အမျိုးအစား  |  odb

အားပေးမှု၏ အစွမ်းတန်ခိုး

ဘင်ဂျမင် ၀က်စ် သည် ငယ်စဉ်က သူ့အစ်မပုံကိုဆွဲရန် ကြိုးစားခဲ့သော်လည်း ကြောင်ခြစ်ရုပ်အရှုပ်ထုတ်သာ ဖြစ်လာသည်။ သူ့မိခင်က သူဆွဲထားသည့်ပုံကိုမြင်ပြီး ခေါင်းလေးကိုနမ်းလိုက်ကာ “ဘာဖြစ်တာတုံး၊ အို ဒါ စယ်လီပုံပဲ ” ဟု မှတ်ချက်ပေးခဲ့သည်။ ထိုအနမ်းလေးက သူ့ကို အမေရိကန်နိုင်ငံ၏ပန်းချီဆရာကြီးတစ်ဦး ဖြစ်လာစေခဲ့သည်ဟု နောက်ပိုင်းတွင် သူပြောခဲ့သည်။ အားပေးမှု၏ အစွမ်းတန်ခိုး ထက်ပါသည်။

ပန်းချီဆွဲရန် သင်ယူနေသည့် ကလေးငယ်ကဲ့သို့ပင် ရှင်ပေါလု၏ အမှုတော်အစကာလတွင် လူများ၏ ယုံကြည် လက်ခံမှုကို မရရှိခဲ့ပါ။ သို့သော် ဗာနဗက ပေါလုသည် ရွေးကောက်ခံရကြောင်းကို အတည်ပြုပေးခဲ့သည်။ ဗာနဗ၏အားပေးမှုဖြင့် ရှောလုကို ယုံကြည်သူချင်းအဖြစ် အသင်းတော်က လက်ခံခဲ့သည် (တ ၉း၂၇)။ ဗာနဗသည် တည်ထောင်ကာစ အန္တိအုတ်အသင်းတော်သစ်ကိုလည်း အားပေးခဲ့ပြီး တမန်တော်ဝတ္ထုတွင် သြဇာလွှမ်းသော အသင်းတော် ဖြစ်လာအောင် ကူညီခဲ့သည် (၁၁း၂၂-၂၃)။ ဗာနဗနှင့်ပေါလုတို့၏အားပေးမှုဖြင့် ယေရုရှလင်…

ဖျက်ဆီး၍မရသော ချစ်မေတ္တာ

ကျွန်မတို့၏အိမ်နောက်ဘက်ရှိ ချောင်းလေးကို ပထမဆုံးတွေ့လိုက်ရချိန်က နွေရာသီ နေပူပူထဲ ကျောက်တုံးကျောက်ခဲလေးများပေါ် စီးဆင်းနေရုံရှိသည့် ရေစီးချောင်း မျှင်မျှင်လေးသာ ဖြစ်သည်။ သစ်တုံးကြီးများက တံတားသဖွယ်ရှိနေပြီး ကျွန်မတို့အလွယ်တကူ ဖြတ်သွားနိုင်သည်။ လများကြာပြီး ကျွန်မတို့ဒေသ၌ ရက်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းခဲ့သည်။ ထိုအခါ ရေစီးချောင်းမျှင်မျှင်လေးမှာ ကြီးမားလာပြီး ၄ ပေနက်ကာ ၁၀ ပေ ကျယ်သည့် ရေစီးမြန်သည့်ချောင်းဖြစ်လာသည်။ ရေစီးကြောင့် သစ်တုံးကြီးများမှာ အတော်လှမ်းလှမ်းသို့ မျောပါရွှေ့သွားသည်။

စီးဆင်းနေသည့်ရေသည် သူ့လမ်းကြောင်း၌ ရှိနေသည့် အရာအားလုံးနီးပါးခန့်ကို လွှမ်းခြုံသွားနိုင်စွမ်း ရှိသည်။ သို့သော် ရေလွှမ်းမိုးခြင်း (သို့) အခြားအင်အားကြီးအရာများနှင့် ရင်ဆိုင်ရပြီး ဖျက်ဆီးပစ်မည့် အရိပ်အယောင် ရှိသော်လည်း ဖျက်ဆီး၍မရသော ချစ်မေတ္တာရှိပါသည်။ “ရေများတို့သည် မေတ္တာကို မသတ်နိုင်။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်” (သီ ၈း၇)။ ချစ်မေတ္တာ၏ တည်မြဲသည့်ခွန်အားနှင့်ပြင်းပြမှုတို့ကို စိတ်ကူးယဉ်အချစ်ဇာတ်လမ်း များတွင် မကြာခဏတင်ဆက်ပြသကြသော်လည်း သားတော်ယေရှုခရစ်တော်အားဖြင့်…

