ဘုရားသခင်အတူပါရှိမှုကို သတိပေးသည့်အရာ
ကယ်လီဖိုးနီးယားပြည်နယ်ရှိ “ယောရှုသစ်ပင်အမျိုးသားဥယျာဉ်”၌ တောင်တက် ခရီးထွက်စဉ် ကောင်းကင်သို့ လက်မြှောက်သည့်ပုံစံဖြင့် အထက်သို့ရွယ်နေသော ပိန်လှီသည့် အကိုင်းအခက်များနှင့် ထူးခြားသော သစ်ပင်များကို ကျွန်မတို့မြင်တွေ့ခဲ့ပြီး ၎င်းတို့ကို စိတ်ဝင်စားမိခဲ့သည်။ ယောရှုမှတ်စာတွင် ဘုရားသခင် အတူပါရှိမှုနှင့် ကူညီမစမှု၏လက္ခဏာအဖြစ် ယောရှုသည် လှံတံကို မြှောက်ထားခဲ့သည့် ဓမ္မဟောင်းကျမ်းဇာတ်လမ်းကို အမှတ်ရလျက်၊ ထိုဒေသသို့ ကနဦးဝင်ရောက်အခြေချသူများက ဤသစ်ပင်ကို “ယောရှုသစ်ပင်”ဟု အမည်ပေးခဲ့သည်ဟု လူများစွာက ယုံကြည်ကြသည်။
ခါနာန်ပြည်သို့ ဝင်ရောက်ပြီးနောက် ဣသရေလလူမျိုးတို့သည် စစ်ပွဲ၌ ဘုရားသခင်၏မစမှုကို လိုအပ်ခဲ့သည်။ ၎င်းတို့၏အပြစ်ကြောင့် အာဣမြို့စစ်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် (ယောရှု ၇:၁၁-၁၂)၊ သူတို့သည် ထိုမြို့ကို ထပ်မံတိုက်ခိုက်ရန် ကြောက်ရွံ့ခဲ့ပုံရသည်။ သို့သော် ဘုရားသခင်က ယောရှုအား “မကြောက်နှင့်၊ စိတ်မပျက်နှင့်” ဟု ခွန်အားပေးခဲ့သည် (၈:၁)။ ထို့နောက် “သင်ကိုင်သောလှံကို အာဣမြို့သို့ ရွယ်လော့။ ထိုမြို့ကို သင့်လက်သို့ ငါအပ်မည်”ဟု…
သစ္စာရှိသော ဘဏ္ဍာစိုးများ
၂၀၂၄ ခုနှစ် မတ်လ၌ အမေရိကန်လေကြောင်းကုမ္ပဏီတစ်ခုသည် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲမှုဌာန (Federal Aviation Administration)၏ ဘေးကင်း လုံခြုံရေးစစ်ဆေးမှုကို မအောင်မြင်ခဲ့ပေ။ လေယာဉ်ပေါ်ရှိ တံခါးတစ်ချပ်ကွဲထွက်သွားသောကြောင့် လေယာဉ်အတွင်း၌ အန္တရာယ်ကြီးမားသော လေဖိအား ကျဆင်းမှုဖြစ်ပေါ်ခဲ့ခြင်းအပါအဝင် ဘေးကင်းလုံခြုံရေးဆိုင်ရာ မတော်တဆ ဖြစ်ရပ်များစွာဖြစ်ပွားပြီး နောက်ပိုင်းတွင် ဤသို့စစ်ဆေးမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဝန်ထမ်းများ လိုက်နာရမည့် ညွှန်ကြားချက်များသည် နားလည်ရန်ခက်ခဲပြီး၊ မကြာခဏ ပြောင်းလဲခြင်းကြောင့် ရလဒ်အနေဖြင့် သူတို့သည် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများကို သစ္စာရှိရှိ လိုက်နာမှုမရှိခဲ့ကြောင်း ဝန်ခံခဲ့သည်။
