ကျေးဇူးတော်၏တို့ထိမှု
စာရေးဆရာလိဖ်အန်ဂါ၏ Peace Like a River ဝတ္ထု၌ ဂျဲရမိုင်းယားလဲန်သည် ဒေသခံကျောင်းတစ်ကျောင်း၌ သန့်ရှင်းရေးလုပ်သားအဖြစ်လုပ်ကိုင်ရင်း ကလေး သုံးဦးကို သူတစ်ဦးတည်း ကျွေးမွေးစောင့်ရှောက်ရသည်။ သူသည် ယုံကြည်ခြင်း နက်နဲခိုင်မာသူ ဖြစ်ပြီး တစ်ခါတစ်ရံ သူ့ယုံကြည်ခြင်းက အံ့သြစရာ ကောင်းလှသည်။ ဝတ္ထုတစ်ပုဒ်လုံး၌ သူ့ယုံကြည်ခြင်းမှာ မကြာခဏ စစ်ကြောခံရ သည်။
ထိုကျောင်းကို စီမံအုပ်ချုပ်သူမှာ မျက်နှာ၌ အမာရွတ် ရှိသည့် လူဂွစာ ချက်စတာဟိုဒင် ဖြစ်သည်။ ဂျဲရမိုင်းယားက အလုပ်နှင့် ပတ်သက်၍ စံပြစိတ်ထားရှိသည်။ မိလ္လာများပေကျံသည့်အိမ်သာကြမ်းပြင်ကို မငြီးမငြူ တိုက်ချွတ်သည်။ ဆရာကြီး ဟိုဒင်ခွဲပစ်သည့် ပုလင်းကွဲများ ကိုလည်း ရှင်းလင်းပေးသည်။ သို့သော် ဆရာကြီးက သူ့ကို ထွက်သွားစေချင်သည်။ တစ်နေ့တွင် ကျောင်းသားများရှေ့၌ ဆရာကြီးက သူ့ကို အရက်သောက် မူးရူးသည်ဟု စွပ်စွဲပြီး အလုပ်ထုတ်ပစ်လိုက်သည်။ ၎င်းသည် တစ်ဖက်သားကို…
အိမ်သစ်
၁၈၉၂ ခုနှစ်က အယ်လစ်ကျွန်း ကို ဖြတ်ကျော်၍ အမေရိကန်ပြည်ထောင်စုသို့ ပထမဦးဆုံး ပြောင်းရွေ့ဝင်ရောက်လာသူအနေဖြင့် အယ်နီမိုးသည် အိမ်ယာသစ်နှင့် ဘဝသစ်စရတော့မည်ဟူသည့် အတွေးဖြင့် အလွန်စိတ်လှုပ်ရှားခဲ့ပေလိမ့်မည်။ ထိုနောက်ပိုင်းတွင်လည်း လူသန်းနှင့်ချီ၍ သူ့နည်းတူ ဝင်ရောက်ခဲ့ကြသည်။ ဆယ်ကျော်သက်အရွယ် အယ်နီသည် ဘဝသစ်စတင်ရန် အိုင်ယာလန်ပြည်၌ ခက်ခဲရုန်းကန်ရသည့်ဘဝကို စွန့်ခဲ့သည်။
ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို မြင်ရလျှင် (ဗျာ ၂၁း၁) ဘုရားသားသမီးတို့ မည်မျှ စိတ်လှုပ်ရှား အံ့သြကြမည်နည်း။ ဗျာဒိတ်ကျမ်းမှ သန့်ရှင်းသောမြို့ ဟု ခေါ်ဆိုသည့် ယေရုရှလင်မြို့သစ်သို့ (း၂) ကျွန်ုပ်တို့ ဝင်ရောက်ကြမည်။ တမန်တော်ရှင်ယောဟန်က ဤမြို့ကို အံ့မခမ်း သရုပ်ဖော်ခဲ့သည်။ ‘‘ကျောက်သလင်းကဲ့သို့ ကြည်လင်၍ ဘုရားသခင်နှင့် သိုးသူငယ်ပလ္လင်တော်ထဲက ထွက်သော အသက်ရေစီးရာ မြစ်’’ တစ်စင်းရှိသည် (၂၂း၂)။ ရေက အသက်နှင့် ကြွယ်ဝခြင်းကို ပုံဆောင်ပြီး ၎င်းသည် ထာဝရဘုရားသခင်၌ အရင်းခံသည်။…
ဝိညာဉ်ရေးရာ နွမ်းလျနေလား