ယုံကြည်ခြင်းအမွေအနှစ်

ဘီလီ ဂရေဟမ်သည် အသက် ၁၆ နှစ်တွင် ခရစ်တော်ကို ယုံကြည်လက်ခံခြင်း မတိုင်မီ အစောပိုင်းနှစ်များကတည်းက သူ့မိဘများ၏သခင်ယေရှုအား ကိုးကွယ် ဆည်းကပ်မှုက သက်သေဖြစ်ခဲ့သည်။ မိဘနှစ်ဦးလုံးသည် ယုံကြည်သူမိသားစုမှ ကြီးပြင်းလာပြီး ခရစ်တော်ကို ယုံကြည်သည်။ အိမ်ထောင်ကျပြီးနောက် သားသမီးများအား ချစ်ကြင်နာစွာ ပြုစုပျိုးထောင်ခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းတို့ အပါအ၀င် ကလေးများနှင့်အတူ ဘုရားကျောင်းသို့ သစ္စာရှိစွာ တက်ရောက်ခြင်းဖြင့် ယုံကြည်ခြင်းအမွေအနှစ်ကို ဆက်လက် ကျင့်သုံးခဲ့သည်။ ဘီလီအတွက် သူ့မိဘများ ချပေးခဲ့သည့် ခိုင်မာသည့် အခြေခံအုတ်မြစ်က ခရစ်တော်ကို ယုံကြည်လာရန်၊ နောက်ဆုံးတွင် ရဲဝံ့သောဧဝံဂေလိ တရားဟောဆရာ ဖြစ်လာရန် ဘုရားသခင် အသုံးပြုသည့် မြေဆီတစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည်။

ရှင်ပေါလု၏ သားတပည့် လူငယ်လေး တိမောသေ သည်လည်း ခိုင်မာသောဝိညာဉ်ရေးအုတ်မြစ်မှ အကျိုး ကျေးဇူးများ ရရှိခဲ့သည်။ “သင်၏အဖွားလောဣ၊ အမိဥနိတ်၌ အရင်တည်သော ယုံကြည်ခြင်း...…

စစ်မျက်နှာ နောက်တန်း၌

ကလေးတစ်ဦးအနေနှင့် သူ့မိဘများကို ရက်စက်သောစကားများနှင့် ပြောပစ်လိုက်သည်။ ထိုစကားများသည် မိဘများနှင့် နောက်ဆုံးအပြန်အလှန် ပြောသ့ည်စကားဖြစ်သွားမည်ဟု စိုးစဉ်းမျှ သူမသိခဲ့ပါ။ ယခုတွင် နှစ်ပေါင်းများစွာ ဆွေးနွေးလမ်းညွှန်မှုဖြင့် ကုစားမှု ခံယူပြီး သည့်တိုင် သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ဖြစ်ခဲ့သည်။ အပြစ်မကင်းသည့်စိတ်နှင့် နောင်တစိတ် တို့က သူ့ကိုအရုပ်ကြိုးပြတ် ဖြစ်စေခဲ့သည်။

ကျွန်ုပ်တို့အားလုံးသည်လည်း နောင်တနှင့် ရှင်သန် ကြရသည်။ လူအချို့၏ဘ၀က ပိုဆိုးသည်။ သို့သော် သမ္မာကျမ်းစာက အပြစ်မကင်းသည့်စိတ်မှ လွန်မြောက် နိုင်အောင် နည်းလမ်းပြထားသည်။ ဥပမာတစ်ခုကို ကြည့်ပါ။

ဒါဝိဒ်ပြုသောအမှု၌ အပေါ်ယံ သကာလောင်းခြင်း လုံးဝမပါပါ။ “ရှင်ဘုရင်တို့ စစ်တိုက်ချိန်” ဖြစ်သော်လည်း “ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့၌နေ၏” (၂ ရာ ၁၁း၁)။ စစ်ပွဲနှင့်အလှမ်းဝေးလျက် သူတစ်ပါးမယားကို ခိုးယူပြီး ထိုအမှုကို လူသတ်မှုဖြင့် ဖုံးကွယ်ရန် ကြိုးစားခဲ့သည် (း၂-၅၊ ၁၄-၁၅)။ ဒါဝိဒ်၏ကျရှုံးခြင်းကို ဘုရားသခင်…