ရှင်ပေါလုသည် ကောရိန္သုအသင်းတော်အား သူနှင့် အခြားခေါင်းဆောင်များကို သစ္စာရှိပြီး အတည်ပြုခံရသော “ခရစ်တော်၏ အစေအပါးများ”အဖြစ် ရှုမြင်သင့်သည်ဟု ပြောကြားခဲ့ပြီး၊ သူသည် ဘုရားသခင်အတွက် ဘဏ္ဍာစိုးအဖြစ် “ယုံကြည်အပ်နှံခံရသူ”ဖြစ်ကြောင်း ကြေညာခဲ့သည် (၁ ကော ၄:၁-၂)။ ရှင်ပေါလု၏ ခေတ်ကာလက ဘဏ္ဍာစိုးများသည်…
ကျွန်ုပ်အစ်မ၏ ဘုရားသခင်
ခရစ်ယာန်ဘာသာကို လက်မခံသောနိုင်ငံတစ်ခု၌ ခရစ်တော်ကို Amina(အမီနာ)ယုံကြည်လက်ခံခဲ့ပြီး၊ သူမ၏မောင်အား သူ၏ယုံကြည်ခြင်းအသစ်အကြောင်း မျှဝေပြောခဲ့သော်လည်း မောင်ဖြစ်သူက လက်မခံခဲ့ပေ။ ထို့နောက် သူမ၏မောင်သည် အန္တရာယ်ရှိသော အဆုတ်ရောဂါကူးစက်ခံခဲ့ရပြီး၊ ဆေးရုံအမှောင်ခန်း၌ တစ်ယောက် တည်း အသက်ရှုနိုင်ရန် ရုန်းကန်နေခဲ့ရသည်။ သူသည် သခင်ယေရှုကို ဘုရားသခင်၏ သားတော်အဖြစ်ဝန်ခံရန် အဆင်သင့်မဖြစ်သေးသလို (တစ်ယောက်ယောက် ကြားမှာလည်းစိုးသဖြင့်) ခရစ်တော်၏နာမကို ကျယ်လောင်စွာ ခေါ်ရန်လည်း ကြောက်သည်။ ထို့ကြောင့် သူက “အစ်မရဲ့ဘုရား၊ကျွန်တော့်ကို အခုကူညီပါ”ဟု စိန်ခေါ်ခဲ့သည်။ ရုတ်တရက် သူသည် အသက်ရှုရလွယ်ကူလာပြီး သူ့အခန်းသည်လည်း ထူးခြားစွာ ထွန်းလင်းလာခဲ့သည်။ ထိုနေ့မှစ၍ သခင်ယေရှုကို သူ ယုံကြည်ခဲ့သည်။
ကမ္ဘာဦးကျမ်းတွင် အာဗြဟံ၏ကျွန်သည် သခင်၏သားအတွက် ဇနီးလောင်း ရှာဖွေရန် ခရီးထွက်ခဲ့သည်။ ပထမဆုံး သူသည် “သူ၏သခင် အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရား”ထံ ဆုတောင်းခဲ့သည် (၂၄:၁၂)။ အဘယ့်ကြောင့်နည်း။ ဘုရားသခင်က…
သခင်ယေရှုအတွက် ပူဇော်သက္ကာ
ဗစ်တိုးရီးယားခေတ်မှ ကဗျာဆရာမ Christina Rosetti(ခရစ္စတီးနားရိုဆက်တီ)၏ “A Better Resurrection” “ပိုမိုကောင်းမွန်သောရှင်ပြန်ထမြောက်ခြင်း”ဟူသည့် နာကျင်ဆွတ်ပျံ့ဖွယ် ကဗျာတစ်ပုဒ်၌ “မျက်လုံးများကို ပင့်မျှော်ကြည့်လည်း ဝမ်းနည်းမှုဖြင့် မှုန်ဝါးနေ၍၊ ထာဝရတည်သောတောင်တန်းများကို မမြင်ပြီ”။ ...