ကတိတည်သူ
ကြီးလေးသောကတိကဝတ်၏ဖိစီးမှုကြောင့် ဂျွန်နသန် သည် လက်ရွှန်း အား ပြုသည့် မင်္ဂလာသစ္စာကိုရွတ်ဆိုရင်း အထစ်ထစ်အငေါ့ငေါ့ ဖြစ်လာသည်။ ကတိ တည်နိုင်မည်ဟု မယုံဘဲနှင့် မည်သို့ကတိသစ္စာပြုနိုင်မည်နည်းဟု သူတွေးမိသည်။ အစီအစဉ်အဆုံးအထိ ဟန်မပျက်နေခဲ့သော်လည်း သူပြုခဲ့သည့်ကတိသစ္စာကြောင့် ရင်ထဲလေးလံနေဆဲပင်။ ဧည့်ခံပွဲပြီးသည့်နောက် ဘုရားကျောင်းသို့ ဇနီးသည်ကို ခေါ်သွားကာ သူပြုခဲ့သောကတိအတိုင်း သူမအား ချစ်ခင်မြတ်နိုးရန်နှင့် ဂရုစိုက် နိုင်အောင် မစရန် နှစ်နာရီကျော် ကြာအောင် ဘုရားရှင်ထံ ဆုတောင်းခဲ့သည်။
ဂျွန်နသန် ၏ မင်္ဂလာပွဲနေ့ကြောက်စိတ်သည် လူသား၏အားနည်းချက်ကို အသိအမှတ်ပြုခြင်းအပေါ်တွင် အခြေခံသည်။ သို့သော် အာဗြံဟံ၏မျိုးဆက် အားဖြင့် လူမျိုးတကာကို ကောင်းချီးပေးမည်ဟု ကတိပေးခဲ့သော ဘုရားရှင်၌မူ အကန့်အသတ် မရှိပါ (ဂလ ၃:၁၆)။ ဟေဗြဲသြဝါဒစာရေးသားသူက အာဗြံဟံသည် သူ့အား ဘုရားရှင်ပေးထားသော ကတိတော်ပြည့်စုံလာရေးကို သည်းခံလျက် စောင့်စားခဲ့ရကြောင်း ပြန်လည်ဆင်ခြင်သတိရလျက် (ဟေ ၆:၁၃-၁၅)၊ ဂျူးခရစ်ယာန်တို့အား…
အချစ်သော့ခလောက်များ
ချစ်ရသူ၏နာမည်အစ စကားလုံးကိုရေးထိုးပြီး ပဲရစ်မြို့ရှိ ပွန်းဒီစာစ်(the Pont des Arts) တံတားပေါ်တွင် စိတ်ကူးယဉ်ဆန်စွာ ချိတ်ဆွဲထားသော ထောင်ပေါင်းများစွာသော သော့ခလောက်များကိုကြည့်ပြီး ကျွန်မအံ့အားသင့် ရသည်။ စဲန်နေမြစ်ကို ဖြတ်ဆောက်ထားသော လူသွားတံတား၌ အချစ် သင်္ကေတများ၊ ချစ်သူများအကြား ဝန်ခံကြသည့် ထာဝရဆိုသည့်ကတိများက လွှမ်းမိုးနေပါသည်။ ထိုအချစ်သော့ခလောက်များသည် တန် ၅၀ခန့် အလေးချိန်ရှိမည်ဟု ခန့်မှန်းရပြီး တံတားတစ်စိတ်တစ်ပိုင်း ပြိုကျသည်အထိ ဖြစ်သွားသောကြောင့် ၂၀၁၄ ခုနှစ်တွင် ၎င်းတို့ကို ဖယ်ရှားခဲ့သည်။
အချစ်သော့ခလောက်များ၏ပြယုတ်သည် လူသားအနေဖြင့် ချစ်မေတ္တာက ပေးသော လုံခြုံစိတ်ချမှုကို အလွန်လိုလားကြောင်းကို ဖော်ပြနေသည်။ ဓမ္မဟောင်းကျမ်းမှ ရှောလမုန်သီချင်းတွင် ချစ်သူနှစ်ဦးကြား အပြန်အလှန် ပြောကြားသော စကားများကို ရေးသားထားသည်။ အမျိုးသမီးက လုံခြုံသော မေတ္တာကို တောင့်တကြောင်း “ကျွန်မကို ကိုယ်တော့်နှလုံးပေါ်မှာ တံဆိပ်ခတ် တော်မူပါ။ လက်ရုံးတော် ပေါ်မှာတံဆိပ်ခတ်တော်မူပါ”ဟု သူမ၏ချစ်သူအားပြောသည့်စကားဖြင့်(သီ…