မင်းပြန်လာမှာလား

ရွန်နှင့်နန်စီတို့၏အိမ်ထောင်ရေးမှာ လျင်လျင်မြန်မြန် ဆိုးရွာလာသည်။ နန်စီသည် ဖောက်ပြန်ခဲ့သော်လည်း အချိန်ကြာသော် သူ့အပြစ်ကို ဘုရားသခင်ထံ တောင်းပန် ဝန်ချခဲ့သည်။ သူ့အား ဘုရားသခင်ဘာလုပ်စေလိုသည်ကို သိသော်လည်း ၄င်းက ခက်ခဲနေသည်။ နောက်ဆုံး သူသည် အမှန်တရားကို ရွန်ထံ ရင်ဖွင့်ခဲ့သည်။ ကွာရှင်းရန် တောင်းဆိုမည့် အစား နန်စီကို အခွင့် အရေးပေးရန် ရွန် ရွေးချယ်ခဲ့သည်။ ရွန်၏ယုံကြည်မှုကို ပြန်လည်ရရှိရန် သူအမှန်တကယ်ပြောင်းလဲလာခြင်းကို နန်စီ ပြသရန် ဖြစ်သည်။ သို့နှင့် သူတို့၏အိမ်ထောင်ရေးကို ဘုရားရှင်က အံ့ဖွယ်ရာ ပြန်၍ ပေါင်းစည်းပေးခဲ့သည်။

ရွန်၏အပြုအမူများသည် သင်နှင့်ကျွန်ုပ်ကဲ့သို့သော အပြစ်သားများကိုပြသသည့် ဘုရားရှင်၏မေတ္တာတော်နှင့် ခွင့်လွှတ်ခြင်းကို ဖော်ပြသည့် ပုံရိပ်ဖြစ်သည်။ ပရောဖက် ဟောရှေသည် ဤအမှုကို ကောင်းကောင်း နားလည်သည်။ ဘုရားသခင်၏မျက်မှောက်၌ သစ္စာမဲ့သည့် ဣသရေလ လူတို့၏ အဆင့်အတန်းကို ထင်ဟပ်ပြသသည့်အနေနှင့် သစ္စာမဲ့သည့်မိန်းမနှင့် လက်ထပ်ရန်…

မုန့်များနှင့်ငါးများ

လူကလေးတစ်ဦးသည် ဘုရားကျောင်းမှအိမ်သို့ပြန်လာပြီး “ဘာမှမလုပ်ဘဲ တစ်နေ့ကုန် ငါးမျှားနေသည့်” ကလေးအကြောင်း သင်ခန်းစာ သင်ယူခဲ့ရကြောင်း စိတ်လှုပ်ရှား ပျော်ရွှင်မှုဖြင့် ပြောလိုက်သည်။ အမှန်တွင် သခင်ယေရှုထံ မုန့်များနှင့် ငါးများကိုပေးသော သူငယ်လေး အကြောင်း တွေးနေခြင်းဖြစ်မည်။

သခင်ယေရှုသည် လူအုပ်ကြီးကို တစ်နေ့လုံး ဟောပြောသွန်သင်နေ၍ တပည့်တော်များက လူအုပ်ကြီးကို ကျေးရွာသို့လွှတ်ပြီး စားစရာသွားဝယ်စားရန် ပြောပေးပါဟု သခင်ယေရှုအား အဆိုပြုကြသည်။ “သူတို့စားစရာဖို့ သင်တို့ပေးကြလော့” ဟု ရှင်ယေရှု ပြန်ပြောခဲ့သည် (မ ၁၄း၁၆)။ လူပေါင်း ၅၀၀၀ ကျော်ကို ကျွေးမွေးရမည့်အတွက် တပည့်တော်များ စိတ်ရှုပ်သွားရသည်။

နောက်ဆက်တွဲဇာတ်လမ်းကို သင်သိရှိပြီးဖြစ်မည်။ သူငယ်လေးတစ်ဦးက သူ့နေ့လယ်စာဖြစ်သည့် မုန့်များနှင့်ငါးများကို သခင်ယေရှုထံ ပေးခဲ့ပြီး သခင်က ၄င်းတို့ဖြင့် လူအုပ်ကြီးကို ကျွေးမွေးခဲ့သည် (း၁၃-၂၁)။ ထိုသူငယ်လေး၏ ရက်ရောမှုက လူအုပ်ထဲရှိသူများ၏စိတ်ကိုတို့ထိပြီး သူတို့လည်း သူတို့၏နေ့လည်စာကို ဝေမျှကြခြင်းဖြစ်သည်ဟု…