“မည်သည့်မျှော်လင့်ချက်၊ ကြောက်ရွံ့မှုကိုမှ မခံစားမိဘဲ ထုံထိုင်းလျက်”ဟူ၍ မျှော်လင့်ချက်မဲ့စွာ ခံစားရချိန်၌ မျှော်လင့်ခြင်းကို ကြိုးစားရှာဖွေကြောင်း ရေးသားခဲ့သည်။ သို့သော် ရိုဆက်တီသည် သူမ၏စိတ်ပျက်ဖွယ် ခံစားချက်ထက် ပိုမိုနက်ရှိုင်းသော မျှော်လင့်ချက်၌ ခိုင်မြဲစွာ ရပ်တည်ခဲ့သည်။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို ပြညွှန်သည့် “ဖူးပွင့်စပန်းနှင့် စိမ်းလန်းမှု”တို့က သူမ၏ ဘဝကို ပြန်လည်အသစ်ဖြစ်စေသည်ဟု မခံစားရသော်လည်း “အသက်တာအသစ်ဖြင့် ထမြောက်လိမ့်မည်”ဟု ဝန်ခံလျက် “အိုသခင်ယေရှု၊ ကျွန်ုပ်အတွင်း၌ ထမြောက်တော်မူပါ”ဟု ဆုတောင်းခဲ့သည်။
ရှင်ပေါလုကလည်း ကောရိန္သုသြဝါဒစာဒုတိယစောင်၌ “... အသက်မလွတ်နိုင်ဟုထင်ရ၍ မခံနိုင်အောင် အတိုင်းထက်အလွန်လေးသော ဆင်းရဲဒုက္ခခံရကြောင်း”ကို ဖော်ပြခဲ့သည်(၁:၈)။ သို့သော် “သေသောသူတို့ကို ထမြောက်စေတော်မူသော…
စိတ်ပျက်ခြင်းများအလွန်
အမြဲတမ်းအောင်မြင်ထင်ရှားသည့်ဂန္တဝင်သီချင်း “The Wreck of the Edmund Fitzgerald” နှင့် “If You Could Read My Mind”ကဲ့သို့ပင် ကနေဒါနိုင်ငံမှ တေးရေး၊ တေးဆို Gordon Lightfoot(ဂေါဒန်လိုက်ဖု)သည် နာမည်ကျော်ကြားသည်။ သို့သော် သူရေးစပ်သည့် “The Minstrel of the Dawn” သီချင်းမှာ အနည်းငယ်သာ နာမည်ကြီးသည်။ (Minstrel သည် ပြင်သစ်နယ်လှည့်စာဆိုဖြစ်ပြီး ကဗျာကို ဂီတအဖြစ်ပြောင်းကာသီဆိုသူဖြစ်သည်။)လိုက်ဖု၏သီချင်းမှ ဂီတစာဆိုသည် ကျွန်ုပ်တို့ကဲ့သို့ပင် “ဆင်းရဲပင်ပန်းမှုထက် ပျော်ရွှင်မှု”ကိုသာ ပို၍တောင့်တမျှော်လင့်သည်။ စိုးရိမ်စရာ၊ ဝမ်းနည်းစရာများက အစဥ်ရှိသော်လည်း၊ ထိုဂီတစာဆိုသည် နေ့သစ်ရောက်လာချိန်တွင် ပျော်ရွှင်စရာများကို အာရုံစိုက်ရန် ဆုံးဖြတ်ခဲ့ပြင်ပီး၊ ထိုအရာများကို သီချင်းလုပ်ဆိုပါသည်။
ဆာလံဆရာဒါဝိဒ်ကလည်း “နံနက်ယံ၌ ကရုဏာတော်ကို ရွှင်လန်းစွာ သီချင်းဆိုပါမည်”(ဆာ ၅၉:၁၆)ဟု အလားတူ စာသားကို ရေးသားခဲ့သည်။ ဒါဝိဒ်၌…
ဘုရားသခင်ကို စောင့်ဆိုင်းခြင်း
