သက်တန့်စက်ဝန်းရောင်စဉ်
ခြေလျင်တောင်တက်ခရီးစဉ်တစ်ခုတွင် အနိမ့်ပိုင်းရှိတိမ်များ၏အထက်တွင် ရောက်နေကြောင်း အေဒရီယန် သတိပြုမိလိုက်သည်။ နေက သူ့အနောက်၌ ရှိနေပြီး ငုံ့ကြည့်လိုက်စဉ် သူ့အရိပ်ကြီးသာမက နာမည်ကြီး Brocken သက်တန့်စက်ဝန်းကို တွေ့လိုက်ရသည်။ ၎င်းသည် လူ့အရိပ်ကို ဝိုင်းထားသည့် သက်တံ့ရောင်စဉ်စက်ဝန်းဖြစ်ပြီး အနိမ့်ပိုင်းတိမ်နှင့်မျက်နှာချင်းဆိုင် အပေါ်ဘက်မှ နေထိုးသောအခါ ထိုသို့ဖြစ်ပေါ်သည်။ အေဒရီယန်က အလွန့်အလွန် ကျေနပ်လျက် ၎င်းကို "အံ့ဖွယ်အခိုက်အတန့်"ဟု ခေါ်သည်။
ပထမဉီးဆုံးသက်တန့်ကို နောဧမြင်လိုက်ရချိန်၌ ထိုနည်းတူဖြစ်ခဲ့လိမ့်မည် ဟု တွေးကြည့်နိုင်ပါသည်။ ကြည့်ကောင်း၍ ကျေနပ်ပျော်ရွှင်ရခြင်းထက်မက ရောင်စဉ်ဖြာအလင်းတန်းနှင့်အတူ ဘုရားသခင်၏ကတိတော်ကို ခံယူခဲ့ရသည်။ ရေလွှမ်းမိုးပြီးသည်နောက် နောဧနှင့် "အသက်ရှင်သောသတ္တဝါ" ခပ်သိမ်းသော သတ္တဝါတို့ကို ပျက်စီးခြင်းငှာ နောက်တစ်ဖန် ရေလွှမ်းမိုးခြင်းမရှိရဟု ဘုရားရှင် မိန့်ကြားခဲ့သည် (က ၉:၁၅)။
ကမ္ဘာမြေ၌ ဝမ်းနည်းဖွယ် ဆုံးရှုံးပျက်စီးမှုများဖြစ်စေသည့် ရေလွှမ်းမိုးမှုများ၊ ရာသီဉတုဖောက်ပြန်မှုများကို ခံစားခဲ့ရဆဲဖြစ်သော်လည်း သက်တန့်သည် ရေလွှမ်းမိုးခြင်းဖြင့် လောကကြီးကို မစီရင်တော့မည်အကြောင်း…
တစ်ဖန် ပွင့်လန်းဝေဆာစေ
နေရောင်နှင် ရေလုံလောက်စွာ ရရှိပါက ကယ်လီဖိုးနီးယားပြည်နယ် Antelope ချိုင့်ဝှမ်းနှင့် Figueroa တောင်ပေါ်ဒေသတို့၌ တောပန်းများနှင့် ပန်းကော်ဇောကြီး လွှမ်းသွားသည်။ သို့သော် မိုးခေါင်လျှင် မည်သို့ဖြစ်မည်နည်း။ မိုးခေါင်လျှင် တောပန်းအချို့သည် ၎င်းတို့၏မျိုးစေ့အား မြေဆီကို တိုးထွက်ဖူးပွင့်ရန် အခွင့် မပေးဘဲ မြေအောက်၌ မြောက်များစွာသောမျိုးစေ့များကို သိုထားလိုက်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိခဲ့သည်။ မိုးခေါင်သည့်ကာလလွန်သွားမှ သိုထားသော မျိုးစေ့များ အပင်ပေါက်ကာ တစ်ဖန် ပွင့်လန်းဝေဆာလာတော့သည်။