ကားတစ်စီးပိုင်ဆိုင်ဖူးသူကို မေးပါ

၁၉၀၀ အစောပိုင်းနှစ်များက ပါးကတ်မော်တော်ကားကုမ္ပဏီက ဝယ်သူများကို သွေးဆောင်ရန် ကြော်ငြာ ဆောင်ပုဒ်တစ်ခု ထုတ်ခဲ့သည်။ “ကားတစ်စီး ပိုင်ဆိုင်ဖူးသူကို မေးပါ” ဟူသောဆောင်ပုဒ်က ထိုခေတ်ကာလက ဇိမ်ခံကားများထုတ်လုပ်သည့် ကုမ္ပဏီ၏
ဂုဏ်သတင်းကို ဖော်ကျူးပေးသည့် အစွမ်းထက်သည့် စာတန်းတစ်ခု ဖြစ်လာ သည်။ လူတစ်ဦးချင်းစီ၏ သက်သေစကားက ကြားရသူ အတွက် လှုံ့ဆော်မှုဖြစ်စေသည်ဟု ပါးကတ်ကုမ္ပဏီမှ နားလည်ပုံပေါ်သည်။ ထုတ်ကုန်အပေါ် မိတ်ဆွေတစ်ဦး၏ စိတ်ကျေနပ်မှုသည် အစွမ်းထက်သည့် ထောက်ခံချက် ဖြစ်၏။

ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ကောင်းမြတ်ခြင်းအကြောင်း ကိုယ်ပိုင်အတွေ့အကြုံများကို အခြားသူများနှင့် ဝေမျှခြင်းက အကျိုးသက်ရောက်မှုဖြစ်စေသည်။ ကျွန်ုပ်တို့၏ ကျေးဇူးချီးမွမ်းခြင်း၊ ဝမ်းမြောက်မှုများကို ကိုယ်တော်နှင့်သာမဟုတ်ဘဲ အခြားသူများနှင့်လည်း ဝေမျှရန် ဘုရားရှင်က ကျွန်ုပ်တို့ကို ဖိတ်ခေါ်သည် (ဆာ ၆၆း၁)။ အပြစ်တရားမှ လှည့်ပြန်လာသောအခါ ဘုရားသခင် ပေးသနားသည့် ခွင့်လွှတ်ခြင်းအကြောင်းကို ဆာလံဆရာက သူ့သီချင်းထဲ၌ စိတ်အားထက်သန်စွာ ဝေမျှခဲ့သည်…

မေတ္တာအတွက်လား၊ ငွေကြေးအတွက်လား

“ငွေဟာ ဘဝမှာအရေးကြီးဆုံးပဲလို့ ကျွန်တော်ငယ်စဉ်က ထင်ခဲ့တယ်။ အခု အသက်ကြီး လာတော့လည်း ငွေဟာ အရေးကြီးတယ်ဆိုတာကို သိလာတယ်” ဟုအိုင်းရစ်ကဗျာဆရာ အော်စကာ ဝါးဒ်က ပြောခဲ့သည်။ သူ၏မှတ်ချက်က အပျော်အပျက် ဆိုသော်လည်း လေးနက်မှုရှိသည်။ သူသည် အသက် ၄၆ နှစ်သာ အသက်ရှည်ခဲ့၍ အမှန်ပင် “အသက်ကြီး” ပြီဟု မဆိုနိုင်ပါ။ ဘဝရှင်သန်မှုသည် ငွေကြေးအတွက် မဟုတ်ကြောင်း ဝါးဒ် အပြည့်အဝနားလည်ခဲ့ပါသည်။

ငွေကြေးသည် ယာယီသာဖြစ်သည်။ ရပြီးကုန်သွား သည်သာ။ ထို့ကြောင့် ဘဝအသက်တာသည် ငွေကြေးနှင့် ငွေကြေးဖြင့် ဝယ်ယူနိုင်သည့်အရာတို့ထက် သာလွန်ပါသည်။ သခင်ယေရှုက ဆင်းရဲသားနှင့်သူဌေးသူကြွယ်ဟူသည် မခြားနား၊ အတူတူပင် ဟူ၍ အများ၏စံတန်ဖိုးထားမှုစနစ်မှ ဖောက်ထွက်ခြင်းဖြင့် သူနှင့်ခေတ်ပြိုင် မျိုးဆက်များကို စိန်ခေါ်ခဲ့သည်။ လုကာ ၁၂း၁၅ ၌ သခင်ယေရှုက “ထိုမှတစ်ပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။…

