အမျိုးအစား  |  odb

နှလုံးကြေကွဲကျိုးပဲ့သူ၏ဆုတောင်း

“ကောင်းကင်ဘုံ၌ ရှိတော်မူသောအဘဘုရား၊ ကျွန်ုပ်သည် ဆုတောင်းတတ်သူ မဟုတ်ပါ။ သို့သော် ကိုယ်တော်ရှိပြီး ကျွန်ုပ်အသံကိုကြားလျှင် ကျွန်ုပ်ကို လမ်းပြတော်မူပါ။ ကျွန်ုပ်ဘာမှ မလုပ်တတ်တော့ပါ။” ၎င်းသည် (ဝမ်းမြောက်ဖွယ်ကောင်းသော ဘဝတစ်ခု)“Its a Wonderful Life” ရုပ်ရှင်မှ မင်းသား ဂျင်မီစတီးဝပ်သရုပ်ဆောင်သည့် ဇာတ်ကောင်ဂျော့ဘေလီ၏ ဆုတောင်း ချက် ဖြစ်သည်။ ဘေလီ၏မျက်လုံး၌ မျက်ရည်များပြည့်နေသည့် ဇာတ်၀င်ခန်း မှာ ကျော်ကြားလှသည်။ ဇာတ်ညွှန်း၌ ထိုအခန်းမပါသော်လည်း ထိုဆုတောင်းကို ရေရွတ်ရင်း “ဘယ်မှာမှ အားကိုးရာရှာမတွေ့တဲ့လူတွေရဲ့ အထီးကျန် ဆန်မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေကို စိတ်မှာခံစားလိုက်ရတယ်” ဟု စတီးဝပ်က ပြောသည်။ ထိုအရာက သူ့စိတ်နှလုံးကို ကြေကွဲစေခဲ့သည်။

ဘေလီ၏ဆုတောင်းကို အနှစ်ချုပ်ပြောရလျှင် ရိုးရိုးလေးပါ။ “ကျွန်ုပ်ကို မစပါ” ဟူ၍ဖြစ်သည်။ ၎င်းသည် ဆာလံ ၁၀၉ ၌ ပါရှိသည့်အချက် အတိအကျပင် ဖြစ်သည်။ ဒါဝိဒ်သည်…

အန်တီဘက်တီ၏လမ်းစဉ်

ကျွန်တော်ငယ်စဥ်က ကျွန်တော့်ချစ်အဒေါ် အန်တီဘက်တီ အိမ်လာလည်တိုင်း ခရစ္စမတ် ရောက်နေသကဲ့သို့ပင် ဖြစ်သည်။ အဒေါ်က စတားဝါးအရုပ်များ ယူလာပေးပြီး ပြန်ခါနီး မုန့်ဖိုးပေးသွားလေ့ရှိသည်။ သူမ၏အိမ်မှာသွားနေတိုင်း ရေခဲသေတ္တာ၌ ရေခဲမုန့်အပြည့်ထည့်ထားပြီး ဟင်းသီးဟင်းရွက် ဘယ်တော့မှ မချက်ကျွေးပါ။ စည်းကမ်းသိပ်မတင်းကြပ်ဘဲ ကျွန်တော် ညဥ့်နက်မှအိပ်လည်း ရ သည်။ သူမသည် ဘုရားသခင်၏စေတနာစိတ်နှင့်ရက်ရောမှုကို ထင်ဟပ်ပြသူ ဖြစ် သည်။ သို့သော် ကြံ့ခိုင်ကျန်းမာစွာကြီးပြင်းလာနိုင်ရန် အဒေါ်၏လမ်းစဉ်ထက်မက၊ ကျွန်တော်နှင့် ကျွန်တော့်အပြုအမူအပေါ် မိဘများထားရှိသည့် မျှော်လင့်ချက် လို သည်။ ထိုမျှော်လင့်ချက် ပြည့်ဝလာရန် ထိန်းကျောင်းပဲ့ပြင်မှုကိုလည်း လိုအပ်သည်။

