ဘုရားသခင်ထံငိုကြွေးမြည်တမ်းခြင်း
နယူးယောက်မြို့ရှိ အမြွှာမျှော်စင် တိုက်ခိုက်ခံရသည့် ၉/၁၁ အောက်မေ့ဖွယ်နှင့် ပြတိုက် (9/11 Memorial & Museum) ၏ အဖွင့်ပြသမှုများကို စူးစမ်းလိုစိတ်ကြောင့် သွားရောက်ကြည့်ရှုခဲ့သော်လည်း ကျွန်မ၏စိတ်ခံစားချက်များကို ထိန်းထားခဲ့သည်။ ကလေးများနှင့် နှလုံးကြေကွဲဖွယ်ပုံများကို မမြင်လိုသူများ မဝင်ရသော ပြတိုက်မှူးများ အမြော်အမြင်ရှိစွာ တားမြစ်ထားသည့် အတွင်းပိုင်းပြခန်းသို့ ဝင်ကြည့်သောအခါ ကျွန်မခံစားချက်တို့ပြောင်းလဲသွားသည်။ ကြေကွဲဝမ်းနည်းဖွယ်ရာနှင့် ဆုံးရှုံးရမှုအဖြစ်အပျက်များ တစ်ခုပြီးတစ်ခု မြင်ရပြီးနောက် ကျွန်မရင်ထဲ၌ ဝမ်းနည်းပူဆွေးမှုတို့ လှိုက်တက်လာခဲ့သည်။
ထိုသို့သောပျက်စီးခြင်းနှင့် နာကျင်မှုတို့ကို မျက်မြင်တွေ့ရသည့်အခါ (သို့) သတိရမိသည့်အခါ ဘုရားသခင်ထံ သူတို့၏ဒုက္ခများကို ဟစ်ကြွေးသူများ၏ ငိုကြွေးခြင်းတွင် ကျွန်မတို့ပါဝင်နိုင်သည်။ ယေရုရှလင်မြို့ပျက်စီးပြီးနောက် ပရောဖက်ယေရမိရေးသားသည်ဟု ကျမ်းပညာရှင်များစွာက ယုံကြည်သည့် ယေရမိမြည်တမ်းစကား၌ တွေ့ရသော ဝေဒနာစကားများ- ကျစ်လစ်စွာ ဖွဲ့စည်းထားသည့် ထိုတမ်းချင်းတွင် ဘုရားသခင်၏လူမျိုးများ နာကျင်ခံစားရမှုအပေါ် သူ၏ဝမ်းနည်းမှုနှင့် ကြေကွဲမှုတို့ကို ထည့်သွင်းထားသည်။” အိုထာဝရဘုရား၊ ကြည့်ရှုတော်မူပါ။…
အစွမ်းမရှိသော်လည်း ဆုတောင်းမပြတ်
“ဒီနေ့[ဘုရားကျောင်း]မှာ ကျွန်တော် ဧည့်ကြိုလုပ်စဥ် လူငယ်တစ်ယောက် ကလေးချီလို့၊ ကျွန်တော့်ဆီလာပြီး ကျွန်တော့်ကို လာဖက်တယ်။ သူ့ကို ခဏငေးကြည့်ရင်း မှတ်မိသွားပြီး ‘ဂျလန်း’လို့ ခေါ်လိုက်တယ်။ ကျွန်တော်တို့နှုတ်ဆက်ပြီး ခဏလေးစကားပြောခဲ့တယ်။ ရည်မွန်လိမ္မာလှတဲ့ လူငယ်လေး”ဟူ၍ သားဖြစ်သူ ဂျလန်းနှင့်ပတ်သက်သည့် မက်ဆေ့ချ်ကို လူမှုကွန်ရက်မီဒီယာမှ ရရှိသောအခါ အန်နီတာဘာလီ၏နှလုံးသား နွေးထွေးသွားသည်။ ထိုဧည့်ကြိုမှာ မိုက်မဲသောရွေးချယ်မှုများ၏ အကျိုးဆက်အဖြစ် ထောင် ၁၂နှစ် ကျခဲ့သော သူတို့၏သားကို ကယ်တင်ရန် အန်နီတာနှင့် သူမ၏ခင်ပွန်း အိဒ်တို့ ဘာမှမတတ်နိုင်သည့်အချိန်၊ သားဆိုးမိုက်ခဲ့ချိန်ကတည်းကပင် ဂျလန်းကို သိကျွမ်းခဲ့သူဖြစ်သည်။