‘‘စိတ်ပိုင်းခံစားချက်အရ ကျွန်ုပ်တို့သည် တစ်နေ့တာအလုပ်များကို တစ်နာရီအတွင်း လုပ်ကိုင်နေကြသည်’’ ဟု ဇက်အက်စ်ဝိုင်က The Imperfect Pastor ဟူသည့် စာအုပ်၌ ရေးသားခဲ့သည်။ သူက သင်းအုပ်များ၏ဝန်ကို ရည်ရွယ်၍ရေးသားခြင်း ဖြစ်သော်လည်း ကျွန်ုပ်တို့အားလုံးအတွက်လည်း မှန်နေသည်။ စိတ်ပိုင်းဆိုင်ရာဝန်ပိပြီး တာဝန်ဝတ္တရားများက ကြီးလေးနေခြင်းကြောင့် ကျွန်ုပ်တို့၏ ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ ဝိညာဉ်ပိုင်းတို့တွင် မောပန်းနွမ်းလျ သွားနိုင်ပါသည်။ ဖြစ်တတ်သည်မှာ ကျွန်ုပ်တို့ အိပ်ရေးဝဝ အိပ်လိုက်ချင်သည်။
၃ ရာ ၁၉ တွင် ပရောဖက်ဧလိယသည် အဘက်ဘက် မှ အားကုန်သွားသည့်အခြေအနေကို ရင်ဆိုင်ခဲ့ရသည်။ ဗာလ ပရောဖက်များကို သူလုပ်ကြံကြောင်း သိလိုက်ရသည်တွင် (၁၈း၁၆-၄၀)၊ ယေဇဗေလမိဘုရားက သူ့ကို သတ်မည်ဟု ခြိမ်းခြောက်သည်(း၁-၂)။ ဧလိယမှာ ကြောက်လွန်းသဖြင့် ထွက်ပြေးကာ သူ့အသက်ကို နုတ်ပါမည့်အကြောင်း ဆုတောင်းခဲ့သည် (၁၉း၃-၄)။
စိတ်ပျက်အားလျော့မှုနှင့် လှဲလျောင်းစဉ် ကောင်းကင်တမန်တစ်ပါးသည်…
ပေါင်းသင်းဆက်ဆံရန်အတွက် ရည်စူးဖန်ဆင်းခဲ့သည်
နိုင်ငံများစွာ၌ အထီးကျန်သူများအတွက် ‘‘မိသားစုငှားရမ်းသည့်လုပ်ငန်း’’ ဈေးကွက် တွင်ကျယ် တိုးတက်လာသည်။ အချို့က အပေါ်ယံ အမြင်ကောင်းအောင် ထိုလုပ်ငန်းကို ငှားရမ်းအသုံးချသည်။ လူမှုရေးပွဲတက်အခမ်းအနားတွင် မိသားစုလိုက်တက်ရောက်ကာ ပျော်ရွှင်သောမိသားစုဘဝပိုင်ဆိုင်သည့်ပမာ ဟန်ဆောင်ကြသည်။ အချို့က သရုပ်ဆောင်များ ငှားရမ်းပြီး၊ ကွဲကွာပြီး ခပ်တန်းတန်းဖြစ်နေသည့် ဆွေမျိုးသားချင်းအဖြစ် သရုပ်ဆောင်စေသည်။ ၎င်းတို့ တောင့်တသည့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်စွာ အဆက်အဆံရှိမှုကို ခဏလေးပင်ဖြစ်စေ ရယူခံစားကြသည်။
ထိုခေတ်ရေစီးကြောင်းက လူသည် ပေါင်းသင်း ဆက်ဆံရန်အတွက် ရည်စူးဖန်ဆင်းခြင်းခံရသည် ဟူသည့် အခြေခံအမှန်တရားကို ထင်ဟပ်ပြနေသည်။ ကမ္ဘာဦးကျမ်းရှိ ဖန်ဆင်းခြင်းအကြောင်းတွင် ‘‘ဘုရားသခင်သည် မိမိဖန်ဆင်း သမျှသော အရာတို့ကို ကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ၏’’ (၁း၃၁)။ သို့သော် အာဒံကို ကြည့်ပြီး ‘‘ယောက်ျားသည် တစ်ယောက်တည်း မနေကောင်း’’ (၂း၁၈) ဟု အတွေးဝင်ခဲ့သည်။ ဤလူသားအတွက် အခြားလူသား အဖော်လိုအပ်သည်။