ရှေးဣသရေလလူတို့သည်လည်း အဲဂုတ္တုပြည်၏ ကြမ်းတမ်းသော အခြေအနေများကြားတွင် ရုန်းကန်ရှင်သန်ခဲ့သည်။ ကျွန်များကို ကြီးကြပ်သည့် အဲဂုတ္တုအအုပ်အချုပ်များက လယ်လုပ်သောအမှုနှင့် အုတ်လုပ်သောအမှုများကို ခဲယဉ်းစွာ စေခိုင်းကြသည်။ ရက်စက်သောသခင်များက ဖာရောမင်းအတွက် မြို့တည်ဆောက်ရန် စေခိုင်းသည်။ အဲဂုတ္တုမင်းသည် ဣသရေလတို့ အင်အား နည်းသွားအောင် မွေးကင်းစကလေးများကို သုတ်သင်သည့်စနစ်ကိုပင် ကြံစည်ခဲ့ သေးသည်။ သို့သော် ၎င်းတို့ကို ဘုရားသခင် စောင့်ထိန်းတည်စေသည့်အတိုင်း ဣသရေလတို့သည်…
ရဲရင့်သောအချစ်
ရေတပ်တရားဟောဆရာလေးဉီးတို့သည် “သူရဲကောင်း”စာရင်းမဝင်ခဲ့ပါ။ သို့သော် ၁၉၄၃ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း အေးခဲလှသည့် ဖေဖော်ဝါရီည တစ်ညတွင် ဂရင်းလန်း ကမ်းရိုးတန်း၌ စစ်သည်ပို့ဆောင်ရေးသင်္ဘော The SS Dorchester သည် ရေငုတ်သင်္ဘော၏တိုက်ခိုက်မှုခံရသောကြောင့် ထိတ်လန့်နေသော ရာနှင့် ချီသည့် စစ်သည်များ ငြိမ်သက်အောင် ၎င်းတို့လေးဦး အစွမ်းကုန်ကြိုးစားခဲ့ကြသည်။ သင်္ဘောက တစ်စစနှစ်မြှုပ်လျက် ဒဏ်ရာရ စစ်သည်တို့ကလည်း ပြည့်ကြပ်နေသည့် အသက်ကယ်လှေပေါ် အလုအယက် ခုန်တက်ကြသည်။ ဆရာလေးဉီးတို့သည် "ရဲရင့်ခြင်းတရား"ကို ဟောလျက် ဆူညံရှုပ်ထွေးနေသည့် မြင်ကွင်းကို ငြိမ်သက်စေ ခဲ့ကြောင်း အသက်ရှင်ကျန်သူတစ်ဉီးက ပြောပြသည်။
အသက်ကယ် အင်္ကျီများကုန်သွားသောအခါ သူတို့၏အင်္ကျီကို ချွတ်ပြီး ကြောက်ရွံ့နေသော လူငယ်တစ်ဉီးကို ပေးခဲ့သည်။ အခြားသူတို့ အသက်ရှင်နိုင်ရေး သင်္ဘောနှင့်အတူ နှစ်မြှုပ်ခံလိုက်ရန် သူတို့ စိတ်ပိုင်းဖြတ်ထားကြသည်။ "ကောင်းကင်ဘုံရဲ့ ဒီဘက်ခြမ်းမှာ တွေ့ရဖို့ မျှော်လင့်မိတဲ့ (သို့) တွေ့ခဲ့ရတဲ့…
ဂီယာကို မူလအနေ၌ ထားထားပါ