မိဘများသည် အစွမ်းမရှိသကဲ့သို့ ခံစားရသော်လည်း ဆုတောင်းမပြတ်ခဲ့ပေ။ ၆ ရာ ၂၀ တွင် ဘုရင်ယောရှဖတ်လည်း ထို့အတူပင် အစွမ်းမဲ့ခဲ့သည်။ ရန်သူတပ်များ၏ နှောင့်ယှက်မှုကိုခံရသောအခါ သူသည် ဆုတောင်းရန် စည်းဝေးလျက်(:၁-၄)၊ “အို အကျွန်ုပ်တို့ဘုရားသခင်၊ သူတို့ကို မစီရင်ဘဲနေတော်မူမည်လော။ အကျွန်ုပ်တို့ကို…
သခင်ယေရှုအတွက် မရှက်ကြောက်ပါ
သခင်ယေရှု၌ တည်ကြည်သောယုံကြည်ခြင်းကြောင့် အသတ်မခံရမီ၊ နာမည် မှတ်တမ်းမတင်ရသေးသော အာဖရိကန်သင်းအုပ်ဆရာတစ်ဦးက“မာတုရ၏ ဆုတောင်းသံ”(A Martyr's Prayer)ကို ရေးခဲ့သည်။ ရှေးခေတ်မှ ဤလေးနက်သော သတင်းစကားသည် “ရှက်ကြောက်ခြင်းကင်းသူတို့၏ မိတ်သဟာယ” (The Fellowship of the Unashamed) ဟုလူသိများလာသည်။
ဤသင်းအုပ်၏စကားများသည် သခင်ယေရှုကို ယုံကြည်သူအားလုံး အတွက် စိန်ခေါ်ချက်ဖြစ်ပြီး၊ တိမောသေအား တမန်တော်ပေါလု ပြောခဲ့သော “ငါတို့သခင်ဘုရား၏ သက်သေကိုလည်းကောင်း၊ ရှက်ကြောက်ခြင်း မရှိနှင့်” (၂တိ ၁:၈)။ “အကြောင်းမူကား သန့်ရှင်းသော ဝိညာဉ်တော်သည် ငါတို့အား “တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသော စိတ်သဘောကို ပေးတော်မူ၏”(:၇)ဟူသည့် စကားများကို ထင်ဟပ်သည့်စိန်ခေါ်ချက်ဖြစ်သည်။
စာထဲတွင် သစ္စာရှိသော အာဖရိကန်သင်းအုပ်ဆရာက ဤသို့ရေးသားခဲ့သည်။ “ကျွန်ုပ်သည် ရှက်ကြောက်ခြင်းကင်းသော မိတ်သဟာယ၏တစ်စိတ်တစ်ပိုင်း ဖြစ်ပါ၏။ ဆုံးဖြတ်ချက်ချပြီးပါပြီ။ ကျွန်ုပ်သည် [သခင်ယေရှု] ၏ တပည့်တစ်ဦးဖြစ်ပြီး၊ ကျွန်ုပ်သည်…
ခရစ်တော်၏ သမ္မာတရားကို လက်ခံကိုင်စွဲခြင်း