အပြစ်များလွန်းသည်မရှိ
ကောလိပ်ကျောင်းမှ အင်္ဂလိပ်စာပါမောက္ခဆရာမက “ဆရာမ ကျမ်းစာအုပ်ကို ကိုင်လိုက်ရင် လက်ကို မီးကူးသွားလိမ့်မယ်”ဟု ပြောသည်။ ကျွန်မနှလုံး မရွှင်မလန်း ဖြစ်ရပါသည်။ ကျွန်မတို့ဖတ်ပြီးလေ့လာနေသောဝတ္ထုတွင် ကျမ်းစာတစ်ပိုဒ်ကို ကိုးကားထားသဖြင့် ကျမ်းပိုဒ်ကို ရှာရန် ကျမ်းစာအုပ်ထုတ်လိုက်စဥ် ဆရာမက သတိပြုမိပြီး ထိုသို့မှတ်ချက်ပေးလိုက်ခြင်းဖြစ်ပါသည်။ သူ၌အပြစ်များလွန်းသောကြောင့် ခွင့်လွှတ်ခံရရန်မထိုက်တန်ဟု သူထင်နေပုံရသည်။ သို့သော် ဘုရားရှင်၏ ခွင့်လွှတ်ခြင်းကို အစဥ်ရှာဖွေနိုင်ကြောင်း သမ္မာကျမ်းစာက ပြောထား သည့် ဘုရားသခင်၏မေတ္တာတော်အကြောင်းကို ကျွန်မ သူ့ကို မပြောရဲခဲ့ပါ။
နေဟမိမှတ်စာ၌ နောင်တရခြင်းနှင့် ခွင့်လွှတ်ခြင်းအကြောင်း သာဓက တစ်ခုရှိသည်။ ဣသရေလလူတို့သည် သူတို့အပြစ်ကြောင့် တိုင်းတစ်ပါးသို့ ဖမ်းသွားခေါ်ဆောင်ခံခဲ့ရသော်လည်း ယခုအခါ ယေရုရှလင်မြို့သို့ ပြန်လာခွင့် ရပြီဖြစ်သည်။ သူတို့အခြေကျပြီးနောက် ကျမ်းတတ်ဆရာ ဧဇရက သူတို့အား ပညတ်တော်များကိုဖတ်ပြခဲ့သည် (နေ ၇:၇၃-၈:၃)။ သူတို့အပြစ်များ ရှိလင့်ကစား ဘုရားရှင်သည် သူတို့ကိုမစွန့်ပစ်ကြောင်းကို အောက်မေ့လျက် (၉:၁၇၊…
ဘုရားရှင်ခင်းပေးထားသော အမှတ်တရများ
ကျွန်မ၏အရွယ်ရောက်သည့်သားသည် ခက်ခဲသောအခြေအနေနှင့် ရင်ဆိုင်ရစဥ် သူ့အဖေအလုပ်လက်မဲ့ဖြစ်ခဲ့သောနှစ်များက ဘုရားရှင်၏ဂရုပြုမှုနှင့် စောင်မမှုကို ကျွန်မပြန်ပြောင်းပြောပြသည်။ တစ်ဖန် ကျွန်မအမေ သွေးကင်ဆာနှင့် ရုန်းကန်ရချိန်၊ နောက်ဆုံးကွယ်လွန်သွားချိန်များတွင် ဘုရားရှင်ခွန်အားပေးခဲ့ခြင်း၊ ငြိမ်သက်ခြင်းပေးခဲ့ခြင်းများကို ပြန်ပြောပြသည်။ ဘုရားရှင်၏သစ္စာတော် အကြောင်း သမ္မာကျမ်းစာမှအဖြစ်အပျက်များကို မီးမှောင်းထိုးပြပြီး ဘုရားရှင် သည် ကတိတည်သောဘုရား ဖြစ်ကြောင်း အခိုင်အမာပြောပြသည်။ မိသားစုအား