သို့သော် ကျွန်တော့်အပေါ် ဘုရားရှင်၏တောင်းဆိုမှုက အန်တီဘက်တီထက် ပိုများသည်။ ကျွန်ုပ်တို့ ငြင်းပယ်လျှင် (သို့) ကိုယ်တော့်ထံမှ ထွက်ပြေးလျှင်ပင် ဘယ်တော့မှမလျော့သည့် ကိုယ်တော်၏ အဆံုးမဲ့ချစ်ခြင်းဖြင့် လွှမ်းမိုးထားစဥ်မှာပင် ကျွန်ုပ်တို့ထံမှ တစ်စံုတစ်ခုကို သူမျှော်မှန်းခဲ့သည်။ ဘုရားရှင်သည် ဣသရေလလူ…

ခရစ္စမတ် တစ်ပတ်ရစ် စျေးရောင်းပွဲ

မိခင်တစ်ဉီးသည် မိသားစုအတွက် ခရစ်စမတ်လက်ဆောင်ဝယ်ယူရင်း ငွေပို သံုးမိပြီဟုခံစားရသည်။ ထို့ကြောင့် တစ်နှစ်တွင် အပြောင်းအလဲလုပ်ကြည့်ရန် ဆံုးဖြတ်ခဲ့သည်။ သို့နှင့် ခရစ်စမတ်မရောက်မီလများတွင် စျေးမများသော တစ်ပတ်ရစ်ပစ္စည်း စျေးရောင်းပွဲတွင် စျေးဝယ်ခဲ့သည်။ ပံုမှန်ထက် သူပိုဝယ်ခဲ့သည်။ သို့သော် အကုန်အကျသက်သာသည်။ ခရစ္စမတ်မတိုင်မီညတွင် သားသမီးများသည် စိတ်လှုပ်ရှားစွာနှင့် လက်ဆောင်တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ကြသည်။ ခရစ္စမတ်နေ့တွင်လည်း လက်ဆောင်များ ရပြန်သည်။ မိခင်က လက်ဆောင်အသစ် ဝယ်မပေးနိုင်ခြင်းကြောင့် စိတ်မကောင်းဖြစ်ပြီး ခရစ္စမတ်နေ့အတွက်ပါ လက်ဆောင်များ ပိုဝယ်ထားခြင်းဖြစ်သည်။ ကလေး များက လက်ဆောင်များကိုဖောက်ရင်း ချက်ခြင်းဆိုသလို ‘အမေက လက်ဆောင်တွေ အများကြီးပေးတယ်။ လက်ဆောင်ထုတ်တွေ မဖောက်နိုင် တော့ဘူး’ ဟု ညည်းကြသည်။ ၎င်းသည် ခရစ္စမတ်မနက်ခင်းတွင် ကလေး များ၏တုံ့ပြန်နေကျ သာမန်တုံ့ပြန်မှုတစ်ခု မဟုတ်ပါ။

ဘုရားသခင်သည် ကျွန်ုပ်တို့ကို များစွာသော ကောင်းချီးများပေးသော်လည်း ကျွန်ုပ်တို့က ပိုကြီးသောအိမ်၊ ပိုကောင်းသောကားရရန်၊ ဘဏ်စာရင်း၌…

မဆုတ်မနစ်သောမေတ္တာ

ဟေးဒီ နှင့် ဂျက်(ဖ်)တို့သည် ပူအိုက်သောရာသီဥတုရှိသော နိုင်ငံရပ်ခြားတွင် အလုပ်တာဝန်ပြီး၍ မိသားစုရှိရာ ဇာတိ အမေရိကနိုင်ငံ၊ မီချီဂန် ပြည်နယ်သို့ ပြန်လာအခြေချချိန်တွင် ဆောင်းဝင်စအချိန်ဖြစ်သည်။ ၎င်း၏ ကလေး ၁၀ ယောက်အဖို့ နှင်း၏သဘာဝအလှကို ပထမဆံုးမြင်ဖူးခြင်း ဖြစ်ကောင်းဖြစ်လိမ့်မည်။

