မနေ့တစ်နေ့ကကဲ့သို့ မှတ်မိစွဲထင်နေသော
၁၉၄၁ ခုနှစ်၊ ဆောင်းဦးအစောပိုင်း၊ နိုင်ငံ၏မြောက်ပိုင်းတွင် ဖြစ်သည်။ တနင်္ဂနွေနေ့ဝတ်ပြုစည်းဝေးပြီး၍ ကျွန်တော့်၏ဖခင်နှင့်သူတို့မောင်နှမများ အိမ်သို့ခြေကျင် လျှောက်ပြန်ခဲ့ချိန်တွင် သူတို့၏ဖခင်က ဘုရားကျောင်းငယ်လေး၌ ကျန်ရစ်သည်။ ထို့နောက် နှင်းဖုံးလွှမ်းနေသောတောင်ကုန်းတစ်လျှောက် အိမ်သို့ ဖခင်ပြန်ရောက် လာချိန်တွင် သူငိုနေခဲ့သည်။ အကြောင်းမှာ ပုလဲဆိပ်ကမ်းဗုံးကြဲခံရသည့်သတင်းကို သူကြားသိခဲ့ရပြီး၊ ကျွန်တော့်အဖေအပါအဝင် သူ့သားများ စစ်တိုက်ကြရမည်ဖြစ်သောကြောင့်ပါ။ ကျွန်တော့်အဖေသည် ထိုအဖြစ်အပျက်ကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် အမြဲမှတ်မိနေဆဲပင်။
ထိုကဲ့သို့ မိမိ၏စိတ်ထဲ၌ နက်ရှိုင်းစွာထင်ဟပ်နေသောအရာများကို (flashbulb memories) “မနေ့တစ်နေ့ကကဲ့သို့မှတ်မိစွဲထင်နေသောမှတ်ဉာဏ်”ဟု သုတေသီပညာရှင်များက ခေါ်ဆိုခဲ့ကြသည်။ အမေရိကန်နိုင်ငံ၏ စက်တင်ဘာ ၁၁ အဖြစ်အပျက် (သို့) မိမိချစ်ခင်ရသူတစ်ဦးဦးကို ဆုံးရှုံးခဲ့ရသည့်အချိန်ကို ပြန်တွေးကြည့်လိုက်ပါ။ မိမိအပျော်ဆုံးဖြစ်ခဲ့ရသည့်ကာလကိုလည်း တွေးကြည့်ပါ။
နောက်တော်လိုက်တပည့်တော်များ၏ မှတ်မိစွဲထင်နေသောမှတ်ဉာဏ်ကို တွေးဆကြည့်ပါ။ အံ့ဩဖွယ်ရာများ တစ်ခုပြီးတစ်ခု သူတို့တွေ့ခဲ့ကြသည်။ သို့သော် ရုတ်ချည်းကပ်ဘေးဆိုက်ခဲ့သည်။ ဘုရားသခင်၏သားတော် အဖမ်းခံရပြီး ကားတိုင်၌ အသတ်ခံခဲ့ရသည်။ သို့သော်…
ဘုရားသခင်ကို ကြောက်ရွံ့သော အမျိုးသမီး
ရိုစီ၏မွေးနေ့ပွဲသည် မေ့မရနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့သည်။ အစားအသောက်က အရသာရှိသည်။ စားပွဲဝိုင်းက ရယ်မောသံများနှင့်စီနေပြီး၊ သူမ၏ပထမဆုံးမြေးလေးပါ ရှိနေခြင်းက ပို၍ကြည်နူးစရာဖြစ်သည်။ သို့သော် ဤကောင်းသောအရာများက သားနှစ်ယောက်၏ဂုဏ်ပြုမှုကို မယှဥ်နိုင်ပါ။ ရိုစီ၏ အိမ်ထောင်ရေးမှာ မတည်မြဲခဲ့သော်လည်း၊ တစ်ခုလပ်မိခင်တစ်ဦးအနေဖြင့် သူမ၏ထူးခြားသောစွမ်းရည်များသည် သားနှစ်ယောက်အပေါ် သက်ရောက်မှုကို ဖြစ်စေခဲ့သည်။ သူတို့၏ချီးကျူးဂုဏ်ပြုမှုများသည် သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် သူမအတတ်နိုင်ဆုံး လုပ်ဆောင်ပေးခဲ့မှုကို ထင်ဟပ်ပြနေသည်။ “အမေက ဘုရားသခင်ကို ကြောက်ရွံ့တဲ့ အမျိုးသမီးဖြစ်တယ်”ဟူသည့် သားငယ်၏မှတ်ချက်က သားများရှေ့တွင် ပေါ်လွင်နေသည့် ရိုစီ၏အနေအထားကို အကောင်းဆုံးဖော်ကျူးနေသည်။