Joseph(ဂျိုးဇက်)သည် စိတ်မကြည်မလင်ဖြင့် အလုပ်ရှာနေခဲ့သည်။ ယခင်က စားသောက်ဆိုင် စားပွဲထိုးအလုပ်မှာ လစာကောင်းသော်လည်း စားသောက်ဆိုင်လုပ်ငန်း၏သဘာဝမှာ မကြာခဏ စနေတနင်္ဂနွေ၌ အလုပ်ဆင်းရသည့်အတွက် ယုံကြည်သူအသစ်အနေဖြင့် ဘုရားကျောင်း ပုံမှန်သွားရန်မှာ သူ့အတွက် အခက်အခဲဖြစ်နေသည်။ “ဘုရားသခင်က ငါ့ဆုတောင်းချက်ကို ဘာလို့အဖြေမပေးသေးတာလဲ”ဟု ညည်းခဲ့မိသည်။
ဂျိုးဇက်အနေနှင့် သူ၏မျှော်မှန်းချက်ကို အတိုးအလျော့ညှိရန်လိုကြောင်း မြင်လာပြီး၊ စနေတနင်္ဂနွေ ပုံမှန် အားလပ်ရက်ရသည့် အခြားအလုပ်ကို ရှာဖွေရန် အချိန်တစ်နှစ်ခန့် ကြာခဲ့သည်။ နောက်ဆုံး အလုပ်ရခဲ့ပြီး ထိုမျှစောင့်ဆိုင်းရခြင်းက ဆုံးဖြတ်ချက်ချရာ၌ သူ့အား ပို၍ရင့်ကျက်စေခဲ့သည်ကို သူနားလည်လာပြီး ဘုရားသခင်ကို ကျေးဇူးတင်မိသည်။ အလုပ်ပြောင်းလုပ်သည့် အတွေ့အကြုံက ဘဝ၌ သည်းခံနိုင်စွမ်းနှင့် သူ့အချိန်၌ဖွင့်ပြလာမည့် ဘုရားသခင်၏အစီအစဉ်ကို ယုံကြည်စိတ်ချခြင်းသည် မည်သို့ဖြစ်သည်ကို သူ့အား သင်ပေးခဲ့သည်။
၎င်းသည် အရပ်ရပ်သို့ကွဲလွင့်ပြီး စုံစမ်းခြင်းကို ခံနေရသည့် သခင်ယေရှုကို ယုံကြည်သူ ယုဒလူမျိုးများအား အားပေးခဲ့သည့် ရှင်ယာကုပ်၏စကားများဖြစ်သည်။ “သင်တို့သည်…
အသိုင်းအဝိုင်းအတွက်ဖန်ဆင်းခံထားရခြင်း
အဲလ်လန်နှင့်ကျွန်မတို့ ဘွဲ့လွန်ပညာရေးအတွက် ဖီလာဒယ်ဖီးယားမြို့သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့စဥ်က ကျွန်မတွင် အလုပ်မရှိသလို၊ ကျောင်းအဆောင်ကိစ္စကို မည်သို့ဖြေရှင်းရမည်ကိုလည်း မသိခဲ့ပါ။ ပြောင်းရွှေ့မည့်နေ့ မတိုင်မီ တနင်္ဂနွေနေ့တစ်နေ့၌ ကျွန်မတို့အသင်းတော်မှ သူငယ်ချင်းတစ်ဦးက အဲလ်လန်တက်မည့် တက္ကသိုလ်မှ ကျောင်းသားဟောင်းတစ်ဦးနှင့် မိတ်ဆက်ပေးခဲ့သည်။ ထိုသူက ဈေးသက်သာသည့် တိုက်ခန်းအကြောင်းပြောပြပေးခဲ့သည်။ ၎င်းနောက် ကျွန်မ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးကလည်း ခရစ်ယာန်အဖွဲ့အစည်းတစ်ခုကို ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်ပေးခဲ့သည်။ ဘုရားသခင်သည် ကျွန်မတို့အတွက် နေစရာနှင့် အလုပ်အကိုင်အပါအဝင် အခွင့်အလမ်းများကို သူ့လူများအားဖြင့် ဆုတောင်းချက်အဖြေပေးခဲ့သည်။ မိသားစုနှင့် သူငယ်ချင်းများကလည်း ပြောင်းရွှေ့ရာတွင် ကူညီပေးပြီး ဆုတောင်းခြင်းဖြင့် ဝန်းရံပေးကြသည်။