သို့သော် မီချီဂန်၏ဆောင်းရာသီတွင် ကုတ်အင်္ကျီ၊ လက်အိတ်၊ ဘွတ်ဖိနပ် စသည့် နွေးထွေးသောအဝတ်အထည်များ ဝတ်ဆင်ရန် လိုအပ်သည်။ အိမ်သားများသောမိသားစုအဖို့ အအေးပြင်းထန်သောဆောင်းကို အံတုရန်အတွက် လိုအပ်သောအဝတ်အစားများ ဝယ်ယူရန် ကုန်ကျစရိတ်များပေမည်။ သို့သော် ဘုရားရှင်ထောက်ပံ့ပေးခဲ့သည်။ ပထမဆုံး အိမ်နီးချင်းတစ်ဦးက ဖိနပ်၊ ဘောင်းဘီ၊ ဉီးထုပ်နှင့် လက်အိတ်များ တစ်ခုပြီးတစ်ခု ယူလာပေးသည်။ ထိုနောက် မိတ်ဆွေတစ်ဦးက ဘုရားကျောင်းမှလူများအား မိသားစုဝင် ၁၂ ဉီး လံုးအတွက် အနွေးထည်နှင့် အခြားအသံုးအဆောင်များကို ဆိုဒ် ၁၂ မျိုးနှင့် ကောက်ခံစုဆောင်းပေးရန် တိုက်တွန်းသည်။ ဆောင်းဝင်၍…

ဆုတောင်းပေးရသောအခွင့်

“ဖေဖေဆုမတောင်းတော့ပါ” ဟူသည့်သီချင်းသည် အနုပညာရှင် ခရစ် စတယ် ပယ်တန် အတွက် အလွန်လေးနက်သောသီချင်းဖြစ်သည်။ ထိုသီချင်းသည် သူ့ဖခင်က သူ့အတွက် ဆုတောင်းသည့်အကြောင်းကို အခြေပြု၍ ဖြစ်လာသည်။ ဤလေးနက်သောသီချင်းစာသားများက ဖခင်၏ဆုတောင်း အဆုံးသတ်သွားခြင်းကို ဖော်ပြသည်။ စိတ်ပျက်ခြင်း၊ ပင်ပန်းနွမ်းလျခြင်းကြောင့် မဟုတ်ဘဲ ဖခင် ကွယ်လွန်သွားခြင်းကြောင့် ဖြစ်သည်။ စတယ်ပယ်တန်က ယခုတွင် ဖခင်သည် ဆုတောင်းခြင်းဖြင့် သခင်ယေရှုကို စကားပြောနေမည့်အစား သခင်ယေရှုနှင့် မျက်နှာချင်းဆိုင်တွေ့လျက် လမ်းလျှောက်ရင်း စကားပြောနေမည်ဟု တွေးမိသည်။

သူ့အတွက် ဖခင်ဆုတောင်းပေးခြင်းကို ပြန်လည်မှတ်မိခြင်းက သားအတွက် ဆုတောင်းပေးခဲ့သည့် ကျမ်းစာထဲမှဖခင်တစ်ဦးကိုသတိရမိသည်။ ဒါဝိဒ်မင်းကြီး၏ဘဝမီးစာကုန်မည့်အချိန်နီးလာစဉ် ဣသရေလတို့၏ရှင်ဘုရင်အဖြစ် လွှဲပြောင်း တာဝန်ယူမည့် သူ့သားရှောလမုန်အတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်။

ရှောလမုန်ကို ဘိသိတ်ပေးရန် ဣသရေလမင်းအကြီးအကဲအရာရှိတို့ကို စုရုံးဆင့်ခေါ်ပြီးနောက် လူအပေါင်းတို့ရှေ့တွင် ဒါဝိဒ်သည် ယခင်က သူအကြိမ်ကြိမ်ပြုခဲ့ဖူးသည့်အတိုင်း ဦးဆောင်ဆုတောင်းခဲ့သည်။ ၎င်းတို့အပေါ် ဘုရားသခင်ပြုခဲ့သော ကျေးဇူးများကို…

ခရစ္စမတ်၏အတူရှိနေခြင်း

ဆရာ ဖိလစ်ဘရွတ်(Phillips Brook)၏လူကြိုက်များသော “ဗက်လင်မြို့ငယ်ကျူး” ဓမ္မသီချင်းမှ “ကြွလာတော်မူခြင်းကို မည်သူမျှမကြား၊ သို့သော် အပြစ်ရှိသောလောကမှ နူးညံ့သောစိတ်ဝိညာဉ်များ ထိုသူကို လက်ခံလိမ့်မည်။ ချစ်လှစွာသော ခရစ်တော်ရှင် ဝင်ရောက်မူလေ” ဟူသည့် စာသားများသည် ခရစ္စမတ်၏ အနှစ်သာရကို ဖော်ညွှန်းနေသည်။ ကျွန်ုပ်တို့ကိုအပြစ်မှကယ်တင်ရန် ခရစ်တော်သည် ပျက်စီးသောလောကကမ္ဘာသို့ ကြွလာပြီး သူ့ကို ယုံကြည်သူများအား အသစ်သော၊ အရေးပါသော ဘုရားသခင်နှင့် ဆက်ဆံရေးကို ပေးရန်လာခဲ့သည်။