အမှိုက်မှ အဖိုးတန်ဘဏ္ဍာသို့

ဘိုဂိုထာမြို့ ဆင်းရဲသားရပ်ကွက်၏ မတ်စောက်သော လမ်းအထက်ပိုင်းတွင် အမှိုက်သမား၏ အိမ်ရှိသည်။ ထိုနေရာ၌ ဘာမျှထူးထူးခြားခြားမရှိပါ။ သို့သော် ကိုလံဘီယာနိုင်ငံမြို့တော်၏ နုံချာလှသောဤနေရာသည် စာအုပ်ပေါင်း ၂၅၀၀၀ ရှိသည့် အခမဲ့စာကြည့်တိုက်ဖြစ်ပါသည်။ စွန်ပစ်ထားသည့်စာအုပ်စာပေများကို သူ့ရပ်ရွာအတွင်းရှိ ကလေးများနှင့် ဝေမျှဖတ်ရှုရန် ဟိုစေး အယ်ဘတ်တို ဂွတ်ထီရာရက်ဇ် ဆိုသူက လိုက်လံ စုဆောင်းထားခြင်းဖြစ်သည်။

စနေ၊ တနင်္ဂနွေ "စာကြည့်တိုက်ဖွင့်ချိန်"တွင် ရပ်ရွာ ထဲမှကလေးများ စုရုံးရောက်ရှိလာကြသည်။ စာအုပ်များ ထားရှိထုပ်ပိုးထားသည့် အခန်းတိုင်းကို လှည့်လည်ကြည့်ရှုပြီး ကလေးများ၏စိတ်ထဲ၌ ဤနေရာသည် ဆီညော်ဟိုစေး ဆိုသူ၏ အိမ်ထက် အဖိုးထိုက်ဘဏ္ဍာတိုက်ဟု သိမှတ်ထားသည်။

ခရစ်တော် နောက်တော်လိုက်သူတိုင်းသည်လည်း ထိုနည်းအတိုင်းပင်။ အလွယ်တကူ အက်ကွဲ၊ ကျိုးပဲ့နိုင်သည့်
နုံချာလှသည့် ရွှံ့မြေမှုန့်ဖြင့် ကျွန်ုပ်တို့ ဖန်ဆင်းခံရသည်။ သို့သော် ဘုရားသခင်က ကျွန်ုပ်တို့ကို ယုံကြည်စိတ်ချပြီး နာကျင်၊ ပျက်စီးနေသည့်လောကထဲသို့ ခရစ်တော်၏ သတင်းကောင်းကို…

ခွေးဘီလူးနှင့် ရေဖျန်းစက်

နွေမနက်ခင်းများတွင် ကျွန်ုပ်တို့၏အိမ်နောက်ဘက်ပန်းခြံ၌ ကြည်နူးဖွယ်မြင်ကွင်းများ တွေ့ရသည်။ ထိုမြင်ကွင်း၌ ရေဖျန်းစက်နှင့် ခွေးဘီလူးတစ်ကောင်ပါဝင်သည်။ မနက် ၆း၃၀ ခန့်တွင် ရေဖျန်းစက်မှ ရေများပန်းထွက်လာသည်။ မကြာမီတွင် ကျွန်ုပ်တို့ မိသားစုက ဖီဖီ ဟုအမည်ပေးထားသော ခွေးဘီလူးလည်း ရောက်လာသည်။

ဖီဖီ၏ပိုင်ရှင်က သူ့ကို လည်ပတ်ထိန်းကြိုးမှ လွှတ်ပေးလိုက်သည့်အခါ ဖီဖီသည် သူနှင့်အနီးဆုံး ရှိသည့် ရေပန်းဆီသို့ တစ်ရှိန်ထိုးပြေးသွားပြီး သူ့မျက်နှာကို ပက်ဖြန်းနေသည့် ရေပန်းများကို တိုက်ခိုက်တော့သည်။ ရေဖျန်းစက်ကို စား၍ရမည်ဆိုလျှင် ဖီဖီ ကိုက်စားလိုက် မည်ဟု ကျွန်ုပ်ထင်သည်။ ၄င်းသည် ဖျတ်လတ် တက်ကြွခြင်း၏ပုံရိပ်၊ ရေများဖြင့် ရွှဲရွှဲစိုလိုသည့် ဖီဖီ၏ ထာဝရဆန္ဒပင်ဖြစ်ပုံရသည်။

ကျမ်းစာထဲတွင် ခွေးဘီလူးတစ်ကောင်မှမပါပါ။ သို့သော် ဧဖက် ၃ ရှိ ရှင်ပေါလု၏ဆုတောင်းက ဖီဖီကို အမှတ်ရစေ၏။ ထိုကျမ်း၌ ဧဖက်မြို့ယုံကြည်သူများသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝပြီး “သန့်ရှင်းသူအပေါင်းတို့၏နည်းတူ အနံအလျား…