ဒေသနာကျမ်းဆရာက တစ်ယောက်တည်းဘဝကို မဖြတ်သန်းခြင်း၏အကျိုး ကျေးဇူးကို ရေးထားပါသည်။ “လူသည် တစ်ယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏”(၄:၉)။ လူနှစ်ဦး အလုပ်လုပ်လျှင် အလုပ်ပိုတွင်ပြီး အခက်အခဲရင်ဆိုင်ရလျှင်လည်း အချင်းချင်းကူညီနိုင်မည်၊ အဖော်ပြုနိုင်မည်၊ အန္တရာယ်များမှ ကာကွယ်နိုင်မည်ဖြစ်သည် (:၉-၁၁)။ ဆက်လက်ပြီး “သုံးလွန်းတင်သောကြိုး…
ယေရှု - အသက်အတွက် အာဟာရ
ကျွန်တော်ကြီးပြင်းခဲ့သည့် အမေရိကန်ရောက် အာဖရိကန်လူမျိုး၏အိမ်တွင် အစာစားပွဲတိုင်းမှာ အရသာထူးခြားသည့် “ဝိညာဥ်အစားအစာ(soul food) အမြဲ ပါဝင်နေတတ်သည်။ “soul-ဝိညာဥ်”ဆိုသောစကားလုံးသည် ၁၉၆၀ ခုနှစ်ခန့်က ပေါ်ပေါက်လာပြီး အမေရိကန်ရောက် အာဖရိကန်လူမျိုးတို့၏ ယဉ်ကျေးမှုကို ဖော်ပြရာတွင် သုံးနှုန်းလေ့ရှိကြသည်။ ဝိညာဥ်အစာတွင် ကြက်ကြော်၊ မက်ကရိုးနီ နှင့်ချိစ်၊ ဟင်းရွက်များ၊ ကန်စွန်းဥ၊ ပြောင်းဖူးပေါင်မုန့်နှင့် အခြားအစားအစာများ ပါဝင်တတ်သည်။ အချိုပွဲများလည်း ပါဝင်သည်။ အရသာလျှာပေါ်စွဲသည့် မက်မွန်သီးယိုမှာ ကျွန်တော် အကြိုက်ဆုံးဖြစ်သည်။ အလွန်ကောင်းမွန်သည့် စားသောက်ပွဲပင်။
ယဉ်ကျေးမှုအလိုက် စားသောက်ပွဲကျင်းပပုံနှင့် အစားအစာတို့ မတူညီကြသော်လည်း၊ အစားအစာသည် အသက်ရှင်သန်ရေးအတွက် မရှိမဖြစ်သောအရာ ဖြစ်သည်။ သခင်ယေရှုက “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့ လာသောသူသည် နောက်တစ်ဖန် အဆာအမွတ် မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တစ်ဖန် ရေငတ်မခံရ” (ယော ၆:၃၅)ဟု လူအားလုံးအတွက် အရေးကြီးသောအရာကို မိန့်ဆို…
ဘုရားသခင်ထံ ဆက်ကပ်အပ်နှံထားသောအသက်တာ