အထက်ပါဓမ္မသီချင်းကိုရေးပြီး ဆယ်စုနှစ်ခန့်အကြာတွင် သူ၏မိတ်ဆွေ တစ်ဦးထံရေးသောစာတွင် ဘရွတ်က သူ့အသက်တာ၌ခံစားရသည့်ထိုဆက်ဆံရေး၏အကျိုးရလဒ်ကို ရှင်းလင်းစွာဖော်ပြထားသည်။ "ဒီဆက်ဆံရေးက ကျွန်တော့် အတွက် ဘယ်လောက်ရှင်သန်လဲဆိုတာ ပြောမပြတတ်အောင်ပါပဲ၊ သခင်က ကျွန်တော်နဲ့ အတူရှိတယ်။ သူ ကျွန်တော့်ကိုသိသလို ကျွန်တော်ကလည်း သူ့ကိုသိတယ်။ ဒါကို စကားနဲ့ပြောပြလို့မရဘူး။ သူရဲ့အတူရှိခြင်းက ဒီကမ္ဘာမှာ အစစ်မှန်ဆံုး အရာပဲ။ စစ်မှန်တယ်ဆိုတာ နေ့စဥ်အသက်ရှင်မှုမှာလည်း တိုး၍ သေချာစွာ…

အတူရှိခြင်း

ကစားကွင်းပန်းခြံဝန်ထမ်း ဂျန်းတစ်ယောက် ရပ်(ဖ်) ငို၍မြေပေါ်ထိုင်ချလိုက်သည်ကိုမြင်သောအခါ ကူညီပေးရန် သူအပြေးလေးသွားလိုက်သည်။ ရပ်(ဖ်)သည် အော်တစ်ဇင်(အထီးကျန်စိတ်ဝေဒနာ) ရောဂါခံစားနေရသောကလေ ဖြစ်ပြီး သူစီးရန် တစ်နေ့လံုး စောင့်နေသော စီးယာဉ်တစ်ခုမှာ စက်ချို့ယွင်းသွား သဖြင့် သူမစီးလိုက်ရသောကြောင့် ထိုင်ငိုနေတော့သည်။ ဂျန်းသည် ရပ်(ဖ်)ရှိရာနေရာသို့ ချက်ခြင်းပြေးသွားကာ ထခိုင်းမည့်အစား၊ ချော့မည့်အစား ရပ်(ဖ်)နှင့်အတူ မြေကြီးပေါ်ထိုင်ချပြီး ရပ်(ဖ်)အား သူ၏ခံစားချက်အတိုင်း ငိုစေခဲ့သည်။

ဂျန်း၏အပြုအမူသည် ကျွန်ုပ်တို့ဝန်းကျင်၌ရှိသော ပူဆွေးသောကရောက်လျက် ခံစားနေရသူများကို အားပေးရန် သင့်တော်လှပသော သာဓကတစ်ခု ဖြစ်သည်။ သမ္မာကျမ်းစာတွင် ယောဘ၏ဆံုးရှုံးမှုဖြစ်သော သိုး၊ နွား၊ စီးပွားရေးနှင့် ကျန်းမာရေးထိခိုက်မှု၊ သားသမီး ၁၀ ဉီး တစ်ပြိုင်နက် သေဆံုးမှုကြောင့် ယောဘ၏ဝမ်းနည်းပူဆွေးမှုအကြောင်း ဖော်ပြထားသည်။ ယောဘ၏မိတ်ဆွေတို့သည် ယောဘ၏သတင်းကို ကြားသိလျှင် “ယောဘနှင့်အတူ ညည်းတွား၍၊ သူ့ကို နှစ်သိမ့်စေခြင်းငှာ၊ စည်းဝေးမည့်ချိန်းချက်သည်အတိုင်း၊ အသီးသီး မိမိတို့ နေရာအရပ်မှ…