သုတ္တံကျမ်း ၃၁:၁၀-၃၁ တွင် အိမ်ထောင်၌ ထာဝရဘုရားကို ကြောက်ရွံ့သောအသိဉာဏ်ပညာသည် မည်သို့မည်ပုံဖြစ်သည်ကို ကျမ်းစာဖတ်သူများ တွေ့နိုင်သည်။ နှိမ့်ချလျက် ဘုရားသခင်ကို ရိုသေခြင်းဟူသည့် ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် (:၃၀)၊ လူတစ်ဦးကို ယုံကြည်ထိုက်သူဖြစ်ရန် (:၁၁-၁၂)၊ အလုပ်ကြိုးစားပြီး ငွေကြေးကို အလေအလွင့်မဖြစ်စေဘဲ ကောင်းစွာစီမံသူဖြစ်ရန် (:၁၃-၁၉)တွန်းအားပေးသည်။…
ကြီးမြတ်သော စေခိုင်းမှု
ဒုတိယရာစုနှစ်တွင်းရှိ မယုံကြည်သူ Diognetus သည် ခရစ်တော်၏နောက်လိုက်များ နေ့စဉ်နှင့်အမျှ တိုးများလာကြောင်း သတိပြုမိခဲ့သည်။ ထိုအချိန်တွင်ယုံကြည်သူများသည် ရောမတို့၏လက်အောက်တွင် ပုံမှန်ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနေကြရသည်။ သူသည် သခင်ယေရှုကို ယုံကြည်သူတစ်ယောက်အား အဘယ်ကြောင့် ထိုအရာသည် မှန်နေသနည်းဟု မေးခဲ့သည်။ Diognetus ထံသို့ ပေးစာဟု ကျွန်ုပ်တို့သိကြရသည့် စာတမ်းတစ်ခုတွင်၊ ထိုဘုရားကျောင်းမှ သင်းအုပ်ဆရာက “သူတို့သည် ပိုများများ အပြစ်ဒဏ်ခံရလေလေ၊ သူတို့အရေအတွက် ပိုများလေလေ ဖြစ်လာသည်ကို သင် မမြင်နိုင်ဘူးလား။ ဤအရာသည် လူသားများ လုပ်နိုင်သော အလုပ်မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ တန်ခိုးတော်ပင်ဖြစ်သည်”ဟု ပြန်ဖြေခဲ့သည်။
ကောင်းကင်ဘုံသို့မတက်ကြွမီတွင် သခင်ယေရှုသည် တပည့်တော်များအား နောက်ဆုံးစကားများ မိန့်ကြားတော်မူစဉ်၊ သူတို့သည် လာမည့်ရာစုနှစ်များအတွင်း အသင်းတော်၏တိုးတက်မှုကို တွေ့ကြုံခံစားရမည်ဟု စိုးစင်းမျှပင် မတွေး မထင်နိုင်ကြပေ။ “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌…
ဘုရားသခင်ကို အစဉ်အမြဲ ချီးမွမ်းပါ