ကားရေဆေးသည့်ဆိုင်၌ ကျွန်တော့်ရှေ့မှပုဂ္ဂိုလ်က အလုပ်ရှုပ်နေသည်။ သူ၏ ပစ်ကပ်ကားအနောက်ဘက်သို့ ခြေလှမ်းကြဲကြဲနှင့် လျှောက်သွားပြီး အရှိန် ပြင်းပြင်းလှည့်နေသည့် ကားရေဆေးဘရပ်ရှ်နှင့် ညှိသွားမှာစိုးပြီး ကားကို ဆိုင်းထားသည့်ကြိုးကို ဖယ်ရှားလိုက်သည်။ သူက ပိုက်ဆံအရင်ရှင်းပြီး အလိုအလျောက်ရွေ့နေသည့် ရေဆေးသည့်စင်ပေါ်သို့ ကားမောင်းတက်သွားပြီး ဂီယာကို "မောင်းရန် - D” နေရာ၌ ထားမိသည်။ ဆိုင်အကူလေးက “ဂီယာဖြုတ်၊ ဂီယာဖြုတ်”ဟု ကားမရွေ့ရန် ဂီယာကို "မူလအနေ - N" သို့ရွှေ့ရန် လှမ်းအော်ပြော သော်လည်း ကားပြတင်းပေါက်ပိတ်ထားသဖြင့် ထိုသူ မကြားပါ။ ၄ စက္ကန့် အတွင်း ကားဆေးခြင်းပြီးသွားပြီး သူ့ကားမှာ ရေပင် မစိုခဲ့ပါ။
ထို့အတူ ဧလိယ၌ လုပ်ဆောင်ရန် တာဝန်တစ်ခုရှိသည်။ သူက ဘုရားသခင်အတွက် ကြီးကြီးမားမား အစေခံခဲ့ပြီးဖြစ်သည်။ အဆုံးအဖြတ် ပေးသည့်ပွဲတွင် ဗာလဘုရား၏ပရောဖက်များကို သဘာဝလွန် အနိုင်ယူခဲ့သည် (၃…
အစီအစဥ်ရှိပြီလား
အသက် ၁၈ နှစ်ပြည့်တော့မည့် ကေဒန်သည် သူဦးစားပေးရွေးချယ်ခဲ့သည့် ကောလိပ်တွင် ပညာသင်ထောက်ပံ့ကြေးရပြီး ကျောင်းတတ်ရမည့်နေ့ကို မျှော်မဆုံး ဖြစ်နေသည်။ သူအထက်တန်းကျောင်းတက်စဥ်က ကျောင်းတွင်း သာသနာလုပ်ငန်း၌ ပါဝင်ခဲ့သလို ကောလိပ်တွင်လည်း ပတ်ဝန်းကျင်အသစ်၌ အမှုတော်ဆောင်နိုင်ရန် မျှော်လင့်နေသည်။ အချိန်ပိုင်းအလုပ်မှ ဝင်ငွေကို သူစုထားသလို အလုပ်အသစ်ရဖို့လည်း အလားအလာ ရှိနေသည်။ သူရည်မှန်း ထားသည့်အတိုင်း အားလုံးက အံကိုက်ဖြစ်သည်။
ထိုနောက်တွင် ၂၀၂၀ခုနှစ် နွေဦး၌ ကမ္ဘာလုံးဆိုင်ရာ ရောဂါကပ်ဘေးက အရာအားလုံးကို ပြောင်းလဲပစ်လိုက်သည်။
သူ၏ပထမနှစ်ဝက်စာသင်ကာလကို အွန်လိုင်း မှ သင်မည်ဖြစ်ကြောင်း ကျောင်းမှ အကြောင်းကြားလာသည်။ ကျောင်းတွင်းသာသနာလုပ်ငန်းကို ရပ်ဆိုင်းထားရသလို စီးပွားရေး မကောင်းသဖြင့် အလုပ်သစ်က မျှော်တိုင်း ဝေးပြီ။ စိတ်ပျက်နေသောသူ့ကို သူ့သူငယ်ချင်းက နာမည်ကြီး လက်ဝှေ့သမား တစ်ဦး၏စကားတစ်ခွန်းကို ပြောပြခဲ့သည်။ "မျက်နှာတည့်တည့် အထိုးမခံရ သေးတဲ့ အချိန်အထိတော့ လူတိုင်းမှာ ကြိုတင်အကြံစည်ရှိကြတာပဲ"တဲ့။…