ကျွန်ုပ်၏သူငယ်ချင်းကော်နာသည် သူ၏ဖလင်နှင့်ရိုက်ရသည့်ကင်မရာဟောင်းနှင့် ဓာတ်ပုံရိုက်သည့်အခါ၊ ဆွဲဆောင်မှုရှိသော အလင်းရောင်ရှာရန်(သို့) အပြစ်အနာ အဆာကင်းရန်(သို့) အမြင်မလှသောအရာများကို ဖြတ်တောက်ရန် ဝန်မလေးပါ။ သူ့ဓာတ်ပုံများက အံ့သြဖွယ်သောပုံကြမ်းများဖြစ်သည်။ သို့သော် ကျွန်ုပ်၏ ဆိုရှယ်မီဒီယာတွင် လှပစွာတည်းဖြတ်ထားသော လူပုံ၊ ရှုခင်းပုံဓာတ်ပုံများထက် ထိုဓာတ်ပုံများက ပေါ်လွင်နေပါသည်။ သမားရိုးကျ မဟုတ်သော်လည်း၊ သူ၏လက်ရာသည် အစစ်အမှန်ကို ဖော်ညွှန်းနေသောကြောင့် လှပသည်။
ကျွန်ုပ်တို့အားလုံး အစစ်အမှန်ကို လိုလားကြသော်လည်း တစ်ခါတစ်ရံ အမှန်တရားသည် ဆွဲဆောင်မှုမရှိ ဖြစ်နေသည်။ အသေခံချိန်နီးသောအခါ သခင်ယေရှုက “ငါသည်...သမ္မာတရားဖြစ်သည်”ဟု ပြောခဲ့သည် (ယော ၁၄ :၆)။ သခင် အလွန်တောင့်တစွာပြောဆိုခဲ့သည့် "ငါ့အဘ၏အိမ်"သို့ သူတို့မည်သို့ရောက်ရှိနိုင်မည်ကို တပည့်တော်များ စဥ်းစားလျက် သိချင်နေကြသည် (:၂-၃)။ သူတို့ရှေ့၌ သခင်ယေရှု ရှိနေခြင်းက အဖြေဖြစ်သည်ကို သူတို့ မသိခဲ့ကြပေ။ ခရစ်တော်ကိုယ်တိုင် စွန့်လွှတ် အနစ်နာခံခြင်းဖြင့် အောင်ပွဲယူဆောင်လာမည်ကို နားလည်ရန် သူတို့ရုန်းကန်ခဲ့ကြရသည်။…
ဘုရားသခင်ကို မှီခိုခြင်း
“အိုး မြေးက အလေးအနက်ဖြစ်နေပုံပဲ”ဟု နှစ်လခွဲအရွယ်မြေးမလေး လီလာနီအား ကျွန်တော် ပြောလိုက်သည်။ သူမက ကျွန်တော့်မျက်နှာကို မျက်မှောင်ကြုတ် ပြီး ကြည့်နေသည်။ “ဘာဘာလည်း အတည်ပြောမယ်။ လောကကြီးမှာ မေမေ မင်းကို ချစ်တယ်။ ဖေဖေ မင်းကို ချစ်တယ်။ ဘာဘာ နဲ့ ပါပါလည်း [အဘိုး အဘွားများ၏နာမည်ပြောင်] မင်းကို ချစ်တယ်။ ဒါပေမယ့် အကောင်းဆုံးကသခင်ယေရှု မင်းကို ချစ်တယ်။ အဲဒါက အဓိကပဲ"ဟု ဆက်ပြောလိုက်သည်။
ထို့နောက် တိမ်တိုက်ကြားမှ နေရောင်ခြည်ဖြာကျသကဲ့သို့၊ မျက်မှောင်မကြုတ်တော့ဘဲ သူ့မျက်နှာလေး၌ တောက်ပလာသည့်အပြုံးက ကျွန်တော့် နှလုံးသားကို အရည်ပျော်သွားစေခဲ့သည်။ ဤစကားက ပိုလွန်းသကဲ့သို့ဖြစ်နိုင်သော်လည်း အဘိုးအဘွားအများစုကဲ့သို့ပင် သူမသည် ကျွန်တော့်ကို နားလည်မည်ဟု ယုံလိုက်ချင်သည်။ ကျွန်တော့်စကားနောက်ကွယ်မှ ပျော်ရွှင်မှု တချို့ကိုသူမ သိသွားပုံရသည်။ သူမမျက်နှာ၌ ပေါ်လာသော ရိုးရှင်းပြီး အပြစ်ကင်းစင်