သမ္မာကျမ်းစာမှ…
ဝမ်းနည်းဖွယ်အဖြစ်အပျက်ဇာတ်လမ်း
အချိန်ကြာမြင့်စွာ ဖုန်းကွယ်ထားသည့် အင်အားကြီးသည့် ယောက်ျားသားများ၏ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှု ဒုစရိုက်ဆိုးညစ်မှုကြီး ဘွားကနဲပေါ်လာပါပြီ။ နာကျင်ကြေကွဲစရာဖြစ်ပါသည်။ သတင်းခေါင်းစီးများကို ဖတ်ရင်း ကျွန်ုပ်အထင်ကြီး လေးစားသူ ပုဂ္ဂိုလ် ၂ ဦး၏ မတရားအကြမ်းဖက်မှုအတွက် သက်သေ ရှာတွေ့ပြီဟု တွေ့ရ၍ ကျွန်ုပ်ကြေကွဲရသည်။ အသင်းတော်သည် ထိုကိစ္စမျိုးနှင့် အကျွမ်းတ၀င်မရှိပါ။
ဒါဝိဒ်မင်းသည် သူ့အပြစ်အတွက် သူရင်ဆိုင် ရမည့်အချိန်ရောက်လေပြီ။ တစ်ညနေတွင် ဒါဝိဒ်မင်းသည် ရေချိုးနေသည့် အမျိုးသမီးတစ်ဦးကို မြင်ပြီး (၂ ရာ ၁၁း၂)၊ သူမကို လိုချင်တပ်မက်ခဲ့သည်။ ဗာသရှေဘသည် သူ၏သစ္စာရှိစစ်သည် ဥရိယ၏ဇနီးမယားဖြစ်သော်လည်း သူမကို ဒါဝိဒ်မင်း သိမ်းပိုက်ခဲ့သည်။ ဗာသရှေဘက သူမ၌ ကိုယ်ဝန်ရှိနေကြောင်း ဒါဝိဒ်မင်းအား ပြောကြားရာ ဒါဝိဒ်မင်း ဆောက်တည်ရာမရဖြစ်လေပြီ။ သို့နှင့် စက်ဆုပ်အထင်သေးဖွယ် လုပ်ရပ်အားဖြင့် စစ်မြေမြင်၌ ဥရိယ ကျဆုံးသွားအောင် ယွာဘအား စီစဉ်စေလျက် ဒါဝိဒ်မင်း…
သမ္မတလင်ကွန်း၏အိတ်ကပ်
၁၈၆၅ ခုနှစ်၊ ဖို့ဒ် ကဇာတ်ရုံ၌ သမ္မတကြီး အာဗြံဟံလင်ကွင်း သေနတ်နှင့် ပစ်သတ်ခံရသည့်ညတွင် သမ္မတကြီး၏အိတ်ကပ်၌ အောက်ပါပစ္စည်းများကို တွေ့ရှိ ခဲ့ရသည်။ မျက်မှန်နှစ်လက်၊ မှန်အရောင်တင်ဆေး၊ အိတ်ဆောင်ဓား၊ အိတ်ဆောင် နာရီကြိုး၊ လက်ကိုင်ပုဝါ၊ ပိုက်ဆံ ၅ ဒေါ်လာတန်တစ်ရွက် ထည့်ထားသည့် သားရေ ပိုက်ဆံအိတ်၊ သူ့ကိုချီးမွမ်းထားသော၊ သူချမှတ်သည့် ပေါ်လစီများကို အမွမ်းတင်ထားသည့် သတင်းစာအပိုင်းအစ ၈ ခု တို့ဖြစ်သည်။
ပိုက်ဆံ ၅ ဒေါ်လာကို ဘာအတွက် ဆောင်ထား ပါလိမ့်ဟု ကျွန်ုပ်တွေးမိသည်။ သို့သော် စိတ်ဝင်စားဖွယ် ဇာတ်လမ်းအသစ်၊ သတင်းအဆန်း ရှိမည်မလွဲပါ။ ကြီးမြတ်သောသမ္မတကြီး ဖြစ်လင့်ကစား အာဗြံဟံ လင်ကွန်းသည်လည်း အားပေးမှုကို လိုအပ်ပါသည်။ ကြမ္မာငင်သည့် ပြဇာတ် လာမကြည့်မီ သူ့ဇနီးကို ထိုသတင်းများ ဖတ်ကောင်းဖတ်ပြမည်ကို သင်မြင်ယောင်မိပါသလား။
အားပေးမစမှုကို မည်သူလိုအပ်ကြောင်း သင်သိပါသလား…
ထိန်းချုပ်နိုင်သည်ဟု ထင်မြင်သည့် လွှဲမှားမှု