နွေရာသီတစ်ခုတွင် မွန်တာနာပြည်နယ်သို့ ခရီးသွားစဥ်က ခြေဆန့်လက်ဆန့်ခေတ္တနားနေရန် နေရာတစ်ခုတွင် ကျွန်မတို့ရပ်နားခဲ့သည်။ အဆောက်အဦတစ်ခုအတွင်းတွင် ကြမ်းတိုက်နေသည့် လူငယ်တစ်ဦးက ကျွန်မနှင့်ရင်းနှီးသော ချီးမွမ်းသီချင်းကို သီဆိုနေသည်။ ထို့နောက် “ကောင်းပေသည် ဝိညာဥ်ဖို့” သီချင်းကို သူ စတင်သီဆိုရာ၊ မနေနိုင်တော့ဘဲ ထပ်ဆိုရန်အပိုဒ်မှ “ကောင်းပေသည်၊ (ကောင်းပေသည်)၊ ဝိညာဉ်ဖို့ (ဝိညာဥ်ဖို့)”ဟူ၍ ကျွန်မလည်း သူ့နောက်မှ လိုက်ဆိုမိသည်။ ထို့နောက် “ကောင်းပေသည်၊ ကောင်းပေသည်၊ ဝိညာဥ်ဖို့” ဟူသည့် နောက်ဆုံးစာကြောင်းကို အတူတူ သီဆိုခဲ့ကြသည်။ သူက အပြုံးနှင့် လက်သီးဆုတ်ချင်း တေ့ကာနှုတ်ဆက်ရင်း “ဘုရားသခင်ကို ချီးမွမ်းတယ်”ဟု ပြောသည်။ ကားဆီသို့ ကျွန်မပြန်ရောက်သောအခါ စောင့်နေသောခင်ပွန်းက “ပြုံးပြုံးကြီးနဲ့ ဘာဖြစ်တာလဲ” ဟု မေးပါသည်။
ကိုယ်တော်၏ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ကရုဏာ၊ ကတိတော်များ၊ ထောက်ပံ့ပေးခြင်းနှင့် ကာကွယ်ပေးခြင်းတို့ကို ပြန်လည်ဆင်ခြင်ပြီး ဘုရားသခင်ကို ချီးမွမ်းနိုင်သည်။ ဆာလံ ၁၄၅…
ခရစ်တော်၌ အတူတကွ အမှုဆောင်ခြင်း
ဘယ်မှာနေနေ၊ ဘာကိုပဲ ဖြတ်သန်းနေရပါစေ၊ ကိုယ့်မှာရှိတာကိုအသုံးပြုပြီး အကောင်းဆုံးအသုံးချပါ”ဟု တီဗွီအင်တာဗျူးတစ်ခုတွင် အမျိုးသမီးငယ်တစ်ဦး က ပြောကြားခဲ့သည်။ သူမစကားက ထိုအစီအစဥ်ကို အစအဆုံးနားထောင်ကြည့်ရန် ကျွန်မအား နှိုးဆော်ခဲ့သည်။ သူမသည် သူနာပြုဘွဲ့ရယူနိုင်အောင် ကြိုးစား နေသော ညီအစ်မ ၆ ယောက်အနက်မှ တစ်ဦးဖြစ်ကြောင်း သိခဲ့ရသည်။ သူတို့သည် တစ်ချိန်က အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဘဝကို ရုန်းကန်ခဲ့ရသော်လည်း၊ ၎င်းတို့၏ ဘုံရည်မှန်းချက်ပန်းတိုင်သို့ရောက်ရန် အတူတကွ ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။ ယခု အင်တာဗျူးထုတ်လွှင့်ချိန်တွင် ညီအစ်မခြောက်ယောက်စလုံးသည် ၎င်းတို့၏ ဒေသရှိတက္ကသိုလ်မှ သူနာပြုပညာရပ်ကို ပြီးမြောက်ခဲ့ပြီဖြစ်သည်။