မမြင်ရသော မြင်ကွင်း
ယူရီ ဂါဂါရင် (Yuri Gagarin)သည် အာကာသသို့ ပထမဆုံးရောက်ရှိသည့်လူသား ဖြစ်လာပြီးနောက် ကမ္ဘာမြေသို့ ပြန်ဆင်းလာသောအခါ သူ့လေထီးမှာ ရုရှား ကျေးလက် ဒေသ၌ ကျခဲ့သည်။ လယ်သူမတစ်ဦးသည် လေထီး ၂ ခုကို ဆွဲထုတ်နေသော ဦးထုပ်ဆောင်းထားဆဲ လိမ္မော်ရောင်ဝတ်စုံနှင့် အာကာသ ယာဉ်မှူးကို တွေ့ပြီး "ရှင်၊ အာကာသက လာတာလား" ဟု တအံ့တသြ မေးလိုက် ရာ ဂါဂါရင်က "အမှန်တိုင်းပြောရရင် ဟုတ်ပါတယ်"ဟု ပြန်ဖြေလိုက်သည်။
ဆိုဗီယက်ခေါင်းဆောင်များက သမိုင်းဝင်အာကာသခရီးစဥ်အား ဘာသာရေးကို အယုံကြည်မရှိသော ဝါဒဖြန့်ချိရေးအဖြစ် ပြောင်းလဲခဲ့ခြင်းက ဝမ်းနည်းစရာဖြစ်သည်။ "ဂါဂါရင် က အာကာသကို သွားခဲ့ပေမယ့် အဲဒီမှာ ဘာဘုရားမှ သူမမြင်ခဲ့ရဘူး" ဟု သူတို့၏ဝန်ကြီးချုပ်က ကြေညာခဲ့သည်။ (ဂါဂါရင်ကိုယ်တိုင် ထိုသို့ မပြောဆိုခဲ့ပါ)။ ဆရာကြီး စီအက်စ် အက်စ်လူးဝစ် (C. S.…
ကျွန်ုပ်တို့ လိုအပ်သောရေ
Baikal (ဘေကယ်လ်) ရေကန်သည် ကမ္ဘာ့အနက်ရှိုင်းဆုံးကန်ဖြစ်ပြီး ကျယ်ပြန့်၍ အံ့မခမ်းလှပသည်။ ၁ မိုင် အနက်ရှိပြီး၊ အလျား မိုင် ၄၀၀ (၆၃၆ ကီလိုမီတာ)၊ အနံ ၄၉ မိုင် (၇၉ ကီလိုမီတာ) နီးပါးရှိသည်။ ကန်ထဲ၌ ကမ္ဘာပေါ်ရှိ ရေချိုအားလုံး၏ ငါးပုံတစ်ပုံ ရှိသည်။ သို့သော် ဤရေများကို လူတို့မရရှိနိုင်ပါ။ Baikal ရေကန်သည် ရုရှားနိုင်ငံ၏အခေါင်ဆုံးဒေသတစ်ခုဖြစ်သည့် ဆိုက်ဘေးရီးယားလွင်ပြင်တွင် တည်ရှိသည်။ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်အတွက် ရေအလွန်လိုအပ်နေသော်လည်း လူများစွာတို့ မရယူနိုင်သည့်နေရာ၌ ရေအများအပြားရှိနေခြင်းက စိတ်မကောင်းစရာ ဖြစ်ပါသည်။