စာရေးဆရာမ အယ်လင် လင်ဂါက ၁၉၇၅ ခုနှစ် ထုတ်ဝေသည့် The Illusion of Control စာအုပ်တွင် ဘဝ၏အဖြစ်အပျက်များတွင် ကျွန်ုပ်တို့ ကြိုးစားအားထုတ်မှုနှင့် ပတ်သက်၍ လွှမ်းမိုးမှုအဆင့်ဆင့်ကို ဆန်းစစ်လေ့လာထားသည်။ အခြေအနေအများစုတွင် ကျွန်ုပ်တို့သည် မိမိ၏ထိန်းချုပ်နိုင်စွမ်းအဆင့်ကို အထင်ကြီးတတ်ကြောင်း၊ ထို့ပြင် ထိုတလွဲအထင်များအားလုံးလိုလို ပျက်စီးလွဲမှားကြောင်း၊ ၎င်းသည်လည်း အမှန်ပင်ဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
လင်ဂါ၏နိဂုံးချုပ်ကောက်ချက်ကို လက်တွေ့ စမ်းသပ်ခဲ့သူများ၏ အတွေ့အကြုံအားဖြင့် ပံ့ပိုးထောက်ခံ ထားပြီး စာအုပ်ထုတ်ဝေဖြန့်ချိထားပါသည်။ သို့သော် သူမ၏အဆိုမတိုင်မီ ရှေးယခင်ကတည်းကပင် ရှင်ယာကုပ်၏စကားရှိထားပါသည်။ ‘‘ယနေ့နက်ဖြန် ဤမည်သောမြို့သို့သွားကြကုန်အံ့။ ထိုမြို့၌ တစ်နှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့ဟု ဆိုတတ်သောသူတို့၊ နားထောင် ကြလော့။ နက်ဖြန်နေ့၌ အဘယ်သို့ ဖြစ်မည်ကို သင်တို့ မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏’’…
ရုပ်ဖျက်ထားသောယေရှု
ကျွန်ုပ်၏သားဖြစ်သူ ဂျော့ဖ်သည် မကြာမီက ‘‘အိမ်ယာမဲ့ပမာ ဟန်လုပ်သရုပ်တူ’’ အစီအစဉ်၌ ပါဝင်ခဲ့သည်။ သူသည် အပူချိန်ရေခဲအမှတ်အောက်ရောက်သည့် ရာသီတွင် သူမြို့ရှိ လမ်းမထက်၌ ၂ ည ၃ ရက်တာ အိပ်စက်ခဲ့သည်။ အစားအစာမရှိ၊ ငွေမရှိ၊ ခိုလှုံစရာမရှိ၊ သူ၏အခြေခံလိုအပ်မှုအတွက် တစ်စိမ်းတစ်ရံများ၏သနားမှု၊ မေတ္တာပြမှုအပေါ် မှီခိုရသည်။ တစ်ရက်တွင် သူ့အတွက် စားစရာမှာ အသားညှပ်ပေါင်မုန့်သာရှိသည်။ ထိုပေါင်မုန့်မှာ သူက အသင့်စားသောက်ဆိုင်မှ ပေါင်မုန့် တောင်းစား သည်ကို ကြားလိုက်သူတစ်ဦးက ယူလာပေးခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် ဂျော့ဖ်က ထိုအမှုသည် သူ့ဘဝ၌ သူလုပ်ခဲ့သည့် အခက်ခဲဆုံးအမှုများအနက်တစ်ခုဟု ကျွန်ုပ်ကို ပြောပါသည်။ သို့သော် ထိုအမှုက အခြားသူအပေါ် သူ့အမြင်ကို သိသိသာသာ ပြောင်းလဲပေးခဲ့သည်။ ထိုဟန်လုပ်သည့် ကာလနောက်ပိုင်းတွင် သူသည် လမ်းပေါ်၌ သူနေထိုင်ခဲ့စဉ်က သူ့ကို ကြင်နာမှု မေတ္တာ ပြခဲ့သူ…
ဘုရားသခင်၏ ဖန်ဆင်းနိုင်စွမ်းကို ချီးမွမ်းခြင်း