တောလည်ရာကျမ်း အခန်းကြီး ၂၇ တွင် အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး အချင်းချင်း ပံ့ပိုးကူညီသည့် အခြားညီအစ်မတစ်စုအကြောင်း ပြောထားသည်။ ဇလောဖဒ်၏ သမီးငါးယောက်သည် အမွေဆက်ခံခြင်းစီရင်ထုံးဖွဲ့ချက်နှင့်ပတ်သက်၍ အယူခံဝင်ခဲ့သည်။ “အကျွန်ုပ်တို့၏အဘသည် တော၌သေပါ၏။ မိမိအပြစ်ကြောင့် သေပါ၏။ သူ၌သားယောက်ျား မရှိပါ။ အကျွန်ုပ်တို့အဘ၏…
ပထမ အရေးကြီးဆုံးအရာ
သောမတ်စ် ဒီမာဟီ (Thomas de Mahy)သည် ၁၈ ရာစုနှောင်းပိုင်း ပြင်သစ် တော်လှန်ရေး အဓိကရုဏ်းအတွင်း ကွပ်မျက်ခံခဲ့ရသည့် မင်းမျိုးမင်းနွယ်များထဲမှ တစ်ဦးဖြစ်သည်။ သမိုင်းအချက်အလက်တစ်ခုအရ၊ သူ၏သေဒဏ်အမိန့်ကို ဖတ်ပြီးနောက်တွင်၊ ဒီမာဟီက “မင်း စာလုံးပေါင်း အမှားသုံးခု လုပ်ထားတာကို ငါမြင်တယ်”ဟု တုံ့ပြန်ခဲ့သည်။ ၎င်းသည် အမှန်ဖြစ်ပါက၊ ဒီမာဟီသည် သူ ကွပ်မျက်ခံရတော့မည်ဟူသော ထင်ရှားသည့်ကိစ္စကြီးကိုပင် ပြတ်သားစွာ လျစ်လျူရှုခဲ့သည်။
ယနေ့ ကျွန်ုပ်တို့သည် မရည်ရွယ်ဘဲ ခရစ်တော်၏ကိုယ်ခန္ဓာ (အသင်းတော်) နှင့်ပတ်သက်သော အရေးကြီးအချက်တစ်ချက်ကို ပျောက်ပျက်သွားစေမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ရည်ရွယ်ချက်မှ သွေဖည်စေမည့်သူများ အသင်းတော်၌ ရှိနေသည်။ အချို့က အသင်းတော်ကို အာဏာပြလွှမ်းမိုးနိုင်သောနေရာ (သို့) မိမိကို အစေခံရမည့်နေရာ အဖြစ်ရှုမြင်သည်။ အချို့က လူတစ်ဦးချင်းစီ၏ ဝိညာဥ်ရေးရာတိုးပွားရမည့်နေရာ၊ ရပ်ရွာအကျိုးပြုရမည့်ပရဟိတအဖွဲ့၊ အစေခံပါဝင်နိုင်သည့်နေရာအဖြစ် ရှုမြင်ကြသည်။ ဘာသာရေးအဖွဲ့တစ်ခု အဖြစ်လည်း ကျွန်ုပ်တို့မြင်ကောင်းမြင်မည်။ သို့သော်…
အောင်မြင်သောယေရှု
၁၉၇၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်၊ ၇ ကြိမ်မြောက် အမေရိကန်ဘောလုံးပြိုင်ပွဲ (Super Bowl VII)ဗိုလ်လုပွဲတွင် မိုင်ယာမီလင်းပိုင် (Miami Dolphins)အသင်းက အသာစီးရနေပြီး၊ ဘောလုံးရာသီတစ်လျှောက် ရှုံးပွဲမရှိ ၁၆ ပွဲဆက်တိုက်စံချိန်တင်ကာ အနိုင်ရနေသည်။ ပြိုင်ပွဲပြီးသွားသောအခါ၊ အောင်ပွဲရ လင်းပိုင်အသင်းသည် အားကစားသမိုင်းတွင် ပြီးပြည့်စုံသည့်စံချိန်နှင့် တစ်ခုတည်းသော ကျွမ်းကျင်ဘောလုံးအသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်သွားမည်ဖြစ်သည်။