သော…
ဘုရားသခင်၏ တရားမျှတမှုသဘော
သတင်းက ကြောက်စရာကောင်းလှသည်။ နိုင်ငံခြားအိမ်အကူတစ်ဦးသည် သူမ အလုပ်လုပ်ပေးသော မိသားစု၏ အလွန်အမင်း ရက်စက်စွာ ဆက်ဆံခံရပြီး သေဆုံးသွားသည်။ နောက်ဆုံးတွင် အလုပ်ရှင်များ ထောင်ကျခဲ့သော်လည်း မလုံလောက်ဟု ကျွန်ုပ်ခံစားရသည်။ သနားစရာကောင်းသော မိန်းကလေးအပေါ် ပြုမူသကဲ့သို့ ကြောက်စရာကောင်းသောဒဏ်ကို ခံစားရပြီးမှ သေသင့်သည်ဟု ကျွန်ုပ်တွေးမိသည်။ ထို့နောက် ကျွန်ုပ်ဒေါသက စည်းကျော်သွားလား၊ ဤကဲ့သို့ တွေးခြင်းသည် မှားသလားဟု တွေးမိသည်။
ဆာလံ ၁၀၉ ကို ဖတ်သော် ကျွန်ုပ်တို့၏ပင်ကိုယ်တရားမျှတမှုစိတ်အပေါ် ထိုးထွင်းအမြင်ကို ပေးသည်။ ဒါဝိဒ်သည် နွမ်းပါးသူ၊ လိုအပ်သူများအား ပြစ်မှား သူများအပေါ် အမျက်ဒေါသနှင့် နပန်းလုံးခဲ့သည်။ “သူ၏အသက်တိုပါစေ။ သူ၏အရာကိုလည်း အခြားသူရပါစေ။ သူ၏သားတို့သည် ဘသားဆိုး၊ မယားလည်း မုဆိုးမဖြစ်ပါစေ” ဟု သူဆိုခဲ့သည်(၈-၉)။
သို့သော် ဒါဝိဒ်မင်းကြီးသည် သူ၌ အာဏာရှိသော်လည်း ဤလူများကို လက်စားချေခြင်းမပြုခဲ့ပါ။ ယင်းအစား သူသည်…
ဘုရားသခင်ပေးသော လွတ်လပ်ခြင်း
မြို့ပြဒီဇိုင်းဗိသုကာပညာရှင်များသည် မူကြိုကစားကွင်းခြံစည်း၌ ရိုးခတ်ခြင်း၏ အကျိုးဆက်များကို လေ့လာခဲ့သည်။ ခြံစည်းရိုးမရှိသော ကစားကွင်းတွင် ကလေးများသည် ကျောင်းအဆောက်အအုံနှင့်၊ ၎င်းတို့၏ဆရာအနီးတွင် စုရုံးလေ့ရှိကြပြီး လမ်းလွဲမသွားကြပေ။ သို့သော် ခြံစည်းရိုးခတ်ထားသော ကစားကွင်းတွင် သူတို့သည် ဧရိယာတစ်ခုလုံး၌ စိတ်ကြိုက်ကစားနိုင်ကြသည်။ နယ်နိမိတ်စည်းသည် ပိုမိုလွတ်လပ်သောခံစားမှုကို ဖန်တီးနိုင်သည်ဟု သုတေသီများက သုံးသပ်ခဲ့သည်။ စည်းကမ်းသည် ပျော်ရွှင်မှုကို ကန့်သတ်သည်ဟု ယူဆသော လူများစွာတို့အတွက် ၎င်းသည် ဆန့်ကျင်ဘက်ဖြစ်ပုံရသည်။ သို့သော် ခြံစည်းရိုးများသည် လွတ်လပ်မှုကို ပေးစွမ်းနိုင်ပါသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက်သူ၏စည်းမျဥ်းများမှ ပေးသော