ဘုရားရှင်ပို့ဆောင်ခဲ့သည့် အမှတ်ရစရာများကို ပြောပြရင်း ချိုင့်ထဲသွားရ သွားရ၊ တောင်ထိပ်ပေါ်ရောက်ရောက် ဘုရားရှင်ကို ဆက်လက်မှီခိုနိုင်ကြောင်း သတိပေး သည်။ ရုန်းကန်ရချိန်ဖြစ်စေ၊ ပျော်ရွှင်ချိန်ဖြစ်စေ ဘုရားရှင်၏ မျက်မှောက်တော်၊ ချစ်ခြင်းနှင့် ကရုဏာသည် လုံလောက်ကြောင်း သက်သေထူနေသည်။
၎င်းသည် ယုံကြည်ခြင်းခိုင်ခံ့အောင် တည်ဆောက်ပေးသည့် ကျွန်မ၏ ကိုယ်ပိုင်နည်းဗျူဟာဟု ကြွေးကြော်လိုသော်လည်း အဖြစ်အပျက်များကို ဝေမျှ ပြောပြခြင်းအစဥ်အလာကို ဘုရားရှင်ဖန်တီးလျက် နောက်မျိုးဆက်များ သူ့ကို ယုံကြည်ကိုးစားရန် ကိုယ်တော်နိုးဆော်ခဲ့သည်။ အတိတ်က ဘုရားရှင်ပြုခဲ့သောအမှုအရာများကို ဣသရေလလူတို့အောက်မေ့စဥ်…
စွန့်စားလျက် စကားလမ်းကြောင်းလွှဲခြင်း
အာမခံအကျိုးဆောင်က နောက်တစ်ခါတွေ့ရန်ပြောသောအခါ သက်သက်အချိန်ဖြုန်းနေတာဟု ဟာလီ တွေးလိုက်မိသည်။ အာမခံရောင်းအား ကောင်းရန် အတွက် ငြီးငွေ့ဖွယ်သူတို့ရောင်းနေသည့်အရာများအကြောင်း ပြောမည်ကို သိသော်လည်း သူမ၏ယုံကြည်ခြင်းအကြောင်းကို ပြောပြရန်အခွင့်ရှာပြီး အချိန်ကိုကျိုးရှိအောင် အကောင်းဆုံးအသုံးချမည်ဟု ဟာလီ ဆုံးဖြတ်လိုက်သည်။
အကျိုးဆောင်အမျိုးသမီးသည် မျက်ခုံး၌ ဆေးမင်ကြောင်ထိုးထားသည်ကို သတိပြုမိသဖြင့် ဘာလို့အဲဒါထိုးတာလဲဟု မရဲတရဲမေးလိုက်ပြီး ထိုအမျိုးသမီးက ကံကောင်းခြင်းများ ယူဆောင်ပေးမည်ဟုခံစားရ၍ထိုးခြင်းဖြစ်သည်ဟုဖြေသည်။ဟာလီ၏မေးခွန်းသည် ငွေရေးကြေးရေးစကားဝိုင်းမှ လမ်းကြောင်းလွှဲစေသည့် စွန့်စားခန်းတစ်ရပ်ပင်။ သို့သော် ထိုမှတစ်ဆင့် ကံကောင်းခြင်းနှင့် ယုံကြည်ခြင်း အကြောင်းပြောဖြစ်ပြီး ရှင်ယေရှုအပေါ် သူမှီခိုရသည့်အကြောင်းကို ဝေမျှပြောဆိုရန် စကားစပွင့်သွားသည်။ ထိုအလဟဿ ကုန်ဆုံးသွားမည့်အချိန်သည် ဘုရားခွဲခန့်မှတ်သားသောအချိန် ဖြစ်သွားသည်။
သခင်ယေရှုသည်လည်း စွန့်စားသောအမှုတစ်ခုပြုခဲ့သည်။ ယုဒပြည်မှ ဂါလိလဲသို့ ခရီးပြုစဉ် ဂျူးလူမျိုးများ၏အတွေး၌ပင်မရှိသည့် ရှမာရိအမျိုးသမီးနှင့်စကားပြောခဲ့သည်။ ပိုဆိုးသည်မှာ ထိုအမျိုးသမီးသည် ရှမာရိလူအချင်းချင်းပင် ရှောင်ဖယ်ကြသော မကောင်းသောအမျိုးသမီးဖြစ်သည်။ သို့သော် ထိုစကားဝိုင်း သည် လူများစွာကို ကယ်တင်ခြင်းသို့ပို့ဆောင်ခဲ့သည် (ယော…