အောင်ပွဲခံခြင်း။ ၎င်းသည် သခင်ယေရှုနှင့်ကိုက်ညီသော သတ်မှတ်ချက် တစ်ခုဖြစ်သည်။ သခင်ယေရှု၏အမှုတော်ကို သေချာလေ့လာကြည့်ပါက အောင်ပွဲတစ်ခုပြီးတစ်ခုကို မြင်တွေ့ရပါမည်။ ရှင်မဿဲ၏ ဂါလိလဲပြည်၌ ခရစ်တော်၏အမှုတော်မှတ်တမ်းတွင်(မ ၄:၂၃ - ၉:၃၈)၊ အစအဆုံးအကျဉ်းချုပ်ဖော်ပြချက်များပါရှိသည်။ “ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောလျက်၊ လူတို့တွင် အနာရောဂါ အမျိုးမျိုးတို့ကိုငြိမ်းစေလျက်၊ ဂါလိလဲပြည်တစ်ပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏”(မ ၄:၂၃၊ ၉:၃၅ ကိုရှု)။ သခင်ယေရှုသည် နတ်ဆိုး၊ ရောဂါနှင့်သေခြင်းတို့ကို…
ဆုတောင်းချက်များကို ဘုရားသခင် နားညောင်းသည်
ကျွန်မသူငယ်ချင်း ခရစ္စတင်းနှင့် သူ့ခင်ပွန်းတို့သည် သူတို့၏အဒေါ်နှင့် ဦးလေးအိမ်တွင် ညစာစားနေကြသည်။ မကြာသေးမီက အဒေါ်၌ ပြင်းထန်သော ကင်ဆာ ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ညနေစာမစားမီတွင် ဦးလေးက “တစ်ခုခုပြောစရာရှိလား”ဟုမေးသည်။ ဦးလေးက “ဆုတောင်းချင်တဲ့သူရှိလား” ဟုဆိုလိုကြောင်းသိသည့်အတွက် ခရစ္စတင်း ပြုံးမိသည်။ သူသည် ယုံကြည်သူ မဟုတ်သော်လည်း ခရစ္စတင်းသည် ခရစ်ယာန်ဖြစ်မှန်းသိသောကြောင့် သူမအား ဆုတောင်းရန် ဖိတ်ခေါ်သောနည်းလမ်းဖြစ်သည်။ သို့နှင့် ဘုရားသခင်၏ဂရုစိုက်မှုအတွက် သူမ၏စိတ်နှလုံးမှ ကျေးဇူးတင်ပြီး၊ အဒေါ်အတွက် အံ့ဩဖွယ်နိမိတ်လက္ခဏာပြုရန် ခရစ္စတင်း တောင်းလျှောက်ခဲ့သည်။
ပရောဖက်ဟေရှာယက ဟေဇကိမင်းကြီးအား နေမကောင်း၍ သေရတော့မည်ဟု ပြောသောအခါ မင်းကြီး၏စိတ်၌ ဘုရားသခင်အား ပြောစရာတစ်ခုရှိနေသည် (ဟေရှာ၃၈:၁)။ သူသည် “အလွန်ငိုကြွေးလျက်”၊ “အိုထာဝရ ဘုရား၊ အကျွန်ုပ်သည်ရှေ့တော်၌ သစ္စာစောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့် ကျင့်၍၊ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော်မူပါ” (:၃)ဟုဆုတောင်းခဲ့သည်။ အနာငြိမ်းရန်အတွက် ရိုးသားစွာ၊ ပြင်းပြစွာဖြင့်…
ယေရှုအားဖြင့် ပေါင်းစည်းခြင်း