အကောင်းဆုံးအရာကို ဆက်ကပ်ပါ

အိမ်ယာမဲ့များ နေထိုင်သည့်ဂေဟာ၌ လာလှူထားသော ဖိနပ်ပုံကြီး ကြည့်မိသည်။ တာဝန်ခံက စီးပြီးသားဖိနပ်ပုံမှဖိနပ်များကို ကူညီရွေးပေးရန် ကျွန်ုပ်တို့ လူငယ်အဖွဲ့ ကို ဖိတ်ခေါ်ခဲ့သည်။ ကျွန်ုပ်တို့သည် ဘက်ညီသောဖိနပ်များကို ရွေးချယ်ပြီး ကြမ်းပြင်ပေါ်၌ အတန်းလိုက်စီထားလိုက်သည်။ ထိုနေ့တစ်မနက်လုံး အချိန် ကုန်ခဲ့သည်။ ကျန်ဖိနပ်တစ်ဝက်ကျော်သည် ဆိုးဆိုးဝါးဝါးပျက်စီးသဖြင့် ပစ်လိုက်ရသည်။ ဂေဟာအနေနှင့် စုတ်ပြတ်နေသောဖိနပ်များကို မလှူဒါန်းရန် မပြောနိုင်သော်လည်း မကောင်းသောဖိနပ်များကို အခြားသူများအား မပေးလိုပါ။

ဣသရေလလူမျိုးတို့သည်လည်း သူတို့၌ရှိသောချို့တဲ့သောအရာများကို ထာဝရဘုရားအား ဆက်ကပ်ခဲ့ကြသည်။ သူတို့၌ သန်မာသောတိရိစ္ဆာန်များ ရှိသော်လည်း မျက်စိကန်းသော၊ ခြေဆွံ့သော၊ နာသောတိရိစ္ဆာန်များကိုသာ ယဇ်ပူဇော်ခြင်းကြောင့် ထာဝရဘုရားသခင်သည် ပရောဖက်မာလခိမှတဆင့် ဣသရေလတို့အား ပြစ်တင်ဆုံးမသည်(မာလ ၁:၆-၈)။ သူမနှစ်သက်၊ လက်မခံကြောင်းသိစေသည် (:၁၀)။ အကောင်းဆုံးအရာများကို သူတို့အတွက် သိမ်းထားခြင်းကို ပြင်းထန်စွာပြစ်တင်ပြီး သူ၏ကြီးမြတ်ထိုက်တန်မှုကို အခိုင်အမာဆိုခဲ့သည် (:၁၄)။ သို့သော် ဘုရားသခင်သည် ကယ်တင်ရှင် မေရှိယကို…

တစ်ဖန် ပြန်လည်ချိုမြခြင်း

ရုရှားလူမျိုးတို့၏မင်္ဂလာဆောင်ဓလေ့သည် အလွန်လှပခန့်ညားသည်။ ဧည့်ခံပွဲတွင် ဓလေ့တစ်ခုမှာ မင်္ဂလာမောင်နှံအား ဂုဏ်ပြုရန်အတွက် ဧည့်ပရိသတ်များ ဖန်ခွက်ကိုအပေါ်သို့မြှောက်ကြရန် မင်္ဂလာအခမ်းအနားမှူးက ကြေညာလိုက်သည်။ ဧည့်သည်အားလုံးသည် မြှောက်ထားသောဖန်ခွက်ထဲမှ ဖျော်ရည်တစ်ငုံသောက်ပြီး ရုရှားဘာသာဖြင့် “ဂေါ်ကို ဂေါ်ကို” ဟုအော်ဟစ်ကြသည်။ “ခါးသည် ခါးသည်” ဟု အဓိပ္ပာယ်ရသည်။ ထိုအခါ မင်္ဂလာမောင်နှံတို့သည် မတ်တပ်ရပ်ပြီး ဖျော်ရည် ပြန်ချိုမြလာစေရန် တစ်ဦးနှင့်တစ်ဦး နမ်းခြင်းဖြင့် ပြန်လည်တုံ့ပြန်ကြသည်။

