဲ
လယ်သမားတစ်ဉီးသည် ကောက်နှံများကိုကြည့်ရှုစစ်ဆေးရန် လယ်တောသို့ သူ၏ထရပ်ကားလေးဖြင့် မနက်စောစောသွားခဲ့သည်။ သူ၏လယ်အစွန်ဆုံး ပိုင်းသို့ ရောက်သောအခါ သူ့ဒေါသများ ဆူပွက်သွားသည်။ လယ်မြေအစွန်ပိုင်း လူသူဝေးရာဖြစ်သည်ကို အခွင့်ကောင်းယူပြီး လူတစ်ဉီးက အမှိုက်သရိုက်များကို ထပ်ပြီး လာပုံထားခြင်းကြောင့်ဖြစ်သည်။
စားကြွင်းစားကျန်အမှိုက်အိတ်ကို သူကားပေါ်တင်လိုက်စဉ် စာအိတ် တစ်အိတ်ကိုတွေ့သဖြင့် ကြည့်လိုက်ရာ အမှိုက်လာပစ်သူ၏လိပ်စာကို တွေ့လိုက် ရသည်။ ထိုအခွင့်အရေးကို လက်လွတ်ရန် နှမျောစရာကောင်းလှပါဘိ။ ထိုညတွင် လယ်သမားကြီးသည် သူတင်လာသည့်အမှိုက်များသာမက သူ့အမှိုက်များကိုပါ ထိုသူ၏ခြံအတွင်းသို့ သွားပစ်ခဲ့တော့သည်။
လက်စားချေခြင်းက ချိုမြိန်သည်ဟု ဆိုကြသည်။ သို့သော် ၎င်းသည် မှန်ပါ သလား။ ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၂၄ တွင် ဒါဝိဒ်နှင့် သူ့လူများသည် ၎င်းတို့ကိုလိုက်သတ်နေသည့် ရှောလုမင်း၏ရန်မှ လွတ်အောင် ဂူတစ်ဂူ၌ ပုန်းအောင်း နေကြသည်။ ရှောလုမင်း ကလည်း ခေတ္တနားနေရန် ထိုဂူထဲသို့ပင် ဝင်လာခဲ့သည်။ ဒါဝိဒ်အနေနှင့် ရန်တုံ့ပြန်ရန်…
မုန်တိုင်းကြား၌ ချီပွေ့ပို့ဆောင်တော်မူ၏
၁၈၃၀ ခုနှစ်က စကော့လူမျိုး သာသနာပြုဆရာ Alexander Duff (အလက်ဇန္ဒြားဒဖ်)သည် အိန္ဒိယပြည်သို့ ပထမဆုံး ရေကြောင်းခရီးဖြင့်သွားခဲ့ရာ၊ တောင်အာဖရိကကမ်းလွန် ရေပြင်၌ မုန်တိုင်းမိပြီး သင်္ဘောပျက်စီးနှစ်မြှုပ်သွားသည်။ သူနှင့်တစ်လှေတည်းစီး ခရီးသွားသူချင်းတို့သည် လူမဲ့ကျွန်းငယ် တစ်ကျွန်းသို့ ရောက်ရှိသောင်တင်ပြီး မကြာမီမှာပင် ကမ်းခြေသို့မျှောပါ ရောက်လာသည့် ဒဖ်၏ကျမ်းစာအုပ်ကို ၎င်းတို့အဖွဲ့သားတစ်ဉီးက တွေ့ရှိခဲ့ သည်။ စာအုပ်ခြောက်သွားသောအခါ ဒဖ်က ဆာလံကျမ်း အခန်းကြီး ၁၀၇ ကို ဖတ်ပြပြီး သူတို့ခွန်အားယူကြသည်။ နောက်ဆုံးတွင် ၎င်းတို့ကယ်ဆယ်ခံရပြီး နောက်တစ်ကြိမ် သင်္ဘောပျက်ပြီးမှ ဒဖ်တို့ အိန္ဒိယသို့ ရောက်ရှိသွားသည်။
ဆာလံကျမ်း အခန်းကြီး ၁၀၇ တွင် ဣသရေလလူတို့အား ဘုရားသခင်ရွေးနုတ်ကယ်တင်ခြင်းအကြောင်းအချို့ကို ဖော်ပြထားသည်။ "လေပြင်းကို ပျောက်စေတော်မူ၍ လှိုင်းတံပိုးများသည် ငြိမ်ဝပ်ကြ၏။ ထိုသို့ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏။ အလိုရှိရာသင်္ဘောဆိပ်သို့ ပို့ဆောင်တော်မူ၏" (:၂၉-၃၀) ဟူသည် ကျမ်းပိုဒ်ကို…