Andy Goldsworthy (အင်ဒီဂိုးဝေါ့သိ)၏ Grand Rapids Arch (ဂရန်းရက်ပစ် အမိုးခုံး)သည် ခရီးသွားများနှင့်အတူ ယှဉ်တွဲနေသကဲ့သို့ လမ်းဘေးတွင် တည်ရှိ သည်။ အနုပညာလက်ရာဖန်တီးရှင်က အင်္ဂတေနှင့် တံစို့များမသုံးဘဲ သဲကျောက် ၃၆ ချပ်ဖြင့် အမြင့် ၁၈ ပေရှိသည့် ထိုအမိုးခုံးကို ဖန်တီးခဲ့သည်။ ကျောက်တစ်ချပ်စီ၏ အရွယ်အစား မတူသော်လည်း၊ အံဝင်ခွင်ကျဖြစ်စေရန် ဖြတ်တောက်ကာ၊ သပ်ပုံသဏ္ဌာန် အမိုးခုံး၏ထိပ် အလယ်ဗဟိုကျောက်၏ဖိအားအပေါ် မူတည်ပြီး၊ ကျောက်ချပ်တစ်ခုနှင့်တစ်ခုကို အခုံးသဏ္ဌာန် တဖြည်းဖြည်း မြှင့်တင်ခဲ့သည်။ ကျောက်ချပ်များ တစ်ခုနှင့်တစ်ခုစွဲနေစေရန် အမိုးခုံး၏အထိန်းကျောက်သည် ပေါင်းကူးအုတ်မြစ်ကဲ့သို့ပင် မရှိမဖြစ်လိုအပ်သည်။
ထိုလက်ရာက သခင်ယေရှုသည် သူ၏မတူညီကွဲပြားနေသော အသင်းတော်၏ “တိုက်ထောင့်အမြစ်ကျောက်” အဖြစ် အမှုဆောင်ကြောင်းကို သတိပေးလာသည် (ဧ ၂:၂၀)။ ယုဒလူမျိုးမဟုတ်သည့် တစ်ပါးအမျိုးသားများသည် တစ်ချိန်က “ခရစ်တော်ကို မသိ၊ ဣသရေလအပေါင်းအသင်း၌ မဝင်၊ ကတိတော်ပါသော…
ညှင်းပန်းနှိပ်စက်ခြင်း၏ဆန့်ကျင်ဘက်ရလဒ်
တမန်တော်ဝတ္ထု ၇:၅၉ မှ ၈:၈ အထိ အပိုဒ်ငယ် ၁၀ ခုတွင် ပုံမှန်မဟုတ်သော တစ်စုံတစ်ရာဖြစ်ပျက်ခဲ့သည်။ ကျောက်ခဲဖြင့်ပစ်သတ်ခံရသည့် သတေဖန်၏ ဆိုးရွားသောသေခြင်းအကြောင်းမှ အရပ်ရပ်သို့ကွဲပြားသွားသည့် အခြားသော ခရစ်တော်ကိုယုံကြည်သူများက (ညှဥ်းပန်းမှုကို ကြောက်နေမည့်အစား) နှုတ်ကပတ်တော်ကို ဟောပြောခြင်းသို့ မြန်ဆန်စွာပြောင်းလဲသွားသည်။ “ထိုမြို့သူ မြို့သားတို့သည် အလွန်ဝမ်းမြောက်ခြင်း ရှိကြ၏”(၈:၈) ဟူ၍တွေ့ရသည်။ ၎င်းသည် နှိပ်စက်ညှဉ်းပန်းမှု၏ဝိရောဓိ၊ ဆန့်ကျင်ဘက်နိယာမပင်ဖြစ်သည်။
ဥရောပသား သင်းအုပ်ဆရာရစ်တိုကူးလိချော့ဗ် (Hristo Kulichev) သည် မကောင်းမှုထဲမှ ထွက်ပေါ်လာသော ကောင်းသောအံ့ဖွယ်အမှုများနှင့်တွေ့ကြုံ ခဲ့ရသည်။ ၁၉၈၀ ခုနှစ်များတွင် သူသည် တရားဟောပြောခြင်းကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရပြီး၊ ထောင်၌ သခင်ယေရှု၏ဧဝံဂေလိတရားကို ပွင့်ပွင့်လင်းလင်း ဟောပြောခဲ့သည်။ ၈ လအကြာ သူထောင်မှလွတ်လာသောအခါ သူက “အသင်းတော်မှာ မျှော်လင့်နိုင်တာထက် ထောင်ထဲမှာ အမှုတော်က ပိုပြီး အောင်မြင်မှုရခဲ့တယ်။ အပြင်မှာ လွတ်လပ်ချိန်ထက် ထောင်ထဲမှာ…