ပရောဖက်ဟေရှာယက ကမ္ဘာပေါ်သို့ ကျရောက်မည့်ပျက်စီးခြင်းနှင့် ကျိန်ဆဲခြင်းကဲ့သို့သော ခါးသီးခြင်းစပျစ်ရည်(အခန်းကြီး ၂၄)၊ကောင်းကင်သစ်နှင့် မြေကြီးသစ်ဟူသော ချိုမြသည့်မျှော်လင့်ခြင်း(အခန်းကြီး ၂၅)အတွက် လမ်းခင်းပေး မည်ဟု ပရောဖက်ပြုခဲ့သည်။ ထာဝရဘုရားသည် အရသာရှိသော စားဖွယ်စုံ၊ အကောင်းဆုံးနှင့် အချိုမြဆုံးသော သောက်စရာတို့ကို ပြင်ဆင်ထားမည်။ အစဉ်သဖြင့် ရရှိခံစားရမည့်ကောင်းချီးဖြစ်သည့် ဆူသောခဲဘွယ်စားဘွယ်၊ ကောင်းမွန်စွာ စစ်သောစပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဘို့ စီရင်တော်မူသည် (၂၅:၆)။ ရှိပါသေးသည်။ ဖြောင့်မတ်သောသခင်၏အုပ်စိုးမှုအောက်တွင် သေခြင်းကို ရှုံးစေပြီး၊…

အသက်ရှူတစ်ရှိုက်နှင့်ဘဝ၏တိုတောင်းမှု

မေမေနှင့် ကျွန်မတို့ညီအစ်မသည် ဖေဖေ၏ကုတင်ဘေးတွင် ရှိနေပြီး၊ ဖေဖေ၏ အသက်ရှူမှုသည် တဖြည်းဖြည်းနှေးလာပြီး အပြည့်အဝမရှူနိုင်တော့ဘဲ နောက်ဆုံး အသက်ရှူရပ်သွားသည်။ ဘုရားသခင် စောင့်ကြိုနေသည့်အရပ်သို့ ဖေဖေညင်သာစွာထွက်သွားသည်အချိန်တွင် အသက် ၈၉ နှစ်ရှိနေပြီဖြစ်သည်။ သူ၏ထွက်ခွာခြင်းသည် အိမ်တွင် တစ်ခုခုလစ်ဟာနေသကဲ့သို့ခံစားရစေပြီး သူ၏အမှတ်တရများအားဖြင့် ကျွန်မတို့သူ့ကို သတိရမိသည်။ တစ်နေ့သောအခါ ဖေဖေနှင့်ပြန်လည်ဆုံစည်းကြမည်ဟု ကျွန်မတို့မျှော်လင့်ခြင်းရှိပါသည်။

ကျွန်မတို့ ထိုကဲ့သို့မျှော်လင့်ခြင်းရှိရခြင်းမှာ ဖေဖေ့ကိုချစ်သော အဘ ဘုရားသခင်နှင့်အတူ သူရှိနေကြောင်း ကျွန်မတို့ယုံကြည်ခြင်းကြောင့်ဖြစ်သည်။ ဖေဖေပထမဆုံးအသက်ရှူသွင်းချိန်တွင် ဘုရားသခင်သည် သူ၏အဆုတ်ထဲ သို့ အသက်ကို မှုတ်သွင်းပေးခဲ့သည်(ဟေရှာ ၄၂:၅)။ ပထမဆုံးအသက် မရှုသွင်းမီသာမက သူ့ဘဝတစ်လျှောက်လုံး အသက်ရှူရှိုက်သည့်အခါတိုင်း ဘုရားသခင်သည် သင်နှင့်ကျွန်မတို့၏ဘဝ၌ပြုသကဲ့သို့ပင် ဖေဖေ့ဘဝ၏ အသေးစိတ်ကဏ္ဍများထိတိုင် ပါဝင်လုပ်ဆောင်နေသည်။ ဖေဖေ့အား သူ၏ အမိဝမ်းထဲမှာ ဖုံးအုပ်တော်မူ၍ အံ့ဖွယ်သောအမှုများ ပြုပေးသူသည် (ဆာ ၁၃၉:၁၃-၁၄) ဘုရားသခင်သာလျှင်ဖြစ်သည်။ ဖေဖေ၏နောက်ဆုံး ထွက်သက်၌လည်း ကိုယ်တော်၏ဝိညာဉ်သည်…