ပရမ်းပတာအခြေအနေထဲမှ ငြိမ်သက်ခြင်း
ဗြောက်အိုးသံဟုထင်ရသောအသံကြောင့် ဂျိုအန်းသည် အိပ်နေရာမှ နိုးလာ သည်။ မှန်ကွဲသံဖြစ်သည်။ တစ်ယောက်တည်းမနေခဲ့မိလျှင်ကောင်းသားဟု တွေးပြီး ဘာဖြစ်နေသည်ကို သိရှိနိုင်ရန် အိပ်ယာမှထခဲ့သည်။ မှောင်မည်းနေ သောလမ်း၌ လူသူလေးပါးကင်းမဲ့နေပြီး အိမ်မှာလည်း အကောင်းပကတိ ရှိပုံပေါ်ပါသည်။ ထို့နောက်မှ ကွဲကြေနေသောကြည့်မှန်ကိုတွေ့လိုက်ရသည်။
စုံစမ်းစစ်ဆေးသူများက ဓာတ်ငွေ့ပိုက်လိုင်း၏ လက်မဝက်မျှအကွာတွင် ကျည်ဆံတစ်တောင့်ကို တွေ့ရှိခဲ့သည်။ အကယ်၍သာ ပိုက်လိုင်းကို ကျည်ဆံမှန်ခဲ့ ပါက သူလည်း အသက်ရှင်နိုင်မည် မဟုတ်လောက်ပါ။ ထိုကျည်ဆံသည် အနီးအနားရှိတိုက်ခန်းများမှ ချော်ထွက်လာကြောင်း နောက်မှ ဖော်ထုတ်တွေ့ရှိခဲ့ သော်လည်း လတ်တလောတွင်မူ အိမ်၌ ရှိနေရသည်ကို ဂျိုအန်းကြောက်လန့်နေ မိသည်။ သူမသည် ငြိမ်သက်ခြင်းရှိရန် ဆုတောင်းခဲ့ပြီး မှန်ကွဲစများရှင်းလင်းပြီး သည်နှင့် တစ်ပြိုင်နက် သူမ၏စိတ်နှလုံးသည် သက်သာရာရခဲ့ပါသည်။
အခက်အခဲ ပြဿနာကြုံရသောအချိန်တွင် ဘုရားသခင်အားမျှော်ကြည့်ရန် ဆာလံကျမ်း အခန်းကြီး ၁၂၁ က ကျွန်ုပ်တို့ကို သတိပေးနှိုးဆော်နေသည်။ "ကောင်းကင်နှင့်မြေကြီးကို…
အောက်မေ့သတိရလျက် ချီးကျူးဂုဏ်ပြုပါ
၁၉၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်တွင် ဖြစ်ခဲ့သော ပေါက်ကွဲမှုများသည် အမေရိကန်နိုင်ငံ၊ West Virginia (အနောက်ဗာဂျီးနီးယား)ပြည်နယ်ရှိ ရပ်ရွာလူထုကို တုန်လှုပ် ခြောက်ခြားစေခဲ့ပြီး၊ ကျောက်မီးသွေးတွင်းလုပ်ငန်း၏ သမိုင်းတစ်လျှောက်တွင် အဆိုးဝါးဆုံးကပ်ဘေးကို ဖြစ်ပေါ်စေခဲ့သည်။ အလုပ်သမား ၃၆၀ ခန့်သေဆုံးခဲ့ရပြီး၊ အမျိုးသမီး ၂၅၀ ခန့် မုဆိုးမများ ဖြစ်သွားသည်။ ကလေးသူငယ် ၁၀၀၀ ခန့် ဖတဆိုး များဖြစ်ခဲ့သည် ဟုခန့်မှန်းရသည်။ အမေရိကန်၌ ဤအဖြစ်အပျက်ကို အောက်မေ့ သတိရခြင်း အခမ်းအနားမှအခြေခံပြီး ဖခင်များနေ့ဂုဏ်ပြုကျင်းပခြင်း ဖြစ်ပေါ်လာ သည်ဟု သမိုင်းပညာရှင်များက ခံယူထားကြသည်။ ကြီးမားသော ဆုံးရှုံးမှု မှသည် အောက်မေ့သတိရခြင်းဖြစ်ပေါ်ပြီးနောက် ဂုဏ်ပြုအခမ်းအနား ဖြစ်လာသည်။
လူ့သမိုင်းတွင် အကြီးမားဆုံးအဖြစ်ဆိုးမှာ လူသားများက သူတို့၏ဖန်ဆင်းရှင်ကို ကားစင်တင်ခဲ့ခြင်းဖြစ်သည်။ သို့တိုင်အောင် ထိုမှောင်မိုက်သောကာလသည် သတိရအောက်မေ့ခြင်းနှင့် ဂုဏ်ပြုခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။ ယေရှုသည် သူကားစင်သို့မတက်မီညတွင်…
သင်၏ဖြစ်ကြောင်းကုန်စင်ကို ဘုရားရှင် သိသည်
ကျွန်မ၏အချစ်ဆုံးသူငယ်ချင်းနှင့်အတူ နေ့လည်စာစားပြီးနောက် အိမ်သို့ ကား မောင်းပြန်ခဲ့စဥ် သူနှင့်မိတ်ဆွေဖြစ်ရခြင်းအတွက် ဘုရားသခင်အား နှုတ်မှဖွင့်ဟကာ ကျေးဇူးတင်ခဲ့မိသည်။ ကိုယ့်ကိုကိုယ်ပင် မကြိုက်သောအရာများ ရှိလျက်ပင် သူက ကျွန်မကို နားလည်ပြီး ချစ်သည်။ ကျွန်မ၏ထူးခြားသောစရိုက်၊ အကျင့်နှင့် အလွဲ အချော်များစသည့် ကျွန်မ၏ပုံစံအမှန်အတိုင်းကို လက်ခံပေးသော လူအနည်းစုထဲမှ တစ်ဦးဖြစ်သည်။ သို့ဖြစ်လျက်ပင် ကျွန်မလူစွမ်းကောင်း လုံးဝမဖြစ်ခဲ့သော အချိန် များ၊ အခြားသူများကို ကျွန်မဝေဖန်အပြစ်မြင်ခဲ့သော၊ မကြင်နာခဲ့သော၊ မခင်မင်တတ်ခဲ့သောအချိန်များစသည်ဖြင့် - သူမနှင့်အခြား ကျွန်မချစ်ခင်နှစ်သက်သူများ အား ပြောပြရန် တွန့်ဆုတ်နေသေးသော ဘဝအကြောင်းများ ရှိနေသေးသည်။
သို့သော် ဘုရားသခင်သည် ကျွန်မဘဝ၏ ဖြစ်ကြောင်းကုန်စင် အားလုံးကို သိပါ သည်။ အကယ်၍ ကျွန်မက အခြားသူများကိုပြောပြရန် တွန့်ဆုတ်နေလျှင်သော်မှ ဘုရားရှင်သည် ကျွန်မပွင့်လင်းစွာ ပြောဆိုနိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။
ကျွန်ုပ်တို့ ရင်းနှီးပြီးသားဖြစ်သော ဆာလံကျမ်း အခန်းကြီး…
သမ္မာကျမ်းစာကို ယုံကြည်ကိုးစားခြင်း
ကျော်ကြားသော ဧဝံဂလိတရားဟောဆရာကြီး Billy Graham (ဘီလီဂရေဟမ်) သည် သမ္မာကျမ်းစာ လုံးဝမှန်ကန်သည်ဟု လက်ခံနိုင်ရန် ကြိုးစားခဲ့ရကြောင်း တစ်ခါက ပြန်လည်ပြောပြခဲ့ဖူးသည်။ တစ်ည၌ San Bernardino (ဆန်ဘာနာ ဒီနို) တောင်ရှိ ဆိတ်ငြိမ် ရိပ်သာတွင် လရောင်အောက်ဝယ် သူတစ်ယောက်တည်း လမ်းလျှောက်နေရင်း ဒူးထောက်ချလိုက်ပြီး သူ၏သမ္မာကျမ်းစာကို သစ်ငုတ်ပေါ် တွင် တင်လိုက်ကာ "အိုအဘဘုရားသခင်၊ ဤစာအုပ်ထဲတွင် ကျွန်တော်နားမလည် သောအရာ များစွာရှိပါ၏" ဟု အထစ်ထစ်အငေါ့ငေါ့ဖြင့် ဆုတောင်းခဲ့သည်။
သူ၏ဇဝေဇဝါရှုပ်ထွေးနေမှုကို ဖွင့်ဟဝန်ခံခြင်းဖြင့် နောက်ဆုံးတွင် "အဘ၊ ကျွန်တော်သည် ဤသမ္မာကျမ်းစာကို ကိုယ်တော်၏နှုတ်တော်ထွက်အဖြစ် ယုံကြည် ခြင်းဖြင့် လက်ခံပါတော့မည်" ဟု ဝန်ခံနိုင်အောင် သန့်ရှင်းသောဝိညာဥ်တော်သည် မစလျက် လွတ်မြောက်မှုပေးခဲ့သည်ဟု ဂရေဟမ် ဆိုခဲ့သည်။ သူပြန်ထရပ်ချိန်တွင် သူ့၌မေးခွန်းများစွာ ရှိနေသေးသော်လည်း "ကျွန်တော့်စိတ်ထဲရှိ ဝိညာဥ်ရေးရာ တိုက်ပွဲကို တိုက်ခိုက်အနိုင်ရခဲ့ပြီဖြစ်ကြောင်း…