Baikalရေကန်သည် ဝေးလံခေါင်သီသောအရပ်၌ရှိနေဦးတော့၊ အလိုအပ် ဆုံး သူတို့တွေ့ရှိရယူနိုင်သော မကုန်ခမ်းသည့် အသက်ရေ အရင်းအမြစ် တစ်ခုရှိသည်။ ရှမာရိမြို့ရှိ ရေတွင်းတစ်တွင်း၌ ရှင်ယေရှုသည် အမျိုးသမီး တစ်ဦးနှင့် စကားစမြည်ပြောဆိုပြီး သူမ၏နက်ရှိုင်းသော ဝိညာဉ်ရေးရာ ဆာငတ်မှုကို စူးစမ်းခဲ့သည်။ သူမနှလုံးသားလိုအပ်ချက်အတွက်…
လုံခြုံစွာ ဆိုက်ရောက်သည်
ပါပွားနယူးဂီနီကျွန်းနိုင်ငံလေးတွင် Kandas လူမျိုးစုသည် သူတို့မိခင်ဘာသာစကားဖြင့် ပုံနှိပ်ထားသည့် ဓမ္မသစ်ကျမ်းစာရောက်လာတော့မည်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်ခဲ့ကြသည်။ သို့သော် ရွာသို့ရောက်ရန်အရေး ကျမ်းစာအုပ် သယ်လာသူ များသည် လှေငယ်လေးများဖြင့် သမုဒ္ဒရာကို ဖြတ်ကျော်ခရီးနှင်ခဲ့ကြရသည်။
ကြီးမားကျယ်ပြောသောသမုဒ္ဒရာ၌ ခရီးနှင်ဖို့ရာ အဘယ်အရာက သူတို့ကို ရဲစွမ်းသတ္တိပေးခဲ့ပါသနည်း။ ၎င်းတို့၏ ပင်လယ်ရေကြောင်း ကျွမ်းကျင်မှုကြောင့် လား။ မှန်ပါသည်။ သို့သော် ပင်လယ်ကို မည်သူဖန်ဆင်းသည်ကိုလည်း သူတို့ သိသည်။ ထိုသူသည် လှိုင်းတံပိုးထန်ပြီး အခက်အခဲဆုံးသော ဘဝပင်လယ် တစ်လျှောက်တွင် ကျွန်ုပ်တို့တစ်ဦးချင်းစီတိုင်းကို လမ်းပြပေးနေသူဖြစ်သည်။
"ဝိညာဉ်တော်နှင့် လွတ်ခြင်းအလိုငှာ အဘယ်အရပ်သို့ သွားနိုင်မည်နည်း" (ဆာ ၁၃၉:၇)ဟု ဒါဝိဒ်ရေးသကဲ့သို့ "ကောင်းကင်သို့တက်လျှင် ကိုယ်တော် ရှိတော် မူ၏။ ... သမုဒ္ဒရာစွန်း၌နေလျှင် ထိုအရပ်၌ပင်ကိုယ်တော်၏လက်သည် အကျွန်ုပ် ကို ပို့ဆောင်လျက်၊ လက်ယာလက်တော်သည် ကိုင်လျက်ရှိပါလိမ့်မည်" (:၈-၁၀)။ဤကျမ်းချက်သည် အပူပိုင်းကမ်းရိုးတန်း၊ အမြဲစိမ်းသစ်တောနှင့်…
လမ်းလျှောက်ပါ၊ မပြေးပါနှင့်။
နေ့ရက်တိုင်း၊ အာရုဏ်ဦးအချိန်လေးကိုသူအမြဲကြိုဆိုကြောင်း ကျွန်ုပ်တွေ့ရသည်။ သူသည် ကျွန်တော်တို့ဒေသ၏ ပါဝါလမ်းလျှောက်အားကစားမယ်ဖြစ်သည်။ ကျွန်တော့်ကလေးများကို ကျောင်းသို့ကားမောင်းပို့စဉ် အရေးပေါ်ကားရပ်ရန် ယာဥ်ကြော၌ သူရှိနေသည်။ နားကြပ်ကြီးကြီးကို တပ်ထားပြီး ဒူးအထိရှည်သည့် ရောင်စုံခြေအိတ်ကိုစွပ်ထားသည်။ ခြေလက်များကို ဘယ်ညာ တစ်လှည့်စီ လှုပ်ရှား ပြီး လမ်းလျှောက်သည်။ ဤအားကစားသည် အပြေး(သို့) ရွရွပြေးနည်းနှင့် မတူဘဲ ကွဲပြားသည်။ ပါဝါလမ်းလျှောက်အားကစားတွင် ခန္ဓာကိုယ်၏အလိုလို ပြေးလိုသည့်သဘာဝကို တမင်ကန့်သတ်ထိန်းထားရသည်။ အားစိုက်ထုတ် ရမည်ဟု မထင်ရသော်လည်း အပြေး (သို့) ရွရွပြေးနည်းကဲ့သို့ပင် အင်အား၊ အာရုံ စူးစိုက်မှုနှင့် စွမ်းအင်တို့ လိုအပ်သည်။ သို့သော် ၎င်းတို့ကို ထိန်းချုပ်ထားသည်။
ထိန်းချုပ်မှုအောက်ရှိ စွမ်းအင်ဆိုသည်က အဓိကအချက်ဖြစ်သည်။ ကျမ်းစာ ထဲမှ နှိမ့်ချခြင်းအား ပါဝါလမ်းလျှောက်ခြင်းအားကစားကို ရှုမြင်သကဲ့သို့ပင် အားနည်းချက်အဖြစ် များသောအားဖြင့် ရှုမြင်ကြသည်။ အမှန်မှာ အားနည်းချက် မဟုတ်ပါ။ နှိမ့်ချခြင်းသည် ကျွန်တော်တို့၏ခွန်အားများ…
သူတတ်နိုင်တာကို လုပ်ခဲ့တယ်
မိခင်တစ်ဦးသည် ကြက်ဥမုန့်ဘူး၊ ထို့နောက် မွေးနေ့နှုတ်ခွန်းဆက်ကတ်နှင့် ဆီကြော်မုန့်ထုပ် အမျိုးမျိုးကို ကောင်တာပေါ် ထပ်တင်လိုက်ရင်း ငွေရှင်းရန်ပြင် သည်။ သူသည် ပင်ပန်းနွမ်းလျပံုပေါ်နေပြီး အနောက်၌ စုချည်ထားသော သူ့ဆံပင် လည်း ပြေလျော့လျက် နဖူးပေါ်ဝဲကျနေသည်။ သူ၏လမ်းလျှောက်တတ်စ ကလေး ငယ်ကလည်း ဂရုစိုက်မှုခံလိုသည့်အတွက် ဆူညံ ပွက်လောရိုက်နေသည်။ အရောင်းစာရေးက ကျသင့်ငွေကိုပြောလိုက်သော် မိခင်ဖြစ်သူ၏မျက်နှာညှိုးသွားသည်။"အို အချို့ကိုထားခဲ့ရမယ်ထင်တယ်။ ဒါပေမဲ့ ဒါတွေက သူ့မွေးနေ့ပွဲအတွက်ပဲ"ဟု သက်ပြင်းချရင်း သူ့ကလေးကို ကြည့်ကာ စိတ်မကောင်းဖြစ်နေသည်။
သူ့အနောက်၌တန်းစီနေသည့် အခြားဈေးဝယ်သူက ဤမိခင်၏နာကျင်မှုကို သိနားလည်သည်။ ဤမြင်ကွင်းက "ဤမိန်းမသည် တတ်နိုင်သမျှပြုပြီ" (မာ ၁၄:၈) ဟု ဗေသနိရွာမှမာရိကို ပြောသော ယေရှု၏စကားနှင့် အကျွမ်းတဝင်ရှိ၏။ ရှင်ယေရှု၏အသေခံခြင်းနှင့် မြေမြှုပ်ခြင်းမခံရမီတွင် မာရိက ဈေးကြီးသည့် နာဒု ဆီမွှေးနှင့် သခင့်အား လိမ်းပေးသည့်အတွက် တပည့်တော်များက သူ့ကို အပြစ်…