ပြဿနာများရှိစေတော့
အိမ်ရောက်ခါနီးမှ ကားအပူချိန်ပြဒိုင်ခွက်မှမြားက အရှိန်မြင့်တက်နေသည်ကို သတိပြုမိသဖြင့် ကားထိုးလိုက်ပြီး စက်သတ်ကာ ကားထဲမှ ထွက်လိုက်ကြသည်။ ကားစက်ဖုံးမှအငွေ့များ ထွက်လာပြီး ကားအင်ဂျင်မှာ အသားပြားကင်သကဲ့သို့ တရှဲရှဲမြည်နေတော့သည်။ ကားကို နောက်သို့ ပေအနည်းငယ်ဆုတ်လိုက်ရာ ကားအောက်တွင် ဆီအိုင်နေသည်ကို တွေ့လိုက်ရသည်။ ကျွန်တော် ချက်ချင်း သိလိုက်သည်။ အင်ဂျင်စက်မှ ဂတ်စကတ်ခေါင်းကြီး ကွဲသွားခြင်းဖြစ်ပါသည်။
ကျွန်တော်စိတ်ပျက်ပျက်နှင့် သက်ပြင်းချမိသည်။ အခြားဈေးကြီးသောပြုပြင်ရေးများအတွက် ငွေများစွာသုံးခဲ့ပြီးပြီ။ “ဟာ... ပျက်ပြန်ပြီ။ မပျက်စီးဘဲ မနေနိုင်ဘူးလားကွာ” ဟု ခါးသည်းစွာနှင့် ကျွန်တော် ညည်းညူလိုက်မိသည်။
သင်ကော ထိုသို့ဖြစ်ဖူးပါလား။ တစ်ခါတစ်ရံ ကျွန်တော်တို့ ပြဿနာတစ်ခုကို လွှဲရှောင်ပြီး အခြားတစ်ခုကို ဖြေရှင်းတတ်သည်။ ပမာဏများသည့် ကုန်ကျစရိတ်ကို အရင်ပေးချေကာမှ အခြားစရိတ်ပေါ်လာပြန်သည်။ မထင်မှတ်ထားသောရောဂါအဖြေသိရခြင်း၊ အချိန်မတန်ဘဲ ကွယ်လွန်သွားခြင်းနှင့် ကြီးမားသောဆုံးရှုံးမှုကြုံရ ခြင်း စသည်ဖြင့် ပြဿနာများက စက်ပစ္စည်းများပျက်စီးခြင်းထက် ပိုကြီးမားသည်။
ထိုအချိန်မျိုးတွင် ကြေကွဲမှု…
ကောလာဟလစကားများရပ်
ကိမ်းဘရစ်ချ်၊ အင်္ဂလန်၌ ချားလ်စ်စီးမီယန်(၁၇၅၉-၁၈၃၆) သည် Holy Trinity အသင်းတော်၏သင်းအုပ်အဖြစ် ခန့်အပ်ခံရပြီးနောက် နှစ်အတော်ကြာ သူ့အား အတိုက်အခံဆန့်ကျင်မှုကို ရင်ဆိုင်ခဲ့ရသည်။ အသင်းသားအများစုက စီးမီယန် ထက် တွဲဖက်သင်းအုပ်ကိုသာ ခန့်စေလိုသည့်အတွက် စီးမီယန်၏ ကောလာဟလ သတင်းများလိုက်ဖြန့်ပြီး သူ၏အမှုတော်လုပ်ငန်းကိုလည်း ဆန့်ကျင်ခဲ့ကြသည်။ သူ့ကို ဘုရားကျောင်းထဲ ပေးမဝင်သည့်အချိန်များပင် ရှိသေးသည်။ သို့သော် ဘုရားသခင်၏ဝိညာဉ်နှင့် ပြည့်ဝလိုသည့် စီးမီယန်က သူခံယူကျင့်သုံးမည့် အခြေခံ စည်းမျဉ်းများ ချမှတ်ခြင်းဖြင့် အတင်းအဖျင်းများကို ရင်ဆိုင်ရန် ပြင်ဆင်သည်။ စည်းမျဉ်းတစ်ချက်မှာ အပြည့်အ၀မှန်ကန်မှုမရှိပါက ကောလာဟလများကို စိုးစဥ်းမျှမယုံရန်၊ နောက်တစ်ချက်မှာ “အခြားတစ်ဘက်၏ ကောလာဟလကို ကြားရပါက ကြားရသောအရာနှင့်လုံးဝကွဲပြားသည့် အကြောင်းအရာကို ပြန်ပြောပြီး ထိုအရာကိုသာ အစဉ်အမြဲယုံကြည်ရန်” ဖြစ်သည်။
ဤလက်တွေ့လုပ်ဆောင်ခြင်း၌ တစ်ဦးအပေါ်တစ်ဦး မေတ္တာထားခြင်းကို ဆုတ်ယုတ်ပျက်ပြားစေမည့် အတင်းအဖျင်းနှင့် မလိုမုန်းထားသောစကားများကို ဆက်မပြောရန် လူမျိုးတော်တို့အား ဘုရားရှင်ညွှန်ကြားချက်ကို…
အာရုံစိုက်ထား
ဘဝတွင် ကျွန်ုပ်တို့ဘာကိုပဲကြည့်ကြည့် ၎င်းအပေါ် ကျွန်ုပ်တို့၏အမြင်က ကျွန်ုပ်တို့၏နောက်ခြေလှမ်းများအပေါ်၊ ကျွန်ုပ်တို့၏ကံကြမ္မာကိုပင် လွှမ်းမိုးမှု ရှိသည်ဟူသည့် စာရေးဆရာ မာ့ခ် တွိုင်း(Mark Twain)၏စကားက မှန်သည့်ပုံပေါ်ပါသည်။ တွိုင်းပြောသကဲ့သို့ပင် “သင့်အမြင်အာရုံသည် ဦးတည်ချက် မရှိပါက သင့်မျက်လုံးများအပေါ် အမှီပြု၍မရနိုင်ပါ။”
‘တင့်တယ်’ဟုအမည်ရသည့် ဗိမာန်တော်တံခါးဝ၌ ပေတရုနှင့်ယောဟန် တို့အား ခြေမသန်သည့် သူတောင်းစားက စွန့်ကြဲရန်တောင်းသောအခါ သူ့အား စကားပြန်ပြောရာ၌ ရှင်ပေတရုက အမြင်အာရုံအကြောင်းကို ပြောခဲ့သည် (တ ၃:၂)။ ပေတရုနှင့်ယောဟန်တို့က ထိုသူကို စေ့စေ့ကြည့်ပြီး “ငါတို့အား မျှော်ကြည့်လော့” ဟု ပေတရု ဆိုလိုက်သည် (:၄)။
ထိုစကားကို အဘယ်ကြောင့်ပြောရသနည်း။ ပေတရုသည် ခရစ်တော်၏ သံတမန်အနေနှင့် သူတောင်းစားအား သူ၏အားနည်းချက်၊ သူလိုအပ်နေသည့် ငွေကြေး၌ပင် အာရုံမပြုစေချင်သောကြောင့်ဖြစ်မည်။ တမန်တော်များကို မျှော်ကြည့်သည့်အခါ ခရစ်တော်၌ ယုံကြည်ခြင်းအစစ်အမှန်ကို သူမြင်ရပေမည်။
ရှင်ပေတရုက “ငါ၌ ရွှေငွေမရှိ။…
စက်လှေကားများကို ပြင်ဆင်ခြင်း
အဆစ်များလွဲနိုင်သည့် စာရာ၏ဖြစ်ခဲသည့်ရောဂါကြောင့် ဟိုဟိုဒီဒီသွားလာနိုင်ရန် လျှပ်စစ်ဘီးတပ်ကုလားထိုင်ကို သူအားကိုးနေရသည်။ မကြာမီကလည်း အစည်းအဝေးတက်ရောက်ရန် မီးရထားဘူတာရုံသို့ ဘီးတပ်ကုလားထိုင်ဖြင့် သွားရာ ဓာတ်လှေကားက ပျက်နေသဖြင့် ရထားစင်္ကြံသို့သွားရန် မဖြစ်နိုင်။ သို့နှင့် မိနစ် ၄၀ သွားရမည့် နောက်ဘူတာရုံသို့ တက္ကစီငှားစီးသွားရန် သူ့ကိုပြောကြသည်။ တက္ကစီကို ဖုန်းဆက်ခေါ်သော်လည်း ရောက်မလာခဲ့ပါ။ စာရာသည် လက်လျော့ပြီး အိမ်ပြန်သွားတော့သည်။