အသင်းတော်ခန်းမဆောင်၌ တေးဂီတသံ ဖုံးလွှမ်းသွားချိန်၌ အရောင်များကို ခွဲခြားမမြင်နိုင်သူ ပန်းချီပညာရှင် လဲန့်စ် ဘရောင်းသည် စင်ပေါ်တက်လာသည်။ သူသည် ပရိတ်သတ်ကို ကျောပေးလျက် ပန်းချီဆွဲသည့် ကင်းဗတ်စအဖြူရောင်ရှေ့၌ ရပ်က စုတ်တံကို ဆေးအမဲ၌နှစ်ပြီး ပန်းချီစဆွဲသည်။ ပန်းချီကား၌ ကားတိုင်ပုံ ပေါ်လာသည်။ ထို့နောက် စုတ်ချက်များက တစ်ချက်ပြီးတစ်ချက် လှုပ်ရှားသက်ဝင်လျက် သခင်ခရစ်တော် ကားတင်သတ် ခံရခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ပုံရိပ်များပေါ်လာသည်။ ပန်းချီကားတွင် ဆေးအမဲကို အများဆုံးသုံးပြီး ဆေးအပြာနှင့် အဖြူကို ထပ်ဖြည့်ပြီး၊ နောက် ၆ မိနစ်အတွင်း ပန်းချီကားကို အပြီးသတ်ရေးဆွဲခဲ့သည်။ ထို့နောက် ပန်းချီကားကို ပြောင်းပြန်လှည့်၍ ထောင်လိုက်ရာ ကရုဏာနှင့် ပြည့်သော မျက်ဝန်းဖြင့် သခင်ယေရှု၏ပုံတော် ပေါ်လာသည်။
အသင်းတော်ဝတ်ပြုကိုးကွယ်ချိန်၌ ထိုသို့ အမြန်ပန်းချီရေးဆွဲရန် မိတ်ဆွေတစ်ဦးက အကြံပြုသောအခါ ဘရောင်းသည် တွန့်ဆုတ်နေခဲ့သည်။ သို့သော် ယခုတွင် သူသည်…
သို့သော်လည်း
၂၀၁၇ ခုနှစ် အမေရိကန်ပြည်ထောင်စု၌ ဟာဗေးမုန်တိုင်းကျရောက်ပြီးနောက် ကျွန်ုပ်တို့သည် ဟူစတန်ပြည်နယ်သို့ သွားရောက်ကူညီရန် အခွင့်ရခဲ့သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ မုန်တိုင်းဒဏ်ခံရသူများကို မစအားပေးရန် ဖြစ်သည်။ ၎င်းတို့ကို အားပေးစောင်မသည့် တစ်လျှောက်လုံးတွင် ပျက်စီးသွားသော ဘုရားကျောင်း အဆောက်အအုံနှင့် အိမ်များကြားတွင် သူတို့နှင့်အတူ ရပ်တည်ရင်း ကျွန်ုပ်တို့၏ ယုံကြည်ခြင်းများ စိန်ခေါ်ခံရသည်။ ခိုင်ခံ့လာခဲ့သည်။
ဟာဗေးမုန်တိုင်းဒဏ်သင့်သူများ၌ ပေါ်လွင်နေသည့် ယုံကြည်ခြင်းတွင် ၇ ရာစုနှစ် အကုန်က ပရောဖက်ဟဗက္ကုက် ဟောကြားခဲ့သည့် ပရောဖက်ပြုချက်ကို တွေ့ရသည်။ ပရောဖက်ကြီးက ခဲယဉ်းသောကာလ ရောက်လာမည် (၁း၅-၂း၁)၊ အမှုခပ်သိမ်းက ဆိုးဝါးလာမည်၊ အဆုံး၌ လောကအရာ စည်းစိမ်ဥစ္စာများ ဆုံးရှုံးနိုင်ခြေရှိသည်ဟု တွေးဆလျက် ‘‘သင်္ဘောသဖန်းပင် မပွင့်ရ၊ ... သံလွင်ပင်၏ ကျေးဇူးကို မျှော်လင့်၍မရ၊ ... သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌ နွားမရှိရ’’ (၃း၁၇) ဟု…