၁၉၁၅ ခုနှစ်တွင် လမ်းအင်ဂျင်နီယာ Samuel Christopher Lancaster (ဆမ်မြူရယ် ခရစ်စတိုဖာ လန်ကက်စတာ)ကို ဂုဏ်ပြုလျက်“ဘုရားသခင်၏ကောင်းမြတ်တော်မူခြင်း အတွက် ကျေးဇူးတင်ပါ၏။ ကိုယ်တော် ဖန်ဆင်းထားသော လှပသည့်မြင်ကွင်းတွင် ကျွန်ုပ်အား အဓိကလမ်းမကြီး ဆောက်လုပ်ရေးစီမံကိန်း၏အစိတ်အပိုင်းတစ်ခု ဖြစ်ခွင့်ပေးသည့်အတွက် ကျေးဇူးတင်ပါသည်”ဟု ကမ္ဗည်းမှတ်တမ်း ရေးထိုးထား သည်။ ၎င်းကို သူဒီဇိုင်းဆွဲခဲ့သော အဝေးပြေးလမ်းမပေါ်မှနေ၍ လှပသောမြင်ကွင်းကို မြင်နေရသည့်နေရာ၌ စိုက်ထူထားသည်။ ထိုလမ်းသည် ကားမောင်းလျက်ခရီးသွားသူများကို သစ်တော၊ ရေတံခွန်၊ ကျောက်တောင်များနှင့် အသက်ရှုမှားလောက်အောင် လှပသည့် Columbia River Gorge(ကိုလံဘီယာ တောင်ကြား) တစ်လျှောက် ခေါ်ဆောင်သွားသည်။
မိမိရရှိထားသည့် အရင်းအမြစ်များ၊ အောင်မြင်မှုများအတွက် ဂုဏ်ယူရန် (သို့) ၎င်းတို့ကို အချီးအမွမ်း ခံရရေး အသုံးချရန်မှာ သွေးဆောင်မှုတစ်ခုဖြစ်သည်။ သို့သော် ဤအရာများကို ဘုရား၏ထူးခြား လှပသည့် ပန်းချီကားတစ်ချပ်အဖြစ် မြင်ကြည့်ပါ။ ဥပမာအနေဖြင့် မောရှေက…
ခရစ်တော်အတွက် အလင်းဖြစ်ခြင်း
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းရှိ ကျောင်းများသည် ကျန်းမာရေးနှင့် လုံခြုံရေးအရ ကျောင်းသူကျောင်းသားများကို အိမ်၌သာ နေစေသောကြောင့် အဆောက်အအုံနှင့် ကစားကွင်းများတွင် လူသူကင်းမဲ့နေခဲ့သည်။ ဤရောဂါကြောင့် လူများစွာတို့သည် ကြီးမားသောဒုက္ခများကို ကြုံတွေ့ခဲ့ရကြသော်လည်း၊ ဆရာ/ဆရာမများက နည်းလမ်းများစွာဖြင့် သူတို့၏တပည့်များကို သတိတရ ရှိကြောင်းနှင့် ခက်ခဲသောကာလအတွင်း စိတ်ဓာတ်မကျရန် တိုက်တွန်းအားပေးခဲ့သည်။ သို့နှင့် ကျောင်းများစွာတွင် လူမရှိသည့် ကစားကွင်း၌ ညစဥ် မီးထွန်းပေးသည့် “အလင်းဖြစ်စေပါ”ဟူသော စိန်ခေါ်မှု အစီအစဉ်ကို စတင်ခဲ့ကြသည်။
သခင်ယေရှု ဤလောကတွင် အသက်ရှင်စဥ် သူ့နောက်တော်လိုက်သူများအား “သင်တို့အလင်းကို လူများ၏ရှေ့တွင် ထွန်းစေ”ဟုမိန့်မှာလျက်(မ ၅:၁၆)၊ “အလင်းဖြစ်စေပါ”စိန်ခေါ်မှုကို ပြုလုပ်ခဲ့သည်။ ဤမိန့်မှာချက်တွင် အားပေးစောင်မမှု (သို့) စိတ်ခွန်အားပေးမှုထက် ပိုမြင့်မားသော ရည်ရွယ်ချက်ရှိသည်။ ကျွန်မတို့အား ပေးထားသည့် အလင်းကို လင်းစေခြင်းဖြင့် စောင့်ကြည့်နေသည့် လောကီသားတို့အား ဘုရားသခင်သည် မည်သူဖြစ်ကြောင်း သိမြင်စေပါသည်။ ကျွန်မတို့၏စကားနှင့်…