စိတ်မကောင်းဖွယ် ဤအဖြစ်မျိုးက စာရာအတွက် ပုံမှန်ဖြစ်နေကျပါ။ ဓာတ်လှေကားပျက်သဖြင့် ရထားပေါ်တက်မရ၊ စောင်းလျှောမရှိ၍ ရထားပေါ်မှ ဆင်းမရဖြစ်ရသည်။ တစ်ခါတစ်ရံ အကူအညီလိုနေသည့် စာရာကို မီးရထားဝန်ထမ်းများက အနှောင့်အယှက်အဖြစ် ဆက်ဆံကြသည်။ မကြာခဏဆိုသလို သူမျက်ရည်ကျမတတ်ဖြစ်ရသည်။
လူမှုပေါင်းသင်းဆက်ဆံရေးနှင့်ဆိုင်သည့် သွန်သင်ချက်နည်းဥပဒေသများ အနက် “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်ရမည်” (ဝတ် ၁၉:၁၈၊ ရော ၁၃:၈-၁၀) ဟူသည့်အချက်မှာ အဓိကဖြစ်သည်။ ဤမေတ္တာစိတ်က လိမ်လည်ခြင်း၊ ခိုးခြင်း၊ အခြားသူများကိုအနိုင်ကျင့်ခြင်းတို့…
အလှည့်စား မခံရစေနှင့်
အပြင်တောင်ပံတွင် အစက်လေးများပါပြီး အတွင်းတောင်ပံများတွင်မူ အနီရောင် တောက်တောက် အကွက်အပြောက်များနှင့် မီးစုန်းပိုးမှာ လှပသည့် အင်းဆက်ပိုး ဖြစ်သည်။ သို့သော် ၎င်း၏အလှက အတော်လှည့်စားသည်။ ဤအင်းဆက်ပိုးကို အမေရိကန်နိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ ပထမဆုံးတွေ့ရှိခဲ့ပြီး မြောက်အမေရိကသို့ ထိုးဖောက်ဝင်ရောက်လာသည်ဟု ယူဆကြသည်။ ဆိုလိုသည်မှာ ၎င်းသည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ဖျက်ဆီးနိုင်စွမ်းရှိသည့်အဓိပ္ပာယ်ပင်။ မီးစုန်းပိုးသည် ချယ်ရီပင်နှင့် အခြားသောသစ်သီးပင်တို့ အပါအဝင် “သစ်မာပင် များ၏ အတွင်းသားအူတိုင်တို့ကို စားသုံးပြီး” မှိုစွဲစေသော စေးကပ်သည့် အကျိအချွဲကို ချန်ရစ်ထားကာ အပင်များကို ချက်ချင်းသေစေသည် (သို့) အသီးမသီးနိုင်တော့အောင် အားယုတ်သွားစေသည်။
အာဒံနှင့်ဧ၀ အကြောင်း၌လည်း အခြားသောကြောက်မက်ဖွယ်အန္တရာယ် နောက်တစ်မျိုးကို ကျွန်ုပ်တို့ လေ့လာသင်ယူရသည်။ ဘုရားသခင်အား နာမခံဘဲ တားမြစ်ထားသည့် အသီးကိုစားသုံးပါက “ဘုရားသခင်ကဲ့သို့ဖြစ်မည်” (က ၃:၁-၇) ဟု စာတန်တည်းဟူသော မြွေသည် လင်မယားနှစ်ဦးကို…