လွတ်လပ်မှုကို ထင်ရှားစေသည်။ ဣသရေလလူမျိုးသို့ ပညတ်တော်ဆယ်ပါးကို ပေးအပ်ရာတွင်၊ သူသတ်မှတ်ထားသောစည်းမျဥ်းအတွင်း အသက်ရှင်နေထိုင်ခြင်းဖြင့် “သာယာဝပြောသော” အသက်တာကိုရရှိမည်ဟု ကိုယ်တော် ကတိပြုခဲ့သည်။ “သင်တို့ဝင်စားလတံ့သောပြည်၌ သင်တို့သည် သေဘေးလွတ်လျက်၊ ချမ်းသာရ၍၊ အသက်တာရှည်မည်အကြောင်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသောလမ်းအပေါင်းတို့၌ လျှောက်သွားရကြမည်” (တရား ၅:၃၃)။ ဤနေရာတွင်…
ခရစ်တော်၌ ကျွန်ုပ်တို့အား ခေါ်ယူစေစားခြင်း
ဂင်းနီ ဟစ်လော့သည် ၂၀၂၄ ခုနှစ်တွင် မဟာဘွဲ့ ဒီပလိုမာကို လက်ခံရယူစဉ် ပရိသတ်များက မတ်တပ်ရပ်ဩဘာပေးခဲ့သည်။ အဘယ့်ကြောင့်နည်း။ သူမလုပ်ရမည့်အရာကို သူ့အသက် ၈၄ နှစ်ရှိမှ လုပ်ဆောင်ပြီးစီးခဲ့ခြင်းကြောင့် ဖြစ်သည်။ ၁၉၄၁ ခုနှစ်က သူမ၏သုတေသနစာတမ်းကို တင်ရန်သာ လိုတော့သည်။ သို့သော် ထိုအချိန်က သူမ၏ချစ်သူ ဂျော့ချ်သည် ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းရန် ရုတ်တရက် ဆင့်ခေါ်ခံခဲ့ရ၍ သူတို့နှစ်ဦးသည် အလျင်အမြန် လက်ထပ်ပြီး၊ ဂင်းနီ၏ မပြီးဆုံးသေးသော ဘွဲ့ကို နောက်ချန်ထားခဲ့ကာ ဂျော့ချ် တာဝန်ကျသည့်တပ်စခန်းသို့ ထွက်ခွာသွားခဲ့သည်။ သို့သော် အချိန်ကြာမြင့်စွာ ရပ်ဆိုင်းခဲ့ပြီးနောက် သူမ အစပြုထားခဲ့သောအရာကို အဆုံးတွင် ပြီးဆုံးအောင် လုပ်နိုင်ခဲ့ပြီဖြစ်သည်။
ဧဇရသည် သမ္မာကျမ်းစာကို ဆည်းပူးသူတစ်ဦးဖြစ်သည်။ ဘုရားသခင်၏ ပညတ်တော်တွင် “အထူးသဖြင့်” နားလည်သူ၊ ပြည်နှင်ဒဏ်ခံရသည့် ဗာဗုလုန်မှ ယေရုရှလင်သို့ ပြန်ရန် နှစ်ပေါင်းများစွာ စောင့်နေသူဖြစ်သည်။…
ဆုတောင်းရန် အဆင်သင့်ဖြစ်ခြင်း
ခြင်္သေ့မတစ်ကောင်ကို ခွေးအ အုပ်စုက ဝိုင်းထားသည်။ ခွေးအ များက တိုက်ခိုက် သောအခါ ခြင်္သေ့က ပြန်တိုက်ခိုက်သည်။ သူမ၏ရန်သူများကို တားဆီးရန် အပြင်းအထန်ကြိုးပမ်းကာ ကိုက်ခြင်း၊ ကုတ်ခြစ်ခြင်း၊ မာန်ဖီခြင်း၊ ဟိန်းခြင်းပြုလုပ်ရင်း နောက်ဆုံးတွင် သူမ လဲကျသွားခဲ့သည်။ ခွေးအ များက သူမကို ဝိုင်းလိုက်စဉ် အခြားခြင်္သေ့မတစ်ကောင်ရောက်လာပြီး ၎င်းကို ကယ်ခဲ့သည်။ စက္ကန့်ပိုင်းအတွင်း နောက်ထပ်ခြင်္သေ့သုံးကောင် စစ်ကူရောက်လာသည်။ ခွေးအ အကောင်ရေ များသော်လည်း၊ ခြင်္သေ့များသည် ခွေးအ များ အုပ်စုကွဲသွားသည်အထိ တိုက်ခိုက်ခဲ့ကြသည်။ ခြင်္သေ့များသည် နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ရန် မျှော်လင့်ထားသလိုမျိုး ဘေးပတ်လည်ကို စောင့်ကြည့်ကာ အတူတကွ ရပ်နေကြသည်။
သခင်ယေရှုကို ယုံကြည်သူများသည်လည်း အခြားသူများထံမှ မဖြစ်မနေ အကူအညီ လိုအပ်ပြီး၊ ကျွန်ုပ်တို့ပေးနိုင်သော အစွမ်းထက်ဆုံးအကူအညီမှာ ဆုတောင်းခြင်းပင်ဖြစ်သည်။ ရှင်ပေါလုက “ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအားထုတ်၍ ငါ့အဖို့အလိုငှာ ဘုရားသခင်ကို ဆုတောင်းပတ္ထနာ ပြုကြလော့ဟု ငါတို့သခင်ယေရှုခရစ်နှင့်…
ဘုရားသခင်ပြုခဲ့သောအရာကို သိမြင်ခြင်း
Morse(မော့စ်)သည် ပရိုတက်စတင့် အမှုတော်ဆောင်တစ်ဦး၏သားဖြစ်ပြီး၊ မအောင်မြင်သော ရှုခင်းပုံရေးဆွဲသည့် ပန်းချီဆရာတစ်ဦးဖြစ်သည်။ ၁၈၂၀ ခုနှစ် များတွင် သူသည် အမေရိက ကိုလိုနီနယ်များတွင် “နယ်လှည့် ပန်းချီဆရာ”အဖြစ် ချို့တဲ့စွာ နေထိုင်ခဲ့သည်။ သို့သော် ဘုရားသခင်က သူ့ဘဝဦးတည်ရာကို လမ်းပြခဲ့သည်။ မော့စ်သည် သိပ္ပံပညာပိုင်းကိုလည်း စိတ်ဝင်စားပေရာ၊သူသည် လျှပ်စစ်သံလိုက်များအကြောင်း လေ့လာခဲ့ပြီး၊ ကမ္ဘာကြီးကို ပြောင်းလဲစေမည့် အကြံဉာဏ်များ ကွန့်မြူးခဲ့သည်။ ၁၈၃၂ တွင် Samuel F. B. Morse သည် လျှပ်စစ်ကြေးနန်းစိတ်ကူး၌ စိတ်နှစ်ခဲ့ပြီး၊ နောက်ပိုင်းတွင် ပထမဆုံးသောကြေးနန်းကို တီထွင်ခဲ့သည်။
ကျမ်းစာမှတ်တမ်းတွင် အထင်ရှားဆုံးသော “အသက်မွေးမှုအလုပ် ပြောင်းသူ”မှာ ခရစ်တော်ကို ယုံကြည်သူများအား “ခြိမ်းခြောက်၍ အသေသတ်ခြင်းငှာ ပြင်းစွာအသက်ရှု”သူ ရှောလုဖြစ်နိုင်သည်(တ ၉:၁)။ သခင်ယေရှုသည် အလင်းထဲမှ ထင်ရှားလျက်(:၃)၊ “သင်သည် ငါ့အား ညှဥ်းဆဲပြီ”ဟု ရှောလုအား မိန့်လေသည်။…